【 ခရီးသွားဆောင်းပါး 】 “ကချင်ပြည်နယ်ရဲ့ Eco Tourism ဖွံ့ဖြိုးမှု အလားအလာ”

【 ခရီးသွားဆောင်းပါး 】 “ကချင်ပြည်နယ်ရဲ့ Eco Tourism ဖွံ့ဖြိုးမှု အလားအလာ”

ကျောက်စိမ်းမြေလို့ လူသိများတဲ့ ကချင်ပြည်နယ်ဟာ စာဖွဲ့လို့မကုန်နိုင်တဲ့ သဘာဝတောတောင်ရေမြေ စိမ့်စမ်းတွေနဲ့ သဘာဝကပေးထားတဲ့ အလှတရားလက်ဆောင်တွေနဲ့ ပြည့်စုံပြီး အေးချမ်းသာယာလှတဲ့ ပြည်နယ်လေးတစ်ခုပါ။ကချင်ပြည်နယ်ရဲ့ မြို့တော်ကတော့ မြစ်ကြီးနားမြို့ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၄၇၆ ပေမှာ တည်ရှိသလို မြန်မာပြည် မြောက်ဖျားပိုင်းက နောက်ဆုံး ရထားဘူတာတည်ရှိသည့် မြို့လေးတစ်မြို့လည်းဖြစ်ပါတယ်။  

ထူးခြားချက်တစ်ခုက မြစ်ကြီးနားမြို့ဟာ ရှေးမြန်မာဘုရင်များ လက်ထက်ကပင် တည်ရှိခဲ့တာဖြစ်ပြီး မြစ်ကြီးနားမြို့ဟာ မြစ်ကြီးရဲ့ အနီးအနားမှာ ပေါ်ပေါက်ခဲ့တာဖြစ်တာကြောင့် မြစ်ကြီးနားမြို့လို့ အမည်တွင်တယ်လို့လည်း သိရပါတယ်။၁၈၉၂ ခုနှစ်၊ မတိုင်မီ မြစ်ကြီးနားမြို့ဟာ မိုးကောင်းနယ်ထဲမှာရှိတဲ့ ရှမ်း၊ မြန်မာရွာလေးတစ်ရွာမျှသာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ မြစ်ကြီးနားမြို့လို့ အမည်တွင်ခဲ့ကာ မြစ်ကြီးနားမြို့ဟာ မိုင်အားဖြင့်ဆိုပါက ရန်ကုန်မြို့ကနေ ၉၁၉ မိုင် ကွာဝေးပြီး မန္တလေးမြို့ကနေဆိုပါက ၄၈၇ မိုင် ကွာဝေးပါတဲ့ အေးချမ်းသာယာလှပတဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ဖြစ်ပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့ရဲ့ ၂၅ မိုင်ခန့် အကွာမှာတော့ လူသိများထင်ရှားလှတဲ့ ကချင်ပြည်နယ်ရဲ့ နာမည်ကျော် မေခ၊ မလိခ မြစ်နှစ်သွယ်ပေါင်းစုံရာ မြစ်ဆုံတည်ရှိပြီး ထိုမှတစ်ဆင့် ဧရာဝတီမြစ်အဖြစ် မြစ်ဖျားခံကာ မြန်မာပြည်တံလျား တောင်မှ မြောက်သို့ စီးဆင်းပါတယ်။ဒါကြောင့်မို့ ကချင်ပြည်နယ်ဟာ လူသိများထင်ရှားလှတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး ခရီးသွားလုပ်ငန်းပိုင်းဆိုင်ရာမှာလည်း ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများစွာ တည်ရှိနေတဲ့ ပြည်နယ်တစ်ခုဆိုရင်လည်း မမှားပါဘူး။

ထို့အတူ ကချင်ပြည်နယ်ရဲ့ ပထဝီဝင်အနေအထား သဘာဝအလှတရားတွေ တောတောင်ရေမြေ စိမ့်စမ်းတွေက အလွန်အင်မတန်လှပတဲ့အတွက် ကချင်ပြည်နယ်မှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ခရီးသွားလုပ်ငန်းကဏ္ဍ (Eco Tourism) ကို ဖွံ့ဖြိုးတိုးတက်လာဖို့ အဓိကထားဆောင်ရွက်သွားဖို့ ရှိနေတယ်လို့လည်း ကချင်တိုင်းရင်းသား ခရီးသွားလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် Green Xingra Eco-Tour & Travel တည်ထောင်သူနှင့် အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ကိုစိုင်းခွန် က ယခုလိုပြောပြခဲ့ပါတယ်။

ရေရှည်တည်တံ့ခိုင်မြဲတဲ့ ခရီးသွားလုပ်ငန်းကဏ္ဍ

“ပြောရရင် ကျနော်တို့အနေနဲ့ ကချင်ပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ တအားကြီးကို မျှော်လင့်တယ်။ပြီးရင် နည်းလမ်းရှာဖွေပြီးမှ ကြိုးစားဖို့လည်း ကျနော်တို့အစီအစဉ်ရှိပါတယ်။အခုလောလောဆယ် ကျနော်တို့အနေနဲ့ ကချင်ပြည်နယ် ခရီးသွားလုပ်ငန်းရှင်များအသင်း ယာယီကော်မတီကို ဖွဲ့စည်းထားတယ်။ဒီခရီးသွားအသင်းရဲ့ ရည်ရွယ်ချက်ကလည်း ကချင်ပြည်နယ် ကချင်ဒေသမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ဆိုတဲ့ အဓိကရည်ရွယ်ချက်ဖြစ်တယ်။ပြီးတော့ အခုနကပြောသလို ကချင်ပြည်နယ်ကို အများအားဖြင့် သိကြတာကတော့ သဘာဝအရင်းအမြစ်တွေ သယံဇာတတွေ ကျောက်စိမ်းတွေ ထွက်ရှိတဲ့ ပြည်နယ်အဖြစ် အများအားဖြင့်သိကြတယ်။ဒါပေမယ့် ဒီဟာတွေက ရေရှည်တည်တံ့ခိုင်မြဲဖို့က မလွယ်ဘူးပေ့ါလေ။ဒါတွေက တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် ကုန်ခမ်းသွားလိမ့်မယ်။အဲ့အချိန်ကျရင် ကျနော်တို့အနေနဲ့ ဒီအထဲမှာ ဘာတွေလုပ်မလဲ ရေရှည်တည်တံ့တဲ့ လုပ်ငန်းတွေအနေနဲ့ စဉ်းစားတဲ့အချိန်မှာ (Eco Tourism) ဟာ ကျနော်တို့အတွက် အကောင်းဆုံး စီးပွားရေးလုပ်ငန်းပေါ့နော်။အဲ့လို ကျနော်တို့မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ ကချင်ဒေသဟာ အခြားဒေသတွေနဲ့ မတူညီတဲ့ အင်္ဂါရပ်တွေရှိတယ်။ပထဝီဝင်အနေအထား၊ သဘာဝပတ်ဝန်းကျင် တောတောင်အနေအထားတွေက တကယ်ကို အင်မတန်မှလှပတယ်။ခရီးသွားကဏ္ဍအတွက် အခွင့်အလမ်းတွေရှိတယ်။ဒီဟာတွေကို ကျနော်တို့ ကောင်းကောင်းအသုံးချပြီးမှ ခရီးသွားဖွံ့ဖြိုးမှုလုပ်ငန်းတွေကို တိုးတက်အောင်လုပ်တာဟာ ဒီဒေသတစ်ခုလုံးရဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ဖွံ့ဖြိုးတိုးတက်လာမယ်။နောက် ကျနော်တို့ ခရီးသွားလုပ်ငန်းရဲ့ သဘောသဘာဝအရ ခရီးသွားလုပ်ငန်းဟာ တစ်ဦးတစ်ယောက်တည်းအတွက်ပဲ အကျိုးရှိတာမဟုတ်ဘူး။သူ့နဲ့ ဆက်စပ်နေတဲ့ Supply Change တစ်ခုလုံးပေါ့လေ၊ ဒေသခံတွေအတွက်ပါ အကျိုးဖြစ်ထွန်းစေနိုင်တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။” လို့ ကိုစိုင်းခွန် က ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်ရဲ့ အနာဂတ်မှာ အဓိကမောင်းနှင်မယ့် စီးပွားရေးကဏ္ဍဟာ ခရီးသွားလုပ်ငန်း ဖြစ်တယ်လို့လည်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦး က ပြီးခဲ့တဲ့လအတွင်းက ကချင်ပြည်နယ်၊ မြစ်ကြီးမြို့မှာ ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ ကချင်ပြည်နယ် စီးပွားရေးနှီးနှောဖလှယ်ပွဲမှာ ပြောကြားခဲ့ပါသေးတယ်။

ထို့အတူ လက်ရှိ ကချင်ပြည်နယ်အတွင်းမှာ တရားဝင်မှတ်ပုံတင်ထားပြီး လုပ်ကိုင်ဆောင်ရွက်နေသည့် ခရီးသွားလုပ်ငန်းကုမ္ပဏီ (၃၀) ကျော်အထိ ရှိနေပြီး ရေခဲတောင်များ တည်ရှိရာ ပူတာအိုဒေသ၊ မြစ်ကြီးနားမြို့ရှိ မြစ်ဆုံနှင့် အင်းတော်ကြီးဒေသ အစရှိသည့် ကချင်ပြည်နယ်အတွင်းရှိ အထင်ကရနေရာများသို့ စိတ်ဝင်တစား လာရောက်လည်ပတ်ကြတဲ့ ပြည်တွင်း၊ ပြည်ပ ခရီးသွားများမှာလည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာတယ်လို့လည်း ဆိုပါတယ်။

“အခုနောက်ပိုင်းမှာ ကချင်ပြည်နယ်ကို လာလည်ကြတဲ့ ခရီးသွားတွေများလာသလို အထူးသဖြင့်တော့ ရေခဲတောင်တက်တဲ့ ခရီးသွားအရေအတွက်က များလာတယ်။မြန်မာနိုင်ငံရဲ့ ရုံးပိတ်ရက်ကြီးတွေပေါ့နော်။ခရစ်စမတ် ရုံးပိတ်ရက်နဲ့ သင်္ကြန်ရုံးပိတ်ရက်မှာ ပိုပြီးတော့များပါတယ်။အထူးသဖြင့်တော့ ဧပြီမှာ ရေခဲတောင်တက်လို့ရပါတယ်။ဧပြီလကျတော့ ရေခဲတောင်ကို လုံးဝတွေ့နိုင်တယ်၊ မြင်နိုင်တယ်။အဲ့ဒီမှာ အတွေ့အကြုံတွေ အများကြီးရနိုင်ပါတယ်။ခရီးသွားတွေကတော့ တစ်နှစ်ထက် တစ်နှစ် ပိုများလာတာတော့ သေချာပါတယ်။” လို့ ကိုစိုင်းခွန် က ထပ်လောင်းပြောပြခဲ့ပါသေးတယ်။

တောင်ပေါ်၊ မြေပြန့် တပြေးညီဖွံ့ဖြိုးဖို့

ဒါ့အပြင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းကဏ္ဍပိုင်းဆိုင်ရာတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာတွေကို ဖြည့်ဆည်းပေးနေပြီး တောင်ပေါ် မြေပြန့် တပြေးညီဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့  လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်စွမ်းအင်ကဏ္ဍပိုင်းဆိုင်ရာတို့ကိုလည်း ကြိုးစားဆောင်ရွက်ပေးလျက် ရှိနေတယ်လို့ ကချင်ပြည်နယ် စီးပွားရေးနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါသေးတယ်။

“သူတို့လုပ်ငန်းတွေ လုပ်တဲ့အခါ အဆင်ပြေစေဖို့ လိုအပ်တဲ့ အဆောက်အအုံ အခြေခံတွေကို ကျနော်တို့ အတတ်နိုင်ဆုံး လုပ်ဆောင်ပေးလျက်ရှိပါတယ်။ဒါပေမယ့် ဘတ်ဂျက်အကန့်အသတ်ရှိပါတယ်၊ အချိန်အကန့်အသတ်ရှိပါတယ်။အဲ့အထဲမှာ ကျနော်တို့က အတတ်နိုင်ဆုံး ပြည်နယ်အစိုးရအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါတယ်။
ဒီနေရာမှာပြောရရင် ကျနော်တို့ အခု ပူတာအို ဆွန်ပရာဘိုလမ်းဟာ ယခင်ကဆိုရင် နှစ်ပေါင်း (၅၀) လောက်ပေါ့လေ မိုးတွင်းဆိုရင် လုံးဝဖြတ်သန်းလို့မရတဲ့ဟာက အခုဆိုရင် နေ့ချင်းသွားလို့ရနေပါပြီ။အခု မြစ်ကြီးနားကနေ မနက်အစောကားနဲ့ဆိုရင် ညနေဆိုရင် ပူတာအိုကို ရောက်နိုင်တဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါတယ်။ဒီဟာက တောင်ပေါ်၊ မြေပြန့် တပြေးညီဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ ယနေ့ ကျနော်တို့ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းရဲ့ ရည်ရွယ်ချက်ထဲမှာလည်း ပါပါတယ်။နောက်တစ်ချက်က ဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဆိုတာလည်း ပါပါတယ်။ဒီဟာကလည်း ဒေသဖွံ့ဖြိုးရေးခရီးသွားမှာ အထောက်အကူပြုဖို့ စောနကပြောသလို လမ်းပန်းဆက်သွယ်ရေး ကောင်းရမယ်။လျှပ်စစ်စွမ်းအင် များများရရှိရမယ်၊ လူသားအရင်းအမြစ် ကာယ၊ ဉာဏတွေ ပြည့်စုံတဲ့ လူသားအရင်းအမြစ်တွေ ရှိရမယ်၊ တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ရှိရမယ်။ဒီဟာတွေအားလုံးကို ကျနော်တို့ ကချင်ပြည်နယ်အစိုးရက တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်နေပါတယ်။” လို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ပြောကြားခဲ့ပါတယ်။

တိုင်းရင်းသားမျိုးနွယ်စုတွေအနေနဲ့ ကချင်ပြည်နယ်အတွင်းမှာတေ့ာ ဂျိန်းဖော၊ လချိတ်၊ လော်ဝေါ်၊ ဇိုင်းဝါး၊ ရဝမ်၊ လီဆူး ဆိုတဲ့ အစရှိတဲ့ ကချင်တိုင်းရင်းသားမျိုးနွယ်စု (၁၂) မျိုး မှီတင်းနေထိုင်ကြသလို ပြည်နယ်အတွင်းမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ တိုင်းရင်းသားပေါင်းစုံ ငြိမ်းချမ်းစွာ အတူတကွစုစည်းနေထိုင်ကြတာဟာလည်း ပြည်နယ်ရဲ့ စည်းလုံးညီညွတ်မှု၊ တည်ငြိမ်အေးချမ်းမှု ပြယုဂ်တစ်ခုပါ။

ဂျိမ်းဖောမြေရဲ့ အထင်ကရလည်ပတ်စရာ

ကချင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ မြစ်ကြီးနားမြို့ကို ရောက်လာပြီဆိုရင်တော့ ခရီးသွားဧည့်သည်တွေအတွက် လည်ပတ်စရာတွေ များစွာရှိပါတယ်။အဲ့ဒါတွေကတော့ မြစ်ကြီးနားမြို့ အနီးတဝိုက်နားမှာရှိတဲ့  အောင်မြင်သာကျေးရွာ အပန်းဖြေစခန်း၊ မနောကွင်း၊ ဆုတောင်းပြည့် လျောင်းတော်မူဘုရား၊ ကမ္ဘာလုံးဘုရား၊ ဆဒုံးရေတံခွန်၊ စည်ကားလှတဲ့ မြစ်ကြီးနားမြို့ ညဈေးတန်းနဲ့ ကချင်ပြည်နယ်ရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ မေခ၊ မလိခ မြစ်နှစ်သွယ်ပေါင်းစုံရာ မြစ်ဆုံဒေသတို့ပဲ ဖြစ်ပါတယ်။ဒါ့အပြင် မြစ်ကြီးနားမြို့ပေါ်မှာ နောက်ထပ်မဖြစ်မနေ သွားရောက်လည်ပတ်သင့်တဲ့ နေရာရှိပါတယ်။အဲ့ဒါကတော့ ကချင်တိုင်းရင်းသားတွေရဲ့ မိရိုးဖလာရိုးရာ ဂျပ်ခုတ်၊ ယက်ကန်း လုပ်ငန်းတွေဆီကိုပဲ ဖြစ်ပါတယ်။ယင်းလုပ်ငန်းတွေကနေ ထွက်ရှိလာတဲ့ ကချင်ရိုးရာ ယက်ကန်းထည်တွေကို ပြည်တွင်းဈေးကွက်တင်မက၊ ပြည်ပဈေးကွက်အထိကိုပါ တင်ပို့ရောင်းချနေရပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါကြောင့်မို့ ကချင်တိုင်းရင်းသားတွေ အမြတ်တနိုးထားပြီး ဝတ်ဆင်ကြတဲ့ ကချင်ရိုးရာ ဂျပ်ခုတ်၊ ယက်ကန်း လုပ်ငန်းအများစုကိုလည်း မြစ်ကြီးနားမြို့ပေါ်မှာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ကချင်တိုင်းရင်းသားတွေရဲ့ မိရိုးဖလာရိုးရာလုပ်ငန်းဖြစ်တဲ့ ကချင်ရိုးရာ ဂျပ်ခုတ်၊ ယက်ကန်းထည် လုပ်ငန်းတွေဟာ ဒေသခံများအတွက် ဝင်ငွေများစွာရရှိသလို ဒေသခံများရဲ့ စားဝတ်နေရေးအတွက် များစွာအထောက်အကူပြုတဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်လို့လည်း ဒေသခံများထံကနေ သိရပါတယ်။

“ကချင်ရိုးရာပစ္စည်းတွေ အဝတ်အထည်တွေက တအားရောင်းရပါတယ်။ကျမတို့ အခုဒါက (Handmade) ဆိုတော့လေ ပြည်တွင်းမှာကို မလောက်ဘူး။ကျမတို့ (Handmade) ဆိုတာက ဥပမာပြောရရင် ထမင်းကို ဘယ်ကရလဲဆိုရင် အိုးကရတယ်ဆိုတာပဲ သိတာတယ် အဲ့တော့ ဒီလုံချည်တွေ ဒီထမိန်တွေ ဘယ်လိုဖြစ်ပေါ်လာလဲ၊ ပိုးဇာကို စိမ်ပြီးမှ ပိုးမွေးတယ်၊ ပိုးချည်ထုတ်တယ်။အဲ့ကနေမှ အဆင့်ဆင့်ဆေးဆိုးပြီးမှ ဒီဟာကို ထမိန်တစ်ထည်၊ ပုဆိုးတစ်ထည် ခေါင်းပေါင်းတစ်ထည် ဖြစ်လာအောင် ဘယ်လိုလုပ်တယ်ဆိုတာ အခုခေတ် ကလေးတွေက ဘယ်သူမှမသိတော့ပါဘူး။ကျမကတော့ ဒါကို အကုန်လုံးဘယ်လိုဖြစ်ပေါ်လာလဲ ဆိုတာကိုပေါ့ ကျမတို့ သင်တန်းကျောင်းမှာလည်း သင်ကြားပို့ချပေးပါတယ်။
အဲ့ဒီနောက်မှာ အကုန်လုံး ဒီပညာတွေကို သိလာ၊ တတ်လာပြီဆိုတော့ ဆက်ပြီးတော့ လက်ယက်ကန်းနဲ့ပဲဖြစ်ဖြစ် စက်ယက်ကန်းနဲ့ပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ် ဒေသခံတွေတွက်ကတော့ စားဝတ်နေရးတစ်ခုအတွက် ဝင်ငွေလည်း တစ်ခုရရှိတာပေါ့လေ။” လို့ ကချင်ရိုးရာ ယက်ကန်းကျောင်းကို တည်ထောင်ထားသူဖြစ်သည့် ကချင်ရိုးရာ ယဉ်ကျေးမှုနှင့် စာပေအဖွဲ့ ဥက္ကဌ ဒေါ်လဂျွန်ဆိုင်းတောင် က ယခုလိုပြောပြခဲ့ပါတယ်။

နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်မှု

ဒါ့အပြင် ကချင်ပြည်နယ်ရဲ့ခရီးသွားလုပ်ငန်းကဏ္ဍ (Eco Tourism) လုပ်ငန်းတွေ အပါအဝင် ပြည်နယ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်မှုတွေကို အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ပြီး နည်းပညာ၊ အရင်းအနှီးနှင့် ဈေးကွက်ရရှိလာအောင်လို့လည်း ရည်မှန်းချက်ထားရှိတယ်လို့ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း (KASH) ဥက္ကဌ ဦးခက်ထိန်နန် က ပြောပါတယ်။

“ကျနော်တို့ ပြည်နယ်အတွက် အလားအလာကတော့ ရှေ့လျှောက်အများကြီးကောင်းပါတယ်။ဘာလို့လဲဆိုတော့ ကျနော်တို့နိုင်ငံကို အများကြီးစိတ်ဝင်စားလာတဲ့ အနေအထားမျိုးတွေ့ရတယ်။ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေရောပေါ့လေ အခုဆိုရင် ကျနော်တို့ မြန်မာ-အိန္ဒိယ-တရုတ် ချစ်ကြည်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအသင်းပေါ့၊ အဲ့မှာလည်း ကျနော်က တစ်နိုင်ငံလုံးမှာ နာယကအဖြစ် ဆောင်ရွက်တဲ့ အနေအထားရှိတယ်ဆိုတော့ ခရီးသွားလုပ်ငန်းကဏ္ဍတွေ အပါအဝင် အခြားစီးပွားရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လာဖို့တော့ အများကြီးရှိတယ်။အများကြီးစိတ်ဝင်စားလာတဲ့ အနေအထားတွေ့ရတယ်။အခုဆိုရင် ကျနော်တို့ကြားသလောက်ဆိုရင် ဒေါ်လာ သန်းပေါင်း ၇၀ လောက် ကျနော်တို့ ပြည်နယ်ကို လာဖို့ရှိတယ်လို့ကြားပါတယ်။ဒါက ရှေ့လျှောက် ကျနော်တို့ ပြည်နယ်အတွက် အလားအလာ အများကြီးကောင်းလာပါမယ်။” လို့ KASH ဥက္ကဌ ဦးခက်ထိန်နန် က ပြောပြခဲ့ပါတယ်။

ထို့အတူ အိမ်နီးနားချင်းနိုင်ငံတွေ အပါအဝင် ဥရောပနှင့် အမေရိကန်နိုင်ငံရှိ ပြည်ပလုပ်ငန်းရှင်တွေအနေနဲ့ ကချင်ပြည်နယ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ဖို့ စိတ်ဝင်စားလာတဲ့ အနေအထားမျိုးတွေကို တွေ့နေရသည့်အတွက် ရှေ့လာမယ့်ကာလများမှာ ပြည်နယ်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေဟာ အလားအလာကောင်းနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ဦးခက်ထိန်နန် က ၎င်းရဲ့အမြင်ကို ထပ်လောင်းပြောပြခဲ့ပါတယ်။

ဒါကြောင့်မို့လည်း ကျောက်စိမ်းမြေလို့ လူသိများတဲ့ ကချင်ပြည်နယ်ဟာ စာဖွဲ့လို့မကုန်နိုင်တဲ့ သဘာဝတောတောင်ရေမြေ စိမ့်စမ်းတွေနဲ့ သဘာဝကပေးထားတဲ့ အလှတရားလက်ဆောင်တွေနဲ့ ပြည့်စုံတဲ့ အေးချမ်းသာယာလှတဲ့ ပြည်နယ်တစ်ခုဆို မမှားပါဘူး။ဂျိန်းဖောမြေမှ မနောဖြူတဲ့ ကချင်တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့တွေကို ကြည့်ရှုခံစားနိုင်ဖို့ အခွင့်အခါသင့်လို့ ကြုံကြိုက်ခဲ့မယ်ဆိုရင်တော့ ကချင်ပြည်နယ်သို့ တစ်ခေါက်တစ်ခါ အလည်လာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ပြေသိမ်း
ဒီဇင်ဘာ - ၃

( Zawgyi )

ေက်ာက္စိမ္းေျမလို႔ လူသိမ်ားတဲ့ ကခ်င္ျပည္နယ္ဟာ စာဖြဲ႕လို႔မကုန္ႏိုင္တဲ့ သဘာဝေတာေတာင္ေရေျမ စိမ့္စမ္းေတြနဲ႔ သဘာဝကေပးထားတဲ့ အလွတရားလက္ေဆာင္ေတြနဲ႔ ျပည့္စုံၿပီး ေအးခ်မ္းသာယာလွတဲ့ ျပည္နယ္ေလးတစ္ခုပါ။ကခ်င္ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ကေတာ့ ျမစ္ႀကီးနားၿမိဳ႕ျဖစ္ၿပီး ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၄၇၆ ေပမွာ တည္ရွိသလို ျမန္မာျပည္ ေျမာက္ဖ်ားပိုင္းက ေနာက္ဆုံး ရထားဘူတာတည္ရွိသည့္ ၿမိဳ႕ေလးတစ္ၿမိဳ႕လည္းျဖစ္ပါတယ္။  

ထူးျခားခ်က္တစ္ခုက ျမစ္ႀကီးနားၿမိဳ႕ဟာ ေရွးျမန္မာဘုရင္မ်ား လက္ထက္ကပင္ တည္ရွိခဲ့တာျဖစ္ၿပီး ျမစ္ႀကီးနားၿမိဳ႕ဟာ ျမစ္ႀကီးရဲ႕ အနီးအနားမွာ ေပၚေပါက္ခဲ့တာျဖစ္တာေၾကာင့္ ျမစ္ႀကီးနားၿမိဳ႕လို႔ အမည္တြင္တယ္လို႔လည္း သိရပါတယ္။၁၈၉၂ ခုႏွစ္၊ မတိုင္မီ ျမစ္ႀကီးနားၿမိဳ႕ဟာ မိုးေကာင္းနယ္ထဲမွာရွိတဲ့ ရွမ္း၊ ျမန္မာ႐ြာေလးတစ္႐ြာမွ်သာ ျဖစ္ပါတယ္။
ေနာက္ပိုင္းမွာေတာ့ ျမစ္ႀကီးနားၿမိဳ႕လို႔ အမည္တြင္ခဲ့ကာ ျမစ္ႀကီးနားၿမိဳ႕ဟာ မိုင္အားျဖင့္ဆိုပါက ရန္ကုန္ၿမိဳ႕ကေန ၉၁၉ မိုင္ ကြာေဝးၿပီး မႏၲေလးၿမိဳ႕ကေနဆိုပါက ၄၈၇ မိုင္ ကြာေဝးပါတဲ့ ေအးခ်မ္းသာယာလွပတဲ့ ေတာင္ေပၚၿမိဳ႕ေလးတစ္ၿမိဳ႕ ျဖစ္ပါတယ္။

ဒါ့အျပင္ ျမစ္ႀကီးနားၿမိဳ႕ရဲ႕ ၂၅ မိုင္ခန႔္ အကြာမွာေတာ့ လူသိမ်ားထင္ရွားလွတဲ့ ကခ်င္ျပည္နယ္ရဲ႕ နာမည္ေက်ာ္ ေမခ၊ မလိခ ျမစ္ႏွစ္သြယ္ေပါင္းစုံရာ ျမစ္ဆုံတည္ရွိၿပီး ထိုမွတစ္ဆင့္ ဧရာဝတီျမစ္အျဖစ္ ျမစ္ဖ်ားခံကာ ျမန္မာျပည္တံလ်ား ေတာင္မွ ေျမာက္သို႔ စီးဆင္းပါတယ္။ဒါေၾကာင့္မို႔ ကခ်င္ျပည္နယ္ဟာ လူသိမ်ားထင္ရွားလွတဲ့ ျပည္နယ္တစ္ခုျဖစ္ၿပီး ခရီးသြားလုပ္ငန္းပိုင္းဆိုင္ရာမွာလည္း ဖြံ႕ၿဖိဳးတိုးတက္မႈ အလားအလာေကာင္းမ်ားစြာ တည္ရွိေနတဲ့ ျပည္နယ္တစ္ခုဆိုရင္လည္း မမွားပါဘူး။

ထို႔အတူ ကခ်င္ျပည္နယ္ရဲ႕ ပထဝီဝင္အေနအထား သဘာဝအလွတရားေတြ ေတာေတာင္ေရေျမ စိမ့္စမ္းေတြက အလြန္အင္မတန္လွပတဲ့အတြက္ ကခ်င္ျပည္နယ္မွာ ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ ခရီးသြားလုပ္ငန္းက႑ (Eco Tourism) ကို ဖြံ႕ၿဖိဳးတိုးတက္လာဖို႔ အဓိကထားေဆာင္႐ြက္သြားဖို႔ ရွိေနတယ္လို႔လည္း ကခ်င္တိုင္းရင္းသား ခရီးသြားလုပ္ငန္းရွင္တစ္ဦးျဖစ္သည့္ Green Xingra Eco-Tour & Travel တည္ေထာင္သူႏွင့္ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာျဖစ္သူ ကိုစိုင္းခြန္ က ယခုလိုေျပာျပခဲ့ပါတယ္။

ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ ခရီးသြားလုပ္ငန္းက႑

“ေျပာရရင္ က်ေနာ္တို႔အေနနဲ႔ ကခ်င္ျပည္နယ္ရဲ႕ ခရီးသြားလုပ္ငန္းေတြ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ တအားႀကီးကို ေမွ်ာ္လင့္တယ္။ၿပီးရင္ နည္းလမ္းရွာေဖြၿပီးမွ ႀကိဳးစားဖို႔လည္း က်ေနာ္တို႔အစီအစဥ္ရွိပါတယ္။အခုေလာေလာဆယ္ က်ေနာ္တို႔အေနနဲ႔ ကခ်င္ျပည္နယ္ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္း ယာယီေကာ္မတီကို ဖြဲ႕စည္းထားတယ္။ဒီခရီးသြားအသင္းရဲ႕ ရည္႐ြယ္ခ်က္ကလည္း ကခ်င္ျပည္နယ္ ကခ်င္ေဒသမွာ ေရရွည္တည္တံ့ခိုင္ၿမဲတဲ့ ခရီးသြားလုပ္ငန္းေတြ ဖြံ႕ၿဖိဳးတိုးတက္လာဖို႔ဆိုတဲ့ အဓိကရည္႐ြယ္ခ်က္ျဖစ္တယ္။ၿပီးေတာ့ အခုနကေျပာသလို ကခ်င္ျပည္နယ္ကို အမ်ားအားျဖင့္ သိၾကတာကေတာ့ သဘာဝအရင္းအျမစ္ေတြ သယံဇာတေတြ ေက်ာက္စိမ္းေတြ ထြက္ရွိတဲ့ ျပည္နယ္အျဖစ္ အမ်ားအားျဖင့္သိၾကတယ္။ဒါေပမယ့္ ဒီဟာေတြက ေရရွည္တည္တံ့ခိုင္ၿမဲဖို႔က မလြယ္ဘူးေပ့ါေလ။ဒါေတြက တစ္ေန႔ေန႔ တစ္ခ်ိန္ခ်ိန္က်ရင္ ကုန္ခမ္းသြားလိမ့္မယ္။အဲ့အခ်ိန္က်ရင္ က်ေနာ္တို႔အေနနဲ႔ ဒီအထဲမွာ ဘာေတြလုပ္မလဲ ေရရွည္တည္တံ့တဲ့ လုပ္ငန္းေတြအေနနဲ႔ စဥ္းစားတဲ့အခ်ိန္မွာ (Eco Tourism) ဟာ က်ေနာ္တို႔အတြက္ အေကာင္းဆုံး စီးပြားေရးလုပ္ငန္းေပါ့ေနာ္။အဲ့လို က်ေနာ္တို႔ျမင္တယ္။ဘာျဖစ္လို႔လဲဆိုေတာ့ ကခ်င္ေဒသဟာ အျခားေဒသေတြနဲ႔ မတူညီတဲ့ အဂၤါရပ္ေတြရွိတယ္။ပထဝီဝင္အေနအထား၊ သဘာဝပတ္ဝန္းက်င္ ေတာေတာင္အေနအထားေတြက တကယ္ကို အင္မတန္မွလွပတယ္။ခရီးသြားက႑အတြက္ အခြင့္အလမ္းေတြရွိတယ္။ဒီဟာေတြကို က်ေနာ္တို႔ ေကာင္းေကာင္းအသုံးခ်ၿပီးမွ ခရီးသြားဖြံ႕ၿဖိဳးမႈလုပ္ငန္းေတြကို တိုးတက္ေအာင္လုပ္တာဟာ ဒီေဒသတစ္ခုလုံးရဲ႕ စီးပြားေရးလုပ္ငန္းေတြလည္း ဖြံ႕ၿဖိဳးတိုးတက္လာမယ္။ေနာက္ က်ေနာ္တို႔ ခရီးသြားလုပ္ငန္းရဲ႕ သေဘာသဘာဝအရ ခရီးသြားလုပ္ငန္းဟာ တစ္ဦးတစ္ေယာက္တည္းအတြက္ပဲ အက်ိဳးရွိတာမဟုတ္ဘူး။သူ႔နဲ႔ ဆက္စပ္ေနတဲ့ Supply Change တစ္ခုလုံးေပါ့ေလ၊ ေဒသခံေတြအတြက္ပါ အက်ိဳးျဖစ္ထြန္းေစႏိုင္တဲ့ လုပ္ငန္းေတြျဖစ္ပါတယ္။” လို႔ ကိုစိုင္းခြန္ က ေျပာျပခဲ့ပါတယ္။

ဒါ့အျပင္ ကခ်င္ျပည္နယ္ရဲ႕ အနာဂတ္မွာ အဓိကေမာင္းႏွင္မယ့္ စီးပြားေရးက႑ဟာ ခရီးသြားလုပ္ငန္း ျဖစ္တယ္လို႔လည္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္ ဦးေအာင္ႏိုင္ဦး က ၿပီးခဲ့တဲ့လအတြင္းက ကခ်င္ျပည္နယ္၊ ျမစ္ႀကီးၿမိဳ႕မွာ ပထမဦးဆုံးအႀကိမ္ ျပဳလုပ္ခဲ့တဲ့ ကခ်င္ျပည္နယ္ စီးပြားေရးႏွီးေႏွာဖလွယ္ပြဲမွာ ေျပာၾကားခဲ့ပါေသးတယ္။

ထို႔အတူ လက္ရွိ ကခ်င္ျပည္နယ္အတြင္းမွာ တရားဝင္မွတ္ပုံတင္ထားၿပီး လုပ္ကိုင္ေဆာင္႐ြက္ေနသည့္ ခရီးသြားလုပ္ငန္းကုမၸဏီ (၃၀) ေက်ာ္အထိ ရွိေနၿပီး ေရခဲေတာင္မ်ား တည္ရွိရာ ပူတာအိုေဒသ၊ ျမစ္ႀကီးနားၿမိဳ႕ရွိ ျမစ္ဆုံႏွင့္ အင္းေတာ္ႀကီးေဒသ အစရွိသည့္ ကခ်င္ျပည္နယ္အတြင္းရွိ အထင္ကရေနရာမ်ားသို႔ စိတ္ဝင္တစား လာေရာက္လည္ပတ္ၾကတဲ့ ျပည္တြင္း၊ ျပည္ပ ခရီးသြားမ်ားမွာလည္း တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုမိုမ်ားျပားလာတယ္လို႔လည္း ဆိုပါတယ္။

“အခုေနာက္ပိုင္းမွာ ကခ်င္ျပည္နယ္ကို လာလည္ၾကတဲ့ ခရီးသြားေတြမ်ားလာသလို အထူးသျဖင့္ေတာ့ ေရခဲေတာင္တက္တဲ့ ခရီးသြားအေရအတြက္က မ်ားလာတယ္။ျမန္မာႏိုင္ငံရဲ႕ ႐ုံးပိတ္ရက္ႀကီးေတြေပါ့ေနာ္။ခရစ္စမတ္ ႐ုံးပိတ္ရက္နဲ႔ သၾကၤန္႐ုံးပိတ္ရက္မွာ ပိုၿပီးေတာ့မ်ားပါတယ္။အထူးသျဖင့္ေတာ့ ဧၿပီမွာ ေရခဲေတာင္တက္လို႔ရပါတယ္။ဧၿပီလက်ေတာ့ ေရခဲေတာင္ကို လုံးဝေတြ႕ႏိုင္တယ္၊ ျမင္ႏိုင္တယ္။အဲ့ဒီမွာ အေတြ႕အႀကဳံေတြ အမ်ားႀကီးရႏိုင္ပါတယ္။ခရီးသြားေတြကေတာ့ တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုမ်ားလာတာေတာ့ ေသခ်ာပါတယ္။” လို႔ ကိုစိုင္းခြန္ က ထပ္ေလာင္းေျပာျပခဲ့ပါေသးတယ္။

ေတာင္ေပၚ၊ ေျမျပန႔္ တေျပးညီဖြံ႕ၿဖိဳးဖို႔

ဒါ့အျပင္ ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္ က ျပည္နယ္အတြင္း ခရီးသြားလုပ္ငန္းက႑ပိုင္းဆိုင္ရာေတြ ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ လိုအပ္တဲ့ အေျခခံအေဆာက္အအုံပိုင္းဆိုင္ရာေတြကို ျဖည့္ဆည္းေပးေနၿပီး ေတာင္ေပၚ ေျမျပန႔္ တေျပးညီျဖစ္ဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔  လမ္းပန္းဆက္သြယ္ေရး၊ လွ်ပ္စစ္စြမ္းအင္က႑ပိုင္းဆိုင္ရာတို႔ကိုလည္း ႀကိဳးစားေဆာင္႐ြက္ေပးလ်က္ ရွိေနတယ္လို႔ ကခ်င္ျပည္နယ္ စီးပြားေရးႏွီးေႏွာဖလွယ္ပြဲ ဖြင့္ပြဲအခမ္းအနားမွာ ေျပာၾကားခဲ့ပါေသးတယ္။

“သူတို႔လုပ္ငန္းေတြ လုပ္တဲ့အခါ အဆင္ေျပေစဖို႔ လိုအပ္တဲ့ အေဆာက္အအုံ အေျခခံေတြကို က်ေနာ္တို႔ အတတ္ႏိုင္ဆုံး လုပ္ေဆာင္ေပးလ်က္ရွိပါတယ္။ဒါေပမယ့္ ဘတ္ဂ်က္အကန႔္အသတ္ရွိပါတယ္၊ အခ်ိန္အကန႔္အသတ္ရွိပါတယ္။အဲ့အထဲမွာ က်ေနာ္တို႔က အတတ္ႏိုင္ဆုံး ျပည္နယ္အစိုးရအေနနဲ႔ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေပးခဲ့ပါတယ္။
ဒီေနရာမွာေျပာရရင္ က်ေနာ္တို႔ အခု ပူတာအို ဆြန္ပရာဘိုလမ္းဟာ ယခင္ကဆိုရင္ ႏွစ္ေပါင္း (၅၀) ေလာက္ေပါ့ေလ မိုးတြင္းဆိုရင္ လုံးဝျဖတ္သန္းလို႔မရတဲ့ဟာက အခုဆိုရင္ ေန႔ခ်င္းသြားလို႔ရေနပါၿပီ။အခု ျမစ္ႀကီးနားကေန မနက္အေစာကားနဲ႔ဆိုရင္ ညေနဆိုရင္ ပူတာအိုကို ေရာက္ႏိုင္တဲ့ အေျခအေနကို ေရာက္ရွိေနၿပီျဖစ္ပါတယ္။ဒီဟာက ေတာင္ေပၚ၊ ေျမျပန႔္ တေျပးညီျဖစ္ဖို႔ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔အတူ ယေန႔ က်ေနာ္တို႔ ကခ်င္တိုင္းရင္းသား လုပ္ငန္းရွင္မ်ားအသင္းရဲ႕ ရည္႐ြယ္ခ်က္ထဲမွာလည္း ပါပါတယ္။ေနာက္တစ္ခ်က္က ေဒသခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးေရးဆိုတာလည္း ပါပါတယ္။ဒီဟာကလည္း ေဒသဖြံ႕ၿဖိဳးေရးခရီးသြားမွာ အေထာက္အကူျပဳဖို႔ ေစာနကေျပာသလို လမ္းပန္းဆက္သြယ္ေရး ေကာင္းရမယ္။လွ်ပ္စစ္စြမ္းအင္ မ်ားမ်ားရရွိရမယ္၊ လူသားအရင္းအျမစ္ ကာယ၊ ဉာဏေတြ ျပည့္စုံတဲ့ လူသားအရင္းအျမစ္ေတြ ရွိရမယ္၊ တည္ၿငိမ္ေအးခ်မ္းတဲ့ ပတ္ဝန္းက်င္ရွိရမယ္။ဒီဟာေတြအားလုံးကို က်ေနာ္တို႔ ကခ်င္ျပည္နယ္အစိုးရက တတ္ႏိုင္သေလာက္ ႀကိဳးစားေဆာင္႐ြက္ေနပါတယ္။” လို႔ ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ေဒါက္တာခက္ေအာင္ က ေျပာၾကားခဲ့ပါတယ္။

တိုင္းရင္းသားမ်ိဳးႏြယ္စုေတြအေနနဲ႔ ကခ်င္ျပည္နယ္အတြင္းမွာေတ့ာ ဂ်ိန္းေဖာ၊ လခ်ိတ္၊ ေလာ္ေဝၚ၊ ဇိုင္းဝါး၊ ရဝမ္၊ လီဆူး ဆိုတဲ့ အစရွိတဲ့ ကခ်င္တိုင္းရင္းသားမ်ိဳးႏြယ္စု (၁၂) မ်ိဳး မွီတင္းေနထိုင္ၾကသလို ျပည္နယ္အတြင္းမွာ လူမ်ိဳးေပါင္းစုံ၊ ဘာသာေပါင္းစုံ တိုင္းရင္းသားေပါင္းစုံ ၿငိမ္းခ်မ္းစြာ အတူတကြစုစည္းေနထိုင္ၾကတာဟာလည္း ျပည္နယ္ရဲ႕ စည္းလုံးညီၫြတ္မႈ၊ တည္ၿငိမ္ေအးခ်မ္းမႈ ျပယုဂ္တစ္ခုပါ။

ဂ်ိမ္းေဖာေျမရဲ႕ အထင္ကရလည္ပတ္စရာ

ကခ်င္ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ျဖစ္တဲ့ ျမစ္ႀကီးနားၿမိဳ႕ကို ေရာက္လာၿပီဆိုရင္ေတာ့ ခရီးသြားဧည့္သည္ေတြအတြက္ လည္ပတ္စရာေတြ မ်ားစြာရွိပါတယ္။အဲ့ဒါေတြကေတာ့ ျမစ္ႀကီးနားၿမိဳ႕ အနီးတဝိုက္နားမွာရွိတဲ့  ေအာင္ျမင္သာေက်း႐ြာ အပန္းေျဖစခန္း၊ မေနာကြင္း၊ ဆုေတာင္းျပည့္ ေလ်ာင္းေတာ္မူဘုရား၊ ကမာၻလုံးဘုရား၊ ဆဒုံးေရတံခြန္၊ စည္ကားလွတဲ့ ျမစ္ႀကီးနားၿမိဳ႕ ညေဈးတန္းနဲ႔ ကခ်င္ျပည္နယ္ရဲ႕ အထင္ကရေနရာတစ္ခုျဖစ္တဲ့ ေမခ၊ မလိခ ျမစ္ႏွစ္သြယ္ေပါင္းစုံရာ ျမစ္ဆုံေဒသတို႔ပဲ ျဖစ္ပါတယ္။ဒါ့အျပင္ ျမစ္ႀကီးနားၿမိဳ႕ေပၚမွာ ေနာက္ထပ္မျဖစ္မေန သြားေရာက္လည္ပတ္သင့္တဲ့ ေနရာရွိပါတယ္။အဲ့ဒါကေတာ့ ကခ်င္တိုင္းရင္းသားေတြရဲ႕ မိ႐ိုးဖလာ႐ိုးရာ ဂ်ပ္ခုတ္၊ ယက္ကန္း လုပ္ငန္းေတြဆီကိုပဲ ျဖစ္ပါတယ္။ယင္းလုပ္ငန္းေတြကေန ထြက္ရွိလာတဲ့ ကခ်င္႐ိုးရာ ယက္ကန္းထည္ေတြကို ျပည္တြင္းေဈးကြက္တင္မက၊ ျပည္ပေဈးကြက္အထိကိုပါ တင္ပို႔ေရာင္းခ်ေနရၿပီ ျဖစ္တယ္လို႔လည္း သိရပါတယ္။

ဒါေၾကာင့္မို႔ ကခ်င္တိုင္းရင္းသားေတြ အျမတ္တႏိုးထားၿပီး ဝတ္ဆင္ၾကတဲ့ ကခ်င္႐ိုးရာ ဂ်ပ္ခုတ္၊ ယက္ကန္း လုပ္ငန္းအမ်ားစုကိုလည္း ျမစ္ႀကီးနားၿမိဳ႕ေပၚမွာ ေတြ႕ျမင္ႏိုင္မွာျဖစ္ပါတယ္။ကခ်င္တိုင္းရင္းသားေတြရဲ႕ မိ႐ိုးဖလာ႐ိုးရာလုပ္ငန္းျဖစ္တဲ့ ကခ်င္႐ိုးရာ ဂ်ပ္ခုတ္၊ ယက္ကန္းထည္ လုပ္ငန္းေတြဟာ ေဒသခံမ်ားအတြက္ ဝင္ေငြမ်ားစြာရရွိသလို ေဒသခံမ်ားရဲ႕ စားဝတ္ေနေရးအတြက္ မ်ားစြာအေထာက္အကူျပဳတဲ့ လုပ္ငန္းတစ္ခုျဖစ္တယ္လို႔လည္း ေဒသခံမ်ားထံကေန သိရပါတယ္။

“ကခ်င္႐ိုးရာပစၥည္းေတြ အဝတ္အထည္ေတြက တအားေရာင္းရပါတယ္။က်မတို႔ အခုဒါက (Handmade) ဆိုေတာ့ေလ ျပည္တြင္းမွာကို မေလာက္ဘူး။က်မတို႔ (Handmade) ဆိုတာက ဥပမာေျပာရရင္ ထမင္းကို ဘယ္ကရလဲဆိုရင္ အိုးကရတယ္ဆိုတာပဲ သိတာတယ္ အဲ့ေတာ့ ဒီလုံခ်ည္ေတြ ဒီထမိန္ေတြ ဘယ္လိုျဖစ္ေပၚလာလဲ၊ ပိုးဇာကို စိမ္ၿပီးမွ ပိုးေမြးတယ္၊ ပိုးခ်ည္ထုတ္တယ္။အဲ့ကေနမွ အဆင့္ဆင့္ေဆးဆိုးၿပီးမွ ဒီဟာကို ထမိန္တစ္ထည္၊ ပုဆိုးတစ္ထည္ ေခါင္းေပါင္းတစ္ထည္ ျဖစ္လာေအာင္ ဘယ္လိုလုပ္တယ္ဆိုတာ အခုေခတ္ ကေလးေတြက ဘယ္သူမွမသိေတာ့ပါဘူး။က်မကေတာ့ ဒါကို အကုန္လုံးဘယ္လိုျဖစ္ေပၚလာလဲ ဆိုတာကိုေပါ့ က်မတို႔ သင္တန္းေက်ာင္းမွာလည္း သင္ၾကားပို႔ခ်ေပးပါတယ္။
အဲ့ဒီေနာက္မွာ အကုန္လုံး ဒီပညာေတြကို သိလာ၊ တတ္လာၿပီဆိုေတာ့ ဆက္ၿပီးေတာ့ လက္ယက္ကန္းနဲ႔ပဲျဖစ္ျဖစ္ စက္ယက္ကန္းနဲ႔ပဲျဖစ္ျဖစ္ ဘယ္လိုပဲျဖစ္ျဖစ္ ေဒသခံေတြတြက္ကေတာ့ စားဝတ္ေနရးတစ္ခုအတြက္ ဝင္ေငြလည္း တစ္ခုရရွိတာေပါ့ေလ။” လို႔ ကခ်င္႐ိုးရာ ယက္ကန္းေက်ာင္းကို တည္ေထာင္ထားသူျဖစ္သည့္ ကခ်င္႐ိုးရာ ယဥ္ေက်းမႈႏွင့္ စာေပအဖြဲ႕ ဥကၠဌ ေဒၚလဂြၽန္ဆိုင္းေတာင္ က ယခုလိုေျပာျပခဲ့ပါတယ္။

ႏိုင္ငံတကာႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္မႈ

ဒါ့အျပင္ ကခ်င္ျပည္နယ္ရဲ႕ခရီးသြားလုပ္ငန္းက႑ (Eco Tourism) လုပ္ငန္းေတြ အပါအဝင္ ျပည္နယ္ရဲ႕ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္လာေအာင္ ႏိုင္ငံတကာႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္မႈေတြကို အဓိကထားလုပ္ေဆာင္သြားမည္ျဖစ္ၿပီး နည္းပညာ၊ အရင္းအႏွီးႏွင့္ ေဈးကြက္ရရွိလာေအာင္လို႔လည္း ရည္မွန္းခ်က္ထားရွိတယ္လို႔ ကခ်င္တိုင္းရင္းသား လုပ္ငန္းရွင္မ်ားအသင္း (KASH) ဥကၠဌ ဦးခက္ထိန္နန္ က ေျပာပါတယ္။

“က်ေနာ္တို႔ ျပည္နယ္အတြက္ အလားအလာကေတာ့ ေရွ႕ေလွ်ာက္အမ်ားႀကီးေကာင္းပါတယ္။ဘာလို႔လဲဆိုေတာ့ က်ေနာ္တို႔ႏိုင္ငံကို အမ်ားႀကီးစိတ္ဝင္စားလာတဲ့ အေနအထားမ်ိဳးေတြ႕ရတယ္။က်ေနာ္တို႔ အိမ္နီးခ်င္းႏိုင္ငံေတြေရာေပါ့ေလ အခုဆိုရင္ က်ေနာ္တို႔ ျမန္မာ-အိႏၵိယ-တ႐ုတ္ ခ်စ္ၾကည္ေရးနဲ႔ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းေပါ့၊ အဲ့မွာလည္း က်ေနာ္က တစ္ႏိုင္ငံလုံးမွာ နာယကအျဖစ္ ေဆာင္႐ြက္တဲ့ အေနအထားရွိတယ္ဆိုေတာ့ ခရီးသြားလုပ္ငန္းက႑ေတြ အပါအဝင္ အျခားစီးပြားေရးက႑ေတြမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လာဖို႔ေတာ့ အမ်ားႀကီးရွိတယ္။အမ်ားႀကီးစိတ္ဝင္စားလာတဲ့ အေနအထားေတြ႕ရတယ္။အခုဆိုရင္ က်ေနာ္တို႔ၾကားသေလာက္ဆိုရင္ ေဒၚလာ သန္းေပါင္း ၇၀ ေလာက္ က်ေနာ္တို႔ ျပည္နယ္ကို လာဖို႔ရွိတယ္လို႔ၾကားပါတယ္။ဒါက ေရွ႕ေလွ်ာက္ က်ေနာ္တို႔ ျပည္နယ္အတြက္ အလားအလာ အမ်ားႀကီးေကာင္းလာပါမယ္။” လို႔ KASH ဥကၠဌ ဦးခက္ထိန္နန္ က ေျပာျပခဲ့ပါတယ္။

ထို႔အတူ အိမ္နီးနားခ်င္းႏိုင္ငံေတြ အပါအဝင္ ဥေရာပႏွင့္ အေမရိကန္ႏိုင္ငံရွိ ျပည္ပလုပ္ငန္းရွင္ေတြအေနနဲ႔ ကခ်င္ျပည္နယ္အတြင္းမွာ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ေဆာင္ဖို႔ စိတ္ဝင္စားလာတဲ့ အေနအထားမ်ိဳးေတြကို ေတြ႕ေနရသည့္အတြက္ ေရွ႕လာမယ့္ကာလမ်ားမွာ ျပည္နယ္ရဲ႕ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈေတြဟာ အလားအလာေကာင္းႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္းလည္း ဦးခက္ထိန္နန္ က ၎ရဲ႕အျမင္ကို ထပ္ေလာင္းေျပာျပခဲ့ပါတယ္။

ဒါေၾကာင့္မို႔လည္း ေက်ာက္စိမ္းေျမလို႔ လူသိမ်ားတဲ့ ကခ်င္ျပည္နယ္ဟာ စာဖြဲ႕လို႔မကုန္ႏိုင္တဲ့ သဘာဝေတာေတာင္ေရေျမ စိမ့္စမ္းေတြနဲ႔ သဘာဝကေပးထားတဲ့ အလွတရားလက္ေဆာင္ေတြနဲ႔ ျပည့္စုံတဲ့ ေအးခ်မ္းသာယာလွတဲ့ ျပည္နယ္တစ္ခုဆို မမွားပါဘူး။ဂ်ိန္းေဖာေျမမွ မေနာျဖဴတဲ့ ကခ်င္တိုင္းရင္းသားေတြရဲ႕ ႐ိုးရာဓေလ့ေတြကို ၾကည့္ရႈခံစားႏိုင္ဖို႔ အခြင့္အခါသင့္လို႔ ႀကဳံႀကိဳက္ခဲ့မယ္ဆိုရင္ေတာ့ ကခ်င္ျပည္နယ္သို႔ တစ္ေခါက္တစ္ခါ အလည္လာေရာက္ၾကဖို႔ ဖိတ္ေခၚလိုက္ရပါတယ္။

ေျပသိမ္း
ဒီဇင္ဘာ - ၃