【 Lifestyle 】အေးချမ်းလှပသည့် ကွမ်ရှီးပြည်နယ် အကြောင်း

【 Lifestyle 】အေးချမ်းလှပသည့် ကွမ်ရှီးပြည်နယ် အကြောင်း

 တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတည်ထောင်ခြင်းမှာ ယခုနှစ်ဆိုရင် နှစ် (၆၀)ပြည့်ခဲ့ပါပြီ။ နှစ် (၆၀)တိုင်တိုင် သာယာလှပနေသည့်  ကွမ်ရှီးပြည်နယ်၏ သမိုင်းကြောင်းကို တရုတ်နိုင်ငံ အကြောင်း သိလိုစိတ်ရှိသူများ သိရှိနိုင်စေရန် ကွမ်ရှီးပြည်နယ်၊ ကွမ်ရှီးတိုင်းရင်းသားလူမျိုးစုတက္ကသိုလ်တွင် မြန်မာစာဘာသာရပ်လာရောက်သင်ကြားပြသပေးနေသည့်  ဆရာမ ဒေါ်ဝတီသွင်ကို  တရုတ်အသံလွှင့်ဌာန တစ်ခုဖြစ်တဲ့ CRI အသံလွှင့် အစီအစဉ်က ဆက်သွယ်မေးမြန်းထားတာကို ဒေသန္တရဗဟုသုတအလိုငှာ ခွင့်ပြုချက်ယူ၍ ထပ်ဆင့်ဖော်ပြပေးလိုက်ပါတယ်။(Opinion Leaders Media)

CRI အသံလွှင့်ဌာန။      ။ ဆရာမနာမည်နဲ့ မြန်မာနိုင်ငံဘယ်အရပ်ကနေလာရောက်တယ်။ ပြီးတော့ ကွမ်ရှီးပြည်နယ်ကိုဘယ်ခုနှစ်ထဲကရောက်ရှိခဲ့တာလဲဆိုတာ သိပါစေ။

ဆရာမဒေါ်ဝတီသွင်။    ။ ကျွန်မရဲ့နာမည်က ဒေါ်ဝတီသွင်ပါ။ ရန်ကုန်ကပဲလာပါတယ်။ အရင်က ကျွန်မက ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၊ မြန်မာဘာသာဌာနမှာဆရာမတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင် ခဲ့တာပါ။ ၂၀၀၈ ခုနှစ်မှာ ကျွန်မအလုပ်ကနေအနားယူပြီးတော့မှ ဒီကွမ်ရှီးပြည်နယ် ကွမ်းရှီးတိုင်းရင်းသား လူမျိုးစု တက္ကသိုလ်ကတပည့်ဟောင်းတွေကခေါ်လို့ ဒီကိုရောက်လာတာပါ။

CRI အသံလွှင့်ဌာန။      ။ ဟုတ်ကဲ့ဆရာမ..၊ဆရာမအနေနဲ့ ကွမ်ရှီးပြည်နယ်အကြောင်းဆရာမသိသလောက် ပြောပြပေးပါဦးရှင်။

ဆရာမဒေါ်ဝတီသွင်။    ။ ကျွန်မဒီမှာနေတာ (၁၀)နှစ်ရှိသွားပြီဆိုတော့ ကွမ်ရှီးရဲ့နေရာဒေသတော်တော်များများ လည်းရောက်တာပေါ့။ ကွမ်ရှီးမှာရှိတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေလည်းတော်တော်များများသိတာပေါ့။ ကျွန်မ ရောက် တဲ့အချိန် (၂၀၀၈)ခုအောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလောက်ပေါ့နော် အဲဒီအချိန်မှာဘဲ ကွမ်ရှီးပြည်နယ်ရဲ့ နှစ် (၅၀)ပြည့် အခမ်းအနားနဲ့ စပြီးတွေ့ရတာလေ။ အခု နှစ် (၆၀)မြောက်ပေါ့နော်။ ကွမ်ရှီးပြည်နယ်ကတရုတ်ပြည်ရဲ့တောင်ဘက်ပိုင်းမှာရှိတဲ့ ပြည်နယ်တစ်ခုပေါ့နော်။ ဗီယက်နမ်နဲ့လည်းဆက်သွယ်နေတဲ့ဒေသတစ်ခုလေ။ ပြီးတဲ့အခါ ယူနန်နဲ့လည်းဆက်နေတာပေါ့နော်။ အဲဒီအခါကျတော့ မြန်မာနိုင်ငံနဲ့ တော်တော်နီးတယ်။ လတ္တီတွဒ်၊ လောင်ဂျီတွဒ်တွေနဲ့ပြောရမယ်ဆိုရင် ကချင်ပြည်နယ်နဲ့တစ်တန်းထဲလောက်မှာရှိတယ်လို့ တပည့်တွေကပြောကြပါတယ်။

CRI အသံလွှင့်ဌာန။      ။ ကွမ်ရှီးပြည်နယ်က တရုတ်ပြည်ထဲမှာ သာယာလှပပြီးနေချင်စဖွယ်ဖြစ် တဲ့ပြည် နယ်တစ်ခု ဖြစ်တယ်လို့ပြောကြပါတယ်။ ဘယ်လိုနေချင်စဖွယ် ကောင်းတယ်ဆိုတာကို ပြောပြပေးပါဦး ဆရာမရှင်။

ဆရာမဒေါ်ဝတီသွင်။    ။ ကျွန်မနေတာကနန်နင်းမြို့တော်ပေါ့နော်။ ကျွန်မနေတဲ့ကျောင်းကတော့ ကွမ်ရှီး တိုင်းရင်းသားလူမျိုးစုတက္ကသိုလ်လို့ ခေါ်ပါတယ်။အဲဒီနေရာဒေသကိုစရောက်ကတည်းက ကွမ်ရှိးပြည် နယ်ရဲ့မြို့တော် နန်နင်းမြို့ဆိုတာထက် ဒီကျောင်းရဲ့ဧရိယာလေးက တစ်ကယ့်ကိုသစ်တောလေး တစ်တောနဲ့သိပ်တူပါတယ်။ စိမ်းလန်းစိုပြည်တယ်ပေါ့နော်။ ရာသီဥတုကလည်းမိုးရေချိန်လည်းရတယ်။ နေရောင်ခြည်လည်းရတယ်ဆိုတော့ တော်တော်ကိုစိမ်းလန်းစိုပြည်တဲ့မြို့တော်ပါ။ ဒါ့ကြောင့်မို့လို့ နန်နင်းမြို့ကိုလည်းတရုတ်နိုင်ငံရဲ့ စိမ်းလန်းမြို့တော်လို့ခေါ်ကြတယ်။

    နောက်ပြီးတော့ ကျွန်မဒီမှာနေတဲ့အခါ မြို့ထဲမှာဘဲဖြစ်ဖြစ် ဒီပြည်နယ်ထဲမှာဘဲဖြစ်ဖြစ် လျှောက်ပြီးတော့ လည်တာတွေ ရှိတယ်ပေါ့နော်။ ကျောင်းပိတ်ရက်တွေဘာတွေမှာလျှောက်လည်တဲ့အခါ တကယ်ကိုစိုပြေ ပါတယ်။ လှပသာယာရေးနဲ့ စိမ်းလန်းစိုပြည်ရေးကိုတကယ်ဂရုစိုက်တယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း တော်တော်ကိုဂရုစိုက်ပြီးတော့ သစ်ပင်တွေနဲ့စိမ်းလန်းမှုတွေနဲ့ထိန်းထားတယ်။ နောက်ပြီးတော့ ကွမ်ရှီးမှာနာမည်အကြီးဆုံးကကွေ့လင်ပေါ့နော်။အဲဒီမှာရှိတဲ့လင်ကျန်းမြစ် သိပ်ကိုသာယာလှပပါတယ်။ အရင်တုန်းကတော့ အဲဒီနေရာတွေဟာစက်မှုဇုန်တွေလုပ်ပြီးတော့ တော်တော်ကိုထိခိုက်သွားသေးတယ်။ နောက်ပိုင်းကျတော့မှ တိမ်းရှောင်ဖိန်ကဒီကိုလာရင်းနဲ့တွေ့သွားပြီးတဲ့အခါ ဟာ..ဒီလိုမျိုးလှပတဲ့ သဘာဝရေမြေတောတောင်တွေကို ပျက်စီးအောင်မလုပ်သင့်ဘူးဆိုတော့မှ သူတို့ပြန်ပြီးတော့ ထိန်းသိမ်းပြီးလုပ်လိုက်တဲ့အခါ တော်တော်ကောင်းသွားပြီးတော့ ဒီနေရာတွေဟာ Tourist Attractionပေါ့။ နိုင်ငံခြားသားတွေအများကြီးလာကြတယ်။ တရုတ်လူမျိုးတွေလည်းအမြဲတမ်းလာတဲ့နေရာတစ်ခုဖြစ်လာတယ်။ အဲဒီကွေ့လင်ကတော့ တကယ်အလှဆုံးပါပဲ။ သူတို့ ဘယ်လိုတင်စားပြီးပြောလဲဆိုရင် ဒီကွေ့လင်မှာရှိတဲ့ ရှုခင်းတွေရဲ့ သာယာလှပမှုတွေဟာကမ္ဘာပေါ်မှာသူနဲ့ တူတဲ့နေရာတစ်ခုမရှိနိုင်ပါဘူးတဲ့ အဲဒီလိုတောင် တင်စားပြီးပြောကြပါတယ်။

CRI အသံလွှင့်ဌာန။      ။ ဒီလိုသာယာလှပတဲ့နေရာတွေရှိတော့ ခရီးသွားလာမှုလုပ်ငန်းတွေကိုရောသူတို့ အနေနဲ့ ဘယ်လိုဆောင်ရွက်မှုတွေရှိနေပါသလဲ။

ဆရာမဒေါ်ဝတီသွင်။    ။ ခရီးသွားလုပ်ငန်းအနေနဲ့ သူတို့ကဒီနေရာမှာတော်တော်ကိုတိုးတက်တယ်။ တော်တော်လည်းသူတို့ကြိုးစားပြီးတော့ လုပ်တယ်။ အဲဒီလိုပတ်ဝန်းကျင်သာယာလှပတာကိုမှ သူတို့ကလူတွေလာပြီးလေ့လာ နိုင်အောင် လေ့လာချင်စိတ်ဖြစ်အောင် အများကြီးစွဲဆောင်မှုတွေလုပ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ကျောင်းထဲမှာတောင်မှ     Tourism နဲ့ပတ်သက်တဲ့ ခရီးသွားနဲ့ပတ်သက်တဲ့ ကောလိပ်တွေရှိတယ်။ နောက် အထူးသဖြင့်ရှိတာကွေ့လင်မြို့ပေါ့နော်။ ကွေ့လင်မြို့မှာခရီးသွားကောလိပ်လည်းရှိပါတယ်။ နာမည်ကြီးပါတယ်။ သူကဘာလုပ်လဲဆိုတော့ ကျွန်မတို့တက္ကသိုလ်နဲ့ အဲဒီကွေ့လင်မှာရှိတဲ့ ခရီးသွားကောလိပ်နဲ့ပေါင်းပြီးတဲ့အခါ အာဆီယံနိုင်ငံတွေမှာရှိတဲ့ခရီးသွားနဲ့ပတ်သက်တဲ့အစိုးရဌာနတွေ၊ ခရီးသွားလုပ်ငန်းရှင်တွေ ဒီလိုမျိုးပတ်သက်တဲ့လူတွေအကုန်လုံးကိုခေါ်ပြီးတော့ အမြဲတမ်းသင်တန်းပေးပါတယ်။ ကျွန်မတို့ ကျောင်းထဲမှာအဲဒီလိုမျိုး training လုပ်ပေးနေတာ (၁၈)ကြိမ်မြောက်ရှိပါပြီ။ အာဆီယံနိုင်ငံအမျိးမျိုးကလူတွေ လာပြီးတော့တက်တယ်။ ဒါကြောင့်မို့ သူတို့ရဲ့ခရီးသွားလုပ်ငန်းဟာအာဆီယံနိုင်ငံတွေကို မျှဝေပေးနိုင် လောက်အောင် တော်တော်တိုးတက်ပါတယ်။ အဆင်ပြေပါတယ်။ အဆင့်မြင့်ပါတယ်။ အစစအရာရာ ပြည့်စုံပါတယ်။

CRI အသံလွှင့်ဌာန။      ။ ကွမ်ရှီးပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအဖြစ် ဘာတွေကို ဆရာမတွေ့မြင်ခံစားခဲ့ရလဲ ။

ဆရာမဒေါ်ဝတီသွင်။    ။ ကျွန်မစရောက်ကာစ ၂၀၀၈ ခုနှစ်တုန်းကဆိုရင် ဥပမာအားဖြင့် ကျွန်မနေတဲ့နေရာ ဒေသလေးကိုပဲ ကျွန်မပြောပြမယ်နော်။ ကျွန်မနေတဲ့နေရာဟာကွမ်ရှီးတိုင်းရင်းသားလူမျိုးစုတက္ကသိုလ် အဲဒီတက္ကသိုလ် လေးဟာကျွန်မစရောက်ကာစကဆင်ခြေဖုံးရပ်ကွက်လေးလိုပဲ ကျွန်မတို့မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေလိုမဟုတ်ဘူး။ ကျွန်မနေတဲ့တက္ကသိုလ်ရှိတဲ့လမ်းဟာတရွှယ်လုတဲ့ တက္ကသိုလ်လမ်းမကြီးလို့ ခေါ်တယ်။ အဲဒီလမ်းမကြီးကအရှည်ကြီးပါ။ တော်တော်ရှည်ပါတယ်။ အဲဒီရှည်လျားတဲ့လမ်းမကြီးမှာ ကွမ်ရှီး တက္ကသိုလ်တို့ တက္ကသိုလ်ကောလိပ်တွေမှန်သမျှ အဲဒီနေရာတွေမှာအားလုံးစုထားတာ။ ကျွန်မရောက်ကာစက ကျွန်မအခုနေတဲ့တက္ကသိုလ်ဟာဆင်ခြေဖုံးတကယ့်ဆင်ခြေဖုံးလေး။ သိပ်လည်းမစည်ကားဘူး။ သိပ်လည်းဖွံ့ဖြိုး တိုးတက်မှုမရှိဘူး။ ကျွန်မတို့ကျောင်းကနေဆက်ပြီးသွားလိုက်လို့ရှိရင် ရွာကလေးတွေလိုပဲရှိတယ်။ အဲဒီကနေပြီး တော့ အခု (၁၀)နှစ်အကြာမှာတစ်ဟုန်ထိုး ကြိုးစားပြီးတဲ့အခါမှာတည်ဆောက်ပြုပြင်ရေးအများကြီးကို ဆက် တိုက်လုပ်တဲ့အခါ တကယ်မြို့ ကျွန်မတို့အခုနေတဲ့ကျောင်းဟာအခုမြို့ထဲကိုရောက်သွားပါပြီ။ နန်နင်းမြို့ရဲ့ ဧရိယာထဲကိုရောက်သွားပါပြီ။

 ပြီးတော့ ကျွန်မရောက်ခါစတုန်းကဘတ်စ်ကားတွေဘာတွေလောက်ပဲရှိတာပေါ့နော်။ ဒါပေမယ့် အခု (၁၀)နှစ်အတွင်းမှာဘာဖြစ်လာပြီလဲဆိုတော့ မြေအောက်ရထားဖြစ်လာပါပြီ။ မြေအောက်ရထားအခု (၂)လိုင်းဖွင့်ပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ (၁၀)လိုင်းဖွင့်မယ်လို့ပြောတာပေါ့နော်။ အခု (၂)လိုင်းဖွင့်ပြီးတာတောင်မှ ဒီနန်နင်းမြို့ထဲမှာတော်တော်ကိုသွားရလာရအရမ်းအဆင်ပြေပါတယ်။ အချိန်ကုန်လည်းသက်သာတယ်။ ပြီးတော့ သန့်ရှင်းရေး၊ သာယာရေး၊ လေထုညစ်ညမ်းမှု ထိန်းသိမ်းရေးတွေကိုသူတို့ကဦးစားပေးပြီးတော်တော်ကိုလုပ်ပါတယ်။ သစ်ပင်တွေဘာတွေစိုက်ထားတာ မြက်ပင်တွေဘာတွေစိုက်ထားတာတွေ အပြင် စက်နဲ့လေမှုတ်ပြီးတဲ့အခါ မိုးရွာချသလိုမိုးဖွားလေးတွေရွာသလိုလုပ်ပြီးအဲဒီလေထဲမှာရှိတဲ့ဖုန်မှုန့်တွေ ဘာတွေကိုထိန်းထားတဲ့စနစ်တွေကအမြဲတမ်းကားကြီးတွေနဲ့လှည့်ပတ်ပြီးလုပ်နေတာဒါကြောင့်မို့ ဒီမှာနေရတာတကယ်စိတ်ထဲမှာသန့်တယ်လို့ခံစားရတယ် လေထုကပေါ့နော်။

 ကျွန်မအရင်ကနန်နင်းကနေဘေကျင်းကိုသွားလည်ဖူးတယ် (၂၀၁၀)လောက်ထင်ပါတယ်။ သွားလည်တဲ့အခါ သွားတဲ့အချိန်က နွေဦးရာသီပါ။ နွေဦးရာသီဘေဂျင်းကိုရောက်တဲ့အခါ ဘေကျင်းမှာ ပတ်ဝန်းကျင်မှာအမှုန်တွေလွင့်ပျံ့ပြီးလေထုကမသန့်ရှင်းပါဘူး။ အဲတော့ သူတို့က ကျွန်မကိုမေးတယ်“ဆရာမဘေကျင်းနဲ့နန်နင်းနဲ့ ဘယ်နေရာကိုကြိုက်လဲ၊ ဘယ်ဘက်ကိုသဘောကျလဲ” လို့မေးတယ်။ ကျွန်မကတော့ သူတို့ကိုဖြေခဲ့ပါတယ်။ “ဘေကျင်းကတော့ ရှေးဟောင်းမြို့တော်ကြီးဖြစ်တယ်၊ တိုးတက်တဲ့ မြို့တော်ကြီးဖြစ်တယ်၊ ရှေးဟောင်းနေရာဒေသတွေလည်းသွားလည်ရတာ ကြိုက်ပါတယ်။ ဒါပေမယ့် ကျွန်မအကြိုက်ဆုံးနေရာကတော့ နန်နင်းပါပဲ။ နန်နင်းကိုဘာကြောင့်ကြိုက်တာလဲဆိုရင် နန်နင်းက သဘာဝသစ်တောနဲ့တူတယ်။ သန့်ရှင်းတဲ့ လေကိုရှုရတယ်။ ပတ်ဝန်းကျင်ကလည်း စိမ်းလန်းစိုပြည်တယ်”ဒါ့ကြောင့်မို့လို့ ကျွန်မကနန်နင်းကိုအကြိုက်ဆုံးပါပဲလို့ ဖြေခဲ့ပါတယ်။

CRI အသံလွှင့်ဌာန။      ။ ဟုတ်ကဲ့ပါဆရာမ..နန်နင်းကလည်းကွမ်ရှီးပြည်နယ်ထဲမှာရှိတယ်။ ဒါ့ကြောင့်ကွမ်ရှီးပြည်နယ်ဟာဆိုရင်လည်းသာယာလှပပြီးနေချင်စဖွယ်ပြည်နယ်တစ်ခုဖြစ်တယ်လို့ သတင်းကြီးနေတာပေါ့နော်။ ဆရာမဆီမှာ မြန်မာစာလာသင်တဲ့ တရုတ်ကျာင်းသား၊ ကျောင်းသူကရော အခုဆိုဘယ်နှစ်ယောက်လောက် ရှိနေပြီလဲ။

ဆရာမဒေါ်ဝတီသွင်။    ။ ဒီမှာရောက်ကာစကအတန်းတစ်တန်းမှာလူ (၁၂)ယောက်၊ (၁၃)ယောက်အဲလောက်ပဲပေါ့နော်။ ဒါပမေယ့် အခုနောက်ပိုင်းလေးငါးခြောက်နှစ်အတွင်းမှာကျောင်းသူ၊ ကျောင်းသားအရေအတွက်ကတစ်တန်းတစ်တန်းဆိုရင် လူနှစ်ဆယ်ကျော် နှစ်ဆယ်ပတ်ဝန်းကျင်ပေါ့နော် အဲဒီလောက်တွေဖြစ်လာတဲ့အခါကျတော့ ဆယ်နှစ်လောက်အတွင်းမှာတော်တော်များလာတယ်။ ကျောင်းကလဲ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာလုပ်ဖို့အတွက် လိုအပ်ချက်အရဆိုတော့ တော်တော်ကိုများလာတယ်။ ကျွန်မတို့ကျောင်းကအာဆီယံဘာသာစကားတွေသင်ကြားတာနဲ့ပတ်သက်ပြီးတော့လည်းနာမည်ရှိတယ်လေ။ ဒါကြောင့်မို့ ကျောင်းသူ၊ ကျောင်းသားကတော့ တော်တော်များလာပါတယ်။

CRI အသံလွှင့်ဌာန။      ။ ဆရာမတပည့်တွေက အခုဘာအလုပ်တွေကို လုပ်နေကြလဲဆရာမ။

ဆရာမဒေါ်ဝတီသွင်။    ။ ကျွန်မတပည့်တွေထဲမှာ    ရှိတဲ့လူတွေကတော့ အခုတော်တော်များများကိုပြောရမယ် ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္ပဏီတွေမှာတရုတ်အစိုးရရဲ့ကုမ္ပဏီတွေမှာလုပ်နေတဲ့သူတွေအများကြီးပါပဲ။ အခုအင်တာဗျူးလုပ်နေတဲ့ နွယ်နွယ်၊ဟုန်ချွမ်ချွမ်ဆိုရင်လည်း ကျွန်မတို့ကျောင်းကပြီးတဲ့ကျွန်မတို့တပည့်ပါပဲ။

CRI အသံလွှင့်ဌာန။      ။ မမေ့နိုင်စရာကောင်းတဲ့ အမှတ်တရတစ်ခုကိုပြောပါဆိုရင် ဆရာမဘယ်လို အကြောင်းအရာလေးကိုပြောမလဲရှင့်။

ဆရာမဒေါ်ဝတီသွင်။    ။ အဲဒါကိုပြောမယ်ဆိုရင် ကျွန်မကဒီကျောင်းကိုလာဖို့အတွက် ကျွန်မကိုခေါ်ခဲ့တဲ့ ဆရာ၊ ဆရာမ နှစ်ယောက်ရှိပါတယ်။ တစ်ယောက်ကတော့ ဆရာကိုအောင်လင်းဆိုတဲ့ဆရာ၊ နောက်ဆရာမ တစ်ယောက် ကတော့ ဒေါ်ရီရီဝင်းဆိုတာ ဒီမှာရှိတယ်။ ကျွန်မကိုဒီကိုခေါ်တဲ့ ကျွန်မရဲ့တပည့်ဟောင်းတွေ ပေါ့နော်။ ဒီတပည့်တွေရဲ့သံယောဇဉ်နဲ့လာခဲ့တာလေ။ ဒီတပည့်တွေရဲ့သံယောဇဉ်နဲ့လာခဲ့ပြီးတဲ့အခါ သူတို့ဘာလုပ်ချင် တာလဲ။ ကွမ်ရှီးကနေပြီးတော့ ဖတ်စာအုပ်လေးလုပ်ချင်တာ..ဒါ့ကြောင့်မို့လို့ ကျွန်မအခု (၁၀)နှစ်အတွင်းမှာဖတ်စာအုပ်လေးပြုစုပြီးပါပြီ။ မကြာခင်မှာဖတ်စာအုပ်တွေ ထုတ်ပါတော့မယ်။

CRI အသံလွှင့်ဌာန။      ။ ဟုတ်ကဲ့ပါ ဆရာမရှင်..ကွမ်ရှီးပြည်နယ်မှာရောက်နေတဲ့မြန်မာတစ်ယောက်အနေနဲ့ ကွမ်ရှီးပြည်နယ် ကနေကိုယ့်နိုင်ငံအတွက် ဘယ်လိုဗဟုသုတ၊ အတွေးအခေါ် နည်းပညာတွေကိုရရှိပြီးတော့ ကိုယ့်ရဲ့ နိုင်ငံမှာဘယ်လိုပြန်လဲအသုံးချသွားမလဲ၊ ဘယ်လိုပြန်လဲအသုံးချနိုင်မလဲဆိုတာကိုသိပါရစေရှင်။

ဆရာမဒေါ်ဝတီသွင်။    ။ ဟုတ်ပါတယ်..ကျွန်မကလည်းဟိုကနေလာတဲ့အခါ ဆရာမတစ်ယောက်အနေနဲ့ အနှစ် (၂၀)ကျော်သင်ပြီးတော့မှ ပင်စင်ယူပြီးတော့မှ အလုပ်ကနေအနားယူပြီးတော့မှ ကျွန်မဒီကိုရောက်လာတာလေ။ ရောက်လာတဲ့အခါကျတော့ဒီကကျောင်းသားတွေကသိပ်ကိုကြိုးစားတာပဲ။ မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်းသူ ၊ကျောင်းသားတွေကိုလည်းဒီလိုမျိုးကြိုးစားစေချင်တယ်။ကျွန်မကဟိုမှာစာသင်တဲ့အခါလည်းကလေးတွေကိုစာသင်တာတစ်ခုတည်း

မဟုတ်ဘဲအသိအလိမ္မာ၊ အတတ်ပညာတွေ ၊ အတွေးအခေါ်၊ အယူအဆတွေကိုတိုးတက်စေချင်တယ်။ ဒီမှာကျတော့ ကလေးတွေကတော်တော် ကိုယ့်အားကိုယ်ကိုးပြီးလူကြီးတွေဆန်တယ်။

မိဘတွေကငယ်ငယ်ကတည်းကကလေးတွေကိုကျောင်းအိပ်ကျောင်းစားပို့ထားလိုက်တဲ့အခါ သူတို့ဘာသာသူတို့ ကိုယ့်အားကိုယ်ကိုးပြီးလုပ်တာတွေအများကြီးပဲ။ တော်တော်လူကြီးဆန်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံကတချို့ ကလေးတွေ လူကြီးမဆန်ဘူးလို့ မရင့်ကျက်ဘူးလို့ ပြောချင်တာမဟုတ်ဘူးနော်။ ဒါပေမယ့် ဒီကကလေးတွေကတော်တော်ရင့်ကျက်တယ်။ ဒါကြောင့်မို့ ကျွန်မစိတ်ထဲမှာကိုယ့်နိုင်ငံမှာပြန်ပြီးတော့ ကလေးတွေကိုပညာမျှဝေပေးချင်ပေမယ့် ကျွန်မအခုအသက် (၆၀)ပြည့်ပြီလေ ကျွန်မလည်းနောက်နှစ် ဇူလိုင်လဆိုအသက် (၆၀)ပြည့်ပြီဆိုတော့ ကျွန်မပင်စင်ယူပြီးတော့ ပြန်မှာပါ။ မြန်မာနိုင်ငံမှာတော့ ကျွန်မအတွက် အလုပ်လုပ်ဖို့ မရှိပေမယ့် ဒီကကလေးတွေ သင်ကြားရတာ သူတို့ရဲ့ပတ်ဝန်းကျင်၊ သူတို့သင်ကြားရတဲ့ Facility အပြည့်အစုံပေါ့နော် စာသင်ကြားရတဲ့အခါ လိုအပ်တာအားလုံးပြည့်စုံတယ်။ အဆောင်တွေနဲ့စာသင်ခန်းတွေနဲ့ အဆင့်မြင့်မြင့်သင်ရတာဒါကြောင့်မို့လို့ မြန်မာပြည်မှာလည်းအရမ်းဖြစ်စေချင် ပါတယ်။ ကျွန်မလည်းကလေးတွေကို ပြန်ပြီးတော့ စာသင်ချင်ပါတယ်။ ဒါပေမယ့် ကျွန်မအသက်အတိုင်းအတာအရဆိုရင်  ဟိုရောက်ရင် ပင်စင်ယူပြီဆိုတော့ ဆက်ပြီးတော့ သင်ဖြစ်မှာမဟုတ်တော့ပါဘူး။

CRI အသံလွှင့်ဌာန။      ။ ဟုတ်ကဲ့ပါဆရာမရှင်..ကွမ်ရှီးပြည်နယ်ကြီး နှစ် (၆၀) အတွင်းတိုးတက်ပြောင်း လဲလာမှုအပေါ် ဆရာမရဲ့ ဝမ်းသာပီတိစကားသံကိုလဲ ကြားသိပါရစေဆရာမရှင်။

ဆရာမဒေါ်ဝတီသွင်။    ။ ကွမ်ရှီးပြည်နယ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသဖြစ်တာ နှစ်ပေါင်း (၆၀)ပြည့်တဲ့အချိန်မှာ ကျွန်မအသက်နဲ့လဲမတိမ်းမယိမ်းဖြစ်နေတယ်လေ။ ဒီနှစ် (၆၀)ပြည့်ပြီးရင် ကျွန်မလည်းနောက်နှစ်ဇူလိုင်လဆိုအသက် (၆၀)ပြည့်မယ်ဆိုတော့ ကွမ်ရှီးပြည်နယ်ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသဟာ ကျွန်မရဲ့အသက်နဲ့ အတူအမျှ ဖြစ်တဲ့အတွက် တကယ်အမှတ်တရအနေနဲ့ ရှိမှာပါ။ကွမ်ရှီးပြည်နယ်ကိုလဲဒီထက်ပိုပြီးတော့ တိုးတက်လာလိမ့် မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ တိုးတက်လာမှာလဲသေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကတကယ်ကြိုးစားပြီးတကယ်လုပ်ပါတယ်။ အဆင့်ဆင့်ပေါ့နော်။ လူကြီးကနေစပြီးလူငယ်အထိအကုန်လုံးသေသေချာချာလုပ်ကြကိုင်ကြတာကိုကိုယ့်ရဲ့မျက်စိရှေ့မှာတွေ့နေရတဲ့အတွက်မို့ တကယ်အားကျမိပါတယ်။ ကိုယ့်နိုင်ငံကိုလည်းသူတို့နိုင်ငံတိုးတက်သလိုသူတို့ပြည်နယ်ဒေသတိုးတက်သလိုတိုးတက်စေချင်တဲ့စိတ်တွေ ခံစားမိပါတယ်။

CRI အသံလွှင့်ဌာန။      ။ ဟုတ်ကဲ့ပါဆရာမရှင်..ဆရာမအနေနဲ့ တခြားဖြည့်စွက်ပြောကြားချင်တာ များရှိရင်လဲပြောကြားပေးပါဦးရှင်။

ဆရာမဒေါ်ဝတီသွင်။    ။ ကွမ်ရှီးပြည်နယ်ကဒီ့ထက်ဒီ့ထက် ပိုတိုးတက်ဖို့ပဲရှိပါတယ်။ တခြားပြည်နယ်တွေ ကျွန်မဟူနန်တို့ယူနန်တို့ ပြီးတော့ ဟိုဘက်ကဟန်ကျိုးတို့ဘေကျင်းတို့တော်တော်များများရောက်ဖူးပါတယ်။ ရောက်ဖူးပေမယ့် ဒီကွမ်ရှီးလောက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်တာသန့်ရှင်းမှုကိုထန်းသိမ်းနိုင်တာ၊ လေထုညစ်ညမ်းမှု သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်တာတကယ်တော်တယ်။ ကျွန်မအားကျမိတယ်။ သဘောကျမိတယ်။ ဒါကြောင့်မို့လို့ ကွမ်ရှီးပြည်နယ်ဟာအရှိန်အဟုန်နဲ့တိုးတက်ဖို့ ကြိုးစားနေတယ်။ ကြိုးစားနေသလိုပဲတစ်ဖက်မှာလဲသူက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သဘာဝမညစ်ညမ်းအောင် လုပ်နေတာတွေကိုမျက်စိရှေ့မှာတွေ့နေရတဲ့အတွက် ကွမ်ရှီးပြည်နယ်ဟာဒီထက် ပိုတိုးတက်မှာပါလို့ ကျွန်မယုံကြည်တဲ့ အကြောင်းပြောချင်ပါတယ်။

CRI အသံလွှင့်ဌာန။      ။ ဟုတ်ကဲ့ပါဆရာမရှင်… ကွမ်ရှီးပြည်နယ်ကြီး နှစ် (၆၀)ပြည့်အထိမ်းအမှတ် အခမ်းအနားအကြောင်းကိုဆရာမအနေနဲ့ အခုလိုမျိုးဖြေကြားပေးတဲ့အတွက်ကြောင့် အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။

ဆရာမဒေါ်ဝတီသွင်။    ။ ဟုတ်ကဲ့ပါ..ကျွန်မလဲကျေးဇူးတင်ပါတယ်ရှင်။

 

 မေးမြန်းသူ- စုသက်မှူး (suthet)                                                        

( Zawgyi  )

  တ႐ုတ္ႏိုင္ငံ၊ ကြမ္ရွီးကြၽမ့္လူမ်ိဳးကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသတည္ေထာင္ျခင္းမွာ ယခုႏွစ္ဆိုရင္ ႏွစ္ (၆၀)ျပည့္ခဲ့ပါၿပီ။ ႏွစ္ (၆၀)တိုင္တိုင္ သာယာလွပေနသည့္  ကြမ္ရွီးျပည္နယ္၏ သမိုင္းေၾကာင္းကို တ႐ုတ္ႏိုင္ငံ အေၾကာင္း သိလိုစိတ္ရွိသူမ်ား သိရွိႏိုင္ေစရန္ ကြမ္ရွီးျပည္နယ္၊ ကြမ္ရွီးတိုင္းရင္းသားလူမ်ိဳးစုတကၠသိုလ္တြင္ ျမန္မာစာဘာသာရပ္လာေရာက္သင္ၾကားျပသေပးေနသည့္  ဆရာမ ေဒၚဝတီသြင္ကို  တ႐ုတ္အသံလႊင့္ဌာန တစ္ခုျဖစ္တဲ့ CRI အသံလႊင့္ အစီအစဥ္က ဆက္သြယ္ေမးျမန္းထားတာကို ေဒသႏၲရဗဟုသုတအလိုငွာ ခြင့္ျပဳခ်က္ယူ၍ ထပ္ဆင့္ေဖာ္ျပေပးလိုက္ပါတယ္။(Opinion Leaders Media)

CRI အသံလႊင့္ဌာန။      ။ ဆရာမနာမည္နဲ႔ ျမန္မာႏိုင္ငံဘယ္အရပ္ကေနလာေရာက္တယ္။ ၿပီးေတာ့ ကြမ္ရွီးျပည္နယ္ကိုဘယ္ခုႏွစ္ထဲကေရာက္ရွိခဲ့တာလဲဆိုတာ သိပါေစ။

ဆရာမေဒၚဝတီသြင္။    ။ ကြၽန္မရဲ႕နာမည္က ေဒၚဝတီသြင္ပါ။ ရန္ကုန္ကပဲလာပါတယ္။ အရင္က ကြၽန္မက ရန္ကုန္ ႏိုင္ငံျခားဘာသာတကၠသိုလ္၊ ျမန္မာဘာသာဌာနမွာဆရာမတစ္ေယာက္အေနနဲ႔ တာဝန္ထမ္းေဆာင္ ခဲ့တာပါ။ ၂၀၀၈ ခုႏွစ္မွာ ကြၽန္မအလုပ္ကေနအနားယူၿပီးေတာ့မွ ဒီကြမ္ရွီးျပည္နယ္ ကြမ္းရွီးတိုင္းရင္းသား လူမ်ိဳးစု တကၠသိုလ္ကတပည့္ေဟာင္းေတြကေခၚလို႔ ဒီကိုေရာက္လာတာပါ။

CRI အသံလႊင့္ဌာန။      ။ ဟုတ္ကဲ့ဆရာမ..၊ဆရာမအေနနဲ႔ ကြမ္ရွီးျပည္နယ္အေၾကာင္းဆရာမသိသေလာက္ ေျပာျပေပးပါဦးရွင္။

ဆရာမေဒၚဝတီသြင္။    ။ ကြၽန္မဒီမွာေနတာ (၁၀)ႏွစ္ရွိသြားၿပီဆိုေတာ့ ကြမ္ရွီးရဲ႕ေနရာေဒသေတာ္ေတာ္မ်ားမ်ား လည္းေရာက္တာေပါ့။ ကြမ္ရွီးမွာရွိတဲ့ ယဥ္ေက်းမႈဓေလ့ထုံးစံေတြလည္းေတာ္ေတာ္မ်ားမ်ားသိတာေပါ့။ ကြၽန္မ ေရာက္ တဲ့အခ်ိန္ (၂၀၀၈)ခုေအာက္တိုဘာ၊ ႏိုဝင္ဘာ၊ ဒီဇင္ဘာေလာက္ေပါ့ေနာ္ အဲဒီအခ်ိန္မွာဘဲ ကြမ္ရွီးျပည္နယ္ရဲ႕ ႏွစ္ (၅၀)ျပည့္ အခမ္းအနားနဲ႔ စၿပီးေတြ႕ရတာေလ။ အခု ႏွစ္ (၆၀)ေျမာက္ေပါ့ေနာ္။ ကြမ္ရွီးျပည္နယ္ကတ႐ုတ္ျပည္ရဲ႕ေတာင္ဘက္ပိုင္းမွာရွိတဲ့ ျပည္နယ္တစ္ခုေပါ့ေနာ္။ ဗီယက္နမ္နဲ႔လည္းဆက္သြယ္ေနတဲ့ေဒသတစ္ခုေလ။ ၿပီးတဲ့အခါ ယူနန္နဲ႔လည္းဆက္ေနတာေပါ့ေနာ္။ အဲဒီအခါက်ေတာ့ ျမန္မာႏိုင္ငံနဲ႔ ေတာ္ေတာ္နီးတယ္။ လတၱီတြဒ္၊ ေလာင္ဂ်ီတြဒ္ေတြနဲ႔ေျပာရမယ္ဆိုရင္ ကခ်င္ျပည္နယ္နဲ႔တစ္တန္းထဲေလာက္မွာရွိတယ္လို႔ တပည့္ေတြကေျပာၾကပါတယ္။

CRI အသံလႊင့္ဌာန။      ။ ကြမ္ရွီးျပည္နယ္က တ႐ုတ္ျပည္ထဲမွာ သာယာလွပၿပီးေနခ်င္စဖြယ္ျဖစ္ တဲ့ျပည္ နယ္တစ္ခု ျဖစ္တယ္လို႔ေျပာၾကပါတယ္။ ဘယ္လိုေနခ်င္စဖြယ္ ေကာင္းတယ္ဆိုတာကို ေျပာျပေပးပါဦး ဆရာမရွင္။

ဆရာမေဒၚဝတီသြင္။    ။ ကြၽန္မေနတာကနန္နင္းၿမိဳ႕ေတာ္ေပါ့ေနာ္။ ကြၽန္မေနတဲ့ေက်ာင္းကေတာ့ ကြမ္ရွီး တိုင္းရင္းသားလူမ်ိဳးစုတကၠသိုလ္လို႔ ေခၚပါတယ္။အဲဒီေနရာေဒသကိုစေရာက္ကတည္းက ကြမ္ရွိးျပည္ နယ္ရဲ႕ၿမိဳ႕ေတာ္ နန္နင္းၿမိဳ႕ဆိုတာထက္ ဒီေက်ာင္းရဲ႕ဧရိယာေလးက တစ္ကယ့္ကိုသစ္ေတာေလး တစ္ေတာနဲ႔သိပ္တူပါတယ္။ စိမ္းလန္းစိုျပည္တယ္ေပါ့ေနာ္။ ရာသီဥတုကလည္းမိုးေရခ်ိန္လည္းရတယ္။ ေနေရာင္ျခည္လည္းရတယ္ဆိုေတာ့ ေတာ္ေတာ္ကိုစိမ္းလန္းစိုျပည္တဲ့ၿမိဳ႕ေတာ္ပါ။ ဒါ့ေၾကာင့္မို႔လို႔ နန္နင္းၿမိဳ႕ကိုလည္းတ႐ုတ္ႏိုင္ငံရဲ႕ စိမ္းလန္းၿမိဳ႕ေတာ္လို႔ေခၚၾကတယ္။

    ေနာက္ၿပီးေတာ့ ကြၽန္မဒီမွာေနတဲ့အခါ ၿမိဳ႕ထဲမွာဘဲျဖစ္ျဖစ္ ဒီျပည္နယ္ထဲမွာဘဲျဖစ္ျဖစ္ ေလွ်ာက္ၿပီးေတာ့ လည္တာေတြ ရွိတယ္ေပါ့ေနာ္။ ေက်ာင္းပိတ္ရက္ေတြဘာေတြမွာေလွ်ာက္လည္တဲ့အခါ တကယ္ကိုစိုေျပ ပါတယ္။ လွပသာယာေရးနဲ႔ စိမ္းလန္းစိုျပည္ေရးကိုတကယ္ဂ႐ုစိုက္တယ္။ ပတ္ဝန္းက်င္ ညစ္ညမ္းမႈကိုလည္း ေတာ္ေတာ္ကိုဂ႐ုစိုက္ၿပီးေတာ့ သစ္ပင္ေတြနဲ႔စိမ္းလန္းမႈေတြနဲ႔ထိန္းထားတယ္။ ေနာက္ၿပီးေတာ့ ကြမ္ရွီးမွာနာမည္အႀကီးဆုံးကေကြ႕လင္ေပါ့ေနာ္။အဲဒီမွာရွိတဲ့လင္က်န္းျမစ္ သိပ္ကိုသာယာလွပပါတယ္။ အရင္တုန္းကေတာ့ အဲဒီေနရာေတြဟာစက္မႈဇုန္ေတြလုပ္ၿပီးေတာ့ ေတာ္ေတာ္ကိုထိခိုက္သြားေသးတယ္။ ေနာက္ပိုင္းက်ေတာ့မွ တိမ္းေရွာင္ဖိန္ကဒီကိုလာရင္းနဲ႔ေတြ႕သြားၿပီးတဲ့အခါ ဟာ..ဒီလိုမ်ိဳးလွပတဲ့ သဘာဝေရေျမေတာေတာင္ေတြကို ပ်က္စီးေအာင္မလုပ္သင့္ဘူးဆိုေတာ့မွ သူတို႔ျပန္ၿပီးေတာ့ ထိန္းသိမ္းၿပီးလုပ္လိုက္တဲ့အခါ ေတာ္ေတာ္ေကာင္းသြားၿပီးေတာ့ ဒီေနရာေတြဟာ Tourist Attractionေပါ့။ ႏိုင္ငံျခားသားေတြအမ်ားႀကီးလာၾကတယ္။ တ႐ုတ္လူမ်ိဳးေတြလည္းအၿမဲတမ္းလာတဲ့ေနရာတစ္ခုျဖစ္လာတယ္။ အဲဒီေကြ႕လင္ကေတာ့ တကယ္အလွဆုံးပါပဲ။ သူတို႔ ဘယ္လိုတင္စားၿပီးေျပာလဲဆိုရင္ ဒီေကြ႕လင္မွာရွိတဲ့ ရႈခင္းေတြရဲ႕ သာယာလွပမႈေတြဟာကမာၻေပၚမွာသူနဲ႔ တူတဲ့ေနရာတစ္ခုမရွိႏိုင္ပါဘူးတဲ့ အဲဒီလိုေတာင္ တင္စားၿပီးေျပာၾကပါတယ္။

CRI အသံလႊင့္ဌာန။      ။ ဒီလိုသာယာလွပတဲ့ေနရာေတြရွိေတာ့ ခရီးသြားလာမႈလုပ္ငန္းေတြကိုေရာသူတို႔ အေနနဲ႔ ဘယ္လိုေဆာင္႐ြက္မႈေတြရွိေနပါသလဲ။

ဆရာမေဒၚဝတီသြင္။    ။ ခရီးသြားလုပ္ငန္းအေနနဲ႔ သူတို႔ကဒီေနရာမွာေတာ္ေတာ္ကိုတိုးတက္တယ္။ ေတာ္ေတာ္လည္းသူတို႔ႀကိဳးစားၿပီးေတာ့ လုပ္တယ္။ အဲဒီလိုပတ္ဝန္းက်င္သာယာလွပတာကိုမွ သူတို႔ကလူေတြလာၿပီးေလ့လာ ႏိုင္ေအာင္ ေလ့လာခ်င္စိတ္ျဖစ္ေအာင္ အမ်ားႀကီးစြဲေဆာင္မႈေတြလုပ္ထားပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္မတို႔ေက်ာင္းထဲမွာေတာင္မွ     Tourism နဲ႔ပတ္သက္တဲ့ ခရီးသြားနဲ႔ပတ္သက္တဲ့ ေကာလိပ္ေတြရွိတယ္။ ေနာက္ အထူးသျဖင့္ရွိတာေကြ႕လင္ၿမိဳ႕ေပါ့ေနာ္။ ေကြ႕လင္ၿမိဳ႕မွာခရီးသြားေကာလိပ္လည္းရွိပါတယ္။ နာမည္ႀကီးပါတယ္။ သူကဘာလုပ္လဲဆိုေတာ့ ကြၽန္မတို႔တကၠသိုလ္နဲ႔ အဲဒီေကြ႕လင္မွာရွိတဲ့ ခရီးသြားေကာလိပ္နဲ႔ေပါင္းၿပီးတဲ့အခါ အာဆီယံႏိုင္ငံေတြမွာရွိတဲ့ခရီးသြားနဲ႔ပတ္သက္တဲ့အစိုးရဌာနေတြ၊ ခရီးသြားလုပ္ငန္းရွင္ေတြ ဒီလိုမ်ိဳးပတ္သက္တဲ့လူေတြအကုန္လုံးကိုေခၚၿပီးေတာ့ အၿမဲတမ္းသင္တန္းေပးပါတယ္။ ကြၽန္မတို႔ ေက်ာင္းထဲမွာအဲဒီလိုမ်ိဳး training လုပ္ေပးေနတာ (၁၈)ႀကိမ္ေျမာက္ရွိပါၿပီ။ အာဆီယံႏိုင္ငံအမ်ိးမ်ိဳးကလူေတြ လာၿပီးေတာ့တက္တယ္။ ဒါေၾကာင့္မို႔ သူတို႔ရဲ႕ခရီးသြားလုပ္ငန္းဟာအာဆီယံႏိုင္ငံေတြကို မွ်ေဝေပးႏိုင္ ေလာက္ေအာင္ ေတာ္ေတာ္တိုးတက္ပါတယ္။ အဆင္ေျပပါတယ္။ အဆင့္ျမင့္ပါတယ္။ အစစအရာရာ ျပည့္စုံပါတယ္။

CRI အသံလႊင့္ဌာန။      ။ ကြမ္ရွီးျပည္နယ္ရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈအျဖစ္ ဘာေတြကို ဆရာမေတြ႕ျမင္ခံစားခဲ့ရလဲ ။

ဆရာမေဒၚဝတီသြင္။    ။ ကြၽန္မစေရာက္ကာစ ၂၀၀၈ ခုႏွစ္တုန္းကဆိုရင္ ဥပမာအားျဖင့္ ကြၽန္မေနတဲ့ေနရာ ေဒသေလးကိုပဲ ကြၽန္မေျပာျပမယ္ေနာ္။ ကြၽန္မေနတဲ့ေနရာဟာကြမ္ရွီးတိုင္းရင္းသားလူမ်ိဳးစုတကၠသိုလ္ အဲဒီတကၠသိုလ္ ေလးဟာကြၽန္မစေရာက္ကာစကဆင္ေျခဖုံးရပ္ကြက္ေလးလိုပဲ ကြၽန္မတို႔ျမန္မာႏိုင္ငံမွာရွိတဲ့ တကၠသိုလ္ေတြလိုမဟုတ္ဘူး။ ကြၽန္မေနတဲ့တကၠသိုလ္ရွိတဲ့လမ္းဟာတ႐ႊယ္လုတဲ့ တကၠသိုလ္လမ္းမႀကီးလို႔ ေခၚတယ္။ အဲဒီလမ္းမႀကီးကအရွည္ႀကီးပါ။ ေတာ္ေတာ္ရွည္ပါတယ္။ အဲဒီရွည္လ်ားတဲ့လမ္းမႀကီးမွာ ကြမ္ရွီး တကၠသိုလ္တို႔ တကၠသိုလ္ေကာလိပ္ေတြမွန္သမွ် အဲဒီေနရာေတြမွာအားလုံးစုထားတာ။ ကြၽန္မေရာက္ကာစက ကြၽန္မအခုေနတဲ့တကၠသိုလ္ဟာဆင္ေျခဖုံးတကယ့္ဆင္ေျခဖုံးေလး။ သိပ္လည္းမစည္ကားဘူး။ သိပ္လည္းဖြံ႕ၿဖိဳး တိုးတက္မႈမရွိဘူး။ ကြၽန္မတို႔ေက်ာင္းကေနဆက္ၿပီးသြားလိုက္လို႔ရွိရင္ ႐ြာကေလးေတြလိုပဲရွိတယ္။ အဲဒီကေနၿပီး ေတာ့ အခု (၁၀)ႏွစ္အၾကာမွာတစ္ဟုန္ထိုး ႀကိဳးစားၿပီးတဲ့အခါမွာတည္ေဆာက္ျပဳျပင္ေရးအမ်ားႀကီးကို ဆက္ တိုက္လုပ္တဲ့အခါ တကယ္ၿမိဳ႕ ကြၽန္မတို႔အခုေနတဲ့ေက်ာင္းဟာအခုၿမိဳ႕ထဲကိုေရာက္သြားပါၿပီ။ နန္နင္းၿမိဳ႕ရဲ႕ ဧရိယာထဲကိုေရာက္သြားပါၿပီ။

 ၿပီးေတာ့ ကြၽန္မေရာက္ခါစတုန္းကဘတ္စ္ကားေတြဘာေတြေလာက္ပဲရွိတာေပါ့ေနာ္။ ဒါေပမယ့္ အခု (၁၀)ႏွစ္အတြင္းမွာဘာျဖစ္လာၿပီလဲဆိုေတာ့ ေျမေအာက္ရထားျဖစ္လာပါၿပီ။ ေျမေအာက္ရထားအခု (၂)လိုင္းဖြင့္ပါတယ္။ သူတို႔ရဲ႕ရည္႐ြယ္ခ်က္ကေတာ့ (၁၀)လိုင္းဖြင့္မယ္လို႔ေျပာတာေပါ့ေနာ္။ အခု (၂)လိုင္းဖြင့္ၿပီးတာေတာင္မွ ဒီနန္နင္းၿမိဳ႕ထဲမွာေတာ္ေတာ္ကိုသြားရလာရအရမ္းအဆင္ေျပပါတယ္။ အခ်ိန္ကုန္လည္းသက္သာတယ္။ ၿပီးေတာ့ သန႔္ရွင္းေရး၊ သာယာေရး၊ ေလထုညစ္ညမ္းမႈ ထိန္းသိမ္းေရးေတြကိုသူတို႔ကဦးစားေပးၿပီးေတာ္ေတာ္ကိုလုပ္ပါတယ္။ သစ္ပင္ေတြဘာေတြစိုက္ထားတာ ျမက္ပင္ေတြဘာေတြစိုက္ထားတာေတြ အျပင္ စက္နဲ႔ေလမႈတ္ၿပီးတဲ့အခါ မိုး႐ြာခ်သလိုမိုးဖြားေလးေတြ႐ြာသလိုလုပ္ၿပီးအဲဒီေလထဲမွာရွိတဲ့ဖုန္မႈန႔္ေတြ ဘာေတြကိုထိန္းထားတဲ့စနစ္ေတြကအၿမဲတမ္းကားႀကီးေတြနဲ႔လွည့္ပတ္ၿပီးလုပ္ေနတာဒါေၾကာင့္မို႔ ဒီမွာေနရတာတကယ္စိတ္ထဲမွာသန႔္တယ္လို႔ခံစားရတယ္ ေလထုကေပါ့ေနာ္။

 ကြၽန္မအရင္ကနန္နင္းကေနေဘက်င္းကိုသြားလည္ဖူးတယ္ (၂၀၁၀)ေလာက္ထင္ပါတယ္။ သြားလည္တဲ့အခါ သြားတဲ့အခ်ိန္က ေႏြဦးရာသီပါ။ ေႏြဦးရာသီေဘဂ်င္းကိုေရာက္တဲ့အခါ ေဘက်င္းမွာ ပတ္ဝန္းက်င္မွာအမႈန္ေတြလြင့္ပ်ံ႕ၿပီးေလထုကမသန႔္ရွင္းပါဘူး။ အဲေတာ့ သူတို႔က ကြၽန္မကိုေမးတယ္“ဆရာမေဘက်င္းနဲ႔နန္နင္းနဲ႔ ဘယ္ေနရာကိုႀကိဳက္လဲ၊ ဘယ္ဘက္ကိုသေဘာက်လဲ” လို႔ေမးတယ္။ ကြၽန္မကေတာ့ သူတို႔ကိုေျဖခဲ့ပါတယ္။ “ေဘက်င္းကေတာ့ ေရွးေဟာင္းၿမိဳ႕ေတာ္ႀကီးျဖစ္တယ္၊ တိုးတက္တဲ့ ၿမိဳ႕ေတာ္ႀကီးျဖစ္တယ္၊ ေရွးေဟာင္းေနရာေဒသေတြလည္းသြားလည္ရတာ ႀကိဳက္ပါတယ္။ ဒါေပမယ့္ ကြၽန္မအႀကိဳက္ဆုံးေနရာကေတာ့ နန္နင္းပါပဲ။ နန္နင္းကိုဘာေၾကာင့္ႀကိဳက္တာလဲဆိုရင္ နန္နင္းက သဘာဝသစ္ေတာနဲ႔တူတယ္။ သန႔္ရွင္းတဲ့ ေလကိုရႈရတယ္။ ပတ္ဝန္းက်င္ကလည္း စိမ္းလန္းစိုျပည္တယ္”ဒါ့ေၾကာင့္မို႔လို႔ ကြၽန္မကနန္နင္းကိုအႀကိဳက္ဆုံးပါပဲလို႔ ေျဖခဲ့ပါတယ္။

CRI အသံလႊင့္ဌာန။      ။ ဟုတ္ကဲ့ပါဆရာမ..နန္နင္းကလည္းကြမ္ရွီးျပည္နယ္ထဲမွာရွိတယ္။ ဒါ့ေၾကာင့္ကြမ္ရွီးျပည္နယ္ဟာဆိုရင္လည္းသာယာလွပၿပီးေနခ်င္စဖြယ္ျပည္နယ္တစ္ခုျဖစ္တယ္လို႔ သတင္းႀကီးေနတာေပါ့ေနာ္။ ဆရာမဆီမွာ ျမန္မာစာလာသင္တဲ့ တ႐ုတ္က်ာင္းသား၊ ေက်ာင္းသူကေရာ အခုဆိုဘယ္ႏွစ္ေယာက္ေလာက္ ရွိေနၿပီလဲ။

ဆရာမေဒၚဝတီသြင္။    ။ ဒီမွာေရာက္ကာစကအတန္းတစ္တန္းမွာလူ (၁၂)ေယာက္၊ (၁၃)ေယာက္အဲေလာက္ပဲေပါ့ေနာ္။ ဒါပေမယ့္ အခုေနာက္ပိုင္းေလးငါးေျခာက္ႏွစ္အတြင္းမွာေက်ာင္းသူ၊ ေက်ာင္းသားအေရအတြက္ကတစ္တန္းတစ္တန္းဆိုရင္ လူႏွစ္ဆယ္ေက်ာ္ ႏွစ္ဆယ္ပတ္ဝန္းက်င္ေပါ့ေနာ္ အဲဒီေလာက္ေတြျဖစ္လာတဲ့အခါက်ေတာ့ ဆယ္ႏွစ္ေလာက္အတြင္းမွာေတာ္ေတာ္မ်ားလာတယ္။ ေက်ာင္းကလဲ ျမန္မာႏိုင္ငံနဲ႔ပတ္သက္တဲ့လုပ္ငန္းေတြမွာလုပ္ဖို႔အတြက္ လိုအပ္ခ်က္အရဆိုေတာ့ ေတာ္ေတာ္ကိုမ်ားလာတယ္။ ကြၽန္မတို႔ေက်ာင္းကအာဆီယံဘာသာစကားေတြသင္ၾကားတာနဲ႔ပတ္သက္ၿပီးေတာ့လည္းနာမည္ရွိတယ္ေလ။ ဒါေၾကာင့္မို႔ ေက်ာင္းသူ၊ ေက်ာင္းသားကေတာ့ ေတာ္ေတာ္မ်ားလာပါတယ္။

CRI အသံလႊင့္ဌာန။      ။ ဆရာမတပည့္ေတြက အခုဘာအလုပ္ေတြကို လုပ္ေနၾကလဲဆရာမ။

ဆရာမေဒၚဝတီသြင္။    ။ ကြၽန္မတပည့္ေတြထဲမွာ    ရွိတဲ့လူေတြကေတာ့ အခုေတာ္ေတာ္မ်ားမ်ားကိုေျပာရမယ္ ဆိုရင္ ျမန္မာႏိုင္ငံမွာရွိတဲ့ ကုမၸဏီေတြမွာတ႐ုတ္အစိုးရရဲ႕ကုမၸဏီေတြမွာလုပ္ေနတဲ့သူေတြအမ်ားႀကီးပါပဲ။ အခုအင္တာဗ်ဴးလုပ္ေနတဲ့ ႏြယ္ႏြယ္၊ဟုန္ခြၽမ္ခြၽမ္ဆိုရင္လည္း ကြၽန္မတို႔ေက်ာင္းကၿပီးတဲ့ကြၽန္မတို႔တပည့္ပါပဲ။

CRI အသံလႊင့္ဌာန။      ။ မေမ့ႏိုင္စရာေကာင္းတဲ့ အမွတ္တရတစ္ခုကိုေျပာပါဆိုရင္ ဆရာမဘယ္လို အေၾကာင္းအရာေလးကိုေျပာမလဲရွင့္။

ဆရာမေဒၚဝတီသြင္။    ။ အဲဒါကိုေျပာမယ္ဆိုရင္ ကြၽန္မကဒီေက်ာင္းကိုလာဖို႔အတြက္ ကြၽန္မကိုေခၚခဲ့တဲ့ ဆရာ၊ ဆရာမ ႏွစ္ေယာက္ရွိပါတယ္။ တစ္ေယာက္ကေတာ့ ဆရာကိုေအာင္လင္းဆိုတဲ့ဆရာ၊ ေနာက္ဆရာမ တစ္ေယာက္ ကေတာ့ ေဒၚရီရီဝင္းဆိုတာ ဒီမွာရွိတယ္။ ကြၽန္မကိုဒီကိုေခၚတဲ့ ကြၽန္မရဲ႕တပည့္ေဟာင္းေတြ ေပါ့ေနာ္။ ဒီတပည့္ေတြရဲ႕သံေယာဇဥ္နဲ႔လာခဲ့တာေလ။ ဒီတပည့္ေတြရဲ႕သံေယာဇဥ္နဲ႔လာခဲ့ၿပီးတဲ့အခါ သူတို႔ဘာလုပ္ခ်င္ တာလဲ။ ကြမ္ရွီးကေနၿပီးေတာ့ ဖတ္စာအုပ္ေလးလုပ္ခ်င္တာ..ဒါ့ေၾကာင့္မို႔လို႔ ကြၽန္မအခု (၁၀)ႏွစ္အတြင္းမွာဖတ္စာအုပ္ေလးျပဳစုၿပီးပါၿပီ။ မၾကာခင္မွာဖတ္စာအုပ္ေတြ ထုတ္ပါေတာ့မယ္။

CRI အသံလႊင့္ဌာန။      ။ ဟုတ္ကဲ့ပါ ဆရာမရွင္..ကြမ္ရွီးျပည္နယ္မွာေရာက္ေနတဲ့ျမန္မာတစ္ေယာက္အေနနဲ႔ ကြမ္ရွီးျပည္နယ္ ကေနကိုယ့္ႏိုင္ငံအတြက္ ဘယ္လိုဗဟုသုတ၊ အေတြးအေခၚ နည္းပညာေတြကိုရရွိၿပီးေတာ့ ကိုယ့္ရဲ႕ ႏိုင္ငံမွာဘယ္လိုျပန္လဲအသုံးခ်သြားမလဲ၊ ဘယ္လိုျပန္လဲအသုံးခ်ႏိုင္မလဲဆိုတာကိုသိပါရေစရွင္။

ဆရာမေဒၚဝတီသြင္။    ။ ဟုတ္ပါတယ္..ကြၽန္မကလည္းဟိုကေနလာတဲ့အခါ ဆရာမတစ္ေယာက္အေနနဲ႔ အႏွစ္ (၂၀)ေက်ာ္သင္ၿပီးေတာ့မွ ပင္စင္ယူၿပီးေတာ့မွ အလုပ္ကေနအနားယူၿပီးေတာ့မွ ကြၽန္မဒီကိုေရာက္လာတာေလ။ ေရာက္လာတဲ့အခါက်ေတာ့ဒီကေက်ာင္းသားေတြကသိပ္ကိုႀကိဳးစားတာပဲ။ ျမန္မာႏိုင္ငံမွာရွိတဲ့ ေက်ာင္းသူ ၊ေက်ာင္းသားေတြကိုလည္းဒီလိုမ်ိဳးႀကိဳးစားေစခ်င္တယ္။ကြၽန္မကဟိုမွာစာသင္တဲ့အခါလည္းကေလးေတြကိုစာသင္တာတစ္ခုတည္း

မဟုတ္ဘဲအသိအလိမၼာ၊ အတတ္ပညာေတြ ၊ အေတြးအေခၚ၊ အယူအဆေတြကိုတိုးတက္ေစခ်င္တယ္။ ဒီမွာက်ေတာ့ ကေလးေတြကေတာ္ေတာ္ ကိုယ့္အားကိုယ္ကိုးၿပီးလူႀကီးေတြဆန္တယ္။

မိဘေတြကငယ္ငယ္ကတည္းကကေလးေတြကိုေက်ာင္းအိပ္ေက်ာင္းစားပို႔ထားလိုက္တဲ့အခါ သူတို႔ဘာသာသူတို႔ ကိုယ့္အားကိုယ္ကိုးၿပီးလုပ္တာေတြအမ်ားႀကီးပဲ။ ေတာ္ေတာ္လူႀကီးဆန္တယ္။ ဒါေပမယ့္ ျမန္မာႏိုင္ငံကတခ်ိဳ႕ ကေလးေတြ လူႀကီးမဆန္ဘူးလို႔ မရင့္က်က္ဘူးလို႔ ေျပာခ်င္တာမဟုတ္ဘူးေနာ္။ ဒါေပမယ့္ ဒီကကေလးေတြကေတာ္ေတာ္ရင့္က်က္တယ္။ ဒါေၾကာင့္မို႔ ကြၽန္မစိတ္ထဲမွာကိုယ့္ႏိုင္ငံမွာျပန္ၿပီးေတာ့ ကေလးေတြကိုပညာမွ်ေဝေပးခ်င္ေပမယ့္ ကြၽန္မအခုအသက္ (၆၀)ျပည့္ၿပီေလ ကြၽန္မလည္းေနာက္ႏွစ္ ဇူလိုင္လဆိုအသက္ (၆၀)ျပည့္ၿပီဆိုေတာ့ ကြၽန္မပင္စင္ယူၿပီးေတာ့ ျပန္မွာပါ။ ျမန္မာႏိုင္ငံမွာေတာ့ ကြၽန္မအတြက္ အလုပ္လုပ္ဖို႔ မရွိေပမယ့္ ဒီကကေလးေတြ သင္ၾကားရတာ သူတို႔ရဲ႕ပတ္ဝန္းက်င္၊ သူတို႔သင္ၾကားရတဲ့ Facility အျပည့္အစုံေပါ့ေနာ္ စာသင္ၾကားရတဲ့အခါ လိုအပ္တာအားလုံးျပည့္စုံတယ္။ အေဆာင္ေတြနဲ႔စာသင္ခန္းေတြနဲ႔ အဆင့္ျမင့္ျမင့္သင္ရတာဒါေၾကာင့္မို႔လို႔ ျမန္မာျပည္မွာလည္းအရမ္းျဖစ္ေစခ်င္ ပါတယ္။ ကြၽန္မလည္းကေလးေတြကို ျပန္ၿပီးေတာ့ စာသင္ခ်င္ပါတယ္။ ဒါေပမယ့္ ကြၽန္မအသက္အတိုင္းအတာအရဆိုရင္  ဟိုေရာက္ရင္ ပင္စင္ယူၿပီဆိုေတာ့ ဆက္ၿပီးေတာ့ သင္ျဖစ္မွာမဟုတ္ေတာ့ပါဘူး။

CRI အသံလႊင့္ဌာန။      ။ ဟုတ္ကဲ့ပါဆရာမရွင္..ကြမ္ရွီးျပည္နယ္ႀကီး ႏွစ္ (၆၀) အတြင္းတိုးတက္ေျပာင္း လဲလာမႈအေပၚ ဆရာမရဲ႕ ဝမ္းသာပီတိစကားသံကိုလဲ ၾကားသိပါရေစဆရာမရွင္။

ဆရာမေဒၚဝတီသြင္။    ။ ကြမ္ရွီးျပည္နယ္ရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးေဒသျဖစ္တာ ႏွစ္ေပါင္း (၆၀)ျပည့္တဲ့အခ်ိန္မွာ ကြၽန္မအသက္နဲ႔လဲမတိမ္းမယိမ္းျဖစ္ေနတယ္ေလ။ ဒီႏွစ္ (၆၀)ျပည့္ၿပီးရင္ ကြၽန္မလည္းေနာက္ႏွစ္ဇူလိုင္လဆိုအသက္ (၆၀)ျပည့္မယ္ဆိုေတာ့ ကြမ္ရွီးျပည္နယ္ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးေဒသဟာ ကြၽန္မရဲ႕အသက္နဲ႔ အတူအမွ် ျဖစ္တဲ့အတြက္ တကယ္အမွတ္တရအေနနဲ႔ ရွိမွာပါ။ကြမ္ရွီးျပည္နယ္ကိုလဲဒီထက္ပိုၿပီးေတာ့ တိုးတက္လာလိမ့္ မယ္လို႔ ကြၽန္မေမွ်ာ္လင့္ပါတယ္။ တိုးတက္လာမွာလဲေသခ်ာပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတို႔ကတကယ္ႀကိဳးစားၿပီးတကယ္လုပ္ပါတယ္။ အဆင့္ဆင့္ေပါ့ေနာ္။ လူႀကီးကေနစၿပီးလူငယ္အထိအကုန္လုံးေသေသခ်ာခ်ာလုပ္ၾကကိုင္ၾကတာကိုကိုယ့္ရဲ႕မ်က္စိေရွ႕မွာေတြ႕ေနရတဲ့အတြက္မို႔ တကယ္အားက်မိပါတယ္။ ကိုယ့္ႏိုင္ငံကိုလည္းသူတို႔ႏိုင္ငံတိုးတက္သလိုသူတို႔ျပည္နယ္ေဒသတိုးတက္သလိုတိုးတက္ေစခ်င္တဲ့စိတ္ေတြ ခံစားမိပါတယ္။

CRI အသံလႊင့္ဌာန။      ။ ဟုတ္ကဲ့ပါဆရာမရွင္..ဆရာမအေနနဲ႔ တျခားျဖည့္စြက္ေျပာၾကားခ်င္တာ မ်ားရွိရင္လဲေျပာၾကားေပးပါဦးရွင္။

ဆရာမေဒၚဝတီသြင္။    ။ ကြမ္ရွီးျပည္နယ္ကဒီ့ထက္ဒီ့ထက္ ပိုတိုးတက္ဖို႔ပဲရွိပါတယ္။ တျခားျပည္နယ္ေတြ ကြၽန္မဟူနန္တို႔ယူနန္တို႔ ၿပီးေတာ့ ဟိုဘက္ကဟန္က်ိဳးတို႔ေဘက်င္းတို႔ေတာ္ေတာ္မ်ားမ်ားေရာက္ဖူးပါတယ္။ ေရာက္ဖူးေပမယ့္ ဒီကြမ္ရွီးေလာက္ သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းႏိုင္တာသန႔္ရွင္းမႈကိုထန္းသိမ္းႏိုင္တာ၊ ေလထုညစ္ညမ္းမႈ သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းႏိုင္တာတကယ္ေတာ္တယ္။ ကြၽန္မအားက်မိတယ္။ သေဘာက်မိတယ္။ ဒါေၾကာင့္မို႔လို႔ ကြမ္ရွီးျပည္နယ္ဟာအရွိန္အဟုန္နဲ႔တိုးတက္ဖို႔ ႀကိဳးစားေနတယ္။ ႀကိဳးစားေနသလိုပဲတစ္ဖက္မွာလဲသူက သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး သဘာဝမညစ္ညမ္းေအာင္ လုပ္ေနတာေတြကိုမ်က္စိေရွ႕မွာေတြ႕ေနရတဲ့အတြက္ ကြမ္ရွီးျပည္နယ္ဟာဒီထက္ ပိုတိုးတက္မွာပါလို႔ ကြၽန္မယုံၾကည္တဲ့ အေၾကာင္းေျပာခ်င္ပါတယ္။

CRI အသံလႊင့္ဌာန။      ။ ဟုတ္ကဲ့ပါဆရာမရွင္… ကြမ္ရွီးျပည္နယ္ႀကီး ႏွစ္ (၆၀)ျပည့္အထိမ္းအမွတ္ အခမ္းအနားအေၾကာင္းကိုဆရာမအေနနဲ႔ အခုလိုမ်ိဳးေျဖၾကားေပးတဲ့အတြက္ေၾကာင့္ အထူးပဲေက်းဇူးတင္ရွိပါတယ္ရွင္။

ဆရာမေဒၚဝတီသြင္။    ။ ဟုတ္ကဲ့ပါ..ကြၽန္မလဲေက်းဇူးတင္ပါတယ္ရွင္။

 ေမးျမန္းသူ- စုသက္မႉး (suthet)