【 သတင်းဆောင်းပါး 】 “ပျောက်ကွယ်လုနီးပါး မြန်မာ့လက်မှုအနုပညာ”

【 သတင်းဆောင်းပါး 】 “ပျောက်ကွယ်လုနီးပါး မြန်မာ့လက်မှုအနုပညာ”

မြန်မာတို့ရဲ့ ဆယ့်နှစ်လရာသီပွဲတော်ထဲမှာ သီတင်းကျွတ်နဲ့ တန်ဆောင်မုန်းမီးထွန်းပွဲတော်ဟာ ထင်ရှားတဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။ဒီထဲက သီတင်းကျွတ်ပွဲတော်မှာ ဝါတွင်းကာလမှာ တာဝတိံသာနတ်ပြည်ကို ကြွချီပြီး မယ်တော် အမိနတ်သားကို တရားဟောကာ လူ့ပြည်သို့ ပြန်လည်ကြွချီတော်မူတဲ့ မြတ်စွာဘုရားရှင်ကို ဆီမီးရောင်စုံတွေ လှူဖွယ်ပစ္စည်းတွေနဲ့ ထွန်းညှိပူဇော်လေ့ရှိတဲ့ သီတင်းကျွတ်မီးထွန်းပွဲတော်ဟာ အစဉ်အလာမပျက် ကျင်းပကြတဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

ရှေးခေတ်ကာလ အဆက်ဆက်ကနေ ယခုမျက်မှောက်ကာလအထိ ဖြေးဖြေးချင်း ပုံစံအနည်းငယ် ပြောင်းလဲလာခဲ့တဲ့ မီးထွန်းပွဲတော်တွေအပြင် အလှူပွဲလမ်းသဘင်တွေ၊ ဝါတွင်းကာလထဲ သံဃာတော်တွေကို အပတ်စဉ် ဆွမ်းလောင်းလှူကြတဲ့ အသင်းအဖွဲ့တွေရဲ့ ဆွမ်းသိမ်းအောင်ပွဲတွေလည်း ကျင်းပရာကာလတစ်ခု ဖြစ်ခဲ့ပါတယ်။မြန်မာတွေရဲ့ ရင်ထဲမှာတော့ သီတင်းကျွတ်၊ တန်ဆောင်မုန်းလို့ ဆိုလိုက်တာနဲ့ လှပတဲ့ မီးရောင်စုံတွေ၊ LED တွေနဲ့အတူ မီးပုံးလေးတွေကို မြင်ယောင်ကြမှာ မလွဲဧကန်ပဲဖြစ်ပါတယ်။

လက်မှုပညာရပ်တွေကြားထဲက ရိုးရာမီးပုံးကလေး

အဲ့ဒီလိုမီးပုံးလေးတွေမှာလည်း ခေတ်နဲ့အညီ တီထွင်ဖန်တီးကာ လုပ်ဆောင်လာတာတွေရှိသလို အိမ်နီးချင်းနိုင်ငံတွေကနေ တင်သွင်းရောင်းချတဲ့ ဒီဇိုင်းမျိုးစုံတွေ၊ မြန်မာတို့ရဲ့ လက်မှုပညာအဖြစ် ဝါးကိုအခြေခံပြီး လုပ်ဆောင်ထားတဲ့ မီးပုံးကလေးတွေကိုလည်း ဈေးကွက်ထဲမှာတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ရန်ကုန်မြို့မှာ ရှေးခေတ်ကာလ အဆက်ဆက်ကတည်းက ကြည့်မြင်တိုင်မြို့နယ်က ဘောဂရပ်ကွက်ရဲ့ ဗားကရာချောက်တစ်ဝိုက်မှာ မြန်မာ့ရိုးရာ လက်မှုပညာတွေနဲ့အတူ ရိုးရာဝါးမီးပုံးတွေကို လုပ်ဆောင်လေ့ရှိပါတယ်။

သီတင်းကျွတ်မတိုင်ခင် ကာလကနေ သီတင်းကျွတ်ကာလ ပြီးတဲ့တိုင်အောင် ကထိန်ပွဲတော်အတွက် ကတ္ထူအရုပ်တွေကိုလည်း ရိုးရာဝါးလက်မှုအနုပညာတွေနဲ့ အခြေခံပြီးလုပ်ဆောင်လေ့ရှိပါတယ်။

“ဒီမှာက တကယ့်တကယ်တမ်း မှာယူတာဟာ ဒီဇင်ဘာလောက်အထိတော့ ရှိတတ်ပါတယ်၊ တစ်ချို့ကျတော့လည်း ခရစ္စမတ်ပွဲတွေ၊ အလှူမင်္ဂလာပွဲလမ်းသဘင်တွေ၊ New Year ပွဲတွေအတွက် ဝါးကိုအခြေခံပြီး လုပ်ဆောင်ထားတဲ့ ရိုးရာလက်မှု မီးပုံးတွေကို မှာယူကြပါတယ်” လို့ အဆိုပါရပ်ကွက်မှာ နေထိုင်တဲ့ ဦးမြင့်ဆွေ က ပြောပါတယ်။၁၉၉၀ ဝန်းကျင်လောက်အထိ ဗားကရာချောက်တစ်ဝိုက်မှာ ဝါးမီးပုံးလုပ်ကိုင်သူတွေနဲ့ စည်ကားခဲ့ဖူးသလို ရပ်ကွက်ထဲမှ နေထိုင်သူအချို့အတွက်လည်း လက်ခစားအနေနဲ့ အပိုဝင်ငွေ ဖန်တီးပေးရာအခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။

ခေတ်ကာလ တဖြေးဖြေးပြောင်းလာတာနဲ့အတူ ပြည်ပကနေ ထိုးဖောက်ရောင်းချလာတဲ့ စက္ကူရောင်စုံမီးပုံးတွေ၊ LED မီးရောင်စုံ မီးပုံးတွေက ဈေးကွက်ထဲ သက်သာတဲ့နှုန်းတွေနဲ့ ထိုးဖောက်ဝင်ရောက်လာကြတာကြောင့်လည်း မြန်မာ့လက်မှုပညာရပ်ကို အခြေခံထုတ်လုပ်တဲ့ ရိုးရာဝါးမီးပုံးတွေဟာ ဈေးကွက်ကျဉ်းမြောင်းလာပြီး လုပ်ကိုင်သူတွေလည်း တစ်စတစ်စဖြင့် လျော့နည်းလာခဲ့ကာ ဝါသနာအရ လုပ်ကိုင်သူတွေအဖြစ်ဖြင့်သာ ရှိလာခဲ့ပါတယ်။

“ဒီလုပ်ငန်းက ပိုက်ဆံများများစားစားလည်းမရတော့ လူငယ်အများစုက စိတ်ဝင်စားတာမျိုးမရှိဘူး၊ ပညာရပ်တစ်ခုအနေနဲ့ ပညာအမွေပေးမယ်ဆိုတာတောင် စိတ်ဝင်စားမှုနည်းတယ်၊ ဒါဟာ တကယ့်ကိုဝမ်းနည်းစရာ အခြေအနေတစ်ခုပါပဲ” လို့ သူက ဆက်ပြောပါတယ်။

ဈေးကွက်ပေါ် မူတည်ပြောင်းလဲနေရ

ဈေးကွက်ရဲ့ ဝယ်လိုအား အခြေအနေတွေ ရာသီဥတုအခြေအနေတွေအပေါ် မူတည်ပြီး လုပ်ကိုင်လာကြရာမှ ယခင်က ဗားကရာချောက် တစ်တန်းလုံးအပြည့်မှာ မီးပုံးလုပ်သူတွေနဲ့ စည်ကားခဲ့တဲ့ အခြေအနေကနေ လုပ်ကိုင်သူသုံးဦးလောက်သာ ရှိတော့တဲ့ အခြေအနေမျိုးလည်း ဖြစ်လာခဲ့ပါတယ်။

“ဒီနှစ်မှာက တော်တော်လေးကို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပြန်ပြီးတွေ့လာရတယ်၊ ဟိုနှစ်တွေတုန်းကဆိုရင် မီးပုံးလုပ်တဲ့သူက နှစ်ယောက်ပဲရှိတယ်၊ တစ်ဦးက ဟိုဘက်ကမ်းကနေ မနက်ဒီမှာလာပြီးလုပ်တယ်၊ ညနေဆိုရင်ပြန်တယ်၊ အဲ့ဒီလိုမျိုးရှိပါတယ်၊ ဒီနှစ်က ရာသီဥတုလည်းကောင်းခဲ့တယ်၊ အရင်နှစ်နဲ့ယှဉ်ကြည့်ရင် နေပွင့်တဲ့ရက်တွေလည်းများခဲ့တယ်၊ ဒါကြောင့်လည်း ဈေးကွက်အခြေအနေလေး ပြန်ကောင်းလာဖို့ ဖြစ်စေခဲ့တယ်လို့ မြင်ပါတယ်” လို့ ယင်းရပ်ကွက်မှာ နေထိုင်သော ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးတင်ဝင်း က ရှင်းပြပါတယ်။

မြန်မာ့လက်မှုပညာအဖြစ် တန်ဖိုးထားအသုံးပြုမှုထက် လုပ်ကိုင်ရောင်းချသူတွေပင်လျှင် ဈေးကွက်ဝယ်လိုအား အခြေအနေပေါ် မူတည်လုပ်ဆောင်မှုတွေက အနာဂတ်မှာ အလားအလာမကောင်းနိုင်ဘူးလို့ သုံးသပ်သူတွေလည်းရှိပါတယ်။

“ဈေးကွက်အခြေအနေက မနှစ်ကထက် ၁၀ဝ လောက်ပဲ တက်မှာပေါ့၊ သိပ်လည်းတက်လို့မရဘူး၊ မီးပုံးဈေးတွေကတော့ လက်ရှိအနားနီးရင်တော့ ရောင်းရတာပဲ တွန်းလှည်းကလေးတွေကတော့ သိပ်ပြီးမရောင်းရဘူး၊ ဒီနှစ်မှာက မီးပုံး ရှစ်မျိုး၊ ကိုးမျိုးလောက်ရှိတယ်၊ အခုအချိန်မှာက ကြပ်တည်းကြတယ်လေ၊ ဒါကြောင့်လည်း ရရာအလုပ် ကလေးတွေကို လုပ်ကြရတာရှိတယ်၊ ရောင်းကောင်းလို့တော့ မဟုတ်ဘူး၊ မရောင်းရတဲ့ဟာတွေ ပုံနေတာပဲလေ၊ ရိုးရာလေးမပျောက်ပျက်အောင်တော့ လုပ်တာက ၄၅ နှစ်ရှိပြီ၊ ၁၉၇၅ ခုနှစ်ကတည်းက လုပ်လာတာပါ၊ ၄၄ -၄၅ နှစ် အဲ့ကြားထဲတော့ရှိပြီ” လို့ နှစ်ပေါင်း ၄၀ ကျော် ရိုးရာဝါးမီးပုံးအရုပ်တွေ လုပ်ကိုင်နေတဲ့ ဦးဖြူလေး က ပြောပါတယ်။

ယခုနှစ်မှာ ပြန်လည်လုပ်ကိုင်သူတစ်ချို့ရှိလာကာ မနှစ်ကထက် ပိုများပေမယ့် လွန်ခဲ့တဲ့ ၁၉၉၀ ကနေ ၂၀ဝ၀ ပြည့်နှစ်ကြားက အခြေအနေကိုပင် မမီနိုင်သေးဘူးလို့ အဆိုပါရပ်ကွက်မှာ နေထိုင်သူတွေက ဆိုကြပါတယ်။

ဈေးကွက်ထဲ အားပြိုင်လို့နေ

ရန်ကုန်မြို့လယ်က ဈေးကွက်ထဲမှာ ဝါးကိုအခြေခံလုပ်ဆောင်ရတဲ့ မီးပုံးတွေနဲ့အပြိုင် ဆေးရောင်စုံခြယ်သထားတဲ့ စက္ကူမီးပုံးတွေ၊ ပလတ်စတစ်ပြားတွေနဲ့ လုပ်ထားတဲ့ မီးပုံးတွေကလည်း စက်တင်ဘာလဆန်းလောက်ကတည်းက အိမ်နီးချင်းနိုင်ငံတွေကနေ တင်သွင်းလာတာတွေရှိပါတယ်။ပွဲတော်ရက်တွေနဲ့အတူ ရန်ကုန်မြို့ရဲ့ ဈေးတွေထဲမှာ ဝယ်ယူသူတွေနဲ့ စည်ကားနေတဲ့နေ့တွေဟာ ရောင်းအားကောင်းစေတဲ့ အခြေအနေကို ဖြစ်စေခဲ့ပါတယ်။

လသာမြို့နယ်အတွင်း ဈေးရောင်းချနေသူတစ်ဦးဖြစ်သော မနန္ဒာဖုန်းနိုင် က “ဒီမှာရောင်းတာ လေး၊ ငါးနှစ်လောက်တော့ ရှိပါပြီ၊ ဒီနှစ် ဈေးကွက်အခြေအနေက အကုန်လုံးကတော့ တက်သွားတာပေါ့နော်၊ ဘယ်လိုပြောရမလဲ ကုန်ကြမ်းဈေးနှုန်းကအစ အကုန်လုံးက သိသိသာသာတက်သွားတာပေါ့၊ ဈေးကွက်အခြေအနေက တော်တော်လေးကို သိသိသာသာပြောင်းလဲမှုတော့ရှိတယ်၊ ဝယ်တာကတော့ ဘယ်ကလဲလို့ ပြောလို့မရဘူး၊ နယ်ဘက်က ရွာဘက်တွေက တက်လာကြတာပေါ့နော်၊ ရန်ကုန်ကလည်း ဝယ်တဲ့သူတွေများတယ်” လို့ ရှင်းပြပါတယ်။

ဈေးကွက်လိုအပ်ချက်အမီ လုပ်ကိုင်သူတွေကိုယ်တိုင် နေအိမ်တွေမှာ လုပ်ကိုင်ရင်းရောင်းချတာတွေရှိသလို ဖောက်သည်ပေးကာ အော်ဒါအချိန်မီပြီးအောင် လုပ်ဆောင်ရတဲ့ အခြေအနေတွေအပြင် တစ်ချို့သော ကုမ္ပဏီကြီးတွေ၊ Shopping Center ကြီးတွေကလည်း အလှချိတ်ဆွဲဖို့ နှစ်စဉ် အော်ဒါမှာတာတွေလည်းရှိပါတယ်။ယခုလိုကာလမှာ ဝါသနာအရ အပျော်အနေနဲ့ လက်လီယူပြီး ပြန်ရောင်းတာတွေရှိသလို တစ်ချို့ကလည်း အမြတ်ငွေလေး အနည်းငယ်ကို သုံးစွဲလို့ရအောင် ရည်ရွယ်ရောင်းချသူတွေလည်း ရှိပါတယ်။

“အရင်က ၂၁ လမ်းမှာ ထမင်းရောင်းတယ်၊ ဖောက်သည်လေးတွေက ရောင်းကောင်းတာလည်းရှိသလို ရောင်းမကောင်းတာလည်းရှိတယ်၊ ယောကျာ်းရှိတုန်းက မရောင်းရဘူး၊ အခုဟာက ၄၀ဝ၀ တန်ရှိတယ်၊ ၄၅၀ဝ နဲ့ ရောင်းနေတာတွေရှိတယ်၊  ၂၁ လမ်း ထမင်းရောင်းတယ်၊ ဈေးကွက်အခြေအနေက မနှစ်ကထက်စာရင် ဒီနှစ်ကောင်းတယ်၊ အကုန်လုံး ပျော်ပျော်ပါးပါးလုပ်တယ်ဆိုတော့ ငါလည်းပျော်လို့ ဝင်ပြီးတော့ ရောင်းတာဒါပါပဲ၊ ဒီနှစ် သီတင်းကျွတ်က ပိုစည်မှာပါ၊ သွားနေလာနေ လှုပ်ရှားနေကြတာ၊ ဟိုတုန်းကလို ဝုန်းဒိုင်းဝုန်းဒိုင်း မပြေးရဘူးလေ၊ ရောင်းပန်းဝယ်ပန်းတွေကောင်းတယ်၊ တကယ်ကိုကောင်းတာ၊ ဟိုတုန်းကတော့ ထမင်းရောင်းတယ်၊ အခုမရောင်းနိုင်ဘူး၊ ကျန်းမာရေးလည်းသိပ်မကောင်းဘူး၊ ဒါလေးက နှစ်ပတ်လောက် ရောင်းတယ်ဆိုရင် ကိုယ့်အတွက်လည်း သုံးဖို့စွဲဖို့လေး ရတယ်လေ” လို့ အပျော်ဝင်ရောင်းချနေတဲ့ ဒေါ်ကြည်ဝင်း က ပြောပါတယ်။

အပိုငွေကြေးလေး သုံးစွဲနိုင်အောင် အပျော်ရောင်းချနေကြတာတွေရှိသလို ဈေးကွက်ဝယ်လိုအားရှိစေတဲ့ဟာမျိုးကိုသာ လက်လီယူရောင်းလေ့ ရှိကြပါတယ်။

တည်ငြိမ်သောဈေးကွက် အခြေအနေဖြစ်ခဲ့

ယခုနှစ်ကာလဟာ တည်ငြိမ်တဲ့ ဈေးကွက်အခြေအနေမျိုးဖြစ်ခဲ့ပြီး ဈေးနှုန်းတွေလည်း မြင့်တက်ခဲ့တယ်လို့ သိမ်ကြီးဈေးအနီး ပွဲတော်ပစ္စည်းမျိုးစုံ ရောင်းချတဲ့ဆိုင်တွေကနေ သိရပါတယ်။

“ဈေးကွက်အနေအထားကို အားရမှုရှိတယ်လို့လည်း ပြောလို့ရတယ်၊ မရှိဘူးလို့လည်း ပြောလို့ရတယ်၊ မနှစ်ကနဲ့ယှဉ်ရင်တော့ အားရမှုသိပ်မရှိဘူး၊ ဒါပေမဲ့ ဘယ်လိုခေါ်မလဲ တည်ငြိမ်တယ်လို့ပဲ ပြောရမလားပဲ၊ ဈေးတွေက တက်သွားတယ်၊ အရင်က ၁၅၀ဝ တန်လောက်ပဲရှိတာ၊ အခုက ၂၅၀ဝ လောက်ဖြစ်နေပြီ၊ ကြွပ်ကြွပ်အိတ် မီးပုံးပျံတွေကို အများဆုံးဝယ်ကြပါတယ်၊ တစ်ချို့လည်း အများကြီးလာဝယ်တယ်၊ ဖောက်သည်ဈေးနဲ့ဆိုရင် ၂၂၀ဝ၊ ၂၃၀ဝ လောက်နဲ့ ပေးလိုက်တာတွေရှိပါတယ်၊ အဓိက ကတော့ ပစ္စည်းပြတ်သွားစေချင်တာပဲ” လို့ လသာမြို့နယ်အတွင်း ဈေးရောင်းချနေတဲ့ မနန္ဒာဖုန်းနိုင် က ရှင်းပြပါတယ်။

LED မီးရောင်စုံမီးတွဲများ၊ LED အလှဆင်မီးများ အစရှိတဲ့ ပစ္စည်းတွေဟာလည်း တစ်နှစ်ထက် တစ်နှစ် ဒီဇိုင်းပုံစံအမျိုးမျိုးဖြင့် ဝယ်သူကိုစွဲဆောင်ကာ ဈေးကွက်ဝင်လာခဲ့သလို မီးဘေးအန္တရာယ် စိတ်ချရတဲ့အခြေအနေဖြစ်သော အားသာချက်တွေကလည်း ဝယ်လိုအားတိုးစေတဲ့ အခြေအနေမျိုးဖြစ်ခဲ့ပါတယ်။ယခုလို အောက်တိုဘာလထဲသာ ဝယ်လိုအားကောင်းတာမျိုးမဟုတ်ဘဲ နှစ်ကုန်ပိုင်း ဒီဇင်ဘာလလောက်အထိ ရောင်းချရတဲ့ အခြေအနေမျိုးရှိတယ်လို့ ဆိုကြပါတယ်။

ဝယ်သူအကြိုက် ဈေးကွက်ပြောင်းလဲမှုပေါ် မူတည်ရောင်းချလာရာကနေ ဝါးနဲ့ထုတ်လုပ်ထားတဲ့ မီးပုံးတွေမှာလည်း လုပ်ကိုင်သူတွေဟာ ဖယောင်းတိုင်တပ်ဆင်ရမယ့်နေရာမှာ ဓာတ်ခဲတပ်ဆင်တဲ့ LED မီးလုံးလေးတွေကို တပ်ဆင်ရင်း စမ်းသပ်ရောင်းချလာတာတွေ ရှိပါတယ်။ဈေးကွက်အခြေအနေရဲ့ အနောက်ကိုလိုက်ကာ ဖြစ်တည်ပြောင်းလဲနေရာကနေ တည်မြဲခဲ့တဲ့ မြန်မာ့ရိုးရာ လက်မှုပညာရပ်တစ်ခုဟာ အနာဂတ်ကာလမှာ ပျောက်ကွယ်မသွားအောင် အစီအမံကောင်းတွေ ရေးဆွဲကာလုပ်ဆောင်သွားဖို့ လိုအပ်နေတယ်ဆိုတာ…..။

ဇွဲမာန်
အောက်တိုဘာ - ၂၂

( Zawgyi )

ျမန္မာတို႔ရဲ႕ ဆယ့္ႏွစ္လရာသီပြဲေတာ္ထဲမွာ သီတင္းကြၽတ္နဲ႔ တန္ေဆာင္မုန္းမီးထြန္းပြဲေတာ္ဟာ ထင္ရွားတဲ့ ပြဲေတာ္တစ္ခုလည္း ျဖစ္ပါတယ္။ဒီထဲက သီတင္းကြၽတ္ပြဲေတာ္မွာ ဝါတြင္းကာလမွာ တာဝတႎသာနတ္ျပည္ကို ႂကြခ်ီၿပီး မယ္ေတာ္ အမိနတ္သားကို တရားေဟာကာ လူ႔ျပည္သို႔ ျပန္လည္ႂကြခ်ီေတာ္မူတဲ့ ျမတ္စြာဘုရားရွင္ကို ဆီမီးေရာင္စုံေတြ လႉဖြယ္ပစၥည္းေတြနဲ႔ ထြန္းညႇိပူေဇာ္ေလ့ရွိတဲ့ သီတင္းကြၽတ္မီးထြန္းပြဲေတာ္ဟာ အစဥ္အလာမပ်က္ က်င္းပၾကတဲ့ ပြဲေတာ္တစ္ခုလည္း ျဖစ္ပါတယ္။

ေရွးေခတ္ကာလ အဆက္ဆက္ကေန ယခုမ်က္ေမွာက္ကာလအထိ ေျဖးေျဖးခ်င္း ပုံစံအနည္းငယ္ ေျပာင္းလဲလာခဲ့တဲ့ မီးထြန္းပြဲေတာ္ေတြအျပင္ အလႉပြဲလမ္းသဘင္ေတြ၊ ဝါတြင္းကာလထဲ သံဃာေတာ္ေတြကို အပတ္စဥ္ ဆြမ္းေလာင္းလႉၾကတဲ့ အသင္းအဖြဲ႕ေတြရဲ႕ ဆြမ္းသိမ္းေအာင္ပြဲေတြလည္း က်င္းပရာကာလတစ္ခု ျဖစ္ခဲ့ပါတယ္။ျမန္မာေတြရဲ႕ ရင္ထဲမွာေတာ့ သီတင္းကြၽတ္၊ တန္ေဆာင္မုန္းလို႔ ဆိုလိုက္တာနဲ႔ လွပတဲ့ မီးေရာင္စုံေတြ၊ LED ေတြနဲ႔အတူ မီးပုံးေလးေတြကို ျမင္ေယာင္ၾကမွာ မလြဲဧကန္ပဲျဖစ္ပါတယ္။

လက္မႈပညာရပ္ေတြၾကားထဲက ႐ိုးရာမီးပုံးကေလး

အဲ့ဒီလိုမီးပုံးေလးေတြမွာလည္း ေခတ္နဲ႔အညီ တီထြင္ဖန္တီးကာ လုပ္ေဆာင္လာတာေတြရွိသလို အိမ္နီးခ်င္းႏိုင္ငံေတြကေန တင္သြင္းေရာင္းခ်တဲ့ ဒီဇိုင္းမ်ိဳးစုံေတြ၊ ျမန္မာတို႔ရဲ႕ လက္မႈပညာအျဖစ္ ဝါးကိုအေျခခံၿပီး လုပ္ေဆာင္ထားတဲ့ မီးပုံးကေလးေတြကိုလည္း ေဈးကြက္ထဲမွာေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ရန္ကုန္ၿမိဳ႕မွာ ေရွးေခတ္ကာလ အဆက္ဆက္ကတည္းက ၾကည့္ျမင္တိုင္ၿမိဳ႕နယ္က ေဘာဂရပ္ကြက္ရဲ႕ ဗားကရာေခ်ာက္တစ္ဝိုက္မွာ ျမန္မာ့႐ိုးရာ လက္မႈပညာေတြနဲ႔အတူ ႐ိုးရာဝါးမီးပုံးေတြကို လုပ္ေဆာင္ေလ့ရွိပါတယ္။

သီတင္းကြၽတ္မတိုင္ခင္ ကာလကေန သီတင္းကြၽတ္ကာလ ၿပီးတဲ့တိုင္ေအာင္ ကထိန္ပြဲေတာ္အတြက္ ကတၳဴအ႐ုပ္ေတြကိုလည္း ႐ိုးရာဝါးလက္မႈအႏုပညာေတြနဲ႔ အေျခခံၿပီးလုပ္ေဆာင္ေလ့ရွိပါတယ္။

“ဒီမွာက တကယ့္တကယ္တမ္း မွာယူတာဟာ ဒီဇင္ဘာေလာက္အထိေတာ့ ရွိတတ္ပါတယ္၊ တစ္ခ်ိဳ႕က်ေတာ့လည္း ခရစၥမတ္ပြဲေတြ၊ အလႉမဂၤလာပြဲလမ္းသဘင္ေတြ၊ New Year ပြဲေတြအတြက္ ဝါးကိုအေျခခံၿပီး လုပ္ေဆာင္ထားတဲ့ ႐ိုးရာလက္မႈ မီးပုံးေတြကို မွာယူၾကပါတယ္” လို႔ အဆိုပါရပ္ကြက္မွာ ေနထိုင္တဲ့ ဦးျမင့္ေဆြ က ေျပာပါတယ္။၁၉၉၀ ဝန္းက်င္ေလာက္အထိ ဗားကရာေခ်ာက္တစ္ဝိုက္မွာ ဝါးမီးပုံးလုပ္ကိုင္သူေတြနဲ႔ စည္ကားခဲ့ဖူးသလို ရပ္ကြက္ထဲမွ ေနထိုင္သူအခ်ိဳ႕အတြက္လည္း လက္ခစားအေနနဲ႔ အပိုဝင္ေငြ ဖန္တီးေပးရာအေျခအေနမ်ိဳး ျဖစ္ခဲ့ပါတယ္။

ေခတ္ကာလ တေျဖးေျဖးေျပာင္းလာတာနဲ႔အတူ ျပည္ပကေန ထိုးေဖာက္ေရာင္းခ်လာတဲ့ စကၠဴေရာင္စုံမီးပုံးေတြ၊ LED မီးေရာင္စုံ မီးပုံးေတြက ေဈးကြက္ထဲ သက္သာတဲ့ႏႈန္းေတြနဲ႔ ထိုးေဖာက္ဝင္ေရာက္လာၾကတာေၾကာင့္လည္း ျမန္မာ့လက္မႈပညာရပ္ကို အေျခခံထုတ္လုပ္တဲ့ ႐ိုးရာဝါးမီးပုံးေတြဟာ ေဈးကြက္က်ဥ္းေျမာင္းလာၿပီး လုပ္ကိုင္သူေတြလည္း တစ္စတစ္စျဖင့္ ေလ်ာ့နည္းလာခဲ့ကာ ဝါသနာအရ လုပ္ကိုင္သူေတြအျဖစ္ျဖင့္သာ ရွိလာခဲ့ပါတယ္။

“ဒီလုပ္ငန္းက ပိုက္ဆံမ်ားမ်ားစားစားလည္းမရေတာ့ လူငယ္အမ်ားစုက စိတ္ဝင္စားတာမ်ိဳးမရွိဘူး၊ ပညာရပ္တစ္ခုအေနနဲ႔ ပညာအေမြေပးမယ္ဆိုတာေတာင္ စိတ္ဝင္စားမႈနည္းတယ္၊ ဒါဟာ တကယ့္ကိုဝမ္းနည္းစရာ အေျခအေနတစ္ခုပါပဲ” လို႔ သူက ဆက္ေျပာပါတယ္။

ေဈးကြက္ေပၚ မူတည္ေျပာင္းလဲေနရ

ေဈးကြက္ရဲ႕ ဝယ္လိုအား အေျခအေနေတြ ရာသီဥတုအေျခအေနေတြအေပၚ မူတည္ၿပီး လုပ္ကိုင္လာၾကရာမွ ယခင္က ဗားကရာေခ်ာက္ တစ္တန္းလုံးအျပည့္မွာ မီးပုံးလုပ္သူေတြနဲ႔ စည္ကားခဲ့တဲ့ အေျခအေနကေန လုပ္ကိုင္သူသုံးဦးေလာက္သာ ရွိေတာ့တဲ့ အေျခအေနမ်ိဳးလည္း ျဖစ္လာခဲ့ပါတယ္။

“ဒီႏွစ္မွာက ေတာ္ေတာ္ေလးကို ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္နဲ႔ ျပန္ၿပီးေတြ႕လာရတယ္၊ ဟိုႏွစ္ေတြတုန္းကဆိုရင္ မီးပုံးလုပ္တဲ့သူက ႏွစ္ေယာက္ပဲရွိတယ္၊ တစ္ဦးက ဟိုဘက္ကမ္းကေန မနက္ဒီမွာလာၿပီးလုပ္တယ္၊ ညေနဆိုရင္ျပန္တယ္၊ အဲ့ဒီလိုမ်ိဳးရွိပါတယ္၊ ဒီႏွစ္က ရာသီဥတုလည္းေကာင္းခဲ့တယ္၊ အရင္ႏွစ္နဲ႔ယွဥ္ၾကည့္ရင္ ေနပြင့္တဲ့ရက္ေတြလည္းမ်ားခဲ့တယ္၊ ဒါေၾကာင့္လည္း ေဈးကြက္အေျခအေနေလး ျပန္ေကာင္းလာဖို႔ ျဖစ္ေစခဲ့တယ္လို႔ ျမင္ပါတယ္” လို႔ ယင္းရပ္ကြက္မွာ ေနထိုင္ေသာ ရပ္မိရပ္ဖတစ္ဦးျဖစ္တဲ့ ဦးတင္ဝင္း က ရွင္းျပပါတယ္။

ျမန္မာ့လက္မႈပညာအျဖစ္ တန္ဖိုးထားအသုံးျပဳမႈထက္ လုပ္ကိုင္ေရာင္းခ်သူေတြပင္လွ်င္ ေဈးကြက္ဝယ္လိုအား အေျခအေနေပၚ မူတည္လုပ္ေဆာင္မႈေတြက အနာဂတ္မွာ အလားအလာမေကာင္းႏိုင္ဘူးလို႔ သုံးသပ္သူေတြလည္းရွိပါတယ္။

“ေဈးကြက္အေျခအေနက မႏွစ္ကထက္ ၁၀ဝ ေလာက္ပဲ တက္မွာေပါ့၊ သိပ္လည္းတက္လို႔မရဘူး၊ မီးပုံးေဈးေတြကေတာ့ လက္ရွိအနားနီးရင္ေတာ့ ေရာင္းရတာပဲ တြန္းလွည္းကေလးေတြကေတာ့ သိပ္ၿပီးမေရာင္းရဘူး၊ ဒီႏွစ္မွာက မီးပုံး ရွစ္မ်ိဳး၊ ကိုးမ်ိဳးေလာက္ရွိတယ္၊ အခုအခ်ိန္မွာက ၾကပ္တည္းၾကတယ္ေလ၊ ဒါေၾကာင့္လည္း ရရာအလုပ္ ကေလးေတြကို လုပ္ၾကရတာရွိတယ္၊ ေရာင္းေကာင္းလို႔ေတာ့ မဟုတ္ဘူး၊ မေရာင္းရတဲ့ဟာေတြ ပုံေနတာပဲေလ၊ ႐ိုးရာေလးမေပ်ာက္ပ်က္ေအာင္ေတာ့ လုပ္တာက ၄၅ ႏွစ္ရွိၿပီ၊ ၁၉၇၅ ခုႏွစ္ကတည္းက လုပ္လာတာပါ၊ ၄၄ -၄၅ ႏွစ္ အဲ့ၾကားထဲေတာ့ရွိၿပီ” လို႔ ႏွစ္ေပါင္း ၄၀ ေက်ာ္ ႐ိုးရာဝါးမီးပုံးအ႐ုပ္ေတြ လုပ္ကိုင္ေနတဲ့ ဦးျဖဴေလး က ေျပာပါတယ္။

ယခုႏွစ္မွာ ျပန္လည္လုပ္ကိုင္သူတစ္ခ်ိဳ႕ရွိလာကာ မႏွစ္ကထက္ ပိုမ်ားေပမယ့္ လြန္ခဲ့တဲ့ ၁၉၉၀ ကေန ၂၀ဝ၀ ျပည့္ႏွစ္ၾကားက အေျခအေနကိုပင္ မမီႏိုင္ေသးဘူးလို႔ အဆိုပါရပ္ကြက္မွာ ေနထိုင္သူေတြက ဆိုၾကပါတယ္။

ေဈးကြက္ထဲ အားၿပိဳင္လို႔ေန

ရန္ကုန္ၿမိဳ႕လယ္က ေဈးကြက္ထဲမွာ ဝါးကိုအေျခခံလုပ္ေဆာင္ရတဲ့ မီးပုံးေတြနဲ႔အၿပိဳင္ ေဆးေရာင္စုံျခယ္သထားတဲ့ စကၠဴမီးပုံးေတြ၊ ပလတ္စတစ္ျပားေတြနဲ႔ လုပ္ထားတဲ့ မီးပုံးေတြကလည္း စက္တင္ဘာလဆန္းေလာက္ကတည္းက အိမ္နီးခ်င္းႏိုင္ငံေတြကေန တင္သြင္းလာတာေတြရွိပါတယ္။ပြဲေတာ္ရက္ေတြနဲ႔အတူ ရန္ကုန္ၿမိဳ႕ရဲ႕ ေဈးေတြထဲမွာ ဝယ္ယူသူေတြနဲ႔ စည္ကားေနတဲ့ေန႔ေတြဟာ ေရာင္းအားေကာင္းေစတဲ့ အေျခအေနကို ျဖစ္ေစခဲ့ပါတယ္။

လသာၿမိဳ႕နယ္အတြင္း ေဈးေရာင္းခ်ေနသူတစ္ဦးျဖစ္ေသာ မနႏၵာဖုန္းႏိုင္ က “ဒီမွာေရာင္းတာ ေလး၊ ငါးႏွစ္ေလာက္ေတာ့ ရွိပါၿပီ၊ ဒီႏွစ္ ေဈးကြက္အေျခအေနက အကုန္လုံးကေတာ့ တက္သြားတာေပါ့ေနာ္၊ ဘယ္လိုေျပာရမလဲ ကုန္ၾကမ္းေဈးႏႈန္းကအစ အကုန္လုံးက သိသိသာသာတက္သြားတာေပါ့၊ ေဈးကြက္အေျခအေနက ေတာ္ေတာ္ေလးကို သိသိသာသာေျပာင္းလဲမႈေတာ့ရွိတယ္၊ ဝယ္တာကေတာ့ ဘယ္ကလဲလို႔ ေျပာလို႔မရဘူး၊ နယ္ဘက္က ႐ြာဘက္ေတြက တက္လာၾကတာေပါ့ေနာ္၊ ရန္ကုန္ကလည္း ဝယ္တဲ့သူေတြမ်ားတယ္” လို႔ ရွင္းျပပါတယ္။

ေဈးကြက္လိုအပ္ခ်က္အမီ လုပ္ကိုင္သူေတြကိုယ္တိုင္ ေနအိမ္ေတြမွာ လုပ္ကိုင္ရင္းေရာင္းခ်တာေတြရွိသလို ေဖာက္သည္ေပးကာ ေအာ္ဒါအခ်ိန္မီၿပီးေအာင္ လုပ္ေဆာင္ရတဲ့ အေျခအေနေတြအျပင္ တစ္ခ်ိဳ႕ေသာ ကုမၸဏီႀကီးေတြ၊ Shopping Center ႀကီးေတြကလည္း အလွခ်ိတ္ဆြဲဖို႔ ႏွစ္စဥ္ ေအာ္ဒါမွာတာေတြလည္းရွိပါတယ္။ယခုလိုကာလမွာ ဝါသနာအရ အေပ်ာ္အေနနဲ႔ လက္လီယူၿပီး ျပန္ေရာင္းတာေတြရွိသလို တစ္ခ်ိဳ႕ကလည္း အျမတ္ေငြေလး အနည္းငယ္ကို သုံးစြဲလို႔ရေအာင္ ရည္႐ြယ္ေရာင္းခ်သူေတြလည္း ရွိပါတယ္။

“အရင္က ၂၁ လမ္းမွာ ထမင္းေရာင္းတယ္၊ ေဖာက္သည္ေလးေတြက ေရာင္းေကာင္းတာလည္းရွိသလို ေရာင္းမေကာင္းတာလည္းရွိတယ္၊ ေယာက်ာ္းရွိတုန္းက မေရာင္းရဘူး၊ အခုဟာက ၄၀ဝ၀ တန္ရွိတယ္၊ ၄၅၀ဝ နဲ႔ ေရာင္းေနတာေတြရွိတယ္၊  ၂၁ လမ္း ထမင္းေရာင္းတယ္၊ ေဈးကြက္အေျခအေနက မႏွစ္ကထက္စာရင္ ဒီႏွစ္ေကာင္းတယ္၊ အကုန္လုံး ေပ်ာ္ေပ်ာ္ပါးပါးလုပ္တယ္ဆိုေတာ့ ငါလည္းေပ်ာ္လို႔ ဝင္ၿပီးေတာ့ ေရာင္းတာဒါပါပဲ၊ ဒီႏွစ္ သီတင္းကြၽတ္က ပိုစည္မွာပါ၊ သြားေနလာေန လႈပ္ရွားေနၾကတာ၊ ဟိုတုန္းကလို ဝုန္းဒိုင္းဝုန္းဒိုင္း မေျပးရဘူးေလ၊ ေရာင္းပန္းဝယ္ပန္းေတြေကာင္းတယ္၊ တကယ္ကိုေကာင္းတာ၊ ဟိုတုန္းကေတာ့ ထမင္းေရာင္းတယ္၊ အခုမေရာင္းႏိုင္ဘူး၊ က်န္းမာေရးလည္းသိပ္မေကာင္းဘူး၊ ဒါေလးက ႏွစ္ပတ္ေလာက္ ေရာင္းတယ္ဆိုရင္ ကိုယ့္အတြက္လည္း သုံးဖို႔စြဲဖို႔ေလး ရတယ္ေလ” လို႔ အေပ်ာ္ဝင္ေရာင္းခ်ေနတဲ့ ေဒၚၾကည္ဝင္း က ေျပာပါတယ္။

အပိုေငြေၾကးေလး သုံးစြဲႏိုင္ေအာင္ အေပ်ာ္ေရာင္းခ်ေနၾကတာေတြရွိသလို ေဈးကြက္ဝယ္လိုအားရွိေစတဲ့ဟာမ်ိဳးကိုသာ လက္လီယူေရာင္းေလ့ ရွိၾကပါတယ္။

တည္ၿငိမ္ေသာေဈးကြက္ အေျခအေနျဖစ္ခဲ့

ယခုႏွစ္ကာလဟာ တည္ၿငိမ္တဲ့ ေဈးကြက္အေျခအေနမ်ိဳးျဖစ္ခဲ့ၿပီး ေဈးႏႈန္းေတြလည္း ျမင့္တက္ခဲ့တယ္လို႔ သိမ္ႀကီးေဈးအနီး ပြဲေတာ္ပစၥည္းမ်ိဳးစုံ ေရာင္းခ်တဲ့ဆိုင္ေတြကေန သိရပါတယ္။

“ေဈးကြက္အေနအထားကို အားရမႈရွိတယ္လို႔လည္း ေျပာလို႔ရတယ္၊ မရွိဘူးလို႔လည္း ေျပာလို႔ရတယ္၊ မႏွစ္ကနဲ႔ယွဥ္ရင္ေတာ့ အားရမႈသိပ္မရွိဘူး၊ ဒါေပမဲ့ ဘယ္လိုေခၚမလဲ တည္ၿငိမ္တယ္လို႔ပဲ ေျပာရမလားပဲ၊ ေဈးေတြက တက္သြားတယ္၊ အရင္က ၁၅၀ဝ တန္ေလာက္ပဲရွိတာ၊ အခုက ၂၅၀ဝ ေလာက္ျဖစ္ေနၿပီ၊ ႂကြပ္ႂကြပ္အိတ္ မီးပုံးပ်ံေတြကို အမ်ားဆုံးဝယ္ၾကပါတယ္၊ တစ္ခ်ိဳ႕လည္း အမ်ားႀကီးလာဝယ္တယ္၊ ေဖာက္သည္ေဈးနဲ႔ဆိုရင္ ၂၂၀ဝ၊ ၂၃၀ဝ ေလာက္နဲ႔ ေပးလိုက္တာေတြရွိပါတယ္၊ အဓိက ကေတာ့ ပစၥည္းျပတ္သြားေစခ်င္တာပဲ” လို႔ လသာၿမိဳ႕နယ္အတြင္း ေဈးေရာင္းခ်ေနတဲ့ မနႏၵာဖုန္းႏိုင္ က ရွင္းျပပါတယ္။

LED မီးေရာင္စုံမီးတြဲမ်ား၊ LED အလွဆင္မီးမ်ား အစရွိတဲ့ ပစၥည္းေတြဟာလည္း တစ္ႏွစ္ထက္ တစ္ႏွစ္ ဒီဇိုင္းပုံစံအမ်ိဳးမ်ိဳးျဖင့္ ဝယ္သူကိုစြဲေဆာင္ကာ ေဈးကြက္ဝင္လာခဲ့သလို မီးေဘးအႏၲရာယ္ စိတ္ခ်ရတဲ့အေျခအေနျဖစ္ေသာ အားသာခ်က္ေတြကလည္း ဝယ္လိုအားတိုးေစတဲ့ အေျခအေနမ်ိဳးျဖစ္ခဲ့ပါတယ္။ယခုလို ေအာက္တိုဘာလထဲသာ ဝယ္လိုအားေကာင္းတာမ်ိဳးမဟုတ္ဘဲ ႏွစ္ကုန္ပိုင္း ဒီဇင္ဘာလေလာက္အထိ ေရာင္းခ်ရတဲ့ အေျခအေနမ်ိဳးရွိတယ္လို႔ ဆိုၾကပါတယ္။

ဝယ္သူအႀကိဳက္ ေဈးကြက္ေျပာင္းလဲမႈေပၚ မူတည္ေရာင္းခ်လာရာကေန ဝါးနဲ႔ထုတ္လုပ္ထားတဲ့ မီးပုံးေတြမွာလည္း လုပ္ကိုင္သူေတြဟာ ဖေယာင္းတိုင္တပ္ဆင္ရမယ့္ေနရာမွာ ဓာတ္ခဲတပ္ဆင္တဲ့ LED မီးလုံးေလးေတြကို တပ္ဆင္ရင္း စမ္းသပ္ေရာင္းခ်လာတာေတြ ရွိပါတယ္။ေဈးကြက္အေျခအေနရဲ႕ အေနာက္ကိုလိုက္ကာ ျဖစ္တည္ေျပာင္းလဲေနရာကေန တည္ၿမဲခဲ့တဲ့ ျမန္မာ့႐ိုးရာ လက္မႈပညာရပ္တစ္ခုဟာ အနာဂတ္ကာလမွာ ေပ်ာက္ကြယ္မသြားေအာင္ အစီအမံေကာင္းေတြ ေရးဆြဲကာလုပ္ေဆာင္သြားဖို႔ လိုအပ္ေနတယ္ဆိုတာ…..။

ဇြဲမာန္
ေအာက္တိုဘာ - ၂၂