【 သတင်းဆောင်းပါး 】 “ကိုဗက်ကြောင့် ပျက်သွားတဲ့သင်္ကြန်”

【 သတင်းဆောင်းပါး 】 “ကိုဗက်ကြောင့် ပျက်သွားတဲ့သင်္ကြန်”

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းမယ့်အချိန် နီးကပ်လို့လာပါပြီ။ရိုးရာသင်္ကြန်၊ ယဉ်ကျေးမှုသင်္ကြန်၊ သရုပ်ပျက်သင်္ကြန်၊ အပျော်သင်္ကြန်၊ စီးပွားရေးသင်္ကြန်၊ လမ်းလျှောက်သင်္ကြန် အစရှိတဲ့ အမည်နာမအမျိုးမျိုးနဲ့ ပြောဆိုခေါ်ဝေါ်မှုတွေရှိပေမယ့် သင်္ကြန်ကာလကိုတော့ နှစ်စဉ်နှစ်တိုင်း ပျော်ရွှင်စွာဆင်နွှဲခဲ့ကြပါတယ်။

သင်္ကြန်ကာလ ရုံးပိတ်ရက်အဖြစ် ၁၀ ရက် သတ်မှတ်ထားရာမှ ၂၀၁၇ ခုနှစ်မှ စတင်ပြီး ၅ ရက်သာ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။၂၀၂၀ ခုနှစ်မှာတော့ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များအပါအဝင် စုစုပေါင်းပိတ်ရက် ၁၀ ရက်ဖြစ်တဲ့အတွက် အများပြည်သူအနေနဲ့ သင်္ကြန်ကာလကို ပျော်ရွှင်စွာဖြတ်သန်းကြဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။နှစ်စဉ်နှစ်တိုင်း သင်္ကြန်တွင်းကာလတွေမှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေလည်း အကျိုးအမြတ်များစွာရရှိကြတဲ့အတွက် မိမိတို့ရဲ့လုပ်ငန်းတွေကို လုပ်ကိုင်ကြဖို့ အားခဲမျှော်လင့်ခဲ့ကြပါတယ်။

စားသောက်ဆိုင်လုပ်ငန်းတွေ၊ သင်္ကြန်တွင်း ကစားစရာပစ္စည်းရောင်းချသူတွေ၊ အဝေးပြေးယာဉ်လိုင်းတွေ၊ မဏ္ဍာပ်ဆောက်လုပ်သူတွေ၊ ဟိုတယ်၊ တည်းခိုခန်းတွေ သူတို့နဲ့ဆက်စပ်လုပ်ကိုင်သူတွေကတော့ နှစ်စဉ်နှစ်တိုင်း အကျိုးအမြတ်များစွာရရှိကြတဲ့အတွက် ယခုနှစ်မှာလည်း စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ကြဖို့ အားခဲမျှော်လင့်ခဲ့ကြပါတယ်။

၂၀၁၉ နှစ်ကုန်၊ ဒီဇင်ဘာလလောက်မှာ တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ခဲ့တဲ့ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါက ထင်တာထက် ကူးစက်မှုနှုန်းမြင့်မားကာ တရုတ်နိုင်ငံကနေတစ်ဆင့် ရက်ပိုင်းလပိုင်းအတွင်း ကမ္ဘာ့နိုင်ငံအသီးသီးသို့ ကူးစက်ပြန့်နှံ့လာခဲ့ပါတယ်။ဒီလိုတစ်ကမ္ဘာလုံးကို ရောဂါပျံ့နှံမှုဖြစ်ပွားကာ ကူးစက်မြန်ခဲ့တဲ့အတွက် မထိန်းချုပ်နိုင်တော့လို့ မတ်လ ၁၁ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့ရပါတယ်။

တရုတ်နဲ့ နယ်နမိတ်ခြင်းထိစပ်ကာ နှစ်နိုင်ငံကူးလူးဆက်သွယ်မှု များနေတဲ့အတွက် မြန်မာနိုင်ငံအဖို့ ကိုရိုနာဗိုင်းရပ်စ်ကို အစောပိုင်းက စိုးရိမ်နေရတဲ့အတွက် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။အဆုတ်ရောင် ကူးစက်မြန်ရောဂါ စတင်ပြီး သုံးလကျော်တဲ့ မတ် ၂၃ ရက်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါက မြန်မာနိုင်ငံမှာ စတင်တွေ့ရှိလာခဲ့ပါတယ်။ယခုအခါ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၁ ဦးရှိကာ တစ်ဦးသေဆုံးခဲ့ချိန်မှာတော့ ဒီကျန်းမာရေးပြဿနာက မြန်မာနိုင်ငံကို ခြိမ်းခြောက်လာနေပြီ ဖြစ်ပါတယ်။

အစိုးရက ဒီကျန်းမာရေးကပ်ဆိုးကို မြန်မာနိုင်ငံမှာ ကူးစက်ခံရသူမတွေ့ခင် မတ်လ ၁၃ ရက်နေ့ ရက်စွဲနဲ့ ဧပြီလ ၃၀ ရက်နေ့အထိ သင်္ကြန်မဏ္ဍာပ်တွေ အပါအဝင် လူစုလူဝေးအခမ်းအနားတွေ မကျင်းပဖို့ ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ့ကြောင်း ထုတ်ပြန်တဲ့ မတ်လ ၂၃ ရက် ည ၁၁ နာရီ ၄၅ မိနစ်အချိန်မှာတော့ ညတွင်းချင်း စားသောက်ကုန်တွေ အလုအယက်ဝယ်ယူမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တွေ့တဲ့ရက်ကစကာ ရုပ်မြင်သံကြား၊ လူမှုကွန်ရက်စာမျက်နှာ၊ နေ့စဉ်ထုတ်သတင်းစာတွေမှာ နှစ်စဉ် သင်္ကြန်ကာလပတ်ဝန်းကျင်မှာ ကြားနေရတဲ့ သင်္ကြန်သီချင်းသံအစား ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့ သတိပေးချက်တွေက နေရာဝင်ယူခဲ့ပါတယ်။ဒီလိုဖြစ်သလို တခြားအခြမ်းဖြစ်တဲ့ စီးပွားရေးကဏ္ဍမှာလည်း တရုတ်နိုင်ငံဘက်က အသွားအလာကန့်သတ်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံဘက်ကို ကုန်ကြမ်းပစ္စည်းတွေ မရောက်ရှိပဲ အထည်ချုပ်စက်ရုံအချို့ ရပ်နားမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်နေကြတဲ့ အနယ်နယ်အရပ်ရပ်မှ စက်ရုံအလုပ်သမားတွေလည်း အလုပ်လက်မဲ့ဖြစ်ခဲ့ကြပါတယ်။ရပ်နားလိုက်တဲ့ အလုပ်သမားတွေကို လစာနဲ့ လျှော်ကြေးပေးလျှော်မှုတွေရှိပေမယ့် ဆက်လက်အလုပ်လုပ်ကိုင်ဖို့တော့ အခွင့်အရေးကနည်းသွားခဲ့ပါပြီ။အချို့သောစက်ရုံပိုင်ရှင်တွေက လျှော်ကြေး၊ လစာ ပေးချေခြင်းမရှိဘဲ စက်ရုံပိတ်ကာထွက်ပြေးသွားကြတဲ့အတွက် လျှော်ကြေးအပြင် လခပါမရရှိတဲ့ အလုပ်သမားတွေလည်းရှိခဲ့ပါတယ်။

ကိုရိုနာဗိုင်းရစ်ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံများ ရပ်နားကြတဲ့အတွက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံသားများလည်း မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာ အလုပ်အကိုင်နည်းပါးတဲ့အတွက် ပြည်ပထွက်အလုပ်လုပ်ကိုင်သူများရဲ့ ပြည်တော်ပြန်ခရီးဟာ ရောဂါပိုးများ ပူးတွဲပါလာနိုင်တဲ့အတွက် ပြည်တွင်းနေထိုင်သူများ စိုးရိမ်ထိတ်လန့်ခဲ့ကြပါတယ်။အလုပ်လက်မဲ့အဖြစ်နဲ့ ပြန်လာကြတဲ့ ပြည်တော်ပြန်တွေအနေနဲ့လည်း မိသားစုစားဝတ်နေရေးအတွက် ရမတက်မအေးစရာ အခြေအနေကို ရောက်ရှိလာကြတာဖြစ်ပါတယ်။

ရန်ကုန်မြို့တွင် မတ်လ ၂၈ ရက်နေ့မှ စတင်ပြီး လဘက်ရည်ဆိုင်၊ စားသောက်ဆိုင်ရောင်းချသူတွေကို ပါဆယ်သာရောင်းချရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပါတယ်။ရန်ကုန်မြို့အပါအဝင် အချို့သောပြည်နယ်နဲ့ တိုင်းဒေသကြီးအချို့မှာ စားသောက်ဆိုင်၊ လဘက်ရည်ဆိုင်တွေကို ပါဆယ်နဲ့သာရောင်းချဖို့ ညွှန်ကြားချက်တွေကြောင့် စားသောက်ဆိုင်ကို မှီခိုနေကြတဲ့သူတွေအတွက် အခက်အခဲဖြစ်ပေါ်လာခဲ့ပါတယ်။

ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ်မှာ ထမင်းဆိုင်ရောင်းချသူ ဦးတင်ဦး က “၂၈ ရက်နေ့က စာလာပေးတာကတော့ ပါဆယ်ထုတ်ရောင်းဖို့ပဲ။ဘယ်ရက်အထိရောင်းပြီး ဘယ်နေ့ပြန်စရောင်းတော့ မပြောသွားဘူး။ပါဆယ်ကတော့ ကော်ဘူးတို့ ဇွန်းတို့တော့ အကုန်ဝယ်ထားတယ်။ဝယ်ထားတာတွေတော့ လျှော့လိုက်တယ်။ခါတိုင်း ဝက်သား ၅ ပိသာဝယ်ရင် ခုဆိုရင် ၂ ပိသာလောက်ပဲဝယ်တယ်။ဘဲဥ ခါတိုင်း အလုံး ၂၀လောက်ချက်ရင် ခု ၁၀ လုံးလောက်ပဲချက်တယ်။ခရီးဝေးထိုင်စားမယ့်သူတွေကျတော့ နေရာမရှိတော့ မစားတော့ဘူးလေ။ရုံးတွေ၊ အိမ်ပတ်ဝန်းကျတွေကတော့ ပါဆယ်ယူနေကျဆိုတော့ ယူတယ်။အဝေးလာတဲ့သူတွေကတော့ ထိုင်စားလို့မရတော့ ထိုင်မစားကြတော့ဘူး” လို့ ဆိုပါတယ်။

စားသောက်ဆိုင်တွေကို ပါဆယ်သာရောင်းချခွင့်ပြုပြီးတဲ့နောက် အဲ့ဒီစားသောက်ဆိုင်တွေမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေကိုလည်း လူဦးရေလျှော့ချခြင်းများ ပြုလုပ်ခဲ့တဲ့အတွက် အလုပ်လက်မဲ့ဦးရေ ထပ်မံတိုးပွား ခဲ့ပါတယ်။

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပါရမီလမ်းမှာ ဖွင့်လှစ်ထားတဲ့ ရွှေမိတ်သစ် လဘက်ရည်ဆိုင်ပိုင်ရှင်က ပြန်လိုတဲ့အလုပ်သမားတွေကို ပြန်ခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

“ပြန်ချင်တဲ့သူတွေကို ပေးပြန်လိုက်ပြီ။သူတို့ကိုယ်တိုင်က ပြန်ချင်နေကြတာတွေရှိတယ်။အလုပ်သမား တစ်ဝက်ကျော်လောက်တော့ပြန်သွားပြီ။ပေးမပြန်လို့လည်းမရဘူး။အလုပ်သမားစရိတ်က တစ်လကို ၃၅ သိန်းကျော်တယ်။ရေရှည်တောင့်မခံနိုင်ဘူး” လို့ ဆိုပါတယ်။

အစိုးရက ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ဖို့အတွက် လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကို မပြုလုပ်ဖို့ တားမြစ်ချက်ထုတ်ပြန်မှု၊ အများပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်မှု၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံတွေ အပါအဝင် လုပ်ငန်းအသီးသီးမှာ လူစုလူဝေးကိုနည်းပါးအောင် လုပ်ဆောင်လာကြတဲ့အတွက် ရန်ကုန်မြို့မှာ အသွားအလာနည်းပါးသွားပြီး စျေးဆိုင်များ ရောင်းအားကျဆင်းလာခဲ့ပါတယ်။

အများပြည်သူအနေနဲ့ စားသောက်ကုန်ပစ္စည်း၊ နှာခေါင်းစည်း၊ လက်သန့်ဆေးများနဲ့ ဆေးပစ္စည်းများကိုသာ ဝယ်ယူသူများပြားပြီး အခြားကုန်ပစ္စည်းတွေကို ဝယ်ယူသူနည်းပါးလျှက်ရှိတဲ့အတွက် လုပ်ငန်းအများစု ရပ်ဆိုင်းမှုများဖြစ်ပေါ်ခဲ့ပါတယ်။

ဗိုလ်ချုပ်စျေးမှ အထည်ဆိုင်ပိုင်ရှင် မသီတာအေး က … “ဆိုင်တော့လာဖွင့်နေတယ်။လူအသွားအလာက အရမ်းနည်းသွားပြီ။လူတွေက စားသောက်ကုန်တွေပဲ အဓိကထားဝယ်ကြတယ်။အဝတ်အထည်တွေ ဝယ်သူမရှိသလောက်ရှားသွားပြီ။အခြေအနေကြည့်ပြီး နောက်ရက်တွေဆိုရင် ဆိုင်ပိတ်လိုက်တော့မယ်” လို့ ဆိုပါတယ်။

အဝတ်အထည်များ ရောင်းချမှုနည်းပါးတဲ့အပြင် စက်ချုပ်လုပ်ငန်းလုပ်ကိုင်သူများအနေနဲ့လည်း လာရောက်အပ်နှံသူများ နည်းပါးတဲ့အတွက် ဆက်လက်ဖွင့်လှစ်ခြင်းမပြုလုပ်ပဲ ရပ်နားတော့မှာဖြစ်တယ်လို့ Smile Sweet ဆိုင်ပိုင်ရှင် မခိုင်ရွှေ က ဆိုပါတယ်။

“အရင်ကလာအပ်ထားတဲ့သူတွေလည်း လာမရွေးကြဘူး။နောက်ထပ်လည်း လာမအပ်ကြဘူး။ဆိုင်လခ၊ အလုပ်သမားလခတွေက ရေရှည်တောင့်မခံနိုင်ဘူး။နောက်ရက်တွေဆိုရင်တော့ ဆိုင်ပိတ်လိုက်တော့မယ်” လို့ ဆိုပါတယ်။

သင်္ကြန်ပွဲတော်ကို ပိတ်ပင်လိုက်တဲ့အတွက် သင်္ကြန်တွင်း ကစားစရာကုန်ပစ္စည်းတွေ၊ ပန်ကုံး၊ ရေဖလား အစရှိတဲ့ ကုန်ပစ္စည်းတွေ ရောင်းချရမှုမရှိသလောက် လျော့နည်းသွားပြီး ကုန်ပစ္စည်းမှာယူရောင်းချထားသူတွေ အခက်အခဲများဖြစ်ပေါ်လို့နေပါတယ်။

မဏ္ဍပ်ဆောက်လုပ်သူတွေ၊ မဏ္ဍာပ်ငှားရမ်းသူတွေ၊ သင်္ကြန်ရေပက်ခံကား ငှားရမ်းသူတွေအတွက်ကတော့ လုံး၀ကို စျေးကွက်ပျက်သွားခဲ့တာပါ။ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ အငှား Taxi ယာဉ်များအနေနဲ့ စီးနင်းမှုနည်းပါးတဲ့အတွက် အချို့ယာဉ်များ ဆက်လက်ပြေးဆွဲခြင်းမပြုလုပ်ပဲ ရပ်နားထားမှုများရှိခဲ့ပါတယ်။

“မနက် ၆ နာရီလောက်ကတည်းက ဆွဲနေတာ။အခု ၁၀ နာရီထိုးတော့မယ်။စျေးဦးမပေါက်သေးဘူး။အုံနာခနဲ့ ဆီဖိုးရဖို့ မနည်းဆွဲနေရတယ်။လူလည်းမထွက်ကြတော့ဘူး။ရောဂါဘယ်အချိန်ဖြစ်မလဲ စိုးရိမ်နေရတယ်။အိမ်ပြန်ရင်လည်း မိသားစုကိုကူးမလားလို့ စိတ်ပူနေရတယ်။
ဒီအတိုင်းဆိုရင်တော့ နောက်ရက်တွေ အုံနာကိုကားပြန်အပ်ပြီး နားလိုက်တော့မယ်” လို့ ဆိုပါတယ်။

အချို့သောသူတွေက သင်္ကြန်တွင်းပိတ်ရက်တွေမှာ နေအိမ်အတွင်းမှာသာနေထိုင်ပြီး မိမိတို့နှစ်သက်ရာ စာအုပ်စာပေတွေကို ဖတ်ရှူသူများလည်းရှိကြတဲ့အတွက် သင်္ကြန်နီးကာလတွေဟာ စာအုပ်ဝယ်ယူသူများပြားလေ့ရှိပါတယ်။

ကိုဗစ် ၁၉ ဖြစ်ပွားလာမှုနဲ့အတူ လူသွားလူလာနည်းပါးသွားပြီး စားသောက်ကုန်ပစ္စည်းတွေကိုသာ အဓိကထားဝယ်ယူကြတဲ့အတွက် စာအုပ်ရောင်းချရမှုနည်းပါးတယ်လို့လည်း ဆိုပါတယ်။

စာအုပ်အရောင်းဆိုင်ပိုင်ရှင် ဦးအုန်းစော က “ဒီနှစ်က ရောဂါပိုးကြောင့် လူတွေက ကျွန်တော်တို့စာအုပ်တွေကို မဝယ်နိုင်တော့ဘူး။အခုက အရောင်းအဝယ်ရပ်တယ်လို့ ပြောလို့ရပါတယ်။ဆိုင်စရိတ်လည်းမရဘူး၊ အိမ်စရိတ်လည်းမရဘူး။ဘယ်လောက်ကြာမလဲဆိုတာတော့ မသိဘူးပေါ့။
အဆိုးဆုံးကတော့ ကျွန်တော်တို့စာပေက ဘာဖြစ်လဲဆို ပိုက်ဆံရှိတဲ့သူပဲ ဝယ်နိုင်တော့တယ်။ဆင်းရဲသားက အရင်ကလိုရင် တစ်အုပ်ဝယ် နှစ်အုပ်ဝယ်တယ်။အဲ့လူတွေက မဝယ်နိုင်တော့ဘူး။ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ဘက် လှည့်သွားပြီ။ဘယ်တော့ပိတ်ဆို့လိုက်မလဲဆိုတဲ့ စိုးရိမ်ချက်ကလည်းရှိတော့ လူတွေစိတ်ထဲမှာလည်း ကြိမ်မီးအုံးသလိုပဲ အကုန်လုံးပူလောင်နေကြတယ်။ဒီရောဂါကြီး ဘယ်လောက်ထိပျံ့နှံ့လာမလဲဆိုတာကို စိုးရိမ်သောကဖြစ်နေတော့ စာအုပ်ကမဝယ်ဘူး။စားစရာလေးဘာလေး စုဆောင်းတာပေါ့။နှစ်တိုင်းဆို ဒီအချိန်က အလွန်အင်မတန်ရောင်းရပါတယ်” လို့ ဆိုပါတယ်။

၂၀၂၀ ခုနှစ် သင်္ကြန်ကာလဟာ အရင်နှစ်များနဲ့ တမူကွဲပြားစွာ မြန်မာပြည်သူများ ဖြတ်သန်းကြရမှာဖြစ်ပါတယ်။ငွေကြေးတက်နိုင်သူများက စားသောက်စရာများ ဝယ်ယူဖြည့်တင်းထားပြီး သင်္ကြန်ကာလကို ဖြတ်သန်းကြမှာဖြစ်ပေမယ့် ရောဂါပိုးကြောင့် ကြောက်လန့်နေကြပါတယ်။

လက်လုပ်လက်စားအများစုကတော့ အစိုးရကချမှတ်ထားတဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာဖို့ကြိုးစားရင်း သင်္ကြန်ကာလပြီးဆုံးချိန်မှာ မိမိတို့လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်နိုင်ရေး စိတ်မအေးစရာအခြေအနေကို ဖြတ်သန်းကြရမှာဖြစ်ပါတယ်။

အလုပ်လက်မဲ့အဖြစ်နဲ့ မိမိတို့အရပ်ဒေသကိုပြန်သွားကြရတဲ့ အခြေခံလူတန်းစားအများစုဟာ သူတို့ရဲ့ နေထိုင်ရာအရပ်ဒေသတွေမှာ ရှေ့ဆက်စားဝတ်နေရေးအတွက် စိုးထိတ်စရာဖြစ်စဉ်တွေနဲ့ သင်္ကြန်ကာလကို ဖြတ်သန်းကြရမှာဖြစ်ပါတယ်။

တူးပို့သံငြိမ်သက်တဲ့ ဒီနှစ်သင်္ကြန်ကာလကတော့ မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် ပျော်ရွှင်စရာတွေကို ပေးစွမ်းနိုင်တဲ့ အချိန်ကာလတွေမဟုတ်ပဲ စိုးရိမ်စိတ်တွေနဲ့ ဖြတ်သန်းကြရမယ့် အချိန်ကာလတွေသာ ဖြစ်ပါတော့တယ်။

မင်းထွန်း(အုတ်ကျင်း)
ဧပြီ - ၇
( Zawgyi )
ႏွစ္ေဟာင္းကုန္လို႔ ႏွစ္သစ္ကူးေျပာင္းမယ့္အခ်ိန္ နီးကပ္လို႔လာပါၿပီ။႐ိုးရာသၾကၤန္၊ ယဥ္ေက်းမႈသၾကၤန္၊ သ႐ုပ္ပ်က္သၾကၤန္၊ အေပ်ာ္သၾကၤန္၊ စီးပြားေရးသၾကၤန္၊ လမ္းေလွ်ာက္သၾကၤန္ အစရွိတဲ့ အမည္နာမအမ်ိဳးမ်ိဳးနဲ႔ ေျပာဆိုေခၚေဝၚမႈေတြရွိေပမယ့္ သၾကၤန္ကာလကိုေတာ့ ႏွစ္စဥ္ႏွစ္တိုင္း ေပ်ာ္႐ႊင္စြာဆင္ႏႊဲခဲ့ၾကပါတယ္။

သၾကၤန္ကာလ ႐ုံးပိတ္ရက္အျဖစ္ ၁၀ ရက္ သတ္မွတ္ထားရာမွ ၂၀၁၇ ခုႏွစ္မွ စတင္ၿပီး ၅ ရက္သာ ေျပာင္းလဲသတ္မွတ္ခဲ့ပါတယ္။၂၀၂၀ ခုႏွစ္မွာေတာ့ စေန၊ တနဂၤေႏြ ႐ုံးပိတ္ရက္မ်ားအပါအဝင္ စုစုေပါင္းပိတ္ရက္ ၁၀ ရက္ျဖစ္တဲ့အတြက္ အမ်ားျပည္သူအေနနဲ႔ သၾကၤန္ကာလကို ေပ်ာ္႐ႊင္စြာျဖတ္သန္းၾကဖို႔ ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ႏွစ္စဥ္ႏွစ္တိုင္း သၾကၤန္တြင္းကာလေတြမွာ စီးပြားေရးလုပ္ငန္းလုပ္ကိုင္သူေတြလည္း အက်ိဳးအျမတ္မ်ားစြာရရွိၾကတဲ့အတြက္ မိမိတို႔ရဲ႕လုပ္ငန္းေတြကို လုပ္ကိုင္ၾကဖို႔ အားခဲေမွ်ာ္လင့္ခဲ့ၾကပါတယ္။

စားေသာက္ဆိုင္လုပ္ငန္းေတြ၊ သၾကၤန္တြင္း ကစားစရာပစၥည္းေရာင္းခ်သူေတြ၊ အေဝးေျပးယာဥ္လိုင္းေတြ၊ မ႑ာပ္ေဆာက္လုပ္သူေတြ၊ ဟိုတယ္၊ တည္းခိုခန္းေတြ သူတို႔နဲ႔ဆက္စပ္လုပ္ကိုင္သူေတြကေတာ့ ႏွစ္စဥ္ႏွစ္တိုင္း အက်ိဳးအျမတ္မ်ားစြာရရွိၾကတဲ့အတြက္ ယခုႏွစ္မွာလည္း စီးပြားေရးလုပ္ငန္းေတြ လုပ္ကိုင္ၾကဖို႔ အားခဲေမွ်ာ္လင့္ခဲ့ၾကပါတယ္။

၂၀၁၉ ႏွစ္ကုန္၊ ဒီဇင္ဘာလေလာက္မွာ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွ စတင္ျဖစ္ခဲ့တဲ့ ျပင္းထန္တဲ့ အဆုတ္ေရာင္ေရာဂါက ထင္တာထက္ ကူးစက္မႈႏႈန္းျမင့္မားကာ တ႐ုတ္ႏိုင္ငံကေနတစ္ဆင့္ ရက္ပိုင္းလပိုင္းအတြင္း ကမာၻ႔ႏိုင္ငံအသီးသီးသို႔ ကူးစက္ျပန႔္ႏွံ႔လာခဲ့ပါတယ္။ဒီလိုတစ္ကမာၻလုံးကို ေရာဂါပ်ံ႕ႏွံမႈျဖစ္ပြားကာ ကူးစက္ျမန္ခဲ့တဲ့အတြက္ မထိန္းခ်ဳပ္ႏိုင္ေတာ့လို႔ မတ္လ ၁၁ ရက္ေန႔မွာ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ (WHO) က ကမာၻ႔ကပ္ေရာဂါအျဖစ္ ေၾကညာခဲ့ရပါတယ္။

တ႐ုတ္နဲ႔ နယ္နမိတ္ျခင္းထိစပ္ကာ ႏွစ္ႏိုင္ငံကူးလူးဆက္သြယ္မႈ မ်ားေနတဲ့အတြက္ ျမန္မာႏိုင္ငံအဖို႔ ကို႐ိုနာဗိုင္းရပ္စ္ကို အေစာပိုင္းက စိုးရိမ္ေနရတဲ့အတြက္ သတိေပးခ်က္ေတြ ထုတ္ျပန္ခဲ့ပါတယ္။အဆုတ္ေရာင္ ကူးစက္ျမန္ေရာဂါ စတင္ၿပီး သုံးလေက်ာ္တဲ့ မတ္ ၂၃ ရက္မွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါက ျမန္မာႏိုင္ငံမွာ စတင္ေတြ႕ရွိလာခဲ့ပါတယ္။ယခုအခါ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂၁ ဦးရွိကာ တစ္ဦးေသဆုံးခဲ့ခ်ိန္မွာေတာ့ ဒီက်န္းမာေရးျပႆနာက ျမန္မာႏိုင္ငံကို ၿခိမ္းေျခာက္လာေနၿပီ ျဖစ္ပါတယ္။

အစိုးရက ဒီက်န္းမာေရးကပ္ဆိုးကို ျမန္မာႏိုင္ငံမွာ ကူးစက္ခံရသူမေတြ႕ခင္ မတ္လ ၁၃ ရက္ေန႔ ရက္စြဲနဲ႔ ဧၿပီလ ၃၀ ရက္ေန႔အထိ သၾကၤန္မ႑ာပ္ေတြ အပါအဝင္ လူစုလူေဝးအခမ္းအနားေတြ မက်င္းပဖို႔ ၫႊန္ၾကားခ်က္ထုတ္ျပန္ခဲ့ပါတယ္။ဗိုင္းရပ္စ္ကူးစက္ခံရသူေတြ႕ေၾကာင္း ထုတ္ျပန္တဲ့ မတ္လ ၂၃ ရက္ ည ၁၁ နာရီ ၄၅ မိနစ္အခ်ိန္မွာေတာ့ ညတြင္းခ်င္း စားေသာက္ကုန္ေတြ အလုအယက္ဝယ္ယူမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ေတြ႕တဲ့ရက္ကစကာ ႐ုပ္ျမင္သံၾကား၊ လူမႈကြန္ရက္စာမ်က္ႏွာ၊ ေန႔စဥ္ထုတ္သတင္းစာေတြမွာ ႏွစ္စဥ္ သၾကၤန္ကာလပတ္ဝန္းက်င္မွာ ၾကားေနရတဲ့ သၾကၤန္သီခ်င္းသံအစား ကို႐ိုနာဗိုင္းရပ္စ္ကို ကာကြယ္ဖို႔ သတိေပးခ်က္ေတြက ေနရာဝင္ယူခဲ့ပါတယ္။ဒီလိုျဖစ္သလို တျခားအျခမ္းျဖစ္တဲ့ စီးပြားေရးက႑မွာလည္း တ႐ုတ္ႏိုင္ငံဘက္က အသြားအလာကန႔္သတ္မႈေတြ ျပဳလုပ္ခဲ့တဲ့အတြက္ ျမန္မာႏိုင္ငံဘက္ကို ကုန္ၾကမ္းပစၥည္းေတြ မေရာက္ရွိပဲ အထည္ခ်ဳပ္စက္႐ုံအခ်ိဳ႕ ရပ္နားမႈေတြျဖစ္ေပၚခဲ့ပါတယ္။အထည္ခ်ဳပ္စက္႐ုံမွာ လုပ္ကိုင္ေနၾကတဲ့ အနယ္နယ္အရပ္ရပ္မွ စက္႐ုံအလုပ္သမားေတြလည္း အလုပ္လက္မဲ့ျဖစ္ခဲ့ၾကပါတယ္။ရပ္နားလိုက္တဲ့ အလုပ္သမားေတြကို လစာနဲ႔ ေလွ်ာ္ေၾကးေပးေလွ်ာ္မႈေတြရွိေပမယ့္ ဆက္လက္အလုပ္လုပ္ကိုင္ဖို႔ေတာ့ အခြင့္အေရးကနည္းသြားခဲ့ပါၿပီ။အခ်ိဳ႕ေသာစက္႐ုံပိုင္ရွင္ေတြက ေလွ်ာ္ေၾကး၊ လစာ ေပးေခ်ျခင္းမရွိဘဲ စက္႐ုံပိတ္ကာထြက္ေျပးသြားၾကတဲ့အတြက္ ေလွ်ာ္ေၾကးအျပင္ လခပါမရရွိတဲ့ အလုပ္သမားေတြလည္းရွိခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရစ္ေၾကာင့္ ကမာၻ႔ႏိုင္ငံအသီးသီးမွာရွိတဲ့ စက္႐ုံ၊ အလုပ္႐ုံမ်ား ရပ္နားၾကတဲ့အတြက္ ျပည္ပသို႔ သြားေရာက္အလုပ္လုပ္ကိုင္တဲ့ ျမန္မာႏိုင္ငံသားမ်ားလည္း ျမန္မာႏိုင္ငံသို႔ ျပန္လည္ဝင္ေရာက္လာခဲ့ၾကပါတယ္။ျမန္မာႏိုင္ငံမွာ အလုပ္အကိုင္နည္းပါးတဲ့အတြက္ ျပည္ပထြက္အလုပ္လုပ္ကိုင္သူမ်ားရဲ႕ ျပည္ေတာ္ျပန္ခရီးဟာ ေရာဂါပိုးမ်ား ပူးတြဲပါလာႏိုင္တဲ့အတြက္ ျပည္တြင္းေနထိုင္သူမ်ား စိုးရိမ္ထိတ္လန႔္ခဲ့ၾကပါတယ္။အလုပ္လက္မဲ့အျဖစ္နဲ႔ ျပန္လာၾကတဲ့ ျပည္ေတာ္ျပန္ေတြအေနနဲ႔လည္း မိသားစုစားဝတ္ေနေရးအတြက္ ရမတက္မေအးစရာ အေျခအေနကို ေရာက္ရွိလာၾကတာျဖစ္ပါတယ္။

ရန္ကုန္ၿမိဳ႕တြင္ မတ္လ ၂၈ ရက္ေန႔မွ စတင္ၿပီး လဘက္ရည္ဆိုင္၊ စားေသာက္ဆိုင္ေရာင္းခ်သူေတြကို ပါဆယ္သာေရာင္းခ်ရန္ ၫႊန္ၾကားခ်က္မ်ား ထုတ္ျပန္ခဲ့ပါတယ္။ရန္ကုန္ၿမိဳ႕အပါအဝင္ အခ်ိဳ႕ေသာျပည္နယ္နဲ႔ တိုင္းေဒသႀကီးအခ်ိဳ႕မွာ စားေသာက္ဆိုင္၊ လဘက္ရည္ဆိုင္ေတြကို ပါဆယ္နဲ႔သာေရာင္းခ်ဖို႔ ၫႊန္ၾကားခ်က္ေတြေၾကာင့္ စားေသာက္ဆိုင္ကို မွီခိုေနၾကတဲ့သူေတြအတြက္ အခက္အခဲျဖစ္ေပၚလာခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕၊ ပန္းပဲတန္းၿမိဳ႕နယ္မွာ ထမင္းဆိုင္ေရာင္းခ်သူ ဦးတင္ဦး က “၂၈ ရက္ေန႔က စာလာေပးတာကေတာ့ ပါဆယ္ထုတ္ေရာင္းဖို႔ပဲ။ဘယ္ရက္အထိေရာင္းၿပီး ဘယ္ေန႔ျပန္စေရာင္းေတာ့ မေျပာသြားဘူး။ပါဆယ္ကေတာ့ ေကာ္ဘူးတို႔ ဇြန္းတို႔ေတာ့ အကုန္ဝယ္ထားတယ္။ဝယ္ထားတာေတြေတာ့ ေလွ်ာ့လိုက္တယ္။ခါတိုင္း ဝက္သား ၅ ပိသာဝယ္ရင္ ခုဆိုရင္ ၂ ပိသာေလာက္ပဲဝယ္တယ္။ဘဲဥ ခါတိုင္း အလုံး ၂၀ေလာက္ခ်က္ရင္ ခု ၁၀ လုံးေလာက္ပဲခ်က္တယ္။ခရီးေဝးထိုင္စားမယ့္သူေတြက်ေတာ့ ေနရာမရွိေတာ့ မစားေတာ့ဘူးေလ။႐ုံးေတြ၊ အိမ္ပတ္ဝန္းက်ေတြကေတာ့ ပါဆယ္ယူေနက်ဆိုေတာ့ ယူတယ္။အေဝးလာတဲ့သူေတြကေတာ့ ထိုင္စားလို႔မရေတာ့ ထိုင္မစားၾကေတာ့ဘူး” လို႔ ဆိုပါတယ္။

စားေသာက္ဆိုင္ေတြကို ပါဆယ္သာေရာင္းခ်ခြင့္ျပဳၿပီးတဲ့ေနာက္ အဲ့ဒီစားေသာက္ဆိုင္ေတြမွာ လုပ္ကိုင္ေနတဲ့ ဝန္ထမ္းေတြကိုလည္း လူဦးေရေလွ်ာ့ခ်ျခင္းမ်ား ျပဳလုပ္ခဲ့တဲ့အတြက္ အလုပ္လက္မဲ့ဦးေရ ထပ္မံတိုးပြား ခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕၊ လႈိင္ၿမိဳ႕နယ္၊ ပါရမီလမ္းမွာ ဖြင့္လွစ္ထားတဲ့ ေ႐ႊမိတ္သစ္ လဘက္ရည္ဆိုင္ပိုင္ရွင္က ျပန္လိုတဲ့အလုပ္သမားေတြကို ျပန္ခြင့္ေပးခဲ့တယ္လို႔ ဆိုပါတယ္။

“ျပန္ခ်င္တဲ့သူေတြကို ေပးျပန္လိုက္ၿပီ။သူတို႔ကိုယ္တိုင္က ျပန္ခ်င္ေနၾကတာေတြရွိတယ္။အလုပ္သမား တစ္ဝက္ေက်ာ္ေလာက္ေတာ့ျပန္သြားၿပီ။ေပးမျပန္လို႔လည္းမရဘူး။အလုပ္သမားစရိတ္က တစ္လကို ၃၅ သိန္းေက်ာ္တယ္။ေရရွည္ေတာင့္မခံႏိုင္ဘူး” လို႔ ဆိုပါတယ္။

အစိုးရက ကို႐ိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ကာကြယ္ဖို႔အတြက္ လူစုလူေဝးနဲ႔ ပြဲလမ္းသဘင္ေတြကို မျပဳလုပ္ဖို႔ တားျမစ္ခ်က္ထုတ္ျပန္မႈ၊ အမ်ားျပည္သူေတြရဲ႕ စားဝတ္ေနေရးအတြက္ စိုးရိမ္ပူပန္မႈ၊ ႏိုင္ငံပိုင္စက္႐ုံ၊ အလုပ္႐ုံေတြ အပါအဝင္ လုပ္ငန္းအသီးသီးမွာ လူစုလူေဝးကိုနည္းပါးေအာင္ လုပ္ေဆာင္လာၾကတဲ့အတြက္ ရန္ကုန္ၿမိဳ႕မွာ အသြားအလာနည္းပါးသြားၿပီး ေစ်းဆိုင္မ်ား ေရာင္းအားက်ဆင္းလာခဲ့ပါတယ္။

အမ်ားျပည္သူအေနနဲ႔ စားေသာက္ကုန္ပစၥည္း၊ ႏွာေခါင္းစည္း၊ လက္သန႔္ေဆးမ်ားနဲ႔ ေဆးပစၥည္းမ်ားကိုသာ ဝယ္ယူသူမ်ားျပားၿပီး အျခားကုန္ပစၥည္းေတြကို ဝယ္ယူသူနည္းပါးလွ်က္ရွိတဲ့အတြက္ လုပ္ငန္းအမ်ားစု ရပ္ဆိုင္းမႈမ်ားျဖစ္ေပၚခဲ့ပါတယ္။

ဗိုလ္ခ်ဳပ္ေစ်းမွ အထည္ဆိုင္ပိုင္ရွင္ မသီတာေအး က … “ဆိုင္ေတာ့လာဖြင့္ေနတယ္။လူအသြားအလာက အရမ္းနည္းသြားၿပီ။လူေတြက စားေသာက္ကုန္ေတြပဲ အဓိကထားဝယ္ၾကတယ္။အဝတ္အထည္ေတြ ဝယ္သူမရွိသေလာက္ရွားသြားၿပီ။အေျခအေနၾကည့္ၿပီး ေနာက္ရက္ေတြဆိုရင္ ဆိုင္ပိတ္လိုက္ေတာ့မယ္” လို႔ ဆိုပါတယ္။

အဝတ္အထည္မ်ား ေရာင္းခ်မႈနည္းပါးတဲ့အျပင္ စက္ခ်ဳပ္လုပ္ငန္းလုပ္ကိုင္သူမ်ားအေနနဲ႔လည္း လာေရာက္အပ္ႏွံသူမ်ား နည္းပါးတဲ့အတြက္ ဆက္လက္ဖြင့္လွစ္ျခင္းမျပဳလုပ္ပဲ ရပ္နားေတာ့မွာျဖစ္တယ္လို႔ Smile Sweet ဆိုင္ပိုင္ရွင္ မခိုင္ေ႐ႊ က ဆိုပါတယ္။

“အရင္ကလာအပ္ထားတဲ့သူေတြလည္း လာမေ႐ြးၾကဘူး။ေနာက္ထပ္လည္း လာမအပ္ၾကဘူး။ဆိုင္လခ၊ အလုပ္သမားလခေတြက ေရရွည္ေတာင့္မခံႏိုင္ဘူး။ေနာက္ရက္ေတြဆိုရင္ေတာ့ ဆိုင္ပိတ္လိုက္ေတာ့မယ္” လို႔ ဆိုပါတယ္။

သၾကၤန္ပြဲေတာ္ကို ပိတ္ပင္လိုက္တဲ့အတြက္ သၾကၤန္တြင္း ကစားစရာကုန္ပစၥည္းေတြ၊ ပန္ကုံး၊ ေရဖလား အစရွိတဲ့ ကုန္ပစၥည္းေတြ ေရာင္းခ်ရမႈမရွိသေလာက္ ေလ်ာ့နည္းသြားၿပီး ကုန္ပစၥည္းမွာယူေရာင္းခ်ထားသူေတြ အခက္အခဲမ်ားျဖစ္ေပၚလို႔ေနပါတယ္။

မ႑ပ္ေဆာက္လုပ္သူေတြ၊ မ႑ာပ္ငွားရမ္းသူေတြ၊ သၾကၤန္ေရပက္ခံကား ငွားရမ္းသူေတြအတြက္ကေတာ့ လုံး၀ကို ေစ်းကြက္ပ်က္သြားခဲ့တာပါ။ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲေနတဲ့ အငွား Taxi ယာဥ္မ်ားအေနနဲ႔ စီးနင္းမႈနည္းပါးတဲ့အတြက္ အခ်ိဳ႕ယာဥ္မ်ား ဆက္လက္ေျပးဆြဲျခင္းမျပဳလုပ္ပဲ ရပ္နားထားမႈမ်ားရွိခဲ့ပါတယ္။

“မနက္ ၆ နာရီေလာက္ကတည္းက ဆြဲေနတာ။အခု ၁၀ နာရီထိုးေတာ့မယ္။ေစ်းဦးမေပါက္ေသးဘူး။အုံနာခနဲ႔ ဆီဖိုးရဖို႔ မနည္းဆြဲေနရတယ္။လူလည္းမထြက္ၾကေတာ့ဘူး။ေရာဂါဘယ္အခ်ိန္ျဖစ္မလဲ စိုးရိမ္ေနရတယ္။အိမ္ျပန္ရင္လည္း မိသားစုကိုကူးမလားလို႔ စိတ္ပူေနရတယ္။
ဒီအတိုင္းဆိုရင္ေတာ့ ေနာက္ရက္ေတြ အုံနာကိုကားျပန္အပ္ၿပီး နားလိုက္ေတာ့မယ္” လို႔ ဆိုပါတယ္။

အခ်ိဳ႕ေသာသူေတြက သၾကၤန္တြင္းပိတ္ရက္ေတြမွာ ေနအိမ္အတြင္းမွာသာေနထိုင္ၿပီး မိမိတို႔ႏွစ္သက္ရာ စာအုပ္စာေပေတြကို ဖတ္ရႉသူမ်ားလည္းရွိၾကတဲ့အတြက္ သၾကၤန္နီးကာလေတြဟာ စာအုပ္ဝယ္ယူသူမ်ားျပားေလ့ရွိပါတယ္။

ကိုဗစ္ ၁၉ ျဖစ္ပြားလာမႈနဲ႔အတူ လူသြားလူလာနည္းပါးသြားၿပီး စားေသာက္ကုန္ပစၥည္းေတြကိုသာ အဓိကထားဝယ္ယူၾကတဲ့အတြက္ စာအုပ္ေရာင္းခ်ရမႈနည္းပါးတယ္လို႔လည္း ဆိုပါတယ္။

စာအုပ္အေရာင္းဆိုင္ပိုင္ရွင္ ဦးအုန္းေစာ က “ဒီႏွစ္က ေရာဂါပိုးေၾကာင့္ လူေတြက ကြၽန္ေတာ္တို႔စာအုပ္ေတြကို မဝယ္ႏိုင္ေတာ့ဘူး။အခုက အေရာင္းအဝယ္ရပ္တယ္လို႔ ေျပာလို႔ရပါတယ္။ဆိုင္စရိတ္လည္းမရဘူး၊ အိမ္စရိတ္လည္းမရဘူး။ဘယ္ေလာက္ၾကာမလဲဆိုတာေတာ့ မသိဘူးေပါ့။
အဆိုးဆုံးကေတာ့ ကြၽန္ေတာ္တို႔စာေပက ဘာျဖစ္လဲဆို ပိုက္ဆံရွိတဲ့သူပဲ ဝယ္ႏိုင္ေတာ့တယ္။ဆင္းရဲသားက အရင္ကလိုရင္ တစ္အုပ္ဝယ္ ႏွစ္အုပ္ဝယ္တယ္။အဲ့လူေတြက မဝယ္ႏိုင္ေတာ့ဘူး။ဆန္၊ ဆီ၊ ဆား၊ င႐ုတ္၊ ၾကက္သြန္ဘက္ လွည့္သြားၿပီ။ဘယ္ေတာ့ပိတ္ဆို႔လိုက္မလဲဆိုတဲ့ စိုးရိမ္ခ်က္ကလည္းရွိေတာ့ လူေတြစိတ္ထဲမွာလည္း ႀကိမ္မီးအုံးသလိုပဲ အကုန္လုံးပူေလာင္ေနၾကတယ္။ဒီေရာဂါႀကီး ဘယ္ေလာက္ထိပ်ံ႕ႏွံ႔လာမလဲဆိုတာကို စိုးရိမ္ေသာကျဖစ္ေနေတာ့ စာအုပ္ကမဝယ္ဘူး။စားစရာေလးဘာေလး စုေဆာင္းတာေပါ့။ႏွစ္တိုင္းဆို ဒီအခ်ိန္က အလြန္အင္မတန္ေရာင္းရပါတယ္” လို႔ ဆိုပါတယ္။

၂၀၂၀ ခုႏွစ္ သၾကၤန္ကာလဟာ အရင္ႏွစ္မ်ားနဲ႔ တမူကြဲျပားစြာ ျမန္မာျပည္သူမ်ား ျဖတ္သန္းၾကရမွာျဖစ္ပါတယ္။ေငြေၾကးတက္ႏိုင္သူမ်ားက စားေသာက္စရာမ်ား ဝယ္ယူျဖည့္တင္းထားၿပီး သၾကၤန္ကာလကို ျဖတ္သန္းၾကမွာျဖစ္ေပမယ့္ ေရာဂါပိုးေၾကာင့္ ေၾကာက္လန႔္ေနၾကပါတယ္။

လက္လုပ္လက္စားအမ်ားစုကေတာ့ အစိုးရကခ်မွတ္ထားတဲ့ ထုတ္ျပန္ခ်က္ေတြကို လိုက္နာဖို႔ႀကိဳးစားရင္း သၾကၤန္ကာလၿပီးဆုံးခ်ိန္မွာ မိမိတို႔လုပ္ငန္းခြင္ ျပန္လည္ဝင္ေရာက္ႏိုင္ေရး စိတ္မေအးစရာအေျခအေနကို ျဖတ္သန္းၾကရမွာျဖစ္ပါတယ္။

အလုပ္လက္မဲ့အျဖစ္နဲ႔ မိမိတို႔အရပ္ေဒသကိုျပန္သြားၾကရတဲ့ အေျခခံလူတန္းစားအမ်ားစုဟာ သူတို႔ရဲ႕ ေနထိုင္ရာအရပ္ေဒသေတြမွာ ေရွ႕ဆက္စားဝတ္ေနေရးအတြက္ စိုးထိတ္စရာျဖစ္စဥ္ေတြနဲ႔ သၾကၤန္ကာလကို ျဖတ္သန္းၾကရမွာျဖစ္ပါတယ္။

တူးပို႔သံၿငိမ္သက္တဲ့ ဒီႏွစ္သၾကၤန္ကာလကေတာ့ ျမန္မာႏိုင္ငံသူႏိုင္ငံသားမ်ားအတြက္ ေပ်ာ္႐ႊင္စရာေတြကို ေပးစြမ္းႏိုင္တဲ့ အခ်ိန္ကာလေတြမဟုတ္ပဲ စိုးရိမ္စိတ္ေတြနဲ႔ ျဖတ္သန္းၾကရမယ့္ အခ်ိန္ကာလေတြသာ ျဖစ္ပါေတာ့တယ္။

မင္းထြန္း(အုတ္က်င္း)
ဧၿပီ - ၇