【 ခရီးသွား ဆောင်းပါး 】 “ကမ်းပြိုတောင်သွား …. တောလား”

【 ခရီးသွား ဆောင်းပါး 】 “ကမ်းပြိုတောင်သွား …. တောလား”

သံလွင်မြစ်ဝကျွန်းပေါ်မှာ တည်ရှိတဲ့ မော်လမြိုင်မြို့ဟာ မြန်မာနိုင်ငံရဲ့ တောင်ဘက်ပိုင်းမှာ တည်ရှိပြီး သံလွင်မြစ်နဲ့ အတ္ထရံမြစ်ကမ်းရိုးတလျှောက်၊ အရှေ့ဘက်မှာရှိတဲ့ တောင်တန်းတွေကြားမှာ တည်ရှိတဲ့မြို့ ဖြစ်ပါတယ်။

မွန်ပြည်နယ်သည် ယခင်က တနင်္သာရီတိုင်းအတွင်း ပါဝင်ခဲ့ပြီး ၁၉၇၂ ခုနှစ် တော်လှန်ရေးကောင်စီ လက်ထက်တွင် မော်လမြိုင်ခရိုင်နဲ့ သထုံခရိုင်တို့ကို တနင်္သာရီတိုင်း အမှတ် ၁ အဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံတော်ကောင်စီ လက်ထက်ဖြစ်သည့် ၁၉၇၄ ခုနှစ်တွင် တနင်္သာရီအမှတ် ၁ ကို မွန်ပြည်နယ်အဖြစ် သတ်မှတ်ကာ မော်လမြိုင်မြို့ကို မြို့တော်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့တဲ့ မော်လမြိုင်မြို့ဟာ ရှည်လျားတဲ့ သမိုင်းကြောင်းတွေနဲ့အတူ သမိုင်းဝင်အဆောက်အဦး၊ စေတီ၊ ကျောင်းကန်ဘုရား၊ သာသနိကအဆောက်အဦးတွေနဲ့ ပြည့်နှက်လို့နေတဲ့ ဒေသတစ်ခုဖြစ်သလို မော်လမြိုင်မြို့ရဲ့ အထင်ကရစေတီတော်ဖြစ်တဲ့ ကျိုက်သလ္လံစေတီတော်ကြီးက မော်လမြိုင်မြို့ကို ထီးတည်းမိုးထားပါတယ်။

မော်လမြိုင်မြို့ရဲ့ အထင်ကရစေတီတော်ကြီးဖြစ်တဲ့ ကျိုက်သလ္လံစေတီတော်ကြီးဟာ မြို့ရဲ့အရှေ့ဖက် “သင်လာ်” တောင်စွယ်မှာ တည်ရှိပြီး ဉာဏ်တော်အမြင့် ပေ ၁၅၀၊ ဖိနပ်တော်အဝန်း ပေ ၄၅၀ ရှိပြီး စေတီရံပေါင်း ၃၄ ဆူ ရှိပါတယ်။

စေတီတော်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃၀၀ ခန့်က ရမ္မာဝတီခေါ် မော်လမြိုင်ဘုရင် မွှိန်းပွန်းဒူးရပ် က သုဝဏ္ဏဘူမိမှ ဘုရားရှင်ရဲ့ သွားတော်ဓာတ်တစ်ဆူကို စေတီတည်ထားကိုးကွယ်ရန် မြေနေရာရှာဖွေရာကနေ အရှေ့ဘက်မှာရှိတဲ့ မြင့်မြတ်တဲ့မြေနေရာကိုတွေ့ရှိပြီး စေတီတည်ခဲ့တာပါ။“သင်လာ်” ဆိုတာ  မူလက အဲ့ဒီမြေနေရာရဲ့ တောင်ခြေဟာ ပင်လယ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျဖူးတဲ့အတွက် ကမ်းပြိုတောင် သို့မဟုတ် ကမ်းပျက်တောင်လို့ မွန်ဘာသာဖြင့် အဓိပ္ပာယ်ရတဲ့ “သင်လာ်” တောင်လို့ အမည်ခေါ်တွင်ခဲ့တာပါ။အဲ့ဒီတောင်ပေါ်မှာ ကျိုက်သလ္လံစေတီတော်ကြီးကို တည်ထားကိုးကွယ်ခဲ့ကြပါတယ်။

ကျိုက်သလ္လံစေတီတော်ကြီး တည်ထားကိုးကွယ်ရာတောင်သည် သက်နုမြေသားတောင်ဖြစ်ပြီး ကမ်းပြိုတောင်အမည်နှင့် လျော်ညီစွာပင် တောင်ကမ်းပါးများ ပြိုကျခဲ့ဟန်ရှိပြီး အရှေ့ဘက်နဲ့ အနောက်ဘက်မှာရှိတဲ့ ကမ်းပါးတွေဟာမြင့်မားမတ်စောက်နေပါတယ်။၁၉၄၅ ခုနှစ်ကလည်း ကျိုက်သလ္လံစေတီတော် ကုန်းမြေ ၃ ပုံ ၁ ပုံခန့် ပြိုကျပျက်စီးခဲ့ပြီး မြို့သူမြို့သားများနဲ့ စေတနာရှင်များ စုပေါင်းပြီး ပြုပြင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။

မကြာခင်ကဖြစ်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇွန်လ ၁၇ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတွေကြောင့် ကျိုက်သလ္လံစေတီတော်ကြီးရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်မှာရှိတဲ့ တောင်စောင်းတွေ မြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

ထိုစဉ်က မြေပြိုကျမှု  ဖြစ်စဉ်တွေကို နိုင်ငံတော်အစိုးရမှဦးဆောင်ကာ အချိန်နဲ့တပြေးညီ ပြုပြင်မှုတွေပြုလုပ်ခဲ့ကြပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတကာနည်းပညာများအတိုင်း ပြုပြင်မှုတွေ ပြုလုပ်နေတဲ့အတွက် ပြုပြင်မှုတွေဟာ အချိန်တိုအတွင်းပြီးစီးနိုင်ခြင်းမရှိဘဲ ၂၀၂၀ ခုနှစ် ဇန်နဝါရီလအထိ ပြုပြင်မှုတွေကို ဆက်လက်လုပ်ကိုင်လျှက်ရှိကြပါတယ်။

ကျိုက်သလ္လံစေတီတော် ဂေါပကဥက္ကဌ ဦးမြင့်ဦး က “ကျွန်တော်တို့နည်း ကျွန်တော်တို့ဟန်နဲ့ ပြုပြင်မယ်ဆိုရင် ပြီးနေတာကြာပြီ။ဒါပေမယ့် ရေရှည်စိတ်ချရဖို့ မသေချာဘူး။အခုက နိုင်ငံတကာနည်းပညာတွေအတိုင်း ပြုပြင်နေတဲ့အတွက် ပြီးဆုံးဖို့ကအချိန်တွေကြာဦးမယ်။တောင်ကမ်းပါးတွေကိုပြုပြင်မယ်။ပြီးရင် ရေမြောင်းတွေလုပ်ဦးမယ်။
ရင်ပြင်တော်ကိုလည်း ထပ်ပြီးပြုပြင်မှုတွေလုပ်ဦးမယ်” လို့ ဆိုပါတယ်။

တောင်ကမ်းပါးနံရံများကို ပြုပြင်ရာတွင် ကွန်ကရစ်နံရံများပြုလုပ်ပြီး ယင်းနံရံများအတွင်း စတီးကြိုးများ ထည့်သွင်း၍ ရေရှည်တည်တံ့စေရန် ပြုပြင်မှုတွေပြုလုပ်နေကြပြီး မိုးရာသီမရောက်မီ ရေမြောင်းများပြီးစီးရန် လိုအပ်တယ်လို့ ဆိုပါတယ်။

“ကွန်ကရစ်လောင်းပြီးရင် အပေါက်ချန်ပြီး အဲ့အထဲကနေ လွန်နဲ့ ပေ ၇၀ နီးပါးလောက် စတီးကြိုးထည့်မယ်။စတီးကြိုးကို ဘိလပ်မြေဖျော်ပြီးတော့ မှုတ်ထည့်မယ်။ဒီစတီးကြိုးက ပြန်မထွက်တော့ဘူးပေါ့။ဝေါပလပ်ရိုက်သလိုပေါ့။ရေမြောင်းတွေလည်း ပတ်လည်လုပ်မယ်။ရေမြောင်းက အရေးကြီးတယ်။မိုးမကျခင် ပြီးဖို့အရေးကြီးတယ်” လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်ကလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ၊ တောင်ပြိုကျမှုများ မွန်ပြည်နယ်တွင်ဖြစ်ပွားခဲ့ပြီး ပေါင်မြို့နယ်၊ သဲဖြူကုန်းကျေးရွာတွင် မလတ်တောင် မြေပြိုကျမှုဖြစ်ပွားကြောင့် လူအမြောက်အများ သေဆုံးခဲ့ကြပါတယ်။

မြေပြိုကျမှုဖြစ်ပေါ်ခဲ့တဲ့ ကျိုက်သလ္လံစေတီတော်ကြီးရဲ့ တောင်ကမ်းပါးနံရံတွေကို ပြုပြင်မှုတွေဟာ ၂၀၁၉ ခုနှစ် မိုးရာသီကာလအတွင်း ပြုပြင်မှုမပြီးဆုံးခဲ့ပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူများရဲ့ကြီးကြပ်ကွပ်ကဲမှုနဲ့အတူ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့တဲ့အတွက် မြေပြိုကျမှုများ ထပ်မံမဖြစ်ပွားအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဦးမြင့်ဦး က ဆိုပါတယ်။

“ရေစိမ့်ဝင်နိုင်တဲ့နေရာတွေကို မြေဖို့တယ်။ရေမဝပ်နိုင်အောင်လုပ်တယ်။သက်ဆိုင်ရာ တာဝန်ရှိသူတွေလာပြီးတော့ ဘာတွေလုပ်ရမယ်ဆိုတာ ညွှန်ကြားတယ်။မြေပြိုမှုတွေ ဆက်မဖြစ်ဘူး” လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ အရှေ့ဘက်မုခ်မှာရှိတဲ့ ဓာတ်လှေကားမှ ဘုရားရင်ပြင်တော်သို့ စက်လှေခါးဖြင့် တက်ရောက်ဖူးမျှော်နိုင်ပြီး အနောက်ဘက်မုဒ် တောင်ပေါ်တန်းလမ်းမပေါ်မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့အတွက် လမ်းကိုပိတ်ဆို့ထားပြီး မော်တော်ယာဉ်များသွားလာခွင့်ကို ပိတ်ပင်ထားပါတယ်။မော်တော်ယာဉ်သွားလာခွင့်ကို ပိတ်ပင်ထားပေမယ့် အနောက်ဘက်မုဒ်မှ ရင်ပြင်တော်ပေါ်သို့ စက်လှေကား၊ ခြေလျှင်တက်ရောက်နိုင်ဖို့ ဖွင့်လှစ်ထားပါတယ်။

ဘုရားရင်ပြင်တော်မှာတော့ ကမ်းပါးနံရံတွေ ပြိုကျပျက်စီးခဲ့တဲ့ နေရာအနီးတစ်ဝိုက်ကို အန္တရာယ်ဇုန်အဖြစ် သတ်မှတ်ပြီး သွားလာခွင့်ပိတ်ပင်ကာ ပြုပြင်မှုတွေ လုပ်ဆောင်လျှက်ရှိပါတယ်။အန္တရာယ်ဇုန် အပြင်ဘက်မှာရှိတဲ့ ရင်ပြင်တော်မှာလည်း မြေနိမ့်ကျမှုများ သိသိသာသာဖြစ်ပေါ်နေပြီး အက်ကွဲကြောင်းတွေကို ယာယီပြုပြင်မှုတွေ ပြုလုပ်ထားတာကို တွေ့မြင်ရပါတယ်။

ရင်ပြင်တော်မှာ ပြုပြင်မှုတွေ ပြုလုပ်နေတဲ့အတွက် ကျိုက်သလ္လံစေတီတော်မြတ်ကြီးကို ၂၀၁၉ ခုနှစ်အတွင်း ရွှေသင်္ကန်းကပ်လှူနိုင်ခြင်းမရှိခဲ့ဘဲ ပြုပြင်မှုတွေ အချိန်နဲ့တပြေးညီ ပြီးစီးအောင် လူအင်အားနဲ့ ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျှက်ရှိပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလ ၄ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ကျိုက်သလ္လံစေတီတော်ကြီးသို့ သွားရောက်ဖူးမျှော်ခဲ့ပြီး ကုန်းတော်ပျက်စီးမှုများကိုလည်း လှည့်လည်ကြည့်ရှူခဲ့ပါတယ်။ကျိုက်သလ္လံစေတီတော်ကြီး ပြိုကျပျက်စီးရမှုနှင့် စပ်လျဉ်း၍ ပညာရှင်များ လေ့လာဆန်းစစ်မှုအရ မြေပြိုကျရမှုဖြစ်ပေါ်ရခြင်း အဓိကအကြောင်းအရင်းမှာ တိုးချဲ့ရင်ပြင်များကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ပြုပြင်မှုလုပ်ငန်းတွေကို နိုင်ငံတော်မှ တာဝန်ယူဆောင်ရွက်နေပြီး အများပြည်သူကလည်း ထည့်ဝင်လှူါန်းမှုတွေ ပြုလုပ်လျှက်ရှိပါတယ်။၂၀၁၉ ခုနှစ်အတွင်းကလည်းကျိုက်သလ္လံစေတီတော်ကြီးရဲ့ ဂေါပကအဖွဲ့မှ ဦးဆောင်ပြီး မွန်ပြည်နယ်အတွင်း မော်တော်ယာဉ်များဖြင့်လှည့်လည်ကာ သီဆိုဖျော်ဖြေမှုတွေပြုလုပ်ပြီး အလှူတော်ငွေများ လိုက်လံကောက်ခံခဲ့ကြပါတယ်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ မော်လမြိုင်မြို့မှာရှိတဲ့ သာသနာ့ဗိမာန်တော်ကြီးမှာ ဓမ္မောဇအဖွဲ့မှ ဦးဆောင်ပြီး ကျိုက်သလ္လံစေတီတော် ဘက်စုံပြုပြင်မွမ်းမံရေးအတွက် တရားပွဲတော် ကျင်းပခဲ့ပါတယ်။

ကုန်းတော်ရေရှည်တည်တံ့ရေးအတွက် လိုအပ်ရန်ပုံငွေမှာ ၁၈၃၈ ဒသမ ၂ သန်းဖြစ်ပြီး ရင်ပြင်တော်တွင် ရေထုတ်စနစ်တည်ဆောက်ခြင်း၊ ကြွေပြားများပြန်လည်ကပ်လှူခြင်း၊ သာသနိကအဆောက်အဦးများ ရှေးမူမပျက် ပြန်လည်မွမ်းမံခြင်းများအတွက် ခန့်မှန်းကုန်ကျငွေမှာ သန်း ၂၀၀၀ ခန့် ရှိနိုင်တယ်လို့ ဆိုပါတယ်။

ကျိုက်သလ္လံစေတီတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တည်ဆောင်ရေးလုပ်ငန်းတွေကို အပိုင်းလေးပိုင်းခွဲ ဆောင်ရွက်လျှက်ရှိပြီး ဇုန်အမှတ် ၁ တွင် ၉၅ ရာခိုင်နှုန်း၊ ဇုန်အမှတ် ၂ တွင် ၈၂ ရာခိုင်နှုန်း၊ ဇုန်အမှတ် ၃ တွင် ၁၅ ရာခိုင်နှုန်း၊ ဇုန်အမှတ် ၄ တွင် ၂၆ ရာခိုင်နှုန်း ပြီးစီးနေပြီး လုပ်ငန်းတစ်ခုလုံးရဲ့ ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

သဒ္ဓါတရားထက်သန်လှတဲ့ မြန်မာလူမျိုးတို့ ထုံးစံအတိုင်း တောင်အမြင့်တွေပေါ်မှာ ဘုရားစေတီတွေကို တည်ထားကိုးကွယ်ကြတဲ့အတွက် အဲဒီ စေတီ၊ ပုထိုးတွေ ရေရှည်တည်တံ့ခိုင်မြဲဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ရာသီဥတုဟာ ပြောင်းလဲမှုတွေဖြစ်ပေါ်နေပြီး မုတ်သုံစတင်ဝင်ရောက်ချိန်နဲ့ မုတ်သုံပြီးဆုံးချိန်တို့ဟာ ယခင်ကာလများနဲ့ တူညီခြင်းမရှိတော့တဲ့အတွက် မိုးရွာသွန်းမှု၊ မိုးရေချိန်လက်မများ ပြောင်းလဲမှုများ ဖြစ်ပေါ်နေတာကို သိရှိနားလည်ထားရမှာ ဖြစ်ပါတယ်။

တောင်တွေပေါ်မှာ တည်ထားကိုးကွယ်တဲ့ စေတီ၊ ဘုရား၊ ပုထိုးတွေမှာ ရင်ပြင်တော်တိုးချဲ့မှု၊ အဆောက်အဦးများ တိုးချဲ့တည်ဆောက်မှုတွေကိုနားလည် တက်ကျွမ်းတဲ့ ပညာရှင်များနဲ့ တိုင်ပင်ပြီးမှသာ ဆောင်ရွက်သင့်ပြီး ပြိုကျပျက်စီးခဲ့ပါက ပြန်လည်ပြုပြင်မှု ကုန်ကျစရိတ်တွေ၊ ရေရှည်တည်တံ့ခိုင်မြဲဖို့တွေဟာ ထင်မှတ်ထားသလောက် လွယ်ကူခြင်းမရှိဘူးဆိုတာ ကျိုက်သလ္လံဘုရား တောင်နံရံပြိုကျမှုက သက်သေအဖြစ် တည်ရှိနေပြီး မြန်မာနိုင်ငံအတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ အချက်ပေးခေါင်းလောင်းသံတစ်ခုဘဲ ဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ဇန်န၀ါရီ - ၂၈

( Zawgyi )

သံလြင္ျမစ္ဝကြၽန္းေပၚမွာ တည္ရွိတဲ့ ေမာ္လၿမိဳင္ၿမိဳ႕ဟာ ျမန္မာႏိုင္ငံရဲ႕ ေတာင္ဘက္ပိုင္းမွာ တည္ရွိၿပီး သံလြင္ျမစ္နဲ႔ အတၳရံျမစ္ကမ္း႐ိုးတေလွ်ာက္၊ အေရွ႕ဘက္မွာရွိတဲ့ ေတာင္တန္းေတြၾကားမွာ တည္ရွိတဲ့ၿမိဳ႕ ျဖစ္ပါတယ္။

မြန္ျပည္နယ္သည္ ယခင္က တနသၤာရီတိုင္းအတြင္း ပါဝင္ခဲ့ၿပီး ၁၉၇၂ ခုႏွစ္ ေတာ္လွန္ေရးေကာင္စီ လက္ထက္တြင္ ေမာ္လၿမိဳင္ခ႐ိုင္နဲ႔ သထုံခ႐ိုင္တို႔ကို တနသၤာရီတိုင္း အမွတ္ ၁ အျဖစ္ သတ္မွတ္ခဲ့ၿပီး ႏိုင္ငံေတာ္ေကာင္စီ လက္ထက္ျဖစ္သည့္ ၁၉၇၄ ခုႏွစ္တြင္ တနသၤာရီအမွတ္ ၁ ကို မြန္ျပည္နယ္အျဖစ္ သတ္မွတ္ကာ ေမာ္လၿမိဳင္ၿမိဳ႕ကို ၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္ခဲ့ပါတယ္။

ေခတ္အဆက္ဆက္ ျဖတ္သန္းခဲ့တဲ့ ေမာ္လၿမိဳင္ၿမိဳ႕ဟာ ရွည္လ်ားတဲ့ သမိုင္းေၾကာင္းေတြနဲ႔အတူ သမိုင္းဝင္အေဆာက္အဦး၊ ေစတီ၊ ေက်ာင္းကန္ဘုရား၊ သာသနိကအေဆာက္အဦးေတြနဲ႔ ျပည့္ႏွက္လို႔ေနတဲ့ ေဒသတစ္ခုျဖစ္သလို ေမာ္လၿမိဳင္ၿမိဳ႕ရဲ႕ အထင္ကရေစတီေတာ္ျဖစ္တဲ့ က်ိဳက္သလႅံေစတီေတာ္ႀကီးက ေမာ္လၿမိဳင္ၿမိဳ႕ကို ထီးတည္းမိုးထားပါတယ္။

ေမာ္လၿမိဳင္ၿမိဳ႕ရဲ႕ အထင္ကရေစတီေတာ္ႀကီးျဖစ္တဲ့ က်ိဳက္သလႅံေစတီေတာ္ႀကီးဟာ ၿမိဳ႕ရဲ႕အေရွ႕ဖက္ “သင္လာ္” ေတာင္စြယ္မွာ တည္ရွိၿပီး ဉာဏ္ေတာ္အျမင့္ ေပ ၁၅၀၊ ဖိနပ္ေတာ္အဝန္း ေပ ၄၅၀ ရွိၿပီး ေစတီရံေပါင္း ၃၄ ဆူ ရွိပါတယ္။

ေစတီေတာ္ကို လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၃၀၀ ခန႔္က ရမၼာဝတီေခၚ ေမာ္လၿမိဳင္ဘုရင္ မႊိန္းပြန္းဒူးရပ္ က သုဝဏၰဘူမိမွ ဘုရားရွင္ရဲ႕ သြားေတာ္ဓာတ္တစ္ဆူကို ေစတီတည္ထားကိုးကြယ္ရန္ ေျမေနရာရွာေဖြရာကေန အေရွ႕ဘက္မွာရွိတဲ့ ျမင့္ျမတ္တဲ့ေျမေနရာကိုေတြ႕ရွိၿပီး ေစတီတည္ခဲ့တာပါ။“သင္လာ္” ဆိုတာ  မူလက အဲ့ဒီေျမေနရာရဲ႕ ေတာင္ေျခဟာ ပင္လယ္ေရတိုက္စားမႈေၾကာင့္ ကမ္းပါးၿပိဳက်ဖူးတဲ့အတြက္ ကမ္းၿပိဳေတာင္ သို႔မဟုတ္ ကမ္းပ်က္ေတာင္လို႔ မြန္ဘာသာျဖင့္ အဓိပၸာယ္ရတဲ့ “သင္လာ္” ေတာင္လို႔ အမည္ေခၚတြင္ခဲ့တာပါ။အဲ့ဒီေတာင္ေပၚမွာ က်ိဳက္သလႅံေစတီေတာ္ႀကီးကို တည္ထားကိုးကြယ္ခဲ့ၾကပါတယ္။

က်ိဳက္သလႅံေစတီေတာ္ႀကီး တည္ထားကိုးကြယ္ရာေတာင္သည္ သက္ႏုေျမသားေတာင္ျဖစ္ၿပီး ကမ္းၿပိဳေတာင္အမည္ႏွင့္ ေလ်ာ္ညီစြာပင္ ေတာင္ကမ္းပါးမ်ား ၿပိဳက်ခဲ့ဟန္ရွိၿပီး အေရွ႕ဘက္နဲ႔ အေနာက္ဘက္မွာရွိတဲ့ ကမ္းပါးေတြဟာျမင့္မားမတ္ေစာက္ေနပါတယ္။၁၉၄၅ ခုႏွစ္ကလည္း က်ိဳက္သလႅံေစတီေတာ္ ကုန္းေျမ ၃ ပုံ ၁ ပုံခန႔္ ၿပိဳက်ပ်က္စီးခဲ့ၿပီး ၿမိဳ႕သူၿမိဳ႕သားမ်ားနဲ႔ ေစတနာရွင္မ်ား စုေပါင္းၿပီး ျပဳျပင္မႈေတြျပဳလုပ္ခဲ့ၾကပါတယ္။

မၾကာခင္ကျဖစ္ခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဇြန္လ ၁၇ ရက္ေန႔က မိုးသည္းထန္စြာ႐ြာသြန္းျခင္း၊ ေလျပင္းတိုက္ခတ္ျခင္းေတြေၾကာင့္ က်ိဳက္သလႅံေစတီေတာ္ႀကီးရဲ႕ အေရွ႕ဘက္နဲ႔ အေနာက္ဘက္မွာရွိတဲ့ ေတာင္ေစာင္းေတြ ေျမၿပိဳက်မႈမ်ား ျဖစ္ေပၚခဲ့ပါတယ္။

ထိုစဥ္က ေျမၿပိဳက်မႈ  ျဖစ္စဥ္ေတြကို ႏိုင္ငံေတာ္အစိုးရမွဦးေဆာင္ကာ အခ်ိန္နဲ႔တေျပးညီ ျပဳျပင္မႈေတြျပဳလုပ္ခဲ့ၾကၿပီး ေရရွည္တည္တံ့ခိုင္ၿမဲေရးအတြက္ ႏိုင္ငံတကာနည္းပညာမ်ားအတိုင္း ျပဳျပင္မႈေတြ ျပဳလုပ္ေနတဲ့အတြက္ ျပဳျပင္မႈေတြဟာ အခ်ိန္တိုအတြင္းၿပီးစီးႏိုင္ျခင္းမရွိဘဲ ၂၀၂၀ ခုႏွစ္ ဇန္နဝါရီလအထိ ျပဳျပင္မႈေတြကို ဆက္လက္လုပ္ကိုင္လွ်က္ရွိၾကပါတယ္။

က်ိဳက္သလႅံေစတီေတာ္ ေဂါပကဥကၠဌ ဦးျမင့္ဦး က “ကြၽန္ေတာ္တို႔နည္း ကြၽန္ေတာ္တို႔ဟန္နဲ႔ ျပဳျပင္မယ္ဆိုရင္ ၿပီးေနတာၾကာၿပီ။ဒါေပမယ့္ ေရရွည္စိတ္ခ်ရဖို႔ မေသခ်ာဘူး။အခုက ႏိုင္ငံတကာနည္းပညာေတြအတိုင္း ျပဳျပင္ေနတဲ့အတြက္ ၿပီးဆုံးဖို႔ကအခ်ိန္ေတြၾကာဦးမယ္။ေတာင္ကမ္းပါးေတြကိုျပဳျပင္မယ္။ၿပီးရင္ ေရေျမာင္းေတြလုပ္ဦးမယ္။
ရင္ျပင္ေတာ္ကိုလည္း ထပ္ၿပီးျပဳျပင္မႈေတြလုပ္ဦးမယ္” လို႔ ဆိုပါတယ္။

ေတာင္ကမ္းပါးနံရံမ်ားကို ျပဳျပင္ရာတြင္ ကြန္ကရစ္နံရံမ်ားျပဳလုပ္ၿပီး ယင္းနံရံမ်ားအတြင္း စတီးႀကိဳးမ်ား ထည့္သြင္း၍ ေရရွည္တည္တံ့ေစရန္ ျပဳျပင္မႈေတြျပဳလုပ္ေနၾကၿပီး မိုးရာသီမေရာက္မီ ေရေျမာင္းမ်ားၿပီးစီးရန္ လိုအပ္တယ္လို႔ ဆိုပါတယ္။

“ကြန္ကရစ္ေလာင္းၿပီးရင္ အေပါက္ခ်န္ၿပီး အဲ့အထဲကေန လြန္နဲ႔ ေပ ၇၀ နီးပါးေလာက္ စတီးႀကိဳးထည့္မယ္။စတီးႀကိဳးကို ဘိလပ္ေျမေဖ်ာ္ၿပီးေတာ့ မႈတ္ထည့္မယ္။ဒီစတီးႀကိဳးက ျပန္မထြက္ေတာ့ဘူးေပါ့။ေဝါပလပ္႐ိုက္သလိုေပါ့။ေရေျမာင္းေတြလည္း ပတ္လည္လုပ္မယ္။ေရေျမာင္းက အေရးႀကီးတယ္။မိုးမက်ခင္ ၿပီးဖို႔အေရးႀကီးတယ္” လို႔ ဆိုပါတယ္။

၂၀၁၉ ခုႏွစ္ကလည္း မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ား၊ ေတာင္ၿပိဳက်မႈမ်ား မြန္ျပည္နယ္တြင္ျဖစ္ပြားခဲ့ၿပီး ေပါင္ၿမိဳ႕နယ္၊ သဲျဖဴကုန္းေက်း႐ြာတြင္ မလတ္ေတာင္ ေျမၿပိဳက်မႈျဖစ္ပြားေၾကာင့္ လူအေျမာက္အမ်ား ေသဆုံးခဲ့ၾကပါတယ္။

ေျမၿပိဳက်မႈျဖစ္ေပၚခဲ့တဲ့ က်ိဳက္သလႅံေစတီေတာ္ႀကီးရဲ႕ ေတာင္ကမ္းပါးနံရံေတြကို ျပဳျပင္မႈေတြဟာ ၂၀၁၉ ခုႏွစ္ မိုးရာသီကာလအတြင္း ျပဳျပင္မႈမၿပီးဆုံးခဲ့ေပမယ့္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားရဲ႕ႀကီးၾကပ္ကြပ္ကဲမႈနဲ႔အတူ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ႏိုင္ခဲ့တဲ့အတြက္ ေျမၿပိဳက်မႈမ်ား ထပ္မံမျဖစ္ပြားေအာင္ လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ ဦးျမင့္ဦး က ဆိုပါတယ္။

“ေရစိမ့္ဝင္ႏိုင္တဲ့ေနရာေတြကို ေျမဖို႔တယ္။ေရမဝပ္ႏိုင္ေအာင္လုပ္တယ္။သက္ဆိုင္ရာ တာဝန္ရွိသူေတြလာၿပီးေတာ့ ဘာေတြလုပ္ရမယ္ဆိုတာ ၫႊန္ၾကားတယ္။ေျမၿပိဳမႈေတြ ဆက္မျဖစ္ဘူး” လို႔ ဆိုပါတယ္။

လက္ရွိအခ်ိန္မွာ အေရွ႕ဘက္မုခ္မွာရွိတဲ့ ဓာတ္ေလွကားမွ ဘုရားရင္ျပင္ေတာ္သို႔ စက္ေလွခါးျဖင့္ တက္ေရာက္ဖူးေမွ်ာ္ႏိုင္ၿပီး အေနာက္ဘက္မုဒ္ ေတာင္ေပၚတန္းလမ္းမေပၚမွာေတာ့ ေဆာက္လုပ္ေရးလုပ္ငန္းေတြ လုပ္ကိုင္ေနတဲ့အတြက္ လမ္းကိုပိတ္ဆို႔ထားၿပီး ေမာ္ေတာ္ယာဥ္မ်ားသြားလာခြင့္ကို ပိတ္ပင္ထားပါတယ္။ေမာ္ေတာ္ယာဥ္သြားလာခြင့္ကို ပိတ္ပင္ထားေပမယ့္ အေနာက္ဘက္မုဒ္မွ ရင္ျပင္ေတာ္ေပၚသို႔ စက္ေလွကား၊ ေျခလွ်င္တက္ေရာက္ႏိုင္ဖို႔ ဖြင့္လွစ္ထားပါတယ္။

ဘုရားရင္ျပင္ေတာ္မွာေတာ့ ကမ္းပါးနံရံေတြ ၿပိဳက်ပ်က္စီးခဲ့တဲ့ ေနရာအနီးတစ္ဝိုက္ကို အႏၲရာယ္ဇုန္အျဖစ္ သတ္မွတ္ၿပီး သြားလာခြင့္ပိတ္ပင္ကာ ျပဳျပင္မႈေတြ လုပ္ေဆာင္လွ်က္ရွိပါတယ္။အႏၲရာယ္ဇုန္ အျပင္ဘက္မွာရွိတဲ့ ရင္ျပင္ေတာ္မွာလည္း ေျမနိမ့္က်မႈမ်ား သိသိသာသာျဖစ္ေပၚေနၿပီး အက္ကြဲေၾကာင္းေတြကို ယာယီျပဳျပင္မႈေတြ ျပဳလုပ္ထားတာကို ေတြ႕ျမင္ရပါတယ္။

ရင္ျပင္ေတာ္မွာ ျပဳျပင္မႈေတြ ျပဳလုပ္ေနတဲ့အတြက္ က်ိဳက္သလႅံေစတီေတာ္ျမတ္ႀကီးကို ၂၀၁၉ ခုႏွစ္အတြင္း ေ႐ႊသကၤန္းကပ္လႉႏိုင္ျခင္းမရွိခဲ့ဘဲ ျပဳျပင္မႈေတြ အခ်ိန္နဲ႔တေျပးညီ ၿပီးစီးေအာင္ လူအင္အားနဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို လုပ္ကိုင္ေဆာင္႐ြက္လွ်က္ရွိပါတယ္။

၂၀၁၉ ခုႏွစ္ ဧၿပီလ ၄ ရက္ေန႔က ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ သည္ က်ိဳက္သလႅံေစတီေတာ္ႀကီးသို႔ သြားေရာက္ဖူးေမွ်ာ္ခဲ့ၿပီး ကုန္းေတာ္ပ်က္စီးမႈမ်ားကိုလည္း လွည့္လည္ၾကည့္ရႉခဲ့ပါတယ္။က်ိဳက္သလႅံေစတီေတာ္ႀကီး ၿပိဳက်ပ်က္စီးရမႈႏွင့္ စပ္လ်ဥ္း၍ ပညာရွင္မ်ား ေလ့လာဆန္းစစ္မႈအရ ေျမၿပိဳက်ရမႈျဖစ္ေပၚရျခင္း အဓိကအေၾကာင္းအရင္းမွာ တိုးခ်ဲ႕ရင္ျပင္မ်ားေၾကာင့္ျဖစ္တယ္လို႔ ဆိုပါတယ္။

ျပဳျပင္မႈလုပ္ငန္းေတြကို ႏိုင္ငံေတာ္မွ တာဝန္ယူေဆာင္႐ြက္ေနၿပီး အမ်ားျပည္သူကလည္း ထည့္ဝင္လႉါန္းမႈေတြ ျပဳလုပ္လွ်က္ရွိပါတယ္။၂၀၁၉ ခုႏွစ္အတြင္းကလည္းက်ိဳက္သလႅံေစတီေတာ္ႀကီးရဲ႕ ေဂါပကအဖြဲ႕မွ ဦးေဆာင္ၿပီး မြန္ျပည္နယ္အတြင္း ေမာ္ေတာ္ယာဥ္မ်ားျဖင့္လွည့္လည္ကာ သီဆိုေဖ်ာ္ေျဖမႈေတြျပဳလုပ္ၿပီး အလႉေတာ္ေငြမ်ား လိုက္လံေကာက္ခံခဲ့ၾကပါတယ္။

၂၀၂၀ ခုႏွစ္ ဇန္နဝါရီလ ၁၂ ရက္ေန႔မွ ၃၀ ရက္ေန႔အထိ ေမာ္လၿမိဳင္ၿမိဳ႕မွာရွိတဲ့ သာသနာ့ဗိမာန္ေတာ္ႀကီးမွာ ဓေမၼာဇအဖြဲ႕မွ ဦးေဆာင္ၿပီး က်ိဳက္သလႅံေစတီေတာ္ ဘက္စုံျပဳျပင္မြမ္းမံေရးအတြက္ တရားပြဲေတာ္ က်င္းပခဲ့ပါတယ္။

ကုန္းေတာ္ေရရွည္တည္တံ့ေရးအတြက္ လိုအပ္ရန္ပုံေငြမွာ ၁၈၃၈ ဒသမ ၂ သန္းျဖစ္ၿပီး ရင္ျပင္ေတာ္တြင္ ေရထုတ္စနစ္တည္ေဆာက္ျခင္း၊ ေႂကြျပားမ်ားျပန္လည္ကပ္လႉျခင္း၊ သာသနိကအေဆာက္အဦးမ်ား ေရွးမူမပ်က္ ျပန္လည္မြမ္းမံျခင္းမ်ားအတြက္ ခန႔္မွန္းကုန္က်ေငြမွာ သန္း ၂၀၀၀ ခန႔္ ရွိႏိုင္တယ္လို႔ ဆိုပါတယ္။

က်ိဳက္သလႅံေစတီေတာ္ႀကီး ေရရွည္တည္တံ့ခိုင္ၿမဲေရးအတြက္ တည္ေဆာင္ေရးလုပ္ငန္းေတြကို အပိုင္းေလးပိုင္းခြဲ ေဆာင္႐ြက္လွ်က္ရွိၿပီး ဇုန္အမွတ္ ၁ တြင္ ၉၅ ရာခိုင္ႏႈန္း၊ ဇုန္အမွတ္ ၂ တြင္ ၈၂ ရာခိုင္ႏႈန္း၊ ဇုန္အမွတ္ ၃ တြင္ ၁၅ ရာခိုင္ႏႈန္း၊ ဇုန္အမွတ္ ၄ တြင္ ၂၆ ရာခိုင္ႏႈန္း ၿပီးစီးေနၿပီး လုပ္ငန္းတစ္ခုလုံးရဲ႕ ၇၅ ရာခိုင္ႏႈန္း ၿပီးစီးေနၿပီ ျဖစ္တယ္လို႔ ဆိုပါတယ္။

သဒၶါတရားထက္သန္လွတဲ့ ျမန္မာလူမ်ိဳးတို႔ ထုံးစံအတိုင္း ေတာင္အျမင့္ေတြေပၚမွာ ဘုရားေစတီေတြကို တည္ထားကိုးကြယ္ၾကတဲ့အတြက္ အဲဒီ ေစတီ၊ ပုထိုးေတြ ေရရွည္တည္တံ့ခိုင္ၿမဲဖို႔ အားလုံးဝိုင္းဝန္းႀကိဳးပမ္းရမွာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ ရာသီဥတုဟာ ေျပာင္းလဲမႈေတြျဖစ္ေပၚေနၿပီး မုတ္သုံစတင္ဝင္ေရာက္ခ်ိန္နဲ႔ မုတ္သုံၿပီးဆုံးခ်ိန္တို႔ဟာ ယခင္ကာလမ်ားနဲ႔ တူညီျခင္းမရွိေတာ့တဲ့အတြက္ မိုး႐ြာသြန္းမႈ၊ မိုးေရခ်ိန္လက္မမ်ား ေျပာင္းလဲမႈမ်ား ျဖစ္ေပၚေနတာကို သိရွိနားလည္ထားရမွာ ျဖစ္ပါတယ္။

ေတာင္ေတြေပၚမွာ တည္ထားကိုးကြယ္တဲ့ ေစတီ၊ ဘုရား၊ ပုထိုးေတြမွာ ရင္ျပင္ေတာ္တိုးခ်ဲ႕မႈ၊ အေဆာက္အဦးမ်ား တိုးခ်ဲ႕တည္ေဆာက္မႈေတြကိုနားလည္ တက္ကြၽမ္းတဲ့ ပညာရွင္မ်ားနဲ႔ တိုင္ပင္ၿပီးမွသာ ေဆာင္႐ြက္သင့္ၿပီး ၿပိဳက်ပ်က္စီးခဲ့ပါက ျပန္လည္ျပဳျပင္မႈ ကုန္က်စရိတ္ေတြ၊ ေရရွည္တည္တံ့ခိုင္ၿမဲဖို႔ေတြဟာ ထင္မွတ္ထားသေလာက္ လြယ္ကူျခင္းမရွိဘူးဆိုတာ က်ိဳက္သလႅံဘုရား ေတာင္နံရံၿပိဳက်မႈက သက္ေသအျဖစ္ တည္ရွိေနၿပီး ျမန္မာႏိုင္ငံအတြက္ သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းဖို႔ အခ်က္ေပးေခါင္းေလာင္းသံတစ္ခုဘဲ ျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ဇန္န၀ါရီ - ၂၈