【 သတင်းဆောင်းပါး 】 “ရှုခင်းများထဲ အတိတ်သမိုင်းခြေရာနှင့်အတူ ခရီးထွက်ခြင်း”

【 သတင်းဆောင်းပါး 】 “ရှုခင်းများထဲ အတိတ်သမိုင်းခြေရာနှင့်အတူ ခရီးထွက်ခြင်း”

နွေအခါ ပူပြင်းတဲ့ဒဏ်ကို ခံရပြီး မိုးအခါ စိုစွတ်တဲ့ မြန်မာနိုင်ငံမှာ ဆောင်းရာသီကာလဟာ ခရီးသွားလာလို့ ကောင်းမွန်တဲ့ ရာသီဥတုတစ်ခု ဖြစ်ပါတယ်။

မုန်တိုင်းနဲ့ အပူဒဏ်တွေ သက်သာတဲ့ ဆောင်းကာလတွေမှာ ပင်လယ်ကမ်းခြေကို အပန်းဖြေလည်ပတ်သူ အများအပြားရှိတတ်ပြီး ပြည်တွင်းက တခြားသော ဒေသတွေကိုလည်း သွားရောက်လည်ပတ်သူတွေ အများအပြား ရှိလို့လာခဲ့ပါတယ်။

လွန်ခဲ့သော ၂၀၁၇ ခုနှစ်ကနေ စတင်လို့ သြင်္ကန်ရုံးပိတ်ရက်တွေကို ၁၀ ရက်အစား ငါးရက်အဖြစ် ပြောင်းလဲပြင်ဆင်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဆောင်းရာသီကာလဖြစ်တဲ့ သီတင်းကျွတ်လပြည့်၊ တန်ဆောင်မုန်းလပြည့်နဲ့ နှစ်သစ်ကူးပိတ်ရက်တွေမှာ သြင်္ကန်ကာလက လျှော့ခဲ့တဲ့ ရုံးပိတ်ရက်တွေကို အစားထိုးပေါင်းကာ သတ်မှတ်ပေးခဲ့ပါတယ်။အဲဒီလို အစားထိုး ပေါင်းပေးလာခဲ့တဲ့ ပိတ်ရက်တွေကြောင့်လည်း ပြည်တွင်းမှာ ခရီးသွားလာသူတွေ များပြားလာခဲ့ပါတယ်။

ဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းရဲ့ ဗဟိုအလုပ်အမှုဆောင်ဖြစ်တဲ့ ဦးတင်ထွန်း က “သီတင်းကျွတ် တန်ဆောင်တိုင်တုန်းကတော့ ဆက်တိုက်ပိတ်တဲ့ ရက်တွေရှိလို့ ရက်ရှည်သွား လည်ပတ်ရတဲ့ လေးညအိပ်ငါးရက် ခရီးတွေ များပါတယ်၊ အဲ့ဒီအထဲမှာ ရှမ်းပြည်ခရီးစဉ်တို့၊ စစ်ကိုင်း-မုံရွာတို့က အများဆုံးဖြစ်ပြီး၊ ဒုတိယအများဆုံးက ထားဝယ်-ကော့သောင်း ခရီးဖြစ်ပါတယ်။ဘယ်လောက်အထိတောင်မှ များသလဲဆိုရင် အဲ့ဒီခရီးစဉ်ကို ပုံမှန် ကားနှစ်စီးလောက် ထွက်တဲ့ဂိတ်က အဲ့ဒီကာလမှာ ငါးစီးလောက် ထွက်ပါတယ်၊ မနှစ်ကနဲ့ ယှဉ်ကြည့်ရင်တောင်မှ ဒီနှစ်က ပိုတဲ့အခြေအနေမျိုး ဖြစ်ပါတယ်။အခုရက်ပိုင်းကတော့ တစ်ညအိပ်၊ နှစ်ညအိပ် ခရီးတွေလောက်ပဲ များတယ်၊ ကမ်းခြေအပန်းဖြေတာတွေ ပိုများတယ်၊ လာမယ့် ခရစ္စမတ်တို့ နယူးရီးယားတို့တော့ လေးညအိပ် ငါးရက်တွေထဲက ရှမ်းပြည်ခရီးစဉ် ပိုများတယ်။Booking တွေ ပြည့်သလောက် ဖြစ်သွားပြီ” လို့ ဆိုပါတယ်။

ကမ်းခြေ အပန်းဖြေမယ်

မြန်မာနိုင်ငံမှာ လည်ပတ်စရာ နေရာဒေသတွေ များစွာရှိနေပြီး ပင်လယ်ကမ်းခြေကို သွားလိုသူတွေအနေနဲ့ ချောင်းသာ၊ ငွေဆောင်၊ ငပလီ၊ စက်စဲ၊ မောင်းမကန် အစရှိတဲ့ နာမည်ကြီး ကမ်းခြေတွေကို အများဆုံး သွားရောက်တတ်ကြပါတယ်။

ကမ်းခြေသွားလိုသူ အများစုကတော့ ခရီးစရိတ်တွေ၊ တည်းခိုစရိတ်တွေနဲ့ အစားအသောက်စရိတ်တွေမှာ ဈေးသက်သာပြီး သွားလာရအဆင်ပြေတဲ့ ချောင်းသာကမ်းခြေကို အများဆုံးသွားရောက် လည်ပတ်လေ့ ရှိကြပါတယ်။

“ချောင်းသာ သွားရတာ ကောင်းတယ်။ဈေးနှုန်းတွေလည်း သက်သာတယ်။ဟိုတယ်တွေက ကမ်းခြေနဲ့ နီးတယ်။ရေကတော့ သိပ်မသန့်ဘူး။ကျောက်မောင်နှမဘက်ကတော့ ရေသန့်တယ်။ သဲဖြူကျွန်းဘက်ကို သွားတဲ့သူတွေလည်း ရှိတယ်။အဲ့မှာ ရေငုပ်လို့လည်းရတယ်။ငါးတွေကြည့်လို့လည်းရတယ်။ချောင်းသာကမ်းခြေကို လာတဲ့သူများတော့ ကမ်းခြေမှာ အမှိုက်တွေများတယ်” လို့ နှစ်စဉ် ချောင်းသာကမ်းခြေသို့ အလည်အပတ် ရောက်ရှိသူ ကိုသူရ က ဆိုပါတယ်။

ငွေဆောင်ကမ်းခြေကတော့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေရဲ့ တည်နေရာနဲ့ ကမ်းခြေဟာ ချောင်းသာနဲ့ ယှဉ်ကြည့်ရင် အလှမ်းဝေးကွာလွန်းလှတဲ့အတွက် ကိုယ်ပိုင် မော်တော်ယာဉ်တွေနဲ့သာ သွားရောက်တဲ့သူတွေအဖို့ ပိုမိုအဆင်ပြေပြီး အေးအေးချမ်းချမ်းနဲ့ အပန်းဖြေ အနားယူဖို့ကောင်းတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဆိုကြပါတယ်။

မွန်ပြည်နယ်မှာရှိတဲ့ စက်စဲကမ်းခြေကတော့ ဒေသခံတွေအနေနဲ့ အခါကြီးရက်ကြီးတွေဖြစ်တဲ့ လပြည့်၊ လကွယ်ရက်တွေနဲ့ ပွဲတော်ရက်တွေမှာ လာရောက်လည်ပတ်လေ့ရှိပြီး ခရီးသွားဧည့်သည်တွေကတော့ အစိုးရ ရုံးပိတ်ရက်တွေမှာ အလာများတယ်လို့ ဆိုပါတယ်။

စက်စဲကမ်းခြေဟာ အခြားသော ကမ်းခြေတွေလို မဟုတ်ဘဲ ရေရဲ့အရောင်ဟာ ကြည်လင်မှုမရှိပေမဲ့ ပင်လယ်သဘာဝအရ ကမ်းခြေကို ရိုက်တင်လိုက်တဲ့ လှိုင်းလုံးတွေဟာ ပင်လယ်အတွင်းကို ပြန်လည်ဆွဲယူသွားတတ်တဲ့ ဆွဲလှိုင်းတွေ မရှိသလို အန္တရာယ်ရှိတဲ့ ပင်လယ်သတ္တဝါတွေရဲ့အန္တရာယ်ကျရောက်နိုင်မှုမှလည်း မရှိသလောက် နည်းပါးတာကြောင့် တစ်နှစ်ပတ်လုံး သွားရောက်လည်ပတ်နိုင်တဲ့ နေရာဒေသတစ်ခုပဲ ဖြစ်ပါတယ်။

ထားဝယ်မြို့မှာရှိတဲ့ မောင်းမကန်ကမ်းခြေကတော့ ရှည်လျားလှတဲ့ ကမ်းခြေမျိုး ဖြစ်တဲ့အပြင် ကြည်လင်တဲ့ ရေတွေနဲ့အတူ သွားရောက်လည်ပတ်သူတွေကို စိတ်အေးချမ်းသာစေပါတယ်။ကမ်းခြေအနီးမှာ ဟိုတယ်တွေ ရှိတဲ့အတွက်ကြောင့်လည်း အလွယ်တကူ တည်းခိုနိုင်ပြီး စားသောက်ဆိုင်တွေဟာလည်း ကမ်းခြေမှာရှိနေကြတဲ့အပြင် ဒေသထွက် အစားအစာတွေကို သင့်တင့်တဲ့ ဈေးနှုန်းတွေနဲ့သာ ရောင်းချလေ့ ရှိပါတယ်။နယ်မြေမအေးချမ်းတဲ့ အရင်အချိန်တွေတုန်းကဆိုရင် သွားရောက်လည်ပတ်သူတွေ နည်းပါးခဲ့ပြီး အခုဆိုရင် နယ်မြေအေးချမ်းလာမှုတွေနဲ့အတူ ခရီးသွားဧည့်သည်တွေ တဖြည်းဖြည်း များပြားလာတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

ငပလီကမ်းခြေကိုတော့ မြန်မာနိုင်ငံရဲ့ အလှဆုံးဖြစ်တဲ့ အထင်ကရ ကမ်းခြေတစ်ခုလို့ သတ်မှတ်ကြပြီး အဲ့ဒီကမ်းခြေမှာရှိတဲ့ သဲတွေဟာ နူးညံ့ကြသလို ရေကလည်း အလွန်သန့်ရှင်းတယ်လို့ ဆိုပါတယ်။ကမ်းခြေရဲ့ အလှနဲ့ စိတ်အေးချမ်းစွာ အပန်းဖြေ အနားယူလိုသူတွေ သွားရောက်လည်ပတ်သင့်တဲ့ ကမ်းခြေတစ်ခုပဲ ဖြစ်ပါတယ်။

ပုဂံ - အတိတ်သမိုင်းခြေရာနဲ့ စိတ်ကူးယဉ်ညနေ

မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးမှာ လေ့လာလည်ပတ်စရာ ကောင်းမွန်လှတဲ့ ရှေးဟောင်းစေတီပုထိုးတွေ၊ တောင်ပေါ်ဒေသတွေက ထူးခြားဆန်းပြားတဲ့ နေရာတွေနဲ့ သမိုင်းဝင် ရှေးဟောင်း အဆောက်အဦးတွေဟာလည်း များစွာတည်ရှိလို့နေပါတယ်။ခရီးသွားလာ လည်ပတ်သူတွေဟာ ကျိုက်ထီးရိုး၊ တောင်ကြီး၊ အင်းလေး၊ ကလော၊ ပြင်ဦးလွင်၊ ပုဂံ အစရှိတဲ့ နေရာဒေသတွေကိုလည်း အခုလိုကာလတွေမှာ အများအပြား သွားရောက်လည်ပတ်လေ့ ရှိကြပါတယ်။

ကျိုက်ထီးရိုးကို သွားရောက်တဲ့သူတွေအနေနဲ့ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ တည်းခိုနေထိုင်နိုင်ပြီး ထူးခြားလှတဲ့ စေတီတော်ဟာ လာရောက်သူတွေကို အံ့သြမှင်သက်စေပါတယ်။ကျီးကန်းပါးစပ်၊ ကျောက်ကလပ် အစရှိတဲ့ နေရာတွေကို ခြေလျင်သွားရောက် လည်ပတ်နိုင်ပြီး တောင်တက် မော်တော်ယာဉ်တွေနဲ့ ရေတံခွန်၊ မြစိမ်းတောင်၊ ရသေ့တောင် အစရှိတဲ့ နေရာတွေကို သွားရောက်လည်ပတ်နိုင်ပါတယ်။ရင်ပြင်တော်ပေါ်မှာ ညအချိန် အေးချမ်းစွာ အပန်းဖြေအနားယူရင်း ဘုရားဝတ်ပြုတာတွေ၊ ဈေးတန်းအတွင်း လှည့်လည်သွားလာပြီး လက်ဆောင်ပစ္စည်းတွေကို ဝယ်ယူနိုင်တာတွေက ပျော်မွေ့စရာ အခြေအနေမျိုးလည်း ဖြစ်ပါတယ်။

မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေဟာ ဒီကနေ့တိုင်အောင် ထင်ကျန်နေဆဲဖြစ်တဲ့ ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဟာ ပြည်တွင်းခရီးသွားတွေသာမက ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေအတွက်လည်း စိတ်ဝင်စားစရာ နေရာမျိုး ဖြစ်တာကြောင့် လာရောက်လည်ပတ်သူတွေ အများအပြား ရှိကြပါတယ်။အခုလို ဆောင်းရာသီကာလဟာ ပုဂံဒေသကို လည်ပတ်ဖို့ အကောင်းဆုံးအချိန်အခါမျိုးဖြစ်ပြီး မနက်ခင်းအချိန်တွေဆိုရင် မြူတွေကြားထဲမှာ ကြည်ညိုစွာ မြင်တွေ့ရတဲ့ ဘုရားစေတီပုထိုးတွေဟာ အလွန်သာယာ လှပလို့နေပါတယ်။

ဘုရားစေတီတွေကြားထဲ ငုပ်လျှိုပျောက်ကွယ်သွားတဲ့ နေဝင်ချိန်ကို မြင်ရတဲ့ မြင်ကွင်းဟာလည်း အရမ်းကို လှပလွန်းလှတာကြောင့် နေဝင်ချိန်ကို အချိန်ပေးကာ စောင့်ဆိုင်းရင်း ကြည့်ရှုသူတွေလည်း ရှိကြပါတယ်။ပုဂံဒေသမှာ လည်ပတ်လိုသူတွေအတွက် E-Bike တွေ အလွယ်တကူ ငှားရမ်းနိုင်သလို သွားလာရ လွယ်ကူတာတွေ အစားအသောက်တွေရဲ့ ဈေးနှုန်းတွေကလည်း သင့်တင့်တဲ့ အခြေအနေမျိုးတွေ ရှိတဲ့အပြင် လေ့လာလည်ပတ်စရာ နေရာတွေလည်း များပြားလွန်းတဲ့အတွက် သွားရောက်လည်ပတ်ဖို့ သင့်လျော်တဲ့ နေရာဒေသတစ်ခု ဖြစ်ပါတယ်။

ပုဂံဒေသမှာ ထုထည်ကြီးမားစွာနဲ့ တည်ဆောက်ထားတဲ့ အဆောက်အဦးတွေ၊ အုတ်စီ အုတ်ညှပ် နည်းပညာတွေ၊ နှစ်ပေါင်းထောင်ကျော်အထိ မပြယ်လွင့်သေးတဲ့ နံရံဆေးရေး ပန်းချီကားတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ပုဂံ စွယ်တော်လေးဆူ၊ ပြည့်ငါးပြည်၊ ရွှေစည်းခုံ၊ အာနန္ဒာ၊ ဂူပြောက်ကြီး၊ မြစေတီ၊ စုဠာမဏိ၊ ထုထည်ကြီးမားတဲ့ ဓမ္မရံကြီး၊ ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ သဗ္ဗညုဘုရား၊ မြစ်ကမ်းနံဘေးမှာရှိတဲ့ ဗူးဘုရား၊ ရွှေဆံတော်၊ အလိုတော်ပြည့်ဘုရား၊ မနူဟာဘုရား အစရှိတဲ့ သမိုင်းအမွေအနှစ်များစွာရှိတဲ့ နေရာတွေကို သွားရောက်လည်ပတ်နိုင်ပါတယ်။ဒါ့ပြင် ပုဂံ အာနန္ဒာဘုရားနဲ့ ပုံစံတူ တည်ဆောက်ထားတဲ့ စူဠာမုနိစေတီတော်၊ မြစိမ်းတောင်၊ ရွှေဘုန်းပွင့် စေတီတော်တွေကိုလည်း သွားရောက်ဖူးမြော်ကာ လေ့လာနိုင်ပါတယ်။

စစ်ရှုံးဘုရင်ဖြစ်တဲ့ သထုံဘုရင် မနူဟာမင်း တည်ထားတဲ့ မနူဟာဘုရားကို သွားရောက်ဖူးမြော်တဲ့သူတွေကတော့ စိတ်ရှုပ်ထွေး မွန်းကြပ်မှုတွေကို ခံစားရမှာဖြစ်ပါတယ်။ဝင်ရောက်ဖူးမြော်သူတွေ ကန်တော့ဖို့ နေရာက ကျဉ်းလွန်းနေပြီး ရုပ်ပွားတော်ရဲ့ ဦးခေါင်းတော်က ခေါင်းမိုးနဲ့ ထိကပ်နေသလို ပခုံးတော်နှစ်ဖက်ဟာလည်း နံရံတွေက ဖိချထားတဲ့ သဏ္ဍာန်မျိုး တည်ဆောက်ထားတာကြောင့် ဖြစ်ပါတယ်။အခန်းကျဉ်းအတွင်းမှာ ဘုရားတွေရဲ့ ပုံသဏ္ဍာန်ဟာ မလွတ်လပ်မှုကြောင့် ပင့်သက်ရှိုက်နေတဲ့ ဟန်ပန်မျိုးကို ခံစားရမှာ ဖြစ်ပါတယ်။

ဘဝရဲ့ နေဝင်ချိန်တွေကို အကျဉ်းသားဘဝနဲ့သာ နေခဲ့ရတဲ့ စစ်ရှုံးဘုရင်တစ်ပါးရဲ့ စိတ်ခံစားမှုတွေကို အဓိပ္ပာယ်ဖော်ကျူးထားတဲ့ မနူဟာစေတီဟာ လာရောက်ဖူးေ့မြာ်သူတွေအဖို့ မနူဟာဘုရင်မင်းရဲ့ ဘဝနေဝင်ချိန်တွေကို ဘယ်လိုဖြတ်သန်းသွားခဲ့သလဲ ဆိုတာကို ကိုယ်ချင်းစာ ခံစားမိကြမှာပဲ ဖြစ်ပါတယ်။သံသရာဝဋ်မှ မကျွတ်သေးသော် နိဗ္ဗာန်မရမီစပ်ကြား မင်းသာလျှင်ဖြစ်ရ၍ သူတစ်ပါးနှိပ်စက်မှုကို မခံရဘဲ မိမိကသာ နှိမ်နင်းနိုင်ပါစေသတည်းလို့ မနူဟာမင်းက ဘုရားတည်အပြီးမှာ ဆုတောင်းခဲ့တယ်လို့လည်း ဆိုကြပါတယ်။

တောင်ပေါ်ဒေသနှင့် ရိုမန့်တစ် ညနေများ

အေးချမ်းလှတဲ့ တောင်ပေါ်ဒေသရဲ့ အရသာကို ခံစားလိုသူတွေအနေနဲ့ ပြင်ဦးလွင်ကို သွားရောက်လည်ပတ်လေ့ရှိကြပြီး အဲ့ဒီဒေသတစ်ဝိုက်မှာလည်း လည်ပတ်စရာ နေရာအများအပြား တည်ရှိနေပါတယ်။အလွန်သာယာလှပတဲ့ ပန်းခင်းတွေ၊ အဖိုးတန်တဲ့ သစ်ပင်ကြီးတွေ၊ ဘေးမဲ့တိရစ္ဆာန်တွေနဲ့ ကြည်လင်သာယာတဲ့ ကန်ရေပြင်အကျယ်ကြီးရှိသော အမျိုးသားကန်တော်ကြီး ပန်းခြံဟာ ပြင်ဦးလွင်ရဲ့ ပြယုဂ်တစ်ခု ဖြစ်လို့နေပါတယ်။

မြို့အထွက်နားမှာရှိတဲ့ ပွဲကောက်ရေတံခွန်၊ မဟာအံ့ထူးကံသာ၊ ဝက်ဝံကျေးရွာမှာရှိတဲ့ ပိတ်ချင်းမြှောင် လိုဏ်ဂူတော်၊ မြို့တွင်းမှာရှိတဲ့ တရုတ်ဘုံကျောင်း၊ဒီဇင်ဘာခြံ၊ဘုရင်ခံအဆက်ဆက် နွေရာသီကာလမှာ နေထိုင်ခဲ့တဲ့ ရွှေစံအိမ် (Governor’s House) ကိုလည်း ခရီးသွားသူတွေအဖို့ သွားရောက်လည်ပတ်နိုင်ပါတယ်။
အနီးစခန်းမှာရှိတဲ့ နှီးဘုရားနဲ့ မင်းသမီး စောမွန်လှ နားဋောင်းကျခဲ့တယ်ဆိုတဲ့ နားဋောင်းကျချောင်း စတင်မြစ်ဖျားခံရာနေရာမှာ တည်ရှိတဲ့ ဓာတ်တော်ချိုင့်ရေတံခွန်ကိုလည်း သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

ဓာတ်တော်ချိုင့်ရေတံခွန်ကို သွားရောက်လိုသူတွေအနေနဲ့ အနီးစခန်းကနေ ဓာတ်တော်ချိုင့်လမ်းခွဲအတိုင်း ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ဝင်ရောက်ရမှာဖြစ်ပြီး ၁ မိုင် ၂ ဖာလုံလောက် အကွာအဝေးရှိတဲ့ ရေတံခွန်ရှိရာ တောင်အောက်ကို လမ်းလျှောက်ဆင်းရမှာ ဖြစ်ပါတယ်။တောင်ဆင်းလမ်း တစ်လျှောက်မှာတော့ ဒေသခံဈေးသည်တွေဟာ လာရောက်လည်ပတ်သူတွေရဲ့ အနောက်ကနေ လမ်းပြပေးရင်း အအေး၊ ရေသန့် အစရှိတာတွေကို လိုက်လံရောင်းချလေ့ ရှိကြပါတယ်။တောင်အောက်ကို ရောက်ရင်တော့ လှပလွန်းတဲ့ ရေတံခွန်နဲ့ ဓါတ်တော်ချိုင့် စေတီတော်တို့ကို ဖူးမြင်ရမှာ ဖြစ်ပါတယ်။

ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၄၇၀၀ ကျော်မှာ တည်ရှိနေတဲ့ တောင်ကြီးမြို့ဟာလည်း လည်ပတ်စရာတွေ များစွာရှိနေပါတယ်။မြို့မဈေးမှာတော့ လတ်ဆတ်တဲ့ သီးနှံတွေ၊ လက်ဆောင်ပစ္စည်းတွေ အစုံအလင်ရနိုင်ပြီး ဈေးအနီးမှာ စားသောက်ဆိုင်မျိုးစုံနဲ့ ရုပ်ရှင်ရုံတွေပါ တည်ရှိနေတဲ့ အချက်အချာကျသော နေရာလေးဟာ တောင်ကြီးမြို့ရဲ့ အထင်ကရ ပြယုဂ်တစ်ခုလိုပါပဲ။
တောင်ကြီးမြို့မှတဆင့် အေးသာယာ စပျစ်ခြံကို သွားရောက်လေ့လာလ့ိုရပြီး မွေတော်ကက္ကူ၊ ထမ့်စမ်းလိုဏ်ဂူတော်၊ အင်းလေး၊ ညောင်ရွှေ၊ ပင်းတယ၊ အောင်ပန်း၊ ကလော အစရှိတဲ့ မြို့တွေကိုလည်း သွားရောက်လည်ပတ်လို့ ရပါတယ်။

ကလောမြို့ကို သွားရောက်လည်ပတ်သူတွေအနေနဲ့ နှစ်ပေါင်း ၁၀၀ ကျော် ရှိပြီဖြစ်တဲ့ ကလောဘူတာကို မဖြစ်မနေ သွားရောက်လည်ပတ်သင့်ပါတယ်။ကလောဈေးထဲမှာတော့ ရှမ်းရိုးရာ အစားအစာတွေကို အရသာရှိစွာ သုံးဆောင်နိုင်ပြီး ဒေသထွက် လက်ဆောင်ပစ္စည်းတွေကိုလည်း ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။နှီးဘုရား၊ မြင်းမထိလိုဏ်ဂူ၊ ရွှေဥမင်လိုဏ်ဂူဘုရား၊ ကလောနာရီစင်၊ မောမြေဦးပန်းခြံ အစရှိတဲ့ နေရာတွေကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။ကလောမြို့ဟာ ရာသီဥတုအရ အေးချမ်းလွန်းပြီး မြို့တစ်ခုရဲ့ မွန်းကြပ်မှုမျိုးကို မတွေ့ရဘဲ တကယ့်ကို အပန်းဖြေစရာ သီးသန့်ရှိတဲ့ မြို့လေးတစ်မြို့အဖြစ် ဒီကနေ့ထက်တိုင်အောင် ဆက်လက်တည်ရှိနေပါတယ်။

တောင်ကြီးမြို့ကနေ အင်းလေး ဖော်တော်ဦးဘုရားကိုလည်း သွားရောက်ဖူးမျှော်နိုင်ပြီး အင်းအတွင်းမှာ ဒေသခံတွေရဲ့ ရိုးရာလှေလှော်မှုတွေ၊ ရိုးရာငါးဖမ်းနည်းတွေနဲ့ ငါးဖမ်းနေတာတွေ၊ ရေပေါ်စိုက်ခင်းတွေ၊ ကြောင်ခုန်ကျောင်း၊ အလိုတော်ပေါက်ဘုရား၊ ယက္ကန်းရုံ၊ ငွေထည်လုပ်ငန်း အစရှိတဲ့ နေရာတွေကို ဝင်ရောက်လေ့လာနိုင်ပါတယ်။

စေတီပုထိုးမှ တဆင့် မြန်မာ့သမိုင်းထဲ သွားရောက်ကြည့်ရှုခြင်း

မန္တလေး၊ စစ်ကိုင်းဘက်ကို သွားရောက်လည်ပတ်ချင်သူတွေအနေနဲ့ မန္တလေးတောင်၊ ရန်ကင်းတောင်၊ ကျောက်တော်ကြီးဘုရား၊ ဈေးချိုတော်၊ မန္တလေးကျုံးနဲ့ နန်းတွင်း၊ ဦးပိန်တံတား၊ အင်းဝ အစရှိတဲ့ နေရာတွေကို သွားရောက်လည်ပတ်နိုင်ပြီး ကောင်းမှုတော်၊ စစ်ကိုင်းတောင်ရိုးနဲ့ ဆွမ်းဦးပုညရှင်၊ မုံရွာ၊ ဗောဓိတစ်ထောင်၊ အလောင်းတော်ကဿပ အစရှိတဲ့ နေရာတွေကို သွားရောက်လည်ပတ်နိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ သမိုင်းဝင် နန်းမြို့ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့ဟာ ရခိုင်ဘုရင် မင်းစောမွန် တည်ထားခဲ့ပြီး နှစ်ပေါင်း ၃၅၄ နှစ်ထဲ မြောက်ဦးမင်းဆက်ပေါင်း ၄၉ ဆက် ထီးနန်းစိုးစံခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။သျှစ်သောင်းပုထိုးတော်ကြီး၊ ကိုးသောင်းပုထိုးတော်ကြီး၊ ထုက္ကသိမ်ပုထိုးတော်ကြီး၊ အံတော်သိမ် ပုထိုးတော် ကြီး၊ မာရ်ငါးမာရ်ဘုရားများ အစရှိတဲ့ စေတီပုထိုးတွေနဲ့ ဂူပုထိုးတွေမှာရှိတဲ့ ဗိသုကာ ကျောက်ဆစ်လက်ရာတွေ၊ ဗုဒ္ဓရုပ်ပွားတော်တွေရဲ့ အသွင်အပြင်တွေ၊ ကျောက်သားထက်မှာ မြင်ရတဲ့ ရှေးဟောင်းဘာသာစကားတွေကို လေ့လာနိုင်ပြီး ရခိုင်တိုင်းရင်းသားတွေရဲ့ ခမ်းနားလှတဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းအမွေအနှစ်တွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ပင်လယ်နဲ့ နီးစပ်တာကြောင့် မပူလွန်း မအေးလွန်းသော ရာသီဥတုမျိုး ခံစားရတဲ့ တနင်္သာရီတိုင်းဒေသကြီးမှာတော့ ရှင်ကိုးရှင်ဘုရား၊ မောင်းမကန်ကမ်းခြေ၊ မြိတ်မြို့မှာ ရှိတဲ့ ကိုလိုနီအဆောက်အဦးများ၊ သဘာဝငှက်သိုက်နဲ့ ငါးခြောက်ထုတ်လုပ်တဲ့ နေရာတွေ၊ ဒုံးရေတံခွန်၊ ပင်လယ်ထဲမှာရှိတဲ့ ကျွန်းနေရာတွေကိုလည်း သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

တောင်ကွဲစေတီ၊ ကြတ်ဂူ၊ ငွေတောင်ဆည်၊ ဒီမောဆိုးမြို့နယ်ထဲက ထီးပွင့်ကန်နဲ့ ကန်ခုနစ်ဆင့်၊ ထီးဆဲခါး ရေတံခွန်တွေရှိတဲ့ ကယားပြည်နယ်ဟာလည်း လည်ပတ်သွားလာလို့ ကောင်းမွန်တဲ့ နေရာဒေသတွေ ဖြစ်ပါတယ်။

ကချင်ပြည်နယ်ဘက်ကို သွားရောက်ချင်သူတွေအနေနဲ့  မေခ၊ မေလိခ မြစ်တို့ ပေါင်းဆုံရာ မြစ်ဆုံဒေသရဲ့ သာယာလှပမှုတွေ၊ မနောကွင်းနဲ့ အရှေ့တောင်အာရှရဲ့ အကြီးဆုံးရေကန်ကြီးဖြစ်တဲ့ အင်းတော်ကြီး ကန်နေရာတွေ၊ ဗန်းမောက်မြို့မှာရှိတဲ့ ဇလုံတောင်တွေအပြင် ချင်းပြည်နယ်မှာတော့ အသည်းပုံမျိုး ထူးထူးခြားခြားမြင်ရတဲ့ ရိဒ်ရေကန်နဲ့ နတ်မတောင် အစရှိတဲ့ နေရာဒေသတွေကိုလည်း သွားရောက်လည်ပတ်လို့ ရပါတယ်။

မွန်၊ ကရင်၊ ပဲခူး၊ မကွေး အစရှိတဲ့ မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာလည်း လည်ပတ်စရာ နေရာတွေများစွာ ရှိနေတဲ့အပြင် ကျေးလက်အခြေပြုတဲ့ သဘာဝခရီးသွားဒေသ နေရာများစွာကိုလည်း အဲ့ဒီဒေသအသီးသီးမှာ ဖော်ဆောင်လျက် ရှိပါတယ်။

ရုံးပိတ်ရက်ကာလတွေမှာ ခရီးသွားလာလိုသူတွေအနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားရောက်လည်ပတ်နိုင်သလို မိသားစု၊ မိတ်ဆွေတွေ အတူစုပေါင်းပြီး စင်းလုံးငှား မော်တော်ယာဉ်တွေနဲ့လည်း သွားရောက်လည်ပတ်နိုင်ပါတယ်။

ဒေသတစ်ခုကို စုံစုံလင်လင်နဲ့ ဈေးနှုန်းသက်သက်သာသာ သွားရောက်လိုသူတွေအနေနဲ့ ဘုရားဖူး ခရီးသွား လုပ်ငန်းတွေက ခရီးစဉ်တစ်ခုအတွက် သတ်မှတ်ထားတဲ့ အပြီးအစီး ဈေးနှုန်းတွေနဲ့ သွားရောက်လို့ ရနိုင်သလို မိမိတို့ တည်းခို၊ နေထိုင်စားသောက်မှုတွေရဲ့ကုန်ကျမှုကို အကြမ်းဖျင်း တွက်ချက်လို့ သွားလာနိုင်ပါတယ်။

ခရီးထွက် လည်ပတ်သွားလာတာတွေဟာ မွမ်းကြပ်တဲ့ လူနေမှုဘဝကနေ ခဏတာရုန်းထွက်နိုင်တဲ့အပြင် အတွေးအခေါ်ကောင်းတွေနဲ့ အကြံဉာဏ်ကောင်းများ ရရှိစေခြင်း၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာတွေကို သိရှိခြင်း၊ ဘဝရဲ့ ပျော်ရွှင်ဖွယ်ရာ အမှတ်တရနေ့ရက်တွေနဲ့ ကြုံတွေ့ရခြင်း၊ အသိမိတ်ဆွေ တိုးပွားခြင်း၊ အနာဂတ်အတွက် အင်အားအသစ်များ တိုးပွားစေခြင်း အစရှိတဲ့ ကောင်းကျိုးတွေကိုလည်းရရှိနိုင်မှာ ဖြစ်ပါတယ်။

မိသားစု အသိမိတ်ဆွေတွေ၊ ချစ်ခင်နှစ်သက်ရသူတွေနဲ့အတူ သွားခဲ့ကြတဲ့ ခရီးစဉ်တွေဟာ ဘဝရဲ့ အမှတ်ရစရာ နေ့ရက်တွေ ဖြစ်စေမယ့်အပြင် ဘဝခရီးလမ်းလျှောက်မှာ မှတ်မှတ်ရရတစ်ခုအဖြစ် စွဲထင်ကျန်ရစ်နေမှာ ဖြစ်တာကြောင့် အခါအခွင့်သင့်ရင် မိမိနှစ်သက်ရာ အရပ်ဒေသတွေဆီ အလည်အပတ်ခရီးသွားဖို့ လိုတယ်ဆိုတာ…………………။

မင်းထွန်း(အုတ်ကျင်း)
ဒီဇင်ဘာ - ၄

( Zawgyi )

ေႏြအခါ ပူျပင္းတဲ့ဒဏ္ကို ခံရၿပီး မိုးအခါ စိုစြတ္တဲ့ ျမန္မာႏိုင္ငံမွာ ေဆာင္းရာသီကာလဟာ ခရီးသြားလာလို႔ ေကာင္းမြန္တဲ့ ရာသီဥတုတစ္ခု ျဖစ္ပါတယ္။

မုန္တိုင္းနဲ႔ အပူဒဏ္ေတြ သက္သာတဲ့ ေဆာင္းကာလေတြမွာ ပင္လယ္ကမ္းေျခကို အပန္းေျဖလည္ပတ္သူ အမ်ားအျပားရွိတတ္ၿပီး ျပည္တြင္းက တျခားေသာ ေဒသေတြကိုလည္း သြားေရာက္လည္ပတ္သူေတြ အမ်ားအျပား ရွိလို႔လာခဲ့ပါတယ္။

လြန္ခဲ့ေသာ ၂၀၁၇ ခုႏွစ္ကေန စတင္လို႔ ၾသကၤန္႐ုံးပိတ္ရက္ေတြကို ၁၀ ရက္အစား ငါးရက္အျဖစ္ ေျပာင္းလဲျပင္ဆင္ခဲ့ၿပီး ျမန္မာႏိုင္ငံရဲ႕ ေဆာင္းရာသီကာလျဖစ္တဲ့ သီတင္းကြၽတ္လျပည့္၊ တန္ေဆာင္မုန္းလျပည့္နဲ႔ ႏွစ္သစ္ကူးပိတ္ရက္ေတြမွာ ၾသကၤန္ကာလက ေလွ်ာ့ခဲ့တဲ့ ႐ုံးပိတ္ရက္ေတြကို အစားထိုးေပါင္းကာ သတ္မွတ္ေပးခဲ့ပါတယ္။အဲဒီလို အစားထိုး ေပါင္းေပးလာခဲ့တဲ့ ပိတ္ရက္ေတြေၾကာင့္လည္း ျပည္တြင္းမွာ ခရီးသြားလာသူေတြ မ်ားျပားလာခဲ့ပါတယ္။

ဘုရားဖူးႏွင့္ ခရီးသြားဝန္ေဆာင္မႈ လုပ္ငန္းရွင္မ်ားအသင္းရဲ႕ ဗဟိုအလုပ္အမႈေဆာင္ျဖစ္တဲ့ ဦးတင္ထြန္း က “သီတင္းကြၽတ္ တန္ေဆာင္တိုင္တုန္းကေတာ့ ဆက္တိုက္ပိတ္တဲ့ ရက္ေတြရွိလို႔ ရက္ရွည္သြား လည္ပတ္ရတဲ့ ေလးညအိပ္ငါးရက္ ခရီးေတြ မ်ားပါတယ္၊ အဲ့ဒီအထဲမွာ ရွမ္းျပည္ခရီးစဥ္တို႔၊ စစ္ကိုင္း-မုံ႐ြာတို႔က အမ်ားဆုံးျဖစ္ၿပီး၊ ဒုတိယအမ်ားဆုံးက ထားဝယ္-ေကာ့ေသာင္း ခရီးျဖစ္ပါတယ္။ဘယ္ေလာက္အထိေတာင္မွ မ်ားသလဲဆိုရင္ အဲ့ဒီခရီးစဥ္ကို ပုံမွန္ ကားႏွစ္စီးေလာက္ ထြက္တဲ့ဂိတ္က အဲ့ဒီကာလမွာ ငါးစီးေလာက္ ထြက္ပါတယ္၊ မႏွစ္ကနဲ႔ ယွဥ္ၾကည့္ရင္ေတာင္မွ ဒီႏွစ္က ပိုတဲ့အေျခအေနမ်ိဳး ျဖစ္ပါတယ္။အခုရက္ပိုင္းကေတာ့ တစ္ညအိပ္၊ ႏွစ္ညအိပ္ ခရီးေတြေလာက္ပဲ မ်ားတယ္၊ ကမ္းေျခအပန္းေျဖတာေတြ ပိုမ်ားတယ္၊ လာမယ့္ ခရစၥမတ္တို႔ နယူးရီးယားတို႔ေတာ့ ေလးညအိပ္ ငါးရက္ေတြထဲက ရွမ္းျပည္ခရီးစဥ္ ပိုမ်ားတယ္။Booking ေတြ ျပည့္သေလာက္ ျဖစ္သြားၿပီ” လို႔ ဆိုပါတယ္။

ကမ္းေျခ အပန္းေျဖမယ္

ျမန္မာႏိုင္ငံမွာ လည္ပတ္စရာ ေနရာေဒသေတြ မ်ားစြာရွိေနၿပီး ပင္လယ္ကမ္းေျခကို သြားလိုသူေတြအေနနဲ႔ ေခ်ာင္းသာ၊ ေငြေဆာင္၊ ငပလီ၊ စက္စဲ၊ ေမာင္းမကန္ အစရွိတဲ့ နာမည္ႀကီး ကမ္းေျခေတြကို အမ်ားဆုံး သြားေရာက္တတ္ၾကပါတယ္။

ကမ္းေျခသြားလိုသူ အမ်ားစုကေတာ့ ခရီးစရိတ္ေတြ၊ တည္းခိုစရိတ္ေတြနဲ႔ အစားအေသာက္စရိတ္ေတြမွာ ေဈးသက္သာၿပီး သြားလာရအဆင္ေျပတဲ့ ေခ်ာင္းသာကမ္းေျခကို အမ်ားဆုံးသြားေရာက္ လည္ပတ္ေလ့ ရွိၾကပါတယ္။

“ေခ်ာင္းသာ သြားရတာ ေကာင္းတယ္။ေဈးႏႈန္းေတြလည္း သက္သာတယ္။ဟိုတယ္ေတြက ကမ္းေျခနဲ႔ နီးတယ္။ေရကေတာ့ သိပ္မသန႔္ဘူး။ေက်ာက္ေမာင္ႏွမဘက္ကေတာ့ ေရသန႔္တယ္။ သဲျဖဴကြၽန္းဘက္ကို သြားတဲ့သူေတြလည္း ရွိတယ္။အဲ့မွာ ေရငုပ္လို႔လည္းရတယ္။ငါးေတြၾကည့္လို႔လည္းရတယ္။ေခ်ာင္းသာကမ္းေျခကို လာတဲ့သူမ်ားေတာ့ ကမ္းေျခမွာ အမႈိက္ေတြမ်ားတယ္” လို႔ ႏွစ္စဥ္ ေခ်ာင္းသာကမ္းေျခသို႔ အလည္အပတ္ ေရာက္ရွိသူ ကိုသူရ က ဆိုပါတယ္။

ေငြေဆာင္ကမ္းေျခကေတာ့ ဟိုတယ္ေတြ၊ စားေသာက္ဆိုင္ေတြရဲ႕ တည္ေနရာနဲ႔ ကမ္းေျခဟာ ေခ်ာင္းသာနဲ႔ ယွဥ္ၾကည့္ရင္ အလွမ္းေဝးကြာလြန္းလွတဲ့အတြက္ ကိုယ္ပိုင္ ေမာ္ေတာ္ယာဥ္ေတြနဲ႔သာ သြားေရာက္တဲ့သူေတြအဖို႔ ပိုမိုအဆင္ေျပၿပီး ေအးေအးခ်မ္းခ်မ္းနဲ႔ အပန္းေျဖ အနားယူဖို႔ေကာင္းတဲ့ ေနရာတစ္ခုျဖစ္တယ္လို႔ ဆိုၾကပါတယ္။

မြန္ျပည္နယ္မွာရွိတဲ့ စက္စဲကမ္းေျခကေတာ့ ေဒသခံေတြအေနနဲ႔ အခါႀကီးရက္ႀကီးေတြျဖစ္တဲ့ လျပည့္၊ လကြယ္ရက္ေတြနဲ႔ ပြဲေတာ္ရက္ေတြမွာ လာေရာက္လည္ပတ္ေလ့ရွိၿပီး ခရီးသြားဧည့္သည္ေတြကေတာ့ အစိုးရ ႐ုံးပိတ္ရက္ေတြမွာ အလာမ်ားတယ္လို႔ ဆိုပါတယ္။

စက္စဲကမ္းေျခဟာ အျခားေသာ ကမ္းေျခေတြလို မဟုတ္ဘဲ ေရရဲ႕အေရာင္ဟာ ၾကည္လင္မႈမရွိေပမဲ့ ပင္လယ္သဘာဝအရ ကမ္းေျခကို ႐ိုက္တင္လိုက္တဲ့ လႈိင္းလုံးေတြဟာ ပင္လယ္အတြင္းကို ျပန္လည္ဆြဲယူသြားတတ္တဲ့ ဆြဲလႈိင္းေတြ မရွိသလို အႏၲရာယ္ရွိတဲ့ ပင္လယ္သတၱဝါေတြရဲ႕အႏၲရာယ္က်ေရာက္ႏိုင္မႈမွလည္း မရွိသေလာက္ နည္းပါးတာေၾကာင့္ တစ္ႏွစ္ပတ္လုံး သြားေရာက္လည္ပတ္ႏိုင္တဲ့ ေနရာေဒသတစ္ခုပဲ ျဖစ္ပါတယ္။

ထားဝယ္ၿမိဳ႕မွာရွိတဲ့ ေမာင္းမကန္ကမ္းေျခကေတာ့ ရွည္လ်ားလွတဲ့ ကမ္းေျခမ်ိဳး ျဖစ္တဲ့အျပင္ ၾကည္လင္တဲ့ ေရေတြနဲ႔အတူ သြားေရာက္လည္ပတ္သူေတြကို စိတ္ေအးခ်မ္းသာေစပါတယ္။ကမ္းေျခအနီးမွာ ဟိုတယ္ေတြ ရွိတဲ့အတြက္ေၾကာင့္လည္း အလြယ္တကူ တည္းခိုႏိုင္ၿပီး စားေသာက္ဆိုင္ေတြဟာလည္း ကမ္းေျခမွာရွိေနၾကတဲ့အျပင္ ေဒသထြက္ အစားအစာေတြကို သင့္တင့္တဲ့ ေဈးႏႈန္းေတြနဲ႔သာ ေရာင္းခ်ေလ့ ရွိပါတယ္။နယ္ေျမမေအးခ်မ္းတဲ့ အရင္အခ်ိန္ေတြတုန္းကဆိုရင္ သြားေရာက္လည္ပတ္သူေတြ နည္းပါးခဲ့ၿပီး အခုဆိုရင္ နယ္ေျမေအးခ်မ္းလာမႈေတြနဲ႔အတူ ခရီးသြားဧည့္သည္ေတြ တျဖည္းျဖည္း မ်ားျပားလာတဲ့ အေျခအေနမ်ိဳး ျဖစ္ပါတယ္။

ငပလီကမ္းေျခကိုေတာ့ ျမန္မာႏိုင္ငံရဲ႕ အလွဆုံးျဖစ္တဲ့ အထင္ကရ ကမ္းေျခတစ္ခုလို႔ သတ္မွတ္ၾကၿပီး အဲ့ဒီကမ္းေျခမွာရွိတဲ့ သဲေတြဟာ ႏူးညံ့ၾကသလို ေရကလည္း အလြန္သန႔္ရွင္းတယ္လို႔ ဆိုပါတယ္။ကမ္းေျခရဲ႕ အလွနဲ႔ စိတ္ေအးခ်မ္းစြာ အပန္းေျဖ အနားယူလိုသူေတြ သြားေရာက္လည္ပတ္သင့္တဲ့ ကမ္းေျခတစ္ခုပဲ ျဖစ္ပါတယ္။

ပုဂံ - အတိတ္သမိုင္းေျခရာနဲ႔ စိတ္ကူးယဥ္ညေန

ျမန္မာႏိုင္ငံရဲ႕ ေဒသအသီးသီးမွာ ေလ့လာလည္ပတ္စရာ ေကာင္းမြန္လွတဲ့ ေရွးေဟာင္းေစတီပုထိုးေတြ၊ ေတာင္ေပၚေဒသေတြက ထူးျခားဆန္းျပားတဲ့ ေနရာေတြနဲ႔ သမိုင္းဝင္ ေရွးေဟာင္း အေဆာက္အဦးေတြဟာလည္း မ်ားစြာတည္ရွိလို႔ေနပါတယ္။ခရီးသြားလာ လည္ပတ္သူေတြဟာ က်ိဳက္ထီး႐ိုး၊ ေတာင္ႀကီး၊ အင္းေလး၊ ကေလာ၊ ျပင္ဦးလြင္၊ ပုဂံ အစရွိတဲ့ ေနရာေဒသေတြကိုလည္း အခုလိုကာလေတြမွာ အမ်ားအျပား သြားေရာက္လည္ပတ္ေလ့ ရွိၾကပါတယ္။

က်ိဳက္ထီး႐ိုးကို သြားေရာက္တဲ့သူေတြအေနနဲ႔ သင့္တင့္တဲ့ ေဈးႏႈန္းနဲ႔ တည္းခိုေနထိုင္ႏိုင္ၿပီး ထူးျခားလွတဲ့ ေစတီေတာ္ဟာ လာေရာက္သူေတြကို အံ့ၾသမွင္သက္ေစပါတယ္။က်ီးကန္းပါးစပ္၊ ေက်ာက္ကလပ္ အစရွိတဲ့ ေနရာေတြကို ေျခလ်င္သြားေရာက္ လည္ပတ္ႏိုင္ၿပီး ေတာင္တက္ ေမာ္ေတာ္ယာဥ္ေတြနဲ႔ ေရတံခြန္၊ ျမစိမ္းေတာင္၊ ရေသ့ေတာင္ အစရွိတဲ့ ေနရာေတြကို သြားေရာက္လည္ပတ္ႏိုင္ပါတယ္။ရင္ျပင္ေတာ္ေပၚမွာ ညအခ်ိန္ ေအးခ်မ္းစြာ အပန္းေျဖအနားယူရင္း ဘုရားဝတ္ျပဳတာေတြ၊ ေဈးတန္းအတြင္း လွည့္လည္သြားလာၿပီး လက္ေဆာင္ပစၥည္းေတြကို ဝယ္ယူႏိုင္တာေတြက ေပ်ာ္ေမြ႕စရာ အေျခအေနမ်ိဳးလည္း ျဖစ္ပါတယ္။

ျမန္မာတို႔ရဲ႕ ႐ိုးရာယဥ္ေက်းမႈ အေမြအႏွစ္ေတြဟာ ဒီကေန႔တိုင္ေအာင္ ထင္က်န္ေနဆဲျဖစ္တဲ့ ပုဂံ ေရွးေဟာင္း ယဥ္ေက်းမႈနယ္ေျမဟာ ျပည္တြင္းခရီးသြားေတြသာမက ကမာၻလွည့္ခရီးသြား ဧည့္သည္ေတြအတြက္လည္း စိတ္ဝင္စားစရာ ေနရာမ်ိဳး ျဖစ္တာေၾကာင့္ လာေရာက္လည္ပတ္သူေတြ အမ်ားအျပား ရွိၾကပါတယ္။အခုလို ေဆာင္းရာသီကာလဟာ ပုဂံေဒသကို လည္ပတ္ဖို႔ အေကာင္းဆုံးအခ်ိန္အခါမ်ိဳးျဖစ္ၿပီး မနက္ခင္းအခ်ိန္ေတြဆိုရင္ ျမဴေတြၾကားထဲမွာ ၾကည္ညိဳစြာ ျမင္ေတြ႕ရတဲ့ ဘုရားေစတီပုထိုးေတြဟာ အလြန္သာယာ လွပလို႔ေနပါတယ္။

ဘုရားေစတီေတြၾကားထဲ ငုပ္လွ်ိဳေပ်ာက္ကြယ္သြားတဲ့ ေနဝင္ခ်ိန္ကို ျမင္ရတဲ့ ျမင္ကြင္းဟာလည္း အရမ္းကို လွပလြန္းလွတာေၾကာင့္ ေနဝင္ခ်ိန္ကို အခ်ိန္ေပးကာ ေစာင့္ဆိုင္းရင္း ၾကည့္ရႈသူေတြလည္း ရွိၾကပါတယ္။ပုဂံေဒသမွာ လည္ပတ္လိုသူေတြအတြက္ E-Bike ေတြ အလြယ္တကူ ငွားရမ္းႏိုင္သလို သြားလာရ လြယ္ကူတာေတြ အစားအေသာက္ေတြရဲ႕ ေဈးႏႈန္းေတြကလည္း သင့္တင့္တဲ့ အေျခအေနမ်ိဳးေတြ ရွိတဲ့အျပင္ ေလ့လာလည္ပတ္စရာ ေနရာေတြလည္း မ်ားျပားလြန္းတဲ့အတြက္ သြားေရာက္လည္ပတ္ဖို႔ သင့္ေလ်ာ္တဲ့ ေနရာေဒသတစ္ခု ျဖစ္ပါတယ္။

ပုဂံေဒသမွာ ထုထည္ႀကီးမားစြာနဲ႔ တည္ေဆာက္ထားတဲ့ အေဆာက္အဦးေတြ၊ အုတ္စီ အုတ္ညႇပ္ နည္းပညာေတြ၊ ႏွစ္ေပါင္းေထာင္ေက်ာ္အထိ မျပယ္လြင့္ေသးတဲ့ နံရံေဆးေရး ပန္းခ်ီကားေတြကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

ပုဂံ စြယ္ေတာ္ေလးဆူ၊ ျပည့္ငါးျပည္၊ ေ႐ႊစည္းခုံ၊ အာနႏၵာ၊ ဂူေျပာက္ႀကီး၊ ျမေစတီ၊ စုဠာမဏိ၊ ထုထည္ႀကီးမားတဲ့ ဓမၼရံႀကီး၊ ဉာဏ္ေတာ္အျမင့္ဆုံးျဖစ္တဲ့ သဗၺညဳဘုရား၊ ျမစ္ကမ္းနံေဘးမွာရွိတဲ့ ဗူးဘုရား၊ ေ႐ႊဆံေတာ္၊ အလိုေတာ္ျပည့္ဘုရား၊ မႏူဟာဘုရား အစရွိတဲ့ သမိုင္းအေမြအႏွစ္မ်ားစြာရွိတဲ့ ေနရာေတြကို သြားေရာက္လည္ပတ္ႏိုင္ပါတယ္။ဒါ့ျပင္ ပုဂံ အာနႏၵာဘုရားနဲ႔ ပုံစံတူ တည္ေဆာက္ထားတဲ့ စူဠာမုနိေစတီေတာ္၊ ျမစိမ္းေတာင္၊ ေ႐ႊဘုန္းပြင့္ ေစတီေတာ္ေတြကိုလည္း သြားေရာက္ဖူးေျမာ္ကာ ေလ့လာႏိုင္ပါတယ္။

စစ္ရႈံးဘုရင္ျဖစ္တဲ့ သထုံဘုရင္ မႏူဟာမင္း တည္ထားတဲ့ မႏူဟာဘုရားကို သြားေရာက္ဖူးေျမာ္တဲ့သူေတြကေတာ့ စိတ္ရႈပ္ေထြး မြန္းၾကပ္မႈေတြကို ခံစားရမွာျဖစ္ပါတယ္။ဝင္ေရာက္ဖူးေျမာ္သူေတြ ကန္ေတာ့ဖို႔ ေနရာက က်ဥ္းလြန္းေနၿပီး ႐ုပ္ပြားေတာ္ရဲ႕ ဦးေခါင္းေတာ္က ေခါင္းမိုးနဲ႔ ထိကပ္ေနသလို ပခုံးေတာ္ႏွစ္ဖက္ဟာလည္း နံရံေတြက ဖိခ်ထားတဲ့ သ႑ာန္မ်ိဳး တည္ေဆာက္ထားတာေၾကာင့္ ျဖစ္ပါတယ္။အခန္းက်ဥ္းအတြင္းမွာ ဘုရားေတြရဲ႕ ပုံသ႑ာန္ဟာ မလြတ္လပ္မႈေၾကာင့္ ပင့္သက္ရႈိက္ေနတဲ့ ဟန္ပန္မ်ိဳးကို ခံစားရမွာ ျဖစ္ပါတယ္။

ဘဝရဲ႕ ေနဝင္ခ်ိန္ေတြကို အက်ဥ္းသားဘဝနဲ႔သာ ေနခဲ့ရတဲ့ စစ္ရႈံးဘုရင္တစ္ပါးရဲ႕ စိတ္ခံစားမႈေတြကို အဓိပၸာယ္ေဖာ္က်ဴးထားတဲ့ မႏူဟာေစတီဟာ လာေရာက္ဖူးေ့ျမာ္သူေတြအဖို႔ မႏူဟာဘုရင္မင္းရဲ႕ ဘဝေနဝင္ခ်ိန္ေတြကို ဘယ္လိုျဖတ္သန္းသြားခဲ့သလဲ ဆိုတာကို ကိုယ္ခ်င္းစာ ခံစားမိၾကမွာပဲ ျဖစ္ပါတယ္။သံသရာဝဋ္မွ မကြၽတ္ေသးေသာ္ နိဗၺာန္မရမီစပ္ၾကား မင္းသာလွ်င္ျဖစ္ရ၍ သူတစ္ပါးႏွိပ္စက္မႈကို မခံရဘဲ မိမိကသာ ႏွိမ္နင္းႏိုင္ပါေစသတည္းလို႔ မႏူဟာမင္းက ဘုရားတည္အၿပီးမွာ ဆုေတာင္းခဲ့တယ္လို႔လည္း ဆိုၾကပါတယ္။

ေတာင္ေပၚေဒသႏွင့္ ႐ိုမန႔္တစ္ ညေနမ်ား

ေအးခ်မ္းလွတဲ့ ေတာင္ေပၚေဒသရဲ႕ အရသာကို ခံစားလိုသူေတြအေနနဲ႔ ျပင္ဦးလြင္ကို သြားေရာက္လည္ပတ္ေလ့ရွိၾကၿပီး အဲ့ဒီေဒသတစ္ဝိုက္မွာလည္း လည္ပတ္စရာ ေနရာအမ်ားအျပား တည္ရွိေနပါတယ္။အလြန္သာယာလွပတဲ့ ပန္းခင္းေတြ၊ အဖိုးတန္တဲ့ သစ္ပင္ႀကီးေတြ၊ ေဘးမဲ့တိရစာၦန္ေတြနဲ႔ ၾကည္လင္သာယာတဲ့ ကန္ေရျပင္အက်ယ္ႀကီးရွိေသာ အမ်ိဳးသားကန္ေတာ္ႀကီး ပန္းၿခံဟာ ျပင္ဦးလြင္ရဲ႕ ျပယုဂ္တစ္ခု ျဖစ္လို႔ေနပါတယ္။

ၿမိဳ႕အထြက္နားမွာရွိတဲ့ ပြဲေကာက္ေရတံခြန္၊ မဟာအံ့ထူးကံသာ၊ ဝက္ဝံေက်း႐ြာမွာရွိတဲ့ ပိတ္ခ်င္းေျမႇာင္ လိုဏ္ဂူေတာ္၊ ၿမိဳ႕တြင္းမွာရွိတဲ့ တ႐ုတ္ဘုံေက်ာင္း၊ဒီဇင္ဘာၿခံ၊ဘုရင္ခံအဆက္ဆက္ ေႏြရာသီကာလမွာ ေနထိုင္ခဲ့တဲ့ ေ႐ႊစံအိမ္ (Governor’s House) ကိုလည္း ခရီးသြားသူေတြအဖို႔ သြားေရာက္လည္ပတ္ႏိုင္ပါတယ္။
အနီးစခန္းမွာရွိတဲ့ ႏွီးဘုရားနဲ႔ မင္းသမီး ေစာမြန္လွ နားေဋာင္းက်ခဲ့တယ္ဆိုတဲ့ နားေဋာင္းက်ေခ်ာင္း စတင္ျမစ္ဖ်ားခံရာေနရာမွာ တည္ရွိတဲ့ ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္ကိုလည္း သြားေရာက္လည္ပတ္ႏိုင္မွာ ျဖစ္ပါတယ္။

ဓာတ္ေတာ္ခ်ိဳင့္ေရတံခြန္ကို သြားေရာက္လိုသူေတြအေနနဲ႔ အနီးစခန္းကေန ဓာတ္ေတာ္ခ်ိဳင့္လမ္းခြဲအတိုင္း ဆိုင္ကယ္ေတြ၊ ကားေတြနဲ႔ ဝင္ေရာက္ရမွာျဖစ္ၿပီး ၁ မိုင္ ၂ ဖာလုံေလာက္ အကြာအေဝးရွိတဲ့ ေရတံခြန္ရွိရာ ေတာင္ေအာက္ကို လမ္းေလွ်ာက္ဆင္းရမွာ ျဖစ္ပါတယ္။ေတာင္ဆင္းလမ္း တစ္ေလွ်ာက္မွာေတာ့ ေဒသခံေဈးသည္ေတြဟာ လာေရာက္လည္ပတ္သူေတြရဲ႕ အေနာက္ကေန လမ္းျပေပးရင္း အေအး၊ ေရသန႔္ အစရွိတာေတြကို လိုက္လံေရာင္းခ်ေလ့ ရွိၾကပါတယ္။ေတာင္ေအာက္ကို ေရာက္ရင္ေတာ့ လွပလြန္းတဲ့ ေရတံခြန္နဲ႔ ဓါတ္ေတာ္ခ်ိဳင့္ ေစတီေတာ္တို႔ကို ဖူးျမင္ရမွာ ျဖစ္ပါတယ္။

ပင္လယ္ေရမ်က္ႏွာျပင္ အထက္ ေပ ၄၇၀၀ ေက်ာ္မွာ တည္ရွိေနတဲ့ ေတာင္ႀကီးၿမိဳ႕ဟာလည္း လည္ပတ္စရာေတြ မ်ားစြာရွိေနပါတယ္။ၿမိဳ႕မေဈးမွာေတာ့ လတ္ဆတ္တဲ့ သီးႏွံေတြ၊ လက္ေဆာင္ပစၥည္းေတြ အစုံအလင္ရႏိုင္ၿပီး ေဈးအနီးမွာ စားေသာက္ဆိုင္မ်ိဳးစုံနဲ႔ ႐ုပ္ရွင္႐ုံေတြပါ တည္ရွိေနတဲ့ အခ်က္အခ်ာက်ေသာ ေနရာေလးဟာ ေတာင္ႀကီးၿမိဳ႕ရဲ႕ အထင္ကရ ျပယုဂ္တစ္ခုလိုပါပဲ။
ေတာင္ႀကီးၿမိဳ႕မွတဆင့္ ေအးသာယာ စပ်စ္ၿခံကို သြားေရာက္ေလ့လာလ့ိုရၿပီး ေမြေတာ္ကကၠဴ၊ ထမ့္စမ္းလိုဏ္ဂူေတာ္၊ အင္းေလး၊ ေညာင္ေ႐ႊ၊ ပင္းတယ၊ ေအာင္ပန္း၊ ကေလာ အစရွိတဲ့ ၿမိဳ႕ေတြကိုလည္း သြားေရာက္လည္ပတ္လို႔ ရပါတယ္။

ကေလာၿမိဳ႕ကို သြားေရာက္လည္ပတ္သူေတြအေနနဲ႔ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ ရွိၿပီျဖစ္တဲ့ ကေလာဘူတာကို မျဖစ္မေန သြားေရာက္လည္ပတ္သင့္ပါတယ္။ကေလာေဈးထဲမွာေတာ့ ရွမ္း႐ိုးရာ အစားအစာေတြကို အရသာရွိစြာ သုံးေဆာင္ႏိုင္ၿပီး ေဒသထြက္ လက္ေဆာင္ပစၥည္းေတြကိုလည္း ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ႏွီးဘုရား၊ ျမင္းမထိလိုဏ္ဂူ၊ ေ႐ႊဥမင္လိုဏ္ဂူဘုရား၊ ကေလာနာရီစင္၊ ေမာေျမဦးပန္းၿခံ အစရွိတဲ့ ေနရာေတြကိုလည္း သြားေရာက္လည္ပတ္ႏိုင္ပါတယ္။ကေလာၿမိဳ႕ဟာ ရာသီဥတုအရ ေအးခ်မ္းလြန္းၿပီး ၿမိဳ႕တစ္ခုရဲ႕ မြန္းၾကပ္မႈမ်ိဳးကို မေတြ႕ရဘဲ တကယ့္ကို အပန္းေျဖစရာ သီးသန႔္ရွိတဲ့ ၿမိဳ႕ေလးတစ္ၿမိဳ႕အျဖစ္ ဒီကေန႔ထက္တိုင္ေအာင္ ဆက္လက္တည္ရွိေနပါတယ္။

ေတာင္ႀကီးၿမိဳ႕ကေန အင္းေလး ေဖာ္ေတာ္ဦးဘုရားကိုလည္း သြားေရာက္ဖူးေမွ်ာ္ႏိုင္ၿပီး အင္းအတြင္းမွာ ေဒသခံေတြရဲ႕ ႐ိုးရာေလွေလွာ္မႈေတြ၊ ႐ိုးရာငါးဖမ္းနည္းေတြနဲ႔ ငါးဖမ္းေနတာေတြ၊ ေရေပၚစိုက္ခင္းေတြ၊ ေၾကာင္ခုန္ေက်ာင္း၊ အလိုေတာ္ေပါက္ဘုရား၊ ယကၠန္း႐ုံ၊ ေငြထည္လုပ္ငန္း အစရွိတဲ့ ေနရာေတြကို ဝင္ေရာက္ေလ့လာႏိုင္ပါတယ္။

ေစတီပုထိုးမွ တဆင့္ ျမန္မာ့သမိုင္းထဲ သြားေရာက္ၾကည့္ရႈျခင္း

မႏၲေလး၊ စစ္ကိုင္းဘက္ကို သြားေရာက္လည္ပတ္ခ်င္သူေတြအေနနဲ႔ မႏၲေလးေတာင္၊ ရန္ကင္းေတာင္၊ ေက်ာက္ေတာ္ႀကီးဘုရား၊ ေဈးခ်ိဳေတာ္၊ မႏၲေလးက်ဳံးနဲ႔ နန္းတြင္း၊ ဦးပိန္တံတား၊ အင္းဝ အစရွိတဲ့ ေနရာေတြကို သြားေရာက္လည္ပတ္ႏိုင္ၿပီး ေကာင္းမႈေတာ္၊ စစ္ကိုင္းေတာင္႐ိုးနဲ႔ ဆြမ္းဦးပုညရွင္၊ မုံ႐ြာ၊ ေဗာဓိတစ္ေထာင္၊ အေလာင္းေတာ္ကႆပ အစရွိတဲ့ ေနရာေတြကို သြားေရာက္လည္ပတ္ႏိုင္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ သမိုင္းဝင္ နန္းၿမိဳ႕ျဖစ္ခဲ့တဲ့ ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕ဟာ ရခိုင္ဘုရင္ မင္းေစာမြန္ တည္ထားခဲ့ၿပီး ႏွစ္ေပါင္း ၃၅၄ ႏွစ္ထဲ ေျမာက္ဦးမင္းဆက္ေပါင္း ၄၉ ဆက္ ထီးနန္းစိုးစံခဲ့တဲ့ ေနရာလည္း ျဖစ္ပါတယ္။သွ်စ္ေသာင္းပုထိုးေတာ္ႀကီး၊ ကိုးေသာင္းပုထိုးေတာ္ႀကီး၊ ထုကၠသိမ္ပုထိုးေတာ္ႀကီး၊ အံေတာ္သိမ္ ပုထိုးေတာ္ ႀကီး၊ မာရ္ငါးမာရ္ဘုရားမ်ား အစရွိတဲ့ ေစတီပုထိုးေတြနဲ႔ ဂူပုထိုးေတြမွာရွိတဲ့ ဗိသုကာ ေက်ာက္ဆစ္လက္ရာေတြ၊ ဗုဒၶ႐ုပ္ပြားေတာ္ေတြရဲ႕ အသြင္အျပင္ေတြ၊ ေက်ာက္သားထက္မွာ ျမင္ရတဲ့ ေရွးေဟာင္းဘာသာစကားေတြကို ေလ့လာႏိုင္ၿပီး ရခိုင္တိုင္းရင္းသားေတြရဲ႕ ခမ္းနားလွတဲ့ ယဥ္ေက်းမႈနဲ႔ သမိုင္းအေမြအႏွစ္ေတြကို ေလ့လာႏိုင္မွာ ျဖစ္ပါတယ္။

ပင္လယ္နဲ႔ နီးစပ္တာေၾကာင့္ မပူလြန္း မေအးလြန္းေသာ ရာသီဥတုမ်ိဳး ခံစားရတဲ့ တနသၤာရီတိုင္းေဒသႀကီးမွာေတာ့ ရွင္ကိုးရွင္ဘုရား၊ ေမာင္းမကန္ကမ္းေျခ၊ ၿမိတ္ၿမိဳ႕မွာ ရွိတဲ့ ကိုလိုနီအေဆာက္အဦးမ်ား၊ သဘာဝငွက္သိုက္နဲ႔ ငါးေျခာက္ထုတ္လုပ္တဲ့ ေနရာေတြ၊ ဒုံးေရတံခြန္၊ ပင္လယ္ထဲမွာရွိတဲ့ ကြၽန္းေနရာေတြကိုလည္း သြားေရာက္လည္ပတ္ႏိုင္မွာ ျဖစ္ပါတယ္။

ေတာင္ကြဲေစတီ၊ ၾကတ္ဂူ၊ ေငြေတာင္ဆည္၊ ဒီေမာဆိုးၿမိဳ႕နယ္ထဲက ထီးပြင့္ကန္နဲ႔ ကန္ခုနစ္ဆင့္၊ ထီးဆဲခါး ေရတံခြန္ေတြရွိတဲ့ ကယားျပည္နယ္ဟာလည္း လည္ပတ္သြားလာလို႔ ေကာင္းမြန္တဲ့ ေနရာေဒသေတြ ျဖစ္ပါတယ္။

ကခ်င္ျပည္နယ္ဘက္ကို သြားေရာက္ခ်င္သူေတြအေနနဲ႔  ေမခ၊ ေမလိခ ျမစ္တို႔ ေပါင္းဆုံရာ ျမစ္ဆုံေဒသရဲ႕ သာယာလွပမႈေတြ၊ မေနာကြင္းနဲ႔ အေရွ႕ေတာင္အာရွရဲ႕ အႀကီးဆုံးေရကန္ႀကီးျဖစ္တဲ့ အင္းေတာ္ႀကီး ကန္ေနရာေတြ၊ ဗန္းေမာက္ၿမိဳ႕မွာရွိတဲ့ ဇလုံေတာင္ေတြအျပင္ ခ်င္းျပည္နယ္မွာေတာ့ အသည္းပုံမ်ိဳး ထူးထူးျခားျခားျမင္ရတဲ့ ရိဒ္ေရကန္နဲ႔ နတ္မေတာင္ အစရွိတဲ့ ေနရာေဒသေတြကိုလည္း သြားေရာက္လည္ပတ္လို႔ ရပါတယ္။

မြန္၊ ကရင္၊ ပဲခူး၊ မေကြး အစရွိတဲ့ ျမန္မာႏိုင္ငံရဲ႕ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အသီးသီးမွာလည္း လည္ပတ္စရာ ေနရာေတြမ်ားစြာ ရွိေနတဲ့အျပင္ ေက်းလက္အေျချပဳတဲ့ သဘာဝခရီးသြားေဒသ ေနရာမ်ားစြာကိုလည္း အဲ့ဒီေဒသအသီးသီးမွာ ေဖာ္ေဆာင္လ်က္ ရွိပါတယ္။

႐ုံးပိတ္ရက္ကာလေတြမွာ ခရီးသြားလာလိုသူေတြအေနနဲ႔ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ သြားေရာက္လည္ပတ္ႏိုင္သလို မိသားစု၊ မိတ္ေဆြေတြ အတူစုေပါင္းၿပီး စင္းလုံးငွား ေမာ္ေတာ္ယာဥ္ေတြနဲ႔လည္း သြားေရာက္လည္ပတ္ႏိုင္ပါတယ္။

ေဒသတစ္ခုကို စုံစုံလင္လင္နဲ႔ ေဈးႏႈန္းသက္သက္သာသာ သြားေရာက္လိုသူေတြအေနနဲ႔ ဘုရားဖူး ခရီးသြား လုပ္ငန္းေတြက ခရီးစဥ္တစ္ခုအတြက္ သတ္မွတ္ထားတဲ့ အၿပီးအစီး ေဈးႏႈန္းေတြနဲ႔ သြားေရာက္လို႔ ရႏိုင္သလို မိမိတို႔ တည္းခို၊ ေနထိုင္စားေသာက္မႈေတြရဲ႕ကုန္က်မႈကို အၾကမ္းဖ်င္း တြက္ခ်က္လို႔ သြားလာႏိုင္ပါတယ္။

ခရီးထြက္ လည္ပတ္သြားလာတာေတြဟာ မြမ္းၾကပ္တဲ့ လူေနမႈဘဝကေန ခဏတာ႐ုန္းထြက္ႏိုင္တဲ့အျပင္ အေတြးအေခၚေကာင္းေတြနဲ႔ အႀကံဉာဏ္ေကာင္းမ်ား ရရွိေစျခင္း၊ ႐ိုးရာယဥ္ေက်းမႈ ဓေလ့ထုံးတမ္း အစဥ္အလာေတြကို သိရွိျခင္း၊ ဘဝရဲ႕ ေပ်ာ္႐ႊင္ဖြယ္ရာ အမွတ္တရေန႔ရက္ေတြနဲ႔ ႀကဳံေတြ႕ရျခင္း၊ အသိမိတ္ေဆြ တိုးပြားျခင္း၊ အနာဂတ္အတြက္ အင္အားအသစ္မ်ား တိုးပြားေစျခင္း အစရွိတဲ့ ေကာင္းက်ိဳးေတြကိုလည္းရရွိႏိုင္မွာ ျဖစ္ပါတယ္။

မိသားစု အသိမိတ္ေဆြေတြ၊ ခ်စ္ခင္ႏွစ္သက္ရသူေတြနဲ႔အတူ သြားခဲ့ၾကတဲ့ ခရီးစဥ္ေတြဟာ ဘဝရဲ႕ အမွတ္ရစရာ ေန႔ရက္ေတြ ျဖစ္ေစမယ့္အျပင္ ဘဝခရီးလမ္းေလွ်ာက္မွာ မွတ္မွတ္ရရတစ္ခုအျဖစ္ စြဲထင္က်န္ရစ္ေနမွာ ျဖစ္တာေၾကာင့္ အခါအခြင့္သင့္ရင္ မိမိႏွစ္သက္ရာ အရပ္ေဒသေတြဆီ အလည္အပတ္ခရီးသြားဖို႔ လိုတယ္ဆိုတာ…………………။

မင္းထြန္း(အုတ္က်င္း)
ဒီဇင္ဘာ - ၄