ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့် ဒေသများမှ မိမိတို့နိုင်ငံသားများကို သက်ဆိုင်ရာ နိုင်ငံများမှ ပြန်လည်ခေါ်ယူလျှက်ရှိ

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့် ဒေသများမှ မိမိတို့နိုင်ငံသားများကို သက်ဆိုင်ရာ နိုင်ငံများမှ ပြန်လည်ခေါ်ယူလျှက်ရှိ

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးက မိမိတို့နိုင်ငံမှ သံတမန်များနှင့် နိုင်ငံသားများကို ပြန်လည်ခေါ်ယူခြင်း၊ ခေါ်ယူရန် စီစဉ်ခြင်းတို့ကို လုပ်ဆောင်လျှက်ရှိပါတယ်။ ဟူဘေးပြည်နယ်အတွင်းရောက်ရှိနေသူ ၅၃၃ ဦးကို ဟောင်ကောင်က  မတ်လ ၅ ရက်တွင် ပြန်လည်ခေါ်ယူ ခဲ့ပြီး ၎င်းတို့ကို ၁၄ ရက်ကြာ စောင့်ရှောက်ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့သည့် Diamond Princess အပျော်စီးသင်္ဘောမှ ဟောင်ကောင်ဒေသခံ ၂၀၀ ကျော်သည် ဖေဖော်ဝါရီ ၂၃ ရက်က မိမိတို့ဒေသသို့ ပြန်လည်ရောက်ခဲ့ပြီး ယခုအခါ ရက်သတ္တပတ် ၂ ပတ်ကြာ ကြည့်ရှုစောင့်ရှောက်မှုအောက်တွင် ထားရှိပါတယ်။ သင်္ဘောပေါ်မှ စုစုပေါင်း ဟောင်ကောင်ဒေသခံ ၃၆၄ ဦးအနက် ၇၀ သည် ရောဂါကူးစက်ခံထားရပြီး သင်္ဘောပေါ်တွင် ၎င်းတို့နှင့် အနီးကပ်နေထိုင်ခဲ့သူများနှင့် အတူ ဆက်လက်ထားရှိမှာ ဖြစ်ပါတယ်။

တီဟီရန်မြို့ရှိ ဗြိတိန်သံရုံးမှ ဝန်ထမ်းများနှင့် ၎င်းတို့အား မှီခိုနေသည့် မိသားစုများကို မတ် ၁ ရက်မှ စတင် ခေါ်ယူခဲ့ပြီး မရှိမဖြစ်ကျန်ရန် လိုအပ်သည့်ဝန်ထမ်းများကိုသာ ချန်ထားခဲ့ပါတယ်။မိမိတို့ ပြည်သူများကို ပြန်လည်ခေါ်ယူနေသည့် နိုင်ငံများတွင် တိုင်ဝမ်၊ ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ ကူဝိတ်၊ ကာတာ၊ အင်ဒိုနီးရှား၊ ယူကရိန်း၊ အာဂျင်တီးနား၊ ဒိုမေနီကန် သမ္မတနိုင်ငံ၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒေါ၊ ကာဇက်ကက်စတန်၊ ကော်စတာရီကာ၊ အမေရိကန်၊ နီပေါ၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဘရာဇီး၊ ဥဇဘက်ကစ္စတန်၊ အီတလီ၊ ဆော်ဒီအာရေဗျနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့လည်း ပါဝင်ပါတယ်။

Linko
Ref: Reuters
ဘေကျင်း၊ မတ် ၆

(  Zawgyi  )

 ကမာၻေပၚရွိ ႏိုင္ငံအသီးသီးက မိမိတို႔ႏိုင္ငံမွ သံတမန္မ်ားႏွင့္ ႏိုင္ငံသားမ်ားကို ျပန္လည္ေခၚယူျခင္း၊ ေခၚယူရန္ စီစဥ္ျခင္းတို႔ကို လုပ္ေဆာင္လွ်က္ရွိပါတယ္။ ဟူေဘးျပည္နယ္အတြင္းေရာက္ရွိေနသူ ၅၃၃ ဦးကို ေဟာင္ေကာင္က  မတ္လ ၅ ရက္တြင္ ျပန္လည္ေခၚယူ ခဲ့ၿပီး ၎တို႔ကို ၁၄ ရက္ၾကာ ေစာင့္ေရွာက္ထိန္းသိမ္းသြားမွာ ျဖစ္ပါတယ္။

ဂ်ပန္ႏိုင္ငံသို႔ ေရာက္ရွိခဲ့သည့္ Diamond Princess အေပ်ာ္စီးသေဘၤာမွ ေဟာင္ေကာင္ေဒသခံ ၂၀၀ ေက်ာ္သည္ ေဖေဖာ္ဝါရီ ၂၃ ရက္က မိမိတို႔ေဒသသို႔ ျပန္လည္ေရာက္ခဲ့ၿပီး ယခုအခါ ရက္သတၱပတ္ ၂ ပတ္ၾကာ ၾကည့္ရႈေစာင့္ေရွာက္မႈေအာက္တြင္ ထားရွိပါတယ္။ သေဘၤာေပၚမွ စုစုေပါင္း ေဟာင္ေကာင္ေဒသခံ ၃၆၄ ဦးအနက္ ၇၀ သည္ ေရာဂါကူးစက္ခံထားရၿပီး သေဘၤာေပၚတြင္ ၎တို႔ႏွင့္ အနီးကပ္ေနထိုင္ခဲ့သူမ်ားႏွင့္ အတူ ဆက္လက္ထားရွိမွာ ျဖစ္ပါတယ္။

တီဟီရန္ၿမိဳ႕ရွိ ၿဗိတိန္သံ႐ုံးမွ ဝန္ထမ္းမ်ားႏွင့္ ၎တို႔အား မွီခိုေနသည့္ မိသားစုမ်ားကို မတ္ ၁ ရက္မွ စတင္ ေခၚယူခဲ့ၿပီး မရွိမျဖစ္က်န္ရန္ လိုအပ္သည့္ဝန္ထမ္းမ်ားကိုသာ ခ်န္ထားခဲ့ပါတယ္။မိမိတို႔ ျပည္သူမ်ားကို ျပန္လည္ေခၚယူေနသည့္ ႏိုင္ငံမ်ားတြင္ တိုင္ဝမ္၊ ဥေရာပသမဂၢ အဖြဲ႕ဝင္ ႏိုင္ငံမ်ား၊ ကေနဒါ၊ ဩစေၾတးလ်၊ နယူးဇီလန္၊ ကူဝိတ္၊ ကာတာ၊ အင္ဒိုနီးရွား၊ ယူကရိန္း၊ အာဂ်င္တီးနား၊ ဒိုေမနီကန္ သမၼတႏိုင္ငံ၊ အီေကြေဒါ၊ အယ္လ္ဆာေဗးေဒါ၊ ကာဇက္ကက္စတန္၊ ေကာ္စတာရီကာ၊ အေမရိကန္၊ နီေပါ၊ ေတာင္ကိုရီးယား၊ စင္ကာပူ၊ ဖိလစ္ပိုင္၊ ဘရာဇီး၊ ဥဇဘက္ကစၥတန္၊ အီတလီ၊ ေဆာ္ဒီအာေရဗ်ႏွင့္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံတို႔လည္း ပါဝင္ပါတယ္။

Linko
Ref: Reuters
ေဘက်င္း၊ မတ္ ၆