【 ‌ဆောင်းပါး 】 “တကယ်ချစ်ပါ...”

【 ‌ဆောင်းပါး 】 “တကယ်ချစ်ပါ...”

ပြီးခဲ့တဲ့ရက်ပိုင်းထဲမှာ ဌာနဆိုင်ရာတစ်ခုက စီစဉ်ကျင်းပတဲ့ ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အခမ်းအနားဆီ ရောက်ဖြစ်ခဲ့ပါတယ်။အဲဒီအခမ်းအနားမှာ မူကြိုအရွယ်ကလေးငယ်တွေ၊ ဆွံ့အနားမကြား ကလေးငယ်တွေ၊ မသန်စွမ်းကလေးငယ်တွေလည်း လာရောက်ဖျော်ဖြေကြပါတယ်။သူတို့လေးတွေကိုကြည့်ရတာ ပျော်ရွှင်လွတ်လပ်မှုကို ခံစားရပါတယ်။

သို့ပေမယ့် အဲဒီအခမ်းအနားမ စတင်မီမှာပဲ စိတ်ကိုအနှောင့်အယှက်ဖြစ်စေတဲ့ ကိစ္စရပ်တချို့ကို မြင်တွေ့ခဲ့ရတာဟာ သူတို့လေးတွေရဲ့ ဖျော်ဖြေမှုအပေါ် အပျော်ကူးစက်ရမယ့်အစား ဝမ်းနည်းစိတ်ကသာ ပိုလို့လွှမ်းသွားစေခဲ့ပါတယ်။

အခမ်းအနားကျင်းပရာ နေရာဆီကို ကလေးငယ်တွေဟာ မွန်းလွဲ ၂ နာရီလောက်ကတည်းက ရောက်ရှိကြရပါတယ်။ကလေးငယ်တွေ ရောက်လာခဲ့ပြီးနောက် အခမ်းအနားကျင်းပမယ့် စင်မြင့်ရှိရာ ကွင်းပြင်မှာ စုရုံးရပါတယ်။ပလတ်စတစ်ထိုင်ခုံတွေ အဲဒီကွင်းပြင်ထဲမှာ အစီအရီချထားပေးပေမယ့် လာရောက်သူနဲ့ ထိုင်ခုံအရေအတွက်ဟာ မမျှတတဲ့အနေအထား ဖြစ်ပါတယ်။အဲဒီတော့ လာရောက်သူတချို့ကထိုင်၊ တချို့ကမတ်တပ်ရပ် စသဖြင့် အဆင်သင့်သလို နေရာယူပါတယ်။အဲဒီမတ်တပ်ရပ်သူတွေထဲမှာ လာရောက်ဖျော်ဖြေရတဲ့ ကလေးငယ်တချို့လည်း ပါဝင်ပါတယ်။မွန်းလွဲ ၂ နာရီကတည်းက ရောက်နေတဲ့ ကလေးငယ်တွေဟာ ဖျော်ဖြေရေးဆီ မရောက်ကြသေးဘဲ ညနေ ၄ နာရီအထိ ဟိုငေး၊ ဒီငေးနဲ့သာ ဖြစ်ပါတယ်။မြင်ရတဲ့မြင်ကွင်းက သိပ်မကောင်းလှတော့ပါဘူး။ဘာ့ကြောင့် ဖျော်ဖြေရေးအစီအစဉ် မစရသေးသလဲဆိုတာကို စေ့ငုကြည့်တဲ့အခါ အဖွင့်အမှာစကားပြောပေးမယ့် လူကြီးမင်း ကြွရောက်မလာသေးတာကြောင့်ဆိုတဲ့ အဖြေရပါတယ်။ညနေ ၄ နာရီကျော်လောက်မှာမှ ဆိုခဲ့ပါ လူကြီးဆိုသူ ရောက်လာပါတယ်။အဲဒီလူကြီး ရောက်လာချိန်မှာပဲ ပထမဦးစွာဖျော်ဖြေရမယ့် မူကြိုကလေးတစ်ဖွဲ့ကို စင်မြင့်နားမှာ နေရာယူစေပါ တယ်။သက်ဆိုင်ရာကျောင်းရဲ့ ဆရာမတွေက အဲဒီကလေးတွေအနားမှာ လိုအပ်တာတွေ ပြင်ဆင်စီမံပေးရင်း ဝန်းရံပါတယ်။လူကြီးက သူ့အတွက် စီမံပေးထားတဲ့ ရှေ့ဆုံးတန်းနေရာက ထိုင်ခုံမှာ နေရာယူပါတယ်။ထိုင်ခုံကျောမှီနေရာကို လှမ်းကြည့်လိုက်တော့ ဝန်ကြီးဆိုတဲ့ စာသားကို ရေးကပ်ထားတာတွေ့ပါတယ်။(အခုအခမ်း အနားကို တက်ရောက်လာတာက တိုင်းဒေသကြီးအဆင့် ဝန်ကြီးတစ်ပါး ဖြစ်ပါတယ်။)အဲဒီအချိန်အထိလည်း ပထမဦးစွာဖျော်ဖြေရမယ့် ကလေးငယ်တွေဟာ ထိုင်ခွင့်မရဘဲ မတ်တပ်အနေအထားနဲ့ အဆင်သင့်စောင့်ဆိုင်းနေရပါတယ်။ဒီအချိန်မှာပဲ အဲဒီကလေးငယ်တွေထဲကတစ်ဦးရဲ့ အုပ်ထိန်းသူဖြစ်တဲ့ အမျိုးသမီးတစ်ဦးက ‘ကလေးငယ်တွေ မတ်တပ်ရပ်နေရတာကြာပြီ ညောင်းနေလိမ့်မယ် ထိုင်ခုံတွေစီစဉ်ပေးရင် ကောင်းမှာပဲ’ လို့ အဲဒီကလေးငယ်တွေနားမှာ ရှိနေတဲ့ ဆရာမတစ်ဦးထံ ပြောဆိုနေတာကို ကြားလိုက်ပါတယ်။ ကျွန်တော်လည်း မနေသာတဲ့အဆုံး ဝင်ရောက်ထောက်ခံပြောဆိုပေမယ့် ‘ခဏနေ စင်ပေါ်တက်ရတော့မှာပါ’ ဆိုတဲ့ တုန့်ပြန်ပြောဆိုမှုသာရရှိခဲ့ပြီး ကျွန်တော်တို့ပြောဆိုချက်ဟာ အချည်းအနှီးသာ ဖြစ်ခဲ့ပါတယ်။

ညနေ ၄ နာရီခွဲမှာတော့ အခမ်းအနားစပါတယ်။အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာပါတယ်။အဲဒီနောက် ဆိုခဲ့ပါ လူကြီးမင်းဆိုသူ တက်ရောက် အမှာစကားပြောပါတယ်။အဲဒီအဖွင့်အမှာစကားထဲမှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေ ကာကွယ်ပေးဖို့၊ ကလေးသူငယ်တွေရဲ့ အနာဂတ်ကောင်းမွန်ဖို့၊ ကလေးသူငယ်တွေအပေါ် စာနာထောက်ထားဖို့ဆိုတဲ့ မိန့်မှာချက်တွေ ပါဝင်ပါတယ်။အဲဒီစကားတွေပြောနေချိန် စင်အောက်က ကလေးငယ်များဟာ မိတ်ကပ်တွေ၊ အဝတ်အစားတွေကြား စိတ်တွေမွန်းကျပ်နေကြပါပြီ။ချွေးတလုံးလုံးဖြစ်ကြရပါပြီ။ပထမဆုံးဖျော်ဖြေရမယ့် မတ်တပ်ရပ်စောင့်နေရတဲ့ ကလေးငယ်တွေမှာလည်း အုပ်ထိန်းသူဆရာမတွေကို ကြောက်စိတ်ကြောင့် ကြိတ်မှိတ်ပြီး မတ်တပ်ရပ်နေရပေမယ့် သူတို့ရဲ့ဝေဒနာကို သူတို့ရဲ့မျက်နှာတွေမှာ အထင်းသားမြင်နေရပါတယ်။ကလေးသူငယ်တွေအပေါ် စာနာဖို့၊ ထောက်ထားဖို့ဆိုတဲ့ စကားတွေနဲ့စခဲ့တဲ့ လူကြီးမင်းဆိုသူရဲ့ မိန့်ခွန်းဟာလည်း အတော်လေးရှည်ကြာနေခဲ့ပါပြီ။ဒီအချိန်မှာပဲ စောစောက ကျောင်းသားမိဘဖြစ်တဲ့ အမျိုးသမီးဟာ ထိုင်ခုံတွေနဲ့အတူ ရောက်ချလာပါတယ်။လူကြီးမိန့်ခွန်းအပြီးမှာ ကပြဖျော်ဖြေဖို့ မတ်တပ်ရပ် အသင့်စောင့်နေရတဲ့ ကလေးငယ်တွေဟာ ကျောင်းသားမိဘရဲ့ စီမံမှုနဲ့ ထိုင်ခွင့်ရခဲ့ပါတယ်။သက်သာရာရခဲ့ပါတယ်။ဝန်ကြီးရဲ့ မိန့်ခွန်းအပြီးကို ထိုင်ခုံတွေပေါ်ကနေ သက်သောင့်သက်သာ စောင့်ခွင့်သာခဲ့ရပါတော့တယ်။ဒါကတော့ ကလေးသူငယ်များအရေး၊ ကလေးသူငယ်များ အကျိုးစီးပွားအတွက် ရည်ရွယ်ကျင်းပတဲ့ အခမ်းအနားတစ်ခုက ကလေးသူငယ်တွေအပေါ် လျစ်လျှူရှူစေခဲ့တာကို မြင်တဲ့ဘက်ကနေ ဖော်ထုတ်ပြရတာဖြစ်ပါတယ်။

ဒီလို ကလေးသူငယ်အရေး ဆောင်ရွက်တဲ့ အခမ်းအနားမှာတောင် ကလေးသူငယ်တို့အရေးကို လျစ်လျှူရှူမိခဲ့ကြရင် တခြား၊ တခြားသော အခြအနေတွေမှာရော ကလေးသူငယ်တွေဟာ ဘယ်လောက်အထိ လျစ်လျှူရှူခံနေရပြီလဲ၊ ဘယ်လောက်အထိ အခွင့်အရေးတွေ ချိုးဖောက်ခံနေရပြီလဲ၊ ဘယ်လောက်ထိ နှိပ်စက်ညှင်းပန်းခြင်း၊ အနိုင်အထက်ပြုခြင်းတွေကို ခံနေရပြီလဲဆိုတာ အတွေးပွားစရာ၊ မေးခွန်းထုတ်စရာများစွာ ဖြစ်စေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီး စိတ်မကောင်းစရာ သတင်းတွေကို ဆက်တိုက်ကြားသိရပါတယ်။ရခိုင်ပြည်နယ် မြောက်ဦးမှာ ဒီဇင်ဘာ ၁ ရက်က လက်နက်ကြီးကျည် ကျရောက်တဲ့အတွက် ကလေးငယ်သုံးဦး အပါအဝင် မိသားစုဝင်ငါးဦး ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့ သတင်းကြားသိရပါတယ်။အဲဒီနောက်ရက်ဖြစ်တဲ့ ဒီဇင်ဘာ ၂ ရက်မှာတော့ အဲဒီမြောက်ဦးမြို့ပေါ်မှာပဲ လက်နက်ကြီးကျည် ထပ်မံကျရောက်ခဲ့ပြီး ကလေးငယ်နှစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ဝမ်းနည်းယူကြုံးမရဖွယ် ဖြစ်ရပ်ပါ။ဒီလိုဖြစ်ရပ်များစွာဟာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ အခါမလပ်ဆိုသလို ကြုံဆုံကြရပါတယ်။

ဒီသတင်းတွေနဲ့အတူ အများပြည်သူထံ ထပ်မံရောက်ရှိလာတဲ့ စိတ်မကောင်းစရာ သတင်းတစ်ပုဒ်လည်း ရှိပါသေးတယ်။အဲဒါကတော့ ရန်ကုန်တိုင်း ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှာ ဖွင့်ထားတဲ့ Training Center တစ်ခုမှာ အော်တစ်ဇင် ကလေးငယ်တစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြတဲ့ ဖြစ်ရပ်ပါ။အဲဒီကလေးငယ်ကို ဝန်ထမ်းနှစ်ဦးက ရိုက်နှက်နေတဲ့ စီစီတီဗီမှတ်တမ်းဟာ ဒီဇင်ဘာ ၂ ရက်နေ့မှာ လူမှုကွန်ရက်ပေါ် စတင်ပျံ့နှံခဲ့ရာကနေ အများပြည်သူ သတိမူမိခဲ့ကြတာဖြစ်ပါတယ်။ဖြစ်စဉ် ဖြစ်ပွားခဲ့တာကတော့ ပြီးခဲ့တဲ့အောက်တိုဘာ ၃၀ ရက်က ဖြစ်ပါတယ်။ကျူးလွန်သူနှစ်ဦးကိုတော့ ဥပဒေအရ အရေးယူထားတယ်လို့ သိရပါတယ်။

လိင်အကြမ်းဖက်ခံခဲ့ရတဲ့ နေပြည်တော်က သမီးငယ် ဗစ်တိုးရီးယား က စလို့ ရန်ကုန်လို၊ မန္တလေးလို မြို့ပြတွေရဲ့ လမ်းမတွေထက်မှာ တောင်းရမ်းစေခိုင်းခံနေရတဲ့ ကလေးငယ်၊ မီးပွိုင့်တွေမှာ ပန်းရောင်းရင်း ဝမ်းရေးဖြေရှင်းနေရတဲ့ ကလေးငယ်၊ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ အရပ်ဒေသတွေမှာ ဒုက္ခမျိုးစုံခံစားနေကြရတဲ့ ကလေးငယ် စတဲ့ ကလေးငယ်ပေါင်းများစွာဟာ ကူညီစောင့်ရှောက်မှုများစွာကို လိုအပ်နေကြပါတယ်။သူတို့ဟာ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှု၊ စွမ်းနိုင်သူတို့ရဲ့ ကာကွယ်စောင့်ရှောက်မှုတို့ လိုအပ်နေကြတာ ဖြစ်ပါတယ်။

ကမ္ဘာ့ကလေးများနေ့ အခမ်းအနားမှာ အဖွင့်အမှာစကား ပြောကြားသွားခဲ့တဲ့ လူကြီးမင်းလို ရှေ့ကပြောနေပေမယ့် နောက်မှာ လျစ်လျှူရှူမှုတွေဖြစ်စေတဲ့ ကြည့်ရှုစောင့်ရှောက်မှုမျိုး၊ စာနာထောက်ထားမှုမျိုးမဟုတ်ဘဲ တကယ့်စိတ်ရင်းစေတနာမှန်များနဲ့ ကြည့်ရှုစောင့်ရှောက်မှုများကို ဖော်ဆောင်ပေးကြဖို့လိုမှာ ဖြစ်ပါတယ်။တစ်နည်းဆိုရရင်တော့ အားနည်းတဲ့၊ အကူအညီလိုအပ်နေတဲ့ ကလေးသူငယ်များကို အမှန်တကယ်ချစ်ကြဖို့ပါ။

ဂျေငြိမ်း
ဒီဇင်ဘာ - ၁၈

( Zawgyi )

ၿပီးခဲ့တဲ့ရက္ပိုင္းထဲမွာ ဌာနဆိုင္ရာတစ္ခုက စီစဥ္က်င္းပတဲ့ ကမာၻ႔ကေလးမ်ားေန႔ အထိမ္းအမွတ္အခမ္းအနားဆီ ေရာက္ျဖစ္ခဲ့ပါတယ္။အဲဒီအခမ္းအနားမွာ မူႀကိဳအ႐ြယ္ကေလးငယ္ေတြ၊ ဆြံ႕အနားမၾကား ကေလးငယ္ေတြ၊ မသန္စြမ္းကေလးငယ္ေတြလည္း လာေရာက္ေဖ်ာ္ေျဖၾကပါတယ္။သူတို႔ေလးေတြကိုၾကည့္ရတာ ေပ်ာ္႐ႊင္လြတ္လပ္မႈကို ခံစားရပါတယ္။

သို႔ေပမယ့္ အဲဒီအခမ္းအနားမ စတင္မီမွာပဲ စိတ္ကိုအေႏွာင့္အယွက္ျဖစ္ေစတဲ့ ကိစၥရပ္တခ်ိဳ႕ကို ျမင္ေတြ႕ခဲ့ရတာဟာ သူတို႔ေလးေတြရဲ႕ ေဖ်ာ္ေျဖမႈအေပၚ အေပ်ာ္ကူးစက္ရမယ့္အစား ဝမ္းနည္းစိတ္ကသာ ပိုလို႔လႊမ္းသြားေစခဲ့ပါတယ္။

အခမ္းအနားက်င္းပရာ ေနရာဆီကို ကေလးငယ္ေတြဟာ မြန္းလြဲ ၂ နာရီေလာက္ကတည္းက ေရာက္ရွိၾကရပါတယ္။ကေလးငယ္ေတြ ေရာက္လာခဲ့ၿပီးေနာက္ အခမ္းအနားက်င္းပမယ့္ စင္ျမင့္ရွိရာ ကြင္းျပင္မွာ စု႐ုံးရပါတယ္။ပလတ္စတစ္ထိုင္ခုံေတြ အဲဒီကြင္းျပင္ထဲမွာ အစီအရီခ်ထားေပးေပမယ့္ လာေရာက္သူနဲ႔ ထိုင္ခုံအေရအတြက္ဟာ မမွ်တတဲ့အေနအထား ျဖစ္ပါတယ္။အဲဒီေတာ့ လာေရာက္သူတခ်ိဳ႕ကထိုင္၊ တခ်ိဳ႕ကမတ္တပ္ရပ္ စသျဖင့္ အဆင္သင့္သလို ေနရာယူပါတယ္။အဲဒီမတ္တပ္ရပ္သူေတြထဲမွာ လာေရာက္ေဖ်ာ္ေျဖရတဲ့ ကေလးငယ္တခ်ိဳ႕လည္း ပါဝင္ပါတယ္။မြန္းလြဲ ၂ နာရီကတည္းက ေရာက္ေနတဲ့ ကေလးငယ္ေတြဟာ ေဖ်ာ္ေျဖေရးဆီ မေရာက္ၾကေသးဘဲ ညေန ၄ နာရီအထိ ဟိုေငး၊ ဒီေငးနဲ႔သာ ျဖစ္ပါတယ္။ျမင္ရတဲ့ျမင္ကြင္းက သိပ္မေကာင္းလွေတာ့ပါဘူး။ဘာ့ေၾကာင့္ ေဖ်ာ္ေျဖေရးအစီအစဥ္ မစရေသးသလဲဆိုတာကို ေစ့ငုၾကည့္တဲ့အခါ အဖြင့္အမွာစကားေျပာေပးမယ့္ လူႀကီးမင္း ႂကြေရာက္မလာေသးတာေၾကာင့္ဆိုတဲ့ အေျဖရပါတယ္။ညေန ၄ နာရီေက်ာ္ေလာက္မွာမွ ဆိုခဲ့ပါ လူႀကီးဆိုသူ ေရာက္လာပါတယ္။အဲဒီလူႀကီး ေရာက္လာခ်ိန္မွာပဲ ပထမဦးစြာေဖ်ာ္ေျဖရမယ့္ မူႀကိဳကေလးတစ္ဖြဲ႕ကို စင္ျမင့္နားမွာ ေနရာယူေစပါ တယ္။သက္ဆိုင္ရာေက်ာင္းရဲ႕ ဆရာမေတြက အဲဒီကေလးေတြအနားမွာ လိုအပ္တာေတြ ျပင္ဆင္စီမံေပးရင္း ဝန္းရံပါတယ္။လူႀကီးက သူ႔အတြက္ စီမံေပးထားတဲ့ ေရွ႕ဆုံးတန္းေနရာက ထိုင္ခုံမွာ ေနရာယူပါတယ္။ထိုင္ခုံေက်ာမွီေနရာကို လွမ္းၾကည့္လိုက္ေတာ့ ဝန္ႀကီးဆိုတဲ့ စာသားကို ေရးကပ္ထားတာေတြ႕ပါတယ္။(အခုအခမ္း အနားကို တက္ေရာက္လာတာက တိုင္းေဒသႀကီးအဆင့္ ဝန္ႀကီးတစ္ပါး ျဖစ္ပါတယ္။)အဲဒီအခ်ိန္အထိလည္း ပထမဦးစြာေဖ်ာ္ေျဖရမယ့္ ကေလးငယ္ေတြဟာ ထိုင္ခြင့္မရဘဲ မတ္တပ္အေနအထားနဲ႔ အဆင္သင့္ေစာင့္ဆိုင္းေနရပါတယ္။ဒီအခ်ိန္မွာပဲ အဲဒီကေလးငယ္ေတြထဲကတစ္ဦးရဲ႕ အုပ္ထိန္းသူျဖစ္တဲ့ အမ်ိဳးသမီးတစ္ဦးက ‘ကေလးငယ္ေတြ မတ္တပ္ရပ္ေနရတာၾကာၿပီ ေညာင္းေနလိမ့္မယ္ ထိုင္ခုံေတြစီစဥ္ေပးရင္ ေကာင္းမွာပဲ’ လို႔ အဲဒီကေလးငယ္ေတြနားမွာ ရွိေနတဲ့ ဆရာမတစ္ဦးထံ ေျပာဆိုေနတာကို ၾကားလိုက္ပါတယ္။ ကြၽန္ေတာ္လည္း မေနသာတဲ့အဆုံး ဝင္ေရာက္ေထာက္ခံေျပာဆိုေပမယ့္ ‘ခဏေန စင္ေပၚတက္ရေတာ့မွာပါ’ ဆိုတဲ့ တုန႔္ျပန္ေျပာဆိုမႈသာရရွိခဲ့ၿပီး ကြၽန္ေတာ္တို႔ေျပာဆိုခ်က္ဟာ အခ်ည္းအႏွီးသာ ျဖစ္ခဲ့ပါတယ္။

ညေန ၄ နာရီခြဲမွာေတာ့ အခမ္းအနားစပါတယ္။အခမ္းအနားဖြင့္လွစ္ေၾကာင္း ေၾကညာပါတယ္။အဲဒီေနာက္ ဆိုခဲ့ပါ လူႀကီးမင္းဆိုသူ တက္ေရာက္ အမွာစကားေျပာပါတယ္။အဲဒီအဖြင့္အမွာစကားထဲမွာ ကေလးသူငယ္ေတြရဲ႕ အခြင့္အေရးေတြ ကာကြယ္ေပးဖို႔၊ ကေလးသူငယ္ေတြရဲ႕ အနာဂတ္ေကာင္းမြန္ဖို႔၊ ကေလးသူငယ္ေတြအေပၚ စာနာေထာက္ထားဖို႔ဆိုတဲ့ မိန႔္မွာခ်က္ေတြ ပါဝင္ပါတယ္။အဲဒီစကားေတြေျပာေနခ်ိန္ စင္ေအာက္က ကေလးငယ္မ်ားဟာ မိတ္ကပ္ေတြ၊ အဝတ္အစားေတြၾကား စိတ္ေတြမြန္းက်ပ္ေနၾကပါၿပီ။ေခြၽးတလုံးလုံးျဖစ္ၾကရပါၿပီ။ပထမဆုံးေဖ်ာ္ေျဖရမယ့္ မတ္တပ္ရပ္ေစာင့္ေနရတဲ့ ကေလးငယ္ေတြမွာလည္း အုပ္ထိန္းသူဆရာမေတြကို ေၾကာက္စိတ္ေၾကာင့္ ႀကိတ္မွိတ္ၿပီး မတ္တပ္ရပ္ေနရေပမယ့္ သူတို႔ရဲ႕ေဝဒနာကို သူတို႔ရဲ႕မ်က္ႏွာေတြမွာ အထင္းသားျမင္ေနရပါတယ္။ကေလးသူငယ္ေတြအေပၚ စာနာဖို႔၊ ေထာက္ထားဖို႔ဆိုတဲ့ စကားေတြနဲ႔စခဲ့တဲ့ လူႀကီးမင္းဆိုသူရဲ႕ မိန႔္ခြန္းဟာလည္း အေတာ္ေလးရွည္ၾကာေနခဲ့ပါၿပီ။ဒီအခ်ိန္မွာပဲ ေစာေစာက ေက်ာင္းသားမိဘျဖစ္တဲ့ အမ်ိဳးသမီးဟာ ထိုင္ခုံေတြနဲ႔အတူ ေရာက္ခ်လာပါတယ္။လူႀကီးမိန႔္ခြန္းအၿပီးမွာ ကျပေဖ်ာ္ေျဖဖို႔ မတ္တပ္ရပ္ အသင့္ေစာင့္ေနရတဲ့ ကေလးငယ္ေတြဟာ ေက်ာင္းသားမိဘရဲ႕ စီမံမႈနဲ႔ ထိုင္ခြင့္ရခဲ့ပါတယ္။သက္သာရာရခဲ့ပါတယ္။ဝန္ႀကီးရဲ႕ မိန႔္ခြန္းအၿပီးကို ထိုင္ခုံေတြေပၚကေန သက္ေသာင့္သက္သာ ေစာင့္ခြင့္သာခဲ့ရပါေတာ့တယ္။ဒါကေတာ့ ကေလးသူငယ္မ်ားအေရး၊ ကေလးသူငယ္မ်ား အက်ိဳးစီးပြားအတြက္ ရည္႐ြယ္က်င္းပတဲ့ အခမ္းအနားတစ္ခုက ကေလးသူငယ္ေတြအေပၚ လ်စ္လွ်ဴရႉေစခဲ့တာကို ျမင္တဲ့ဘက္ကေန ေဖာ္ထုတ္ျပရတာျဖစ္ပါတယ္။

ဒီလို ကေလးသူငယ္အေရး ေဆာင္႐ြက္တဲ့ အခမ္းအနားမွာေတာင္ ကေလးသူငယ္တို႔အေရးကို လ်စ္လွ်ဴရႉမိခဲ့ၾကရင္ တျခား၊ တျခားေသာ အျခအေနေတြမွာေရာ ကေလးသူငယ္ေတြဟာ ဘယ္ေလာက္အထိ လ်စ္လွ်ဴရႉခံေနရၿပီလဲ၊ ဘယ္ေလာက္အထိ အခြင့္အေရးေတြ ခ်ိဳးေဖာက္ခံေနရၿပီလဲ၊ ဘယ္ေလာက္ထိ ႏွိပ္စက္ညႇင္းပန္းျခင္း၊ အႏိုင္အထက္ျပဳျခင္းေတြကို ခံေနရၿပီလဲဆိုတာ အေတြးပြားစရာ၊ ေမးခြန္းထုတ္စရာမ်ားစြာ ျဖစ္ေစပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ ကေလးသူငယ္ေတြနဲ႔ ပတ္သက္ၿပီး စိတ္မေကာင္းစရာ သတင္းေတြကို ဆက္တိုက္ၾကားသိရပါတယ္။ရခိုင္ျပည္နယ္ ေျမာက္ဦးမွာ ဒီဇင္ဘာ ၁ ရက္က လက္နက္ႀကီးက်ည္ က်ေရာက္တဲ့အတြက္ ကေလးငယ္သုံးဦး အပါအဝင္ မိသားစုဝင္ငါးဦး ဒဏ္ရာရရွိခဲ့တယ္ဆိုတဲ့ သတင္းၾကားသိရပါတယ္။အဲဒီေနာက္ရက္ျဖစ္တဲ့ ဒီဇင္ဘာ ၂ ရက္မွာေတာ့ အဲဒီေျမာက္ဦးၿမိဳ႕ေပၚမွာပဲ လက္နက္ႀကီးက်ည္ ထပ္မံက်ေရာက္ခဲ့ၿပီး ကေလးငယ္ႏွစ္ဦး အသက္ဆုံးရႈံးခဲ့ရပါတယ္။ဝမ္းနည္းယူႀကဳံးမရဖြယ္ ျဖစ္ရပ္ပါ။ဒီလိုျဖစ္ရပ္မ်ားစြာဟာ လက္နက္ကိုင္ပဋိပကၡျဖစ္ပြားရာ ေဒသေတြမွာ အခါမလပ္ဆိုသလို ႀကဳံဆုံၾကရပါတယ္။

ဒီသတင္းေတြနဲ႔အတူ အမ်ားျပည္သူထံ ထပ္မံေရာက္ရွိလာတဲ့ စိတ္မေကာင္းစရာ သတင္းတစ္ပုဒ္လည္း ရွိပါေသးတယ္။အဲဒါကေတာ့ ရန္ကုန္တိုင္း ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း) ၿမိဳ႕နယ္မွာ ဖြင့္ထားတဲ့ Training Center တစ္ခုမွာ ေအာ္တစ္ဇင္ ကေလးငယ္တစ္ဦးကို ကိုယ္ထိလက္ေရာက္ က်ဴးလြန္ခဲ့ၾကတဲ့ ျဖစ္ရပ္ပါ။အဲဒီကေလးငယ္ကို ဝန္ထမ္းႏွစ္ဦးက ႐ိုက္ႏွက္ေနတဲ့ စီစီတီဗီမွတ္တမ္းဟာ ဒီဇင္ဘာ ၂ ရက္ေန႔မွာ လူမႈကြန္ရက္ေပၚ စတင္ပ်ံ႕ႏွံခဲ့ရာကေန အမ်ားျပည္သူ သတိမူမိခဲ့ၾကတာျဖစ္ပါတယ္။ျဖစ္စဥ္ ျဖစ္ပြားခဲ့တာကေတာ့ ၿပီးခဲ့တဲ့ေအာက္တိုဘာ ၃၀ ရက္က ျဖစ္ပါတယ္။က်ဴးလြန္သူႏွစ္ဦးကိုေတာ့ ဥပေဒအရ အေရးယူထားတယ္လို႔ သိရပါတယ္။

လိင္အၾကမ္းဖက္ခံခဲ့ရတဲ့ ေနျပည္ေတာ္က သမီးငယ္ ဗစ္တိုးရီးယား က စလို႔ ရန္ကုန္လို၊ မႏၲေလးလို ၿမိဳ႕ျပေတြရဲ႕ လမ္းမေတြထက္မွာ ေတာင္းရမ္းေစခိုင္းခံေနရတဲ့ ကေလးငယ္၊ မီးပြိဳင့္ေတြမွာ ပန္းေရာင္းရင္း ဝမ္းေရးေျဖရွင္းေနရတဲ့ ကေလးငယ္၊ လက္နက္ကိုင္ပဋိပကၡျဖစ္ပြားရာ အရပ္ေဒသေတြမွာ ဒုကၡမ်ိဳးစုံခံစားေနၾကရတဲ့ ကေလးငယ္ စတဲ့ ကေလးငယ္ေပါင္းမ်ားစြာဟာ ကူညီေစာင့္ေရွာက္မႈမ်ားစြာကို လိုအပ္ေနၾကပါတယ္။သူတို႔ဟာ ဥပေဒရဲ႕ ကာကြယ္ေစာင့္ေရွာက္မႈ၊ စြမ္းႏိုင္သူတို႔ရဲ႕ ကာကြယ္ေစာင့္ေရွာက္မႈတို႔ လိုအပ္ေနၾကတာ ျဖစ္ပါတယ္။

ကမာၻ႔ကေလးမ်ားေန႔ အခမ္းအနားမွာ အဖြင့္အမွာစကား ေျပာၾကားသြားခဲ့တဲ့ လူႀကီးမင္းလို ေရွ႕ကေျပာေနေပမယ့္ ေနာက္မွာ လ်စ္လွ်ဴရႉမႈေတြျဖစ္ေစတဲ့ ၾကည့္ရႈေစာင့္ေရွာက္မႈမ်ိဳး၊ စာနာေထာက္ထားမႈမ်ိဳးမဟုတ္ဘဲ တကယ့္စိတ္ရင္းေစတနာမွန္မ်ားနဲ႔ ၾကည့္ရႈေစာင့္ေရွာက္မႈမ်ားကို ေဖာ္ေဆာင္ေပးၾကဖို႔လိုမွာ ျဖစ္ပါတယ္။တစ္နည္းဆိုရရင္ေတာ့ အားနည္းတဲ့၊ အကူအညီလိုအပ္ေနတဲ့ ကေလးသူငယ္မ်ားကို အမွန္တကယ္ခ်စ္ၾကဖို႔ပါ။

ေဂ်ၿငိမ္း
ဒီဇင္ဘာ - ၁၈