【 ခရီးသွားဆောင်းပါး 】 ဝေးသီမြင့်ခေါင် ဇွဲကပင်တောင်

【 ခရီးသွားဆောင်းပါး 】 ဝေးသီမြင့်ခေါင် ဇွဲကပင်တောင်

မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးမှာ ရပ်သပ်ရှူမောဖွယ်ကောင်းတဲ့ သဘာဝအလှတရားတွေနဲ့ပြည့်စုံတဲ့ ဒေသတွေများစွာ တည်ရှိပါတယ်။

ထူးခြားအံ့ဖွယ့် စေတီ၊ ပုထိုး၊ ဂူဘုရား၊ မြစ်ချောင်းအင်းအိုင်၊ စိမ့်၊ စမ်း၊ ရေတံခွန်၊ တောင်ကုန်း၊ တောင်တန်း ပေါများတဲ့ ကရင်ပြည်ဟာလည်း ကရင်ရိုးရာ ယဉ်ကျေးမှုဓလေ့စရိုက်တွေနဲ့အတူ လှပလို့နေတဲ့ နေရာဒေသတစ်ခုဖြစ်ပါတယ်။

ကရင်ပြည်နယ်၊ ဘားအံမြို့အနီးမှာတော့ မြင့်မားတဲ့ တောင်ကုန်း၊ တောင်စွယ်တွေ တည်ရှိနေပြီး ကရင်တိုင်းရင်းသားတို့ ဂုဏ်ယူစရာ ဇွဲကပင်တောင်တန်းကြီးဟာလည်း ကရင်ပြည်နယ်နဲ့ အထိမ်းအမှတ်တစ်ခုအဖြစ် ထီးထီးမားမား တည်ရှိနေပါတယ်။

ကရင်ပြည်နယ်နဲ့ ပြယုဂ်ဖြစ်တဲ့ ဇွဲပင်တောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၇၂ ပေမြင့်ပြီး ဘားအံမြို့မှ နောင်လုံသို့သွား ကားလမ်း ၆ မိုင်ခန့်အကွာ ခလောက်နို့ကျေးရွာအနီးမှာ တည်ရှိပါတယ်။

ဇွဲကပင်တောင်ပေါ်သို့ တက်ရောက်ရန် တောင်ရဲ့အရှေ့ဘက် ခလောက်နို့ကျေးရွာဘက်မှ တက်ရောက်နိုင်သလို တောင်ရဲ့အနောက်ဘက်အခြမ်းဘက်မှလည်း တက်ရောက်နိုင်ပါတယ်။တောင်ပေါ်ကို အများဆုံးတက်ရောက်တဲ့ ဝင်ပေါက်ဟာ တောင်ရဲ့အနောက်ဘက်အခြမ်းမှာ တည်ရှိနေပြီး ဇွဲကပင်တောင်သို့မရောက်မီ လုံမ္ဗိနီဥယျာဉ်ကို ရောက်ရှိမှာဖြစ်ပါတယ်။ လုံမ္ဗိနီဥယျာဉ်အတွင်း အင်ကြင်းပင်များအောက်ခြေမှာ ထိုင်တော်မူရုပ်ပွားတော်များကို တည်ထားကိုးကွယ်ထားကြပါတယ်။ကားလမ်းတစ်ဖက်တစ်ချက်မှ လမ်းမဘက်သို့ မျက်နှာမူထားတဲ့ ထိုင်တော်မူရုပ်ပွားတော်များကို တောင်ခြေအောက် ကွင်းပြင်ကျယ်ထဲမှာ ကြည်ညိုစဖွယ် ဖူးမျှော်နိုင်မှာဖြစ်ပါတယ်။

လုံမ္ဗိနီဥယျာဉ်ကို ဖြတ်သန်းပြီးနောက်မှာတော့ ယာဉ်ရပ်စခန်းတည်ရှိနေပြီး စျေးဆိုင်တန်းတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ဆိုင်တန်းတွေရဲ့ အနောက်ဘက်မှာတော့  အပျော်စီးကေဘယ်လ် ပြေးဆွဲလျှက်ရှိပြီး တောင်ခြေအနီး မိသားစုများတည်းခိုနေထိုင်ရန် လုံးချင်းတည်းခိုခန်းများကိုလည်း တည်ဆောက်ထားတာ တွေ့မြင်ရပါတယ်။ဇွဲပင်တောင်ပေါ်သို့ ကေဘယ်လ်ရထားနဲ့ တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်နေပေမယ့် ၂၀၂၁ ခုနှစ်မှသာ ပြီးစီးနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။အဲ့ဒီကေဘယ်လ်ရထားဟာ အတက်၊ အဆင်း ၂ တွဲသာ ပါရှိမှာဖြစ်ပြီး အတွဲ ၁ တွဲမှာ လူ ၅၀ အထိ လိုက်ပါနိုင်မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

ဆကေသဝင် ဇွဲကပင် ဆံတော်ရှင်စေတီတော်ကြီး အဝင်အဝ မုခ်ဦးအနီးမှာ ဇွဲကပင်တောင်ဘိုးဘိုးကြီးနန်းနဲ့ ကရင်မောင်နှမ နတ်နန်းတွေကို မျက်နှာချင်းဆိုင်တည်ရှိနေပြီး တောင်ပေါ်တက်ရောက်လိုသူတွေက ဘေးအန္တရာယ်ကင်းရှင်းစေကြောင်း ဦးခိုက်ပူဇော်မှုတွေလည်း ပြုလုပ်ကြပါတယ်။

ဇွဲကပင်တောင် မုဆိုးကြီးအဖြစ်မှ မင်းအဖြစ်သို့ရောက်ရှိတဲ့ လုဒ္ဓယောဓရာဇာ ကရင်မင်းသည် မကြာခဏ တောကစားထွက်လေ့ရှိတယ်လို့ ဆိုပါတယ်။တောကစားထွက်နေစဉ် သမင်တစ်ကောင်ကိုတွေ့မြင်ပြီး လက်စွဲတော်လှံတံဖြင့်ပစ်လိုက်ရာ လွဲချော်သွားပြီး လှံတံပါပျောက်ဆုံးခဲ့ပါတယ်။
လှံတံကို လိုက်လံရှာဖွေရာ တွေ့ရှိခြင်းမရှိတဲ့အတွက် ကရင်ဘာသာဖြင့် လှံတော်ပျောက်လို့ အဓိပ္ပာယ်ရတဲ့ ဇွဲပင်လင်လို့ ခေါ်တွင်ရာမှ ဇွဲကပင်တောင် ဖြစ်ပေါ်လာတယ်လို့လည်း ဆိုကြပါတယ်။

ဘီးလင်းမြို့ စစ်ကဲကြီး ဦးနော်ရေးသော မွန်စေတီတော်သမိုင်းပေါင်းချုပ်တွင်မူ ဇွဲကပင်တောင်ကို  ရှေးယခင်က ဗန္ဓဝဂီရိတောင်ဟု ခေါ်တွင်ကြပြီး နောင်တွင် နိုင်ငံရပ်ခြားမှ လာရောက်သူများ တောင်၏အထွတ်၌ လှေ၊ သင်္ဘောများ ဆိုက်ကပ်တွဲချည်တက်သောကြောင့် တလိုင်းကရင်လူမျိုးများက လှေ၊ သင်္ဘောများ ချည်သည့်တောင်ဟု အဓိပ္ပါယ်ရသည့် ကရွယ်ကဗန်ဟု ခေါ်တွင်ရာမှ ဇွဲကပင်တောင်ဖြစ်လာခြင်း ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

မွန်လူကြီးသူမများ၏ အဆိုအမိန့်မှာ မွန်ဝေါဟာရ အရ “ဇဝယ်ကဗန်” ကို ခေါ်ဆိုခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ဇဝယ်ဆိုသည်မှာ ညောင်ပင်ဖြစ်ပြီး ကဗန်မှ ချဉ်ဖြစ်သည့်အတွက် ညောင်ချဉ်ပင်များ ပေါများသည့် တော၊ တောင်လို့ ခေါ်ဆိုနေရာမှာ ဇွဲကပင်တောင်လို့ ပြောင်းလဲခေါ်ဆိုကြတယ်လို့လည်း ဆိုပါတယ်။

ဇွဲကပင်တောင်အတက် အစမှာတော့ အထက်ရေတံခွန်ကျောင်းတိုက်သို့ အုတ်၊ သဲများ နိုင်သလောက် ကုသိုလ်ပြုလုပ်အားဒါနပြု သယ်ဆောင်သွားဖို့ စာရေးသားထားတာကို တွေ့မြင်ပြီး သယ်ယူလက်စ အုတ်ပုံနဲ့ သဲတွေကို သင်္ကန်းအဟောင်းတွေနဲ့ထုတ်ပိုးပြီး အလွယ်တကူသယ်ယူနိုင်အောင် ပြုလုပ်ပေးထားပါတယ်။တောင်ပေါ်တက်သူအချို့လည်း မိမိတို့သယ်ယူနိုင်သလောက် အုတ်၊ သဲတွေကို သယ်ယူပြီး လုပ်အားဒါနပြုလုပ်ကြပါတယ်။

တောင်ပေါ်ကို စတက်ရောက်စဉ်ကတည်းက တောင်နံရံဘေးမှ မတ်စောက်စွာ ဖောက်လုပ်ထားတဲ့ အုတ်လှေကားတွေအတိုင်း တက်ရောက်ရမှာဖြစ်ပါတယ်။လမ်းတလျှောက်မှာတော့ တောင်ခြေမှ ကွင်းပြင်ကျယ်တွေကို လှပစွာတွေ့မြင်ရမှာဖြစ်ပြီး  မိနစ် ၄၀ ခန့် ခြေလျင်တက်ရောက်အပြီးမှာတော့ အထက်ရေတံခွန်ကျောင်းတိုက် မုခ်ဦးကို ရောက်ရှိမှာဖြစ်ပါတယ်။အဲ့ဒီ မိနစ် ၄၀ ခရီးဟာ အုတ်လှေကားထစ်အတိုင်း တက်ရောက်ရတဲ့အတွက် ပင်ပန်းလွန်းပြီး တက်ရောက်သူအများစုကတော့ ဇွဲကပင်တောင်စေတီတော်ကြီးကို ဖူးမျှော်လိုတဲ့ ကြည်ညိုတဲ့စိတ်ထားနဲ့ တက်ရောက်ကြပါတယ်။

အဝေးမှလာရောက်သူအများစုဟာ တောင်ပေါ်သို့ တက်ရောက်ဖူးသူများမဟုတ်ဘဲ ပထမအကြိမ် တက်ရောက်ဖူးမျှော်သူများသာဖြစ်ပါတယ်။မြင်းခြံဘက်မှာ လာရောက်ဖူးမျှော်တဲ့ အသက် ၆၀ ကျော် အမျိုးသား ၁ ဦးနဲ့ အမျိုးသမီးကြီး ၇ ဦးခန့် ပါဝင်တဲ့ ဘုရားဖူအဖွဲ့ဟာလည်း ဖြည်းညှင်းစွာတောင်ပေါ်တက်ရင်း “ဇွဲကပင်တောင်တဲ့ ဇွဲရှိမှရောက်မယ်။တက် တက်” ဆိုပြီး  အချင်းချင်းအားပေးကာ တောင်ပေါ်တက်ရောက်နေကြတာတွေက ကြည်နှုးစရာပါ။

အထက်ရေတံခွန်ကျောင်းတိုက် မုခ်ဦးအဝင်မှာတော့ ထိုင်တော်မူ ရုပ်ပွားတော်တစ်ဆူကို အသစ်တည်ဆောက်နေ ပြီး ပြန့်ပြူးတဲ့လမ်းအတိုင်း ဆက်လက်ဝင်ရောက်သွားပါက ဘုန်းကြီးကျောင်းပရဝဏ်အတွင်း ရောက်ရှိမှာဖြစ်ပါတယ်။အဲ့ဒီ ဘုန်းကြီးကျောင်းပရဝဏ်အတွင်း ဘုရားဖူးဧည့်သည်များနားနေရန် ထိုင်ခုံများ ပြုလုပ်ပေးထားပြီး အအေး၊ ရေသန့်တွေ ရောင်းပေးတဲ့ စျေးဆိုင်တစ်ဆိုင်ကိုလည်း တွေ့ရှိရပါတယ်။အဲဒီကမှတဆင့် အရိပ်အာဝါသကောင်းတဲ့ တောင်ကြားလမ်းအတိုင်း တောင်ပေါ်ကို ဆက်လက်တက်ရောက်ရမှာဖြစ်ပါတယ်။

တောင်ကြားလမ်းအတွင်း အချိုရည်၊ အအေး ရောင်းချနေတဲ့ ဆိုင်တစ်ခုကို ထပ်မံတွေ့မြင်ရပြီး ခရီးသည်တွေနားနေရန် ထိုင်ခုံများလည်း ပြုလုပ်ပေးထားပါတယ်။

ဇွဲပင်တောင်တက်လမ်းအတွင်း လာရောက်စျေးရောင်းချသူတွေအနေနဲ့ ဝါတွင်းကာလပြီးတာနဲ့ လာရောက်ရောင်းချကြပြီး အစိုးရရုံးပိတ်ရက်တွေမှာ လာရောက်တာများပြားပြီး ဇွဲကပင်ဘုရားပွဲတော်ဖြစ်တဲ့ တပေါင်းလပြည့်မတိုင်မီနဲ့ လပြည့်နေ့တွေမှာ လာရောက်လည်ပတ်သူအများဆုံးလို့ ဆိုပါတယ်။

တောင်ကြားအတွင်းမှာလည်း တောင်ပေါ်တက်ရောက်ဖို့ အုတ်လှေကားတွေအတိုင်း တက်ရောက်ရမှာ ဖြစ်ပါတယ်။အဲ့ဒီလမ်းမှာတော့ စတင်တက်ရောက်စဉ်ကထက် ပိုမိုမတ်စောက်တဲ့ အုတ်လှေကားတွေကို တက်ရောက်ရမှာဖြစ်ပါတယ်။ပေ ၂၀၀၀ ခန့်အရောက် တောင်တက်လမ်းတစ်နေရာမှာတော့ ကရင်မောင်နှမနတ်နန်းကို တွေ့မြင်ရမှာဖြစ်ပါတယ်။အဲဒီဓာတ်နန်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ခန့်က ဆရာတော် ဦးကေတု ဦးဆောင်တည်ဆောက်ခဲ့ပြီး ဇွဲပင်ဆရာတော် ဦးဝိဓဇ က ထပ်မံမွမ်းမံခဲ့ပါတယ်။

ကရင်မောင်နှမ

အထက်ရေတံခွန် တောင်စောင်းမှာရှိတဲ့ တောင်ယာတဲ့အတွင်း စပ်စေ့ဖိုးနဲ့ နော်မူးဖန်တို့ ကလေးငယ်မောင်နှမ နှစ်ဦးဟာ မိခင်၊ ဖခင်တို့နဲ့အတူ ပျော်ရွှင်စွာနေထိုင်ကြပြီး ဖခင်သေဆုံးပြီးနောက် မိခင်ဖြစ်သူနဲ့ အတူနေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။မိခင်ဖြစ်သူ နောက်အိမ်ထောင်ပြုပြီးနောက် ပထွေးဖြစ်သူက ညှဉ်းပန်းနှိပ်စက်ခြင်းများပြုလုပ်ပြီး မောင်နှမနှစ်ဦးကို ချောက်အတွင်းပစ်ချခဲ့ပါတယ်။ချောက်အတွင်း ပစ်ချခံခဲ့ရတဲ့ စပ်စေ့ဖိုးနဲ့ နော်မူးဖန်တို့ဟာ ဝါးရုံအတွင်းကျပြီး သေကံမရောက်ခဲ့တဲ့အတွက် မိခင်ဖြစ်သူထံ သွားရောက်တွေ့ဆုံခဲ့ပါတယ်။မိခင်ဖြစ်သူက ကလေးငယ်နှစ်ဦးကို လုံခြုံစိတ်ချရတဲ့ တောင်ပေါ်လမ်းတစ်နေရာမှာ နေထိုင်စေခဲ့ပါတယ်။မောင်နှမနှစ်ဦးက ရသမျှ သစ်သီးဝလံများကို ရှာဖွေစားသောက်ကြပြီး ဇွဲကပင်တောင်ဘုရား လာရောက်ဖူးမျှော်သူများကလည်း အစားအသောက်နဲ့ ရေအချို့ကို ပေးကမ်းကြပေမယ့် ဝလင်စွာမစားသုံးကြရဘူးလို့ ဆိုပါတယ်။
တစ်ခုသောနံနက်ခင်းမှာတော့ ချမ်းအေးလှတဲ့အတွက် မောင်နှမနှစ်ဦး မီးဖိုဖိုပြီး မီးလှုံနေစဉ် ရသေ့အိုကြီးတစ်ပါး ရောက်ရှိလာခဲ့ပါတယ်။ရသေ့အိုကြီးက ကလေးငယ်နှစ်ဦးအား မီးပုံကို ပိုမိုကြီးမားအောင် ပြုလုပ်ခိုင်းပြီး ရွှေရောင်ဆေးလုံး ၃ လုံး ပေးအပ်ကာ မကြောက်ရွံ့ရန်၊ လောဘမကြီးရန် မှာကြားခဲ့ပါတယ်။

ပထမဆေးလုံး မီးပုံအတွင်းပစ်သွင်းပြီးနောက် ရသေ့ကြီး မီးပုံအတွင်းခုန်ဆင်းရာ ပြာဖြစ်သွားပြီး ဒုတိယဆေးလုံး ပစ်သွင်းရာ ပြာပုံသည် ရွှေသားအသွင် ဝင်းလက်တောက်ပခဲ့တယ်လို့ ဆိုပါတယ်။တတိယဆေးလုံး ထပ်မံပစ်သွင်းရာ ရွှေရောင်ဝင်းလက်နေတဲ့ ပြာပုံကြီးဟာ လူးလွန့်လာပြီး အလွန်လှပတဲ့ လုလင်ပျိုတစ်ဦးအသွင်ပြောင်းသွားပြီး မီးပုံတွင်းမှ ပြန်လည်ထွက်လာတယ်လို့ ဆိုပါတယ်။

လုလင်ပျိုအဖြစ်သို့ ပြောင်းလဲသွားတဲ့ ရသေ့ကြီးက မောင်နှမနှစ်ဦးကိုလည်း မီးပုံအတွင်း ခုန်ဆင်းခိုင်းပြီး ရွှေရောင်ဆေးသုံးလုံး ပစ်သွင်းခဲ့ရာ ချစ်စဖွယ်၊ သနားစဖွယ်ကောင်းတဲ့ လုလင်ပျိုနဲ့ လုံမပျိုလေးအဖြစ် ပြောင်းလဲသွားခဲ့တယ်လို့ ဆိုပါတယ်။

ရွှေရောင်ဆေး ၃ လုံးရဲ့ အစွမ်းကြောင့် တန်ခိုးစွမ်းအင်များရရှိခဲ့တဲ့ ကရင်မောင်နှမနှစ်ဦးကို ရသေ့ကြီးက သာသနာတော်ကိုစောင့်ရှောက်ရန်၊ ဇွဲကပင်တောင်သို့ ဘုရားလာရောက်ဖူးမျှော်သူများကို ကူညီစောင့်ရှောက်ရန် မှာကြားပြီး ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။

ကရင်မောင်နှမ ဓာတ်နန်းမှ လှေကားထစ်တွေအတိုင်း ဆက်လက်တက်ရောက်ပါက တောင်နံရံဘက်မှ ကပ်ပြီးဖောက်လုပ်ထားတဲ့ လမ်းအတိုင်း တက်ရောက်ရမှာဖြစ်ပြီး တစ်ဖက်တစ်ချက်မှာရှိတဲ့ တောင်တန်းတွေနဲ့ သဘာဝအလှရှူခင်းတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

လျှောက်လမ်းအတိုင်း ဆက်လက်လျှောက်လှမ်းပါက စေတီငယ်တစ်ခုကို အဝေးမှဖူးမျှော်ရမှာဖြစ်ပါတယ်။အဝေးမှဖူးမျှော်ရပြီး တစ်ကြိမ်တစ်ခါမှ မရောက်ဘူးတဲ့သူတွေအတွက် အဲ့ဒီစေတီတော်ဟာ ဇွဲကပင်စေတီတော်လို့ ထင်မှတ်ပြီး အားတက်ကာ ဆက်လျှောက်ခဲ့ပေမယ့် ဇွဲကပင်တောင်ဟာ ဟိုးအထက်ကို ထပ်ပြီးတက်ရဦးမှာဖြစ်ပါတယ်။အဲဒီစေတီမှာတော့ ဘုရားဖူးဧည့်သည်များ နားနေရန် ဇရပ်တစ်ဆောင် ဆောက်လုပ်ပေးထားတဲ့အတွက် ဘုရားဖူးဧည့်သည်များ အမောဖြေ ခေတ္တနားခိုနိုင်မှာဖြစ်ပါတယ်။စေတီတော်ဟာ တောင်ကမ်းပါးအစွန်းမှာ တည်ထားပြီး စတီးလက်ရမ်းများ ကာရံထားတဲ့အတွက် ဘေးပတ်ဝန်းကျင်မှ သဘာဝအလှအပများကို ကြည့်ရှူခံစားနိုင်မှာဖြစ်ပါတယ်။

အဆိုပါစေတီတော်မှ ဆက်လက်တက်ရောက်ပါက ဇွဲကပင်ဆံတော်ရှင်စေတီတော်ကို အဝေးမှလှမ်းမျှော် ဖူးမျှော်နိုင်မှာဖြစ်ပြီး စေတီအနီးမှာတော့ ကေဘယ်လ်စီမံကိန်းလုပ်ဆောင်နေကြတဲ့ လုပ်ငန်းခွင်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ကေဘယ်လ်စီမံကိန်းအနီးမှ လှေကားထစ်များအတိုင်း ဆက်လက်တက်ရောက်ပါက နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ ဇွဲကပင်တောင် စေတီတော်ကို အနီးကပ်ဖူးတွေ့ခွင့်ရမှာဖြစ်ပါတယ်။

အောက်ခြေဖိနပ်တော်မှ စိန်ဖူးတော်အထိ ပေ ၇၀၊ ၆ လက်မ မြင့်မားပြီး တတိယပစ္စယံမှာ ဘုရားရှင်ရဲ့ဆံတော်ကို ဌာပနာထားတဲ့ ဇွဲကပင်စေတီတော်ကို ရွှေရောင်တဝင်းဝင်းနဲ့ သပ္ပာယ်စွာဖူးတွေ့ခွင့်ရခဲ့ပါပြီ။

ဇွဲကပင်စေတီတော်

မွန်ဘာသာရေး ဘုရားသမိုင်း ပေတစ်ဆူတွင် ဘုရားရှင်သည် သုဓမ္မဝတီမြို့သို့ နောက်ပါအခြံအရံများဖြင့် ကြွချီလာစဉ် ဗန္ဓဝရီတောင်၌နေသော သီဟကုမာရ ရသေ့သည် ဆံတော်မြတ်တစ်ဆူကို ရရှိခဲ့ပါတယ်။အဲ့ဒီဆံတော်ကို  ဗန္ဓဝဂီရိတောင်ထိပ်မှာ တည်ထားကိုးကွယ်လိုတဲ့အတွက် နောင်တော် တိဿရသေ့ကို ပင့်ဆောင်ပြီး တူတော်သူ တိဿဓမ္မရာဇာမင်းကြီး၊ တောင်ခြေအနီးကျေးရွာများမှ စေတနာရှင်များစုပေါင်းပြီး မဟာသက္ကရာဇ် ၁၁၃ ခုနှစ် အရောက်မှာ ဇင်းကျိုက် “ကျိုက်မြော်နတ်” စေတီပမာဏအတိုင်း တည်ထားတော်မူတယ်လို့ ဆိုကြပါတယ်။

ဆံတော်ရှင်စေတီတော်များကို မြန်မာနိုင်ငံအတွင်း တောင်ထိပ်များမှာ တည်ထားလေ့ရှိတဲ့ အစဉ်အလာအတိုင်း ဇွဲကပင်စေတီတော်ကိုလည်း အမြင့်ဆုံးတောင်ထိပ်မှာ တက်ရောက်တည်ထားတဲ့အတွက် လာရောက်ဖူးမျှော်သူများအနေနဲ့ ပတ်ဝန်းကျင်မှ သဘာဝအလှများ၊ သန့်ရှင်းတဲ့လေကိုရှူရှိုက်ပြီး စေတီတော်ကို စိတ်အေးချမ်းမြေ့စွာ ဖူးမျှော်နိုင်မှာဖြစ်ပါတယ်။

ဇွဲကပင်ဆံတော်ရှင်စေတီတော်ဟာ ပေပေါင်း ၂၃၀၀ ကျော်သာ မြင့်ပေမယ့် မတ်စောက်လှတဲ့အတွက် သာမန်သဒ္ဓါတရားနဲ့ တက်ရောက်နိုင်ဖို့ခက်ခဲပြီး ကြည်ညိုလွန်းတဲ့ စိတ်ထားနဲ့သာ တက်ရောက်ဖူးမျှော်နိုင်တဲ့ စေတီတော်ကြီးဖြစ်ပါတယ်။အဲ့ဒီစေတီတော်ကြီးကို အုတ်၊ သဲကျောက် အစရှိတဲ့ ပစ္စည်းတွေကို တောင်ပေါ်အထိရောက်အောင် ပို့ဆောင်ပေးခဲ့ကြတဲ့ ကုသိုလ်ရှင်တွေရဲ့ စေတနာဟာလည်း လေးစားစရာဖြစ်ပါတယ်။တောင်ပေါ်မှာ စေတီတော်ကြီးအပြင် ဘုန်းကြီးကျောင်းနဲ့ အခြားအဆောက်အဦးတွေကိုလည်း ဆောက်လုပ်ထားကြပါတယ်။

စေတီတော်ရဲ့ တောင်ဘက်အခြမ်းမှာ လက်ဆောင်ပစ္စည်းနဲ့ စားသောက်တန်းရှိပြီး စေတီရဲ့ မြောက်ဘက်မှာတော့ ၉ ပေခန့် ကျယ်ဝန်းတဲ့ မှန်တံတားကို တွေ့မြင်ရမှာဖြစ်ပါတယ်။ရင်ပြင်ပေါ်မှ ကရင်ပြည်နယ်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ်ကို အထင်းသားမြင်တွေ့ရမှာဖြစ်ပြီး ဘားအံမြို့နဲ့ အနီးအနားပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာများ၊ စိမ်းလန်းစိုပြည်နေတဲ့ လယ်ကွင်းများကို လှပစွာမြင်တွေ့ရမှာဖြစ်ပါတယ်။တောင်ပေါ်တက်ရောက်လာသူတွေကို လှပတဲ့ ရှူခင်း၊ အေးမြတဲ့ လေနုအေးတွေက စောင့်ကြိုနေပြီး ရွှေရောင်ဝင်းလက်တောက်ပစွာ သပ္ပာယ်လှတဲ့ ဇွဲကပင်တောင် စေတီတော်ကြီးကို အနီးကပ်ဖူးမျှော်ရင်း တောင်တက်လမ်းတစ်လျှောက် ပင်ပန်းသမျှတွေ ပြေပျောက်စေမှာဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
မတ် - ၁၇

( Zawgyi )

ျမန္မာႏိုင္ငံရဲ႕ ေဒသအသီးသီးမွာ ရပ္သပ္ရႉေမာဖြယ္ေကာင္းတဲ့ သဘာဝအလွတရားေတြနဲ႔ျပည့္စုံတဲ့ ေဒသေတြမ်ားစြာ တည္ရွိပါတယ္။

ထူးျခားအံ့ဖြယ့္ ေစတီ၊ ပုထိုး၊ ဂူဘုရား၊ ျမစ္ေခ်ာင္းအင္းအိုင္၊ စိမ့္၊ စမ္း၊ ေရတံခြန္၊ ေတာင္ကုန္း၊ ေတာင္တန္း ေပါမ်ားတဲ့ ကရင္ျပည္ဟာလည္း ကရင္႐ိုးရာ ယဥ္ေက်းမႈဓေလ့စ႐ိုက္ေတြနဲ႔အတူ လွပလို႔ေနတဲ့ ေနရာေဒသတစ္ခုျဖစ္ပါတယ္။

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕အနီးမွာေတာ့ ျမင့္မားတဲ့ ေတာင္ကုန္း၊ ေတာင္စြယ္ေတြ တည္ရွိေနၿပီး ကရင္တိုင္းရင္းသားတို႔ ဂုဏ္ယူစရာ ဇြဲကပင္ေတာင္တန္းႀကီးဟာလည္း ကရင္ျပည္နယ္နဲ႔ အထိမ္းအမွတ္တစ္ခုအျဖစ္ ထီးထီးမားမား တည္ရွိေနပါတယ္။

ကရင္ျပည္နယ္နဲ႔ ျပယုဂ္ျဖစ္တဲ့ ဇြဲပင္ေတာင္ဟာ ပင္လယ္ေရမ်က္ႏွာျပင္အထက္ ၂၃၇၂ ေပျမင့္ၿပီး ဘားအံၿမိဳ႕မွ ေနာင္လုံသို႔သြား ကားလမ္း ၆ မိုင္ခန႔္အကြာ ခေလာက္ႏို႔ေက်း႐ြာအနီးမွာ တည္ရွိပါတယ္။

ဇြဲကပင္ေတာင္ေပၚသို႔ တက္ေရာက္ရန္ ေတာင္ရဲ႕အေရွ႕ဘက္ ခေလာက္ႏို႔ေက်း႐ြာဘက္မွ တက္ေရာက္ႏိုင္သလို ေတာင္ရဲ႕အေနာက္ဘက္အျခမ္းဘက္မွလည္း တက္ေရာက္ႏိုင္ပါတယ္။ေတာင္ေပၚကို အမ်ားဆုံးတက္ေရာက္တဲ့ ဝင္ေပါက္ဟာ ေတာင္ရဲ႕အေနာက္ဘက္အျခမ္းမွာ တည္ရွိေနၿပီး ဇြဲကပင္ေတာင္သို႔မေရာက္မီ လုံမၺိနီဥယ်ာဥ္ကို ေရာက္ရွိမွာျဖစ္ပါတယ္။ လုံမၺိနီဥယ်ာဥ္အတြင္း အင္ၾကင္းပင္မ်ားေအာက္ေျခမွာ ထိုင္ေတာ္မူ႐ုပ္ပြားေတာ္မ်ားကို တည္ထားကိုးကြယ္ထားၾကပါတယ္။ကားလမ္းတစ္ဖက္တစ္ခ်က္မွ လမ္းမဘက္သို႔ မ်က္ႏွာမူထားတဲ့ ထိုင္ေတာ္မူ႐ုပ္ပြားေတာ္မ်ားကို ေတာင္ေျခေအာက္ ကြင္းျပင္က်ယ္ထဲမွာ ၾကည္ညိဳစဖြယ္ ဖူးေမွ်ာ္ႏိုင္မွာျဖစ္ပါတယ္။

လုံမၺိနီဥယ်ာဥ္ကို ျဖတ္သန္းၿပီးေနာက္မွာေတာ့ ယာဥ္ရပ္စခန္းတည္ရွိေနၿပီး ေစ်းဆိုင္တန္းေတြကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ဆိုင္တန္းေတြရဲ႕ အေနာက္ဘက္မွာေတာ့  အေပ်ာ္စီးေကဘယ္လ္ ေျပးဆြဲလွ်က္ရွိၿပီး ေတာင္ေျခအနီး မိသားစုမ်ားတည္းခိုေနထိုင္ရန္ လုံးခ်င္းတည္းခိုခန္းမ်ားကိုလည္း တည္ေဆာက္ထားတာ ေတြ႕ျမင္ရပါတယ္။ဇြဲပင္ေတာင္ေပၚသို႔ ေကဘယ္လ္ရထားနဲ႔ တက္ေရာက္ႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေနေပမယ့္ ၂၀၂၁ ခုႏွစ္မွသာ ၿပီးစီးႏိုင္မယ္လို႔ ခန႔္မွန္းထားၾကပါတယ္။အဲ့ဒီေကဘယ္လ္ရထားဟာ အတက္၊ အဆင္း ၂ တြဲသာ ပါရွိမွာျဖစ္ၿပီး အတြဲ ၁ တြဲမွာ လူ ၅၀ အထိ လိုက္ပါႏိုင္မွာျဖစ္တယ္လို႔ ေၾကညာထားပါတယ္။

ဆေကသဝင္ ဇြဲကပင္ ဆံေတာ္ရွင္ေစတီေတာ္ႀကီး အဝင္အဝ မုခ္ဦးအနီးမွာ ဇြဲကပင္ေတာင္ဘိုးဘိုးႀကီးနန္းနဲ႔ ကရင္ေမာင္ႏွမ နတ္နန္းေတြကို မ်က္ႏွာခ်င္းဆိုင္တည္ရွိေနၿပီး ေတာင္ေပၚတက္ေရာက္လိုသူေတြက ေဘးအႏၲရာယ္ကင္းရွင္းေစေၾကာင္း ဦးခိုက္ပူေဇာ္မႈေတြလည္း ျပဳလုပ္ၾကပါတယ္။

ဇြဲကပင္ေတာင္ မုဆိုးႀကီးအျဖစ္မွ မင္းအျဖစ္သို႔ေရာက္ရွိတဲ့ လုဒၶေယာဓရာဇာ ကရင္မင္းသည္ မၾကာခဏ ေတာကစားထြက္ေလ့ရွိတယ္လို႔ ဆိုပါတယ္။ေတာကစားထြက္ေနစဥ္ သမင္တစ္ေကာင္ကိုေတြ႕ျမင္ၿပီး လက္စြဲေတာ္လွံတံျဖင့္ပစ္လိုက္ရာ လြဲေခ်ာ္သြားၿပီး လွံတံပါေပ်ာက္ဆုံးခဲ့ပါတယ္။
လွံတံကို လိုက္လံရွာေဖြရာ ေတြ႕ရွိျခင္းမရွိတဲ့အတြက္ ကရင္ဘာသာျဖင့္ လွံေတာ္ေပ်ာက္လို႔ အဓိပၸာယ္ရတဲ့ ဇြဲပင္လင္လို႔ ေခၚတြင္ရာမွ ဇြဲကပင္ေတာင္ ျဖစ္ေပၚလာတယ္လို႔လည္း ဆိုၾကပါတယ္။

ဘီးလင္းၿမိဳ႕ စစ္ကဲႀကီး ဦးေနာ္ေရးေသာ မြန္ေစတီေတာ္သမိုင္းေပါင္းခ်ဳပ္တြင္မူ ဇြဲကပင္ေတာင္ကို  ေရွးယခင္က ဗႏၶဝဂီရိေတာင္ဟု ေခၚတြင္ၾကၿပီး ေနာင္တြင္ ႏိုင္ငံရပ္ျခားမွ လာေရာက္သူမ်ား ေတာင္၏အထြတ္၌ ေလွ၊ သေဘၤာမ်ား ဆိုက္ကပ္တြဲခ်ည္တက္ေသာေၾကာင့္ တလိုင္းကရင္လူမ်ိဳးမ်ားက ေလွ၊ သေဘၤာမ်ား ခ်ည္သည့္ေတာင္ဟု အဓိပၸါယ္ရသည့္ က႐ြယ္ကဗန္ဟု ေခၚတြင္ရာမွ ဇြဲကပင္ေတာင္ျဖစ္လာျခင္း ျဖစ္တယ္လို႔လည္း ဆိုၾကပါတယ္။

မြန္လူႀကီးသူမမ်ား၏ အဆိုအမိန႔္မွာ မြန္ေဝါဟာရ အရ “ဇဝယ္ကဗန္” ကို ေခၚဆိုျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။ဇဝယ္ဆိုသည္မွာ ေညာင္ပင္ျဖစ္ၿပီး ကဗန္မွ ခ်ဥ္ျဖစ္သည့္အတြက္ ေညာင္ခ်ဥ္ပင္မ်ား ေပါမ်ားသည့္ ေတာ၊ ေတာင္လို႔ ေခၚဆိုေနရာမွာ ဇြဲကပင္ေတာင္လို႔ ေျပာင္းလဲေခၚဆိုၾကတယ္လို႔လည္း ဆိုပါတယ္။

ဇြဲကပင္ေတာင္အတက္ အစမွာေတာ့ အထက္ေရတံခြန္ေက်ာင္းတိုက္သို႔ အုတ္၊ သဲမ်ား ႏိုင္သေလာက္ ကုသိုလ္ျပဳလုပ္အားဒါနျပဳ သယ္ေဆာင္သြားဖို႔ စာေရးသားထားတာကို ေတြ႕ျမင္ၿပီး သယ္ယူလက္စ အုတ္ပုံနဲ႔ သဲေတြကို သကၤန္းအေဟာင္းေတြနဲ႔ထုတ္ပိုးၿပီး အလြယ္တကူသယ္ယူႏိုင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။ေတာင္ေပၚတက္သူအခ်ိဳ႕လည္း မိမိတို႔သယ္ယူႏိုင္သေလာက္ အုတ္၊ သဲေတြကို သယ္ယူၿပီး လုပ္အားဒါနျပဳလုပ္ၾကပါတယ္။

ေတာင္ေပၚကို စတက္ေရာက္စဥ္ကတည္းက ေတာင္နံရံေဘးမွ မတ္ေစာက္စြာ ေဖာက္လုပ္ထားတဲ့ အုတ္ေလွကားေတြအတိုင္း တက္ေရာက္ရမွာျဖစ္ပါတယ္။လမ္းတေလွ်ာက္မွာေတာ့ ေတာင္ေျခမွ ကြင္းျပင္က်ယ္ေတြကို လွပစြာေတြ႕ျမင္ရမွာျဖစ္ၿပီး  မိနစ္ ၄၀ ခန႔္ ေျခလ်င္တက္ေရာက္အၿပီးမွာေတာ့ အထက္ေရတံခြန္ေက်ာင္းတိုက္ မုခ္ဦးကို ေရာက္ရွိမွာျဖစ္ပါတယ္။အဲ့ဒီ မိနစ္ ၄၀ ခရီးဟာ အုတ္ေလွကားထစ္အတိုင္း တက္ေရာက္ရတဲ့အတြက္ ပင္ပန္းလြန္းၿပီး တက္ေရာက္သူအမ်ားစုကေတာ့ ဇြဲကပင္ေတာင္ေစတီေတာ္ႀကီးကို ဖူးေမွ်ာ္လိုတဲ့ ၾကည္ညိဳတဲ့စိတ္ထားနဲ႔ တက္ေရာက္ၾကပါတယ္။

အေဝးမွလာေရာက္သူအမ်ားစုဟာ ေတာင္ေပၚသို႔ တက္ေရာက္ဖူးသူမ်ားမဟုတ္ဘဲ ပထမအႀကိမ္ တက္ေရာက္ဖူးေမွ်ာ္သူမ်ားသာျဖစ္ပါတယ္။ျမင္းၿခံဘက္မွာ လာေရာက္ဖူးေမွ်ာ္တဲ့ အသက္ ၆၀ ေက်ာ္ အမ်ိဳးသား ၁ ဦးနဲ႔ အမ်ိဳးသမီးႀကီး ၇ ဦးခန႔္ ပါဝင္တဲ့ ဘုရားဖူအဖြဲ႕ဟာလည္း ျဖည္းညႇင္းစြာေတာင္ေပၚတက္ရင္း “ဇြဲကပင္ေတာင္တဲ့ ဇြဲရွိမွေရာက္မယ္။တက္ တက္” ဆိုၿပီး  အခ်င္းခ်င္းအားေပးကာ ေတာင္ေပၚတက္ေရာက္ေနၾကတာေတြက ၾကည္ႏႈးစရာပါ။

အထက္ေရတံခြန္ေက်ာင္းတိုက္ မုခ္ဦးအဝင္မွာေတာ့ ထိုင္ေတာ္မူ ႐ုပ္ပြားေတာ္တစ္ဆူကို အသစ္တည္ေဆာက္ေန ၿပီး ျပန႔္ျပဴးတဲ့လမ္းအတိုင္း ဆက္လက္ဝင္ေရာက္သြားပါက ဘုန္းႀကီးေက်ာင္းပရဝဏ္အတြင္း ေရာက္ရွိမွာျဖစ္ပါတယ္။အဲ့ဒီ ဘုန္းႀကီးေက်ာင္းပရဝဏ္အတြင္း ဘုရားဖူးဧည့္သည္မ်ားနားေနရန္ ထိုင္ခုံမ်ား ျပဳလုပ္ေပးထားၿပီး အေအး၊ ေရသန႔္ေတြ ေရာင္းေပးတဲ့ ေစ်းဆိုင္တစ္ဆိုင္ကိုလည္း ေတြ႕ရွိရပါတယ္။အဲဒီကမွတဆင့္ အရိပ္အာဝါသေကာင္းတဲ့ ေတာင္ၾကားလမ္းအတိုင္း ေတာင္ေပၚကို ဆက္လက္တက္ေရာက္ရမွာျဖစ္ပါတယ္။

ေတာင္ၾကားလမ္းအတြင္း အခ်ိဳရည္၊ အေအး ေရာင္းခ်ေနတဲ့ ဆိုင္တစ္ခုကို ထပ္မံေတြ႕ျမင္ရၿပီး ခရီးသည္ေတြနားေနရန္ ထိုင္ခုံမ်ားလည္း ျပဳလုပ္ေပးထားပါတယ္။

ဇြဲပင္ေတာင္တက္လမ္းအတြင္း လာေရာက္ေစ်းေရာင္းခ်သူေတြအေနနဲ႔ ဝါတြင္းကာလၿပီးတာနဲ႔ လာေရာက္ေရာင္းခ်ၾကၿပီး အစိုးရ႐ုံးပိတ္ရက္ေတြမွာ လာေရာက္တာမ်ားျပားၿပီး ဇြဲကပင္ဘုရားပြဲေတာ္ျဖစ္တဲ့ တေပါင္းလျပည့္မတိုင္မီနဲ႔ လျပည့္ေန႔ေတြမွာ လာေရာက္လည္ပတ္သူအမ်ားဆုံးလို႔ ဆိုပါတယ္။

ေတာင္ၾကားအတြင္းမွာလည္း ေတာင္ေပၚတက္ေရာက္ဖို႔ အုတ္ေလွကားေတြအတိုင္း တက္ေရာက္ရမွာ ျဖစ္ပါတယ္။အဲ့ဒီလမ္းမွာေတာ့ စတင္တက္ေရာက္စဥ္ကထက္ ပိုမိုမတ္ေစာက္တဲ့ အုတ္ေလွကားေတြကို တက္ေရာက္ရမွာျဖစ္ပါတယ္။ေပ ၂၀၀၀ ခန႔္အေရာက္ ေတာင္တက္လမ္းတစ္ေနရာမွာေတာ့ ကရင္ေမာင္ႏွမနတ္နန္းကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။အဲဒီဓာတ္နန္းကို လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀ ခန႔္က ဆရာေတာ္ ဦးေကတု ဦးေဆာင္တည္ေဆာက္ခဲ့ၿပီး ဇြဲပင္ဆရာေတာ္ ဦးဝိဓဇ က ထပ္မံမြမ္းမံခဲ့ပါတယ္။

ကရင္ေမာင္ႏွမ

အထက္ေရတံခြန္ ေတာင္ေစာင္းမွာရွိတဲ့ ေတာင္ယာတဲ့အတြင္း စပ္ေစ့ဖိုးနဲ႔ ေနာ္မူးဖန္တို႔ ကေလးငယ္ေမာင္ႏွမ ႏွစ္ဦးဟာ မိခင္၊ ဖခင္တို႔နဲ႔အတူ ေပ်ာ္႐ႊင္စြာေနထိုင္ၾကၿပီး ဖခင္ေသဆုံးၿပီးေနာက္ မိခင္ျဖစ္သူနဲ႔ အတူေနထိုင္ခဲ့ၾကတယ္လို႔ ဆိုပါတယ္။မိခင္ျဖစ္သူ ေနာက္အိမ္ေထာင္ျပဳၿပီးေနာက္ ပေထြးျဖစ္သူက ညႇဥ္းပန္းႏွိပ္စက္ျခင္းမ်ားျပဳလုပ္ၿပီး ေမာင္ႏွမႏွစ္ဦးကို ေခ်ာက္အတြင္းပစ္ခ်ခဲ့ပါတယ္။ေခ်ာက္အတြင္း ပစ္ခ်ခံခဲ့ရတဲ့ စပ္ေစ့ဖိုးနဲ႔ ေနာ္မူးဖန္တို႔ဟာ ဝါး႐ုံအတြင္းက်ၿပီး ေသကံမေရာက္ခဲ့တဲ့အတြက္ မိခင္ျဖစ္သူထံ သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။မိခင္ျဖစ္သူက ကေလးငယ္ႏွစ္ဦးကို လုံၿခဳံစိတ္ခ်ရတဲ့ ေတာင္ေပၚလမ္းတစ္ေနရာမွာ ေနထိုင္ေစခဲ့ပါတယ္။ေမာင္ႏွမႏွစ္ဦးက ရသမွ် သစ္သီးဝလံမ်ားကို ရွာေဖြစားေသာက္ၾကၿပီး ဇြဲကပင္ေတာင္ဘုရား လာေရာက္ဖူးေမွ်ာ္သူမ်ားကလည္း အစားအေသာက္နဲ႔ ေရအခ်ိဳ႕ကို ေပးကမ္းၾကေပမယ့္ ဝလင္စြာမစားသုံးၾကရဘူးလို႔ ဆိုပါတယ္။
တစ္ခုေသာနံနက္ခင္းမွာေတာ့ ခ်မ္းေအးလွတဲ့အတြက္ ေမာင္ႏွမႏွစ္ဦး မီးဖိုဖိုၿပီး မီးလႈံေနစဥ္ ရေသ့အိုႀကီးတစ္ပါး ေရာက္ရွိလာခဲ့ပါတယ္။ရေသ့အိုႀကီးက ကေလးငယ္ႏွစ္ဦးအား မီးပုံကို ပိုမိုႀကီးမားေအာင္ ျပဳလုပ္ခိုင္းၿပီး ေ႐ႊေရာင္ေဆးလုံး ၃ လုံး ေပးအပ္ကာ မေၾကာက္႐ြံ႕ရန္၊ ေလာဘမႀကီးရန္ မွာၾကားခဲ့ပါတယ္။

ပထမေဆးလုံး မီးပုံအတြင္းပစ္သြင္းၿပီးေနာက္ ရေသ့ႀကီး မီးပုံအတြင္းခုန္ဆင္းရာ ျပာျဖစ္သြားၿပီး ဒုတိယေဆးလုံး ပစ္သြင္းရာ ျပာပုံသည္ ေ႐ႊသားအသြင္ ဝင္းလက္ေတာက္ပခဲ့တယ္လို႔ ဆိုပါတယ္။တတိယေဆးလုံး ထပ္မံပစ္သြင္းရာ ေ႐ႊေရာင္ဝင္းလက္ေနတဲ့ ျပာပုံႀကီးဟာ လူးလြန႔္လာၿပီး အလြန္လွပတဲ့ လုလင္ပ်ိဳတစ္ဦးအသြင္ေျပာင္းသြားၿပီး မီးပုံတြင္းမွ ျပန္လည္ထြက္လာတယ္လို႔ ဆိုပါတယ္။

လုလင္ပ်ိဳအျဖစ္သို႔ ေျပာင္းလဲသြားတဲ့ ရေသ့ႀကီးက ေမာင္ႏွမႏွစ္ဦးကိုလည္း မီးပုံအတြင္း ခုန္ဆင္းခိုင္းၿပီး ေ႐ႊေရာင္ေဆးသုံးလုံး ပစ္သြင္းခဲ့ရာ ခ်စ္စဖြယ္၊ သနားစဖြယ္ေကာင္းတဲ့ လုလင္ပ်ိဳနဲ႔ လုံမပ်ိဳေလးအျဖစ္ ေျပာင္းလဲသြားခဲ့တယ္လို႔ ဆိုပါတယ္။

ေ႐ႊေရာင္ေဆး ၃ လုံးရဲ႕ အစြမ္းေၾကာင့္ တန္ခိုးစြမ္းအင္မ်ားရရွိခဲ့တဲ့ ကရင္ေမာင္ႏွမႏွစ္ဦးကို ရေသ့ႀကီးက သာသနာေတာ္ကိုေစာင့္ေရွာက္ရန္၊ ဇြဲကပင္ေတာင္သို႔ ဘုရားလာေရာက္ဖူးေမွ်ာ္သူမ်ားကို ကူညီေစာင့္ေရွာက္ရန္ မွာၾကားၿပီး ျပန္လည္ထြက္ခြာသြားခဲ့တယ္လို႔ ဆိုပါတယ္။

ကရင္ေမာင္ႏွမ ဓာတ္နန္းမွ ေလွကားထစ္ေတြအတိုင္း ဆက္လက္တက္ေရာက္ပါက ေတာင္နံရံဘက္မွ ကပ္ၿပီးေဖာက္လုပ္ထားတဲ့ လမ္းအတိုင္း တက္ေရာက္ရမွာျဖစ္ၿပီး တစ္ဖက္တစ္ခ်က္မွာရွိတဲ့ ေတာင္တန္းေတြနဲ႔ သဘာဝအလွရႉခင္းေတြကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။

ေလွ်ာက္လမ္းအတိုင္း ဆက္လက္ေလွ်ာက္လွမ္းပါက ေစတီငယ္တစ္ခုကို အေဝးမွဖူးေမွ်ာ္ရမွာျဖစ္ပါတယ္။အေဝးမွဖူးေမွ်ာ္ရၿပီး တစ္ႀကိမ္တစ္ခါမွ မေရာက္ဘူးတဲ့သူေတြအတြက္ အဲ့ဒီေစတီေတာ္ဟာ ဇြဲကပင္ေစတီေတာ္လို႔ ထင္မွတ္ၿပီး အားတက္ကာ ဆက္ေလွ်ာက္ခဲ့ေပမယ့္ ဇြဲကပင္ေတာင္ဟာ ဟိုးအထက္ကို ထပ္ၿပီးတက္ရဦးမွာျဖစ္ပါတယ္။အဲဒီေစတီမွာေတာ့ ဘုရားဖူးဧည့္သည္မ်ား နားေနရန္ ဇရပ္တစ္ေဆာင္ ေဆာက္လုပ္ေပးထားတဲ့အတြက္ ဘုရားဖူးဧည့္သည္မ်ား အေမာေျဖ ေခတၱနားခိုႏိုင္မွာျဖစ္ပါတယ္။ေစတီေတာ္ဟာ ေတာင္ကမ္းပါးအစြန္းမွာ တည္ထားၿပီး စတီးလက္ရမ္းမ်ား ကာရံထားတဲ့အတြက္ ေဘးပတ္ဝန္းက်င္မွ သဘာဝအလွအပမ်ားကို ၾကည့္ရႉခံစားႏိုင္မွာျဖစ္ပါတယ္။

အဆိုပါေစတီေတာ္မွ ဆက္လက္တက္ေရာက္ပါက ဇြဲကပင္ဆံေတာ္ရွင္ေစတီေတာ္ကို အေဝးမွလွမ္းေမွ်ာ္ ဖူးေမွ်ာ္ႏိုင္မွာျဖစ္ၿပီး ေစတီအနီးမွာေတာ့ ေကဘယ္လ္စီမံကိန္းလုပ္ေဆာင္ေနၾကတဲ့ လုပ္ငန္းခြင္ကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ေကဘယ္လ္စီမံကိန္းအနီးမွ ေလွကားထစ္မ်ားအတိုင္း ဆက္လက္တက္ေရာက္ပါက ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ျဖစ္တဲ့ ဇြဲကပင္ေတာင္ ေစတီေတာ္ကို အနီးကပ္ဖူးေတြ႕ခြင့္ရမွာျဖစ္ပါတယ္။

ေအာက္ေျခဖိနပ္ေတာ္မွ စိန္ဖူးေတာ္အထိ ေပ ၇၀၊ ၆ လက္မ ျမင့္မားၿပီး တတိယပစၥယံမွာ ဘုရားရွင္ရဲ႕ဆံေတာ္ကို ဌာပနာထားတဲ့ ဇြဲကပင္ေစတီေတာ္ကို ေ႐ႊေရာင္တဝင္းဝင္းနဲ႔ သပၸာယ္စြာဖူးေတြ႕ခြင့္ရခဲ့ပါၿပီ။

ဇြဲကပင္ေစတီေတာ္

မြန္ဘာသာေရး ဘုရားသမိုင္း ေပတစ္ဆူတြင္ ဘုရားရွင္သည္ သုဓမၼဝတီၿမိဳ႕သို႔ ေနာက္ပါအၿခံအရံမ်ားျဖင့္ ႂကြခ်ီလာစဥ္ ဗႏၶဝရီေတာင္၌ေနေသာ သီဟကုမာရ ရေသ့သည္ ဆံေတာ္ျမတ္တစ္ဆူကို ရရွိခဲ့ပါတယ္။အဲ့ဒီဆံေတာ္ကို  ဗႏၶဝဂီရိေတာင္ထိပ္မွာ တည္ထားကိုးကြယ္လိုတဲ့အတြက္ ေနာင္ေတာ္ တိႆရေသ့ကို ပင့္ေဆာင္ၿပီး တူေတာ္သူ တိႆဓမၼရာဇာမင္းႀကီး၊ ေတာင္ေျခအနီးေက်း႐ြာမ်ားမွ ေစတနာရွင္မ်ားစုေပါင္းၿပီး မဟာသကၠရာဇ္ ၁၁၃ ခုႏွစ္ အေရာက္မွာ ဇင္းက်ိဳက္ “က်ိဳက္ေျမာ္နတ္” ေစတီပမာဏအတိုင္း တည္ထားေတာ္မူတယ္လို႔ ဆိုၾကပါတယ္။

ဆံေတာ္ရွင္ေစတီေတာ္မ်ားကို ျမန္မာႏိုင္ငံအတြင္း ေတာင္ထိပ္မ်ားမွာ တည္ထားေလ့ရွိတဲ့ အစဥ္အလာအတိုင္း ဇြဲကပင္ေစတီေတာ္ကိုလည္း အျမင့္ဆုံးေတာင္ထိပ္မွာ တက္ေရာက္တည္ထားတဲ့အတြက္ လာေရာက္ဖူးေမွ်ာ္သူမ်ားအေနနဲ႔ ပတ္ဝန္းက်င္မွ သဘာဝအလွမ်ား၊ သန႔္ရွင္းတဲ့ေလကိုရႉရႈိက္ၿပီး ေစတီေတာ္ကို စိတ္ေအးခ်မ္းေျမ့စြာ ဖူးေမွ်ာ္ႏိုင္မွာျဖစ္ပါတယ္။

ဇြဲကပင္ဆံေတာ္ရွင္ေစတီေတာ္ဟာ ေပေပါင္း ၂၃၀၀ ေက်ာ္သာ ျမင့္ေပမယ့္ မတ္ေစာက္လွတဲ့အတြက္ သာမန္သဒၶါတရားနဲ႔ တက္ေရာက္ႏိုင္ဖို႔ခက္ခဲၿပီး ၾကည္ညိဳလြန္းတဲ့ စိတ္ထားနဲ႔သာ တက္ေရာက္ဖူးေမွ်ာ္ႏိုင္တဲ့ ေစတီေတာ္ႀကီးျဖစ္ပါတယ္။အဲ့ဒီေစတီေတာ္ႀကီးကို အုတ္၊ သဲေက်ာက္ အစရွိတဲ့ ပစၥည္းေတြကို ေတာင္ေပၚအထိေရာက္ေအာင္ ပို႔ေဆာင္ေပးခဲ့ၾကတဲ့ ကုသိုလ္ရွင္ေတြရဲ႕ ေစတနာဟာလည္း ေလးစားစရာျဖစ္ပါတယ္။ေတာင္ေပၚမွာ ေစတီေတာ္ႀကီးအျပင္ ဘုန္းႀကီးေက်ာင္းနဲ႔ အျခားအေဆာက္အဦးေတြကိုလည္း ေဆာက္လုပ္ထားၾကပါတယ္။

ေစတီေတာ္ရဲ႕ ေတာင္ဘက္အျခမ္းမွာ လက္ေဆာင္ပစၥည္းနဲ႔ စားေသာက္တန္းရွိၿပီး ေစတီရဲ႕ ေျမာက္ဘက္မွာေတာ့ ၉ ေပခန႔္ က်ယ္ဝန္းတဲ့ မွန္တံတားကို ေတြ႕ျမင္ရမွာျဖစ္ပါတယ္။ရင္ျပင္ေပၚမွ ကရင္ျပည္နယ္အတြင္း ျဖတ္သန္းစီးဆင္းေနတဲ့ သံလြင္ျမစ္ကို အထင္းသားျမင္ေတြ႕ရမွာျဖစ္ၿပီး ဘားအံၿမိဳ႕နဲ႔ အနီးအနားပတ္ဝန္းက်င္မွာရွိတဲ့ ေက်း႐ြာမ်ား၊ စိမ္းလန္းစိုျပည္ေနတဲ့ လယ္ကြင္းမ်ားကို လွပစြာျမင္ေတြ႕ရမွာျဖစ္ပါတယ္။ေတာင္ေပၚတက္ေရာက္လာသူေတြကို လွပတဲ့ ရႉခင္း၊ ေအးျမတဲ့ ေလႏုေအးေတြက ေစာင့္ႀကိဳေနၿပီး ေ႐ႊေရာင္ဝင္းလက္ေတာက္ပစြာ သပၸာယ္လွတဲ့ ဇြဲကပင္ေတာင္ ေစတီေတာ္ႀကီးကို အနီးကပ္ဖူးေမွ်ာ္ရင္း ေတာင္တက္လမ္းတစ္ေလွ်ာက္ ပင္ပန္းသမွ်ေတြ ေျပေပ်ာက္ေစမွာျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)
မတ္ - ၁၇