ကိုဗစ်အကျပ်အတည်းကို အင်္ဂလန်အစိုးရကိုင်တွယ်ပုံအား စုံစမ်းစစ်ဆေးရန်တောင်းဆို

ကိုဗစ်အကျပ်အတည်းကို အင်္ဂလန်အစိုးရကိုင်တွယ်ပုံအား စုံစမ်းစစ်ဆေးရန်တောင်းဆို

ကိုဗစ်-၁၉ နှင့်ပတ်သက်သည့် ဘောရစ်ဂျွန်ဆင်၏ အကြီးအကျယ်ဝေဖန်ခံနေရသည့် ကိုင်တွယ် မှုကို လူသိရှင်ကြား စုံစမ်းစစ်ဆေးရန် တောင်းဆိုမှုများ များပြားလာပြီး ထိုသို့အရေးယူမှုမရှိလျှင် ဗြိတိန်တွင် သေဆုံးမှု နှုန်းပိုမိုမြင့်မားမည်ဟုဆိုသည်။

ဆောင်းရာသီတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်း ဖြစ်နိုင်ခြေအတွက် စုံစမ်း စစ်ဆေးရန် ဘောရစ်ဂျွန်ဆင်ကို ကျန်းမာရေးဝန်ထမ်းများနှင် သိပံပညာရှင်များက တောင်းဆိုနေသည်။ နောက်တကြိမ် ကူးစက်မှု အတွက် ကြိုတင်ပြင်ဆင် ခြင်းမရှိလျှင် ဗြိတိန်တွင် လူများစွာ ပိုမို သေဆုံး နိုင်ကြောင်း ကျွမ်းကျင်သူ ၂၇ ဦးက ဂါးဒီးယန်း သတင်းစာ အိပ်ဖွင့်ပေးစောတွင် ရေးသားသည်။

ထိုစာအရ ဗြိတိန်သည် ကမ္ဘာသည် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဒုတိယအများဆုံးဖြစ်နေပြီး ခန့်မှန်းခြေ လူ ၄၀၂၁၆ ဦးသေဆုံးပြီးဖြစ်သည်။“ အစိုးရ အတွင်းနှင့် ပြင်ပမှ ကျန်းမာရေး လုပ်သားများနှင့် သိပံပညာရှင်များ၏ ပြင်းထန်သော အားထုတ်မှု ရှိနေသော်လည်း ဗြိတိန်နိုင်ငံ သည် ကမ္ဘာတွင် ကိုဗစ်-၁၉ ကြောင့် အမြင့်မားဆုံး သေဆုံးမှုကို ရင်ဆိုင်နေရပြီး အချို့ လူနည်း စုတိုင်းရင်းသားများသည် အဆိုးဆုံးရင်ဆိုင်နေရသည်” ဟု ထိုကြေညာချက်ကဆိုသည်။

ဖြစ်နိုင်ခြေရှိသော ဒုတိယအကြိမ်ကူစက်မှုလှိုင်းကိုတားဆီးရန် အစိုးရအနေဖြင့် ကိုင်တွယ်ရမည့် ပြဿနာများကို ထို ဆေးပညာရှင်များ ဖေါ်ပြထားသည်။ ထိုပြဿနာများတွင် ဗြိတိန်တွင် အမျိုးသာကျန်းမာရေးစောင့်ရှောက်မှု၊ ပြည်သူ့ကျန်းမာရေးနှင့် လူမှုစောင့်ရှောက်မှုများကို သီးခြားစီအဆက်အစပ်မရှိထားခြင်း၊ ဒေသဆိုင်ရာအစိုးအရများနှင့်အောက်ခြေအစိုးရများနှင့် ဗဟိုအစိုးရအကြား ထိတွေ့မှုမရှိခြင်း၊ သိပံအထောက်အထားများကို မူဝါဒနှင့် ပေါင်းစပ်မှုကင်းမဲ့ ခြင်းနှင့်  လိုအပ်သော ကုန်စည်နှင့်ဝန်ဆောင်မှုကို စီမံရယူနိုင်သော စွမ်းရည်မရှိခြင်းတို့ပါဝင် သည်။

ရှေ့တန်းမှတာဝန်ယူနေရသော ကျန်းမာရေးလုပ်သားများအတွက် ပိုးမွှား ကာကွယ်ရေး ဝတ်စုံ မလုံလောက်ခြင်း၊ သက်ကြီဂေဟာများတွင် သေဆုံးမှုနှုန်းမြင့်မားခြင်းနှင့် လူမဲများ၊ အာရှနွယ် ဖွားများနှင့်လူနည်းစုမျာအကြား သေဆုံးမှုမြင့်မားခြင်း စသည်တို့အပါအဝင် ကိုရိုနာဗိုင်းရပ် အကျပ်အတည်းအတွင် အစိုးရ၏ ကိုင်တွယ်မှုများအတွက် စုံစမ်းဆေးရန် ဘောရစ်ဂျွန်ဆင်ကို တောင်းဆိုကြသည်။

ထိုပြဿနာများကိုကိုင်တွယ်ရန်အတွင် လျှင်မြန်၊ ပွင့်လင်းမြင်သာ ကျွမ်းကျင်သော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် နိုင်ငံရေးအင်အားစုများအားလုံးကို တောင်းဆိုသည်ဟု ထိုစာကဆိုသည်။

ထိုသို့လုပ်ဆောင်ရာတွင် အကျပ်အတည်းကို တုံ့ပြန်ဆောင်ရွက်သူများ၏ အားထုတ်မှုများကို လမ်းကြောင်းလွှဲခြင်းသို့မဟုတ် အပြစ်တင်ခြင်းကို ရှောင်ရှားပြီး အသက်များကယ်ဆယ်ရန် လုပ်ဆောင်နေသူများကို ကူညီရန် ၎င်းတို့ရင်ဆိုင်နေ့ရသည့် အခက်အခဲများကို ကျော်လွှား ရေးအတွက်လက်တွေကျသော နည်းလမ်းများကို အဆိုပြုသင့်သည်ဟု ၎င်းတို့က ရေးသား သည်။

မကြာသေးမီက စကော့တလန် ကျန်းမာရေးဝန်ကြီး Jeane Freeman က ကိုဗစ်-၁၉ ကို တုံ့ပြန်ရန်အတွက် သင်ခန်းစာယူလုပ်ဆောင်ရန် များစွာရှိကြောင်း ပြောကြားခဲ့သည်။ ထိုကျန်းမာရေး ဝန်ကြီးသည်လန်ဒန်ရှိ ဘောရစ်ဂျွန်ဆင်အစိုးရ၏ အာဏာရ ကွန်ဆာဗေးတစ် များနှင့် မဆိုင်သော်လည် အီဒင်ဘတ်တွင် တာဝန်ယူရန် ခန့်အပ်ထားသူဖြစ်သည်။ ဒုတိယ အကြိမ်ရောဂါကူးစက်မှုအတွက် ပြင်ဆင်ထားရန် အစိုးရအနေဖြင့် လေ့လာတွေ့ရှိထားသော သင်ခန်းစာများကို အကောင်အထည်ဖေါ်ရန် အချိန်ဖြုန်ရန်မဖြစ်နိုင်တော့ကြောင်း ထိုစာတွင် ရှင်းလင်းစွာ ဖေါ်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ်တုံ့ပြန်မှုနှင့်ပတ်သက်ပြီး အင်္ဂလန်အစိုးရသည် အပြင်းအထန်ဝေဖန်ခံနေရသည်။ အင်္ဂလန်တွင် ရောဂါလျှင်မြန်စွာ ပျံ့နှံ့နေသော်လည်း အင်္ဂလန်အစိုးရသည် တားဆီးပိတ်စို့မှုများ ကို အခြားဥရောပအိမ်နီးချင်းများထက် များစွာနောက်ကျလုပ်ဆောင်ခဲ့သည်။ကူးစက် ရောဂါကို တိုက်စစ်ဆင်ရာတွင် လူအုပ်စုလိုက်ရောဂါခံနိုင်ရည်ရှိမှု သေနင်္ဂဗျူဟာကို ကျင့်သုံးမည်ဟု ဘောရစ်ဂျွန်ဆင်က အီတလီဝန်ကြီးချုပ်ထံ အကြောင်းကြားသည်ဟု သတင်းများကဆိုသည်။

ဗြိတိန်နိုင်ငံတွင် တနိုင်ငံလုံးပိတ်စို့မှုမလုပ်မီ ၁၀ ရက်အလို မတ်လ ၁၃ ရက်နေ့တွင် ဂျွန်ဆင်သည် အီတလီဝန်ကြီးချုပ် Giuseppe Conte နှင့် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။အီတလီ ဝန်ကြီးချုပ် သည် ဘောရစ်ဂျွန်ဆင်နှင့် စကားပြောခဲ့ကြောင်း အီတလီနိုင်ငံအခြေအနေကိုလည်း ဆွေးနွေးခဲ့ ကြောင်း အီတလီကျန်းမာရေး ဝန်ကြီးတဦးက မှတ်တမ်းရုပ်ရှင်တခုတွင်ပြောကြားခဲ့သည်။

 “ဘောရစ်ဂျွန်ဆင်က လူအုပ်စုလိုက်ရောဂါခံနိုင်ရည်ရှိလာတာမျိုးလိုချင်ကြောင်း Giuseppe Conte ကိုပြောတာကျနော်မှတ်မိတယ်။  ကျနော်ကတော့ ဘောရစ်ဂျွန်ဆင်အနေနဲ့ တနိုင်ငံလုံး ပိတ်စို့တာမျိုးလုပ်ပါစေလို့မျှော်လင့်တာပဲ” ဟု ထိုသူကပြောသည်။

ဗြိတိန်အစိုးရအနေဖြင့် ၁၁ ရက်စောပြီး ပိတ်စို့ထားဆီးမှုလုပ်ခဲ့ပါက ဗြိတိန်နိုင်ငံသား ၁၃၀၀၀ ၏ အသက်များကိုကယ်ဆယ်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး George Batchelor က ထိုမှတ်တမ်းရုပ်ရှင်တွင်ပြောသည်။

Linko
Ref:sputnik
လန်ဒန်၊ဇွန် ၇

(  Zawgyi  )

 ကိုဗစ္-၁၉ ႏွင့္ပတ္သက္သည့္ ေဘာရစ္ဂြၽန္ဆင္၏ အႀကီးအက်ယ္ေဝဖန္ခံေနရသည့္ ကိုင္တြယ္ မႈကို လူသိရွင္ၾကား စုံစမ္းစစ္ေဆးရန္ ေတာင္းဆိုမႈမ်ား မ်ားျပားလာၿပီး ထိုသို႔အေရးယူမႈမရွိလွ်င္ ၿဗိတိန္တြင္ ေသဆုံးမႈ ႏႈန္းပိုမိုျမင့္မားမည္ဟုဆိုသည္။

ေဆာင္းရာသီတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ဒုတိယလႈိင္း ျဖစ္ႏိုင္ေျခအတြက္ စုံစမ္း စစ္ေဆးရန္ ေဘာရစ္ဂြၽန္ဆင္ကို က်န္းမာေရးဝန္ထမ္းမ်ားႏွင္ သိပံပညာရွင္မ်ားက ေတာင္းဆိုေနသည္။ ေနာက္တႀကိမ္ ကူးစက္မႈ အတြက္ ႀကိဳတင္ျပင္ဆင္ ျခင္းမရွိလွ်င္ ၿဗိတိန္တြင္ လူမ်ားစြာ ပိုမို ေသဆုံး ႏိုင္ေၾကာင္း ကြၽမ္းက်င္သူ ၂၇ ဦးက ဂါးဒီးယန္း သတင္းစာ အိပ္ဖြင့္ေပးေစာတြင္ ေရးသားသည္။

ထိုစာအရ ၿဗိတိန္သည္ ကမာၻသည္ ကိုဗစ္-၁၉ ေၾကာင့္ ေသဆုံးသူဒုတိယအမ်ားဆုံးျဖစ္ေနၿပီး ခန႔္မွန္းေျခ လူ ၄၀၂၁၆ ဦးေသဆုံးၿပီးျဖစ္သည္။“ အစိုးရ အတြင္းႏွင့္ ျပင္ပမွ က်န္းမာေရး လုပ္သားမ်ားႏွင့္ သိပံပညာရွင္မ်ား၏ ျပင္းထန္ေသာ အားထုတ္မႈ ရွိေနေသာ္လည္း ၿဗိတိန္ႏိုင္ငံ သည္ ကမာၻတြင္ ကိုဗစ္-၁၉ ေၾကာင့္ အျမင့္မားဆုံး ေသဆုံးမႈကို ရင္ဆိုင္ေနရၿပီး အခ်ိဳ႕ လူနည္း စုတိုင္းရင္းသားမ်ားသည္ အဆိုးဆုံးရင္ဆိုင္ေနရသည္” ဟု ထိုေၾကညာခ်က္ကဆိုသည္။

ျဖစ္ႏိုင္ေျခရွိေသာ ဒုတိယအႀကိမ္ကူစက္မႈလႈိင္းကိုတားဆီးရန္ အစိုးရအေနျဖင့္ ကိုင္တြယ္ရမည့္ ျပႆနာမ်ားကို ထို ေဆးပညာရွင္မ်ား ေဖၚျပထားသည္။ ထိုျပႆနာမ်ားတြင္ ၿဗိတိန္တြင္ အမ်ိဳးသာက်န္းမာေရးေစာင့္ေရွာက္မႈ၊ ျပည္သူ႔က်န္းမာေရးႏွင့္ လူမႈေစာင့္ေရွာက္မႈမ်ားကို သီးျခားစီအဆက္အစပ္မရွိထားျခင္း၊ ေဒသဆိုင္ရာအစိုးအရမ်ားႏွင့္ေအာက္ေျခအစိုးရမ်ားႏွင့္ ဗဟိုအစိုးရအၾကား ထိေတြ႕မႈမရွိျခင္း၊ သိပံအေထာက္အထားမ်ားကို မူဝါဒႏွင့္ ေပါင္းစပ္မႈကင္းမဲ့ ျခင္းႏွင့္  လိုအပ္ေသာ ကုန္စည္ႏွင့္ဝန္ေဆာင္မႈကို စီမံရယူႏိုင္ေသာ စြမ္းရည္မရွိျခင္းတို႔ပါဝင္ သည္။

ေရွ႕တန္းမွတာဝန္ယူေနရေသာ က်န္းမာေရးလုပ္သားမ်ားအတြက္ ပိုးမႊား ကာကြယ္ေရး ဝတ္စုံ မလုံေလာက္ျခင္း၊ သက္ႀကီေဂဟာမ်ားတြင္ ေသဆုံးမႈႏႈန္းျမင့္မားျခင္းႏွင့္ လူမဲမ်ား၊ အာရွႏြယ္ ဖြားမ်ားႏွင့္လူနည္းစုမ်ာအၾကား ေသဆုံးမႈျမင့္မားျခင္း စသည္တို႔အပါအဝင္ ကို႐ိုနာဗိုင္းရပ္ အက်ပ္အတည္းအတြင္ အစိုးရ၏ ကိုင္တြယ္မႈမ်ားအတြက္ စုံစမ္းေဆးရန္ ေဘာရစ္ဂြၽန္ဆင္ကို ေတာင္းဆိုၾကသည္။

ထိုျပႆနာမ်ားကိုကိုင္တြယ္ရန္အတြင္ လွ်င္ျမန္၊ ပြင့္လင္းျမင္သာ ကြၽမ္းက်င္ေသာ စုံစမ္းစစ္ေဆးမႈ ျပဳလုပ္ရန္ ႏိုင္ငံေရးအင္အားစုမ်ားအားလုံးကို ေတာင္းဆိုသည္ဟု ထိုစာကဆိုသည္။

ထိုသို႔လုပ္ေဆာင္ရာတြင္ အက်ပ္အတည္းကို တုံ႔ျပန္ေဆာင္႐ြက္သူမ်ား၏ အားထုတ္မႈမ်ားကို လမ္းေၾကာင္းလႊဲျခင္းသို႔မဟုတ္ အျပစ္တင္ျခင္းကို ေရွာင္ရွားၿပီး အသက္မ်ားကယ္ဆယ္ရန္ လုပ္ေဆာင္ေနသူမ်ားကို ကူညီရန္ ၎တို႔ရင္ဆိုင္ေန႔ရသည့္ အခက္အခဲမ်ားကို ေက်ာ္လႊား ေရးအတြက္လက္ေတြက်ေသာ နည္းလမ္းမ်ားကို အဆိုျပဳသင့္သည္ဟု ၎တို႔က ေရးသား သည္။

မၾကာေသးမီက စေကာ့တလန္ က်န္းမာေရးဝန္ႀကီး Jeane Freeman က ကိုဗစ္-၁၉ ကို တုံ႔ျပန္ရန္အတြက္ သင္ခန္းစာယူလုပ္ေဆာင္ရန္ မ်ားစြာရွိေၾကာင္း ေျပာၾကားခဲ့သည္။ ထိုက်န္းမာေရး ဝန္ႀကီးသည္လန္ဒန္ရွိ ေဘာရစ္ဂြၽန္ဆင္အစိုးရ၏ အာဏာရ ကြန္ဆာေဗးတစ္ မ်ားႏွင့္ မဆိုင္ေသာ္လည္ အီဒင္ဘတ္တြင္ တာဝန္ယူရန္ ခန႔္အပ္ထားသူျဖစ္သည္။ ဒုတိယ အႀကိမ္ေရာဂါကူးစက္မႈအတြက္ ျပင္ဆင္ထားရန္ အစိုးရအေနျဖင့္ ေလ့လာေတြ႕ရွိထားေသာ သင္ခန္းစာမ်ားကို အေကာင္အထည္ေဖၚရန္ အခ်ိန္ျဖဳန္ရန္မျဖစ္ႏိုင္ေတာ့ေၾကာင္း ထိုစာတြင္ ရွင္းလင္းစြာ ေဖၚျပထားသည္။

ကို႐ိုနာဗိုင္းရပ္စ္တုံ႔ျပန္မႈႏွင့္ပတ္သက္ၿပီး အဂၤလန္အစိုးရသည္ အျပင္းအထန္ေဝဖန္ခံေနရသည္။ အဂၤလန္တြင္ ေရာဂါလွ်င္ျမန္စြာ ပ်ံ႕ႏွံ႔ေနေသာ္လည္း အဂၤလန္အစိုးရသည္ တားဆီးပိတ္စို႔မႈမ်ား ကို အျခားဥေရာပအိမ္နီးခ်င္းမ်ားထက္ မ်ားစြာေနာက္က်လုပ္ေဆာင္ခဲ့သည္။ကူးစက္ ေရာဂါကို တိုက္စစ္ဆင္ရာတြင္ လူအုပ္စုလိုက္ေရာဂါခံႏိုင္ရည္ရွိမႈ ေသနဂၤဗ်ဴဟာကို က်င့္သုံးမည္ဟု ေဘာရစ္ဂြၽန္ဆင္က အီတလီဝန္ႀကီးခ်ဳပ္ထံ အေၾကာင္းၾကားသည္ဟု သတင္းမ်ားကဆိုသည္။

ၿဗိတိန္ႏိုင္ငံတြင္ တႏိုင္ငံလုံးပိတ္စို႔မႈမလုပ္မီ ၁၀ ရက္အလို မတ္လ ၁၃ ရက္ေန႔တြင္ ဂြၽန္ဆင္သည္ အီတလီဝန္ႀကီးခ်ဳပ္ Giuseppe Conte ႏွင့္ ေဆြးေႏြးခဲ့သည္ဟု ဆိုသည္။အီတလီ ဝန္ႀကီးခ်ဳပ္ သည္ ေဘာရစ္ဂြၽန္ဆင္ႏွင့္ စကားေျပာခဲ့ေၾကာင္း အီတလီႏိုင္ငံအေျခအေနကိုလည္း ေဆြးေႏြးခဲ့ ေၾကာင္း အီတလီက်န္းမာေရး ဝန္ႀကီးတဦးက မွတ္တမ္း႐ုပ္ရွင္တခုတြင္ေျပာၾကားခဲ့သည္။

 “ေဘာရစ္ဂြၽန္ဆင္က လူအုပ္စုလိုက္ေရာဂါခံႏိုင္ရည္ရွိလာတာမ်ိဳးလိုခ်င္ေၾကာင္း Giuseppe Conte ကိုေျပာတာက်ေနာ္မွတ္မိတယ္။  က်ေနာ္ကေတာ့ ေဘာရစ္ဂြၽန္ဆင္အေနနဲ႔ တႏိုင္ငံလုံး ပိတ္စို႔တာမ်ိဳးလုပ္ပါေစလို႔ေမွ်ာ္လင့္တာပဲ” ဟု ထိုသူကေျပာသည္။

ၿဗိတိန္အစိုးရအေနျဖင့္ ၁၁ ရက္ေစာၿပီး ပိတ္စို႔ထားဆီးမႈလုပ္ခဲ့ပါက ၿဗိတိန္ႏိုင္ငံသား ၁၃၀၀၀ ၏ အသက္မ်ားကိုကယ္ဆယ္ႏိုင္မည္ျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီး George Batchelor က ထိုမွတ္တမ္း႐ုပ္ရွင္တြင္ေျပာသည္။

Linko
Ref:sputnik
လန္ဒန္၊ဇြန္ ၇