ကိုဗစ်-၁၉ ရောဂါ ကိစ္စနှင့် ပတ်သက်၍ နောက်ဆက်တွဲ ရလဒ်များ တရုတ်ကြုံတွေ့ရမည်ဟု အမေရိကန်သမ္မတ သတိပေး

ကိုဗစ်-၁၉ ရောဂါ ကိစ္စနှင့် ပတ်သက်၍ နောက်ဆက်တွဲ ရလဒ်များ တရုတ်ကြုံတွေ့ရမည်ဟု အမေရိကန်သမ္မတ သတိပေး

ကိုရိုနာဗိုင်းရပ် ကပ်ရောဂါဖြစ်ပွားမှုတွင် တာဝန်ရှိကြောင်း တွေ့ရှိပါက နောက်ဆက်တွဲ ရလဒ် များကို  ကြုံတွေ့ ရမည်ဟု အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ဧပြီ ၁၈ ရက်မှာ သတိပေးလိုက် ပါတယ်။

“တရုတ်နိုင်ငံကနေ ပြင်ပကို မရောက်ခင်မှာ ဟန့်တားလို့ ရနိုင်ခဲ့လောက်ပါတယ်။ အခုတော့ တစ်ကမ္ဘာလုံးက ဒီပြဿနာကို ရင်ဆိုင်နေရပြီ” ဟု ထရမ့်က အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ဒီဇင်ဘာလအတွင်းက စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်ကြောင့် ကမ္ဘာပေါ်တွင် လူပေါင်း ၁၅၇၀၀၀ ဦး သေဆုံးထားခြင်းအပေါ် တရုတ်အနေဖြင့် ပြဿနာတစ်စုံ တစ်ရာ ကြုံတွေ့ရနိုင်ခြင်း ရှိ၊မရှိ မေးမြန်းမှုများအပေါ် ထရမ့်က ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

“သူတို့မှ တကယ်တာဝန်ရှိကြောင်း တွေ့ရှိရင် သေချာပေါက် ကြုံတွေ့ရနိုင်ပါတယ်။ မှားယွင်းမှု တစ်ခုဆိုရင်လည်း အမှားအတိုင်းပဲ ဖြစ်ပါလိမ့်မယ်” ဟု ထရမ့်က ပြောပါတယ်။“ဒါဟာ ထိန်းချုပ် လို့ မရတော့ဘဲ ဖြစ်သွားတဲ့ အမှားလား၊ တမင်တကာ လုပ်လိုက်တာလား။ ဒီ ၂ခုအကြားမှာ အများကြီး ခြားနားပါတယ်” ဟု ၎င်းက ပြောပါတယ်။

“ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် သူတို့အနေနဲ့ ကျွန်တော်တို့ကို စုံစမ်းခွင့် ပေးရမယ်။ စုံစမ်းဖို့ကျွန်တော် တို့ဖက်ကလည်း တောင်းဆိုပြီးပြီ။ ကျွန်တော်တို့ကို ဒီလိုလုပ်ခွင့် မပေးဖူးဆိုရင် သူတို့ဖက်က မမှန်ကန်တာ တစ်ခုခုရှိလို့ ဖြစ်ပါလိမ့်မယ်” ဟု ပြောပါတယ်။

“စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့တော့ သူတို့က ပြောပါတယ်။ ဘာတွေကို တွေ့ထားရသလဲ ဆိုတာ သိချင်ပါတယ်။ ကျွန်တော်တို့ဖက်လည်း စုံစမ်းမှုတွေကို လုပ်ဆောင်နေပါတယ်” ဟု ထရမ့်က ပြောပါတယ်။

ဝူဟန်တွင် လင်းနို့များကို ဓာတ်ခွဲခန်း သုတေသန လုပ်ဆောင်ရာမှ မတော်တဆ ပျံ့နှံ့သွားသည် ဆိုသည့် သတင်း ထွက်ပေါ်လာခြင်းကိုလည်း အမေရိကန်အစိုးရက ငြင်းဆိုမထားပေ။ အမေရိကန် စစ်တပ်က တရုတ်နိုင်ငံအတွင်းသို့ ဗိုင်းရပ် ယူဆောင်လာကြောင်း စွပ်စွဲပြောကြား ခဲ့သည့် တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အရာရှိ ကျောင်လီယန်က အဆိုပါ သတင်း အပေါ် ငြင်းဆိုထားပြီး အခြေအမြစ်မရှိကြောင်း ပြောကြားထားပါတယ်။

Linko
Ref: AFP
ဝါရှင်တန်၊ ဧပြီ ၁၉

(  Zawgyi  )

 ကို႐ိုနာဗိုင္းရပ္ ကပ္ေရာဂါျဖစ္ပြားမႈတြင္ တာဝန္ရွိေၾကာင္း ေတြ႕ရွိပါက ေနာက္ဆက္တြဲ ရလဒ္ မ်ားကို  ႀကဳံေတြ႕ ရမည္ဟု အေမရိကန္ သမၼတေဒၚနယ္ထရမ့္က ဧၿပီ ၁၈ ရက္မွာ သတိေပးလိုက္ ပါတယ္။

“တ႐ုတ္ႏိုင္ငံကေန ျပင္ပကို မေရာက္ခင္မွာ ဟန႔္တားလို႔ ရႏိုင္ခဲ့ေလာက္ပါတယ္။ အခုေတာ့ တစ္ကမာၻလုံးက ဒီျပႆနာကို ရင္ဆိုင္ေနရၿပီ” ဟု ထရမ့္က အိမ္ျဖဴေတာ္ သတင္းစာ ရွင္းလင္းပြဲ တြင္ ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕တြင္ ဒီဇင္ဘာလအတြင္းက စတင္ျဖစ္ပြားခဲ့သည့္ ကို႐ိုနာဗိုင္းရပ္ေၾကာင့္ ကမာၻေပၚတြင္ လူေပါင္း ၁၅၇၀၀၀ ဦး ေသဆုံးထားျခင္းအေပၚ တ႐ုတ္အေနျဖင့္ ျပႆနာတစ္စုံ တစ္ရာ ႀကဳံေတြ႕ရႏိုင္ျခင္း ရွိ၊မရွိ ေမးျမန္းမႈမ်ားအေပၚ ထရမ့္က ေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

“သူတို႔မွ တကယ္တာဝန္ရွိေၾကာင္း ေတြ႕ရွိရင္ ေသခ်ာေပါက္ ႀကဳံေတြ႕ရႏိုင္ပါတယ္။ မွားယြင္းမႈ တစ္ခုဆိုရင္လည္း အမွားအတိုင္းပဲ ျဖစ္ပါလိမ့္မယ္” ဟု ထရမ့္က ေျပာပါတယ္။“ဒါဟာ ထိန္းခ်ဳပ္ လို႔ မရေတာ့ဘဲ ျဖစ္သြားတဲ့ အမွားလား၊ တမင္တကာ လုပ္လိုက္တာလား။ ဒီ ၂ခုအၾကားမွာ အမ်ားႀကီး ျခားနားပါတယ္” ဟု ၎က ေျပာပါတယ္။

“ဘယ္လိုေၾကာင့္ပဲ ျဖစ္ျဖစ္ သူတို႔အေနနဲ႔ ကြၽန္ေတာ္တို႔ကို စုံစမ္းခြင့္ ေပးရမယ္။ စုံစမ္းဖို႔ကြၽန္ေတာ္ တို႔ဖက္ကလည္း ေတာင္းဆိုၿပီးၿပီ။ ကြၽန္ေတာ္တို႔ကို ဒီလိုလုပ္ခြင့္ မေပးဖူးဆိုရင္ သူတို႔ဖက္က မမွန္ကန္တာ တစ္ခုခုရွိလို႔ ျဖစ္ပါလိမ့္မယ္” ဟု ေျပာပါတယ္။

“စုံစမ္းစစ္ေဆးမႈေတြ လုပ္ေနတယ္လို႔ေတာ့ သူတို႔က ေျပာပါတယ္။ ဘာေတြကို ေတြ႕ထားရသလဲ ဆိုတာ သိခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ဖက္လည္း စုံစမ္းမႈေတြကို လုပ္ေဆာင္ေနပါတယ္” ဟု ထရမ့္က ေျပာပါတယ္။

ဝူဟန္တြင္ လင္းႏို႔မ်ားကို ဓာတ္ခြဲခန္း သုေတသန လုပ္ေဆာင္ရာမွ မေတာ္တဆ ပ်ံ႕ႏွံ႔သြားသည္ ဆိုသည့္ သတင္း ထြက္ေပၚလာျခင္းကိုလည္း အေမရိကန္အစိုးရက ျငင္းဆိုမထားေပ။ အေမရိကန္ စစ္တပ္က တ႐ုတ္ႏိုင္ငံအတြင္းသို႔ ဗိုင္းရပ္ ယူေဆာင္လာေၾကာင္း စြပ္စြဲေျပာၾကား ခဲ့သည့္ တ႐ုတ္ႏိုင္ငံ ျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ အရာရွိ ေက်ာင္လီယန္က အဆိုပါ သတင္း အေပၚ ျငင္းဆိုထားၿပီး အေျခအျမစ္မရွိေၾကာင္း ေျပာၾကားထားပါတယ္။

Linko
Ref: AFP
ဝါရွင္တန္၊ ဧၿပီ ၁၉