ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ ခေါင်းပါးမှုဘေး၂ဆ ကြုံတွေ့နိုင်ဟု ကုလသမဂ္ဂသတိပေး

ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ ခေါင်းပါးမှုဘေး၂ဆ ကြုံတွေ့နိုင်ဟု ကုလသမဂ္ဂသတိပေး

ကိုရိုနာဗိုင်းရပ် ဖြစ်ပွားမှုကြောင့် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာခေါင်းပါးမှု ၂ ဆကြုံတွေ့ရနိုင်ဟု ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အကြီးအကဲ ဒေးဗစ်ဘက်စလေက  ကပ်ဘေးဒုက္ခတစ်ခုပုံစံ ဖြစ်မလာစေရန် အမြန်ဆုံး ဆောင်ရွက်ရန် လိုမည်ဟု ပြောကြားထားပါတယ်။ ငတ်မွတ်ခေါင်းပါး မှု ကြုံတွေ့နေရသည့် လက်ရှိအရေအတွက် ၁၃၅ သန်းမှ သန်း ၂၅၀ အထိ မြင့်တက်သွားနိုင် ကြောင်း အစီရင်ခံစာတစ်ခုတွင် ခန့်မှန်းထားပါတယ်။

စစ်ပွဲများ၊ စီးပွားရေးအကြပ်အတည်းများနှင့် ရာသီဥတုပြောင်းလဲမှုဒဏ်များကို ခံစားနေရသည့် ၁၀ နိုင်ငံတွင် အဆိုးဆုံး ခံရနိုင်ကြောင်းလည်း WFP က သတိပေးထားပါတယ်။စားနပ်ရိက္ခာ အကြပ်အတည်းဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ လေးနှစ်မြောက် နှစ်ပတ်လည် အစီရင်ခံစာတွင် ယီမင်၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ အာဖဂန်နစ္စတန်၊ ဗင်နီဇွဲလား၊ အီသီယိုးပီးယား၊ တောင်ဆူဒန်၊ ဆူဒန်၊ ဆီးရီးယား၊ နိုက်ဂျီးရီးယားနှင့် ဟေတီနိုင်ငံများတွင် အဆိုးဆုံး ဖြစ်ပွားနိုင်သည်ဟု ဖော်ပြထားပါတယ်။

တောင်ဆူဒန်တွင် ယမန်နှစ်က အစားအစာရှားပါးမှု ပြဿနာကို လူဦးရေ ၆၁ ရာခိုင်နှုန်း ခံစားခဲ့ ရကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကိုရိုနာဗိုင်းရပ်ရောဂါ မဖြစ်ပွားမီကပင် အရှေ့အာဖရိကနှင့် တောင်အာရှတို့တွင် မိုးခေါင်ရေရှားမှုနှင့် ဆယ်စုနှစ်များစွာ သီးနှံဖျက် နှံကောင်များကြောင့် စားနပ်ရိက္ခာ မလုံလောက်မှု ဖြစ်နေခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ ဗီဒီယိုမှ ပြောကြားရာတွင် ဘက်စလေက ဖြစ်ပေါ်လာနိုင်သည့် ပြဿနာနှင့် ပတ်သက်၍ အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပါတယ်။“လာမယ့်လ အနည်းငယ်အတွင်းမှာ စားနပ်ရိက္ခာခေါင်းပါးမှု ၂ ဆအထိ မြင့်တက်လာနိုင်ပါတယ်။ ကျွန်တော် တို့ အတွက် အချိန်သိပ်မကျန်တော့ပါဘူး” ဟု ၎င်းက ပြောပါတယ်။

Linko
Ref: BBC
နယူးယောက်၊ ဧပြီ ၂၂

(  Zawgyi  )

 ကို႐ိုနာဗိုင္းရပ္ ျဖစ္ပြားမႈေၾကာင့္ ကမာၻေပၚတြင္ စားနပ္ရိကၡာေခါင္းပါးမႈ ၂ ဆႀကဳံေတြ႕ရႏိုင္ဟု ကုလသမဂၢက သတိေပးလိုက္ပါတယ္။

ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP) အႀကီးအကဲ ေဒးဗစ္ဘက္စေလက  ကပ္ေဘးဒုကၡတစ္ခုပုံစံ ျဖစ္မလာေစရန္ အျမန္ဆုံး ေဆာင္႐ြက္ရန္ လိုမည္ဟု ေျပာၾကားထားပါတယ္။ ငတ္မြတ္ေခါင္းပါး မႈ ႀကဳံေတြ႕ေနရသည့္ လက္ရွိအေရအတြက္ ၁၃၅ သန္းမွ သန္း ၂၅၀ အထိ ျမင့္တက္သြားႏိုင္ ေၾကာင္း အစီရင္ခံစာတစ္ခုတြင္ ခန႔္မွန္းထားပါတယ္။

စစ္ပြဲမ်ား၊ စီးပြားေရးအၾကပ္အတည္းမ်ားႏွင့္ ရာသီဥတုေျပာင္းလဲမႈဒဏ္မ်ားကို ခံစားေနရသည့္ ၁၀ ႏိုင္ငံတြင္ အဆိုးဆုံး ခံရႏိုင္ေၾကာင္းလည္း WFP က သတိေပးထားပါတယ္။စားနပ္ရိကၡာ အၾကပ္အတည္းဆိုင္ရာ ကမာၻလုံးဆိုင္ရာ ေလးႏွစ္ေျမာက္ ႏွစ္ပတ္လည္ အစီရင္ခံစာတြင္ ယီမင္၊ ကြန္ဂိုဒီမိုကရက္တစ္ သမၼတႏိုင္ငံ၊ အာဖဂန္နစၥတန္၊ ဗင္နီဇြဲလား၊ အီသီယိုးပီးယား၊ ေတာင္ဆူဒန္၊ ဆူဒန္၊ ဆီးရီးယား၊ ႏိုက္ဂ်ီးရီးယားႏွင့္ ေဟတီႏိုင္ငံမ်ားတြင္ အဆိုးဆုံး ျဖစ္ပြားႏိုင္သည္ဟု ေဖာ္ျပထားပါတယ္။

ေတာင္ဆူဒန္တြင္ ယမန္ႏွစ္က အစားအစာရွားပါးမႈ ျပႆနာကို လူဦးေရ ၆၁ ရာခိုင္ႏႈန္း ခံစားခဲ့ ရေၾကာင္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ကို႐ိုနာဗိုင္းရပ္ေရာဂါ မျဖစ္ပြားမီကပင္ အေရွ႕အာဖရိကႏွင့္ ေတာင္အာရွတို႔တြင္ မိုးေခါင္ေရရွားမႈႏွင့္ ဆယ္စုႏွစ္မ်ားစြာ သီးႏွံဖ်က္ ႏွံေကာင္မ်ားေၾကာင့္ စားနပ္ရိကၡာ မလုံေလာက္မႈ ျဖစ္ေနခဲ့ပါတယ္။

ကုလသမဂၢလုံၿခဳံေရးေကာင္စီသို႔ ဗီဒီယိုမွ ေျပာၾကားရာတြင္ ဘက္စေလက ျဖစ္ေပၚလာႏိုင္သည့္ ျပႆနာႏွင့္ ပတ္သက္၍ အျမန္ဆုံး ေျဖရွင္းေဆာင္႐ြက္ေပးရန္ ေတာင္းဆိုခဲ့ပါတယ္။“လာမယ့္လ အနည္းငယ္အတြင္းမွာ စားနပ္ရိကၡာေခါင္းပါးမႈ ၂ ဆအထိ ျမင့္တက္လာႏိုင္ပါတယ္။ ကြၽန္ေတာ္ တို႔ အတြက္ အခ်ိန္သိပ္မက်န္ေတာ့ပါဘူး” ဟု ၎က ေျပာပါတယ္။

Linko
Ref: BBC
နယူးေယာက္၊ ဧၿပီ ၂၂