ကလေးသူငယ်လက်ထပ်ထိန်းမြားခြင်းကို ရာဇဝတ်မှုအဖြစ် အီဂျစ်သတ်မှတ်မည်

ကလေးသူငယ်လက်ထပ်ထိန်းမြားခြင်းကို ရာဇဝတ်မှုအဖြစ် အီဂျစ်သတ်မှတ်မည်

ကလေးသူငယ်လက်ထက်ထိမ်မြားခြင်းကို ရာဇဝတ်မှုအဖြစ်သတ်မှတ်မည့် ဥပဒေကြမ်းတခုကို အီဂျစ်လွှတ်တော်က အဆိုပြု လိုက်ကြောင်း အီဂျစ်သတင်းစာ Youm7 ကဖေါ်ပြသည်။ကျူးလွန်သူမည်သူမဆိုသည် ထောင်ဒဏ်ချမှတ်ပြီး အီပေါင်ပေါင်ငွေ ၅၀၀၀ (၃၁၇ ဒေါ်လာ)  မှ ၁၀၀၀၀ (၆၃၃ ဒေါ်လာ) အထိချမှတ်မည်ဖြစ်သည်။

အဆိုပြုဥပဒေတွင် မိသားစုလေးဦးသာရှိသူများအတွက် ဆုကြေးများလည်းပါဝင်ပြီး ထိုသို့သောမိသာ:စုကို စံနမူနာပြမိသားစု ဟု ဖေါ်ပြသည်။ ၎င်းတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ကလေးမွေးသောမိသားစုများကိုလည်း ဆုကြေးပေးမည်ဟု ဖေါ်ပြထားသည်။
 “ဒီဥပဒေကြမ်းက မွေးဖွားမှုထိန်းချုပ်တဲ့ အပိုဒ်မပါဘူး။ စံနမူနာမိသားစုတွေအတွက် ပညာရေးနဲ့ လူမှုအထောက်အပံ့တွေပဲပါတယ်” ဟု လွှတ်တော် ကာကွယ်ရေးနှင့်အမျိုးသား လုံခြုံရေး ကော်မတီဥက္ကဌ ကမဲလ်အမ်မာပြောပြီး ထိုဥပဒေကြမ်းသည် နိုင်ငံ၏ လူဦးရေ အလွန်အကျွံ များပြားခြင်းကို ထိန်းချုပ်ရန်ရည်ရွယ်ကြောင်းပြောသည်။

လူဦးရေအလွန်အကျွံများပြားခြင်းသည် အီဂျစ်နိုင်ငံအတွက် အဓိက ပြဿနာဖြစ်နေသည်။ ထိုပြဿနာသည် တိုင်းပြည် စီးပွားရေး တိုးတက်မှုအတွက် အဓိကအဟန့်အတားဖြစ်နေပြီး အမျိုးသားလုံခြံုရေးနှင့်လည်းဆက်စပ်နေသည်။၂၀၁၉ ခုနှစ် နှစ်လယ်က အီဂျစ်နိုင်ငံလူဦးရေသည် ၉၉ သန်းရှိကြောင်း နိုင်ငံပိုင် ပြည်သူစုစည်းလှုပ်ရှားမှုနှင့် စာရင်းအင်းဗဟိုဌာန၏ အဆိုအရ သိရသည်။

Linko
Ref: middleeastmonitor.com
ကိုင်ရို၊ ဇန်နဝါရီ ၂၂

(  Zawgyi  )

 ကေလးသူငယ္လက္ထက္ထိမ္ျမားျခင္းကို ရာဇဝတ္မႈအျဖစ္သတ္မွတ္မည့္ ဥပေဒၾကမ္းတခုကို အီဂ်စ္လႊတ္ေတာ္က အဆိုျပဳ လိုက္ေၾကာင္း အီဂ်စ္သတင္းစာ Youm7 ကေဖၚျပသည္။က်ဴးလြန္သူမည္သူမဆိုသည္ ေထာင္ဒဏ္ခ်မွတ္ၿပီး အီေပါင္ေပါင္ေငြ ၅၀၀၀ (၃၁၇ ေဒၚလာ)  မွ ၁၀၀၀၀ (၆၃၃ ေဒၚလာ) အထိခ်မွတ္မည္ျဖစ္သည္။

အဆိုျပဳဥပေဒတြင္ မိသားစုေလးဦးသာရွိသူမ်ားအတြက္ ဆုေၾကးမ်ားလည္းပါဝင္ၿပီး ထိုသို႔ေသာမိသာ:စုကို စံနမူနာျပမိသားစု ဟု ေဖၚျပသည္။ ၎တို႔ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ျဖင့္ ကေလးေမြးေသာမိသားစုမ်ားကိုလည္း ဆုေၾကးေပးမည္ဟု ေဖၚျပထားသည္။
 “ဒီဥပေဒၾကမ္းက ေမြးဖြားမႈထိန္းခ်ဳပ္တဲ့ အပိုဒ္မပါဘူး။ စံနမူနာမိသားစုေတြအတြက္ ပညာေရးနဲ႔ လူမႈအေထာက္အပံ့ေတြပဲပါတယ္” ဟု လႊတ္ေတာ္ ကာကြယ္ေရးႏွင့္အမ်ိဳးသား လုံၿခဳံေရး ေကာ္မတီဥကၠဌ ကမဲလ္အမ္မာေျပာၿပီး ထိုဥပေဒၾကမ္းသည္ ႏိုင္ငံ၏ လူဦးေရ အလြန္အကြၽံ မ်ားျပားျခင္းကို ထိန္းခ်ဳပ္ရန္ရည္႐ြယ္ေၾကာင္းေျပာသည္။

လူဦးေရအလြန္အကြၽံမ်ားျပားျခင္းသည္ အီဂ်စ္ႏိုင္ငံအတြက္ အဓိက ျပႆနာျဖစ္ေနသည္။ ထိုျပႆနာသည္ တိုင္းျပည္ စီးပြားေရး တိုးတက္မႈအတြက္ အဓိကအဟန႔္အတားျဖစ္ေနၿပီး အမ်ိဳးသားလုံၿခံဳေရးႏွင့္လည္းဆက္စပ္ေနသည္။၂၀၁၉ ခုႏွစ္ ႏွစ္လယ္က အီဂ်စ္ႏိုင္ငံလူဦးေရသည္ ၉၉ သန္းရွိေၾကာင္း ႏိုင္ငံပိုင္ ျပည္သူစုစည္းလႈပ္ရွားမႈႏွင့္ စာရင္းအင္းဗဟိုဌာန၏ အဆိုအရ သိရသည္။

Linko
Ref: middleeastmonitor.com
ကိုင္႐ို၊ ဇန္နဝါရီ ၂၂