【 ခရီးသွားဆောင်းပါး 】 “အလင်းမှိန်ဖျဖျအောက်က တောင်ကြီးမီးအလှပွဲ”

【 ခရီးသွားဆောင်းပါး 】 “အလင်းမှိန်ဖျဖျအောက်က တောင်ကြီးမီးအလှပွဲ”

အေးချမ်းတဲ့ ဆောင်းရက်တွေနဲ့အတူ တောင်ပေါ်မြို့ကလေးက စတင်အသက်ဝင်လာခဲ့ပါတယ်။ကားကြီး ကားငယ် အသွယ်သွယ်နဲ့ တောင်ပေါ်လမ်းတစ်လျှောက် ညတာအောက်မှာ ရောင်စုံမီးတန်းကြီး တောင်ပေါ်ကို  တရွေ့ရွေ့တက်လာတဲ့ မြင်ကွင်းက အလည်လာသူ ခရီးသည်တွေ သွေးကို နွေးထွေးစေခဲ့ပါတယ်။ရှမ်းရိုးမ တောင်တန်းပေါ်မှာ အထီးတည်းရှိနေတဲ့ တောင်ကြီးမြို့ဟာ တစ်နှစ်တစ်ခါ ကြုံရဆုံရတဲ့ မီးအလှပွဲကို လက်ခံဆင်နွှဲဖို့ အသင့်ဖြစ်နေခဲ့ပါပြီ။

စိတ်စောမှုတွေနဲ့ တောင်ကြီးမြို့ကို စတင်ဝင်ရောက်လိုက်တာနဲ့ မြင်လိုက်ရတဲ့ မြင်ကွင်းက ရှမ်းအိုးစည်သံတွေနဲ့ ပျော်ရွှင်စွာကခုန်ရင်း မြို့ကိုလှည့်ပတ်နေကြတဲ့ ကထိန်ခင်းလှည့်နေကြတဲ့သူတွေ ဖြစ်ပါတယ်။လမ်းဘေးတလျှောက်မှာ ဘုံကထိန်လှည့်လာတာကို စောင့်ဆိုင်းကြည့်ရှူနေကြတဲ့သူတွေ များပြားတဲ့အတွက် ကားလမ်းမတစ်လျှောက် ပြည့်ကျပ်စည်ကားလို့နေပါတယ်။

တောင်ကြီးမြို့ရဲ့ ဓလေ့ထုံးစံအရ ရပ်ကွက်အသီးသီး၊ ကျောင်းအသီးသီးက စုပေါင်းလောင်းလှူကြတဲ့ ပဒေသာပင်တွေကို တန်ဆောင်မုန်းလ အဖိတ်နေ့မှာ မြို့လုံးကျွတ် လှည့်လည်ပြီး မိမိတို့ရည်မှန်းထားရာ ကျောင်းတိုက်အသီးသီးကို ပို့ဆောင်ကြတဲ့အတွက် တောင်ကြီးတစ်မြို့လုံး ဘုံကထိန်လှည့်သူတွေနဲ့ စည်ကားလို့နေပါတယ်။

မြန်မာနိုင်ငံ အနှံ့အပြားမှာ ဘုံကထိန်လှည့်လည်ကြပေမယ့် မြို့လုံးကျွတ်စုပေါင်းလှည့်လည်ကြတဲ့ တောင်ကြီးတန်ဆောင်တိုင် စုပေါင်းဘုံကထိန်လှည့်လည်ပွဲဟာ အစည်ကားဆုံးလို့ ပြောရမှာဖြစ်ပြီး အဲ့ဒီမြင်ကွင်းဟာ တောင်ကြီးမြို့ရဲ့ ထူးခြားတဲ့ စရိုက်လက္ခဏာတွေပဲ ဖြစ်ပါတယ်။

ကထိန်လှည့်လည်ရာမှာ ဒေါင်းရုပ်၊ ပန်ဒါဝက်ဝံ၊ ဂေါ်ဇီလာ၊ ပိုကီမွန် အစရှိတဲ့ အရုပ်မျိုးစုံကို မော်တော်ယာဉ်ပေါ်တင်ပြီး လိုက်လံလှည့်လည်ကြသလို ရှမ်းအိုးစည်၊ မောင်းတွေကိုတီးရင်း လမ်းလျှောက် ကခုန်လှည့်လည်ကြပါတယ်။တောင်ကြီးမြို့ရဲ့ လူကြီး၊ လူငယ်မရွေး ပါဝင်ဆင်နွှဲကြတဲ့ ဘုံကထိန်လှည့်လည်ခြင်း ဓလေ့ဟာ တောင်ကြီးမြို့ရဲ့ ချစ်စရာဓလေ့တစ်ခုပဲ ဖြစ်ပါတယ်။

ဘုံကထိန်လှည့်လည်သူများက မြို့မဈေးရှေ့မှာရှိတဲ့ ဓမ္မာရုံမှာ ပဒေသာပင်တွေကို သွားရောက်ပို့ဆောင်ကြပြီး အချို့တွေကလည်း မိမိတို့ရည်မှန်းထားတဲ့ ကျောင်းတိုက်အသီးသီးကို သွားရောက်ပို့ဆောင်ကြပါတယ်။မြို့မဈေးကြီး အရှေ့မှာတော့ မနက်မိုးလင်းချိန်မှစတင်ပြီး ကခုန်ရင်းလှည့်လည်နေကြတဲ့ ဘုံကထိန်လှည့်လည်သူတွေဟာ ညနေစောင်းတဲ့အထိ မပြတ်အောင် စည်ကားများပြားလှပါတယ်။

တောင်ကြီးမြို့ဟာ ဘုံကထိန်လှည့်လည်မှု အစည်ကားဆုံး ပျော်ရွှင်စရာအကောင်းဆုံး နေရာတစ်ခုဖြစ်ပေမယ့် ရပ်ဝေးဧည့်သည်တွေ သတိထားမိတာက တောာင်ကြီးမီးပုံးလွှတ်ပွဲတော်ပဲ ဖြစ်ပါတယ်။

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပချိန်ဟာ တောင်ကြီးမြို့ရဲ့ အစည်ကားဆုံးအချိန်တွေဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေ ပြည့်နှက်လို့နေတဲ့ အချိန်ဖြစ်ပါတယ်။ခရီးသွားဧည့်သည်တွေ များပြားတဲ့အတွက် ဟိုတယ်၊ တည်းခိုခန်းတွေမှာလည်း လူတွေပြည့်နှက်နေပြီး ဈေးနှုန်းတွေက ပုံမှန်အချိန်တွေထက် ၂ ဆခန့် ပိုမိုမြင့်တက်လေ့ရှိပါတယ်။
ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာ တည်းခိုခွင့်ရရှိဖို့  ၁ လခန့် ကြိုတင်မှာကြားရမှာဖြစ်ပြီး တောင်ကြီးကိုသွားတဲ့ ကားခဈေးနှုန်းတွေဟာ မြင့်တက်ခြင်းမရှိပေမယ့် ကြိုတင်လက်မှတ် ဖြတ်ထားဖို့တော့ လိုအပ်ပါတယ်။

မီးပုံးပျံပွဲ ကျင်းပရာ အဝေရာမီးပုံးပျံကွင်းသွားရာ လမ်းတလျှောက်မှာတော့ လာရောက်လည်ပတ်သူတွေ များပြားလှပြီး ကားလမ်းတွေပိတ်ဆို့နေတဲ့အတွက် အချိန်ကြာမြင့်စွာ သွားလာရပါတယ်။ကွင်းထဲကိုရောက်ရှိဖို့ ပွဲဈေးတန်းကို ဖြတ်ကျော်ရမှာဖြစ်ပြီး လမ်းတလျှောက်မှာတော့ မုန့်ဆိုင်၊ စားသောက်ဆိုင်၊ အဝတ်အထည်ဆိုင်တွေအပြင် လောင်းကစားဝိုင်းတွေကိုပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ကျော်ကြားလှတဲ့ တောင်ကြီးမီးပုံးပျံပွဲတော် အချိန်မှာ အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတဲ့အတွက် အနယ်နယ်အရပ်မှ လာရောက်လည်ပတ်သူတွေ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး ၂၀၁၉ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မီးပုံးပျံလွှတ် ပွဲတော်မှာလည်း လာရောက်လည်ပတ်သူတွေနဲ့ များစွာစည်ကားလှပါတယ်။ပွဲခင်းတလျှောက် စည်ကားလွန်းလှတဲ့အတွက် မီးပုံးပျံလွှတ်တင်ရာ ခြံစည်းရိုးခတ်ထားတဲ့ ကွင်းအတွင်း ဝင်ရောက်ကြည့်ရှူသူများနဲ့ ပြည့်နှက်နေပြီး မော်တော်ယာဉ်များလည်း အဆိုပါကွင်းအတွင်း ရပ်နားထားတဲ့အတွက် မီးဘေးအန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတစ်ရပ်ဘဲ ဖြစ်ပါတယ်။

ညဘက်တွေမှာ ညမီးကြီးနဲ့ စိန်နားပန် ပြိုင်ပွဲတွေကို ကျင်းပကြပြီး ပြိုင်ပွဲဝင်တဲ့ အဖွဲ့တွေအနေနဲ့ ပြိုင်ပွဲဝင် မီးပုံးပျံတွေကို ၂ လခန့် ကြိုတင်လုပ်ကိုင်ကြရပါတယ်။လွှတ်တင်ခွင့်ရရှိတဲ့ သတ်မှတ်နေ့ရက်မှာ ပြိုင်ပွဲကျင်းပရေးကော်မတီရုံးသို့ သတင်းပို့အပြီး ကွင်းအတွင်း မော်တော်ယာဉ်များနဲ့ ဝင်ရောက်ကာ ပြိုင်ပွဲဝင် မီးပုံးပျံများကို လွှတ်တင်နိုင်ဖို့ ပြင်ဆင်ကြရပါတယ်။မီးပုံးပျံလွှတ်တင်နိုင်ဖို့ ပါဝင်တဲ့ အဖွဲ့သားများ ညီညီညာညာ နားလည်မှုရှိရှိ ဝိုင်းဝန်းလုပ်ဆောင်မှသာ ကောင်းကင်ယံသို့ လှပတင့်တယ်စွာ တက်ရောက်သွားတဲ့ မီးပုံးပျံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်အဖွဲ့များအနေနဲ့ ရှမ်းအိုးစည်၊ မောင်း အစရှိတဲ့ တူရီယာပစ္စည်းတွေကို တီးမှုတ်သီဆိုရင် သူတို့လွှတ်တင်လိုက်တဲ့ မီးပုံးပျံကို ငေးမောကြည့်ရှူကာ ပျော်ရွှင်ပီတီဖြစ်နေကြတဲ့ ပုံရိပ်တွေဟာ မမေ့နိုင်စရာချစ်စရာ ဓလေ့တွေပဲဖြစ်ပါတယ်။

တောင်ကြီး မီးပုံးပျံပွဲတော်ဟာ စည်ကားလွန်းပြီး ဈေးဆိုင်တန်းတွေ ပြည့်နှက်နေတဲ့အတွက် လာရောက်လည်ပတ်သူတွေ မီးပုံးပျံလွှတ်တင်တာကို ကြည့်ရှူဖို့ နေရာအခက်အခဲဖြစ်နေတာက တောင်ကြီးမြို့ မီးပုံးပျံပွဲတော်အတွက် လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။

လာရောက်လည်ပတ်သူတွေအနေနဲ့ မီးပုံးပျံလွှတ်တင်မှုကို တွေ့မြင်ရဖို့ မီးပုံးပျံလွှတ်တင်တဲ့ ကွင်းအတွင်း ဝင်ရောက်ကြည့်ရှူကြတဲ့အတွက် ယမ်းပိဿာ ၄၀ ကျော် ပါဝင်လွှတ်တင်တဲ့ ညမီကြီး မီးပုံးပျံ လွှတ်တင်မှုတွေမှာ ကောင်းကင်ယံပေါ် တက်ရောက်ခြင်းမရှိဘဲ မြေပြင်မှာ ပေါက်ကွဲခဲ့ပါက လူ့အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတွေဖြစ်ပါတယ်။

နေ့ခင်းဘက်တွေမှာတော့ နေ့လွှတ် အရုပ်ပြိုင်တွေကို ယှဉ်ပြိုင်ကြပြီး မွန်းလွဲ ၁ နာရီ အချိန်ခန့် မှ စတင်ကာ ညနေ ၅ နာရီ အချိန်ခန့်အထိ ယှဉ်ပြိုင်လွှတ်တင်ကြပါတယ်။

လာရောက်လွှတ်တင်သူ မီးပုံးပျံအဖွဲ့သားများအနေနဲ့ မလွှတ်တင်မီ ရိုးရာတိုင်းရင်းသားသီချင်းများနဲ့ သီဆိုကခုန်ရင်း လွှတ်တင်မယ့် မီးပုံးပျံအရုပ်တွေကို မှိုင်းသွင်းကာ ကောင်းကင်ယံကို လွှတ်တင်ကြပါတယ်။နေ့လွှတ်အရုပ်ကို ပြုလုပ်တဲ့ စက္ကူတွေဟာ ပါးလွှာတဲ့အတွက် သတိထားကိုင်တွယ်ကြရပြီး ဖြန့်ခင်းနေစဉ်အချိန်တွေမှာ စက္ကူများစုတ်ပြဲလေ့ရှိတဲ့အတွက် ပလတ်စတစ်တိတ်တွေကို အသုံးပြုကြပါတယ်။မီးပုံးပျံများ လွှတ်တင်ပါက ရာသီဥတုအခြေအနေနဲ့ လေတိုက်ခတ်မှုတွေဟာ အရေးကြီးပြီး လေတိုက်ခတ်မှု ပြင်းထန်ပါက လွှတ်တင်တဲ့ မီးပုံးပျံများ ကောင်းကင်သို့ တက်ရောက်နိုင်ခြင်းမရှိဘဲ မြေပြင်မှာ မီးလောင်ပျက်စီးကြပါတယ်။

မြန်မာနိုင်ငံရဲ့ အစည်ကားဆုံးပွဲတော်တစ်ခုဖြစ်တဲ့ တောင်ကြီးမီးပုံးပျံပွဲတော် ကျင်းပနေချိန်မှာ ဘင်္ဂလားပင်လယ်အော်အတွင်း အားအလွန်ကောင်းတဲ့ မုန်တိုင်း "ဘာဘ်ဘယ်" ဖြစ်ပေါ်နေတဲ့အတွက် တောင်ကြီးမြို့ အပါအဝင် မြန်မာနိုင်ငံအနှံ့အပြား မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။မုန်တိုင်းကာလဟာ တန်ဆောင်တိုင်ပွဲတော်နဲ့ တိုက်ဆိုင်နေတဲ့အတွက် မြန်မာပြည်ရဲ့ အစည်ကားဆုံးပွဲတော်ဖြစ်တဲ့ တောင်ကြီးမီးပုံးပျံပွဲတော်မှာလည်း မိုးတွေရွာသွန်းခဲ့တဲ့အတွက် မီးပုံးပျံလွှတ်တင်မှုတွေကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

တောင်ကြီး တန်ဆောင်တိုင်ပွဲတော်နဲ့ မိုးရွာမှုတွေ တိုက်ဆိုင်လေ့ရှိခဲ့ပေမယ့် ယခုနှစ်မှာရွာသွန်းတဲ့ မိုးရွာသွန်းမှုတွေက ပိုမိုများပြားခဲ့ပြီး မိုး ၃ ရက် ဆက်တိုက် ရွာသွန်းခဲ့တဲ့အတွက် မူလစီစဉ်ထားတဲ့ မီးပုံးပျံလွှတ်တင်မှုတွေဟာလည်း သတ်မှတ်ရက်အတိုင်း လွှတ်တင်နိုင်ခြင်းမရှိခဲ့ဘဲ တန်ဆောင်တိုင် အဖိတ်နေ့ညအထိ မီးပုံးပျံလွှတ်တင်မှုတွေက ယခင်နေ့များက လွှတ်တင်နိုင်ခြင်းမရှိတဲ့အတွက် လွှတ်တင်ရန်ကျန်ရှိတဲ့ မီးပုံးပျံတွေများစွာ ကျန်ရှိလျှက်ရှိပါတယ်။

လူအစည်ကားဆုံးဖြစ်တဲ့ အဖိတ်နေ့ နဲ့ လပြည်နေ့တွေမှာ မိုးရွာသွန်းခြင်းမရှိဘဲ ရာသီဥတုသာယာတဲ့အတွက် ယခင်နေ့များက ကျန်ရှိတဲ့ မီးပုံးပျံတွေကို အဖိတ်နေ့နဲ့ လပြည်နေ့တွေမှာ လွှတ်တင်နိုင်ခဲ့တဲ့ မီးပုံးပျံပြိုင်ပွဲဟာ သတ်မှတ်ပြိုင်ပွဲဝင် စာရင်းအတိုင်း အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။

နေ့လွှတ် အရုပ်မီးပုံးပျံတွေ့ရဲ့ ကုန်ကျငွေဟာ သောင်းဂဏန်းရှိပြီး ညမီးကြီးပြိုင်ပွဲ မီးပုံးတွေရဲ့ ကုန်ကျငွေဟာ ယမ်းထည့်သွင်းအသုံးပြုမှုကို မူတည်ပြီး သိန်း ၄၀၊ ၅၀ အထိ တန်ကြေးရှိတဲ့ မီးပုံးပျံတွေဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်ကို နိုဝင်ဘာလ ၄ ရက်နေ့မှ နိုဝင်ဘာ ၁၁ နေ့အထိ ၈ ရက်ကြာ မီးပုံးပျံလွှတ်တင် ယှဉ်ပြိုင်ခဲ့ကြပြီး နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။

ပွဲတော်ကာလအတွင်း ညမီးကြီး ၇၉ လုံး၊ စိန်နားပန်မီး ၃၆ လုံး၊ နေ့လွှတ်အရုပ် စုစုပေါင်း ၂၈၁ လုံး လွှတ်တင်ယှဉ်ပြိုင်ကြပြီး ညမီးကြီးပြိုင်ပွဲမှာ လူအများ ပထမရရန် ထင်မှတ်ထားတဲ့ ဓာတ်ခဲမီးအဖွဲ့ရဲ့ မီးပုံးပျံဟာ ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရပြီး ကျင်းပရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ မီးပုံးပျံပြင်ဆင်ထားမှု သာလွန်တဲ့ တိမ်ယံမီးက ပထမဆုရရှိခဲ့ပါတယ်။

စိန်နားပန်ပြိုင်ပွဲမှာ ရောင်စုံအဖွဲ့ က ပထမဆုရရှိခဲ့ပြီး နေ့လွှတ်အရုပ် ခြေ ၂ ချောင်း ပြိုင်ပွဲမှာ ဆိုင်မောင်အဖွဲ့ရဲ့ ဝတ်ရည်စုပ်ငှက်က ပထမ၊ နေ့လွှတ် ခြေ ၄ ချောင်းပြိုင်ပွဲမှာ ပလုပ်တုတ်အဖွဲ့ရဲ့ ပြောင်၊ နေ့လွှတ် အရုပ်အုပ်စု ပြိုင်ပွဲမှာ အယ်အိုးအဖွဲ့ရဲ့ ပြောင် ၃ ကောင်က ပထမဆု အသီးသီးရရှိခဲ့ကြပါတယ်။

ပွဲတော်ကာလကို လုံခြုံရေးအခြေအနေအရ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ သတ်မှတ်ရက်ထက် ၁ ရက်လျော့နည်း ကျင်းပခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ လုံခြုံရေးအစီအမံတွေကြောင့် အထိတ်တလန့်ဖြစ်စရာအဖြစ်မျိုး ကြုံတွေ့ခဲ့ရခြင်းမရှိဘဲ မီးပုံးပျံကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိတဲ့ နှစ်တစ်နှစ်အဖြစ် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။

ပွဲတော်ကာလတွေမှာ မြို့မဈေးမှာ ဖွင့်လှစ်တဲ့ ညဈေးတန်းဟာ ညလုံးပေါက် ဖွင့်လှစ်ရောင်းချကြပြီး လာရောက်ဝယ်ယူသူတွေနဲ့ တစ်ညလုံးစည်ကားလို့နေပါတယ်။ပွဲတော်ကာလအတွင်း ဒေသခံတွေရဲ့ ဝင်ငွေတွေဟာ တိုးတက်မှုများရှိလာပြီး ဈေးရောင်းချသူများအနေနဲ့ ပုံမှန်အချိန်များထက် ၃ ဆခန့် ပိုမိုရောင်းချရတယ်လို့ ဆိုပါတယ်။
ဆိုင်ကယ်အငှားယာဉ်မောင်းတွေ၊ မော်တော်ယာဉ် ယာဉ်မောင်းတွေအနေနဲ့လည်း ပွဲတော်ကာလအတွင်း ဝင်ငွေ ၃ ဆခန့် ပိုမိုမြင့်တက်လာခဲ့ပြီး ဟိုတယ်၊ တည်းခိုခန်း အစရှိတဲ့ လုပ်ငန်းများမှာလည်း လာရောက်တည်းခိုသူတွေ ပြည့်နှက်လို့နေတဲ့အတွက် ဒေသခံတွေ ဝင်ငွေတိုးတက်လာစေတဲ့ ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ တောင်ကြီးမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၄၇၁၂) မှာ တည်ရှိတဲ့ တောင်ပေါ်မြို့တစ်မြို့ဖြစ်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ လေးသိန်းခန့်ရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။အဓိကလမ်းမကြီး သုံးခုရှိပြီး အရှေ့မြို့ပတ်လမ်းမ၊ အနောက်မြို့ပတ်လမ်းနဲ့ ဗိုလ်ချူပ်အောင်ဆန်းလမ်းခေါ်  ပြည်ထောင်စုလမ်းမကြီးတို့ပဲ ဖြစ်ပါတယ်။

နေထိုင်သူအများစုဟာ ရှမ်း၊ ပအို့၊ ဗမာ၊ တရုတ်၊ အင်းသား၊ ဟိန္ဒိူ၊ မွက်စလင်နဲ့ အခြားတိုင်းရင်းသားပေါင်းစုံ နေထိုင်ကြပြီး အရမ်းအေးချမ်းတဲ့ မြို့လေးတစ်မြို့ ဖြစ်ပါတယ်။

တောင်ကြီးမြို့အဖြစ် ၁၈၉၄ မှာ သတ်မှတ်ခဲ့တာဖြစ်ပြီး တောင် အဆင်းလမ်းနဲ့ အတက်လမ်း သီးခြားစီရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။ခရီးသွားဧည့်သည်တွေအတွက် တောင်ကြီးမီးပုံးပျံပွဲတော်ကို လည်ပတ်ရင်း တောင်ကြီး မြို့မဈေး၊ ညဈေး၊ ပန်းခြံနဲ့ ကြိုးတံတား၊ စုဠာမုနိဘုရား၊ တောင်ချွန်း၊ မြစီမ်းတောင်ဘုရားနဲ့ ရေခြံအပြင် ဒေသခံအစားအစာတွေပါ စားသောက်နိုင်မှာ ဖြစ်ပါတယ်။တောင်ကြီးမြို့အနီးမှာ အင်းလေး၊ ခေါင်တိုင် ရေပူစမ်း၊ ကက္ကူ၊ ထမ်ဆမ်းဂူ၊ ကလော၊ ပင်းတယ စတဲ့ လည်ပတ်ရန်ကောင်းမွန်တဲ့ နေရာဒေသတွေကိုလည်း သွားရောက်လည်ပတ်နိုင်မှာဖြစ်ပါတယ်။

တောင်ကြီးမီးပုံးပျံပွဲတော်မှာ ယခင်က တောင်ကြီးမြို့ခံ မီးပုံးပျံပြိုင်ပွဲဝင် အသင်းတွေသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပေမယ့် ယခုနှစ်မှ စတင်ပြီး လွိုင်လင်၊ လွိုင်ကော်၊ ပင်လောင်း၊ ပြင်ဦးလွင် အစရှိတဲ့ ဒေသတွေက ပြိုင်ပွဲဝင်အသင်းတွေ ဝင်ရောက်ယှဉ်ပြိုင်နေကြပြီး မီးပုံးပျံလွှတ်တင်မှုတွေကို မြန်မာနိုင်ငံ အနှံ့အပြားမှာလည်း ထည့်သွင်းလွှတ်တင်နေကြပြီ ဖြစ်ပါတယ်။

မြန်မာမှာသာမက ကမ္ဘာမှာပါ မီးပုံးပျံလွှတ်တင်မှုနဲ့ ကျော်ကြားတဲ့ တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဟာ ပြိုင်ပွဲဝင် မီးပုံးပျံအသင်းတွေ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာပြီး နည်းပညာဆန်းသစ် တီထွင်မှုတွေနဲ့အတူ ပိုမိုစည်ကားလာမှုတွေဟာ နောက်နှစ်တွေမှာလည်း ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်တွေကို လာရောက်ဖို့ ဆွဲဆောင်နေဦးမှာဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
နို၀င်ဘာ - ၁၉

( Zawgyi )

ေအးခ်မ္းတဲ့ ေဆာင္းရက္ေတြနဲ႔အတူ ေတာင္ေပၚၿမိဳ႕ကေလးက စတင္အသက္ဝင္လာခဲ့ပါတယ္။ကားႀကီး ကားငယ္ အသြယ္သြယ္နဲ႔ ေတာင္ေပၚလမ္းတစ္ေလွ်ာက္ ညတာေအာက္မွာ ေရာင္စုံမီးတန္းႀကီး ေတာင္ေပၚကို  တေ႐ြ႕ေ႐ြ႕တက္လာတဲ့ ျမင္ကြင္းက အလည္လာသူ ခရီးသည္ေတြ ေသြးကို ေႏြးေထြးေစခဲ့ပါတယ္။ရွမ္း႐ိုးမ ေတာင္တန္းေပၚမွာ အထီးတည္းရွိေနတဲ့ ေတာင္ႀကီးၿမိဳ႕ဟာ တစ္ႏွစ္တစ္ခါ ႀကဳံရဆုံရတဲ့ မီးအလွပြဲကို လက္ခံဆင္ႏႊဲဖို႔ အသင့္ျဖစ္ေနခဲ့ပါၿပီ။

စိတ္ေစာမႈေတြနဲ႔ ေတာင္ႀကီးၿမိဳ႕ကို စတင္ဝင္ေရာက္လိုက္တာနဲ႔ ျမင္လိုက္ရတဲ့ ျမင္ကြင္းက ရွမ္းအိုးစည္သံေတြနဲ႔ ေပ်ာ္႐ႊင္စြာကခုန္ရင္း ၿမိဳ႕ကိုလွည့္ပတ္ေနၾကတဲ့ ကထိန္ခင္းလွည့္ေနၾကတဲ့သူေတြ ျဖစ္ပါတယ္။လမ္းေဘးတေလွ်ာက္မွာ ဘုံကထိန္လွည့္လာတာကို ေစာင့္ဆိုင္းၾကည့္ရႉေနၾကတဲ့သူေတြ မ်ားျပားတဲ့အတြက္ ကားလမ္းမတစ္ေလွ်ာက္ ျပည့္က်ပ္စည္ကားလို႔ေနပါတယ္။

ေတာင္ႀကီးၿမိဳ႕ရဲ႕ ဓေလ့ထုံးစံအရ ရပ္ကြက္အသီးသီး၊ ေက်ာင္းအသီးသီးက စုေပါင္းေလာင္းလႉၾကတဲ့ ပေဒသာပင္ေတြကို တန္ေဆာင္မုန္းလ အဖိတ္ေန႔မွာ ၿမိဳ႕လုံးကြၽတ္ လွည့္လည္ၿပီး မိမိတို႔ရည္မွန္းထားရာ ေက်ာင္းတိုက္အသီးသီးကို ပို႔ေဆာင္ၾကတဲ့အတြက္ ေတာင္ႀကီးတစ္ၿမိဳ႕လုံး ဘုံကထိန္လွည့္သူေတြနဲ႔ စည္ကားလို႔ေနပါတယ္။

ျမန္မာႏိုင္ငံ အႏွံ႔အျပားမွာ ဘုံကထိန္လွည့္လည္ၾကေပမယ့္ ၿမိဳ႕လုံးကြၽတ္စုေပါင္းလွည့္လည္ၾကတဲ့ ေတာင္ႀကီးတန္ေဆာင္တိုင္ စုေပါင္းဘုံကထိန္လွည့္လည္ပြဲဟာ အစည္ကားဆုံးလို႔ ေျပာရမွာျဖစ္ၿပီး အဲ့ဒီျမင္ကြင္းဟာ ေတာင္ႀကီးၿမိဳ႕ရဲ႕ ထူးျခားတဲ့ စ႐ိုက္လကၡဏာေတြပဲ ျဖစ္ပါတယ္။

ကထိန္လွည့္လည္ရာမွာ ေဒါင္း႐ုပ္၊ ပန္ဒါဝက္ဝံ၊ ေဂၚဇီလာ၊ ပိုကီမြန္ အစရွိတဲ့ အ႐ုပ္မ်ိဳးစုံကို ေမာ္ေတာ္ယာဥ္ေပၚတင္ၿပီး လိုက္လံလွည့္လည္ၾကသလို ရွမ္းအိုးစည္၊ ေမာင္းေတြကိုတီးရင္း လမ္းေလွ်ာက္ ကခုန္လွည့္လည္ၾကပါတယ္။ေတာင္ႀကီးၿမိဳ႕ရဲ႕ လူႀကီး၊ လူငယ္မေ႐ြး ပါဝင္ဆင္ႏႊဲၾကတဲ့ ဘုံကထိန္လွည့္လည္ျခင္း ဓေလ့ဟာ ေတာင္ႀကီးၿမိဳ႕ရဲ႕ ခ်စ္စရာဓေလ့တစ္ခုပဲ ျဖစ္ပါတယ္။

ဘုံကထိန္လွည့္လည္သူမ်ားက ၿမိဳ႕မေဈးေရွ႕မွာရွိတဲ့ ဓမၼာ႐ုံမွာ ပေဒသာပင္ေတြကို သြားေရာက္ပို႔ေဆာင္ၾကၿပီး အခ်ိဳ႕ေတြကလည္း မိမိတို႔ရည္မွန္းထားတဲ့ ေက်ာင္းတိုက္အသီးသီးကို သြားေရာက္ပို႔ေဆာင္ၾကပါတယ္။ၿမိဳ႕မေဈးႀကီး အေရွ႕မွာေတာ့ မနက္မိုးလင္းခ်ိန္မွစတင္ၿပီး ကခုန္ရင္းလွည့္လည္ေနၾကတဲ့ ဘုံကထိန္လွည့္လည္သူေတြဟာ ညေနေစာင္းတဲ့အထိ မျပတ္ေအာင္ စည္ကားမ်ားျပားလွပါတယ္။

ေတာင္ႀကီးၿမိဳ႕ဟာ ဘုံကထိန္လွည့္လည္မႈ အစည္ကားဆုံး ေပ်ာ္႐ႊင္စရာအေကာင္းဆုံး ေနရာတစ္ခုျဖစ္ေပမယ့္ ရပ္ေဝးဧည့္သည္ေတြ သတိထားမိတာက ေတာာင္ႀကီးမီးပုံးလႊတ္ပြဲေတာ္ပဲ ျဖစ္ပါတယ္။

ေတာင္ႀကီး တန္ေဆာင္တိုင္ မီးပုံးပ်ံပြဲေတာ္ က်င္းပခ်ိန္ဟာ ေတာင္ႀကီးၿမိဳ႕ရဲ႕ အစည္ကားဆုံးအခ်ိန္ေတြျဖစ္ၿပီး ျပည္တြင္း၊ ျပည္ပ ခရီးသြားေတြ ျပည့္ႏွက္လို႔ေနတဲ့ အခ်ိန္ျဖစ္ပါတယ္။ခရီးသြားဧည့္သည္ေတြ မ်ားျပားတဲ့အတြက္ ဟိုတယ္၊ တည္းခိုခန္းေတြမွာလည္း လူေတြျပည့္ႏွက္ေနၿပီး ေဈးႏႈန္းေတြက ပုံမွန္အခ်ိန္ေတြထက္ ၂ ဆခန႔္ ပိုမိုျမင့္တက္ေလ့ရွိပါတယ္။
ဟိုတယ္ေတြ၊ တည္းခိုခန္းေတြမွာ တည္းခိုခြင့္ရရွိဖို႔  ၁ လခန႔္ ႀကိဳတင္မွာၾကားရမွာျဖစ္ၿပီး ေတာင္ႀကီးကိုသြားတဲ့ ကားခေဈးႏႈန္းေတြဟာ ျမင့္တက္ျခင္းမရွိေပမယ့္ ႀကိဳတင္လက္မွတ္ ျဖတ္ထားဖို႔ေတာ့ လိုအပ္ပါတယ္။

မီးပုံးပ်ံပြဲ က်င္းပရာ အေဝရာမီးပုံးပ်ံကြင္းသြားရာ လမ္းတေလွ်ာက္မွာေတာ့ လာေရာက္လည္ပတ္သူေတြ မ်ားျပားလွၿပီး ကားလမ္းေတြပိတ္ဆို႔ေနတဲ့အတြက္ အခ်ိန္ၾကာျမင့္စြာ သြားလာရပါတယ္။ကြင္းထဲကိုေရာက္ရွိဖို႔ ပြဲေဈးတန္းကို ျဖတ္ေက်ာ္ရမွာျဖစ္ၿပီး လမ္းတေလွ်ာက္မွာေတာ့ မုန႔္ဆိုင္၊ စားေသာက္ဆိုင္၊ အဝတ္အထည္ဆိုင္ေတြအျပင္ ေလာင္းကစားဝိုင္းေတြကိုပါ ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

ေက်ာ္ၾကားလွတဲ့ ေတာင္ႀကီးမီးပုံးပ်ံပြဲေတာ္ အခ်ိန္မွာ အမ်ားျပည္သူ႐ုံးပိတ္ရက္အျဖစ္ သတ္မွတ္ထားတဲ့အတြက္ အနယ္နယ္အရပ္မွ လာေရာက္လည္ပတ္သူေတြ တစ္ႏွစ္ထက္တစ္ႏွစ္ ပိုမိုမ်ားျပားလာၿပီး ၂၀၁၉ ခုႏွစ္မွာ က်င္းပျပဳလုပ္ခဲ့တဲ့ မီးပုံးပ်ံလႊတ္ ပြဲေတာ္မွာလည္း လာေရာက္လည္ပတ္သူေတြနဲ႔ မ်ားစြာစည္ကားလွပါတယ္။ပြဲခင္းတေလွ်ာက္ စည္ကားလြန္းလွတဲ့အတြက္ မီးပုံးပ်ံလႊတ္တင္ရာ ၿခံစည္း႐ိုးခတ္ထားတဲ့ ကြင္းအတြင္း ဝင္ေရာက္ၾကည့္ရႉသူမ်ားနဲ႔ ျပည့္ႏွက္ေနၿပီး ေမာ္ေတာ္ယာဥ္မ်ားလည္း အဆိုပါကြင္းအတြင္း ရပ္နားထားတဲ့အတြက္ မီးေဘးအႏၲရာယ္ စိုးရိမ္ရတဲ့ အေျခအေနတစ္ရပ္ဘဲ ျဖစ္ပါတယ္။

ညဘက္ေတြမွာ ညမီးႀကီးနဲ႔ စိန္နားပန္ ၿပိဳင္ပြဲေတြကို က်င္းပၾကၿပီး ၿပိဳင္ပြဲဝင္တဲ့ အဖြဲ႕ေတြအေနနဲ႔ ၿပိဳင္ပြဲဝင္ မီးပုံးပ်ံေတြကို ၂ လခန႔္ ႀကိဳတင္လုပ္ကိုင္ၾကရပါတယ္။လႊတ္တင္ခြင့္ရရွိတဲ့ သတ္မွတ္ေန႔ရက္မွာ ၿပိဳင္ပြဲက်င္းပေရးေကာ္မတီ႐ုံးသို႔ သတင္းပို႔အၿပီး ကြင္းအတြင္း ေမာ္ေတာ္ယာဥ္မ်ားနဲ႔ ဝင္ေရာက္ကာ ၿပိဳင္ပြဲဝင္ မီးပုံးပ်ံမ်ားကို လႊတ္တင္ႏိုင္ဖို႔ ျပင္ဆင္ၾကရပါတယ္။မီးပုံးပ်ံလႊတ္တင္ႏိုင္ဖို႔ ပါဝင္တဲ့ အဖြဲ႕သားမ်ား ညီညီညာညာ နားလည္မႈရွိရွိ ဝိုင္းဝန္းလုပ္ေဆာင္မွသာ ေကာင္းကင္ယံသို႔ လွပတင့္တယ္စြာ တက္ေရာက္သြားတဲ့ မီးပုံးပ်ံေတြကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

ၿပိဳင္ပြဲဝင္အဖြဲ႕မ်ားအေနနဲ႔ ရွမ္းအိုးစည္၊ ေမာင္း အစရွိတဲ့ တူရီယာပစၥည္းေတြကို တီးမႈတ္သီဆိုရင္ သူတို႔လႊတ္တင္လိုက္တဲ့ မီးပုံးပ်ံကို ေငးေမာၾကည့္ရႉကာ ေပ်ာ္႐ႊင္ပီတီျဖစ္ေနၾကတဲ့ ပုံရိပ္ေတြဟာ မေမ့ႏိုင္စရာခ်စ္စရာ ဓေလ့ေတြပဲျဖစ္ပါတယ္။

ေတာင္ႀကီး မီးပုံးပ်ံပြဲေတာ္ဟာ စည္ကားလြန္းၿပီး ေဈးဆိုင္တန္းေတြ ျပည့္ႏွက္ေနတဲ့အတြက္ လာေရာက္လည္ပတ္သူေတြ မီးပုံးပ်ံလႊတ္တင္တာကို ၾကည့္ရႉဖို႔ ေနရာအခက္အခဲျဖစ္ေနတာက ေတာင္ႀကီးၿမိဳ႕ မီးပုံးပ်ံပြဲေတာ္အတြက္ လိုအပ္ခ်က္တစ္ခုျဖစ္ပါတယ္။

လာေရာက္လည္ပတ္သူေတြအေနနဲ႔ မီးပုံးပ်ံလႊတ္တင္မႈကို ေတြ႕ျမင္ရဖို႔ မီးပုံးပ်ံလႊတ္တင္တဲ့ ကြင္းအတြင္း ဝင္ေရာက္ၾကည့္ရႉၾကတဲ့အတြက္ ယမ္းပိႆာ ၄၀ ေက်ာ္ ပါဝင္လႊတ္တင္တဲ့ ညမီႀကီး မီးပုံးပ်ံ လႊတ္တင္မႈေတြမွာ ေကာင္းကင္ယံေပၚ တက္ေရာက္ျခင္းမရွိဘဲ ေျမျပင္မွာ ေပါက္ကြဲခဲ့ပါက လူ႔အသက္အႏၲရာယ္ စိုးရိမ္ရတဲ့ အေျခအေနေတြျဖစ္ပါတယ္။

ေန႔ခင္းဘက္ေတြမွာေတာ့ ေန႔လႊတ္ အ႐ုပ္ၿပိဳင္ေတြကို ယွဥ္ၿပိဳင္ၾကၿပီး မြန္းလြဲ ၁ နာရီ အခ်ိန္ခန႔္ မွ စတင္ကာ ညေန ၅ နာရီ အခ်ိန္ခန႔္အထိ ယွဥ္ၿပိဳင္လႊတ္တင္ၾကပါတယ္။

လာေရာက္လႊတ္တင္သူ မီးပုံးပ်ံအဖြဲ႕သားမ်ားအေနနဲ႔ မလႊတ္တင္မီ ႐ိုးရာတိုင္းရင္းသားသီခ်င္းမ်ားနဲ႔ သီဆိုကခုန္ရင္း လႊတ္တင္မယ့္ မီးပုံးပ်ံအ႐ုပ္ေတြကို မႈိင္းသြင္းကာ ေကာင္းကင္ယံကို လႊတ္တင္ၾကပါတယ္။ေန႔လႊတ္အ႐ုပ္ကို ျပဳလုပ္တဲ့ စကၠဴေတြဟာ ပါးလႊာတဲ့အတြက္ သတိထားကိုင္တြယ္ၾကရၿပီး ျဖန႔္ခင္းေနစဥ္အခ်ိန္ေတြမွာ စကၠဴမ်ားစုတ္ၿပဲေလ့ရွိတဲ့အတြက္ ပလတ္စတစ္တိတ္ေတြကို အသုံးျပဳၾကပါတယ္။မီးပုံးပ်ံမ်ား လႊတ္တင္ပါက ရာသီဥတုအေျခအေနနဲ႔ ေလတိုက္ခတ္မႈေတြဟာ အေရးႀကီးၿပီး ေလတိုက္ခတ္မႈ ျပင္းထန္ပါက လႊတ္တင္တဲ့ မီးပုံးပ်ံမ်ား ေကာင္းကင္သို႔ တက္ေရာက္ႏိုင္ျခင္းမရွိဘဲ ေျမျပင္မွာ မီးေလာင္ပ်က္စီးၾကပါတယ္။

ျမန္မာႏိုင္ငံရဲ႕ အစည္ကားဆုံးပြဲေတာ္တစ္ခုျဖစ္တဲ့ ေတာင္ႀကီးမီးပုံးပ်ံပြဲေတာ္ က်င္းပေနခ်ိန္မွာ ဘဂၤလားပင္လယ္ေအာ္အတြင္း အားအလြန္ေကာင္းတဲ့ မုန္တိုင္း "ဘာဘ္ဘယ္" ျဖစ္ေပၚေနတဲ့အတြက္ ေတာင္ႀကီးၿမိဳ႕ အပါအဝင္ ျမန္မာႏိုင္ငံအႏွံ႔အျပား မိုး႐ြာသြန္းမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။မုန္တိုင္းကာလဟာ တန္ေဆာင္တိုင္ပြဲေတာ္နဲ႔ တိုက္ဆိုင္ေနတဲ့အတြက္ ျမန္မာျပည္ရဲ႕ အစည္ကားဆုံးပြဲေတာ္ျဖစ္တဲ့ ေတာင္ႀကီးမီးပုံးပ်ံပြဲေတာ္မွာလည္း မိုးေတြ႐ြာသြန္းခဲ့တဲ့အတြက္ မီးပုံးပ်ံလႊတ္တင္မႈေတြကို ေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။

ေတာင္ႀကီး တန္ေဆာင္တိုင္ပြဲေတာ္နဲ႔ မိုး႐ြာမႈေတြ တိုက္ဆိုင္ေလ့ရွိခဲ့ေပမယ့္ ယခုႏွစ္မွာ႐ြာသြန္းတဲ့ မိုး႐ြာသြန္းမႈေတြက ပိုမိုမ်ားျပားခဲ့ၿပီး မိုး ၃ ရက္ ဆက္တိုက္ ႐ြာသြန္းခဲ့တဲ့အတြက္ မူလစီစဥ္ထားတဲ့ မီးပုံးပ်ံလႊတ္တင္မႈေတြဟာလည္း သတ္မွတ္ရက္အတိုင္း လႊတ္တင္ႏိုင္ျခင္းမရွိခဲ့ဘဲ တန္ေဆာင္တိုင္ အဖိတ္ေန႔ညအထိ မီးပုံးပ်ံလႊတ္တင္မႈေတြက ယခင္ေန႔မ်ားက လႊတ္တင္ႏိုင္ျခင္းမရွိတဲ့အတြက္ လႊတ္တင္ရန္က်န္ရွိတဲ့ မီးပုံးပ်ံေတြမ်ားစြာ က်န္ရွိလွ်က္ရွိပါတယ္။

လူအစည္ကားဆုံးျဖစ္တဲ့ အဖိတ္ေန႔ နဲ႔ လျပည္ေန႔ေတြမွာ မိုး႐ြာသြန္းျခင္းမရွိဘဲ ရာသီဥတုသာယာတဲ့အတြက္ ယခင္ေန႔မ်ားက က်န္ရွိတဲ့ မီးပုံးပ်ံေတြကို အဖိတ္ေန႔နဲ႔ လျပည္ေန႔ေတြမွာ လႊတ္တင္ႏိုင္ခဲ့တဲ့ မီးပုံးပ်ံၿပိဳင္ပြဲဟာ သတ္မွတ္ၿပိဳင္ပြဲဝင္ စာရင္းအတိုင္း ေအာင္ျမင္စြာ လႊတ္တင္ႏိုင္ခဲ့ပါတယ္။

ေန႔လႊတ္ အ႐ုပ္မီးပုံးပ်ံေတြ႕ရဲ႕ ကုန္က်ေငြဟာ ေသာင္းဂဏန္းရွိၿပီး ညမီးႀကီးၿပိဳင္ပြဲ မီးပုံးေတြရဲ႕ ကုန္က်ေငြဟာ ယမ္းထည့္သြင္းအသုံးျပဳမႈကို မူတည္ၿပီး သိန္း ၄၀၊ ၅၀ အထိ တန္ေၾကးရွိတဲ့ မီးပုံးပ်ံေတြျဖစ္ပါတယ္။

၂၀၁၉ ခုႏွစ္ ေတာင္ႀကီးတန္ေဆာင္တိုင္ ႐ိုးရာမီးပုံးပ်ံပြဲေတာ္ကို ႏိုဝင္ဘာလ ၄ ရက္ေန႔မွ ႏိုဝင္ဘာ ၁၁ ေန႔အထိ ၈ ရက္ၾကာ မီးပုံးပ်ံလႊတ္တင္ ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ႏိုဝင္ဘာလ ၁၂ ရက္ေန႔မွာ ဆုေပးပြဲအခမ္းအနားကို က်င္းပခဲ့ၾကပါတယ္။

ပြဲေတာ္ကာလအတြင္း ညမီးႀကီး ၇၉ လုံး၊ စိန္နားပန္မီး ၃၆ လုံး၊ ေန႔လႊတ္အ႐ုပ္ စုစုေပါင္း ၂၈၁ လုံး လႊတ္တင္ယွဥ္ၿပိဳင္ၾကၿပီး ညမီးႀကီးၿပိဳင္ပြဲမွာ လူအမ်ား ပထမရရန္ ထင္မွတ္ထားတဲ့ ဓာတ္ခဲမီးအဖြဲ႕ရဲ႕ မီးပုံးပ်ံဟာ ဒုတိယဆုနဲ႔သာ ေက်နပ္ခဲ့ရၿပီး က်င္းပေရးေကာ္မတီရဲ႕ ထုတ္ျပန္ခ်က္အရ မီးပုံးပ်ံျပင္ဆင္ထားမႈ သာလြန္တဲ့ တိမ္ယံမီးက ပထမဆုရရွိခဲ့ပါတယ္။

စိန္နားပန္ၿပိဳင္ပြဲမွာ ေရာင္စုံအဖြဲ႕ က ပထမဆုရရွိခဲ့ၿပီး ေန႔လႊတ္အ႐ုပ္ ေျခ ၂ ေခ်ာင္း ၿပိဳင္ပြဲမွာ ဆိုင္ေမာင္အဖြဲ႕ရဲ႕ ဝတ္ရည္စုပ္ငွက္က ပထမ၊ ေန႔လႊတ္ ေျခ ၄ ေခ်ာင္းၿပိဳင္ပြဲမွာ ပလုပ္တုတ္အဖြဲ႕ရဲ႕ ေျပာင္၊ ေန႔လႊတ္ အ႐ုပ္အုပ္စု ၿပိဳင္ပြဲမွာ အယ္အိုးအဖြဲ႕ရဲ႕ ေျပာင္ ၃ ေကာင္က ပထမဆု အသီးသီးရရွိခဲ့ၾကပါတယ္။

ပြဲေတာ္ကာလကို လုံၿခဳံေရးအေျခအေနအရ ႏွစ္စဥ္က်င္းပေလ့ရွိတဲ့ သတ္မွတ္ရက္ထက္ ၁ ရက္ေလ်ာ့နည္း က်င္းပခဲ့ၿပီး ျပည္နယ္အစိုးရအဖြဲ႕၊ တပ္မေတာ္၊ ရဲတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕နဲ႔ သက္ဆိုင္ရာတာဝန္ရွိသူေတြရဲ႕ လုံၿခဳံေရးအစီအမံေတြေၾကာင့္ အထိတ္တလန႔္ျဖစ္စရာအျဖစ္မ်ိဳး ႀကဳံေတြ႕ခဲ့ရျခင္းမရွိဘဲ မီးပုံးပ်ံေၾကာင့္ ထိခိုက္ဒဏ္ရာရရွိမႈမရွိတဲ့ ႏွစ္တစ္ႏွစ္အျဖစ္ ေအာင္ျမင္စြာ က်င္းပျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ပြဲေတာ္ကာလေတြမွာ ၿမိဳ႕မေဈးမွာ ဖြင့္လွစ္တဲ့ ညေဈးတန္းဟာ ညလုံးေပါက္ ဖြင့္လွစ္ေရာင္းခ်ၾကၿပီး လာေရာက္ဝယ္ယူသူေတြနဲ႔ တစ္ညလုံးစည္ကားလို႔ေနပါတယ္။ပြဲေတာ္ကာလအတြင္း ေဒသခံေတြရဲ႕ ဝင္ေငြေတြဟာ တိုးတက္မႈမ်ားရွိလာၿပီး ေဈးေရာင္းခ်သူမ်ားအေနနဲ႔ ပုံမွန္အခ်ိန္မ်ားထက္ ၃ ဆခန႔္ ပိုမိုေရာင္းခ်ရတယ္လို႔ ဆိုပါတယ္။
ဆိုင္ကယ္အငွားယာဥ္ေမာင္းေတြ၊ ေမာ္ေတာ္ယာဥ္ ယာဥ္ေမာင္းေတြအေနနဲ႔လည္း ပြဲေတာ္ကာလအတြင္း ဝင္ေငြ ၃ ဆခန႔္ ပိုမိုျမင့္တက္လာခဲ့ၿပီး ဟိုတယ္၊ တည္းခိုခန္း အစရွိတဲ့ လုပ္ငန္းမ်ားမွာလည္း လာေရာက္တည္းခိုသူေတြ ျပည့္ႏွက္လို႔ေနတဲ့အတြက္ ေဒသခံေတြ ဝင္ေငြတိုးတက္လာေစတဲ့ ပြဲေတာ္တစ္ခုပဲ ျဖစ္ပါတယ္။

ရွမ္းျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ျဖစ္တဲ့ ေတာင္ႀကီးၿမိဳ႕ဟာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပေပါင္း (၄၇၁၂) မွာ တည္ရွိတဲ့ ေတာင္ေပၚၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းအရ လူဦးေရ ေလးသိန္းခန႔္ရွိတဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါတယ္။အဓိကလမ္းမႀကီး သုံးခုရွိၿပီး အေရွ႕ၿမိဳ႕ပတ္လမ္းမ၊ အေနာက္ၿမိဳ႕ပတ္လမ္းနဲ႔ ဗိုလ္ခ်ဴပ္ေအာင္ဆန္းလမ္းေခၚ  ျပည္ေထာင္စုလမ္းမႀကီးတို႔ပဲ ျဖစ္ပါတယ္။

ေနထိုင္သူအမ်ားစုဟာ ရွမ္း၊ ပအို႔၊ ဗမာ၊ တ႐ုတ္၊ အင္းသား၊ ဟိႏၵိူ၊ မြက္စလင္နဲ႔ အျခားတိုင္းရင္းသားေပါင္းစုံ ေနထိုင္ၾကၿပီး အရမ္းေအးခ်မ္းတဲ့ ၿမိဳ႕ေလးတစ္ၿမိဳ႕ ျဖစ္ပါတယ္။

ေတာင္ႀကီးၿမိဳ႕အျဖစ္ ၁၈၉၄ မွာ သတ္မွတ္ခဲ့တာျဖစ္ၿပီး ေတာင္ အဆင္းလမ္းနဲ႔ အတက္လမ္း သီးျခားစီရွိတဲ့ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါတယ္။ခရီးသြားဧည့္သည္ေတြအတြက္ ေတာင္ႀကီးမီးပုံးပ်ံပြဲေတာ္ကို လည္ပတ္ရင္း ေတာင္ႀကီး ၿမိဳ႕မေဈး၊ ညေဈး၊ ပန္းၿခံနဲ႔ ႀကိဳးတံတား၊ စုဠာမုနိဘုရား၊ ေတာင္ခြၽန္း၊ ျမစီမ္းေတာင္ဘုရားနဲ႔ ေရၿခံအျပင္ ေဒသခံအစားအစာေတြပါ စားေသာက္ႏိုင္မွာ ျဖစ္ပါတယ္။ေတာင္ႀကီးၿမိဳ႕အနီးမွာ အင္းေလး၊ ေခါင္တိုင္ ေရပူစမ္း၊ ကကၠဴ၊ ထမ္ဆမ္းဂူ၊ ကေလာ၊ ပင္းတယ စတဲ့ လည္ပတ္ရန္ေကာင္းမြန္တဲ့ ေနရာေဒသေတြကိုလည္း သြားေရာက္လည္ပတ္ႏိုင္မွာျဖစ္ပါတယ္။

ေတာင္ႀကီးမီးပုံးပ်ံပြဲေတာ္မွာ ယခင္က ေတာင္ႀကီးၿမိဳ႕ခံ မီးပုံးပ်ံၿပိဳင္ပြဲဝင္ အသင္းေတြသာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကေပမယ့္ ယခုႏွစ္မွ စတင္ၿပီး လြိဳင္လင္၊ လြိဳင္ေကာ္၊ ပင္ေလာင္း၊ ျပင္ဦးလြင္ အစရွိတဲ့ ေဒသေတြက ၿပိဳင္ပြဲဝင္အသင္းေတြ ဝင္ေရာက္ယွဥ္ၿပိဳင္ေနၾကၿပီး မီးပုံးပ်ံလႊတ္တင္မႈေတြကို ျမန္မာႏိုင္ငံ အႏွံ႔အျပားမွာလည္း ထည့္သြင္းလႊတ္တင္ေနၾကၿပီ ျဖစ္ပါတယ္။

ျမန္မာမွာသာမက ကမာၻမွာပါ မီးပုံးပ်ံလႊတ္တင္မႈနဲ႔ ေက်ာ္ၾကားတဲ့ ေတာင္ႀကီး တန္ေဆာင္တိုင္ မီးပုံးပ်ံပြဲေတာ္ဟာ ၿပိဳင္ပြဲဝင္ မီးပုံးပ်ံအသင္းေတြ တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုမိုမ်ားျပားလာၿပီး နည္းပညာဆန္းသစ္ တီထြင္မႈေတြနဲ႔အတူ ပိုမိုစည္ကားလာမႈေတြဟာ ေနာက္ႏွစ္ေတြမွာလည္း ျပည္တြင္း ျပည္ပ ခရီးသြားဧည့္သည္ေတြကို လာေရာက္ဖို႔ ဆြဲေဆာင္ေနဦးမွာျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ႏို၀င္ဘာ - ၁၉