ကိုလံဘီယာ မူးယစ်ရာဇာအတွက် လူ ၃၀၀အထိ သတ်ပေးခဲ့သူ ကင်ဆာရောဂါဖြင့် သေဆုံး

ကိုလံဘီယာ မူးယစ်ရာဇာအတွက် လူ ၃၀၀အထိ သတ်ပေးခဲ့သူ ကင်ဆာရောဂါဖြင့် သေဆုံး

မူးယစ်ရာဇာ ပါဘလိုအက်စကိုဘာအတွက် အလုပ်လုပ်ပေးခဲ့သူ ကြေးစားလူသတ်သမားတစ်ဦးဟာ အစာအိမ် ကင်ဆာဖြင့် သေဆုံးသွားကြောင်း ကိုလံဗီယာ အရာရှိများက ပြောကြားပါတယ်။အက်စကိုဘာအတွက် လူ ၃၀၀ အထိ သတ်ပေးခဲ့သည်ဟု ဆိုသော ဂျွန်ဂျာရိုဗီလာကက်ဇ်သည် သေဆုံးချိန်တွင် အသက် ၅၇ နှစ်ရှိပြီ ဖြစ်ပါတယ်။

ပိုပီယေးဟုလည်း ခေါ်သည့် ၎င်းသည် ထောင်ဒဏ် နှစ် ၂၀ ကျော် ချမှတ်ခံရပြီးနောက် ၂၀၁၄ ခုနှစ်တွင် လွတ်မြောက်လာကာ ယူကျုချန်နယ် တစ်ခုကို ဖန်တီးခဲ့ရာ ကြည့်ရှုသူ တစ်သန်းကျော်အထိ ရှိခဲ့ပါတယ်။သို့သော် သူသည် အကြပ်ကိုင် ငွေညှစ်မှုဖြင့် ၂၀၁၈ ခုနှစ်မှ ထပ်မံ ထောင်ကျခဲ့ပါတယ်။

ဗီလာကက်ဇ်သည် ဒီဇင်ဘာလမှစတင်၍ အစာအိမ်ကင်ဆာကုသမှုခံယူနေသည့် မြို့တော်ဘာဂိုတာရှိ နိုင်ငံတော်ကင်ဆာဌာနတွင် သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။သူသည် အမေရိကန်သို့ ကိုကင်းတန်ချိန်ထောင်ပေါင်းများစွာ ပေးပို့ခဲ့သည့် ကိုလံဗီယာမြို့တော် မက်ဒယ်လင်တွင် မူးယစ်လုပ်ငန်းကို  ကြီးစိုးထားသည့် အက်စကိုဘာ၏ လူယုံတစ်ဦးလည်း ဖြစ်ပါတယ်။

ဗီလာကက်ဇ်သည် ၁၉၉၂ ခုနှစ်တွင် အာဏာပိုင်များထံ အဖမ်းခံပြီး ထောင်အတွင်း ၂၃ နှစ်နေခဲ့ကာ သူကျူးလွန်ခဲ့ ဖူးသည့် ရာဇတ်မှုများအကြောင်း ပြန်လည်ပြောပြခဲ့ခြင်းကြောင့်လည်း လူသိများခဲ့ပါတယ်။ လွတ်မြောက်လာပြီး နောက်တွင် Repentant အမည်ပေးထားသည့် ယူကျုတစ်ခုကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

အက်စကိုဘာသည်လည်း ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ် ဝန်းကျင်ကာလများက ကမ္ဘာ့အချမ်းသာဆုံး လူစာရင်းတွင် ပါဝင်ခဲ့သည့် မူးယစ်ရာဇာတစ်ဦး ဖြစ်ပါတယ်။ ၁၉၉၃ ခုနှစ်က  အမေရိကန်သို့ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားစဉ် ကိုလံဘီယာရဲများ၏ လက်ချက်ကြောင့် သေဆုံးခဲ့ပါတယ်။

Linko
Ref: BBC
ဘိုဂိုဖိုတာ၊ ဖေဖော်ဝါရီ ၇

(  Zawgyi  )

 မူးယစ္ရာဇာ ပါဘလိုအက္စကိုဘာအတြက္ အလုပ္လုပ္ေပးခဲ့သူ ေၾကးစားလူသတ္သမားတစ္ဦးဟာ အစာအိမ္ ကင္ဆာျဖင့္ ေသဆုံးသြားေၾကာင္း ကိုလံဗီယာ အရာရွိမ်ားက ေျပာၾကားပါတယ္။အက္စကိုဘာအတြက္ လူ ၃၀၀ အထိ သတ္ေပးခဲ့သည္ဟု ဆိုေသာ ဂြၽန္ဂ်ာ႐ိုဗီလာကက္ဇ္သည္ ေသဆုံးခ်ိန္တြင္ အသက္ ၅၇ ႏွစ္ရွိၿပီ ျဖစ္ပါတယ္။

ပိုပီေယးဟုလည္း ေခၚသည့္ ၎သည္ ေထာင္ဒဏ္၂၀ ေက်ာ္ ခ်မွတ္ခံရၿပီးေနာက္ ၂၀၁၄ ခုႏွစ္တြင္ လြတ္ေျမာက္လာကာ ယူက်ဳခ်န္နယ္ တစ္ခုကို ဖန္တီးခဲ့ရာ ၾကည့္ရႈသူ တစ္သန္းေက်ာ္အထိ ရွိခဲ့ပါတယ္။သို႔ေသာ္ သူသည္ အၾကပ္ကိုင္ ေငြညႇစ္မႈျဖင့္ ၂၀၁၈ ခုႏွစ္မွ ထပ္မံ ေထာင္က်ခဲ့ပါတယ္။

ဗီလာကက္ဇ္သည္ ဒီဇင္ဘာလမွစတင္၍ အစာအိမ္ကင္ဆာကုသမႈခံယူေနသည့္ ၿမိဳ႕ေတာ္ဘာဂိုတာရွိ ႏိုင္ငံေတာ္ကင္ဆာဌာနတြင္ ေသဆုံးခဲ့ျခင္း ျဖစ္ပါတယ္။သူသည္ အေမရိကန္သို႔ ကိုကင္းတန္ခ်ိန္ေထာင္ေပါင္းမ်ားစြာ ေပးပို႔ခဲ့သည့္ ကိုလံဗီယာၿမိဳ႕ေတာ္ မက္ဒယ္လင္တြင္ မူးယစ္လုပ္ငန္းကို  ႀကီးစိုးထားသည့္ အက္စကိုဘာ၏ လူယုံတစ္ဦးလည္း ျဖစ္ပါတယ္။

ဗီလာကက္ဇ္သည္ ၁၉၉၂ ခုႏွစ္တြင္ အာဏာပိုင္မ်ားထံ အဖမ္းခံၿပီး ေထာင္အတြင္း ၂၃ ႏွစ္ေနခဲ့ကာ သူက်ဴးလြန္ခဲ့ ဖူးသည့္ ရာဇတ္မႈမ်ားအေၾကာင္း ျပန္လည္ေျပာျပခဲ့ျခင္းေၾကာင့္လည္း လူသိမ်ားခဲ့ပါတယ္။ လြတ္ေျမာက္လာၿပီး ေနာက္တြင္ Repentant အမည္ေပးထားသည့္ ယူက်ဳတစ္ခုကို စတင္လုပ္ေဆာင္ခဲ့ပါတယ္။

အက္စကိုဘာသည္လည္း ၁၉၈၀ ႏွင့္ ၁၉၉၀ ခုႏွစ္ ဝန္းက်င္ကာလမ်ားက ကမာၻ႔အခ်မ္းသာဆုံး လူစာရင္းတြင္ ပါဝင္ခဲ့သည့္ မူးယစ္ရာဇာတစ္ဦး ျဖစ္ပါတယ္။ ၁၉၉၃ ခုႏွစ္က  အေမရိကန္သို႔ ထြက္ေျပးလြတ္ေျမာက္ရန္ ႀကိဳးစားစဥ္ ကိုလံဘီယာရဲမ်ား၏ လက္ခ်က္ေၾကာင့္ ေသဆုံးခဲ့ပါတယ္။

Linko
Ref: BBC
ဘိုဂိုဖိုတာ၊ ေဖေဖာ္ဝါရီ ၇