ကော်ရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်တွင် သေဆုံးသူ ၂၀၀၀ အထိရှိလာ

ကော်ရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်တွင် သေဆုံးသူ ၂၀၀၀ အထိရှိလာ

တရုတ်နိုင်ငံတွင် ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၂၀၀၀ အထိရှိလာသော်လည်း ရောဂါစတင်ဖြစ်ပွားသည့် ဟူဘေးပြည်နယ်တွင် ထပ်မံ ကူးစက်မှု လျော့ကျသွားပြီ ဖြစ်ပါတယ်။ဟူဘေးပြည်နယ်တွင် ထပ်မံသေဆုံးသူ ၁၃၂ ဦးနှင့် ရောဂါကူးစက်ခံရသူ ၁၆၉၃ ဦး ထပ်မံရှိသောကြောင့် တစ်ကမ္ဘာလုံးတွင် အဆိုပါရောဂါဖြစ်ပွားသူ ၇၅၀၀၀ အထိ ရှိလာပါတယ်။

ရောဂါဖြစ်ပွားမှုအပေါ် သတ်မှတ်သည့်နည်းလမ်းအား ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ပြောင်းလဲလိုက်သည့် နောက်ပိုင်း ဟူဘေး ပြည်နယ် အတွင်း  ထပ်မံကူးစက်ခံရသည့်စာရင်း လျော့ကျသွားပါတယ်။ တရုတ်နိုင်ငံက ဗိုင်းရပ်စ်ဖြစ်ပွားမှုကို တင်းကြပ်စွာ ထိန်းချုပ်ခဲ့သလို ကမ္ဘာ့နိုင်ငံများကလည်း ကာကွယ်မှုများ လုပ်ဆောင်ခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောကြားခဲ့ပါတယ်။

ထို့ပြင် ဟူဘေးပြည်နယ် အာဏာပိုင်များကလည်း ရောဂါကူးစက်ခံထားရသူများကို ပိုက်စိတ်တိုက် ရှာဖွေ၍ နောက်ဆုံး ဝယ်ယူထား သည့် အဖျားနှင့် ချောင်းဆိုးပျောက်ဆေးများဖြင့် ကုသသွားမည်ဟု ပြောကြားထားပါတယ်။ ရုရှားဝန်ကြီးချုပ် မီခေးမီရှူတင်က တရုတ်နိုင်ငံသားများအား ဖေဖော်ဝါရီ ၂၀ ရက်မှစတင်၍ ခရီးသွားဧည့်သည်များအဖြစ်လည်းကောင်း၊ အခြားအကြောင်းအရာများနှင့် အလုပ်ကိစ္စအတွက် ဝင်ရောက်ခွင့်ကို ယာယီတားမြစ်သည့် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း Interfax သတင်းဌာနက ဖော်ပြပါတယ်။

Linko
Ref: BNN Bloomberg
ဝူဟန်၊ ဖေဖော်ဝါရီ ၁၉

(  Zawgyi  )

တ႐ုတ္ႏိုင္ငံတြင္ ေကာ္႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၂၀၀၀ အထိရွိလာေသာ္လည္း ေရာဂါစတင္ျဖစ္ပြားသည့္ ဟူေဘးျပည္နယ္တြင္ ထပ္မံ ကူးစက္မႈ ေလ်ာ့က်သြားၿပီ ျဖစ္ပါတယ္။ဟူေဘးျပည္နယ္တြင္ ထပ္မံေသဆုံးသူ ၁၃၂ ဦးႏွင့္ ေရာဂါကူးစက္ခံရသူ ၁၆၉၃ ဦး ထပ္မံရွိေသာေၾကာင့္ တစ္ကမာၻလုံးတြင္ အဆိုပါေရာဂါျဖစ္ပြားသူ ၇၅၀၀၀ အထိ ရွိလာပါတယ္။

ေရာဂါျဖစ္ပြားမႈအေပၚ သတ္မွတ္သည့္နည္းလမ္းအား ၿပီးခဲ့သည့္သီတင္းပတ္အတြင္းက ေျပာင္းလဲလိုက္သည့္ ေနာက္ပိုင္း ဟူေဘး ျပည္နယ္ အတြင္း  ထပ္မံကူးစက္ခံရသည့္စာရင္း ေလ်ာ့က်သြားပါတယ္။ တ႐ုတ္ႏိုင္ငံက ဗိုင္းရပ္စ္ျဖစ္ပြားမႈကို တင္းၾကပ္စြာ ထိန္းခ်ဳပ္ခဲ့သလို ကမာၻ႔ႏိုင္ငံမ်ားကလည္း ကာကြယ္မႈမ်ား လုပ္ေဆာင္ခဲ့ရေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးက ေျပာၾကားခဲ့ပါတယ္။

ထို႔ျပင္ ဟူေဘးျပည္နယ္ အာဏာပိုင္မ်ားကလည္း ေရာဂါကူးစက္ခံထားရသူမ်ားကို ပိုက္စိတ္တိုက္ ရွာေဖြ၍ ေနာက္ဆုံး ဝယ္ယူထား သည့္ အဖ်ားႏွင့္ ေခ်ာင္းဆိုးေပ်ာက္ေဆးမ်ားျဖင့္ ကုသသြားမည္ဟု ေျပာၾကားထားပါတယ္။ ႐ုရွားဝန္ႀကီးခ်ဳပ္ မီေခးမီရႉတင္က တ႐ုတ္ႏိုင္ငံသားမ်ားအား ေဖေဖာ္ဝါရီ ၂၀ ရက္မွစတင္၍ ခရီးသြားဧည့္သည္မ်ားအျဖစ္လည္းေကာင္း၊ အျခားအေၾကာင္းအရာမ်ားႏွင့္ အလုပ္ကိစၥအတြက္ ဝင္ေရာက္ခြင့္ကို ယာယီတားျမစ္သည့္ အမိန႔္တစ္ရပ္ကို လက္မွတ္ေရးထိုးလိုက္ေၾကာင္း Interfax သတင္းဌာနက ေဖာ္ျပပါတယ္။

Linko
Ref: BNN Bloomberg
ဝူဟန္၊ ေဖေဖာ္ဝါရီ ၁၉