【 ‌ဆောင်းပါး 】 “အမိနိုင်ငံအတွက် ပေးဆပ်မှာလား ရယူမှာလား”

【 ‌ဆောင်းပါး 】 “အမိနိုင်ငံအတွက် ပေးဆပ်မှာလား ရယူမှာလား”

“ဒီကမ္ဘာကြီးမှာ ကိုယ့်ကိုယ်ကိုလူကောင်းတစ်ယောက်အဖြစ်ရှိနေတာကို ဘယ်တော့မှမရပ်တန့်လိုက်ပါနဲ့” ဆိုတဲ့ စကားလေးက နားထဲမှာစွဲနေပါတယ်။ဒီစကားကိုပြောခဲ့သူကတော့ ရောဂါဗေဒပညာရှင် ဒေါက်တာဆာဒနာရှင်ဂရာပဲ ဖြစ်ပါတယ်။ဆာဒနာဒင်ဂရာကတော့ ဒီကမ္ဘာကြီးမှာ မကောင်းတဲ့သူတွေရှိနေတဲ့အတွက်ကြောင့် လူကောင်းအဖြစ်ရှိနေတာကို မရပ်တန့်လိုက်ဖို့ တိုက်တွန်းထားတာပါ။ဆာဒနာရဲ့ ရည်ရွယ်ချက်က မကောင်းတဲ့လူတွေကြောင့် လူကောင်းအဖြစ်ကနေ လူဆိုးဖြစ်သွားမှာကို မလိုလားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ဒီကမ္ဘာကြီးမှာ မကောင်းတဲ့သူတွေကြောင့် ပဋိပက္ခတွေဖြစ်ပွားနေကြရတယ်။အကြမ်းဖက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်ပွားနေကြရတာဖြစ်ပါတယ်။မကောင်းတဲ့သူတွေကြောင့် ဆိုးသွမ်းမှု၊ ညစ်ပတ်မှု၊ တစ်ကိုယ်ကောင်းဆန်မှုတွေနဲ့ ရက်စက်ယုတ်မာမှုတွေက စိတ်ထားကောင်းမြတ်မှုတွေအပေါ် ကြီးစိုးလွှမ်းမိုးသွားမယ်ဆိုရင် ဒီကမ္ဘာကြီးမှာ အကောင်းထက်အဆိုး၊ အဖြူထက်အမည်း၊ အလင်းထက် အမှောင်တွေသာ လွှမ်းခြုံပြီး ကမ္ဘာကြီးနဲ့ သာယာလှပမှုတွေကို အရုပ်ဆိုး၊ အကျည်းတန်သွားစေမှာဖြစ်ပါတယ်။

Black Beauty ၀တ္ထုကို ရေးသားခဲ့တဲ့ စာရေးဆရာမ အန်နာဆီးဝဲလ်ကတော့ “ကောင်းမွန်တဲ့လူတွေက ကောင်းမွန်တဲ့နေရာတွေကို ဖန်တီးကြတယ်” လို့ ဆိုခဲ့ဖူးပါတယ်။မှန်ပါတယ်။ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာမဆို လူကောင်းလူမွန်တွေကသာ လှပသာယာတဲ့ နိုင်ငံတစ်နိုင်ငံကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ဒါပေမယ့်လည်း ဘယ်နေရာမဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေတယ်ဆိုတဲ့အတိုင်း ကမ္ဘာလောကမှာ လူကောင်းချည်းပဲတော့လည်း ရှိနေတယ်တော့လည်းမဟုတ်ပါဘူး။တကယ်တော့ ဆန့်ကျင်ဘက်နှစ်ခု ထိပ်တိုက်တွေ့ဆုံတိုင်း ပဋိပက္ခဆိုတာ ရှိနေဦးမှာဖြစ်ပါတယ်။
သိပ္ပံတွေးခေါ်ပညာရှင် အိုင်းစတိုင်းကတော့  “ကြီးမြတ်တဲ့စိတ်ထားရှိသူတွေဟာ စိတ်ထားသေးသိမ်သူတွေရဲ့ ဆန့်ကျင်တိုက်ခိုက်မှုကို ရင်ဆိုင်ရတတ်တယ်” လို့ ဆိုပါတယ်။

ဒါဆိုရင်တော့ ကြီးမြတ်တဲ့စိတ်ထားရှိသူနဲ့ စိတ်ထားသေးသိမ်သူတွေဆိုတာ ဘယ်လိုလူတွေလဲ။ဆိုရရင် ကြီးမြတ်တဲ့စိတ်ထားရှိသူတွေဟာ လောကကောင်းကျိုး၊ အများကောင်းကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံတတ်တဲ့ အာဇာနည်စိတ်ထားမျိုး ရှိသူတွေဖြစ်တယ်။
စိတ်ထားသေးသိမ်သူတဲ့သူတွေ ဆိုတာကတော့ အများအကျိုးအတွက် အနစ်နာခံ သယ်ပိုးဆောင်ရွက်နေသူတွေကို ဝန်တိုမစ္ဆရိယစိတ်နဲ့ အနှောင့်အယှက်ပြုပြီး လောကကောင်းကျိုးကို ဖျက်ဆီးနေသူတွေပဲဖြစ်တယ်။တကယ်တော့ ကြီးမြတ်တဲ့စိတ်ထားရှိသူတွေဟာ ပေးဆပ်သူသက်သက်ဖြစ်ပြီး စိတ်ထားသေးသိမ်သူတွေကတော့ ကိုယ်ကျိူးရှာအမြတ်ထုတ်တတ်တဲ့ ရယူလိုသူတွေသာ ဖြစ်ပါတယ်။ကြီးမြတ်တဲ့စိတ်ထားရှိသူတွေဟာ စိတ်ထားမြင့်မြတ်သူတွေဖြစ်တဲ့အတိုင်း အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံဖို့ ဝန်မလေးသူတွေဖြစ်တယ်။
ဒီသဘောကို ငါးရာ့ငါးဆယ်နိပါတ်တော်ထဲက မဟာကဝိမျောက်မင်းက သူ့ရဲ့အမျိုးအဆွေ နောက်လိုက်နောက်ပါတွေ ပျက်စီးမယ့်ဘေးကနေ ကင်း‌‌ဝေးစေဖို့အတွက် အသက်စွန့်ကယ်တင်ပေးခဲ့ပုံဟာ ထင်ရှားတဲ့သာဓကတစ်ရပ်လဲ ဖြစ်ပါတယ်။လက်ရှိ မျက်မှောက်ခေတ်ကာလမှာဆိုရင်လည်း နိုင်ငံတော်အတွက် တစ်မျိုးသားလုံးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေ အများအပြားရှိနေပါတယ်။အာဇာနည်သူရဲကောင်းဆိုတာ ယုံကြည်ချက်အတွက် အသက်စွန့်ဝံ့သူဖြစ်တယ်။ယုံကြည်ချက်အတွက် အနစ်နာခံဝံ့သူတွေသာဖြစ်တယ်။ယုံကြည်ချက်အတွက် ပေးဆပ်ဝံ့သူတွေလည်းဖြစ်ပါတယ်။

ပေးဆပ်သူတွေဆိုတာ ကိုယ်ကျိုးထက် အများအကျိုးအတွက် ကိုယ်ကျိုးစွန့်ဝံ့သူ၊ အနစ်နာခံဝံ့သူ၊ သမာသမတ်ရှိသူ၊ တည်ကြည်ဖြောင့်မတ်သူတွေဖြစ်ပြီး အဲ့ဒီလိုလူတွေကသာ သူတို့နိုင်ငံအတွက် သူတို့နိုင်ငံသားတွေအတွက် အသက်နဲ့ရင်းပြီးကာကွယ်စောင့်ရှောက်ဖို့ ဝန်မလေးသူတွေဖြစ်ပါတယ်။

မိမိတို့နိုင်ငံရဲ့ အာဇာနည်သူရဲကောင်းတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုရင် မိမိတို့နိုင်ငံအတွက် ကြီးမြတ်တဲ့စိတ်ထားပိုင်ရှင် အာဇာနည်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ဗိုလ်ချုပ်က သူ့ဘ၀တစ်လျှောက်လုံး နိုင်ငံလွတ်လပ်ရေးအတွက် သူ့အသက်ကို အလဲအထပ်လုပ်ပြီး နိုင်ငံအတွက် ပေးဆပ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ဗိုလ်ချုပ်ကို ကြီးမြတ်တဲ့စိတ်ထားရှိသူတစ်ဦးဟာ ဂဠုန်ဦးစောလို စိတ်ထားသေးသိမ်ပြီး ရယူလိုသူတစ်ဦးကြောင့် အချိန်မတိုင်မီ ကြွေလွင့်ခဲ့ရတာဟာ မိမိတို့နိုင်ငံအတွက် အလွန်နစ်နာလှတဲ့ ဆုံးရှုံးမှုပဲဖြစ်ပါတယ်။

ယနေ့အချိန်ကာလမှာ မိမိတို့နိုင်ငံအတွက် ပေးဆပ်လိုသူနဲ့ ရယူလိုသူတွေ ဘယ်နှယောက်ရှိနေလည်းဆိုတာ ကောင်းစွာဝေခွဲမှန်းဆလို့မရဘူးဆိုပေမယ့် ပြီးခဲ့တဲ့ ဆယ်စုနှစ်အချိန်ကာလတွေအတွင်း နိုင်ငံရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုကနေ နိုင်ငံအတွက် ပေးဆပ်လိုသူတွေကို မျက်ဝါးထင်ထင် တွေ့ခဲ့ကြရပြီးဖြစ်ပါတယ်။ဒါပေမယ့် ဒီမိုကရေစီအရေးတော်ပုံကာလအပြီး နိုင်ငံတော်တည်ဆောက်ပြုပြင်ရေးကာလမှာ မိမိတို့နိုင်ငံကို ကသောင်းကနင်းဖြစ်အောင် အနှောင့်အယှက်ပြုလိုသူတွေ၊ အဖျက်အမှောင့်ပြုလိုသူတွေ ရှိနေတာကိုလည်း စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့မြင်လာခဲ့ကြရပါတယ်။

တကယ်တော့ လောကမှာ အမှောင်နဲ့ အလင်း၊ အမည်းနဲ့ အဖြူ၊ အဆိုးနဲ့ အကောင်းဆိုတာ ဒွန်တွဲရှိနေတတ်တယ်ဆိုပေမယ့် အမှောင်ကြီးစိုးရင် အလင်ပျောက်ကွယ်သွားမှာဖြစ်သလို အမည်းပိတ်ဖုံးလာမယ်ဆိုရင် အဖြူကွယ်ပျောက်သွားမှာဖြစ်တယ်။အဲ့ဒီလိုပါပဲ အဆိုးတွေလွှမ်းမိုးလာရင်လည်း အကောင်းတွေဆိတ်သုဉ်းသွားတတ်ပါတယ်။လတ်တလော မိမိတို့နိုင်ငံရဲ့ အနေအထားကိုကြည့်ရင် မိမိတို့နိုင်ငံမှာ စိတ်ထားကြီးမြတ်ပြီး နိုင်ငံအတွက် ပေးဆပ်မယ့်သူထက် စိတ်ထားသေးသိမ်ပြီး ကိုယ်ကျိုးအတွက် ရယူသူတွေလားဆိုတာ ဝေဖန်ပိုင်းခြားကြည့်သင့်တဲ့အချိန်ကို ရောက်နေပြီလို့ ဆိုချင်ပါတယ်။

ဆိုရရင် မိမိတို့ဟာ မိမိတို့နိုင်ငံရဲ့ ဒီမိုကရေစီဖြစ်ပေါ်တိုးတက်ရေးခရီးလမ်းမှာ နိုင်ငံအတွက် ပေးဆပ်လိုသူတွေလား၊ ဒါမှမဟုတ် ရယူလိုသူတွေလား၊ ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင် မိမိတို့နိုင်ငံကို အကောင်းဘက်ကိုရွေ့ဖို့ ကြိုးပမ်းအားထုတ်နေချိန်မှာ အဖျက်သဘောထက် အပြုသဘောဆောင်တဲ့သူဖြစ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ဒီလိုပြောရတဲ့ အကြောင်းလဲရှိပါတယ်။မိမိတို့နိုင်ငံမှာ အပြောင်းအလဲကိုဖော်ဆောင်ဖို့ ကြိုးပမ်းနေတဲ့ ကာလတစ်လျှောက်လုံး အကောင်းထက် အဆိုးဘက်ကိုရွေ့အောင် လုပ်ဆောင်နေသူတွေ၊ အလင်းထက် အမှောင်ဘက်ကို တွန်းပို့နေသူတွေ၊ အဖြူထက် အမည်းကို ဖုံးလွှမ်းလိုသူတွေကို အမြဲမပြတ်တွေ့နေရတဲ့အတွက် ဖြစ်ပါတယ်။

တကယ်တော့ ဒီမိုကရေစီဖြစ်ထွန်းတိုးတက်ရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ နိုင်ငံတစ်နိုင်ငံအတွက် ဆန့်ကျင်ဘက်အားပြိုင်မှုတွေကင်းဝေးပြီး ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ ပေါင်းစည်းညီညွတ်ဖို့ လိုအပ်နေတဲ့အချိန်လည်းဖြစ်ပါတယ်။ဒီလိုအချိန်မျိုးမှာ မိမိတို့နိုင်ငံအတွက် လူဆိုးလူမိုက်တွေမလိုဘူး။ကိုယ်ကျိုးသက်သက်ကြည့်သူတွေမလိုဘူး။ရယူလိုသူတွေမလိုဘူး။မိမိတို့နိုင်ငံမှာ တကယ်လိုအပ်နေတာ လူကောင်းလူမွန်တွေ၊ တိုင်းကျိုးပြည်ကျိုးပြုမယ့်သူတွေ၊ ပေးဆပ်လိုသူတွေပဲဖြစ်တယ်။

ဆိုရရင် မိမိတို့နိုင်ငံအတွက် မိမိတို့ကကော ဘယ်အခန်းကဏ္ဍကနေ ပါဝင်ကြမှာလဲ၊ နိုင်ငံအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ပေးဆပ်သူတွေအဖြစ်နဲ့လား…ဒါမှမဟုတ် ကိုယ်ကျိုးစီးပွားအတွက် အမြတ်ထုတ်ရယူလိုသူတွေအဖြစ်နဲ့လား ဒါဟာ ဒီနေ့အချိန်အခါမှာ အမိနိုင်ငံရဲ့ ပြုပြင်တည်ဆောက်ရေးလုပ်ငန်းစဉ်မှာ မိမိတို့အနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လာမှာလဲ စေ့စေ့ငုငုတွေးကြည့်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။     

မြင့်နောင်မိုး
ဖေဖော်ဝါရီ - ၂၉

( Zawgyi )

“ဒီကမာၻႀကီးမွာ ကိုယ့္ကိုယ္ကိုလူေကာင္းတစ္ေယာက္အျဖစ္ရွိေနတာကို ဘယ္ေတာ့မွမရပ္တန႔္လိုက္ပါနဲ႔” ဆိုတဲ့ စကားေလးက နားထဲမွာစြဲေနပါတယ္။ဒီစကားကိုေျပာခဲ့သူကေတာ့ ေရာဂါေဗဒပညာရွင္ ေဒါက္တာဆာဒနာရွင္ဂရာပဲ ျဖစ္ပါတယ္။ဆာဒနာဒင္ဂရာကေတာ့ ဒီကမာၻႀကီးမွာ မေကာင္းတဲ့သူေတြရွိေနတဲ့အတြက္ေၾကာင့္ လူေကာင္းအျဖစ္ရွိေနတာကို မရပ္တန႔္လိုက္ဖို႔ တိုက္တြန္းထားတာပါ။ဆာဒနာရဲ႕ ရည္႐ြယ္ခ်က္က မေကာင္းတဲ့လူေတြေၾကာင့္ လူေကာင္းအျဖစ္ကေန လူဆိုးျဖစ္သြားမွာကို မလိုလားတဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။

ဟုတ္ပါတယ္။ဒီကမာၻႀကီးမွာ မေကာင္းတဲ့သူေတြေၾကာင့္ ပဋိပကၡေတြျဖစ္ပြားေနၾကရတယ္။အၾကမ္းဖက္မႈေတြ၊ ရက္စက္ၾကမ္းၾကဳတ္မႈေတြ ျဖစ္ပြားေနၾကရတာျဖစ္ပါတယ္။မေကာင္းတဲ့သူေတြေၾကာင့္ ဆိုးသြမ္းမႈ၊ ညစ္ပတ္မႈ၊ တစ္ကိုယ္ေကာင္းဆန္မႈေတြနဲ႔ ရက္စက္ယုတ္မာမႈေတြက စိတ္ထားေကာင္းျမတ္မႈေတြအေပၚ ႀကီးစိုးလႊမ္းမိုးသြားမယ္ဆိုရင္ ဒီကမာၻႀကီးမွာ အေကာင္းထက္အဆိုး၊ အျဖဴထက္အမည္း၊ အလင္းထက္ အေမွာင္ေတြသာ လႊမ္းၿခဳံၿပီး ကမာၻႀကီးနဲ႔ သာယာလွပမႈေတြကို အ႐ုပ္ဆိုး၊ အက်ည္းတန္သြားေစမွာျဖစ္ပါတယ္။

Black Beauty ၀တၳဳကို ေရးသားခဲ့တဲ့ စာေရးဆရာမ အန္နာဆီးဝဲလ္ကေတာ့ “ေကာင္းမြန္တဲ့လူေတြက ေကာင္းမြန္တဲ့ေနရာေတြကို ဖန္တီးၾကတယ္” လို႔ ဆိုခဲ့ဖူးပါတယ္။မွန္ပါတယ္။ကမာၻႀကီးရဲ႕ ဘယ္ေနရာမွာမဆို လူေကာင္းလူမြန္ေတြကသာ လွပသာယာတဲ့ ႏိုင္ငံတစ္ႏိုင္ငံကို ဖန္တီးႏိုင္မွာျဖစ္ပါတယ္။ဒါေပမယ့္လည္း ဘယ္ေနရာမဆို အေကာင္းနဲ႔အဆိုး ဒြန္တြဲေနတယ္ဆိုတဲ့အတိုင္း ကမာၻေလာကမွာ လူေကာင္းခ်ည္းပဲေတာ့လည္း ရွိေနတယ္ေတာ့လည္းမဟုတ္ပါဘူး။တကယ္ေတာ့ ဆန႔္က်င္ဘက္ႏွစ္ခု ထိပ္တိုက္ေတြ႕ဆုံတိုင္း ပဋိပကၡဆိုတာ ရွိေနဦးမွာျဖစ္ပါတယ္။
သိပၸံေတြးေခၚပညာရွင္ အိုင္းစတိုင္းကေတာ့  “ႀကီးျမတ္တဲ့စိတ္ထားရွိသူေတြဟာ စိတ္ထားေသးသိမ္သူေတြရဲ႕ ဆန႔္က်င္တိုက္ခိုက္မႈကို ရင္ဆိုင္ရတတ္တယ္” လို႔ ဆိုပါတယ္။

ဒါဆိုရင္ေတာ့ ႀကီးျမတ္တဲ့စိတ္ထားရွိသူနဲ႔ စိတ္ထားေသးသိမ္သူေတြဆိုတာ ဘယ္လိုလူေတြလဲ။ဆိုရရင္ ႀကီးျမတ္တဲ့စိတ္ထားရွိသူေတြဟာ ေလာကေကာင္းက်ိဳး၊ အမ်ားေကာင္းက်ိဳးအတြက္ ကိုယ္က်ိဳးစြန႔္ အနစ္နာခံတတ္တဲ့ အာဇာနည္စိတ္ထားမ်ိဳး ရွိသူေတြျဖစ္တယ္။
စိတ္ထားေသးသိမ္သူတဲ့သူေတြ ဆိုတာကေတာ့ အမ်ားအက်ိဳးအတြက္ အနစ္နာခံ သယ္ပိုးေဆာင္႐ြက္ေနသူေတြကို ဝန္တိုမစၦရိယစိတ္နဲ႔ အေႏွာင့္အယွက္ျပဳၿပီး ေလာကေကာင္းက်ိဳးကို ဖ်က္ဆီးေနသူေတြပဲျဖစ္တယ္။တကယ္ေတာ့ ႀကီးျမတ္တဲ့စိတ္ထားရွိသူေတြဟာ ေပးဆပ္သူသက္သက္ျဖစ္ၿပီး စိတ္ထားေသးသိမ္သူေတြကေတာ့ ကိုယ္က်ိဴးရွာအျမတ္ထုတ္တတ္တဲ့ ရယူလိုသူေတြသာ ျဖစ္ပါတယ္။ႀကီးျမတ္တဲ့စိတ္ထားရွိသူေတြဟာ စိတ္ထားျမင့္ျမတ္သူေတြျဖစ္တဲ့အတိုင္း အမ်ားအက်ိဳးအတြက္ ကိုယ္က်ိဳးစြန႔္ အနစ္နာခံဖို႔ ဝန္မေလးသူေတြျဖစ္တယ္။
ဒီသေဘာကို ငါးရာ့ငါးဆယ္နိပါတ္ေတာ္ထဲက မဟာကဝိေမ်ာက္မင္းက သူ႔ရဲ႕အမ်ိဳးအေဆြ ေနာက္လိုက္ေနာက္ပါေတြ ပ်က္စီးမယ့္ေဘးကေန ကင္း‌‌ေဝးေစဖို႔အတြက္ အသက္စြန႔္ကယ္တင္ေပးခဲ့ပုံဟာ ထင္ရွားတဲ့သာဓကတစ္ရပ္လဲ ျဖစ္ပါတယ္။လက္ရွိ မ်က္ေမွာက္ေခတ္ကာလမွာဆိုရင္လည္း ႏိုင္ငံေတာ္အတြက္ တစ္မ်ိဳးသားလုံးအတြက္ ကိုယ္က်ိဳးစြန႔္အနစ္နာခံခဲ့ၾကတဲ့ အာဇာနည္သူရဲေကာင္းေတြ အမ်ားအျပားရွိေနပါတယ္။အာဇာနည္သူရဲေကာင္းဆိုတာ ယုံၾကည္ခ်က္အတြက္ အသက္စြန႔္ဝံ့သူျဖစ္တယ္။ယုံၾကည္ခ်က္အတြက္ အနစ္နာခံဝံ့သူေတြသာျဖစ္တယ္။ယုံၾကည္ခ်က္အတြက္ ေပးဆပ္ဝံ့သူေတြလည္းျဖစ္ပါတယ္။

ေပးဆပ္သူေတြဆိုတာ ကိုယ္က်ိဳးထက္ အမ်ားအက်ိဳးအတြက္ ကိုယ္က်ိဳးစြန႔္ဝံ့သူ၊ အနစ္နာခံဝံ့သူ၊ သမာသမတ္ရွိသူ၊ တည္ၾကည္ေျဖာင့္မတ္သူေတြျဖစ္ၿပီး အဲ့ဒီလိုလူေတြကသာ သူတို႔ႏိုင္ငံအတြက္ သူတို႔ႏိုင္ငံသားေတြအတြက္ အသက္နဲ႔ရင္းၿပီးကာကြယ္ေစာင့္ေရွာက္ဖို႔ ဝန္မေလးသူေတြျဖစ္ပါတယ္။

မိမိတို႔ႏိုင္ငံရဲ႕ အာဇာနည္သူရဲေကာင္းတစ္ဦးျဖစ္တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဆိုရင္ မိမိတို႔ႏိုင္ငံအတြက္ ႀကီးျမတ္တဲ့စိတ္ထားပိုင္ရွင္ အာဇာနည္ပုဂၢိဳလ္တစ္ဦးျဖစ္ပါတယ္။ဗိုလ္ခ်ဳပ္က သူ႔ဘ၀တစ္ေလွ်ာက္လုံး ႏိုင္ငံလြတ္လပ္ေရးအတြက္ သူ႔အသက္ကို အလဲအထပ္လုပ္ၿပီး ႏိုင္ငံအတြက္ ေပးဆပ္ခဲ့သူတစ္ဦးျဖစ္ပါတယ္။ဗိုလ္ခ်ဳပ္ကို ႀကီးျမတ္တဲ့စိတ္ထားရွိသူတစ္ဦးဟာ ဂဠဳန္ဦးေစာလို စိတ္ထားေသးသိမ္ၿပီး ရယူလိုသူတစ္ဦးေၾကာင့္ အခ်ိန္မတိုင္မီ ေႂကြလြင့္ခဲ့ရတာဟာ မိမိတို႔ႏိုင္ငံအတြက္ အလြန္နစ္နာလွတဲ့ ဆုံးရႈံးမႈပဲျဖစ္ပါတယ္။

ယေန႔အခ်ိန္ကာလမွာ မိမိတို႔ႏိုင္ငံအတြက္ ေပးဆပ္လိုသူနဲ႔ ရယူလိုသူေတြ ဘယ္ႏွေယာက္ရွိေနလည္းဆိုတာ ေကာင္းစြာေဝခြဲမွန္းဆလို႔မရဘူးဆိုေပမယ့္ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အခ်ိန္ကာလေတြအတြင္း ႏိုင္ငံရဲ႕ ဒီမိုကေရစီအေရးလႈပ္ရွားမႈကေန ႏိုင္ငံအတြက္ ေပးဆပ္လိုသူေတြကို မ်က္ဝါးထင္ထင္ ေတြ႕ခဲ့ၾကရၿပီးျဖစ္ပါတယ္။ဒါေပမယ့္ ဒီမိုကေရစီအေရးေတာ္ပုံကာလအၿပီး ႏိုင္ငံေတာ္တည္ေဆာက္ျပဳျပင္ေရးကာလမွာ မိမိတို႔ႏိုင္ငံကို ကေသာင္းကနင္းျဖစ္ေအာင္ အေႏွာင့္အယွက္ျပဳလိုသူေတြ၊ အဖ်က္အေမွာင့္ျပဳလိုသူေတြ ရွိေနတာကိုလည္း စိတ္မခ်မ္းေျမ့ဖြယ္ရာ ေတြ႕ျမင္လာခဲ့ၾကရပါတယ္။

တကယ္ေတာ့ ေလာကမွာ အေမွာင္နဲ႔ အလင္း၊ အမည္းနဲ႔ အျဖဴ၊ အဆိုးနဲ႔ အေကာင္းဆိုတာ ဒြန္တြဲရွိေနတတ္တယ္ဆိုေပမယ့္ အေမွာင္ႀကီးစိုးရင္ အလင္ေပ်ာက္ကြယ္သြားမွာျဖစ္သလို အမည္းပိတ္ဖုံးလာမယ္ဆိုရင္ အျဖဴကြယ္ေပ်ာက္သြားမွာျဖစ္တယ္။အဲ့ဒီလိုပါပဲ အဆိုးေတြလႊမ္းမိုးလာရင္လည္း အေကာင္းေတြဆိတ္သုဥ္းသြားတတ္ပါတယ္။လတ္တေလာ မိမိတို႔ႏိုင္ငံရဲ႕ အေနအထားကိုၾကည့္ရင္ မိမိတို႔ႏိုင္ငံမွာ စိတ္ထားႀကီးျမတ္ၿပီး ႏိုင္ငံအတြက္ ေပးဆပ္မယ့္သူထက္ စိတ္ထားေသးသိမ္ၿပီး ကိုယ္က်ိဳးအတြက္ ရယူသူေတြလားဆိုတာ ေဝဖန္ပိုင္းျခားၾကည့္သင့္တဲ့အခ်ိန္ကို ေရာက္ေနၿပီလို႔ ဆိုခ်င္ပါတယ္။

ဆိုရရင္ မိမိတို႔ဟာ မိမိတို႔ႏိုင္ငံရဲ႕ ဒီမိုကေရစီျဖစ္ေပၚတိုးတက္ေရးခရီးလမ္းမွာ ႏိုင္ငံအတြက္ ေပးဆပ္လိုသူေတြလား၊ ဒါမွမဟုတ္ ရယူလိုသူေတြလား၊ ဘာေၾကာင့္ ဒီလိုေျပာရတာလဲဆိုရင္ မိမိတို႔ႏိုင္ငံကို အေကာင္းဘက္ကိုေ႐ြ႕ဖို႔ ႀကိဳးပမ္းအားထုတ္ေနခ်ိန္မွာ အဖ်က္သေဘာထက္ အျပဳသေဘာေဆာင္တဲ့သူျဖစ္ဖို႔ လိုအပ္ေနတာျဖစ္ပါတယ္။ဒီလိုေျပာရတဲ့ အေၾကာင္းလဲရွိပါတယ္။မိမိတို႔ႏိုင္ငံမွာ အေျပာင္းအလဲကိုေဖာ္ေဆာင္ဖို႔ ႀကိဳးပမ္းေနတဲ့ ကာလတစ္ေလွ်ာက္လုံး အေကာင္းထက္ အဆိုးဘက္ကိုေ႐ြ႕ေအာင္ လုပ္ေဆာင္ေနသူေတြ၊ အလင္းထက္ အေမွာင္ဘက္ကို တြန္းပို႔ေနသူေတြ၊ အျဖဴထက္ အမည္းကို ဖုံးလႊမ္းလိုသူေတြကို အၿမဲမျပတ္ေတြ႕ေနရတဲ့အတြက္ ျဖစ္ပါတယ္။

တကယ္ေတာ့ ဒီမိုကေရစီျဖစ္ထြန္းတိုးတက္ေရးလမ္းေၾကာင္းေပၚမွာ ေလွ်ာက္လွမ္းေနတဲ့ ႏိုင္ငံတစ္ႏိုင္ငံအတြက္ ဆန႔္က်င္ဘက္အားၿပိဳင္မႈေတြကင္းေဝးၿပီး ပူးေပါင္းေဆာင္႐ြက္မႈေတြနဲ႔အတူ ေပါင္းစည္းညီၫြတ္ဖို႔ လိုအပ္ေနတဲ့အခ်ိန္လည္းျဖစ္ပါတယ္။ဒီလိုအခ်ိန္မ်ိဳးမွာ မိမိတို႔ႏိုင္ငံအတြက္ လူဆိုးလူမိုက္ေတြမလိုဘူး။ကိုယ္က်ိဳးသက္သက္ၾကည့္သူေတြမလိုဘူး။ရယူလိုသူေတြမလိုဘူး။မိမိတို႔ႏိုင္ငံမွာ တကယ္လိုအပ္ေနတာ လူေကာင္းလူမြန္ေတြ၊ တိုင္းက်ိဳးျပည္က်ိဳးျပဳမယ့္သူေတြ၊ ေပးဆပ္လိုသူေတြပဲျဖစ္တယ္။

ဆိုရရင္ မိမိတို႔ႏိုင္ငံအတြက္ မိမိတို႔ကေကာ ဘယ္အခန္းက႑ကေန ပါဝင္ၾကမွာလဲ၊ ႏိုင္ငံအတြက္ ကိုယ္က်ိဳးစြန႔္ အနစ္နာခံၿပီး ေပးဆပ္သူေတြအျဖစ္နဲ႔လား…ဒါမွမဟုတ္ ကိုယ္က်ိဳးစီးပြားအတြက္ အျမတ္ထုတ္ရယူလိုသူေတြအျဖစ္နဲ႔လား ဒါဟာ ဒီေန႔အခ်ိန္အခါမွာ အမိႏိုင္ငံရဲ႕ ျပဳျပင္တည္ေဆာက္ေရးလုပ္ငန္းစဥ္မွာ မိမိတို႔အေနနဲ႔ ဘယ္လိုအခန္းက႑ကေန ပါဝင္လာမွာလဲ ေစ့ေစ့ငုငုေတြးၾကည့္ဖို႔ လိုအပ္ေနၿပီျဖစ္ပါတယ္။     

ျမင့္ေနာင္မိုး
ေဖေဖာ္ဝါရီ - ၂၉