ကုလလုံခြုံရေးကောင်စီက ကက်ရှ်မီယားအရေး ဆွေးနွေးမည်

  ကုလလုံခြုံရေးကောင်စီက ကက်ရှ်မီယားအရေး ဆွေးနွေးမည်

ဂျမူးနှင့် ကက်ရှ်မီးယားဒေသအား အထူးအဆင့်အတန်း ပေးထားခြင်းကို အိန္ဒိယက ရုပ်သိမ်း လိုက်သည့်အတွက်  အစည်းအဝေးခေါ်ယူရန် ပါကစ္စတန်၏ တောင်းဆိုမှုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သဘောတူလိုက်ပြီး သြဂုတ် ၁၆ ရက်မှာ တွေ့ဆုံသွားမယ်လို့ ထုတ်ပြန် လိုက်ပါတယ်။

ယင်းကိစ္စအတွက်တံခါးပိတ် ဆွေးနွေးပွဲကို ပြုလုပ်မှာဖြစ်ကြောင်း လုံခြုံရေးကောင်စီ လက်ရှိဥက္ကဌ ဂျိုအန်နာဝရိုနက်ကာက ပြောပါတယ်။လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံအတွက် ထိခိုက်စေနိုင်တာကြောင့် ယင်းအစည်းအဝေးကို ရွှေ့ဆိုင်းဖို့ မပြုလုပ်ဖို့ အိန္ဒိယအနေနဲ့ အစွမ်းကုန် ကြိုးပမ်းခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုပါတယ်။ အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသမှာ နှစ် ၅၀ နီးပါကြာပြီးနောက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာအပါအဝင် အရေးကြီးတဲ့ အခြေအနေအပေါ် ဆွေးနွေးဖို့ ကောင်စီက သဘောတူ လိုက်ခြင်း ဖြစ်ပါတယ်။

ပါကစ္စတန်၏ တောင်းဆိုမှုအပေါ် တရုတ်နှင့် ရုရှားတို့ကလည်း ထောက်ခံခဲ့ကြပါတယ်။ ဂျမူးနှင့် ကက်ရှ်မီးယားဒေသအား အထူးအဆင့်အတန်းပေးထားသည့် အိန္ဒိယဖွဲ့စည်းပုံ အခြေခံဥပဒေ ၃၇၀ အား ချိုးဖောက်ခြင်းအပေါ်  လုံခြုံရေးကောင်စီက ဆွေးနွေးရန် ပါကစ္စတန်၏ တောင်းဆိုမှု အပေါ် တရုတ်က ထောက်ခံခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၁၅ သို့မဟုတ် ၁၆ ရက်မှာ တံခါးပိတ်အစည်းအဝေးခေါ်ယူဖို့ သဘောတူညီခဲ့ခြင်းဖြစ်ပါတယ်။လုံခြုံရေးကောင်စီ၏ ရုရှားကိုယ်စားလှယ်ကလည်း အစည်းအဝေး ကျင်းပဖို့ ကန့်ကွက်မှာ မဟုတ်ကြောင်း ပြောပါတယ်။ “ဒီအစည်းအဝေးကို ရုရှားက ကန့်ကွက်မှာ မဟုတ်ပေမယ့် တံခါးပိတ်ဆွေးနွေးသင့်ပါတယ်” ဟု ၎င်းက ပြောကြားပါတယ်။

Linko
Ref: thenews.com
နယူးယောက်၊သြဂုတ် ၁၅

(  Zawgyi  )

 ဂ်မူးႏွင့္ ကက္ရွ္မီးယားေဒသအား အထူးအဆင့္အတန္း ေပးထားျခင္းကို အိႏၵိယက ႐ုပ္သိမ္း လိုက္သည့္အတြက္  အစည္းအေဝးေခၚယူရန္ ပါကစၥတန္၏ ေတာင္းဆိုမႈကို ကုလသမဂၢ လုံၿခဳံေရးေကာင္စီက သေဘာတူလိုက္ၿပီး ၾသဂုတ္ ၁၆ ရက္မွာ ေတြ႕ဆုံသြားမယ္လို႔ ထုတ္ျပန္ လိုက္ပါတယ္။

ယင္းကိစၥအတြက္တံခါးပိတ္ ေဆြးေႏြးပြဲကို ျပဳလုပ္မွာျဖစ္ေၾကာင္း လုံၿခဳံေရးေကာင္စီ လက္ရွိဥကၠဌ ဂ်ိဳအန္နာဝ႐ိုနက္ကာက ေျပာပါတယ္။လုံၿခဳံေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္ဟာ ႏိုင္ငံအတြက္ ထိခိုက္ေစႏိုင္တာေၾကာင့္ ယင္းအစည္းအေဝးကို ေ႐ႊ႕ဆိုင္းဖို႔ မျပဳလုပ္ဖို႔ အိႏၵိယအေနနဲ႔ အစြမ္းကုန္ ႀကိဳးပမ္းခဲ့ေၾကာင္း သတင္းရင္းျမစ္မ်ားက ဆိုပါတယ္။ အိႏၵိယက ထိန္းခ်ဳပ္ထားတဲ့ ကက္ရွ္မီးယားေဒသမွာ ႏွစ္ ၅၀ နီးပါၾကာၿပီးေနာက္ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ ျပႆနာအပါအဝင္ အေရးႀကီးတဲ့ အေျခအေနအေပၚ ေဆြးေႏြးဖို႔ ေကာင္စီက သေဘာတူ လိုက္ျခင္း ျဖစ္ပါတယ္။

ပါကစၥတန္၏ ေတာင္းဆိုမႈအေပၚ တ႐ုတ္ႏွင့္ ႐ုရွားတို႔ကလည္း ေထာက္ခံခဲ့ၾကပါတယ္။ ဂ်မူးႏွင့္ ကက္ရွ္မီးယားေဒသအား အထူးအဆင့္အတန္းေပးထားသည့္ အိႏၵိယဖြဲ႕စည္းပုံ အေျခခံဥပေဒ ၃၇၀ အား ခ်ိဳးေဖာက္ျခင္းအေပၚ  လုံၿခဳံေရးေကာင္စီက ေဆြးေႏြးရန္ ပါကစၥတန္၏ ေတာင္းဆိုမႈ အေပၚ တ႐ုတ္က ေထာက္ခံခဲ့ျခင္းျဖစ္ၿပီး ၾသဂုတ္ ၁၅ သို႔မဟုတ္ ၁၆ ရက္မွာ တံခါးပိတ္အစည္းအေဝးေခၚယူဖို႔ သေဘာတူညီခဲ့ျခင္းျဖစ္ပါတယ္။လုံၿခဳံေရးေကာင္စီ၏ ႐ုရွားကိုယ္စားလွယ္ကလည္း အစည္းအေဝး က်င္းပဖို႔ ကန႔္ကြက္မွာ မဟုတ္ေၾကာင္း ေျပာပါတယ္။ “ဒီအစည္းအေဝးကို ႐ုရွားက ကန႔္ကြက္မွာ မဟုတ္ေပမယ့္ တံခါးပိတ္ေဆြးေႏြးသင့္ပါတယ္” ဟု ၎က ေျပာၾကားပါတယ္။

Linko
Ref: thenews.com
နယူးေယာက္၊ၾသဂုတ္ ၁၅