【 ႏိုင္ငံတကာေဆာင္းပါး 】ဟွာဝေးကို တိုက်ခိုက်မှုမှာ အမေရိကန် ပြည်ထောင်စုက ဒုတိယစစ်မျက်နှာဖွင့်ရန် ကြိုးစားခြင်းဖြစ်

 【  ႏိုင္ငံတကာေဆာင္းပါး   】ဟွာဝေးကို တိုက်ခိုက်မှုမှာ အမေရိကန် ပြည်ထောင်စုက ဒုတိယစစ်မျက်နှာဖွင့်ရန် ကြိုးစားခြင်းဖြစ်

ဟွာဝေးဟာ အမေရိကန်ပြည်ထောင်စုက အီရန်အပေါ်မှာ ပြဌာန်းထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့တယ်ဆိုပြီး အမေရိကန်တရားရေးအာဏာပိုင်တွေရဲ့ မေတ္တာရပ်ခံချက်နဲ့ပဲ ဒီဇင်ဘာ ၁ရက်နေ့မှာ ဟွာဝေးရဲ့ ဘဏ္ဍာရေးအရာရှိချုပ် မန်း ဝမ်ကျိုးကို ကနေဒါက ဖမ်းဆီးထိန်းသိမ်းခဲ့ ပါတယ်။

ဒီအမှုမှာ လက်တံရှည်လှတဲ့ တရားဥပဒေသက်ဝင်မှုဟာ တရားရေးထက်ကို နိုင်ငံရေးပိုဆန်ပါတယ်။ တရုတ်အနေနဲ့ ရှင်းရှင်းလင်းလင်း သိထားရမှာက အမေရိကန်ကစခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲဆိုတာ တကယ်တော့ သူ့ရဲ့ အရေးကြီးဆုံးပြိုင်ဘက်တွေကို နည်းပညာစစ်ပွဲ ဆင်နွှဲလိုတဲ့ရည်ရွယ်ချက်နဲ့ အကြောင်းပြတာသက်သက်ပဲ ဖြစ်ပါတယ်။

ဧပြီလတုန်းက ZTE၊ အောက်တိုဘာရောက်တော့ Fujian Jinhua Interated Circuit Companyနဲ့ ဒီဇင်ဘာမှာ ဟွာဝေး မျက်ခြည်မပြတ်ကြည့်မယ်ဆိုရင် ဝါရှင်တန်ရဲ့နည်းဗျူဟာက လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါတယ်။ ဝါရှင်တန်က တရုတ်ရဲ့ ဆန်းသစ်တီထွင်တဲ့ လုပ်ငန်းတွေကို ထိုးနှက်ဖို့ ရည်ရွယ်နေတာပါ။

အမေရိကန် ပစ်မှတ်ထားတိုက်ခိုက်လာမှာ ဟွာဝေးဟာ နောက်ဆုံး

တရုတ်ကုမ္ပဏီမဟုတ်သေးဘူးဆိုတာတော့ မှန်းကြည့်လို့ ရပါတယ်။ ဒီစစ်ဆင်ရေးကို ဆင်နွှဲဖို့ အမေရိကန်မှာ အသေအချာပြင်ဆင်ထားတဲ့ အစီအစဉ်ရှိနေမှာ ဖြစ်ပေမယ့်လည်း တရုတ်ကတော့ အမေရိကန်ရဲ့ လုပ်ရပ်သာ ပွဲဆူရုတ်ရုတ်သဲသဲဖြစ်ရုံသက်သက်ပဲလားလို့ သံသယရှိနေလို့ တုန့်ပြန်ဖို့ကို ချိန်ဆနေဆဲပဲ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကတော့ ဘယ်ပြိုင်ဘက်ကုမ္ပဏီကိုမှ ပစ်မှတ်မထားသလို၊ ကြိုတောင် ကြိုဆိုခဲ့ပါသေးတယ်။

အမေရိကန်ဖက်က ရလေလိုလေ အိုတစ္ဆေဖြစ်နေပေမယ့်လည်း တရုတ်နိုင်ငံကတော့ တင်းမာမှုတွေကို ဖြစ်တဲ့နည်းနဲ့ လျှော့ချနေတဲ့အတွက် မန်းဝမ်ကျိုးကို ဖမ်းဆီးတာနဲ့ လက်ရှိဖြစ်နေတဲ့ အမေရိကန်နဲ့ ကုန်သွယ်ရေးပဋိပက္ခကို ခွဲခြားစဉ်းစားပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ သဘောထားကြီးနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီသဘောထားက အမေရိကန်ပြည်ထောင်စုက နောက်ထပ် စတုတ္ထမြောက် တရုတ်ကုမ္ပဏီတစ်ခုကို ထိုးနှက်တိုက်ခိုက်လာမှာကို မတားဆီးနိုင်ပါဘူး။ အခုအချိန်က တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ဆီက ထပ်လာဦးမယ့် ထိုးနှက်မှုအတွက်ပြင်ဆင်ထားသင့်ပြီဖြစ်သလို၊ နောက်ဆုံးစည်းနဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် လိုအပ်ရင် စုစည်းထိရောက်ပေမယ့်လည်း သိပ်မပြင်းထန်တဲ့ တန်ပြန်ထိုးနှက်မှုကို စဉ်းစားရတော့မှာပဲ ဖြစ်ပါတယ်။အမေရိကန်ဖက်က သူ့ဖာသာသူ ရပ်သွားလိမ့်မယ်ဆိုတဲ့ အထင်မှား အမြင်မှားကိုလည်း စွန့်လွှတ်သင့်ပြီပဲ ဖြစ်ပါတယ်။
 
သို့သော်ငြားလည်း ဘေကျင်းဟာ သူ့ရဲ့ ထိန်းထိန်းသိမ်းသိမ်းမဟာဗျူဟာကို ဆက်လက်ကျင့်သုံး သွားမှာဖြစ်ပြီး အမေရိကန်ရဲ့ ကမ္ဘာ့ခေါင်းဆောင်နေရာကို အန်တုဖက်ပြိုင်မှာမဟုတ်သလို၊ အပြန် အလှန်ထိုးနှက်မှုရပ်စဲရေးကိုလည်း သဘောတူဖို့ အဆင်သင့်ရှိနေပါတယ်။

တရုတ်နိုင်ငံကတော့ နှစ်နိုင်ငံရဲ့ အကျိုးစီးပွားတွေဟာ လိမ်ယှက်နေကြပြီး သမိုင်းလမ်းကြောင်းကိုက ဒီလိုဖြစ်လာဖို့ အကြောင်းဖန်လာတယ်လို့ ယုံကြည်နေပါတယ်။ တရုတ်က သူ့ယုံကြည်ချက်ကိုလည်း သူ့မဟာဗျူဟာတွေနဲ့ အခိုင်အမာ သက်သေပြနေပြီပဲ ဖြစ်ပါတယ်။

  လုံးလုံး

( Zawgyi )

 ဟြာေဝးဟာ အေမရိကန္ျပည္ေထာင္စုက အီရန္အေပၚမွာ ျပဌာန္းထားတဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြကို ခ်ိဳးေဖာက္ခဲ့တယ္ဆိုၿပီး အေမရိကန္တရားေရးအာဏာပိုင္ေတြရဲ႕ ေမတၱာရပ္ခံခ်က္နဲ႔ပဲ ဒီဇင္ဘာ ၁ရက္ေန႔မွာ ဟြာေဝးရဲ႕ ဘ႑ာေရးအရာရွိခ်ဳပ္ မန္း ဝမ္က်ိဳးကို ကေနဒါက ဖမ္းဆီးထိန္းသိမ္းခဲ့ ပါတယ္။

ဒီအမႈမွာ လက္တံရွည္လွတဲ့ တရားဥပေဒသက္ဝင္မႈဟာ တရားေရးထက္ကို ႏိုင္ငံေရးပိုဆန္ပါတယ္။ တ႐ုတ္အေနနဲ႔ ရွင္းရွင္းလင္းလင္း သိထားရမွာက အေမရိကန္ကစခဲ့တဲ့ ကုန္သြယ္ေရးစစ္ပြဲဆိုတာ တကယ္ေတာ့ သူ႔ရဲ႕ အေရးႀကီးဆုံးၿပိဳင္ဘက္ေတြကို နည္းပညာစစ္ပြဲ ဆင္ႏႊဲလိုတဲ့ရည္႐ြယ္ခ်က္နဲ႔ အေၾကာင္းျပတာသက္သက္ပဲ ျဖစ္ပါတယ္။

ဧၿပီလတုန္းက ZTE၊ ေအာက္တိုဘာေရာက္ေတာ့ Fujian Jinhua Interated Circuit Companyနဲ႔ ဒီဇင္ဘာမွာ ဟြာေဝး မ်က္ျခည္မျပတ္ၾကည့္မယ္ဆိုရင္ ဝါရွင္တန္ရဲ႕နည္းဗ်ဴဟာက လယ္ျပင္မွာ ဆင္သြားသလို ထင္ရွားေနပါတယ္။ ဝါရွင္တန္က တ႐ုတ္ရဲ႕ ဆန္းသစ္တီထြင္တဲ့ လုပ္ငန္းေတြကို ထိုးႏွက္ဖို႔ ရည္႐ြယ္ေနတာပါ။

အေမရိကန္ ပစ္မွတ္ထားတိုက္ခိုက္လာမွာ ဟြာေဝးဟာ ေနာက္ဆုံး

တ႐ုတ္ကုမၸဏီမဟုတ္ေသးဘူးဆိုတာေတာ့ မွန္းၾကည့္လို႔ ရပါတယ္။ ဒီစစ္ဆင္ေရးကို ဆင္ႏႊဲဖို႔ အေမရိကန္မွာ အေသအခ်ာျပင္ဆင္ထားတဲ့ အစီအစဥ္ရွိေနမွာ ျဖစ္ေပမယ့္လည္း တ႐ုတ္ကေတာ့ အေမရိကန္ရဲ႕ လုပ္ရပ္သာ ပြဲဆူ႐ုတ္႐ုတ္သဲသဲျဖစ္႐ုံသက္သက္ပဲလားလို႔ သံသယရွိေနလို႔ တုန႔္ျပန္ဖို႔ကို ခ်ိန္ဆေနဆဲပဲ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံကေတာ့ ဘယ္ၿပိဳင္ဘက္ကုမၸဏီကိုမွ ပစ္မွတ္မထားသလို၊ ႀကိဳေတာင္ ႀကိဳဆိုခဲ့ပါေသးတယ္။

အေမရိကန္ဖက္က ရေလလိုေလ အိုတေစၦျဖစ္ေနေပမယ့္လည္း တ႐ုတ္ႏိုင္ငံကေတာ့ တင္းမာမႈေတြကို ျဖစ္တဲ့နည္းနဲ႔ ေလွ်ာ့ခ်ေနတဲ့အတြက္ မန္းဝမ္က်ိဳးကို ဖမ္းဆီးတာနဲ႔ လက္ရွိျဖစ္ေနတဲ့ အေမရိကန္နဲ႔ ကုန္သြယ္ေရးပဋိပကၡကို ခြဲျခားစဥ္းစားၿပီး ထိန္းထိန္းသိမ္းသိမ္းနဲ႔ သေဘာထားႀကီးေနခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒီသေဘာထားက အေမရိကန္ျပည္ေထာင္စုက ေနာက္ထပ္ စတုတၳေျမာက္ တ႐ုတ္ကုမၸဏီတစ္ခုကို ထိုးႏွက္တိုက္ခိုက္လာမွာကို မတားဆီးႏိုင္ပါဘူး။ အခုအခ်ိန္က တ႐ုတ္ႏိုင္ငံအေနနဲ႔ အေမရိကန္ဆီက ထပ္လာဦးမယ့္ ထိုးႏွက္မႈအတြက္ျပင္ဆင္ထားသင့္ၿပီျဖစ္သလို၊ ေနာက္ဆုံးစည္းနဲ႔ ဂုဏ္သိကၡာကို ကာကြယ္ဖို႔အတြက္ လိုအပ္ရင္ စုစည္းထိေရာက္ေပမယ့္လည္း သိပ္မျပင္းထန္တဲ့ တန္ျပန္ထိုးႏွက္မႈကို စဥ္းစားရေတာ့မွာပဲ ျဖစ္ပါတယ္။အေမရိကန္ဖက္က သူ႔ဖာသာသူ ရပ္သြားလိမ့္မယ္ဆိုတဲ့ အထင္မွား အျမင္မွားကိုလည္း စြန႔္လႊတ္သင့္ၿပီပဲ ျဖစ္ပါတယ္။
 
သို႔ေသာ္ျငားလည္း ေဘက်င္းဟာ သူ႔ရဲ႕ ထိန္းထိန္းသိမ္းသိမ္းမဟာဗ်ဴဟာကို ဆက္လက္က်င့္သုံး သြားမွာျဖစ္ၿပီး အေမရိကန္ရဲ႕ ကမာၻ႔ေခါင္းေဆာင္ေနရာကို အန္တုဖက္ၿပိဳင္မွာမဟုတ္သလို၊ အျပန္ အလွန္ထိုးႏွက္မႈရပ္စဲေရးကိုလည္း သေဘာတူဖို႔ အဆင္သင့္ရွိေနပါတယ္။

တ႐ုတ္ႏိုင္ငံကေတာ့ ႏွစ္ႏိုင္ငံရဲ႕ အက်ိဳးစီးပြားေတြဟာ လိမ္ယွက္ေနၾကၿပီး သမိုင္းလမ္းေၾကာင္းကိုက ဒီလိုျဖစ္လာဖို႔ အေၾကာင္းဖန္လာတယ္လို႔ ယုံၾကည္ေနပါတယ္။ တ႐ုတ္က သူ႔ယုံၾကည္ခ်က္ကိုလည္း သူ႔မဟာဗ်ဴဟာေတြနဲ႔ အခိုင္အမာ သက္ေသျပေနၿပီပဲ ျဖစ္ပါတယ္။

လံုးလံုး