ကယ်လီဖိုးနီးယားတွင် ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၃၃ ဦးတွေ့ရှိ

ကယ်လီဖိုးနီးယားတွင် ကော်ရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၃၃ ဦးတွေ့ရှိ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်သို့ လေကြောင်းခရီးစဉ်များဖြင့် ရောက်ရှိလာသည့် လူပေါင်း ၈၄၀၀ ဦးအား ဝူဟန် ကော်ရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိမရှိ စောင့်ကြည့်စစ်ဆေးရာတွင် ၃၃ ဦးတွင် တွေ့ရှိရပြီး ၎င်းတို့အနက် ၅ ဦးကို ပြည်နယ်အတွင်းသို့ ဝင်ခွင့်မပေးခဲ့ကြောင်း မြို့တော်ဝန်ဂါဗင်နယူဆန်က ဖေဖော်ဝါရီ ၂၇ ရက်က ပြောကြားပါတယ်။

“ဒီကိစ္စက ရှောင်လွှဲလို့မရဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်” ဟု ၎င်းက ပြောပါတယ်။ အစိုးရအဖွဲ့အစည်းများနှင့် ပုံမှန် ပူးပေါင်း ဆောင်ရွက်နေသကဲ့သို့ ရောဂါစမ်းသပ်စစ်ဆေးသည့် ပစ္စည်းများ မလုံလောက်သေးသောကြောင့် ပြည်နယ်အစိုးရ အနေဖြင့် ဦးစားပေး ဆောင်ရွက်နေကြောင်းလည်း ၎င်းက ပြောပါတယ်။

“ကျွန်တော်တို့က ပြင်ဆင်ယုံသက်သက်မဟုတ်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အရင်လတွေကတည်းကစပြီး ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့ပါတယ်” ဟု နယူဆန်က ပြောပါတယ်။အမေရိကန်ရှိ အခြားဒေသများတွင် လည်း အလားတူ စောင့်ကြည့်စစ်ဆေးမှုများ လုပ်ဆောင်နေသော်လည်း ကယ်လီဖိုးနီးယားပြည်နယ်ကဲ့သို့ ကျယ်ပြန့်စွာ လုပ်ဆောင်ခြင်း မရှိပေ။ မက်ဆာချူးဆက်ပြည်နယ်၌ လူ ၆၀၈ ဦးအား စစ်ဆေးရာတွင် အဖြေထွက်ပေါ်လာသည့် ၃၇၇ ဦးတွင် ရောဂါလက္ခဏာ မတွေ့ရှိခဲ့ရပေ။

ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC) ၏ ဖေဖော်ဝါရီ ၂၆ ရက် အတည်ပြုထုတ်ပြန်ချက်တွင် ကယ်လီဖိုးနီးယားပြည် နယ်အလယ်ပိုင်း၌ ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုကို တွေ့ရှိကြောင်းနှင့် မူရင်းဇစ်မြစ်ကို မသိရကြောင်း ဖော်ပြခဲ့ပါတယ်။ လက်ရှိ စံနှုန်းများနှင့် မကိုက်ညီသောကြောင့် လူနာများကို ဆေးစစ်ရန် CDC က ယခင်ရက်များက ငြင်းဆိုခဲ့ပါတယ်။

လူနာများ ရောဂါမည်ကဲ့သို့ ကူးစက်ခံရကြောင်း လောလောဆယ်မသိသေးကြောင်းနှင့် အမေရိကန်တွင် ပထမဆုံးအကြိမ်တွေ့ရှိခြင်း ဖြစ်နိုင်ကြောင်း CDC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

Linko
Ref: National Review
နယူးယောက်၊ ဖေဖော်ဝါရီ ၂၈

(  Zawgyi  )

 အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္သို႔ ေလေၾကာင္းခရီးစဥ္မ်ားျဖင့္ ေရာက္ရွိလာသည့္ လူေပါင္း ၈၄၀၀ ဦးအား ဝူဟန္ ေကာ္႐ိုနာ ဗိုင္းရပ္စ္ကူးစက္ခံရျခင္းရွိမရွိ ေစာင့္ၾကည့္စစ္ေဆးရာတြင္ ၃၃ ဦးတြင္ ေတြ႕ရွိရၿပီး ၎တို႔အနက္ ၅ ဦးကို ျပည္နယ္အတြင္းသို႔ ဝင္ခြင့္မေပးခဲ့ေၾကာင္း ၿမိဳ႕ေတာ္ဝန္ဂါဗင္နယူဆန္က ေဖေဖာ္ဝါရီ ၂၇ ရက္က ေျပာၾကားပါတယ္။

“ဒီကိစၥက ေရွာင္လႊဲလို႔မရဘူးဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္” ဟု ၎က ေျပာပါတယ္။ အစိုးရအဖြဲ႕အစည္းမ်ားႏွင့္ ပုံမွန္ ပူးေပါင္း ေဆာင္႐ြက္ေနသကဲ့သို႔ ေရာဂါစမ္းသပ္စစ္ေဆးသည့္ ပစၥည္းမ်ား မလုံေလာက္ေသးေသာေၾကာင့္ ျပည္နယ္အစိုးရ အေနျဖင့္ ဦးစားေပး ေဆာင္႐ြက္ေနေၾကာင္းလည္း ၎က ေျပာပါတယ္။

“ကြၽန္ေတာ္တို႔က ျပင္ဆင္ယုံသက္သက္မဟုတ္ပါဘူး။ ဒီျပႆနာကို ေျဖရွင္းဖို႔ အရင္လေတြကတည္းကစၿပီး ႀကိဳးစားပမ္းစား လုပ္ေဆာင္ခဲ့ပါတယ္” ဟု နယူဆန္က ေျပာပါတယ္။အေမရိကန္ရွိ အျခားေဒသမ်ားတြင္ လည္း အလားတူ ေစာင့္ၾကည့္စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေသာ္လည္း ကယ္လီဖိုးနီးယားျပည္နယ္ကဲ့သို႔ က်ယ္ျပန႔္စြာ လုပ္ေဆာင္ျခင္း မရွိေပ။ မက္ဆာခ်ဴးဆက္ျပည္နယ္၌ လူ ၆၀၈ ဦးအား စစ္ေဆးရာတြင္ အေျဖထြက္ေပၚလာသည့္ ၃၇၇ ဦးတြင္ ေရာဂါလကၡဏာ မေတြ႕ရွိခဲ့ရေပ။

ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးဌာန (CDC) ၏ ေဖေဖာ္ဝါရီ ၂၆ ရက္ အတည္ျပဳထုတ္ျပန္ခ်က္တြင္ ကယ္လီဖိုးနီးယားျပည္ နယ္အလယ္ပိုင္း၌ ကို႐ိုနာဗိုင္းရပ္ျဖစ္ပြားမႈကို ေတြ႕ရွိေၾကာင္းႏွင့္ မူရင္းဇစ္ျမစ္ကို မသိရေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ လက္ရွိ စံႏႈန္းမ်ားႏွင့္ မကိုက္ညီေသာေၾကာင့္ လူနာမ်ားကို ေဆးစစ္ရန္ CDC က ယခင္ရက္မ်ားက ျငင္းဆိုခဲ့ပါတယ္။

လူနာမ်ား ေရာဂါမည္ကဲ့သို႔ ကူးစက္ခံရေၾကာင္း ေလာေလာဆယ္မသိေသးေၾကာင္းႏွင့္ အေမရိကန္တြင္ ပထမဆုံးအႀကိမ္ေတြ႕ရွိျခင္း ျဖစ္ႏိုင္ေၾကာင္း CDC ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားပါတယ္။

Linko
Ref: National Review
နယူးေယာက္၊ ေဖေဖာ္ဝါရီ ၂၈