ကိုရိုနာဗိုင်းရပ်စ်ကြောင့် လုဖ်သန်ဇာလေကြောင်းလိုင်းက ခရီးစဉ် ၂၃၀၀၀ ဖျက်သိမ်းမည်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လုဖ်သန်ဇာလေကြောင်းလိုင်းက ခရီးစဉ် ၂၃၀၀၀ ဖျက်သိမ်းမည်

ဂျာမနီ လေကြောင်းလိုင်းတစ်ခုဖြစ်သည့် လူသန်ဇာ (Lufthansa) က ကမ္ဘာ့နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေမှုများကြောင့် ၅၀ ရာခိုင်နှုန်းခန့်အထိ ရှိမည့် ၎င်းတို့၏ ခရီးစဉ် ၂၃၀၀၀ ခန့်ကို ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း မတ် ၁၁ ရက်က ထုတ်ပြန်လိုက်ပါတယ်။ ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် အခြေအနေဆိုးနေပြီး မတ် ၂၉ ရက်မှ ဧပြီ ၂၄ ရက်အထိ ခရီးစဉ် ၂၃၀၀၀ ကို ဖျက်သိမ်းမည်ဖြစ်ကာ လာမည့် အပတ်များအတွင်း၌လည်း စတင်နိုင်ကြောင်း အဆိုပါ လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။

ထို့ပြင် မတ် ၂၈ ရက်အထိ ဆောင်းရာသီအကုန် ခရီးစဉ် ၇၁၀၀ ကို လူသန်ဇာက ဖျက်သိမ်းပြီး ဖြစ်ပါတယ်။ Eurowings၊ Austrian Airlines နှင့်  Swiss လေကြောင်းလိုင်း အမည်များဖြင့် ပျံသန်းသည့် ဖရန့်ဖတ်အခြေစိုက် လူသန်ဇာလေကြောင်းလိုင်းက ခရီးစဉ်များ အနေဖြင့်  ကြိုတင်စာရင်းပေးမှု ဖျက်သိမ်းခြင်းနှင့် ခရီးစဉ်များ ဖျက်သိမ်းပစ်ရခြင်းတို့ ရှိခဲ့သောကြောင့် လာမည့် သီတင်းပတ်များမှစ၍ ခရီးစဉ် ၅၀ ရာခိုင်နှုန်းကို ရပ်နားသွားမည်ဟုလည်း ပြောကြားခဲ့ပါတယ်။

အီတလီအစိုးရက ရောဂါထိန်းချုပ်ရေး အစီအစဉ်များကို တိုးမြှင့်လုပ်ဆောင်မည်ဟု ကြေညာလိုက်သောကြောင့် လူသန်ဇာ၏ လုပ်ငန်းခွဲ တစ်ခုဖြစ်သည့် Brussels Airlines ကလည်း အီတလီသို့ ဝင်ထွက်မည့် လေကြောင်းခရီးစဉ်အားလုံးကို မတ် ၁၂ ရက်မှ ဧပြီ ၃ ရက်အထိ ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။

Linko
Ref: Agencies
ဘာလင်၊မတ် ၁၂

(  Zawgyi   )

 ဂ်ာမနီ ေလေၾကာင္းလိုင္းတစ္ခုျဖစ္သည့္ လူသန္ဇာ (Lufthansa) က ကမာၻ႔ႏိုင္ငံမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားေနမႈမ်ားေၾကာင့္ ၅၀ ရာခိုင္ႏႈန္းခန႔္အထိ ရွိမည့္ ၎တို႔၏ ခရီးစဥ္ ၂၃၀၀၀ ခန႔္ကို ဖ်က္သိမ္းသြားမည္ ျဖစ္ေၾကာင္း မတ္ ၁၁ ရက္က ထုတ္ျပန္လိုက္ပါတယ္။ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈေၾကာင့္ အေျခအေနဆိုးေနၿပီး မတ္ ၂၉ ရက္မွ ဧၿပီ ၂၄ ရက္အထိ ခရီးစဥ္ ၂၃၀၀၀ ကို ဖ်က္သိမ္းမည္ျဖစ္ကာ လာမည့္ အပတ္မ်ားအတြင္း၌လည္း စတင္ႏိုင္ေၾကာင္း အဆိုပါ ေလေၾကာင္းလိုင္းက ထုတ္ျပန္ပါတယ္။

ထို႔ျပင္ မတ္ ၂၈ ရက္အထိ ေဆာင္းရာသီအကုန္ ခရီးစဥ္ ၇၁၀၀ ကို လူသန္ဇာက ဖ်က္သိမ္းၿပီး ျဖစ္ပါတယ္။ Eurowings၊ Austrian Airlines ႏွင့္  Swiss ေလေၾကာင္းလိုင္း အမည္မ်ားျဖင့္ ပ်ံသန္းသည့္ ဖရန႔္ဖတ္အေျခစိုက္ လူသန္ဇာေလေၾကာင္းလိုင္းက ခရီးစဥ္မ်ား အေနျဖင့္  ႀကိဳတင္စာရင္းေပးမႈ ဖ်က္သိမ္းျခင္းႏွင့္ ခရီးစဥ္မ်ား ဖ်က္သိမ္းပစ္ရျခင္းတို႔ ရွိခဲ့ေသာေၾကာင့္ လာမည့္ သီတင္းပတ္မ်ားမွစ၍ ခရီးစဥ္ ၅၀ ရာခိုင္ႏႈန္းကို ရပ္နားသြားမည္ဟုလည္း ေျပာၾကားခဲ့ပါတယ္။

အီတလီအစိုးရက ေရာဂါထိန္းခ်ဳပ္ေရး အစီအစဥ္မ်ားကို တိုးျမႇင့္လုပ္ေဆာင္မည္ဟု ေၾကညာလိုက္ေသာေၾကာင့္ လူသန္ဇာ၏ လုပ္ငန္းခြဲ တစ္ခုျဖစ္သည့္ Brussels Airlines ကလည္း အီတလီသို႔ ဝင္ထြက္မည့္ ေလေၾကာင္းခရီးစဥ္အားလုံးကို မတ္ ၁၂ ရက္မွ ဧၿပီ ၃ ရက္အထိ ဖ်က္သိမ္းလိုက္ေၾကာင္း ေၾကညာလိုက္ပါတယ္။

Linko
Ref: Agencies
ဘာလင္၊မတ္ ၁၂