【 သတင်းဆောင်းပါး 】 “မင်္ဂလာရက်မြတ်အတွက် ပြင်ဆင်ကြရာဝယ်”

【 သတင်းဆောင်းပါး 】 “မင်္ဂလာရက်မြတ်အတွက် ပြင်ဆင်ကြရာဝယ်”

ဝါကျွတ်ပြီဆိုတာနဲ့ ပထမဆုံး ရောက်လာတတ်တာက မင်္ဂလာဆောင် ဖိတ်စာပါ။မင်္ဂလာဆောင်တယ်ဆိုတာ လက်ထပ်ထိမ်းမြားခြင်းကို ခေါ်တာပါ။မြန်မာစာအဖွဲ့က ထုတ်ပြန်တဲ့ ခရီးဆောင် မြန်မာစာအဘိဓာန်မှာ လက်ထပ်တာကို ကြိယာအဖြစ် ဖော်ပြကာ သတို့သားနဲ့ သတို့သမီး လက်ချင်းထပ်၍ လင်မယားအဖြစ် ရောက်စေသည်၊ မင်္ဂလာဆောင်သည် ဆိုပြီး ပြဆိုထားပါတယ်။

နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ လက်ထိပ်ထိမ်းမြားတဲ့ ထုံးတမ်းဓလေ့ခြင်း မတူကြသလို ကိုးကွယ်တဲ့ ဘာသာဓလေ့အရလည်း မတူကြပါဘူး။သို့သော် တူညီတဲ့ အချက်တစ်ချက်ကတော့ ရှိပါတယ်။ဒီတူညီတဲ့ အချက်က တစ်သက်မှာ တစ်ခါသာဆောင်ရတဲ့ မင်္ဂလာပွဲကို အမှတ်တရဖြစ်အောင် လုပ်ချင်ကြတာပါ။

ဝါဝင် ဝါထွက် ပြုကြတဲ့ မင်္ဂလာအစဉ်အလာ

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင် အများစုဖြစ်တဲ့အတွက် မင်္ဂလာဆောင်တဲ့ ကာလကို ဝါတွင်းကာလ သုံးလလုံး ရှောင်ကြည်ကြပြီး ဝါကျွတ်ကာလဖြစ်တဲ့ သီတင်းကျွတ်လပြည့်ပြီး နောက်တစ်ရက်မှစကာ လက်ထပ်ထိမ်းမြား မင်္ဂလာဆောင်ကြတဲ့ အလေ့အထ ရှိကြပါတယ်။ဝါကျွတ်လို့ ခေါ်တဲ့ သီတင်းကျွတ်လပြည့်ပြီး နောက်တစ်ရက်နေ ဝါဝင်လို့ ခေါ်တဲ့ ဝါဆိုလပြည့်နေ့ မတိုင်ခင်အထိ ၉ လတာ ကာလအတွင်း အဆင်ပြေရာ ရက်တွေမှာ နိုင်ငံအနှံ့အပြား ဓလေ့ထုံးတမ်း အစဉ်အလာအမျိုးမျိုးနဲ့ လက်ထပ်ထိမ်းမြားခြင်းများ ပြုလုပ်လေ့ ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ ဝါတွင်းကာလကို ကျော်လွန်ပြီးတာနဲ့ အိမ်ထောင်ပြုလိုသူများက သင့်တော်တဲ့ နေ့ကောင်းရက်သာကို ရွေးပြီး မင်္ဂလာဆောင် အခမ်းအနားများ ကျင်းပပြုလုပ်ကြပါတယ်။မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ အပေါင်းအသင်းတွေကလည်း မိမိတို့ တတ်နိုင်သလောက် အိမ်ထောင် စတင်တည်ထောင်သူတွေကို ဝိုင်းဝန်းပံ့ပိုးကြတဲ့ ဓလေ့ဟာ လက်ရှိအချိန်အထိ တည်တံ့လျှက် ရှိပါတယ်။

ယခင်ကတော့ လက်ထပ်ရာမှာ ပုဆိုးတန်းတင် လက်ထပ်ထိမ်းမြားခြင်း၊ လက်စုံစား ထိမ်းမြားခြင်း၊ လက်စွပ်လဲ ထိမ်းမြားခြင်း၊ အဝတ်ပေး၍ ထိမ်းမြားခြင်း၊ မိတ်ဆွေ၊ ဆွေမျိုးများ ဖိတ်၍ လက်ထပ်ထိမ်းမြားခြင်း၊ ဒါလီဖွဲ့၍ လက်ထပ်ထိမ်းမြားခြင်း၊ စုလျှားရစ်ပတ် ထိမ်းမြားခြင်း၊ ပန်းကုံးစွပ်၍ ထိမ်းမြားခြင်း၊ ရေခွက်၌ လက်ချ၍ ထိမ်းမြားခြင်း၊ ဦးထိပ်၌ ရေစင်သွန်း၍ ထိမ်းမြားခြင်း အစရှိတဲ့ ဓလေ့ထုံးတမ်း အစဉ်အလာများ ရှိခဲ့ပါတယ်။

ဒီကနေ့ အချိန်ကာလ ပြောင်းလဲလာမှုနဲ့အတူ ယနေ့ခေတ်မှာ တရားရုံးများမှာ လက်မှတ်ရေးထိုးပြီး မိဘ၊ ဆွေမျိုးနဲ့ ဧည့်ပရိတ်သတ်များကို ဖိတ်ကြားကာ လက်ထပ်ထိမ်းမြားခြင်းများ ပြုလုပ်လာခဲ့ကြပါတယ်။တရားရုံးများမှာ လက်မှတ်ရေးထိုး လက်ထပ်မယ်ဆိုရင်တော့ အသက် ၁၈ နှစ် ပြည့်ရမှာ ဖြစ်ပါတယ်။လက်ထပ်လိုသူ နှစ်ဦးအနေနဲ့ တရားဝင် လက်ထပ်ပေါင်းသင်းနေတဲ့ အိမ်ထောင်မရှိသူတွေ ဖြစ်ရမှာဖြစ်ပြီး စိတ်ပေါ့သွပ်သူ မဖြစ်ရဘဲ နှစ်ဦးသဘောတူ လက်ထပ်ထိမ်းမြားခြင်း ဖြစ်ရမှာ ဖြစ်ပါတယ်။အမျိုးသမီးများအတွက် အသက် ၂၀ အောက် ဖြစ်ပါက မိဘများရဲ့ သဘောတူညီချက်ရှိရန် လိုအပ်ပြီး အသက် ၂၀ ကျော်ရင်တော့ ကာယကံရှင် ကိုယ်တိုင်ရဲ့ ဆန္ဒအရ ထိမ်းမြား လက်ထပ်နိုင်ပြီ ဖြစ်ပါတယ်။ဒါ့အပြင်  လက်ထပ်ထိမ်းမြားရန် အမျိုးသားတစ်ဦးအတွက် ကျန်းမာသန်စွမ်းရန် လိုအပ်ပြီး အသက်ကန့်သတ်ချက် သတ်မှတ်မထားပေမယ့် လက်ထပ်ချိန်တဲ့အချိန်မှာ သတို့သမီးရဲ့ အသက် ၁၆ နှစ် ပြည့်ရမှာဖြစ်ပြီး ၁၆ နှစ် မပြည့်ပါက မိဘတွေ သဘောတူပေမယ့်လည်း ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု) နဲ့ ငြိစွန်းမှာ ဖြစ်တယ်ဆိုတာ သိရှိထားဖို့ လိုအပ်ပါတယ်။
 

ဒါ့အပြင် တစ်ခုရှိတာက မြန်မာဓလေ့ထုံးစံမှာ မင်္ဂလာပွဲ မကျင်းပခြင်း၊ တရားရုံးမှာ တရားဝင် လက်မှတ်ရေးထိုး မပေါင်းသင်းပေမယ့် အများက လင်မယားလို့ မြင်သာတဲ့အထိ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ကြရင်လည်း တရားဝင် လင်မယားအရာမြောက်ပြီး ဖြစ်ပါတယ်။

တစ်သက်မှာ တစ်ခါ ကုန်ပစေ မင်္ဂလာ

လူနှစ်ဦး ပေါင်းစည်းကြတဲ့ မင်္ဂလာဆောင် အခမ်းအနား ကျင်းပတဲ့သူတွေအနေနဲ့လည်း တစ်သက်မှာတစ်ခါသာ ပြုလုပ်ရတဲ့ ပွဲဖြစ်တဲ့အတွက် အခမ်းအနားဆုံးနဲ့ အကြီးအကျယ်ဆုံး ကျင်းပလိုကြပါတယ်။ဒါပေမယ့် မိမိတို့ရဲ့ ငွေကြေးတတ်နိုင်မှုနဲ့ အတိုင်းအတာနဲ့ ချိန်ထိုးပြီး မင်္ဂလာပွဲကို ကျင်းပရမှာ ဖြစ်ပါတယ်။
မင်္ဂလာဆောင် အခမ်းအနား ပြုလုပ်လိုသူတွေအနေနဲ့ ဘယ်လိုပုံစံနဲ့ ဘယ်လိုနေရာမှာ မင်္ဂလာပွဲ ကျင်းပချင်တာလဲဆိုတာ စဉ်းစားရမှာဖြစ်ပြီး ဟိုတယ်၊ ဘုန်းကြီးကျောင်း၊ ခန်းမ အစရှိရာတွေကို မိမိတို့နဲ့ သင့်တော်ရာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

မင်္ဂလာခန်းမ ငှားရမ်းခ ဈေးနှုန်းတွေအနေနဲ့ ရန်ကုန်မြို့မှာရှိတဲ့ ရှန်ဂရီလာ၊ Novotel ၊ စီဒိုးနား အစရှိတဲ့ ဟိုတယ်ကြီးတွေမှာတော့ ဆောင်မယ်ဆိုရင်တော့ လူတစ်ဦးကို အနည်းဆုံး ၂၇၀ဝ၀ ကျပ်လောက် ကျသင့်မှာဖြစ်ပြီး ကျန်တဲ့ ဟိုတယ်တွေမှာတော့ ကျွေးမွေးမှုနဲ့ ဟိုတယ်အလိုက် လူတစ်ဦးကို ၁၅၀ဝ၀ ကျပ်ကနေ ကိုယ်တတ်နိုင်ရင် တတ်နိုင်သလောက် ကျွေးမွေးမှုစရိတ်တွေ ကွာခြားသွားမှာ ဖြစ်ပါတယ်။

ဘုန်းကြီးကျောင်းတွေမှာ ပြုလုပ်မယ့် မင်္ဂလာပွဲတွေမှာတော့ အနိမ့်ဆုံး ၂ သိန်းခန့် ကုန်ကျမှာ ဖြစ်ပါ တယ်။ မဟာစည်သာသနာ့ရိပ်သာ၊ မင်းကွန်းတိပိဋကနိကာယ ဘုန်းကြီးကျောင်းတွေမှာတော့ ခန်းမကြေး ၂ သိန်းမှ ၄ သိန်းအထိ ပေးသွင်းရမှာဖြစ်ပြီး လူတစ်ဦး အကျွေးအမွေးစရိတ် ၃၅၀ဝ ကျပ်လောက် ကျသင့်မှာ ဖြစ်ပါတယ်။ကြွရောက်လာတဲ့ ဧည့်သည်တွေကို ကျွေးမွေးဧည့်ခံဖို့အတွက် အစားအသောက်တွေပေါ် မူတည်ပြီး ဈေးနှုန်းတွေ ကွဲပြားသွားမှာ ဖြစ်ပါတယ်။ရေခဲမုန့်၊ ကိတ်မုန့် စတာတွေဆိုရင် ဈေးနှုန်းအနည်းငယ်သာ ကျသင့်မှာဖြစ်ပြီး ထမင်း၊ ဒန်ပေါက်၊ ကြက်ဆီထမင်း အစရှိတာတွေ ကျွေးမယ်ဆိုရင် ၃၅၀ဝ ကျပ် လောက် ပေါက်ဈေးရှိပါတယ်။

အချို့သော မင်္ဂလာခန်းမတွေက အပြင် အစားအသောက်တွေကို ပြင်ဆင်ကျွေးမွေးခွင့် ပြုတဲ့အတွက် ပြင်ပမှ မှာယူ၊ ချက်ပြုတ် ကျွေးမွေးပါက အကုန်အကျ သက်သာစေမှာ ဖြစ်ပါတယ်။

မင်္ဂလာခန်းဝင် ပစ္စည်းများကတော့ ကုတင်၊ မွေ့ယာ၊ ခေါင်းအုံး၊ ဖက်လုံး၊ ခြင်ထောင်၊ စောင်၊ အိပ်ယာခင်းတို့အပြင် အဝတ်ထည့်ဖို့အတွက် ဘီဒို၊ မှန်တင်ခုံ၊ လူသုံးကုန် ပစ္စည်းတွေကို နှစ်ဦးသဘောတူ ဝယ်ယူနိုင်ပြီး ငွေကြေးတတ်နိုင်သော သူများအတွက် ကုတင်ဈေးနှုန်းမှာ ၁ သိန်းကျော်မှ ၁၅ သိန်းကျော်အထိ ရှိပါတယ်။မွေ့ယာဈေးနှုန်းမှာလည်း ကျပ် ၁ သိန်းကနေ  ၄ သိန်းကျော်အထိ ရှိပါတယ်။ခေါင်းအုံး ၁၀ဝဝဝ ကျပ် ပတ်ဝန်းကျင်၊ ဖက်လုံးဈေး ၁၀ဝဝဝ ကျပ် ပတ်ဝန်းကျင်အထိ ရှိပါတယ်။အိပ်ယာခင်း ဈေးနှုန်းတွေက ၁၆၀ဝ၀ ကျပ်မှ ၃ သောင်းကျော်အထိ ရှိပါတယ်။မှန်တင်ခုံတွေက တစ်သိန်းခွဲမှ လေးသိန်းခွဲအထိ ကျသင့်မှာ ဖြစ်ပါတယ်။

အလှဆုံးမြင်ချင်တာအတွက်

မင်္ဂလာဆောင်တစ်ခုမှာ အဓိကအကျဆုံးက မင်္ဂလာဆောင် သတို့သမီးကို အလှဆုံးပြင်ဆင်ကြတဲ့ အစဉ်အလာပါဘဲ။ဒီအတွက် ကုန်ကျစရိတ်ကို ဘယ်သူကမှ နည်းတာများတယ် မပြောကျသလို နောင်အခါ မင်္ဂလာဆောင်တုန်းက ဘယ်လိုကြည့်ကောင်းတာနဲ့ ကုန်ကျစရိတ်ကို မေ့ပျောက် အစားထိုးနိုင်ကြပါတယ်။

ဒီလိုကုန်ကျစရိတ်ကို မေ့နိုင်တဲ့အထဲမှာ သတို့သမီးဝတ်စုံတွေက ထိပ်တန်းကပါ။သတို့သမီးဝတ်စုံ ကိုယ်တိုင်ချုပ်မယ်ဆိုပါက မြန်မာအမျိုးသမီးဝတ်စုံ တစ်စုံ ဈေးနှုန်းမှာ အနိမ့်ဆုံး တစ်သိန်းခွဲလောက် ပေါက်ဈေးရှိပြီး ပိတ်စနဲ့ အလှခြယ်အပိုင်းကို မူတည်ပြီး ဈေးနူန်းမြင့်မားသွားမှာ ဖြစ်ပါတယ်။သတို့သမီးဝတ်စုံ ကိုယ်တိုင်မချုပ်ဘဲ ငှားရမ်းဝတ်ဆင်မယ်ဆိုရင်လည်း ငှားရမ်းခ တစ်သိန်းခွဲနဲ့ အထက်ပေးရမှာ ဖြစ်ပါတယ်။မင်္ဂလာဆောင် သတို့သမီး မိတ်ကပ် အလှပြင်ဆင်ခြင်းတွေမှာလည်း အနိမ့်ဆုံး တစ်သိန်းကျသင့်မှာဖြစ်ပြီး မိတ်ကပ်ပြင်ဆင်ပေးတဲ့သူနဲ့ သုံးတဲ့ မိတ်ကပ်အမျိုးအစားအပေါ် မူတည်ပြီး ဈေးနှုန်းများ ကွဲပြားမှုတွေ ရှိပါတယ်။

“သတို့သမီးဝတ်စုံ အထည်စက အနိမ့်ဆုံး ၅၀၀၀၀ ရှိတယ်။ချုပ်ခက အနည်းဆုံး ၅၀၀၀၀ ရှိတယ်။အဲ့ဒါက အင်္ကျ ီအလှဆင်တာဘဲ ပါတယ်။အောက်က ထမီအလှဆင်တာ မပါဘူး။တစ်စုံလုံး အလှဆင်မယ်ဆိုရင် ချုပ်ခကြီးဘဲ တစ်သိန်းရှိတယ်။အဲ့ဒါတော့ အနည်းဆုံးဘဲ” လို့ အမျိုးသမီးဝတ်စုံ ဒီဇိုင်နာတစ်ဦးက ဆိုပါတယ်။

မိမိတို့ ပြုလုပ်တဲ့ မင်္ဂလာအခမ်းအနား လှပနေဖို့ ပန်းအလှဆင်ခြင်းများလည်း ပြုလုပ်ရမှာဖြစ်ပြီး ဟိုတယ်မှာ ပြုလုပ်တဲ့ မင်္ဂလာပွဲတွေအတွက် ၃ သိန်းခန့် ကုန်ကျမှာ ဖြစ်ပါတယ်။မင်္ဂလာပန်း အပြင်အဆင်ကို ပန်း အတု၊ အစစ် ကြိုက်ရာနဲ့ပြင်ဆင်လို ရပြီး ပန်းအစစ် ဆိုရင်တော့ ကုန်ကျစရိတ် ပိုမိုများပြားမှာ ဖြစ်ပါတယ်။သတို့သမီး လက်ကိုင်ပန်းတစ်ခုတည်း မှာယူမယ်ဆိုရင်တော့ ၂၀ဝဝဝ ကျပ် ကျသင့်မှာဖြစ်ပြီး မိမိတို့ သုံးလိုတဲ့ ပန်းအမျိုးအစားအပေါ် မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲတွေ ရှိမှာ ဖြစ်ပါတယ်။

မင်္ဂလာပွဲ ဖိတ်စာတွေကိုလည်း ကြိုတင် ရိုက်နှိပ်ထားရမှာဖြစ်ပြီး ဈေးနှုန်းတွေက အနိမ့်ဆုံး တစ်စောင် ၂၅၀ ကျပ်မှ အမျိုးအစားများအလိုက် ဈေးနှုန်းမြင့်မားသွားမှာ ဖြစ်ပါတယ်။မင်္ဂလာပွဲ တက်ရောက်လာသူများကို ပြန်ကမ်းလက်ဆောင်ပေးတဲ့ ပစ္စည်းများအနေနဲ့ ဈေးနှုန်းချိုသာတဲ့ သော့ချိတ်၊ လက်ကိုင်ပုဝါ၊ မှတ်စုစာအုပ်တွေရဲ့ ဈေးနှုန်းတွေက ၂၀ဝ ကျပ်မှ စတင်ပြီး မိမိပြန်လည်ပေးလိုတဲ့ အမျိုးအစားအပေါ် မူတည်ပြီး ဈေးနှုန်းတွေ ကွဲပြားသွားမှာ ဖြစ်ပါတယ်။

“တစ်နှစ်ပတ်လုံး မင်္ဂလာပွဲ ဖိတ်စာတွေက ဈေးနှုန်းအတူတူဘဲ။ဈေးနှုန်းတွေ မကွာဘူး။ဝါကျွတ်ပီဆိုတာနဲ့ ဖိတ်စာဒီဇိုင်းတွေ ထွက်တယ်။အနိမ့်ဆုံး ၂၅၀ ကျပ်ကနေ ၅၀၀၊ ၆၀၀၊ ၇၀၀ နဲ့ ၁၀၀၀ ကျော်အထိ ဈေးနှုန်းတွေရှိ တယ်။ဝါဝင်ခါနီးဆိုရင် ပစ္စည်းတွေ ပြတ်တတ်တယ်။အသစ်ထပ်ပြီး မထုတ်ကြတော့ဘူး။အကောင်းဆုံးက ၁၁ လပိုင်း၊ ၁၂ လပိုင်းတွေမှာ မင်္ဂလာဆောင်ရင်တော့ ကိုယ်လိုချင်တဲ့ ဖိတ်စာဒီဇိုင်းတွေ ရဖို့လွယ်တယ်။ဖိတ်စာကိုလည်း အနည်းဆုံး တစ်လလောက် ကြိုတင်လုပ်ထားသင့်တယ်” လို့ မြောက်ဥက္ကလာပမှာ ရှိတဲ့ လင်းလက် ကွန်ပျူတာနဲ့ ဖိတ်စာလုပ်ငန်းဆိုင်မှ ဆိုင်ရှင်ဖြစ်သူ ကိုဇင် က ပြောပါတယ်။

ငွေကြေးအကုန်အကျ မများလိုဘဲ မင်္ဂလာအခမ်းအနား ကျင်းပလိုတဲ့သူတွေအနေနဲ့ နာမည်ကြီး ဟိုတယ်များအစား မင်္ဂလာခန်းမမှာ ကျင်းပခြင်း၊ ရိုးရိုးမြေနေရာလွတ်တစ်ခုမှာ ပြင်ဆင်ကျင်းပခြင်း၊ မိမိတို့ရဲ့ နေအိမ် တိုက်ခန်းတွေမှာ ကျင်းပပြီး ကုန်ကျမှုစရိတ်တွေကို ချွေတာနိုင်မှာ ဖြစ်ပါတယ်။

ဧည့်ခံကျွေးမွေးတဲ့ အစားအသောက်တွေ အနေနဲ့လည်း ကိုယ်တိုင်စီစဉ် ချက်ပြုတ်ပြီး ကျွေးမွေးမယ် ဆိုပါက အကုန်အကျ သက်သာမှာဖြစ်ပြီး ခန်းဝင်ပစ္စည်းတွေ အနေနဲ့လည်း မရှိမဖြစ်ဝယ်ရမှာဖြစ်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို သာဝယ်ယူပြီး ကျန်တဲ့ပစ္စည်းတွေကိုတော့ လိုအပ်မှသာ မင်္ဂလာဆောင်အပြီး ထပ်မံဝယ်ယူရင်တော့ ကုန်ကျစရိတ်တွေကို ခြွေတာနိုင်မှာ ဖြစ်ပါတယ်။

ငွေကြေးတတ်နိုင်တဲ့သူတွေအတွက် ခမ်းနားထည်ဝါတဲ့ ဟိုတယ်၊ မိုတယ်တွေမှာ အကောင်းဆုံ စီစဉ်ဆောင်ရွက်နိုင်သလို ကိုယ့်အိုးနဲ့ ကိုယ့််ဆန် တန်သလောက် ကျင်းပတဲ့ မင်္ဂလာပွဲတွေလည်း ရှိကြပါတယ်။လက်ထပ်ထိမ်းမြားတဲ့ အနက်အဓိပ္ပါယ်ကိုက တစ်မိသားစုနဲ့ တစ်မိသားစုခြင်း ပေါင်းကြတဲ့သဘော ဖြစ်တဲ့အတွက် ရေရှည်တည်တံတဲ့ အိမ်ထောင်ထူထောင်ဖို့က အဓိကပဲ ဖြစ်ပါတယ်။

ဆွေမျိုးမိတ်သင်္ဂဟတွေ အထင်ကြီးဖို့ မင်္ဂလာဆောင်ကို ကြီးကြီးကျယ်ကျယ်ဆောင်ကာ ကြွေးတင် စိတ်ညစ်ရတဲ့ မင်္ဂလာမျိုး၊ မင်္ဂလာဆောင်မှာ နှစ်ဘက်အသိုင်းအဝိုင်း မိဘတွေ မသင့်မြတ်လို့ စိတ်ညစ်ရတဲ့ မင်္ဂလာမျိုးထက် အားလုံးအဆင်ပြေပြီး အသက်ထက်ဆုံး ပေါင်းရတဲ့ မင်္ဂလာဆောင်မျိုးကို လူတိုင်းကျင်းပလိုကျမှာ ဖြစ်ပါတယ်။

ဒီလိုမင်္ဂလာစုံတွဲတွေအတွက် နေ့ကောင်းရက်သာ ရွေးပြီး  မိမိတတ်နိုင်တဲ့ ငွေကြေးနဲ့ မိသားဖသားပီပီ တောင်းရမ်း လက်ထပ်ဖို့နဲ့ မင်္ဂလာပွဲတစ်ပွဲ ကျင်းပဖို့ ဘယ်လောက်ကုန်ကျမယ်ဆိုတာ ခန့်မှန်းတွက်ချက်နိုင်အောင် အထူးအစီအစဉ်အဖြစ် စုံစမ်းတင်ပြရင်း……..။
 

မင်းထွန်း(အုတ်ကျင်း)
Photo Credit : Myat Min FB
နိုဝင်ဘာ - ၁၃

( Zawgyi )

ဝါကြၽတ္ၿပီဆိုတာနဲ႔ ပထမဆုံး ေရာက္လာတတ္တာက မဂၤလာေဆာင္ ဖိတ္စာပါ။မဂၤလာေဆာင္တယ္ဆိုတာ လက္ထပ္ထိမ္းျမားျခင္းကို ေခၚတာပါ။ျမန္မာစာအဖြဲ႕က ထုတ္ျပန္တဲ့ ခရီးေဆာင္ ျမန္မာစာအဘိဓာန္မွာ လက္ထပ္တာကို ႀကိယာအျဖစ္ ေဖာ္ျပကာ သတို႔သားနဲ႔ သတို႔သမီး လက္ခ်င္းထပ္၍ လင္မယားအျဖစ္ ေရာက္ေစသည္၊ မဂၤလာေဆာင္သည္ ဆိုၿပီး ျပဆိုထားပါတယ္။

ႏိုင္ငံတစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ လက္ထိပ္ထိမ္းျမားတဲ့ ထုံးတမ္းဓေလ့ျခင္း မတူၾကသလို ကိုးကြယ္တဲ့ ဘာသာဓေလ့အရလည္း မတူၾကပါဘူး။သို႔ေသာ္ တူညီတဲ့ အခ်က္တစ္ခ်က္ကေတာ့ ရွိပါတယ္။ဒီတူညီတဲ့ အခ်က္က တစ္သက္မွာ တစ္ခါသာေဆာင္ရတဲ့ မဂၤလာပြဲကို အမွတ္တရျဖစ္ေအာင္ လုပ္ခ်င္ၾကတာပါ။

ဝါဝင္ ဝါထြက္ ျပဳၾကတဲ့ မဂၤလာအစဥ္အလာ

ျမန္မာႏိုင္ငံမွာ ဗုဒၶဘာသာဝင္ အမ်ားစုျဖစ္တဲ့အတြက္ မဂၤလာေဆာင္တဲ့ ကာလကို ဝါတြင္းကာလ သုံးလလုံး ေရွာင္ၾကည္ၾကၿပီး ဝါကြၽတ္ကာလျဖစ္တဲ့ သီတင္းကြၽတ္လျပည့္ၿပီး ေနာက္တစ္ရက္မွစကာ လက္ထပ္ထိမ္းျမား မဂၤလာေဆာင္ၾကတဲ့ အေလ့အထ ရွိၾကပါတယ္။ဝါကြၽတ္လို႔ ေခၚတဲ့ သီတင္းကြၽတ္လျပည့္ၿပီး ေနာက္တစ္ရက္ေန ဝါဝင္လို႔ ေခၚတဲ့ ဝါဆိုလျပည့္ေန႔ မတိုင္ခင္အထိ ၉ လတာ ကာလအတြင္း အဆင္ေျပရာ ရက္ေတြမွာ ႏိုင္ငံအႏွံ႔အျပား ဓေလ့ထုံးတမ္း အစဥ္အလာအမ်ိဳးမ်ိဳးနဲ႔ လက္ထပ္ထိမ္းျမားျခင္းမ်ား ျပဳလုပ္ေလ့ ရွိပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ဝါတြင္းကာလကို ေက်ာ္လြန္ၿပီးတာနဲ႔ အိမ္ေထာင္ျပဳလိုသူမ်ားက သင့္ေတာ္တဲ့ ေန႔ေကာင္းရက္သာကို ေ႐ြးၿပီး မဂၤလာေဆာင္ အခမ္းအနားမ်ား က်င္းပျပဳလုပ္ၾကပါတယ္။မိဘ၊ ေဆြမ်ိဳး၊ မိတ္ေဆြ အေပါင္းအသင္းေတြကလည္း မိမိတို႔ တတ္ႏိုင္သေလာက္ အိမ္ေထာင္ စတင္တည္ေထာင္သူေတြကို ဝိုင္းဝန္းပံ့ပိုးၾကတဲ့ ဓေလ့ဟာ လက္ရွိအခ်ိန္အထိ တည္တံ့လွ်က္ ရွိပါတယ္။

ယခင္ကေတာ့ လက္ထပ္ရာမွာ ပုဆိုးတန္းတင္ လက္ထပ္ထိမ္းျမားျခင္း၊ လက္စုံစား ထိမ္းျမားျခင္း၊ လက္စြပ္လဲ ထိမ္းျမားျခင္း၊ အဝတ္ေပး၍ ထိမ္းျမားျခင္း၊ မိတ္ေဆြ၊ ေဆြမ်ိဳးမ်ား ဖိတ္၍ လက္ထပ္ထိမ္းျမားျခင္း၊ ဒါလီဖြဲ႕၍ လက္ထပ္ထိမ္းျမားျခင္း၊ စုလွ်ားရစ္ပတ္ ထိမ္းျမားျခင္း၊ ပန္းကုံးစြပ္၍ ထိမ္းျမားျခင္း၊ ေရခြက္၌ လက္ခ်၍ ထိမ္းျမားျခင္း၊ ဦးထိပ္၌ ေရစင္သြန္း၍ ထိမ္းျမားျခင္း အစရွိတဲ့ ဓေလ့ထုံးတမ္း အစဥ္အလာမ်ား ရွိခဲ့ပါတယ္။

ဒီကေန႔ အခ်ိန္ကာလ ေျပာင္းလဲလာမႈနဲ႔အတူ ယေန႔ေခတ္မွာ တရား႐ုံးမ်ားမွာ လက္မွတ္ေရးထိုးၿပီး မိဘ၊ ေဆြမ်ိဳးနဲ႔ ဧည့္ပရိတ္သတ္မ်ားကို ဖိတ္ၾကားကာ လက္ထပ္ထိမ္းျမားျခင္းမ်ား ျပဳလုပ္လာခဲ့ၾကပါတယ္။တရား႐ုံးမ်ားမွာ လက္မွတ္ေရးထိုး လက္ထပ္မယ္ဆိုရင္ေတာ့ အသက္ ၁၈ ႏွစ္ ျပည့္ရမွာ ျဖစ္ပါတယ္။လက္ထပ္လိုသူ ႏွစ္ဦးအေနနဲ႔ တရားဝင္ လက္ထပ္ေပါင္းသင္းေနတဲ့ အိမ္ေထာင္မရွိသူေတြ ျဖစ္ရမွာျဖစ္ၿပီး စိတ္ေပါ့သြပ္သူ မျဖစ္ရဘဲ ႏွစ္ဦးသေဘာတူ လက္ထပ္ထိမ္းျမားျခင္း ျဖစ္ရမွာ ျဖစ္ပါတယ္။အမ်ိဳးသမီးမ်ားအတြက္ အသက္ ၂၀ ေအာက္ ျဖစ္ပါက မိဘမ်ားရဲ႕ သေဘာတူညီခ်က္ရွိရန္ လိုအပ္ၿပီး အသက္ ၂၀ ေက်ာ္ရင္ေတာ့ ကာယကံရွင္ ကိုယ္တိုင္ရဲ႕ ဆႏၵအရ ထိမ္းျမား လက္ထပ္ႏိုင္ၿပီ ျဖစ္ပါတယ္။ဒါ့အျပင္  လက္ထပ္ထိမ္းျမားရန္ အမ်ိဳးသားတစ္ဦးအတြက္ က်န္းမာသန္စြမ္းရန္ လိုအပ္ၿပီး အသက္ကန႔္သတ္ခ်က္ သတ္မွတ္မထားေပမယ့္ လက္ထပ္ခ်ိန္တဲ့အခ်ိန္မွာ သတို႔သမီးရဲ႕ အသက္ ၁၆ ႏွစ္ ျပည့္ရမွာျဖစ္ၿပီး ၁၆ ႏွစ္ မျပည့္ပါက မိဘေတြ သေဘာတူေပမယ့္လည္း ရာဇသတ္ႀကီးပုဒ္မ ၃၇၆ (မုဒိမ္းမႈ) နဲ႔ ၿငိစြန္းမွာ ျဖစ္တယ္ဆိုတာ သိရွိထားဖို႔ လိုအပ္ပါတယ္။
 

ဒါ့အျပင္ တစ္ခုရွိတာက ျမန္မာဓေလ့ထုံးစံမွာ မဂၤလာပြဲ မက်င္းပျခင္း၊ တရား႐ုံးမွာ တရားဝင္ လက္မွတ္ေရးထိုး မေပါင္းသင္းေပမယ့္ အမ်ားက လင္မယားလို႔ ျမင္သာတဲ့အထိ လင္မယားအျဖစ္ ေပါင္းသင္းေနထိုင္ခဲ့ၾကရင္လည္း တရားဝင္ လင္မယားအရာေျမာက္ၿပီး ျဖစ္ပါတယ္။

တစ္သက္မွာ တစ္ခါ ကုန္ပေစ မဂၤလာ

လူႏွစ္ဦး ေပါင္းစည္းၾကတဲ့ မဂၤလာေဆာင္ အခမ္းအနား က်င္းပတဲ့သူေတြအေနနဲ႔လည္း တစ္သက္မွာတစ္ခါသာ ျပဳလုပ္ရတဲ့ ပြဲျဖစ္တဲ့အတြက္ အခမ္းအနားဆုံးနဲ႔ အႀကီးအက်ယ္ဆုံး က်င္းပလိုၾကပါတယ္။ဒါေပမယ့္ မိမိတို႔ရဲ႕ ေငြေၾကးတတ္ႏိုင္မႈနဲ႔ အတိုင္းအတာနဲ႔ ခ်ိန္ထိုးၿပီး မဂၤလာပြဲကို က်င္းပရမွာ ျဖစ္ပါတယ္။
မဂၤလာေဆာင္ အခမ္းအနား ျပဳလုပ္လိုသူေတြအေနနဲ႔ ဘယ္လိုပုံစံနဲ႔ ဘယ္လိုေနရာမွာ မဂၤလာပြဲ က်င္းပခ်င္တာလဲဆိုတာ စဥ္းစားရမွာျဖစ္ၿပီး ဟိုတယ္၊ ဘုန္းႀကီးေက်ာင္း၊ ခန္းမ အစရွိရာေတြကို မိမိတို႔နဲ႔ သင့္ေတာ္ရာကို ေ႐ြးခ်ယ္ရမွာ ျဖစ္ပါတယ္။

မဂၤလာခန္းမ ငွားရမ္းခ ေဈးႏႈန္းေတြအေနနဲ႔ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ ရွန္ဂရီလာ၊ Novotel ၊ စီဒိုးနား အစရွိတဲ့ ဟိုတယ္ႀကီးေတြမွာေတာ့ ေဆာင္မယ္ဆိုရင္ေတာ့ လူတစ္ဦးကို အနည္းဆုံး ၂၇၀ဝ၀ က်ပ္ေလာက္ က်သင့္မွာျဖစ္ၿပီး က်န္တဲ့ ဟိုတယ္ေတြမွာေတာ့ ေကြၽးေမြးမႈနဲ႔ ဟိုတယ္အလိုက္ လူတစ္ဦးကို ၁၅၀ဝ၀ က်ပ္ကေန ကိုယ္တတ္ႏိုင္ရင္ တတ္ႏိုင္သေလာက္ ေကြၽးေမြးမႈစရိတ္ေတြ ကြာျခားသြားမွာ ျဖစ္ပါတယ္။

ဘုန္းႀကီးေက်ာင္းေတြမွာ ျပဳလုပ္မယ့္ မဂၤလာပြဲေတြမွာေတာ့ အနိမ့္ဆုံး ၂ သိန္းခန႔္ ကုန္က်မွာ ျဖစ္ပါ တယ္။ မဟာစည္သာသနာ့ရိပ္သာ၊ မင္းကြန္းတိပိဋကနိကာယ ဘုန္းႀကီးေက်ာင္းေတြမွာေတာ့ ခန္းမေၾကး ၂ သိန္းမွ ၄ သိန္းအထိ ေပးသြင္းရမွာျဖစ္ၿပီး လူတစ္ဦး အေကြၽးအေမြးစရိတ္ ၃၅၀ဝ က်ပ္ေလာက္ က်သင့္မွာ ျဖစ္ပါတယ္။ႂကြေရာက္လာတဲ့ ဧည့္သည္ေတြကို ေကြၽးေမြးဧည့္ခံဖို႔အတြက္ အစားအေသာက္ေတြေပၚ မူတည္ၿပီး ေဈးႏႈန္းေတြ ကြဲျပားသြားမွာ ျဖစ္ပါတယ္။ေရခဲမုန႔္၊ ကိတ္မုန႔္ စတာေတြဆိုရင္ ေဈးႏႈန္းအနည္းငယ္သာ က်သင့္မွာျဖစ္ၿပီး ထမင္း၊ ဒန္ေပါက္၊ ၾကက္ဆီထမင္း အစရွိတာေတြ ေကြၽးမယ္ဆိုရင္ ၃၅၀ဝ က်ပ္ ေလာက္ ေပါက္ေဈးရွိပါတယ္။

အခ်ိဳ႕ေသာ မဂၤလာခန္းမေတြက အျပင္ အစားအေသာက္ေတြကို ျပင္ဆင္ေကြၽးေမြးခြင့္ ျပဳတဲ့အတြက္ ျပင္ပမွ မွာယူ၊ ခ်က္ျပဳတ္ ေကြၽးေမြးပါက အကုန္အက် သက္သာေစမွာ ျဖစ္ပါတယ္။

မဂၤလာခန္းဝင္ ပစၥည္းမ်ားကေတာ့ ကုတင္၊ ေမြ႕ယာ၊ ေခါင္းအုံး၊ ဖက္လုံး၊ ျခင္ေထာင္၊ ေစာင္၊ အိပ္ယာခင္းတို႔အျပင္ အဝတ္ထည့္ဖို႔အတြက္ ဘီဒို၊ မွန္တင္ခုံ၊ လူသုံးကုန္ ပစၥည္းေတြကို ႏွစ္ဦးသေဘာတူ ဝယ္ယူႏိုင္ၿပီး ေငြေၾကးတတ္ႏိုင္ေသာ သူမ်ားအတြက္ ကုတင္ေဈးႏႈန္းမွာ ၁ သိန္းေက်ာ္မွ ၁၅ သိန္းေက်ာ္အထိ ရွိပါတယ္။ေမြ႕ယာေဈးႏႈန္းမွာလည္း က်ပ္ ၁ သိန္းကေန  ၄ သိန္းေက်ာ္အထိ ရွိပါတယ္။ေခါင္းအုံး ၁၀ဝဝဝ က်ပ္ ပတ္ဝန္းက်င္၊ ဖက္လုံးေဈး ၁၀ဝဝဝ က်ပ္ ပတ္ဝန္းက်င္အထိ ရွိပါတယ္။အိပ္ယာခင္း ေဈးႏႈန္းေတြက ၁၆၀ဝ၀ က်ပ္မွ ၃ ေသာင္းေက်ာ္အထိ ရွိပါတယ္။မွန္တင္ခုံေတြက တစ္သိန္းခြဲမွ ေလးသိန္းခြဲအထိ က်သင့္မွာ ျဖစ္ပါတယ္။

အလွဆုံးျမင္ခ်င္တာအတြက္

မဂၤလာေဆာင္တစ္ခုမွာ အဓိကအက်ဆုံးက မဂၤလာေဆာင္ သတို႔သမီးကို အလွဆုံးျပင္ဆင္ၾကတဲ့ အစဥ္အလာပါဘဲ။ဒီအတြက္ ကုန္က်စရိတ္ကို ဘယ္သူကမွ နည္းတာမ်ားတယ္ မေျပာက်သလို ေနာင္အခါ မဂၤလာေဆာင္တုန္းက ဘယ္လိုၾကည့္ေကာင္းတာနဲ႔ ကုန္က်စရိတ္ကို ေမ့ေပ်ာက္ အစားထိုးႏိုင္ၾကပါတယ္။

ဒီလိုကုန္က်စရိတ္ကို ေမ့ႏိုင္တဲ့အထဲမွာ သတို႔သမီးဝတ္စုံေတြက ထိပ္တန္းကပါ။သတို႔သမီးဝတ္စုံ ကိုယ္တိုင္ခ်ဳပ္မယ္ဆိုပါက ျမန္မာအမ်ိဳးသမီးဝတ္စုံ တစ္စုံ ေဈးႏႈန္းမွာ အနိမ့္ဆုံး တစ္သိန္းခြဲေလာက္ ေပါက္ေဈးရွိၿပီး ပိတ္စနဲ႔ အလွျခယ္အပိုင္းကို မူတည္ၿပီး ေဈးႏူန္းျမင့္မားသြားမွာ ျဖစ္ပါတယ္။သတို႔သမီးဝတ္စုံ ကိုယ္တိုင္မခ်ဳပ္ဘဲ ငွားရမ္းဝတ္ဆင္မယ္ဆိုရင္လည္း ငွားရမ္းခ တစ္သိန္းခြဲနဲ႔ အထက္ေပးရမွာ ျဖစ္ပါတယ္။မဂၤလာေဆာင္ သတို႔သမီး မိတ္ကပ္ အလွျပင္ဆင္ျခင္းေတြမွာလည္း အနိမ့္ဆုံး တစ္သိန္းက်သင့္မွာျဖစ္ၿပီး မိတ္ကပ္ျပင္ဆင္ေပးတဲ့သူနဲ႔ သုံးတဲ့ မိတ္ကပ္အမ်ိဳးအစားအေပၚ မူတည္ၿပီး ေဈးႏႈန္းမ်ား ကြဲျပားမႈေတြ ရွိပါတယ္။

“သတို႔သမီးဝတ္စုံ အထည္စက အနိမ့္ဆုံး ၅၀၀၀၀ ရွိတယ္။ခ်ဳပ္ခက အနည္းဆုံး ၅၀၀၀၀ ရွိတယ္။အဲ့ဒါက အက်ၤ ီအလွဆင္တာဘဲ ပါတယ္။ေအာက္က ထမီအလွဆင္တာ မပါဘူး။တစ္စုံလုံး အလွဆင္မယ္ဆိုရင္ ခ်ဳပ္ခႀကီးဘဲ တစ္သိန္းရွိတယ္။အဲ့ဒါေတာ့ အနည္းဆုံးဘဲ” လို႔ အမ်ိဳးသမီးဝတ္စုံ ဒီဇိုင္နာတစ္ဦးက ဆိုပါတယ္။

မိမိတို႔ ျပဳလုပ္တဲ့ မဂၤလာအခမ္းအနား လွပေနဖို႔ ပန္းအလွဆင္ျခင္းမ်ားလည္း ျပဳလုပ္ရမွာျဖစ္ၿပီး ဟိုတယ္မွာ ျပဳလုပ္တဲ့ မဂၤလာပြဲေတြအတြက္ ၃ သိန္းခန႔္ ကုန္က်မွာ ျဖစ္ပါတယ္။မဂၤလာပန္း အျပင္အဆင္ကို ပန္း အတု၊ အစစ္ ႀကိဳက္ရာနဲ႔ျပင္ဆင္လို ရၿပီး ပန္းအစစ္ ဆိုရင္ေတာ့ ကုန္က်စရိတ္ ပိုမိုမ်ားျပားမွာ ျဖစ္ပါတယ္။သတို႔သမီး လက္ကိုင္ပန္းတစ္ခုတည္း မွာယူမယ္ဆိုရင္ေတာ့ ၂၀ဝဝဝ က်ပ္ က်သင့္မွာျဖစ္ၿပီး မိမိတို႔ သုံးလိုတဲ့ ပန္းအမ်ိဳးအစားအေပၚ မူတည္ၿပီး ေဈးႏႈန္းအေျပာင္းအလဲေတြ ရွိမွာ ျဖစ္ပါတယ္။

မဂၤလာပြဲ ဖိတ္စာေတြကိုလည္း ႀကိဳတင္ ႐ိုက္ႏွိပ္ထားရမွာျဖစ္ၿပီး ေဈးႏႈန္းေတြက အနိမ့္ဆုံး တစ္ေစာင္ ၂၅၀ က်ပ္မွ အမ်ိဳးအစားမ်ားအလိုက္ ေဈးႏႈန္းျမင့္မားသြားမွာ ျဖစ္ပါတယ္။မဂၤလာပြဲ တက္ေရာက္လာသူမ်ားကို ျပန္ကမ္းလက္ေဆာင္ေပးတဲ့ ပစၥည္းမ်ားအေနနဲ႔ ေဈးႏႈန္းခ်ိဳသာတဲ့ ေသာ့ခ်ိတ္၊ လက္ကိုင္ပုဝါ၊ မွတ္စုစာအုပ္ေတြရဲ႕ ေဈးႏႈန္းေတြက ၂၀ဝ က်ပ္မွ စတင္ၿပီး မိမိျပန္လည္ေပးလိုတဲ့ အမ်ိဳးအစားအေပၚ မူတည္ၿပီး ေဈးႏႈန္းေတြ ကြဲျပားသြားမွာ ျဖစ္ပါတယ္။

“တစ္ႏွစ္ပတ္လုံး မဂၤလာပြဲ ဖိတ္စာေတြက ေဈးႏႈန္းအတူတူဘဲ။ေဈးႏႈန္းေတြ မကြာဘူး။ဝါကြၽတ္ပီဆိုတာနဲ႔ ဖိတ္စာဒီဇိုင္းေတြ ထြက္တယ္။အနိမ့္ဆုံး ၂၅၀ က်ပ္ကေန ၅၀၀၊ ၆၀၀၊ ၇၀၀ နဲ႔ ၁၀၀၀ ေက်ာ္အထိ ေဈးႏႈန္းေတြရွိ တယ္။ဝါဝင္ခါနီးဆိုရင္ ပစၥည္းေတြ ျပတ္တတ္တယ္။အသစ္ထပ္ၿပီး မထုတ္ၾကေတာ့ဘူး။အေကာင္းဆုံးက ၁၁ လပိုင္း၊ ၁၂ လပိုင္းေတြမွာ မဂၤလာေဆာင္ရင္ေတာ့ ကိုယ္လိုခ်င္တဲ့ ဖိတ္စာဒီဇိုင္းေတြ ရဖို႔လြယ္တယ္။ဖိတ္စာကိုလည္း အနည္းဆုံး တစ္လေလာက္ ႀကိဳတင္လုပ္ထားသင့္တယ္” လို႔ ေျမာက္ဥကၠလာပမွာ ရွိတဲ့ လင္းလက္ ကြန္ပ်ဴတာနဲ႔ ဖိတ္စာလုပ္ငန္းဆိုင္မွ ဆိုင္ရွင္ျဖစ္သူ ကိုဇင္ က ေျပာပါတယ္။

ေငြေၾကးအကုန္အက် မမ်ားလိုဘဲ မဂၤလာအခမ္းအနား က်င္းပလိုတဲ့သူေတြအေနနဲ႔ နာမည္ႀကီး ဟိုတယ္မ်ားအစား မဂၤလာခန္းမမွာ က်င္းပျခင္း၊ ႐ိုး႐ိုးေျမေနရာလြတ္တစ္ခုမွာ ျပင္ဆင္က်င္းပျခင္း၊ မိမိတို႔ရဲ႕ ေနအိမ္ တိုက္ခန္းေတြမွာ က်င္းပၿပီး ကုန္က်မႈစရိတ္ေတြကို ေခြၽတာႏိုင္မွာ ျဖစ္ပါတယ္။

ဧည့္ခံေကြၽးေမြးတဲ့ အစားအေသာက္ေတြ အေနနဲ႔လည္း ကိုယ္တိုင္စီစဥ္ ခ်က္ျပဳတ္ၿပီး ေကြၽးေမြးမယ္ ဆိုပါက အကုန္အက် သက္သာမွာျဖစ္ၿပီး ခန္းဝင္ပစၥည္းေတြ အေနနဲ႔လည္း မရွိမျဖစ္ဝယ္ရမွာျဖစ္တဲ့ အသုံးအေဆာင္ ပစၥည္းေတြကို သာဝယ္ယူၿပီး က်န္တဲ့ပစၥည္းေတြကိုေတာ့ လိုအပ္မွသာ မဂၤလာေဆာင္အၿပီး ထပ္မံဝယ္ယူရင္ေတာ့ ကုန္က်စရိတ္ေတြကို ေႁခြတာႏိုင္မွာ ျဖစ္ပါတယ္။

ေငြေၾကးတတ္ႏိုင္တဲ့သူေတြအတြက္ ခမ္းနားထည္ဝါတဲ့ ဟိုတယ္၊ မိုတယ္ေတြမွာ အေကာင္းဆုံ စီစဥ္ေဆာင္႐ြက္ႏိုင္သလို ကိုယ့္အိုးနဲ႔ ကိုယ့္္ဆန္ တန္သေလာက္ က်င္းပတဲ့ မဂၤလာပြဲေတြလည္း ရွိၾကပါတယ္။လက္ထပ္ထိမ္းျမားတဲ့ အနက္အဓိပၸါယ္ကိုက တစ္မိသားစုနဲ႔ တစ္မိသားစုျခင္း ေပါင္းၾကတဲ့သေဘာ ျဖစ္တဲ့အတြက္ ေရရွည္တည္တံတဲ့ အိမ္ေထာင္ထူေထာင္ဖို႔က အဓိကပဲ ျဖစ္ပါတယ္။

ေဆြမ်ိဳးမိတ္သဂၤဟေတြ အထင္ႀကီးဖို႔ မဂၤလာေဆာင္ကို ႀကီးႀကီးက်ယ္က်ယ္ေဆာင္ကာ ေႂကြးတင္ စိတ္ညစ္ရတဲ့ မဂၤလာမ်ိဳး၊ မဂၤလာေဆာင္မွာ ႏွစ္ဘက္အသိုင္းအဝိုင္း မိဘေတြ မသင့္ျမတ္လို႔ စိတ္ညစ္ရတဲ့ မဂၤလာမ်ိဳးထက္ အားလုံးအဆင္ေျပၿပီး အသက္ထက္ဆုံး ေပါင္းရတဲ့ မဂၤလာေဆာင္မ်ိဳးကို လူတိုင္းက်င္းပလိုက်မွာ ျဖစ္ပါတယ္။

ဒီလိုမဂၤလာစုံတြဲေတြအတြက္ ေန႔ေကာင္းရက္သာ ေ႐ြးၿပီး  မိမိတတ္ႏိုင္တဲ့ ေငြေၾကးနဲ႔ မိသားဖသားပီပီ ေတာင္းရမ္း လက္ထပ္ဖို႔နဲ႔ မဂၤလာပြဲတစ္ပြဲ က်င္းပဖို႔ ဘယ္ေလာက္ကုန္က်မယ္ဆိုတာ ခန႔္မွန္းတြက္ခ်က္ႏိုင္ေအာင္ အထူးအစီအစဥ္အျဖစ္ စုံစမ္းတင္ျပရင္း……..။
 

မင္းထြန္း(အုတ္က်င္း)
Photo Credit : Myat Min FB
ႏိုဝင္ဘာ - ၁၃