【 ခရီးသွား ဆောင်းပါး 】 တဒိတ်ဒိတ် ၈ နာရီ

【 ခရီးသွား ဆောင်းပါး 】 တဒိတ်ဒိတ် ၈ နာရီ  

ပွင့်လင်းရာသီ ရောက်လာခြင်းကြောင့်လား။မည်သို့သော အာရုံခံကိရိယာတွေက လှုပ်ခတ်လာလို့လဲ မသိ။ဇာတိမြေဆီ ပြန်ချင်စိတ်က ရေဆူအမှတ်သို့ ရောက်လုနီး ဖြစ်လာသည်။ပြီးခဲ့သည့် ၂၀၁၈ သြင်္ကန်က အသွား၊ အပြန် ကားလက်မှတ်ဝယ်ပြီးခါမှ အကြောင်းကြောင်းသော အဖျက်အမှောင့်များကြောင့် ရန်ကုန် အဝေးပြေးဂိတ်ပင် မရောက်လိုက်တာလည်း ပါမည်ထင်၏။ကျွန်တော်က အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် ဇာတိမြေသို့ ခြေမချခဲ့နိုင်လျှင် မကြာခဏ ယားတာယံတာမျိုး အလားဂျစ် ဖြစ်လေ့ရှိသည်။

တကယ်တော့ ဇာတိမြေ ဆိုသည်မှာ ကျွန်တော့အတွက် အထူးအဆန်းမဟုတ်။တရေးနိုး ထစဉ်းစားလျှင်တောင် မြေသား၏ အရောင်ကအစ၊ ဘယ်နေရာမှာ ဘယ်အပင်ကြီးက အုပ်ဆိုင်းနေတာကအစ အသေးစိတ်မှတ်မိနေသော နေရာ။၁၃ နှစ်သား အရွယ်၊ ရန်ကုန်သို့ ရောက်ရှိနေထိုင်သည့် အချိန်မှစ၍ ယခု အသက် ၄၆ နှစ်အရွယ်ထိ ပြန်ခဲ့သည့် အခေါက်ရေမှာ မရေတွက်နိုင်အောင်။သို့သော်၊ ဇာတိမြေသို့ ပြန်ရမည်ဆိုလျှင် မည်သည့်အချိန်မဆို တက်ကြွမြဲ။တဖြတ်ဖြတ်ရင်ခုန်မြဲ။ဟိုးခပ်ငယ်ငယ် ဇာတိသို့အပြန် ရင်ခုန်သံနှင့် ယခုဆံဖြူတွေ လှုပ်ရမ်းနေသောအချိန် ရင်ခုန်သံကလည်း တစ်ထပ်တည်းကျမြဲ။

ပြန်မည်ဆိုတာ သေချာသောအချိန်ကစလို့ ရင်ခုန်မိခြင်း ဖြစ်သည်။ကျွန်တော်က ရထားစီးရခြင်း အရသာကိုကြိုက်သဖြင့် ရထားလက်မှတ် အဆင်မပြေချိန်မှလွဲ၍ ရထားဖြင့်သာ ပြန်လေ့ရှိသူ ဖြစ်သည်။နှစ်များစွာကြာ မြန်မာ့မီးရထားမှာ ဝင်ချိန်ထွက်ချိန်မမှန်၊ ဝန်ဆောင်မှုကလည်း အထက်တန်းတွဲ ဆိုဖာပင် ကြမ်းပိုးထိုးခံရဖူးသည့်အဖြစ်။ဟိုင်းဝေးယာဉ်တစ်ခေတ် မထွန်းသစ်သေးသော အချိန်တုန်းကဆို ရိုးရိုးတန်းတွဲများတွင် အပေါ့အပါးသွားဖို့ပင် မလွယ်အောင် လူဒင်းကြမ်းပြည့်နေသော်လည်း ကျွန်တော်ကတော့ ရထားမှ ရထား ။ကျွန်တော်က ရထားပြတင်းပေါက်မှနေ၍ ငေးငေးတွေးတွေး အရသာကိုကြိုက်သမို့ ရထားတောင် ညရထားဆို သိပ်မစီးချင်။ခေတ်ကြီးက သန်းခေါင်ထက် နက်နေသည့်အထဲ အမှောင်ပိန်းနေသော ညကမ္ဘာကို ငေးရတာမျိုးမကြိုက်။

မနက်ရထားထွက်ချိန်က နံနက် ၄ နာရီခွဲ၊ ၅ နာရီခွဲလိုမျိုးမို့ စောစောစီးစီးပင် ရန်ကုန်ဘူတာကြီးသို့ ချီရသည်။ကိစ္စမရှိလျှင် ညနက်သည်အထိ စာဖတ်၊ မနက် နေဖင်ထိုးမှ ထတတ်သူ ဖြစ်သော်လည်း ဇာတိသို့အပြန် ဆတ်ခနဲနိုးသော စောစောစီးစီးတွင် ငိုက်မယ်မြည်းမယ်မရှိ။

ဘူတာကြီးသို့ရောက်လျှင် ရထားထွက်မည့်အချိန်ထက် တစ်နာရီကျော် စောနေမြဲဖြစ်သည်။ဘူတာနားဝန်းကျင် ဈေးကြီးပြီး အရသာမရှိသော တစ်ခုခုစားပြီဆိုလျှင်လည်း အပြစ်မတင်မိမြဲ ဖြစ်သည်။ဘူတာတွင် ပေါင်းဟောင်းဆွေညာများ တွေ့မိလေမလား၊ ရှာကြည့်မိမြဲ ဖြစ်သည်။ရထားမလာသေးတော့လည်း နာရီတကြည့်ကြည့်။ရထားပေါ် အထိုင်ကျပြီဆိုတော့လည်း မထွက်သေးသဖြင့် နာရီတကြည့်ကြည့်။ရထားများထွက်ချိန် နောက်ကျပြီဆိုလျှင် ဆင်းတွန်းချင်စိတ်ပင် ပေါက်မိသည်။မည်သို့ပင်ဖြစ်စေ၊ ရထားစထွက်ပြီဆိုလျှင် ရထားနှင့်အပြိုင် မြန်နှုန်းမြင့် ရင်ခုန်သံတို့ဖြင့် ကိုယ့်ဘဝကိုယ် ကျေနပ်မိမြဲဖြစ်သည်။

ငမိုးရိပ်တံတားကို ကျော်ပြီဆိုလျှင် သေချာသွားပြီဆိုသည့် စိတ်ကြောင့်လားမသိ။စောစီးစွာဖွင့်ခဲ့ရသော မျက်လုံးက အလိုလိုငိုက်ကျသွားမြဲ ဖြစ်သည်။ရထားက စိတ်ရှိသလောက်ခုန်၊ ကျွန်တော်ကတော့ အငိုက်မပျက်။

မနက်ခင်း ပွက်ပွက်ဆူခြင်းဖြင့် ထလာသော ပဲခူးဘူတာသို့ ရောက်လျှင်တော့ ပြန်နိုးမြဲဖြစ်သည်။ပဲခူးဘူတာတွင် ပဲခူးငါးချဉ်၊ ဒံပေါက်၊ ဆမူဆာပူပူလေး။ရေသန့်ဗူးမတွင်မီ ကာလတုန်းက အသံခပ်နွမ်းနွမ်း ခပ်လွမ်းလွမ်းဖြင့် အော်လေ့ရှိသော ရေကုသိုလ်ဆိုသည့် အသံများလည်း ကြားရမြဲဖြစ်သည်။

ပဲခူး ဆိုတာက ရှေးသရောအခါ မွန်ဘုရင်တို့ ထီးနန်းစိုက်ရာ ဟံသာဝတီနန်းတော်ကြီး။ကြီးကျယ်ခမ်းနားသော ယဉ်ကျေးမှုထွန်းကားခဲ့ရာ နေရာ၊ စစ်ပွဲတကာတို့ဖြင့် သွေးများလွှမ်းခဲ့ရာ နေရာ။ဟံသာဝတီ မြေခသည့်အချိန်တွင် ကျွန်တော့အမေ၏ တီလား တွတ်လား မသိ၊ ဟံသာဝတီနန်းတော်ထဲမှ တိမ်းရှောင်ကာ ကျွန်တော်တို့ ဇာတိမြေတွင် အရပ်သူအသွင် ဆက်လက်ရှင်သန် မျိုးဆက်ခဲ့သည်ဟု သိမှတ်ခဲ့လေတော့ ကိုယ့်မြေကိုယ့်ရေဆိုသည့် အသိဖြင့် ရင်ခုန်ရသည်။

ရထားပေါ်မှနေ၍ ရွှေမော်ဓောကို မျက်စိတဆုံးလွန်ပြီးနောက် ဗိုက်ဆာလျှင် တစ်ခုခုစား၊ ပြီးတော့ ငိုက်ကျမြဲ။နောက်ထပ် နာရီဝက်ကျော် ဆက်ခုတ်လျှင် ဝေါမြို့။“ဝေါမြို့က လာခဲ့တယ်” ဆိုသည့် သတင်းစာဆရာ၊ စာရေးဆရာ၊ ဆရာ မောင်ဝံသ ၏ ဇာတိမြေ။ဝေါ ဆိုတာက ရန်ကုန်-မော်လမြိုင် ရထားလမ်း၊ ကားလမ်း ဘေးမြို့။မြို့တွင်းသို့ တစ်ခါမှခြေမချခဲ့ဖူးသော်လည်း မြို့ခပ်ငယ်ငယ်မျှသာဟု ထင်၏။

ရထားက ဝေါဘူတာတွင် ခေတ္တရပ်လေ့ရှိသည်။ဝေါမှ နောက်ထပ်နာရီဝက်မျှ ဆက်ခုတ်လျှင် နာမည်ကျော် စစ်တောင်းတံတားသို့ ရောက်ပြီ။ထိုတံတားမှာ အင်္ဂလိပ်တို့ ဖောက်လုပ်ခဲ့သော တံတားဖြစ်သည်။ဂျပန်အဝင် အင်္ဂလိပ်တို့ အိန္ဒိယအဆုတ်တွင် မျှားတစ်စင်းလို အပြင်းဝင်လာသော ဂျပန်ကို ဘရိတ်ဆွဲမိစေရန် စစ်တောင်းတံတားအား အင်္ဂလိပ်တို့ ချိုးခဲ့သည်။

အင်္ဂလိပ် ပြန်ဝင်လာပြီးနောက်လား၊ ဂျပန်ခေတ်မှာလားတော့ မသိ။ကျွန်တော့အဘွားတို့ မော်လမြိုင်မှ ရန်ကုန်သို့လာလျှင် ဟိုဘက်ဒီဘက် ရထားများက စစ်တောင်းတံတားထိပ်တွင်ရပ်။မြစ်ကို မော်တော်နှင့်ဖြတ်။ထိုခေတ်က ထိုင်ခုံနံပါတ်တွေ ဘာတွေမရှိ၊ ဦးရာလူစနစ်မို့ ယောကျာ်းများက မော်တော်ဆိုက်တာနဲ့ အထုပ်အပိုး နိုင်သလောက်ဖြင့် ရထားဆီသို့ တန်းပြေးကာ ထိုင်ခုံနေရာဦးရသည်ဟု အဘွားက ပြောပြဖူးသည်။

စစ်တောင်းတံတားဆိုတာက ပဲခူးတိုင်းနှင့် မွန်ပြည်နယ်ကို ချိတ်ဆက်ထားခြင်း ဖြစ်သည်။ရန်ကုန်မှလာလျှင် တံတား၏ ဒီဘက်ထိပ်တွင် ပဲခူးတိုင်း၊ ဟိုဘက်ထိပ်တွင် မွန်ပြည်နယ်။တံတား၏ အလယ်နေရာမှ ပိုင်းခြားထားသလား ဘာလားတော့မသိ။

ကျွန်တော်က မွန်ပြည်နယ်ဆိုသည့် ဆိုင်းဘုတ်ကြီးကို မြင်ချင်သည်။ခြေထောက်က ရထားကြမ်းခင်းပေါ် ရောက်နေသော်လည်း ကိုယ့်မြေသို့ ကိုယ်ပြန်ရောက်ပြီဆိုသည့် အာရုံခံစားမှုမျိုး လိုချင်သည်။ထို့ကြောင့်ပင် ဘယ်သူမှမနှိုးလည်း စစ်တောင်းတံတား ရောက်ခါနီးဆို နိုးမြဲ။ရထားက တံတားပေါ် ဖြတ်သည့်အခါတိုင်း ကြားရလေ့ရှိသော တဝေါဝေါဆိုသည့် အသံကို တထိတ်ထိတ်နားဆင်မြဲ။တံတား၏ ဟိုဘက် စစ်တောင်းစက္ကူစက် ဆိုတာကို လှမ်းငေးမြဲ။

တံတားကို နည်းနည်းကျော်လာလျှင် သိမ်ဇရပ်ဘူတာသို့ ရောက်ပြီ။သိမ်ဇရပ်ဆိုတာက ကျိုက်ထိုမြို့နယ် အပိုင်။မျက်စိတဆုံးသော လယ်ကွင်းများကိုလည်း မြင်ရသည်။တောရိပ်တောင်ရိပ်များကိုလည်း မြင်ရသည်။သိမ်ဇရပ်နှင့် ကျိုက်ထိုကြား ရထားလမ်းကြောင်းအချို့မှာ တောင်ကြားလမ်းများမို့ တစ်မျိုးလှနေသည်။

နောက်ထပ် သိပ်မကြာ၊ ခရီးသည် အဆင်းအတက်များသော ကျိုက်ထိုဘူတာသို့ ရောက်ပြီ။သီးစုံယိုမျိုးစုံလည်းရပြီ။ယင်းယိုမျိုးစုံကို ဘူတာပလက်ဖောင်းပေါ်ရော ရထားပေါ်မှာပါ ရောင်းချသူ ဈေးသည်တို့က ပုံလို့။ကျွန်တော်က နာမည်ကျော် ကတွတ်ယိုကို ကြိုက်သူမို့ ရထားစီးရင်းစားရန် ဝယ်မြဲဖြစ်သည်။

ကားတစ်ခေတ် ဖြစ်မလာသေးသောအချိန် ရထားကို အားပြုစီးနေသည့်အချိန်က ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးဘုရားသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြှော်သူများက ရထားကို အားပြုစီးကြတာမို့ ကျိုက်ထိုဘူတာမှာ မိုးကာလမှလွဲ၍ ခရီးသည်အတက်အဆင်းများမြဲ ဖြစ်သည်။ယခု ဟိုင်းဝေးကားယဉ်ကျေးမှု အသားကျလာသည့်တိုင် ကျေးလက်ပြည်သူအချို့မှာ ကားမူးကြတာမို့ ရထားဖြင့် ဘုရားဖူးလာမြဲ ဖြစ်သည်။

ရှေးသရောအခါတုန်းက ကျိုက်ထီးရိုးဘုရားဖူးရန် ကျားကုတ်ကျားခဲ လမ်းလျှောက်တက်ရသည်။ကျွန်တော် ကလေးဘဝတုန်းက အဘွားပြောပြသော ကျိုက်ထီးရိုးဘုရားဖူး ခရီးစဉ်မှာ နားထောင်လို့ ကောင်းမှကောင်း။တစ်ကွေ့တက်လိုက်၊ မောလို့နားလိုက်။ကုသိုလ်ပြု ရေချမ်းစင်မှ စိမ့်နေအောင် အေးသောရေကို အလုအယက်သောက်လိုက်ဖြင့် လူပျို၊ အပျိုများအတွက်ဆို ဘုရားလည်းဖူး၊ လိပ်ဥလည်းတူးလို့ ကောင်းသောနေရာ။ကျွန်တော်ကတော့ ဘုရားနှင့် နည်းနည်းဝေးသူမို့ အသက် ၄၀ ကျော်မှ ကျိုက်ထီးရိုးတောင်ပေါ်သို့ ရောက်ရ။ကျွန်တော်ရောက်ရှိချိန်ကျတော့ တောင်ပေါ်သို့ ကားဖြင့်တက်ကြပြီ။ဂငယ်ကွေ့တွေကလည်း များလှသမို့ အတက်ရော အဆင်းပါ မျက်လုံးမှိတ်စီးလျှင် အကောင်းဆုံး။တောင်ခြေသို့ ရောက်မှသာ သက်ပြင်းရဲရဲချမိသည့် ခရီး။ယခု ကားထက်များစွာမြန်သည့် လေပေါ်ဝဲပျံသော ကေဗယ်ကားစနစ်က ပေါ်လာပြီဖြစ်သော်လည်း တစ်ကြိမ်မျှ ထပ်မရောက်သေး။ထားတော့။

ကျိုက်ထိုပြီးလျှင် ဘီးလင်း။ရထားက ဘီးလင်းမြို့ပေါ်က မဖြတ်၊ ဘီးလင်း အပိုင် တောင်စွန်းဘူတာတွင် ရပ်သည်။တောင်စွန်းနှင့် ပတ်ဝန်းကျင်နေရာတို့မှာ ရှေးနှစ်များစွာက မွန်ဘုရင်တို့ နန်းစိုက်ရာ သုဝဏ္ဏဘူမိမြို့ဟောင်းနေရာဟု သိမှတ်ရသည်။အနော်ရထာနှင့် ခေတ်ပြိုင် မနူဟာမင်း မတိုင်မီ သုဝဏ္ဏဘူမိတွင် မင်းဆက်အလီလီ ရှိသေးသည်ဟု ဆိုကြသဖြင့် ပုဂံထက်ပင် စောဦးမည်လားမသိ။သုဝဏ္ဏဘူမိကို ပထမမြန်မာနိုင်ငံတော် ထူထောင်ခဲ့ရာ သရေခေတ္တရာ (ပျူ) နှင့် ခေတ်ပြိုင်ဟုပင် မှန်းဆမှုများ ရှိခဲ့သည်။သို့သော်၊ ယနေ့ထိတိုင် တူးဆဲဖော်ဆဲ အဆင့်။နောက်ထပ်ပြဿနာတစ်ခုက မြန်မာအောက်ပိုင်းဒေသမှာ မိုးများသောဒေသမို့ ပုဂံ၊ သရေခေတ္တရာတို့ထက် ရှေးဟောင်းအမှတ်အသားများ ပျက်စီးလွယ်ခြင်း ဖြစ်သည်။ဘယ်လိုပဲဖြစ်ဖြစ်၊ တူးဖော်မှုကို အရှိန်မြှင့်နိုင်လျှင် သုဝဏ္ဏဘူမိနှင့် ပတ်သက်၍ ယခုထက် ပိုမိုခိုင်မာသော သမိုင်းအထောက်အထားများ ရရှိလာမှာက သေချာသည်။တစ်ချိန်ချိန်တွင် ကမ္ဘာလှည့်ခရီးသွားများ ခြေဦးလှည့်မည့် နေရာတစ်နေရာ ဖြစ်လာနိုင်သည်။ကျွန်တော့အတွက်လည်း သုဝဏ္ဏဘူမိ မြို့ဟောင်းသို့ ရောက်အောင်သွားမည် ဆိုသည့်စိတ် ရထားစီးသည့်အခါတိုင်း ပေါ်လာသော်လည်း ယနေ့တိုင် မရောက်နိုင်သေး။

ဘီးလင်းသို့ ရောက်ပြီဆိုလျှင် လွမ်းတော့လွမ်းသည်၊ ဗိုက်တော့ဆာသည် ဆိုသည့်အဖြစ်မျိုး။ကျိုက်ထို ကျော်ပြီဆို နေ့ခင်းထမင်းစားချိန်လည်း ရောက်ပြီမို့ ရထားပေါ် တကြော်ကြော်မြည်နေသော ထမင်းသည်များကို တွေ့ရပြီ။ရိုးရိုးထမင်းဟင်းသည်များလည်း ရှိသည်။ထမင်းပေါင်းသည်များလည်း ရှိသည်။ထမင်းပေါင်း ဆိုတာက ရန်ကုန်ကလို တရုတ်ထမင်းပေါင်း မဟုတ်။ပေါင်းထားသည့် ထမင်းနှင့် ကြက်သွန်နိုင်းဂျင်းဖြင့် ကြော်ချက်ချက်ထားသော ကြက်ကြော်။ကြက်ကြော်က ပေါင်သားယူမလား၊ ရင်အုံယူမလား၊ အသည်းအမြစ်ယူမလား၊ ကြိုက်တာပြော။ထမင်းပေါင်းထဲတွင် ပုံထားသော ငရုတ်သီးမှုန့်ကြော်ပါမည်။အအီပြေ သရက်သီးအစိမ်း တစ်စိတ်ပါမည်။ထမင်းပေါင်းကမွှေးမွှေး၊ ငှက်ပျောရွက်နှင့် ထုပ်ထားသဖြင့် ပိုမွှေးမြနေသလို၊ ဌက်ပျောဖက်အပေါ်မှာ နောက်တစ်ထပ်အဖြစ် သတင်းစာစက္ကူ၊ ပြီးတော့ သရေကွင်းဖြင့် စည်းထားသည်။

ထမင်းပေါင်းများထဲတွင် ရွှေမျက်မှန် ထမင်းပေါင်းက နာမည်ကျော်။ရွှေမျက်မှန်ကို မှီသည့် ထမင်းပေါင်းရယ်လို့မရှိ။ရထားပေါင်းရောင်းသည့် တချို့ထမင်းပေါင်းများမှာ ရွှေမျက်မှန်ကို မမီသလို ရွှေမျက်မှန်လောက်လည်း ဈေးမကြီး။ကျွန်တော်က ရွှေမျက်မှန်ကလွဲ တခြားထမင်းပေါင်း မစား။ငယ်ငယ်တုန်းကတော့ ရထားပေါ်လာရောင်းသည့် ရွှေမျက်မှန်ကို ရွေးစားသည်။လူပျိုပေါက်အရွယ်ရောက်တော့ ကျိုက်ထိုဘူတာ ကျော်လာပြီဆို ရထားပေါ်တွင် ရွှေမျက်မှန် စားမလားဟူ၍ စာရင်းလိုက်ကောက်သူများ ရှိလာသည်။ရင်အုံလား၊ ပေါင်လား စားချင်ရာမှာလိုက်။စာရင်းကောက်သူများက ထိုင်ခုံနံပါတ်နှင့် တွဲမှတ်သွားသည်။ထမင်းပေါင်းရောက်လာမှ ငွေချေစနစ်မို့ စိတ်ချ။

ရထားက တောင်စွန်း ပြီးလျှင် နှင်းပုလဲဘူတာတွင် ရထားရပ်သည်။နှင်းပုလဲ ဆိုတာက ဘီလင်းမြို့နယ် အပိုင် ထမင်းပေါင်းထွက်ရာ ရွာ။နှင်းပုလဲဘူတာရုံ ဘေးတွင်ပင် ရွှေမျက်မှန်ထမင်းဆိုင်က ရှိသည်။ရထားပေါ် စာရင်းကောက်ထားသူများက မည်သို့မည်ပုံ ဖုန်းဖြင့် ကြိုမှာထားသလဲတော့ မသိ။နှင်းပုလဲသို့ ရထားဆိုက်တာနဲ့ အမှာစာအထုပ်များက အဆင်သင့်။ရထားက နှင်းပုလဲဘူတာတွင် ပုံမှန်ရပ်နားတာထက် နည်းနည်းပိုကြာသည်။ထမင်းပေါင်း ဝယ်ချိန်ရရန် အလိုက်တသိ နည်းနည်းပိုကြာအောင် ရပ်ပေးခြင်းဖြစ်သလို ထိုသို့အလိုက်သိရန်အတွက် ထမင်းပေါင်းရှင်က ရထားဝန်ထမ်းများနှင့် နားလည်မှု ယူထားခြင်းလည်း ဖြစ်နိုင်သည်။တချို့ခရီးသည်များက ထမင်းပေါင်းဆိုင်တွင် တိုက်ရိုက်သွားဝယ်လျှင် ဈေးသက်သာသဖြင့် ရထားပေါ်မှဆင်းကာ သွားဝယ်လေ့ရှိသည်။

ကားဖြင့်သွားလျှင် နှင်းပုလဲတွင် မရပ်။ရပ်သည့်တိုင် ရွှေမျက်မှန် ထမင်းပေါင်းဆိုင်က ကားရပ်နားရာနေရာတွင် မရှိ။ကျွန်တော်၏ ရထားစီးခြင်း အဓိပ္ပါယ်တွင် ထမင်းပေါင်း စားလိုခြင်းနှင့်လည်း ဆိုင်သည်။ထမင်းပေါင်းကို အားရပါးရ စားနိုင်ရန်အတွက်လည်း လမ်းတစ်လျှောက် ဗိုက်ပြည့်နိုင်သည့်အစာ ဘာမှမစားဘဲ အဆာခံထားလိုက်သေးသည်။ဇာတိသို့အပြန် ထမင်းပေါင်းမှ မစားရလျှင် ပေါ့ဆွတ်နေသလို။ကျွန်တော်မှမဟုတ်။မွန်ပြည်နယ်သား အများစုက ထိုထမင်းပေါင်းကို ကြိုက်လှသမို့ ရထားအစုန်အဆန် ရောင်းကောင်းချက်က ဟိုင်းဝေးကားယဉ်ကျေးမှု မထွန်းကားခင်အချိန်က သောက်သောက်လဲဖြစ်သည်။

နှင်းပုလဲမှ ရထားအထွက် ခုန်နေသော ရထားပေါ် ထမင်းပေါင်းက ကောင်းကောင်း။ပြီး၊ တင်းကားနေသောဗိုက်ကို နည်းနည်းခပ်ချောင်ချောင် ဖြစ်သွားအောင် အချိုရည်လေး ဘာလေးသောက်လိုက်၊ စာအုပ်ဖတ်လိုက်၊ ပတ်ဝန်းကျင်ကိုငေးလိုက်။ဘီးလင်းနှင့် သထုံကြား ရထားလမ်းဘေးဝဲယာ ရွှေဖြူဟုဆိုသော ရော်ဘာစိုက်ခင်းများကလည်း တန်းစီလိုက်လို့လာသည်။နည်းနည်း ခပ်ဝေးဝေးသွားပြီးလျှင်တော့ သထုံ။သထုံဘူတာက ပဲခူးလို ကျိုက်ထိုလို နည်းနည်းခပ်ကြီးကြီး ဖြစ်သည်။

ကျွန်တော့ အမေ ခေါင်းချခဲ့ရာနေရာလည်း ဖြစ်သည်။၁၉၉၅ ခုနှစ်တွင် ကျွန်တော့ အဖေက သထုံသို့ အစိုးရတာဝန်ဖြင့် ပြောင်းရွှေ့ရသည်။အဖေ ကျရာတာဝန်က လာဘ်ငွေ ခပ်ထောထော ရသည့်နေရာ။ဝင်လမ်းကလည်းကောင်း၊ သထုံက နေလို့ထိုင်လို့လည်း သိပ်ကောင်း၊ ကျွန်တော်တို့ ဇာတိမြေနှင့်လည်း သိပ်မဝေးတာမို့ အမေက သထုံတွင် အခြေချတော့မည်ဟုဆိုကာ မြေတစ်ကွက်ဝယ်၊ တိုက်အိမ်တစ်လုံးဆောက်။ကျွန်တော်က မအူပင်တွင် ဂျီတီအိုင်တက်နေဆဲ အချိန်မို့ ကျောင်းပိတ်ချိန် သထုံသို့ ခဏပြန်သည်ဆိုရုံမျှ။

သထုံတွင် ၃ နှစ်ကျော် ကြာပြီးနောက် ရန်ကုန်ရုံးချုပ်သို့ အဖေပြန်ရောက်သည်။အမေက သထုံအိမ်မှာပဲနေ၊ အဖေက သွားလိုက်ပြန်လိုက်။၂၀၀၀ ပြည့်နှစ်ရောက်တော့ အမေက ကင်ဆာဖြင့် သထုံတွင်ဆုံးသည်။နောက် ၂ နှစ်ခန့်ကြာတော့ နေမည့်လူမရှိသော သထုံအိမ်ကို ရောင်းလိုက်သည်။ကျွန်တော်တို့ မိသားစုနှင့် သထုံ နောက်ထပ်ပြန်ဆုံစရာမရှိဟု ထင်မှတ်ခဲ့သော်လည်း အိမ်ရောင်းပြီးနောက် ၄-၅ နှစ်အကြာ ညီမက သထုံသားနှင့် အိမ်ထောင်ကျပြီး သထုံတွင် အခြေချသူမို့ ယနေ့တိုင် ကျွန်တော်တို့လည်း ရောက်ဖြစ်နေသည်။

သထုံဘူတာသို့ ရောက်လျှင် ဒူးရင်းသီး၊ မင်းဂွတ်သီး၊ ကြက်မောက်သီး ထွက်သောရာသီဆို ဈေးသည်တို့၏ အသံကို မြိုင်မြိုင်ဆိုင်ဆိုင် ကြားရလေ့ရှိသည်။ထိုအသီးအနှံများက သထုံမှာလည်းထွက်၊ မြိုင်ကလေးဘက်မှာလည်း ထွက်သဖြင့် ဈေးပေါလှသည်။သို့သော်၊ မော်လမြိုင်သို့သွားသည့် ရထားစီး ခရီးသွားများကတော့ မဝယ်။မော်လမြိုင်တွင်လည်း ဈေးပေါပေါဖြင့်ရသောကြောင့် ဖြစ်သည်။ရန်ကုန်သို့အပြန် ရထားတွင်တော့ ရောင်းအားကမဆိုး။

သထုံ ပြီးလျှင်တော့ ပေါင်။ပေါင်နှင့် ကျွန်တော်ကြား အထိအစပ်က ဘာမှမရှိ။ပေါင် ရောက်ပြီး သိပ်မကြာ ပေါင်မြို့နယ်အပိုင် မုတ္တမ။သူက သံလွင်မြစ်ဘေးက မြို့နယ်ခွဲအဆင့်။သံလွင်တံတား မထိုးမီအချိန်က မုတ္တမတွင် ရထားဂိတ်ဆုံးသည်။မုတ္တမမှသည် မော်လမြိုင်သို့ သဘောၤစီး။မော်လမြိုင်မှသည် ကျွန်တော့ဇာတိမြေ ဘီလူးကျွန်းဆီသို့ ဇက်သဘောၤ ထပ်စီး။(ယခုကတော့ ကျွန်တော့ဇာတိဆီသို့လည်း သင်္ဘောထပ်စီးရန် မလိုတော့) သံလွင်တံတား ထိုးပြီးချိန်မှာတော့ ရထားက မော်လမြိုင်သို့ တိုက်ရိုက်ရောက်သွားသည်။ရထားပေါ် စုစုပေါင်း ၈ နာရီကြာ။အကြောအချင်တွေက အနှိပ်သည်လက်ထဲ ထိုးအပ်ရမည့် အနေအထား။

သံလွင်တံတားထိုးအပြီး တစ်ချိန်က မော်လမြိုင်နီးနီး စည်ကားလှသော မုတ္တမမှာ တောရပမာ ငြိမ်ဆိတ်နေမှုကိုငေးကာ ဖြတ်မိသည့်အခါတိုင်း ဝမ်းနည်းမိသလိုလို ဖြစ်ရသည်။အတိတ်တစ်ခါက မုတ္တမမှာ ကျွန်တော်တို့အတွက် သိပ်ကိုအရေးပါသော နေရာတစ်ခုပင်။

မျိုးညွန့် (Popular News)
ဒီဇင်ဘာ - ၁

( Zawgyi )

ပြင့္လင္းရာသီ ေရာက္လာျခင္းေၾကာင့္လား။မည္သို႔ေသာ အာ႐ုံခံကိရိယာေတြက လႈပ္ခတ္လာလို႔လဲ မသိ။ဇာတိေျမဆီ ျပန္ခ်င္စိတ္က ေရဆူအမွတ္သို႔ ေရာက္လုနီး ျဖစ္လာသည္။ၿပီးခဲ့သည့္ ၂၀၁၈ ၾသကၤန္က အသြား၊ အျပန္ ကားလက္မွတ္ဝယ္ၿပီးခါမွ အေၾကာင္းေၾကာင္းေသာ အဖ်က္အေမွာင့္မ်ားေၾကာင့္ ရန္ကုန္ အေဝးေျပးဂိတ္ပင္ မေရာက္လိုက္တာလည္း ပါမည္ထင္၏။ကြၽန္ေတာ္က အနည္းဆုံး တစ္ႏွစ္လွ်င္ တစ္ႀကိမ္ ဇာတိေျမသို႔ ေျခမခ်ခဲ့ႏိုင္လွ်င္ မၾကာခဏ ယားတာယံတာမ်ိဳး အလားဂ်စ္ ျဖစ္ေလ့ရွိသည္။

တကယ္ေတာ့ ဇာတိေျမ ဆိုသည္မွာ ကြၽန္ေတာ့အတြက္ အထူးအဆန္းမဟုတ္။တေရးႏိုး ထစဥ္းစားလွ်င္ေတာင္ ေျမသား၏ အေရာင္ကအစ၊ ဘယ္ေနရာမွာ ဘယ္အပင္ႀကီးက အုပ္ဆိုင္းေနတာကအစ အေသးစိတ္မွတ္မိေနေသာ ေနရာ။၁၃ ႏွစ္သား အ႐ြယ္၊ ရန္ကုန္သို႔ ေရာက္ရွိေနထိုင္သည့္ အခ်ိန္မွစ၍ ယခု အသက္ ၄၆ ႏွစ္အ႐ြယ္ထိ ျပန္ခဲ့သည့္ အေခါက္ေရမွာ မေရတြက္ႏိုင္ေအာင္။သို႔ေသာ္၊ ဇာတိေျမသို႔ ျပန္ရမည္ဆိုလွ်င္ မည္သည့္အခ်ိန္မဆို တက္ႂကြၿမဲ။တျဖတ္ျဖတ္ရင္ခုန္ၿမဲ။ဟိုးခပ္ငယ္ငယ္ ဇာတိသို႔အျပန္ ရင္ခုန္သံႏွင့္ ယခုဆံျဖဴေတြ လႈပ္ရမ္းေနေသာအခ်ိန္ ရင္ခုန္သံကလည္း တစ္ထပ္တည္းက်ၿမဲ။

ျပန္မည္ဆိုတာ ေသခ်ာေသာအခ်ိန္ကစလို႔ ရင္ခုန္မိျခင္း ျဖစ္သည္။ကြၽန္ေတာ္က ရထားစီးရျခင္း အရသာကိုႀကိဳက္သျဖင့္ ရထားလက္မွတ္ အဆင္မေျပခ်ိန္မွလြဲ၍ ရထားျဖင့္သာ ျပန္ေလ့ရွိသူ ျဖစ္သည္။ႏွစ္မ်ားစြာၾကာ ျမန္မာ့မီးရထားမွာ ဝင္ခ်ိန္ထြက္ခ်ိန္မမွန္၊ ဝန္ေဆာင္မႈကလည္း အထက္တန္းတြဲ ဆိုဖာပင္ ၾကမ္းပိုးထိုးခံရဖူးသည့္အျဖစ္။ဟိုင္းေဝးယာဥ္တစ္ေခတ္ မထြန္းသစ္ေသးေသာ အခ်ိန္တုန္းကဆို ႐ိုး႐ိုးတန္းတြဲမ်ားတြင္ အေပါ့အပါးသြားဖို႔ပင္ မလြယ္ေအာင္ လူဒင္းၾကမ္းျပည့္ေနေသာ္လည္း ကြၽန္ေတာ္ကေတာ့ ရထားမွ ရထား ။ကြၽန္ေတာ္က ရထားျပတင္းေပါက္မွေန၍ ေငးေငးေတြးေတြး အရသာကိုႀကိဳက္သမို႔ ရထားေတာင္ ညရထားဆို သိပ္မစီးခ်င္။ေခတ္ႀကီးက သန္းေခါင္ထက္ နက္ေနသည့္အထဲ အေမွာင္ပိန္းေနေသာ ညကမာၻကို ေငးရတာမ်ိဳးမႀကိဳက္။

မနက္ရထားထြက္ခ်ိန္က နံနက္ ၄ နာရီခြဲ၊ ၅ နာရီခြဲလိုမ်ိဳးမို႔ ေစာေစာစီးစီးပင္ ရန္ကုန္ဘူတာႀကီးသို႔ ခ်ီရသည္။ကိစၥမရွိလွ်င္ ညနက္သည္အထိ စာဖတ္၊ မနက္ ေနဖင္ထိုးမွ ထတတ္သူ ျဖစ္ေသာ္လည္း ဇာတိသို႔အျပန္ ဆတ္ခနဲႏိုးေသာ ေစာေစာစီးစီးတြင္ ငိုက္မယ္ျမည္းမယ္မရွိ။

ဘူတာႀကီးသို႔ေရာက္လွ်င္ ရထားထြက္မည့္အခ်ိန္ထက္ တစ္နာရီေက်ာ္ ေစာေနၿမဲျဖစ္သည္။ဘူတာနားဝန္းက်င္ ေဈးႀကီးၿပီး အရသာမရွိေသာ တစ္ခုခုစားၿပီဆိုလွ်င္လည္း အျပစ္မတင္မိၿမဲ ျဖစ္သည္။ဘူတာတြင္ ေပါင္းေဟာင္းေဆြညာမ်ား ေတြ႕မိေလမလား၊ ရွာၾကည့္မိၿမဲ ျဖစ္သည္။ရထားမလာေသးေတာ့လည္း နာရီတၾကည့္ၾကည့္။ရထားေပၚ အထိုင္က်ၿပီဆိုေတာ့လည္း မထြက္ေသးသျဖင့္ နာရီတၾကည့္ၾကည့္။ရထားမ်ားထြက္ခ်ိန္ ေနာက္က်ၿပီဆိုလွ်င္ ဆင္းတြန္းခ်င္စိတ္ပင္ ေပါက္မိသည္။မည္သို႔ပင္ျဖစ္ေစ၊ ရထားစထြက္ၿပီဆိုလွ်င္ ရထားႏွင့္အၿပိဳင္ ျမန္ႏႈန္းျမင့္ ရင္ခုန္သံတို႔ျဖင့္ ကိုယ့္ဘဝကိုယ္ ေက်နပ္မိၿမဲျဖစ္သည္။

ငမိုးရိပ္တံတားကို ေက်ာ္ၿပီဆိုလွ်င္ ေသခ်ာသြားၿပီဆိုသည့္ စိတ္ေၾကာင့္လားမသိ။ေစာစီးစြာဖြင့္ခဲ့ရေသာ မ်က္လုံးက အလိုလိုငိုက္က်သြားၿမဲ ျဖစ္သည္။ရထားက စိတ္ရွိသေလာက္ခုန္၊ ကြၽန္ေတာ္ကေတာ့ အငိုက္မပ်က္။

မနက္ခင္း ပြက္ပြက္ဆူျခင္းျဖင့္ ထလာေသာ ပဲခူးဘူတာသို႔ ေရာက္လွ်င္ေတာ့ ျပန္ႏိုးၿမဲျဖစ္သည္။ပဲခူးဘူတာတြင္ ပဲခူးငါးခ်ဥ္၊ ဒံေပါက္၊ ဆမူဆာပူပူေလး။ေရသန႔္ဗူးမတြင္မီ ကာလတုန္းက အသံခပ္ႏြမ္းႏြမ္း ခပ္လြမ္းလြမ္းျဖင့္ ေအာ္ေလ့ရွိေသာ ေရကုသိုလ္ဆိုသည့္ အသံမ်ားလည္း ၾကားရၿမဲျဖစ္သည္။

ပဲခူး ဆိုတာက ေရွးသေရာအခါ မြန္ဘုရင္တို႔ ထီးနန္းစိုက္ရာ ဟံသာဝတီနန္းေတာ္ႀကီး။ႀကီးက်ယ္ခမ္းနားေသာ ယဥ္ေက်းမႈထြန္းကားခဲ့ရာ ေနရာ၊ စစ္ပြဲတကာတို႔ျဖင့္ ေသြးမ်ားလႊမ္းခဲ့ရာ ေနရာ။ဟံသာဝတီ ေျမခသည့္အခ်ိန္တြင္ ကြၽန္ေတာ့အေမ၏ တီလား တြတ္လား မသိ၊ ဟံသာဝတီနန္းေတာ္ထဲမွ တိမ္းေရွာင္ကာ ကြၽန္ေတာ္တို႔ ဇာတိေျမတြင္ အရပ္သူအသြင္ ဆက္လက္ရွင္သန္ မ်ိဳးဆက္ခဲ့သည္ဟု သိမွတ္ခဲ့ေလေတာ့ ကိုယ့္ေျမကိုယ့္ေရဆိုသည့္ အသိျဖင့္ ရင္ခုန္ရသည္။

ရထားေပၚမွေန၍ ေ႐ႊေမာ္ေဓာကို မ်က္စိတဆုံးလြန္ၿပီးေနာက္ ဗိုက္ဆာလွ်င္ တစ္ခုခုစား၊ ၿပီးေတာ့ ငိုက္က်ၿမဲ။ေနာက္ထပ္ နာရီဝက္ေက်ာ္ ဆက္ခုတ္လွ်င္ ေဝါၿမိဳ႕။“ေဝါၿမိဳ႕က လာခဲ့တယ္” ဆိုသည့္ သတင္းစာဆရာ၊ စာေရးဆရာ၊ ဆရာ ေမာင္ဝံသ ၏ ဇာတိေျမ။ေဝါ ဆိုတာက ရန္ကုန္-ေမာ္လၿမိဳင္ ရထားလမ္း၊ ကားလမ္း ေဘးၿမိဳ႕။ၿမိဳ႕တြင္းသို႔ တစ္ခါမွေျခမခ်ခဲ့ဖူးေသာ္လည္း ၿမိဳ႕ခပ္ငယ္ငယ္မွ်သာဟု ထင္၏။

ရထားက ေဝါဘူတာတြင္ ေခတၱရပ္ေလ့ရွိသည္။ေဝါမွ ေနာက္ထပ္နာရီဝက္မွ် ဆက္ခုတ္လွ်င္ နာမည္ေက်ာ္ စစ္ေတာင္းတံတားသို႔ ေရာက္ၿပီ။ထိုတံတားမွာ အဂၤလိပ္တို႔ ေဖာက္လုပ္ခဲ့ေသာ တံတားျဖစ္သည္။ဂ်ပန္အဝင္ အဂၤလိပ္တို႔ အိႏၵိယအဆုတ္တြင္ မွ်ားတစ္စင္းလို အျပင္းဝင္လာေသာ ဂ်ပန္ကို ဘရိတ္ဆြဲမိေစရန္ စစ္ေတာင္းတံတားအား အဂၤလိပ္တို႔ ခ်ိဳးခဲ့သည္။

အဂၤလိပ္ ျပန္ဝင္လာၿပီးေနာက္လား၊ ဂ်ပန္ေခတ္မွာလားေတာ့ မသိ။ကြၽန္ေတာ့အဘြားတို႔ ေမာ္လၿမိဳင္မွ ရန္ကုန္သို႔လာလွ်င္ ဟိုဘက္ဒီဘက္ ရထားမ်ားက စစ္ေတာင္းတံတားထိပ္တြင္ရပ္။ျမစ္ကို ေမာ္ေတာ္ႏွင့္ျဖတ္။ထိုေခတ္က ထိုင္ခုံနံပါတ္ေတြ ဘာေတြမရွိ၊ ဦးရာလူစနစ္မို႔ ေယာက်ာ္းမ်ားက ေမာ္ေတာ္ဆိုက္တာနဲ႔ အထုပ္အပိုး ႏိုင္သေလာက္ျဖင့္ ရထားဆီသို႔ တန္းေျပးကာ ထိုင္ခုံေနရာဦးရသည္ဟု အဘြားက ေျပာျပဖူးသည္။

စစ္ေတာင္းတံတားဆိုတာက ပဲခူးတိုင္းႏွင့္ မြန္ျပည္နယ္ကို ခ်ိတ္ဆက္ထားျခင္း ျဖစ္သည္။ရန္ကုန္မွလာလွ်င္ တံတား၏ ဒီဘက္ထိပ္တြင္ ပဲခူးတိုင္း၊ ဟိုဘက္ထိပ္တြင္ မြန္ျပည္နယ္။တံတား၏ အလယ္ေနရာမွ ပိုင္းျခားထားသလား ဘာလားေတာ့မသိ။

ကြၽန္ေတာ္က မြန္ျပည္နယ္ဆိုသည့္ ဆိုင္းဘုတ္ႀကီးကို ျမင္ခ်င္သည္။ေျခေထာက္က ရထားၾကမ္းခင္းေပၚ ေရာက္ေနေသာ္လည္း ကိုယ့္ေျမသို႔ ကိုယ္ျပန္ေရာက္ၿပီဆိုသည့္ အာ႐ုံခံစားမႈမ်ိဳး လိုခ်င္သည္။ထို႔ေၾကာင့္ပင္ ဘယ္သူမွမႏႈိးလည္း စစ္ေတာင္းတံတား ေရာက္ခါနီးဆို ႏိုးၿမဲ။ရထားက တံတားေပၚ ျဖတ္သည့္အခါတိုင္း ၾကားရေလ့ရွိေသာ တေဝါေဝါဆိုသည့္ အသံကို တထိတ္ထိတ္နားဆင္ၿမဲ။တံတား၏ ဟိုဘက္ စစ္ေတာင္းစကၠဴစက္ ဆိုတာကို လွမ္းေငးၿမဲ။

တံတားကို နည္းနည္းေက်ာ္လာလွ်င္ သိမ္ဇရပ္ဘူတာသို႔ ေရာက္ၿပီ။သိမ္ဇရပ္ဆိုတာက က်ိဳက္ထိုၿမိဳ႕နယ္ အပိုင္။မ်က္စိတဆုံးေသာ လယ္ကြင္းမ်ားကိုလည္း ျမင္ရသည္။ေတာရိပ္ေတာင္ရိပ္မ်ားကိုလည္း ျမင္ရသည္။သိမ္ဇရပ္ႏွင့္ က်ိဳက္ထိုၾကား ရထားလမ္းေၾကာင္းအခ်ိဳ႕မွာ ေတာင္ၾကားလမ္းမ်ားမို႔ တစ္မ်ိဳးလွေနသည္။

ေနာက္ထပ္ သိပ္မၾကာ၊ ခရီးသည္ အဆင္းအတက္မ်ားေသာ က်ိဳက္ထိုဘူတာသို႔ ေရာက္ၿပီ။သီးစုံယိုမ်ိဳးစုံလည္းရၿပီ။ယင္းယိုမ်ိဳးစုံကို ဘူတာပလက္ေဖာင္းေပၚေရာ ရထားေပၚမွာပါ ေရာင္းခ်သူ ေဈးသည္တို႔က ပုံလို႔။ကြၽန္ေတာ္က နာမည္ေက်ာ္ ကတြတ္ယိုကို ႀကိဳက္သူမို႔ ရထားစီးရင္းစားရန္ ဝယ္ၿမဲျဖစ္သည္။

ကားတစ္ေခတ္ ျဖစ္မလာေသးေသာအခ်ိန္ ရထားကို အားျပဳစီးေနသည့္အခ်ိန္က က်ိဳက္ထိုၿမိဳ႕ရွိ က်ိဳက္ထီး႐ိုးဘုရားသို႔ အနယ္နယ္အရပ္ရပ္မွ လာေရာက္ဖူးေျမႇာ္သူမ်ားက ရထားကို အားျပဳစီးၾကတာမို႔ က်ိဳက္ထိုဘူတာမွာ မိုးကာလမွလြဲ၍ ခရီးသည္အတက္အဆင္းမ်ားၿမဲ ျဖစ္သည္။ယခု ဟိုင္းေဝးကားယဥ္ေက်းမႈ အသားက်လာသည့္တိုင္ ေက်းလက္ျပည္သူအခ်ိဳ႕မွာ ကားမူးၾကတာမို႔ ရထားျဖင့္ ဘုရားဖူးလာၿမဲ ျဖစ္သည္။

ေရွးသေရာအခါတုန္းက က်ိဳက္ထီး႐ိုးဘုရားဖူးရန္ က်ားကုတ္က်ားခဲ လမ္းေလွ်ာက္တက္ရသည္။ကြၽန္ေတာ္ ကေလးဘဝတုန္းက အဘြားေျပာျပေသာ က်ိဳက္ထီး႐ိုးဘုရားဖူး ခရီးစဥ္မွာ နားေထာင္လို႔ ေကာင္းမွေကာင္း။တစ္ေကြ႕တက္လိုက္၊ ေမာလို႔နားလိုက္။ကုသိုလ္ျပဳ ေရခ်မ္းစင္မွ စိမ့္ေနေအာင္ ေအးေသာေရကို အလုအယက္ေသာက္လိုက္ျဖင့္ လူပ်ိဳ၊ အပ်ိဳမ်ားအတြက္ဆို ဘုရားလည္းဖူး၊ လိပ္ဥလည္းတူးလို႔ ေကာင္းေသာေနရာ။ကြၽန္ေတာ္ကေတာ့ ဘုရားႏွင့္ နည္းနည္းေဝးသူမို႔ အသက္ ၄၀ ေက်ာ္မွ က်ိဳက္ထီး႐ိုးေတာင္ေပၚသို႔ ေရာက္ရ။ကြၽန္ေတာ္ေရာက္ရွိခ်ိန္က်ေတာ့ ေတာင္ေပၚသို႔ ကားျဖင့္တက္ၾကၿပီ။ဂငယ္ေကြ႕ေတြကလည္း မ်ားလွသမို႔ အတက္ေရာ အဆင္းပါ မ်က္လုံးမွိတ္စီးလွ်င္ အေကာင္းဆုံး။ေတာင္ေျခသို႔ ေရာက္မွသာ သက္ျပင္းရဲရဲခ်မိသည့္ ခရီး။ယခု ကားထက္မ်ားစြာျမန္သည့္ ေလေပၚဝဲပ်ံေသာ ေကဗယ္ကားစနစ္က ေပၚလာၿပီျဖစ္ေသာ္လည္း တစ္ႀကိမ္မွ် ထပ္မေရာက္ေသး။ထားေတာ့။

က်ိဳက္ထိုၿပီးလွ်င္ ဘီးလင္း။ရထားက ဘီးလင္းၿမိဳ႕ေပၚက မျဖတ္၊ ဘီးလင္း အပိုင္ ေတာင္စြန္းဘူတာတြင္ ရပ္သည္။ေတာင္စြန္းႏွင့္ ပတ္ဝန္းက်င္ေနရာတို႔မွာ ေရွးႏွစ္မ်ားစြာက မြန္ဘုရင္တို႔ နန္းစိုက္ရာ သုဝဏၰဘူမိၿမိဳ႕ေဟာင္းေနရာဟု သိမွတ္ရသည္။အေနာ္ရထာႏွင့္ ေခတ္ၿပိဳင္ မႏူဟာမင္း မတိုင္မီ သုဝဏၰဘူမိတြင္ မင္းဆက္အလီလီ ရွိေသးသည္ဟု ဆိုၾကသျဖင့္ ပုဂံထက္ပင္ ေစာဦးမည္လားမသိ။သုဝဏၰဘူမိကို ပထမျမန္မာႏိုင္ငံေတာ္ ထူေထာင္ခဲ့ရာ သေရေခတၱရာ (ပ်ဴ) ႏွင့္ ေခတ္ၿပိဳင္ဟုပင္ မွန္းဆမႈမ်ား ရွိခဲ့သည္။သို႔ေသာ္၊ ယေန႔ထိတိုင္ တူးဆဲေဖာ္ဆဲ အဆင့္။ေနာက္ထပ္ျပႆနာတစ္ခုက ျမန္မာေအာက္ပိုင္းေဒသမွာ မိုးမ်ားေသာေဒသမို႔ ပုဂံ၊ သေရေခတၱရာတို႔ထက္ ေရွးေဟာင္းအမွတ္အသားမ်ား ပ်က္စီးလြယ္ျခင္း ျဖစ္သည္။ဘယ္လိုပဲျဖစ္ျဖစ္၊ တူးေဖာ္မႈကို အရွိန္ျမႇင့္ႏိုင္လွ်င္ သုဝဏၰဘူမိႏွင့္ ပတ္သက္၍ ယခုထက္ ပိုမိုခိုင္မာေသာ သမိုင္းအေထာက္အထားမ်ား ရရွိလာမွာက ေသခ်ာသည္။တစ္ခ်ိန္ခ်ိန္တြင္ ကမာၻလွည့္ခရီးသြားမ်ား ေျခဦးလွည့္မည့္ ေနရာတစ္ေနရာ ျဖစ္လာႏိုင္သည္။ကြၽန္ေတာ့အတြက္လည္း သုဝဏၰဘူမိ ၿမိဳ႕ေဟာင္းသို႔ ေရာက္ေအာင္သြားမည္ ဆိုသည့္စိတ္ ရထားစီးသည့္အခါတိုင္း ေပၚလာေသာ္လည္း ယေန႔တိုင္ မေရာက္ႏိုင္ေသး။

ဘီးလင္းသို႔ ေရာက္ၿပီဆိုလွ်င္ လြမ္းေတာ့လြမ္းသည္၊ ဗိုက္ေတာ့ဆာသည္ ဆိုသည့္အျဖစ္မ်ိဳး။က်ိဳက္ထို ေက်ာ္ၿပီဆို ေန႔ခင္းထမင္းစားခ်ိန္လည္း ေရာက္ၿပီမို႔ ရထားေပၚ တေၾကာ္ေၾကာ္ျမည္ေနေသာ ထမင္းသည္မ်ားကို ေတြ႕ရၿပီ။႐ိုး႐ိုးထမင္းဟင္းသည္မ်ားလည္း ရွိသည္။ထမင္းေပါင္းသည္မ်ားလည္း ရွိသည္။ထမင္းေပါင္း ဆိုတာက ရန္ကုန္ကလို တ႐ုတ္ထမင္းေပါင္း မဟုတ္။ေပါင္းထားသည့္ ထမင္းႏွင့္ ၾကက္သြန္ႏိုင္းဂ်င္းျဖင့္ ေၾကာ္ခ်က္ခ်က္ထားေသာ ၾကက္ေၾကာ္။ၾကက္ေၾကာ္က ေပါင္သားယူမလား၊ ရင္အုံယူမလား၊ အသည္းအျမစ္ယူမလား၊ ႀကိဳက္တာေျပာ။ထမင္းေပါင္းထဲတြင္ ပုံထားေသာ င႐ုတ္သီးမႈန႔္ေၾကာ္ပါမည္။အအီေျပ သရက္သီးအစိမ္း တစ္စိတ္ပါမည္။ထမင္းေပါင္းကေမႊးေမႊး၊ ငွက္ေပ်ာ႐ြက္ႏွင့္ ထုပ္ထားသျဖင့္ ပိုေမႊးျမေနသလို၊ ဌက္ေပ်ာဖက္အေပၚမွာ ေနာက္တစ္ထပ္အျဖစ္ သတင္းစာစကၠဴ၊ ၿပီးေတာ့ သေရကြင္းျဖင့္ စည္းထားသည္။

ထမင္းေပါင္းမ်ားထဲတြင္ ေ႐ႊမ်က္မွန္ ထမင္းေပါင္းက နာမည္ေက်ာ္။ေ႐ႊမ်က္မွန္ကို မွီသည့္ ထမင္းေပါင္းရယ္လို႔မရွိ။ရထားေပါင္းေရာင္းသည့္ တခ်ိဳ႕ထမင္းေပါင္းမ်ားမွာ ေ႐ႊမ်က္မွန္ကို မမီသလို ေ႐ႊမ်က္မွန္ေလာက္လည္း ေဈးမႀကီး။ကြၽန္ေတာ္က ေ႐ႊမ်က္မွန္ကလြဲ တျခားထမင္းေပါင္း မစား။ငယ္ငယ္တုန္းကေတာ့ ရထားေပၚလာေရာင္းသည့္ ေ႐ႊမ်က္မွန္ကို ေ႐ြးစားသည္။လူပ်ိဳေပါက္အ႐ြယ္ေရာက္ေတာ့ က်ိဳက္ထိုဘူတာ ေက်ာ္လာၿပီဆို ရထားေပၚတြင္ ေ႐ႊမ်က္မွန္ စားမလားဟူ၍ စာရင္းလိုက္ေကာက္သူမ်ား ရွိလာသည္။ရင္အုံလား၊ ေပါင္လား စားခ်င္ရာမွာလိုက္။စာရင္းေကာက္သူမ်ားက ထိုင္ခုံနံပါတ္ႏွင့္ တြဲမွတ္သြားသည္။ထမင္းေပါင္းေရာက္လာမွ ေငြေခ်စနစ္မို႔ စိတ္ခ်။

ရထားက ေတာင္စြန္း ၿပီးလွ်င္ ႏွင္းပုလဲဘူတာတြင္ ရထားရပ္သည္။ႏွင္းပုလဲ ဆိုတာက ဘီလင္းၿမိဳ႕နယ္ အပိုင္ ထမင္းေပါင္းထြက္ရာ ႐ြာ။ႏွင္းပုလဲဘူတာ႐ုံ ေဘးတြင္ပင္ ေ႐ႊမ်က္မွန္ထမင္းဆိုင္က ရွိသည္။ရထားေပၚ စာရင္းေကာက္ထားသူမ်ားက မည္သို႔မည္ပုံ ဖုန္းျဖင့္ ႀကိဳမွာထားသလဲေတာ့ မသိ။ႏွင္းပုလဲသို႔ ရထားဆိုက္တာနဲ႔ အမွာစာအထုပ္မ်ားက အဆင္သင့္။ရထားက ႏွင္းပုလဲဘူတာတြင္ ပုံမွန္ရပ္နားတာထက္ နည္းနည္းပိုၾကာသည္။ထမင္းေပါင္း ဝယ္ခ်ိန္ရရန္ အလိုက္တသိ နည္းနည္းပိုၾကာေအာင္ ရပ္ေပးျခင္းျဖစ္သလို ထိုသို႔အလိုက္သိရန္အတြက္ ထမင္းေပါင္းရွင္က ရထားဝန္ထမ္းမ်ားႏွင့္ နားလည္မႈ ယူထားျခင္းလည္း ျဖစ္ႏိုင္သည္။တခ်ိဳ႕ခရီးသည္မ်ားက ထမင္းေပါင္းဆိုင္တြင္ တိုက္႐ိုက္သြားဝယ္လွ်င္ ေဈးသက္သာသျဖင့္ ရထားေပၚမွဆင္းကာ သြားဝယ္ေလ့ရွိသည္။

ကားျဖင့္သြားလွ်င္ ႏွင္းပုလဲတြင္ မရပ္။ရပ္သည့္တိုင္ ေ႐ႊမ်က္မွန္ ထမင္းေပါင္းဆိုင္က ကားရပ္နားရာေနရာတြင္ မရွိ။ကြၽန္ေတာ္၏ ရထားစီးျခင္း အဓိပၸါယ္တြင္ ထမင္းေပါင္း စားလိုျခင္းႏွင့္လည္း ဆိုင္သည္။ထမင္းေပါင္းကို အားရပါးရ စားႏိုင္ရန္အတြက္လည္း လမ္းတစ္ေလွ်ာက္ ဗိုက္ျပည့္ႏိုင္သည့္အစာ ဘာမွမစားဘဲ အဆာခံထားလိုက္ေသးသည္။ဇာတိသို႔အျပန္ ထမင္းေပါင္းမွ မစားရလွ်င္ ေပါ့ဆြတ္ေနသလို။ကြၽန္ေတာ္မွမဟုတ္။မြန္ျပည္နယ္သား အမ်ားစုက ထိုထမင္းေပါင္းကို ႀကိဳက္လွသမို႔ ရထားအစုန္အဆန္ ေရာင္းေကာင္းခ်က္က ဟိုင္းေဝးကားယဥ္ေက်းမႈ မထြန္းကားခင္အခ်ိန္က ေသာက္ေသာက္လဲျဖစ္သည္။

ႏွင္းပုလဲမွ ရထားအထြက္ ခုန္ေနေသာ ရထားေပၚ ထမင္းေပါင္းက ေကာင္းေကာင္း။ၿပီး၊ တင္းကားေနေသာဗိုက္ကို နည္းနည္းခပ္ေခ်ာင္ေခ်ာင္ ျဖစ္သြားေအာင္ အခ်ိဳရည္ေလး ဘာေလးေသာက္လိုက္၊ စာအုပ္ဖတ္လိုက္၊ ပတ္ဝန္းက်င္ကိုေငးလိုက္။ဘီးလင္းႏွင့္ သထုံၾကား ရထားလမ္းေဘးဝဲယာ ေ႐ႊျဖဴဟုဆိုေသာ ေရာ္ဘာစိုက္ခင္းမ်ားကလည္း တန္းစီလိုက္လို႔လာသည္။နည္းနည္း ခပ္ေဝးေဝးသြားၿပီးလွ်င္ေတာ့ သထုံ။သထုံဘူတာက ပဲခူးလို က်ိဳက္ထိုလို နည္းနည္းခပ္ႀကီးႀကီး ျဖစ္သည္။

ကြၽန္ေတာ့ အေမ ေခါင္းခ်ခဲ့ရာေနရာလည္း ျဖစ္သည္။၁၉၉၅ ခုႏွစ္တြင္ ကြၽန္ေတာ့ အေဖက သထုံသို႔ အစိုးရတာဝန္ျဖင့္ ေျပာင္းေ႐ႊ႕ရသည္။အေဖ က်ရာတာဝန္က လာဘ္ေငြ ခပ္ေထာေထာ ရသည့္ေနရာ။ဝင္လမ္းကလည္းေကာင္း၊ သထုံက ေနလို႔ထိုင္လို႔လည္း သိပ္ေကာင္း၊ ကြၽန္ေတာ္တို႔ ဇာတိေျမႏွင့္လည္း သိပ္မေဝးတာမို႔ အေမက သထုံတြင္ အေျခခ်ေတာ့မည္ဟုဆိုကာ ေျမတစ္ကြက္ဝယ္၊ တိုက္အိမ္တစ္လုံးေဆာက္။ကြၽန္ေတာ္က မအူပင္တြင္ ဂ်ီတီအိုင္တက္ေနဆဲ အခ်ိန္မို႔ ေက်ာင္းပိတ္ခ်ိန္ သထုံသို႔ ခဏျပန္သည္ဆို႐ုံမွ်။

သထုံတြင္ ၃ ႏွစ္ေက်ာ္ ၾကာၿပီးေနာက္ ရန္ကုန္႐ုံးခ်ဳပ္သို႔ အေဖျပန္ေရာက္သည္။အေမက သထုံအိမ္မွာပဲေန၊ အေဖက သြားလိုက္ျပန္လိုက္။၂၀၀၀ ျပည့္ႏွစ္ေရာက္ေတာ့ အေမက ကင္ဆာျဖင့္ သထုံတြင္ဆုံးသည္။ေနာက္ ၂ ႏွစ္ခန႔္ၾကာေတာ့ ေနမည့္လူမရွိေသာ သထုံအိမ္ကို ေရာင္းလိုက္သည္။ကြၽန္ေတာ္တို႔ မိသားစုႏွင့္ သထုံ ေနာက္ထပ္ျပန္ဆုံစရာမရွိဟု ထင္မွတ္ခဲ့ေသာ္လည္း အိမ္ေရာင္းၿပီးေနာက္ ၄-၅ ႏွစ္အၾကာ ညီမက သထုံသားႏွင့္ အိမ္ေထာင္က်ၿပီး သထုံတြင္ အေျခခ်သူမို႔ ယေန႔တိုင္ ကြၽန္ေတာ္တို႔လည္း ေရာက္ျဖစ္ေနသည္။

သထုံဘူတာသို႔ ေရာက္လွ်င္ ဒူးရင္းသီး၊ မင္းဂြတ္သီး၊ ၾကက္ေမာက္သီး ထြက္ေသာရာသီဆို ေဈးသည္တို႔၏ အသံကို ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ ၾကားရေလ့ရွိသည္။ထိုအသီးအႏွံမ်ားက သထုံမွာလည္းထြက္၊ ၿမိဳင္ကေလးဘက္မွာလည္း ထြက္သျဖင့္ ေဈးေပါလွသည္။သို႔ေသာ္၊ ေမာ္လၿမိဳင္သို႔သြားသည့္ ရထားစီး ခရီးသြားမ်ားကေတာ့ မဝယ္။ေမာ္လၿမိဳင္တြင္လည္း ေဈးေပါေပါျဖင့္ရေသာေၾကာင့္ ျဖစ္သည္။ရန္ကုန္သို႔အျပန္ ရထားတြင္ေတာ့ ေရာင္းအားကမဆိုး။

သထုံ ၿပီးလွ်င္ေတာ့ ေပါင္။ေပါင္ႏွင့္ ကြၽန္ေတာ္ၾကား အထိအစပ္က ဘာမွမရွိ။ေပါင္ ေရာက္ၿပီး သိပ္မၾကာ ေပါင္ၿမိဳ႕နယ္အပိုင္ မုတၱမ။သူက သံလြင္ျမစ္ေဘးက ၿမိဳ႕နယ္ခြဲအဆင့္။သံလြင္တံတား မထိုးမီအခ်ိန္က မုတၱမတြင္ ရထားဂိတ္ဆုံးသည္။မုတၱမမွသည္ ေမာ္လၿမိဳင္သို႔ သေဘာစႌး။ေမာ္လၿမိဳင္မွသည္ ကြၽန္ေတာ့ဇာတိေျမ ဘီလူးကြၽန္းဆီသို႔ ဇက္သေဘာၤ ထပ္စီး။(ယခုကေတာ့ ကြၽန္ေတာ့ဇာတိဆီသို႔လည္း သေဘၤာထပ္စီးရန္ မလိုေတာ့) သံလြင္တံတား ထိုးၿပီးခ်ိန္မွာေတာ့ ရထားက ေမာ္လၿမိဳင္သို႔ တိုက္႐ိုက္ေရာက္သြားသည္။ရထားေပၚ စုစုေပါင္း ၈ နာရီၾကာ။အေၾကာအခ်င္ေတြက အႏွိပ္သည္လက္ထဲ ထိုးအပ္ရမည့္ အေနအထား။

သံလြင္တံတားထိုးအၿပီး တစ္ခ်ိန္က ေမာ္လၿမိဳင္နီးနီး စည္ကားလွေသာ မုတၱမမွာ ေတာရပမာ ၿငိမ္ဆိတ္ေနမႈကိုေငးကာ ျဖတ္မိသည့္အခါတိုင္း ဝမ္းနည္းမိသလိုလို ျဖစ္ရသည္။အတိတ္တစ္ခါက မုတၱမမွာ ကြၽန္ေတာ္တို႔အတြက္ သိပ္ကိုအေရးပါေသာ ေနရာတစ္ခုပင္။

မ်ိဳးၫြန႔္ (Popular News)
ဒီဇင္ဘာ - ၁