【 သတင်းဆောင်းပါး 】 “ရေကြီးမှုများနှင့်အတူ”

【 သတင်းဆောင်းပါး 】 “ရေကြီးမှုများနှင့်အတူ”

ဇူလိုင်လထဲ မိုးနဲ့အတူ ရေသတင်းတွေက ကြားလာရပါတယ်။မြစ်ဆုံလို့ သိကြတဲ့ ဧရာဝတီအစ နေရာအနီးရှိ မြစ်ကြီးနားမှတော့ ဆက်တိုက်ရွာနေတဲ့ မိုးနဲ့အတူ မြစ်ရေက တက်လာပါတယ်။ဧရာဝတီထိပ်ဖျားပိုင်း နေရာတွေမှာ မိုးနဲ့အတူ ရေလိုက်လာလေ့ရှိတဲ့အတွက် ရေကြီးတာက ဒီဘက်နှစ်တွေမှာ အစဉ်အလာဆိုသလို ဖြစ်ပေမယ့် ရေကြီးမှုကြောင့် ဗန်းမော်ဘက်က ဧကတစ်သောင်းလောက် ရေထိသွားတယ်ဆိုတဲ့ သတင်းက အဲဒီဘက်မှာ နေခဲ့ဘူးတဲ့ ကျွန်တော်အတွက် စိတ်မချမ်းမြေ့စရာ သတင်းပါ။မြန်မာနိုင်ငံ အထက်ပိုင်းမှာ ရေစကြီးလာတဲ့ သတင်းက ဒီနှစ်လဲ ဆန်ရှားဦးမယ်ဆိုတဲ့ နိမိတ်ပါဘဲ။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုနဲ့အတူ မြန်မာသမိုင်းတလျှေက် တစ်ကြိမ်တစ်ခါမှ မကြုံဘူးတဲ့ ရေကြီးတဲ့ဖြစ်စဉ်တွေ ပြီးခဲ့တဲ့ သုံးလေးနှစ်အတွင်း ဖြစ်ခဲ့တဲ့အခါ မြန်မာပြည်သူတွေအဖို့ ရာသီဥတုနဲ့ သဘာဝဘေးက ထိပ်တန်းဦးစားပေး တွေးတောလာရတဲ့ အခြေအနေဖြစ်လာပါတယ်။

မြန်မာနိုင်ငံဟာ ရှေးယခင်ကာလများကလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်လေ့ရှိပေမယ့် မြစ်ကမ်းပါး နီးတဲ့နေရာတွေနဲ့ မြေနိမ့်ပိုင်း နေရာတွေမှာသာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာပါ။၂၀၀၈  နာဂစ်မုန်တိုင်း နောက်ပိုင်း မြန်မာနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးဆိုးရွားနေမှုကို သိသိသာသာ ကမ္ဘာက သိစေခဲ့တာက ၂၀၁၅ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ရေကြီးရေလွှမ်းမိုးမှုပါ။

အဲဒီတုန်းက တိုင်းနဲ့ပြည်နယ် ၁၄ ခုအနက် ၁၀ ခုမှာ ရေကြီးရေလွှမ်းမိုးမှုတွေဖြစ်ခဲ့ပြီး လယ်ယာမြေ ဧက ၁၄ သိန်းကျော် ရေကြီးနစ်မြုပ်ခဲ့ကာ လူဦးရေ ၁ ဒသမ ၆ သန်းကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ဒီကာလအတွင်းမှာ ရေဘေးဒဏ်ကြောင့် သေဆုံးသူ ၁၀၀ ကျော် ရှိခဲ့ပါတယ်။အထူးသဖြင့် ကလေးမြို့ အဝင်မုခ်ဦးထိ ရေမြုပ်ခဲ့တာက မြန်မာပြည်သူတွေစိတ်ထဲ ခြောက်အိပ်မက်တစ်ခုလို့ ယခုထိရှိနေဆဲပါ။ရေကြီးမှုက တစ်နှစ်ထဲလားဆို မဟုတ်။၂၀၁၅ အပြီး နောက်တစ်နှစ် ၂၀၁၆ ခုနှစ်မှာ တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ ရေဘေးထပ်မံကြုံတွေ့ခဲ့ပြီး လူ (၉) ဦး သေဆုံးကာ အိမ်ထောင်စုပေါင်း (၁၂၅,၁၆၀) ရေဘေးသင့်ခဲ့ပါတယ်။၂၀၁၇ ခုနှစ်မှာ ရေကြီးရေလျှံမှုတွေ ဆိုးဝါးစွာထပ်မံဖြစ်ပေါ်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှတော့ သံလွင်မြစ်ရေကြီးမြင့်မှုကြောင့် ကရင်ပြည်နယ်မှာ ၂ လကျော်ကြာ ရေကြီးနစ်မြုပ်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

သဘာဝသံယံဇာတနဲ့ သစ်တောတွေ မဆင်မခြင် ခုတ်ယူမှုတွေကြောင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုနဲ့အတူ သဘာဝဘေးဒဏ်တွေကို ပြင်းထန်စွာ ခံစားလာခဲ့ရပြီး ဘိုးဘွားစဉ်ဆက် အားကိုးအားထားပြုရတဲ့ မြစ်၊ ချောင်း၊ အင်း၊ အိုင်တွေဟာ မိုးရာသီကာလတွေမှာတော့ နိုင်ငံသားတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ခြိမ်းခြောက်လာခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့်လည်း ၂၀၁၉ ခုနှစ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ သဘာဝဘေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ က “မြန်မာနိုင်ငံအနေနဲ့ မုတ်သုန်ကာလ တိုတောင်းလာကာ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲလာခြင်း၊ လေပြင်းတိုက်ခတ်မှုများ၊ မိုးကြိုးပစ်မှုများ ပိုမိုများပြားလာခြင်း၊ ရေကြီးရေလျှံမှုများ ပိုမိုဖြစ်ပေါ်လာခြင်း စသဖြင့် ဘေးအန္တရာယ်များ ပိုမိုရင်ဆိုင် ကြုံတွေ့နေရတယ်” လို့ ပြောကြားခဲ့ရတဲ့ အထိပါပဲ။

အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီမြစ်အစ ရေဝေရေလဲ မြစ်ဖျားခံရာ ရေခဲတောင်တွေ၊ တောင်စဉ် တောင်တန်းတွေဘက်မှာ မိုးညို့လာတိုင်း ဧရာဝတီအစ မြစ်ဆုံအနီးက မြစ်ကြီးနားမြို့အတွက်ကတော ဘုရားတနေရတဲ့ အဖြစ်ပါဘဲ။ဒီရေက မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူနဲ့ ဧရာဝတီမြစ်တလျှောက် ရေကြီးရေလွှမ်းမှုတွေ ကမ်းပါးပြိုမှုတွေ အတောမသတ် ဖြစ်လာစေခဲ့ပါတယ်။ဒီလို အထက်က ရေပြိုတဲ့အချိန်နဲ့ မုန်တိုင်းမိုးတို့ ဆုံတဲ့အခါ ရေအောက်ကို ကာလအပိုင်းအခြားတစ်ခု မြုပ်ခဲ့ရတဲ့ ၂၀၁၅ ခုနှစ်က ကလေးမြို့ရဲ့ တုန်လှုပ်စရာအဖြစ်က မြစ်ဘေးမှာရှိတဲ့ မြို့တွေနဲ့ မြေနိမ့်ဒေသမှာ နေတဲ့သူတွေအတွက် ခြောက်အိမ်မက်ပါဘဲ။

ဒီအတွက် သဘာဝဘေးဖြစ်တဲ့ မြစ်ချောင်းတွေကို ဘယ်လိုထိန်းချုပ်မလဲဆိုတာ ဒေသခံတွေ၊ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေ၊ အာဏာပိုင်တွေအတွက် ဖြေရှင်းရခက်တဲ့  ပုစ္ဆာတစ်ခုလို ဖြစ်လာခဲ့ပါတယ်။မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတူးလွမ် ကတော့ “ဒီမှာရေကြီးတုန်းက ဒီမြစ်ကြီးနားမှာ မိုးသိပ်မကြီးဘူး။မိုးမရွာဘူး။အထက်ဘက်မှာ မိုးကြီးလို့ဖြစ်တာ” လို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၁၂၀၀ စင်တီမီတာပါ။ဇူလိုင်လ ၁၃ ရက်နေ့မှာတော့ စိုးရိမ်ရေအမှတ်ကို ကျော်လွန်ခဲ့ပါတယ်။မိုး/ဇလ စာရင်းတွေအရ မြစ်ကြီးနားမြို့မှာ အဆိုးဆုံးမြစ်ရေလွှမ်းမိုးမှု ဖြစ်စဉ်တွေဖြစ်တဲ့ ၁၉၇၉ ခုနှစ်မှာ ၁၄၁၃ စင်တီမီတာ၊ ၁၉၉၇ ခုနှစ်မှာ ၁၄၁၁ စင်တီမီတာ၊ ၂၀၀၄ ခုနှစ်မှာ ၁၄၀၇ စင်တီမီတာထိ ဧရာဝတီမြစ်ရေက တက်ခဲ့ပါတယ်။ယခုမြစ်ရေကြီးမြင့်မှုဟာ ယခင်စံချိန်တွေကို လိုက်မမှီခဲ့ပေမယ့် လူဦးရေပိုမိုထူထပ် များပြားလာခြင်း၊ အဆောက်အဦးတွေ ပိုမိုများပြားလာခြင်းတို့ကြောင့် ဒေသခံတွေအတွက် စိုးရိမ်စရာအခြေအနေတွေကို တွေ့ကြုံခဲ့ရပါတယ်။

ကချင်ပြည်နယ် မိုး/ဇလ ပြည်နယ်ဦးစီးအရာရှိ ဦးနိုင်လင်းထွေး ကတော့ “၁၅ နှစ်အတွင်းမှာတော့ မြစ်ကြီးနား စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာကို ကျော်တယ်ပေါ့။၉၀၀ ကျော် ၁၀၀၀ ကတော့ အမြဲတမ်းရောက်တာများတယ်။ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာက မိုးတွင်းကာလလေ။မိုးတွင်းကာလမှာ ရေကြီးရေလျှံမှုကတော့ မဆန်းဘူး။အပေါ်မှာ မိုးများမယ်ဆိုတာလည်း မဆန်းဘူးလေ။ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ အထိက အမြဲတမ်းမြစ်ရေကြီးဖို့ အနေအထားရှိတယ်” လို့ ဆိုပါတယ်။

တစ်ခါတရံမဟုတ်ဘဲ ပုံမှန်လိုဖြစ်လာတဲ့ သဘာဝဘေးတွေအတွက် ပြင်ဆင်ထားဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ယခင်က ဖြစ်လေ့ဖြစ်ထ မရှိခဲ့သော်လည်း ယခုအခါမဖြစ်ဘူးသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ယင်းပြောင်းလဲမှုများမှာ ပုံသေသဘော ဖြစ်လာမယ်” လို့  ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက ကရင်ပြည်နယ်ကို သွားရောက်စဉ် ဒေသခံတွေကို သတိပေးခဲ့ပါတယ်။

ကချင်ပြည်နယ်ရဲ့ မုတ်သုန်ရာသီဥတုက ပူတာအို အထက်ပိုင်းမှာ ဖြစ်ပေါ်ပြီး အထက်ပိုင်းဒေသတွေ မိုးကြီးတဲ့အခါ မြစ်ကြီးနားတစ်လျှောက် မြစ်ရေတွေပါ လိုက်ကြီးကုန်ပါတယ်။ဒီလိုရေကြီးတာဟာ တရုတ်ပြည်ကနေ စတင်စီးဆင်းတဲ့ မေခမြစ်ကြောင့် တစ်စိတ်တစ်ပိုင်း ပါပါတယ်။

“မုတ်သုန်က ပူတာအို အထက်ပိုင်းမှာဘဲ တည်ရှိတာကိုး။အပေါ်မှာ မိုးရွာတဲ့အပေါ်မှာဘဲ မူတည်ပြီးမှ ဖြစ်လာမှာကိုး။ရေက မေခနဲ့ မလိခက ဆင်းလာတာ။တရုတ်ပြည်မှာလည်း တချက်ပြန်ကြည့်ရတယ်။တရုတ်ပြည်က ဆင်းလာတဲ့ မေခက ရှိသေးတယ်လေ” လို့  ဦးနိုင်လင်းထွန်း က  ဆက်ပြောပါတယ်။

ရေကြီးမှုတွေ ဘာကြောင့်ဖြစ်သလဲ

မြစ်ကြောင်းတလျှောက် ရေကြီးခြင်းရဲ့ အဓိကတရားခံက သစ်တောသစ်ပင်တွေ မရှိတဲ့အတွက်ဖြစ်ပြီး မိုးရွာသွန်းမှုပုံစံတွေ ပြောင်းလဲလာလို့လည်း မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။

လက်ရှိအချိန်မှာတော့ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေကြောင့် မိုးအဆက်မပြတ်ရွာသွန်းခြင်း၊ ရေနဲ့ မြေကြီးကို ထိန်းထားတဲ့ သစ်တောသစ်ပင်တွေ မရှိတဲ့အတွက် သဲနုန်းတွေ မြစ်အတွင်းကျဆင်းပြီး မြစ်ကြမ်းပြင် မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ ရေလမ်းကြောင်းနဲ့ ပတ်သက်တဲ့ သုတေသနလုပ်ငန်းဆိုင်ရာ လုပ်ကိုင်နေတဲ့ ဦးချိုချို က ဆိုပါတယ်။

“၁ ရက်ထဲမှာ ၃ လက်မရွာတဲ့မိုး၊ ၄ လက်မရွာတဲ့မိုး အရင်တုန်းက တော်တော်ရှားရင်ရှားမယ် ခုက ရေအိုးသွန်ချသလို ရွာတဲ့မိုးတွေကြောင့် ဖြစ်တယ်။တစ်ရက်အတွင်းမှာ အများကြီးရွာချတယ်။ကမ်းကမနိုင်တော့ဘဲ ကမ်းကိုကျော်တဲ့ သဘာဝရှိပါတယ်။မြစ်ကြောင်းပြောင်းလဲမှုတွေ ဖြစ်လာတယ်။မြစ်ထဲမှာ သဲသောင်တွေ အများကြီးဖြစ်လာတယ်။မြစ်ရဲ့ကြမ်းပြင် မြင့်လာတဲ့အတွက် အရင်တုန်းက ရေမကြီးတဲ့နေရာတွေ ရေကြီးလာတယ်။သဲနုန်းတွေ ဘာကြောင့်မြင့်တက်လာလဲဆိုရင် အပေါ်ဘက်က ရေဝေရေလဲဒေသက သဲနုန်းတွေဆင်းလာလို့ ဖြစ်တယ်။သဲနုန်းတွေ ဘာလို့အများကြီးဆင်းလာလဲဆိုရင် သစ်ပင်မရှိလို့။ရေဝေရေလဲဧရိယာမှာ သစ်ပင်မရှိခြင်းက မြစ်တွေကို ကောင်းကောင်းဒုက္ခပေးလာတယ်” လို့ ထောက်ပြခဲ့ပါတယ်။

သူ့လိုဘဲ မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က ရေကြီးရေလျှံမှု ဖြစ်စဉ်တွေဟာ မြစ်ကြမ်းပြင် မြင့်တက်လာမှု၊ မိုးရွာသွန်းမှု ပုံစံပြောင်းလဲလာမှုတို့ကြောင့်လို့ ဆိုပါတယ်။

“ရေကြီးရေလျှံမှုဖြစ်တဲ့ အဓိက ကတော့ ရာသီဥတုပြောင်းလဲမှုကြောင့်ပေါ့။အချိန်တိုလေးအတွင်းမှာ မိုးအမြောက်အများ ရွာတဲ့အတွက်ကြောင့်ပါ။အရင်တုန်းက မိုးရွာပြီဆိုလည်း သစ်တောသစ်ပင်ရှိတော့ အချို့ရေကို စုပ်ယူထားတယ်။နည်းပါးတော့ ရွာသမျှရေက မြစ်ထဲရောက်တဲ့ အနေအထားလေးတွေရှိတယ်။ရေတင်မဟုတ်ဘဲ မြေကြီးတွေပါရောက်တော့ ကြမ်းပြင်မြင့်တက်လာတဲ့ အနေအထားလေးတွေ ဖြစ်တယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အခြားသောနိုင်ငံများလို နိုင်ငံရဲ့ အဓိကမြစ်အထက်ပိုင်းတွေမှာ ရေဒလဟောစီးဆင်းမှုကို အထိုက်အလျှောက် ထိန်းသိမ်းဖို့ ရေကာတာတွေ မရှိတာကလည်း မြစ်ရေကြီးမှုကို ထိန်းချုပ်ဖို့ ခက်ခဲစေခဲ့တာ ဖြစ်ပါတယ်။အထူးသဖြင့် ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ် အထက်ပိုင်းတွေမှာ ရေကိုထိန်းသိမ်း သိုလှောင်နိုင်တဲ့ ရေကာတာတွေမရှိခြင်း၊ ဆောက်လုပ်ရန် ခက်ခဲကန့်ကွက်မှုတွေ ရှိနေခြင်းကလည်း  မြစ်ရေကြီးမှုကို ထိန်းချုပ်ဖို့ ခက်ခဲစေတဲ့ အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။

ရေကြီးမှုနဲ့ ကမ်းပါးပြိုမှုတွေကို ဘယ်လိုကာကွယ်မလဲ

ရေကြီးရေလျှံမှုများ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပေါ်လျှက်ရှိပြီး ရေကြီးရေလျှံမှု မဖြစ်ပေါ်ဖို့ လုပ်ဆောင်ရန်မှာ ခက်ခဲပြီး အချိန်ယူကြိုးစားရမှာဖြစ်တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ဆိုပါတယ်။

“ရေကြီးရေလျှံ မဖြစ်အောင်လုပ်ဖို့က တော်တော်ခက်ခဲတယ်။နိုင်ငံတွေထဲမှာ နိုင်ငံတိုင်း နိုင်ငံတိုင်း ကြည့်ရင်လည်း ဖြစ်တော့ဖြစ်မယ် ဒါပေမယ့် ထိခိုက်မှုတွေ လျော့နည်းအောင်တော့ လုပ်လို့ရနိုင်ပါတယ်။မဖြစ်အောင် နိုင်ငံတော်တော်များများ ကြည့်ရင်လည်း ကြိုးစားပြီးလုပ်တယ်။လျော့နည်းအောင်တော့ လုပ်လို့ရတယ်။
မဖြစ်အောင်တော့ တော်တော်ကြီးကို အချိန်ယူပြီးလုပ်ရမယ့် ကိစ္စမျိုးလို့ ကျွန်မတို့ သုံးသပ်ပါတယ်” လို့ ဆိုပါတယ်။

မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး ကတော့ မြစ်ရေကြီးမှုနဲ့ ကမ်းပါးပြိုကျမှုတွေကို ကာကွယ်ရန် သစ်တောသစ်ပင်တွေကို ပြုစုပျိုးထောင်ရမှာဖြစ်ပြီး ရေစီးရေလာ ကောင်းမွန်ရန် မြစ်ချောင်းများကို ဖြောင့်တန်းအောင် ပြုလုပ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

“မြစ်ကမ်းပါးပြိုမှုကို ထိန်းနိုင်တဲ့ ရေစီးရေလာကောင်းအောင် လုပ်ဖို့ဆိုရင် မြစ်တွေကို ဖြောင့်တန်းအောင် လုပ်ရမယ်။မြစ်ကမ်းပါးတွေမှာ နုံးအနည်းအနှစ်တွေ မကျနိုင်အောင် မြစ်ကမ်းပါးထိန်းတာတွေ ဆောက်တာတို့ ဒါမှမဟုတ် ကမ်းပါးက မြေစာတွေမပါအောင် မြက်တွေစိုက်တာတို့ လုပ်ရမယ်” လို့ ဆိုပါတယ်။

စိုက်၊ မွေး၊ ဆည် ဝန်ကြီးဌာန ဒု-အမြဲတမ်းအတွင်းဝန် ဦးမျိုတင့်ထွန်း က ဒီလို ကမ်းပါးပြိုတာတွေ ရေကြီးတာတွေကို ကာကွယ်ဖို့အတွက်ဆိုရင် “ရေစီးရေလာကောင်းအောင် လုပ်ပေးလိုက်ရင် ရေမကြီးတော့ဘူး။အထူးသဖြင့် ပြည်နယ်တိုင်းတွေမှာရှိတဲ့ ချောင်းတွေ မြောင်းတွေ အဲ့ဒါတွေက အချို့တိမ်ကောတာတွေများတယ်။တိမ်ကောတာတွေ များတဲ့အခါကျတော့ မြစ်လမ်းကြောင်းပြောင်းတာတွေ ရေဝင်တာများလို့ရှိရင် တိမ်သွားတဲ့အတွက် သူက အပေါ်ကိုတက်လာတာပေါ့ဗျာ။အမှန်က ချောင်းကော မြောင်းကောတွေ ပြန်တူးဖော်ပြီး ရေစီးရေလာကောင်းသွားခဲ့ရင် ရေကြီးတဲ့ဒဏ် ကာကွယ်လို့ရတာပေါ့” လို့ အကြံပြုခဲ့ပါတယ်။

ဒီလို မြစ်ကြောင်းပြန်ဖော်တာအပြင် သစ်တောသစ်ပင်တွေကို ပြုစုပျိုးထောင်ဖို့နဲ့  စိုက်ပျိုးလိုက်တဲ့ သစ်ပင်တွေ အမှန်တကယ် ဖွံ့ဖြိုးရှင်သန်ဖို့လည်း လိုသေးတယ်လို့ ဦးချိုချို က ဆိုပါတယ်။

“မြစ်ကြောင်းတွေ ပြန်ကောင်းဖို့ဆိုရင် သဲတွေပြန့်မလာအောင် သစ်တောတွေ ပြန်စိုက်ပေါ့။အခုစိုက်နေတာ ၁၀၀ စိုက်ရင် ၅ ပင်လောက် ရှင်ချင်ရှင်တယ်။အဲလိုမျိုးတော့ မရဘူး” လို့ ဆိုပါတယ်။

ရေကြီးရေလျှံမှုကို ထိန်းဖို့အတွက် အဓိကမြစ်ကြီးတွေမှာ တာတမံတွေ ပြုလုပ်သလို ထိန်းထားတဲ့ ရေအရင်းအမြစ်ကနေ နိုင်ငံအတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တာတွေကို နိုင်ငံအတော်များများက ယခင်ကတည်းက လုပ်ခဲ့ကြပါတယ်။

ဒီလိုလုပ်တဲ့ထဲမှာ အမေရိကန်ပြည်ထောင်စုက အထင်ရှားဆုံးပါဘဲ။အမေရိကန်နိုင်ငံဟာ ၁၉၃၁ ခုနှစ် ကာလတွေက စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအဆောက်အအုံဖြစ်တဲ့ စွမ်းအင်ကဏ္ဍ လိုအပ်နေချိန်မှာ ဟူးဗား ရေလှောင်တမံ ပြုလုပ်ပြီး ရေအရင်းအမြစ်တွေကို ထိန်းချုပ်ကာ လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်ခဲ့တဲ့အတွက် တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှု အလှည့်အပြောင်း ဖြစ်ပေါ်လာခဲ့ပြီး တိုင်းပြည်တိုးတက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ဟူးဗား ရေလှောင်ကန် တည်ဆောက်ထားတဲ့ (Meda Lake) လှောင်ကန်အတွင်းမှာ ဝင်ဆန့်နိုင်တဲ့ ရေထုတည် ပမာဏဟာ ၁၉.၆ ဘီလျံ ကုဗမီတာဖြစ်ပြီး ရေလွှမ်းမိုးလာနိုင်ခြေကို ကာကွယ်ပေးနိုင်တဲ့ ဝင်ဆန့်ပမာဏဟာ ၁၁.၇ ဘီလျံ ကုဗမီတာ ဖြစ်ပါတယ်။ရေကာတာ တည်ဆောက်မှု ပြီးစီးခဲ့တဲ့နောက်မှာ ကော်လိုရာဒိုမြစ်ရဲ့ ရေလွှမ်းမိုးမှု ဘေးအန္တရာယ်ကို လျှော့ချလာနိုင်ခဲ့လို့ မြစ်တစ်လျှောက်နေ ပြည်သူတွေရဲ့ စိုးရိမ်စိတ်ကိုလည်း လျော့နည်းစေခဲ့ပါတယ်။

နောက်ထင်ရှားတဲ့တစ်ခုက မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်နိုင်ငံမှာပါ။တရုတ်ပြည်ရဲ့ အဓိကမြစ်ဖြစ်တဲ့ ယန်စီမြစ်ဟာ မိုးရာသီရောက်တိုင်း တရုတ်ပြည်သူတွေကို ရေကြီးရေလွှမ်းမိုးမှုနဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဖျက်ဆီးနေတာ နှစ်ပေါင်း ရာစုနဲ့ချီနေပါပြီ။ဒါကို ထိန်းချုပ်ဖို့ ယန်စီမြစ်ပေါ်မှာ ကမ္ဘာ့အကြီးဆုံး ရေကာတာကြီးဖြစ်တဲ့ Three Gorges Dam ကို ယွမ်၂၀၃ဘီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၆၅ ဘီလျံ) အကုန်ခံပြီး တည်ဆောက်ကာ ယန်စီမြစ်ကို ထိန်းချုပ်ခဲ့ပါတယ်။ယင်းရေကာတာကြီးဟာ ၆၀၇ ပေ မြင့်ပြီး ၇၆၆၀ ပေ ရှည်လျားကာ အမေရိကန်နိုင်ငံမှ ကမ္ဘာကျော် ဟူးဗား ရေကာတာကြီးထက် ငါးဆကြီးမားပါတယ်။လက်ရှိအချိန်မှာ တရုတ်နိုင်ငံ အထက်ပိုင်းက မြစ်ရေကို စုဆောင်းကာ ရေကြီးရေလျှံမှုကို အကာအကွယ်ပေးပြီး တိုင်းပြည်အတွက် လျှပ်စစ်ဓာတ်အားတွေကို အန္တရာယ်ကင်းစွာ ထုတ်ပေးနေတာကို တွေ့ရပါတယ်။

ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ မြစ်ရေကြီးမှုတွေ ဖြစ်ပေါ်လာပါက မြစ်လမ်းကြောင်း ပြောင်းလဲပြီး မြစ်ရေကျဆင်းတဲ့ အချိန်မှသာ ထိန်းသိမ်းထားတဲ့ မြစ်ရေကို ပြန်လည်လွှွတ်ချပေးမှုတွေကို လုပ်ကိုင်လျှက်ရှိပါတယ်။

“ဂျပန်တို့ ဘာတို့ဆီမှာတော့ ရေတက်လာရင် တခြားနေရာကို လွှဲလိုက်တယ်။ရေပြန်ကျသွားပြီဆိုမှ လွှဲထားတဲ့ရေကို ပြန်စီးဆင်းစေတယ်” လို့ ဦးကျော်မိုးဦး က ဆိုပါတယ်။

နိုင်ငံတကာမှာ ဆည်၊ တာတမံများ တည်ဆောက်ပြီး မြစ်ရေကြီးမြင့်နိုင်သည့် အချိန်တွင် ရေကိုစုဆောင်းပြီး ရေနည်းပါးသည့်အချိန် ပြန်လည်ထုတ်လွှတ်ပေးခြင်းဖြင့် ရေကြီးမြင့်မှုအချို့ကို ကာကွယ်မှုပေးနိုင်တယ်လို့ ဦးမျိုးတင့်ထွန်း က ဆိုပါတယ်။

“နိုင်ငံတကာမှာ ဆည်မြောင်း တာတမံတွေ တည်ဆောက်ပြီး ရေကြီးရေလျှံမှုတွေကို ကာကွယ်တာတွေက ရှိပါတယ်။အာရှတိုက်မှာ အထူးသဖြင့် ပင်လယ်နဲ့ထိစပ်တဲ့ နေရာတွေမှာတော့ အဲ့စနစ်က တော်တော်လေး အသုံးဝင်တာပေါ့။ဆည်ဆိုတာက ရေကိုလှောင်တာကိုး။မိုးရေပေါ့ ရေဝပ်ဧရိယာကနေ ရေတွေကိုလှောင်ပြီးတော့ လိုတဲ့အချိန်မှာ သုံးဖို့အတွက် လုပ်တာဘဲ။
တစ်စိတ်တစ်ပိုင်းအားဖြင့် ရေကို စုဆောင်းတဲ့နည်းလမ်း ဖြစ်တဲ့အတွက် ရေကြီးမှုကို တစ်စိတ်တစ်ပိုင်းကို အထောက်အကူဖြစ်တယ်” လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ ထောင်ခန့်ကပင် လယ်ယာလုပ်သားတွေဟာ ရေလှောင်တမံတွေပြုလုပ်ပြီး ခြောက်သွေ့တဲ့ ရာသီဥတုတွေမှာ ရေမလောက်ငှမှု ပြဿနာတွေကို ဖြေရှင်းခဲ့ကြပါတယ်။ဂရိနိုင်ငံမှာ ဘီစီ ၅ ရာစုခန့်က တည်ဆောက်ခဲ့တဲ့ အလွန်ရှေးကျတဲ့ သဘာဝမဟုတ်တဲ့ ကန်များကို တွေ့ရှိရပြီး သီရိလင်္ကာနိုင်ငံမှာလည်း “ရေတစ်စက်သည် အကျိုးကျေးဇူးမပြုဘဲ ပင်လယ်ထဲသို့ မကျစေနှင့်” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ဘုရင်ကြီး ဘုရားခရမဘ ၁ လက်ထက်မှာ ကြီးမားတဲ့ ရေလှောင်တမံကြီးကို တည်ဆောက်ခဲ့ပါတယ်။အဲ့ဒီရေလှောင်တမံကြီးရဲ့ ကြီးကျယ်ခိုင်ခန့်ပုံက  ရှေးဟောင်းသုတေသနပညာရှင်တွေကို အံအားသင့်စေခဲ့ပြီး မြန်မာနိုင်ငံမှာလည်း ပုဂံခေတ်ကတည်းက ဆည်တာတမံတွေ တည်ဆောက်ခဲ့ကြပါတယ်။

မိုးရေထိန်းတဲ့ သစ်တောအခြေအနေ

တိုင်းပြည်ရဲ့ သစ်တောဖုံးလွှမ်းမှု ၇၀ ရာခိုင်နှုန်းခန့် ရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ ၁၉၉၀ ခုနှစ် မှ ၂၀၁၀ ခုနှစ်အတွင်း တိုင်းပြည်ရဲ့ သစ်တောဧရိယာ ၁၉ ရာခိုင်နှုန်းခန့် ဆုံးရှုံးခဲ့ပြီး ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ သစ်တောဧရိယာရဲ့ ၈ ဒဿမ ၅ ရာခိုင်နှုန်း ထပ်မံဆုံးရှုံးခဲ့ပါတယ်။

သစ်တောဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ သစ်တောပြုန်းတီးရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေက မြေအသုံးချမှုကို အခြားသော ရည်ရွယ်ချက်များတွင် ပြောင်းလဲအသုံးပြုခြင်း၊ သစ်ထုတ်လုပ်မှုကဏ္ဍတွင် အလွန်အကျွံသစ်ထုတ်လုပ်ခြင်း၊ လူဦးရေတိုးပွားလာမှုနဲ့ ကျေးရွာများ မြို့များ ချဲ့ထွင်လာခြင်း၊ ထင်းနှင့် မီးသွေး အသုံးပြုခြင်း၊ သစ်နှင့် သစ်သား ဝယ်လိုအားများလာခြင်း၊ မှောင်ခို သစ်ထုတ်လုပ်ခြင်းတွေကြောင့် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သစ်တောသစ်ပင်များ လျော့နည်းလာတဲ့အတွက် သဘာဝဘေးဒဏ်တွေ ပိုမိုခံစားလာရပြီး ပြန်လည်ပြုစုပျိုးထောင်ခြင်း လုပ်ငန်းတွေကို တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ လုပ်ဆောင်လာခဲ့ကြပါတယ်။

သစ်တောများ လက်ရှိအခြေအနေထက် ပိုမိုဆိုးမသွားဖို့နဲ့ ပိုမိုကောင်းမွန်လာရေးကို ရည်ရွယ်ပြီး ၂၀၁၇ မှ ၂၀၂၆ ခုနှစ်အထိ ၁၀ နှစ် စီမံကိန်း ရေးဆွဲပြီး မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းများ အကောင်အထည်ဖော်လျှက်ရှိပြီး ပုဂ္ဂလိကစိုက်ခင်း ဖွံ့ဖြိုးတိုးတက်ရေးကို သစ်တောဦးစီးဌာနအနေနဲ့ စီစဉ်ဆောင်ရွက်လျှက် ရှိပါတယ်။

ပြင်ဦးလွင်မြို့နယ်မှာ ပြင်ပကြိုးဝိုင်း သစ်တောလုပ်ကွက် စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဦးအောင်ဝေ က နှစ်ရှည်သစ်ပင်များ စိုက်ပျိုးရာမှာ ရှင်သန်ဖို မလွယ်ကူဘဲ အမြဲတမ်းဂရုစိုက် လုပ်ကိုင်ရတယ်လို့ ဆိုပါတယ်။

“သစ်ပင်က စိုက်ပြီးရင် ပေါင်းတွေ၊ မြက်တွေ မဖုံးသွားအောင် ရှင်းပေးရတယ်။မရှင်းပေးရင်လည်း မရှင်နိုင်ဘူး။နွေရောက်ရင် ရေလောင်းပေးရတယ်။တောမီးမလောင် ပေါင်းမြက်တွေရှင်းတာတို့ မီးတားလမ်းတို့ လုပ်ပေးရတယ်။ဒီအတိုင်း သစ်ပင်စိုက်ပြီး ပစ်ထားရင် ရှင်ဖို့က တော်တော်မလွယ်ဘူး” လို့ ဆိုပါတယ်။

သစ်ပင်၊ သစ်တောများ ပြန်လည်စိုက်ပျိုးဖြစ်ထွန်းမှု အောင်မြင်ဖို့ မလွယ်ကူတဲ့အပြင် သစ်ခိုးထုတ်မှုတွေကိုလည်း ထိရောက်စွာ မကာကွယ်နိုင်သေးတဲ့အတွက် သစ်တော၊ သစ်ပင်များ ထပ်မံဆုံးရှုံးလျှက်ရှိပါတယ်။သစ်ခိုးထုတ်သူတွေကို ဖမ်းဆီးဖို့ သစ်တောဝန်ထမ်းအင်အားနဲ့ မဖြစ်နိုင်တဲ့အတွက် ပြည်သူတွေရဲ့ အင်အားကိုယူပြီး လုပ်ကိုင်နေရတယ်လို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်း က ဆိုပါတယ်။

မိုးအခါ ရေကြီးတဲ့ဒဏ်ကို နှစ်စဉ်နီးပါး ကြုံတွေ့လာရတဲ့ မြန်မာနိုင်ငံဟာ မြစ်လမ်းကြောင်း ကောင်းမွန်စေဖို့၊ သစ်ပင်သစ်တောတွေ ပြန်လည်ဖွံ့ဖြိုးလာစေဖို့ အလျင်အမြန် မလုပ်ဆောင်နိုင်တဲ့အတွက် အခြားသောနည်းလမ်းတွေနဲ့ ကုစားဖို့လိုအပ်လာနေပါပြီ။

သဘာဝဘေးတွေ၊ မြစ်ရေကြီးမှုတွေကို ကာကွယ်ဖို့ နည်းလမ်းပေါင်းစုံ စဉ်းစားရမှာဖြစ်ပြီး ရေကိုထိန်းသိမ်းတဲ့ ဆည်၊ မြောင်း၊ တာတမံ၊ ရေကာတာတွေက တိုင်းပြည်အတွက် အကျိုးအမြတ် ဖြစ်လာမလားဆိုတာ ပညာရှင်များ သုံးသပ်ဆွေးနွေးရမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ အဓိကမြစ်ကြီးတွေဖြစ်တဲ့ ဧရာဝတီနဲ့ ချင်းတွင်းမြစ် အထက်ပိုင်းဒေသတွေမှာ တာတမံတွေ တည်ဆောက်လိုက်ပါက ရေကြီးရေလျှံမှုတွေ လျော့နည်းလာဖွယ်ရှိပြီး မြစ်ကြီးနားမြို့ရဲ့ ၅ နှစ် တစ်ကြိမ် ရေကြီးမှုဖြစ်စဉ်တွေကို နှစ် ၂၀ လျှင် ၁ ကြိမ်သာ ရေကြီးအောင် လျှော့ချနိုင်မှာ ဖြစ်တယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။

ဆည်၊ တာတမံ၊ ရေကာတာတွေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေကြတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ လုပ်ဆောင်နေမှု အကျိုးအပြစ်တွေကို လေ့လာသုံးသပ်ပြီး တိုင်းပြည်အတွက် အကျိုးအမြတ်ဖြစ်စေမယ့် ဆောင်ရွက်မှုတွေကို အလျှင်အမြန်ဆောင်ရွက်မှသာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေပျက်စီးမှု လျော့နည်းပပျောက်လာမှာ ဖြစ်ပါတယ်။

အံ့ဝေး
ဇူလိုင် - ၃၀

( Zawgyi )

ဇူလိုင္လထဲ မိုးနဲ႔အတူ ေရသတင္းေတြက ၾကားလာရပါတယ္။ျမစ္ဆုံလို႔ သိၾကတဲ့ ဧရာဝတီအစ ေနရာအနီးရွိ ျမစ္ႀကီးနားမွေတာ့ ဆက္တိုက္႐ြာေနတဲ့ မိုးနဲ႔အတူ ျမစ္ေရက တက္လာပါတယ္။ဧရာဝတီထိပ္ဖ်ားပိုင္း ေနရာေတြမွာ မိုးနဲ႔အတူ ေရလိုက္လာေလ့ရွိတဲ့အတြက္ ေရႀကီးတာက ဒီဘက္ႏွစ္ေတြမွာ အစဥ္အလာဆိုသလို ျဖစ္ေပမယ့္ ေရႀကီးမႈေၾကာင့္ ဗန္းေမာ္ဘက္က ဧကတစ္ေသာင္းေလာက္ ေရထိသြားတယ္ဆိုတဲ့ သတင္းက အဲဒီဘက္မွာ ေနခဲ့ဘူးတဲ့ ကြၽန္ေတာ္အတြက္ စိတ္မခ်မ္းေျမ့စရာ သတင္းပါ။ျမန္မာႏိုင္ငံ အထက္ပိုင္းမွာ ေရစႀကီးလာတဲ့ သတင္းက ဒီႏွစ္လဲ ဆန္ရွားဦးမယ္ဆိုတဲ့ နိမိတ္ပါဘဲ။

ကမာၻ႔ရာသီဥတု ေျပာင္းလဲလာမႈနဲ႔အတူ ျမန္မာသမိုင္းတေလွ်က္ တစ္ႀကိမ္တစ္ခါမွ မႀကဳံဘူးတဲ့ ေရႀကီးတဲ့ျဖစ္စဥ္ေတြ ၿပီးခဲ့တဲ့ သုံးေလးႏွစ္အတြင္း ျဖစ္ခဲ့တဲ့အခါ ျမန္မာျပည္သူေတြအဖို႔ ရာသီဥတုနဲ႔ သဘာဝေဘးက ထိပ္တန္းဦးစားေပး ေတြးေတာလာရတဲ့ အေျခအေနျဖစ္လာပါတယ္။

ျမန္မာႏိုင္ငံဟာ ေရွးယခင္ကာလမ်ားကလည္း ေရႀကီးေရလွ်ံမႈေတြ ျဖစ္ေပၚေလ့ရွိေပမယ့္ ျမစ္ကမ္းပါး နီးတဲ့ေနရာေတြနဲ႔ ေျမနိမ့္ပိုင္း ေနရာေတြမွာသာ ေရႀကီးေရလွ်ံမႈေတြ ျဖစ္ေပၚခဲ့တာပါ။၂၀၀၈  နာဂစ္မုန္တိုင္း ေနာက္ပိုင္း ျမန္မာႏိုင္ငံရဲ႕ သဘာဝပတ္ဝန္းက်င္ ပ်က္စီးဆိုး႐ြားေနမႈကို သိသိသာသာ ကမာၻက သိေစခဲ့တာက ၂၀၁၅ ခုႏွစ္မွာ ျဖစ္ခဲ့တဲ့ ေရႀကီးေရလႊမ္းမိုးမႈပါ။

အဲဒီတုန္းက တိုင္းနဲ႔ျပည္နယ္ ၁၄ ခုအနက္ ၁၀ ခုမွာ ေရႀကီးေရလႊမ္းမိုးမႈေတြျဖစ္ခဲ့ၿပီး လယ္ယာေျမ ဧက ၁၄ သိန္းေက်ာ္ ေရႀကီးနစ္ျမဳပ္ခဲ့ကာ လူဦးေရ ၁ ဒသမ ၆ သန္းကို ေ႐ႊ႕ေျပာင္းေပးခဲ့ရပါတယ္။ဒီကာလအတြင္းမွာ ေရေဘးဒဏ္ေၾကာင့္ ေသဆုံးသူ ၁၀၀ ေက်ာ္ ရွိခဲ့ပါတယ္။အထူးသျဖင့္ ကေလးၿမိဳ႕ အဝင္မုခ္ဦးထိ ေရျမဳပ္ခဲ့တာက ျမန္မာျပည္သူေတြစိတ္ထဲ ေျခာက္အိပ္မက္တစ္ခုလို႔ ယခုထိရွိေနဆဲပါ။ေရႀကီးမႈက တစ္ႏွစ္ထဲလားဆို မဟုတ္။၂၀၁၅ အၿပီး ေနာက္တစ္ႏွစ္ ၂၀၁၆ ခုႏွစ္မွာ တိုင္းနဲ႔ျပည္နယ္ ၁၂ ခုမွာ ေရေဘးထပ္မံႀကဳံေတြ႕ခဲ့ၿပီး လူ (၉) ဦး ေသဆုံးကာ အိမ္ေထာင္စုေပါင္း (၁၂၅,၁၆၀) ေရေဘးသင့္ခဲ့ပါတယ္။၂၀၁၇ ခုႏွစ္မွာ ေရႀကီးေရလွ်ံမႈေတြ ဆိုးဝါးစြာထပ္မံျဖစ္ေပၚခဲ့ၿပီး ၂၀၁၈ ခုႏွစ္မွေတာ့ သံလြင္ျမစ္ေရႀကီးျမင့္မႈေၾကာင့္ ကရင္ျပည္နယ္မွာ ၂ လေက်ာ္ၾကာ ေရႀကီးနစ္ျမဳပ္မႈနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

သဘာဝသံယံဇာတနဲ႔ သစ္ေတာေတြ မဆင္မျခင္ ခုတ္ယူမႈေတြေၾကာင့္ ကမာၻ႔ရာသီဥတု ေျပာင္းလဲလာမႈနဲ႔အတူ သဘာဝေဘးဒဏ္ေတြကို ျပင္းထန္စြာ ခံစားလာခဲ့ရၿပီး ဘိုးဘြားစဥ္ဆက္ အားကိုးအားထားျပဳရတဲ့ ျမစ္၊ ေခ်ာင္း၊ အင္း၊ အိုင္ေတြဟာ မိုးရာသီကာလေတြမွာေတာ့ ႏိုင္ငံသားေတြရဲ႕ အသက္အိုးအိမ္ စည္းစိမ္ေတြကို ၿခိမ္းေျခာက္လာခဲ့ၿပီျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ၂၀၁၉ ခုႏွစ္အတြင္းမွာ ျပဳလုပ္ခဲ့တဲ့ သဘာဝေဘးဆိုင္ရာ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝးမွာ အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ စီမံခန႔္ခြဲမႈေကာ္မတီ ဥကၠ႒ ဒု-သမၼတ ဦးဟင္နရီဗန္ထီးယူ က “ျမန္မာႏိုင္ငံအေနနဲ႔ မုတ္သုန္ကာလ တိုေတာင္းလာကာ မိုး႐ြာသြန္းမႈပုံစံ ေျပာင္းလဲလာျခင္း၊ ေလျပင္းတိုက္ခတ္မႈမ်ား၊ မိုးႀကိဳးပစ္မႈမ်ား ပိုမိုမ်ားျပားလာျခင္း၊ ေရႀကီးေရလွ်ံမႈမ်ား ပိုမိုျဖစ္ေပၚလာျခင္း စသျဖင့္ ေဘးအႏၲရာယ္မ်ား ပိုမိုရင္ဆိုင္ ႀကဳံေတြ႕ေနရတယ္” လို႔ ေျပာၾကားခဲ့ရတဲ့ အထိပါပဲ။

အထူးသျဖင့္ ျမန္မာႏိုင္ငံရဲ႕ အသက္ေသြးေၾကာ ဧရာဝတီျမစ္အစ ေရေဝေရလဲ ျမစ္ဖ်ားခံရာ ေရခဲေတာင္ေတြ၊ ေတာင္စဥ္ ေတာင္တန္းေတြဘက္မွာ မိုးညိဳ႕လာတိုင္း ဧရာဝတီအစ ျမစ္ဆုံအနီးက ျမစ္ႀကီးနားၿမိဳ႕အတြက္ကေတာ ဘုရားတေနရတဲ့ အျဖစ္ပါဘဲ။ဒီေရက ျမစ္ႀကီးနား၊ ဗန္းေမာ္၊ ေ႐ႊကူနဲ႔ ဧရာဝတီျမစ္တေလွ်ာက္ ေရႀကီးေရလႊမ္းမႈေတြ ကမ္းပါးၿပိဳမႈေတြ အေတာမသတ္ ျဖစ္လာေစခဲ့ပါတယ္။ဒီလို အထက္က ေရၿပိဳတဲ့အခ်ိန္နဲ႔ မုန္တိုင္းမိုးတို႔ ဆုံတဲ့အခါ ေရေအာက္ကို ကာလအပိုင္းအျခားတစ္ခု ျမဳပ္ခဲ့ရတဲ့ ၂၀၁၅ ခုႏွစ္က ကေလးၿမိဳ႕ရဲ႕ တုန္လႈပ္စရာအျဖစ္က ျမစ္ေဘးမွာရွိတဲ့ ၿမိဳ႕ေတြနဲ႔ ေျမနိမ့္ေဒသမွာ ေနတဲ့သူေတြအတြက္ ေျခာက္အိမ္မက္ပါဘဲ။

ဒီအတြက္ သဘာဝေဘးျဖစ္တဲ့ ျမစ္ေခ်ာင္းေတြကို ဘယ္လိုထိန္းခ်ဳပ္မလဲဆိုတာ ေဒသခံေတြ၊ သဘာဝပတ္ဝန္းက်င္ ပညာရွင္ေတြ၊ အာဏာပိုင္ေတြအတြက္ ေျဖရွင္းရခက္တဲ့  ပုစာၦတစ္ခုလို ျဖစ္လာခဲ့ပါတယ္။ျမစ္ႀကီးနားၿမိဳ႕ လယ္ကုန္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးတူးလြမ္ ကေတာ့ “ဒီမွာေရႀကီးတုန္းက ဒီျမစ္ႀကီးနားမွာ မိုးသိပ္မႀကီးဘူး။မိုးမ႐ြာဘူး။အထက္ဘက္မွာ မိုးႀကီးလို႔ျဖစ္တာ” လို႔ ဆိုပါတယ္။

ျမစ္ႀကီးနားၿမိဳ႕ရဲ႕ စိုးရိမ္ေရအမွတ္ဟာ ၁၂၀၀ စင္တီမီတာပါ။ဇူလိုင္လ ၁၃ ရက္ေန႔မွာေတာ့ စိုးရိမ္ေရအမွတ္ကို ေက်ာ္လြန္ခဲ့ပါတယ္။မိုး/ဇလ စာရင္းေတြအရ ျမစ္ႀကီးနားၿမိဳ႕မွာ အဆိုးဆုံးျမစ္ေရလႊမ္းမိုးမႈ ျဖစ္စဥ္ေတြျဖစ္တဲ့ ၁၉၇၉ ခုႏွစ္မွာ ၁၄၁၃ စင္တီမီတာ၊ ၁၉၉၇ ခုႏွစ္မွာ ၁၄၁၁ စင္တီမီတာ၊ ၂၀၀၄ ခုႏွစ္မွာ ၁၄၀၇ စင္တီမီတာထိ ဧရာဝတီျမစ္ေရက တက္ခဲ့ပါတယ္။ယခုျမစ္ေရႀကီးျမင့္မႈဟာ ယခင္စံခ်ိန္ေတြကို လိုက္မမွီခဲ့ေပမယ့္ လူဦးေရပိုမိုထူထပ္ မ်ားျပားလာျခင္း၊ အေဆာက္အဦးေတြ ပိုမိုမ်ားျပားလာျခင္းတို႔ေၾကာင့္ ေဒသခံေတြအတြက္ စိုးရိမ္စရာအေျခအေနေတြကို ေတြ႕ႀကဳံခဲ့ရပါတယ္။

ကခ်င္ျပည္နယ္ မိုး/ဇလ ျပည္နယ္ဦးစီးအရာရွိ ဦးႏိုင္လင္းေထြး ကေတာ့ “၁၅ ႏွစ္အတြင္းမွာေတာ့ ျမစ္ႀကီးနား စိုးရိမ္ေရအမွတ္ ၁၂၀၀ စင္တီမီတာကို ေက်ာ္တယ္ေပါ့။၉၀၀ ေက်ာ္ ၁၀၀၀ ကေတာ့ အၿမဲတမ္းေရာက္တာမ်ားတယ္။ဇြန္၊ ဇူလိုင္၊ ၾသဂုတ္၊ စက္တင္ဘာက မိုးတြင္းကာလေလ။မိုးတြင္းကာလမွာ ေရႀကီးေရလွ်ံမႈကေတာ့ မဆန္းဘူး။အေပၚမွာ မိုးမ်ားမယ္ဆိုတာလည္း မဆန္းဘူးေလ။ဇြန္၊ ဇူလိုင္၊ ၾသဂုတ္၊ စက္တင္ဘာ အထိက အၿမဲတမ္းျမစ္ေရႀကီးဖို႔ အေနအထားရွိတယ္” လို႔ ဆိုပါတယ္။

တစ္ခါတရံမဟုတ္ဘဲ ပုံမွန္လိုျဖစ္လာတဲ့ သဘာဝေဘးေတြအတြက္ ျပင္ဆင္ထားဖို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က “ရာသီဥတုေျပာင္းလဲမႈေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚလ်က္ရွိပါေၾကာင္း၊ ယခင္က ျဖစ္ေလ့ျဖစ္ထ မရွိခဲ့ေသာ္လည္း ယခုအခါမျဖစ္ဘူးသည့္ ေျပာင္းလဲမႈမ်ား ျဖစ္ေပၚလ်က္ရွိပါေၾကာင္း၊ ယင္းေျပာင္းလဲမႈမ်ားမွာ ပုံေသသေဘာ ျဖစ္လာမယ္” လို႔  ၿပီးခဲ့တဲ့ႏွစ္ ဇူလိုင္လတုန္းက ကရင္ျပည္နယ္ကို သြားေရာက္စဥ္ ေဒသခံေတြကို သတိေပးခဲ့ပါတယ္။

ကခ်င္ျပည္နယ္ရဲ႕ မုတ္သုန္ရာသီဥတုက ပူတာအို အထက္ပိုင္းမွာ ျဖစ္ေပၚၿပီး အထက္ပိုင္းေဒသေတြ မိုးႀကီးတဲ့အခါ ျမစ္ႀကီးနားတစ္ေလွ်ာက္ ျမစ္ေရေတြပါ လိုက္ႀကီးကုန္ပါတယ္။ဒီလိုေရႀကီးတာဟာ တ႐ုတ္ျပည္ကေန စတင္စီးဆင္းတဲ့ ေမချမစ္ေၾကာင့္ တစ္စိတ္တစ္ပိုင္း ပါပါတယ္။

“မုတ္သုန္က ပူတာအို အထက္ပိုင္းမွာဘဲ တည္ရွိတာကိုး။အေပၚမွာ မိုး႐ြာတဲ့အေပၚမွာဘဲ မူတည္ၿပီးမွ ျဖစ္လာမွာကိုး။ေရက ေမခနဲ႔ မလိခက ဆင္းလာတာ။တ႐ုတ္ျပည္မွာလည္း တခ်က္ျပန္ၾကည့္ရတယ္။တ႐ုတ္ျပည္က ဆင္းလာတဲ့ ေမခက ရွိေသးတယ္ေလ” လို႔  ဦးႏိုင္လင္းထြန္း က  ဆက္ေျပာပါတယ္။

ေရႀကီးမႈေတြ ဘာေၾကာင့္ျဖစ္သလဲ

ျမစ္ေၾကာင္းတေလွ်ာက္ ေရႀကီးျခင္းရဲ႕ အဓိကတရားခံက သစ္ေတာသစ္ပင္ေတြ မရွိတဲ့အတြက္ျဖစ္ၿပီး မိုး႐ြာသြန္းမႈပုံစံေတြ ေျပာင္းလဲလာလို႔လည္း ျမစ္ေရႀကီးမႈေတြ ျဖစ္ေပၚတယ္လို႔ ပညာရွင္ေတြက ဆိုၾကပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ရာသီဥတုေျပာင္းလဲမႈ ျဖစ္စဥ္ေတြေၾကာင့္ မိုးအဆက္မျပတ္႐ြာသြန္းျခင္း၊ ေရနဲ႔ ေျမႀကီးကို ထိန္းထားတဲ့ သစ္ေတာသစ္ပင္ေတြ မရွိတဲ့အတြက္ သဲႏုန္းေတြ ျမစ္အတြင္းက်ဆင္းၿပီး ျမစ္ၾကမ္းျပင္ ျမင့္တက္လာတာေၾကာင့္ ျဖစ္တယ္လို႔ ေရလမ္းေၾကာင္းနဲ႔ ပတ္သက္တဲ့ သုေတသနလုပ္ငန္းဆိုင္ရာ လုပ္ကိုင္ေနတဲ့ ဦးခ်ိဳခ်ိဳ က ဆိုပါတယ္။

“၁ ရက္ထဲမွာ ၃ လက္မ႐ြာတဲ့မိုး၊ ၄ လက္မ႐ြာတဲ့မိုး အရင္တုန္းက ေတာ္ေတာ္ရွားရင္ရွားမယ္ ခုက ေရအိုးသြန္ခ်သလို ႐ြာတဲ့မိုးေတြေၾကာင့္ ျဖစ္တယ္။တစ္ရက္အတြင္းမွာ အမ်ားႀကီး႐ြာခ်တယ္။ကမ္းကမႏိုင္ေတာ့ဘဲ ကမ္းကိုေက်ာ္တဲ့ သဘာဝရွိပါတယ္။ျမစ္ေၾကာင္းေျပာင္းလဲမႈေတြ ျဖစ္လာတယ္။ျမစ္ထဲမွာ သဲေသာင္ေတြ အမ်ားႀကီးျဖစ္လာတယ္။ျမစ္ရဲ႕ၾကမ္းျပင္ ျမင့္လာတဲ့အတြက္ အရင္တုန္းက ေရမႀကီးတဲ့ေနရာေတြ ေရႀကီးလာတယ္။သဲႏုန္းေတြ ဘာေၾကာင့္ျမင့္တက္လာလဲဆိုရင္ အေပၚဘက္က ေရေဝေရလဲေဒသက သဲႏုန္းေတြဆင္းလာလို႔ ျဖစ္တယ္။သဲႏုန္းေတြ ဘာလို႔အမ်ားႀကီးဆင္းလာလဲဆိုရင္ သစ္ပင္မရွိလို႔။ေရေဝေရလဲဧရိယာမွာ သစ္ပင္မရွိျခင္းက ျမစ္ေတြကို ေကာင္းေကာင္းဒုကၡေပးလာတယ္” လို႔ ေထာက္ျပခဲ့ပါတယ္။

သူ႔လိုဘဲ မိုး/ဇလ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦး က ေရႀကီးေရလွ်ံမႈ ျဖစ္စဥ္ေတြဟာ ျမစ္ၾကမ္းျပင္ ျမင့္တက္လာမႈ၊ မိုး႐ြာသြန္းမႈ ပုံစံေျပာင္းလဲလာမႈတို႔ေၾကာင့္လို႔ ဆိုပါတယ္။

“ေရႀကီးေရလွ်ံမႈျဖစ္တဲ့ အဓိက ကေတာ့ ရာသီဥတုေျပာင္းလဲမႈေၾကာင့္ေပါ့။အခ်ိန္တိုေလးအတြင္းမွာ မိုးအေျမာက္အမ်ား ႐ြာတဲ့အတြက္ေၾကာင့္ပါ။အရင္တုန္းက မိုး႐ြာၿပီဆိုလည္း သစ္ေတာသစ္ပင္ရွိေတာ့ အခ်ိဳ႕ေရကို စုပ္ယူထားတယ္။နည္းပါးေတာ့ ႐ြာသမွ်ေရက ျမစ္ထဲေရာက္တဲ့ အေနအထားေလးေတြရွိတယ္။ေရတင္မဟုတ္ဘဲ ေျမႀကီးေတြပါေရာက္ေတာ့ ၾကမ္းျပင္ျမင့္တက္လာတဲ့ အေနအထားေလးေတြ ျဖစ္တယ္” လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံဟာ အျခားေသာႏိုင္ငံမ်ားလို ႏိုင္ငံရဲ႕ အဓိကျမစ္အထက္ပိုင္းေတြမွာ ေရဒလေဟာစီးဆင္းမႈကို အထိုက္အေလွ်ာက္ ထိန္းသိမ္းဖို႔ ေရကာတာေတြ မရွိတာကလည္း ျမစ္ေရႀကီးမႈကို ထိန္းခ်ဳပ္ဖို႔ ခက္ခဲေစခဲ့တာ ျဖစ္ပါတယ္။အထူးသျဖင့္ ဧရာဝတီျမစ္နဲ႔ ခ်င္းတြင္းျမစ္ အထက္ပိုင္းေတြမွာ ေရကိုထိန္းသိမ္း သိုေလွာင္ႏိုင္တဲ့ ေရကာတာေတြမရွိျခင္း၊ ေဆာက္လုပ္ရန္ ခက္ခဲကန႔္ကြက္မႈေတြ ရွိေနျခင္းကလည္း  ျမစ္ေရႀကီးမႈကို ထိန္းခ်ဳပ္ဖို႔ ခက္ခဲေစတဲ့ အေၾကာင္းအရင္းတစ္ခုလည္း ျဖစ္ပါတယ္။

ေရႀကီးမႈနဲ႔ ကမ္းပါးၿပိဳမႈေတြကို ဘယ္လိုကာကြယ္မလဲ

ေရႀကီးေရလွ်ံမႈမ်ား ကမာၻ႔ႏိုင္ငံအသီးသီးမွာ ျဖစ္ေပၚလွ်က္ရွိၿပီး ေရႀကီးေရလွ်ံမႈ မျဖစ္ေပၚဖို႔ လုပ္ေဆာင္ရန္မွာ ခက္ခဲၿပီး အခ်ိန္ယူႀကိဳးစားရမွာျဖစ္တယ္လို႔ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာန ၫႊန္ၾကားေရးမႉး ေဒၚျဖဴလဲ့လဲ့ထြန္း က ဆိုပါတယ္။

“ေရႀကီးေရလွ်ံ မျဖစ္ေအာင္လုပ္ဖို႔က ေတာ္ေတာ္ခက္ခဲတယ္။ႏိုင္ငံေတြထဲမွာ ႏိုင္ငံတိုင္း ႏိုင္ငံတိုင္း ၾကည့္ရင္လည္း ျဖစ္ေတာ့ျဖစ္မယ္ ဒါေပမယ့္ ထိခိုက္မႈေတြ ေလ်ာ့နည္းေအာင္ေတာ့ လုပ္လို႔ရႏိုင္ပါတယ္။မျဖစ္ေအာင္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ား ၾကည့္ရင္လည္း ႀကိဳးစားၿပီးလုပ္တယ္။ေလ်ာ့နည္းေအာင္ေတာ့ လုပ္လို႔ရတယ္။
မျဖစ္ေအာင္ေတာ့ ေတာ္ေတာ္ႀကီးကို အခ်ိန္ယူၿပီးလုပ္ရမယ့္ ကိစၥမ်ိဳးလို႔ ကြၽန္မတို႔ သုံးသပ္ပါတယ္” လို႔ ဆိုပါတယ္။

မိုး/ဇလ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေက်ာ္မိုးဦး ကေတာ့ ျမစ္ေရႀကီးမႈနဲ႔ ကမ္းပါးၿပိဳက်မႈေတြကို ကာကြယ္ရန္ သစ္ေတာသစ္ပင္ေတြကို ျပဳစုပ်ိဳးေထာင္ရမွာျဖစ္ၿပီး ေရစီးေရလာ ေကာင္းမြန္ရန္ ျမစ္ေခ်ာင္းမ်ားကို ေျဖာင့္တန္းေအာင္ ျပဳလုပ္ရမွာျဖစ္တယ္လို႔ ဆိုပါတယ္။

“ျမစ္ကမ္းပါးၿပိဳမႈကို ထိန္းႏိုင္တဲ့ ေရစီးေရလာေကာင္းေအာင္ လုပ္ဖို႔ဆိုရင္ ျမစ္ေတြကို ေျဖာင့္တန္းေအာင္ လုပ္ရမယ္။ျမစ္ကမ္းပါးေတြမွာ ႏုံးအနည္းအႏွစ္ေတြ မက်ႏိုင္ေအာင္ ျမစ္ကမ္းပါးထိန္းတာေတြ ေဆာက္တာတို႔ ဒါမွမဟုတ္ ကမ္းပါးက ေျမစာေတြမပါေအာင္ ျမက္ေတြစိုက္တာတို႔ လုပ္ရမယ္” လို႔ ဆိုပါတယ္။

စိုက္၊ ေမြး၊ ဆည္ ဝန္ႀကီးဌာန ဒု-အၿမဲတမ္းအတြင္းဝန္ ဦးမ်ိဳတင့္ထြန္း က ဒီလို ကမ္းပါးၿပိဳတာေတြ ေရႀကီးတာေတြကို ကာကြယ္ဖို႔အတြက္ဆိုရင္ “ေရစီးေရလာေကာင္းေအာင္ လုပ္ေပးလိုက္ရင္ ေရမႀကီးေတာ့ဘူး။အထူးသျဖင့္ ျပည္နယ္တိုင္းေတြမွာရွိတဲ့ ေခ်ာင္းေတြ ေျမာင္းေတြ အဲ့ဒါေတြက အခ်ိဳ႕တိမ္ေကာတာေတြမ်ားတယ္။တိမ္ေကာတာေတြ မ်ားတဲ့အခါက်ေတာ့ ျမစ္လမ္းေၾကာင္းေျပာင္းတာေတြ ေရဝင္တာမ်ားလို႔ရွိရင္ တိမ္သြားတဲ့အတြက္ သူက အေပၚကိုတက္လာတာေပါ့ဗ်ာ။အမွန္က ေခ်ာင္းေကာ ေျမာင္းေကာေတြ ျပန္တူးေဖာ္ၿပီး ေရစီးေရလာေကာင္းသြားခဲ့ရင္ ေရႀကီးတဲ့ဒဏ္ ကာကြယ္လို႔ရတာေပါ့” လို႔ အႀကံျပဳခဲ့ပါတယ္။

ဒီလို ျမစ္ေၾကာင္းျပန္ေဖာ္တာအျပင္ သစ္ေတာသစ္ပင္ေတြကို ျပဳစုပ်ိဳးေထာင္ဖို႔နဲ႔  စိုက္ပ်ိဳးလိုက္တဲ့ သစ္ပင္ေတြ အမွန္တကယ္ ဖြံ႕ၿဖိဳးရွင္သန္ဖို႔လည္း လိုေသးတယ္လို႔ ဦးခ်ိဳခ်ိဳ က ဆိုပါတယ္။

“ျမစ္ေၾကာင္းေတြ ျပန္ေကာင္းဖို႔ဆိုရင္ သဲေတြျပန႔္မလာေအာင္ သစ္ေတာေတြ ျပန္စိုက္ေပါ့။အခုစိုက္ေနတာ ၁၀၀ စိုက္ရင္ ၅ ပင္ေလာက္ ရွင္ခ်င္ရွင္တယ္။အဲလိုမ်ိဳးေတာ့ မရဘူး” လို႔ ဆိုပါတယ္။

ေရႀကီးေရလွ်ံမႈကို ထိန္းဖို႔အတြက္ အဓိကျမစ္ႀကီးေတြမွာ တာတမံေတြ ျပဳလုပ္သလို ထိန္းထားတဲ့ ေရအရင္းအျမစ္ကေန ႏိုင္ငံအတြက္ လိုအပ္တဲ့ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္တာေတြကို ႏိုင္ငံအေတာ္မ်ားမ်ားက ယခင္ကတည္းက လုပ္ခဲ့ၾကပါတယ္။

ဒီလိုလုပ္တဲ့ထဲမွာ အေမရိကန္ျပည္ေထာင္စုက အထင္ရွားဆုံးပါဘဲ။အေမရိကန္ႏိုင္ငံဟာ ၁၉၃၁ ခုႏွစ္ ကာလေတြက စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ရန္အတြက္ အေျခခံအေဆာက္အအုံျဖစ္တဲ့ စြမ္းအင္က႑ လိုအပ္ေနခ်ိန္မွာ ဟူးဗား ေရေလွာင္တမံ ျပဳလုပ္ၿပီး ေရအရင္းအျမစ္ေတြကို ထိန္းခ်ဳပ္ကာ လွ်ပ္စစ္ဓာတ္အားေတြ ထုတ္လုပ္ခဲ့တဲ့အတြက္ တိုင္းျပည္ရဲ႕ စီးပြားေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈ အလွည့္အေျပာင္း ျဖစ္ေပၚလာခဲ့ၿပီး တိုင္းျပည္တိုးတက္မႈေတြ ျဖစ္ေပၚလာခဲ့ပါတယ္။ဟူးဗား ေရေလွာင္ကန္ တည္ေဆာက္ထားတဲ့ (Meda Lake) ေလွာင္ကန္အတြင္းမွာ ဝင္ဆန႔္ႏိုင္တဲ့ ေရထုတည္ ပမာဏဟာ ၁၉.၆ ဘီလ်ံ ကုဗမီတာျဖစ္ၿပီး ေရလႊမ္းမိုးလာႏိုင္ေျခကို ကာကြယ္ေပးႏိုင္တဲ့ ဝင္ဆန႔္ပမာဏဟာ ၁၁.၇ ဘီလ်ံ ကုဗမီတာ ျဖစ္ပါတယ္။ေရကာတာ တည္ေဆာက္မႈ ၿပီးစီးခဲ့တဲ့ေနာက္မွာ ေကာ္လိုရာဒိုျမစ္ရဲ႕ ေရလႊမ္းမိုးမႈ ေဘးအႏၲရာယ္ကို ေလွ်ာ့ခ်လာႏိုင္ခဲ့လို႔ ျမစ္တစ္ေလွ်ာက္ေန ျပည္သူေတြရဲ႕ စိုးရိမ္စိတ္ကိုလည္း ေလ်ာ့နည္းေစခဲ့ပါတယ္။

ေနာက္ထင္ရွားတဲ့တစ္ခုက ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္းႏိုင္ငံတစ္ခုျဖစ္တဲ့ တ႐ုတ္ႏိုင္ငံမွာပါ။တ႐ုတ္ျပည္ရဲ႕ အဓိကျမစ္ျဖစ္တဲ့ ယန္စီျမစ္ဟာ မိုးရာသီေရာက္တိုင္း တ႐ုတ္ျပည္သူေတြကို ေရႀကီးေရလႊမ္းမိုးမႈနဲ႔ အသက္အိုးအိမ္ စည္းစိမ္ေတြကို ဖ်က္ဆီးေနတာ ႏွစ္ေပါင္း ရာစုနဲ႔ခ်ီေနပါၿပီ။ဒါကို ထိန္းခ်ဳပ္ဖို႔ ယန္စီျမစ္ေပၚမွာ ကမာၻ႔အႀကီးဆုံး ေရကာတာႀကီးျဖစ္တဲ့ Three Gorges Dam ကို ယြမ္၂၀၃ဘီလ်ံ (အေမရိကန္ေဒၚလာ ၁ ဒသမ ၇၆၅ ဘီလ်ံ) အကုန္ခံၿပီး တည္ေဆာက္ကာ ယန္စီျမစ္ကို ထိန္းခ်ဳပ္ခဲ့ပါတယ္။ယင္းေရကာတာႀကီးဟာ ၆၀၇ ေပ ျမင့္ၿပီး ၇၆၆၀ ေပ ရွည္လ်ားကာ အေမရိကန္ႏိုင္ငံမွ ကမာၻေက်ာ္ ဟူးဗား ေရကာတာႀကီးထက္ ငါးဆႀကီးမားပါတယ္။လက္ရွိအခ်ိန္မွာ တ႐ုတ္ႏိုင္ငံ အထက္ပိုင္းက ျမစ္ေရကို စုေဆာင္းကာ ေရႀကီးေရလွ်ံမႈကို အကာအကြယ္ေပးၿပီး တိုင္းျပည္အတြက္ လွ်ပ္စစ္ဓာတ္အားေတြကို အႏၲရာယ္ကင္းစြာ ထုတ္ေပးေနတာကို ေတြ႕ရပါတယ္။

ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံေတြမွာ ျမစ္ေရႀကီးမႈေတြ ျဖစ္ေပၚလာပါက ျမစ္လမ္းေၾကာင္း ေျပာင္းလဲၿပီး ျမစ္ေရက်ဆင္းတဲ့ အခ်ိန္မွသာ ထိန္းသိမ္းထားတဲ့ ျမစ္ေရကို ျပန္လည္လႊြတ္ခ်ေပးမႈေတြကို လုပ္ကိုင္လွ်က္ရွိပါတယ္။

“ဂ်ပန္တို႔ ဘာတို႔ဆီမွာေတာ့ ေရတက္လာရင္ တျခားေနရာကို လႊဲလိုက္တယ္။ေရျပန္က်သြားၿပီဆိုမွ လႊဲထားတဲ့ေရကို ျပန္စီးဆင္းေစတယ္” လို႔ ဦးေက်ာ္မိုးဦး က ဆိုပါတယ္။

ႏိုင္ငံတကာမွာ ဆည္၊ တာတမံမ်ား တည္ေဆာက္ၿပီး ျမစ္ေရႀကီးျမင့္ႏိုင္သည့္ အခ်ိန္တြင္ ေရကိုစုေဆာင္းၿပီး ေရနည္းပါးသည့္အခ်ိန္ ျပန္လည္ထုတ္လႊတ္ေပးျခင္းျဖင့္ ေရႀကီးျမင့္မႈအခ်ိဳ႕ကို ကာကြယ္မႈေပးႏိုင္တယ္လို႔ ဦးမ်ိဳးတင့္ထြန္း က ဆိုပါတယ္။

“ႏိုင္ငံတကာမွာ ဆည္ေျမာင္း တာတမံေတြ တည္ေဆာက္ၿပီး ေရႀကီးေရလွ်ံမႈေတြကို ကာကြယ္တာေတြက ရွိပါတယ္။အာရွတိုက္မွာ အထူးသျဖင့္ ပင္လယ္နဲ႔ထိစပ္တဲ့ ေနရာေတြမွာေတာ့ အဲ့စနစ္က ေတာ္ေတာ္ေလး အသုံးဝင္တာေပါ့။ဆည္ဆိုတာက ေရကိုေလွာင္တာကိုး။မိုးေရေပါ့ ေရဝပ္ဧရိယာကေန ေရေတြကိုေလွာင္ၿပီးေတာ့ လိုတဲ့အခ်ိန္မွာ သုံးဖို႔အတြက္ လုပ္တာဘဲ။
တစ္စိတ္တစ္ပိုင္းအားျဖင့္ ေရကို စုေဆာင္းတဲ့နည္းလမ္း ျဖစ္တဲ့အတြက္ ေရႀကီးမႈကို တစ္စိတ္တစ္ပိုင္းကို အေထာက္အကူျဖစ္တယ္” လို႔ ဆိုပါတယ္။

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅ ေထာင္ခန႔္ကပင္ လယ္ယာလုပ္သားေတြဟာ ေရေလွာင္တမံေတြျပဳလုပ္ၿပီး ေျခာက္ေသြ႕တဲ့ ရာသီဥတုေတြမွာ ေရမေလာက္ငွမႈ ျပႆနာေတြကို ေျဖရွင္းခဲ့ၾကပါတယ္။ဂရိႏိုင္ငံမွာ ဘီစီ ၅ ရာစုခန႔္က တည္ေဆာက္ခဲ့တဲ့ အလြန္ေရွးက်တဲ့ သဘာဝမဟုတ္တဲ့ ကန္မ်ားကို ေတြ႕ရွိရၿပီး သီရိလကၤာႏိုင္ငံမွာလည္း “ေရတစ္စက္သည္ အက်ိဳးေက်းဇူးမျပဳဘဲ ပင္လယ္ထဲသို႔ မက်ေစႏွင့္” ဆိုတဲ့ ေဆာင္ပုဒ္အတိုင္း ဘုရင္ႀကီး ဘုရားခရမဘ ၁ လက္ထက္မွာ ႀကီးမားတဲ့ ေရေလွာင္တမံႀကီးကို တည္ေဆာက္ခဲ့ပါတယ္။အဲ့ဒီေရေလွာင္တမံႀကီးရဲ႕ ႀကီးက်ယ္ခိုင္ခန႔္ပုံက  ေရွးေဟာင္းသုေတသနပညာရွင္ေတြကို အံအားသင့္ေစခဲ့ၿပီး ျမန္မာႏိုင္ငံမွာလည္း ပုဂံေခတ္ကတည္းက ဆည္တာတမံေတြ တည္ေဆာက္ခဲ့ၾကပါတယ္။

မိုးေရထိန္းတဲ့ သစ္ေတာအေျခအေန

တိုင္းျပည္ရဲ႕ သစ္ေတာဖုံးလႊမ္းမႈ ၇၀ ရာခိုင္ႏႈန္းခန႔္ ရွိခဲ့တဲ့ ျမန္မာႏိုင္ငံဟာ ၁၉၉၀ ခုႏွစ္ မွ ၂၀၁၀ ခုႏွစ္အတြင္း တိုင္းျပည္ရဲ႕ သစ္ေတာဧရိယာ ၁၉ ရာခိုင္ႏႈန္းခန႔္ ဆုံးရႈံးခဲ့ၿပီး ၂၀၁၀ ခုႏွစ္မွ ၂၀၁၅ ခုႏွစ္အထိ သစ္ေတာဧရိယာရဲ႕ ၈ ဒႆမ ၅ ရာခိုင္ႏႈန္း ထပ္မံဆုံးရႈံးခဲ့ပါတယ္။

သစ္ေတာဦးစီးဌာနရဲ႕ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံ သစ္ေတာျပဳန္းတီးရျခင္းရဲ႕ အဓိကအေၾကာင္းအရင္းေတြက ေျမအသုံးခ်မႈကို အျခားေသာ ရည္႐ြယ္ခ်က္မ်ားတြင္ ေျပာင္းလဲအသုံးျပဳျခင္း၊ သစ္ထုတ္လုပ္မႈက႑တြင္ အလြန္အကြၽံသစ္ထုတ္လုပ္ျခင္း၊ လူဦးေရတိုးပြားလာမႈနဲ႔ ေက်း႐ြာမ်ား ၿမိဳ႕မ်ား ခ်ဲ႕ထြင္လာျခင္း၊ ထင္းႏွင့္ မီးေသြး အသုံးျပဳျခင္း၊ သစ္ႏွင့္ သစ္သား ဝယ္လိုအားမ်ားလာျခင္း၊ ေမွာင္ခို သစ္ထုတ္လုပ္ျခင္းေတြေၾကာင့္ ျဖစ္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

သစ္ေတာသစ္ပင္မ်ား ေလ်ာ့နည္းလာတဲ့အတြက္ သဘာဝေဘးဒဏ္ေတြ ပိုမိုခံစားလာရၿပီး ျပန္လည္ျပဳစုပ်ိဳးေထာင္ျခင္း လုပ္ငန္းေတြကို တစ္ႏိုင္ငံလုံး အတိုင္းအတာအေနနဲ႔ လုပ္ေဆာင္လာခဲ့ၾကပါတယ္။

သစ္ေတာမ်ား လက္ရွိအေျခအေနထက္ ပိုမိုဆိုးမသြားဖို႔နဲ႔ ပိုမိုေကာင္းမြန္လာေရးကို ရည္႐ြယ္ၿပီး ၂၀၁၇ မွ ၂၀၂၆ ခုႏွစ္အထိ ၁၀ ႏွစ္ စီမံကိန္း ေရးဆြဲၿပီး ျမန္မာႏိုင္ငံ သစ္ေတာမ်ား ျပန္လည္တည္ေထာင္ေရး စီမံကိန္းမ်ား အေကာင္အထည္ေဖာ္လွ်က္ရွိၿပီး ပုဂၢလိကစိုက္ခင္း ဖြံ႕ၿဖိဳးတိုးတက္ေရးကို သစ္ေတာဦးစီးဌာနအေနနဲ႔ စီစဥ္ေဆာင္႐ြက္လွ်က္ ရွိပါတယ္။

ျပင္ဦးလြင္ၿမိဳ႕နယ္မွာ ျပင္ပႀကိဳးဝိုင္း သစ္ေတာလုပ္ကြက္ စိုက္ပ်ိဳးေရးလုပ္ငန္းေတြ လုပ္ကိုင္ေနတဲ့ ဦးေအာင္ေဝ က ႏွစ္ရွည္သစ္ပင္မ်ား စိုက္ပ်ိဳးရာမွာ ရွင္သန္ဖို မလြယ္ကူဘဲ အၿမဲတမ္းဂ႐ုစိုက္ လုပ္ကိုင္ရတယ္လို႔ ဆိုပါတယ္။

“သစ္ပင္က စိုက္ၿပီးရင္ ေပါင္းေတြ၊ ျမက္ေတြ မဖုံးသြားေအာင္ ရွင္းေပးရတယ္။မရွင္းေပးရင္လည္း မရွင္ႏိုင္ဘူး။ေႏြေရာက္ရင္ ေရေလာင္းေပးရတယ္။ေတာမီးမေလာင္ ေပါင္းျမက္ေတြရွင္းတာတို႔ မီးတားလမ္းတို႔ လုပ္ေပးရတယ္။ဒီအတိုင္း သစ္ပင္စိုက္ၿပီး ပစ္ထားရင္ ရွင္ဖို႔က ေတာ္ေတာ္မလြယ္ဘူး” လို႔ ဆိုပါတယ္။

သစ္ပင္၊ သစ္ေတာမ်ား ျပန္လည္စိုက္ပ်ိဳးျဖစ္ထြန္းမႈ ေအာင္ျမင္ဖို႔ မလြယ္ကူတဲ့အျပင္ သစ္ခိုးထုတ္မႈေတြကိုလည္း ထိေရာက္စြာ မကာကြယ္ႏိုင္ေသးတဲ့အတြက္ သစ္ေတာ၊ သစ္ပင္မ်ား ထပ္မံဆုံးရႈံးလွ်က္ရွိပါတယ္။သစ္ခိုးထုတ္သူေတြကို ဖမ္းဆီးဖို႔ သစ္ေတာဝန္ထမ္းအင္အားနဲ႔ မျဖစ္ႏိုင္တဲ့အတြက္ ျပည္သူေတြရဲ႕ အင္အားကိုယူၿပီး လုပ္ကိုင္ေနရတယ္လို႔ သစ္ေတာဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးတင္ထြန္း က ဆိုပါတယ္။

မိုးအခါ ေရႀကီးတဲ့ဒဏ္ကို ႏွစ္စဥ္နီးပါး ႀကဳံေတြ႕လာရတဲ့ ျမန္မာႏိုင္ငံဟာ ျမစ္လမ္းေၾကာင္း ေကာင္းမြန္ေစဖို႔၊ သစ္ပင္သစ္ေတာေတြ ျပန္လည္ဖြံ႕ၿဖိဳးလာေစဖို႔ အလ်င္အျမန္ မလုပ္ေဆာင္ႏိုင္တဲ့အတြက္ အျခားေသာနည္းလမ္းေတြနဲ႔ ကုစားဖို႔လိုအပ္လာေနပါၿပီ။

သဘာဝေဘးေတြ၊ ျမစ္ေရႀကီးမႈေတြကို ကာကြယ္ဖို႔ နည္းလမ္းေပါင္းစုံ စဥ္းစားရမွာျဖစ္ၿပီး ေရကိုထိန္းသိမ္းတဲ့ ဆည္၊ ေျမာင္း၊ တာတမံ၊ ေရကာတာေတြက တိုင္းျပည္အတြက္ အက်ိဳးအျမတ္ ျဖစ္လာမလားဆိုတာ ပညာရွင္မ်ား သုံးသပ္ေဆြးေႏြးရမွာ ျဖစ္ပါတယ္။ျမန္မာႏိုင္ငံရဲ႕ အဓိကျမစ္ႀကီးေတြျဖစ္တဲ့ ဧရာဝတီနဲ႔ ခ်င္းတြင္းျမစ္ အထက္ပိုင္းေဒသေတြမွာ တာတမံေတြ တည္ေဆာက္လိုက္ပါက ေရႀကီးေရလွ်ံမႈေတြ ေလ်ာ့နည္းလာဖြယ္ရွိၿပီး ျမစ္ႀကီးနားၿမိဳ႕ရဲ႕ ၅ ႏွစ္ တစ္ႀကိမ္ ေရႀကီးမႈျဖစ္စဥ္ေတြကို ႏွစ္ ၂၀ လွ်င္ ၁ ႀကိမ္သာ ေရႀကီးေအာင္ ေလွ်ာ့ခ်ႏိုင္မွာ ျဖစ္တယ္လို႔ စစ္တမ္းေတြက ဆိုပါတယ္။

ဆည္၊ တာတမံ၊ ေရကာတာေတြနဲ႔ ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္ေနၾကတဲ့ ကမာၻ႔ႏိုင္ငံေတြရဲ႕ လုပ္ေဆာင္ေနမႈ အက်ိဳးအျပစ္ေတြကို ေလ့လာသုံးသပ္ၿပီး တိုင္းျပည္အတြက္ အက်ိဳးအျမတ္ျဖစ္ေစမယ့္ ေဆာင္႐ြက္မႈေတြကို အလွ်င္အျမန္ေဆာင္႐ြက္မွသာ ျပည္သူေတြရဲ႕ အသက္အိုးအိမ္ စည္းစိမ္ေတြပ်က္စီးမႈ ေလ်ာ့နည္းပေပ်ာက္လာမွာ ျဖစ္ပါတယ္။

အံ့ေဝး
ဇူလိုင္ - ၃၀