【 သတင်းဆောင်းပါး 】 "လူမှုအသိုက်ဝန်းထဲ ရိုက်ခတ်လာတဲ့ ဂိမ်းပြဿနာ"

【 သတင်းဆောင်းပါး 】 "လူမှုအသိုက်ဝန်းထဲ ရိုက်ခတ်လာတဲ့ ဂိမ်းပြဿနာ"

ပြည်တွင်းမှာ အခုဆိုရင် မိုဘိုင်းဖုန်းတွေကို တွင်တွင်ကျယ်ကျယ်နဲ့ သုံးစွဲနိုင်တဲ့ အခြေအနေမျိုးကို ရောက်လာပါတယ်။ခေတ်မီတဲ့ ဆက်သွယ်မှုတွေကြားမှာ အကောင်းအဆိုး ဒွန်တွဲလို့နေတာ သဘာဝပါပဲ။မိုဘိုင်းဖုန်းတစ်လုံး ရှိရုံနဲ့တင် တစ်ယောက်တည်းနဲ့ သုံးစွဲရင်း အပန်းပြေစေတာမို့ အဖော်မလိုတဲ့ ပတ်ဝန်းကျင် အခြေအနေမျိုးကို ဖန်တီးလာခဲ့ပါတယ်။အွန်လိုင်းဆက်သွယ်ရေး ကွန်ရက်တွေနဲ့ ချိတ်ဆက်ကစားရတဲ့ ဂိမ်းတွေဟာလည်း အပန်းဖြေစရာဖြစ်ခဲ့ရာကနေ အခုဆိုရင် အွန်လိုင်းဂိမ်းတွေကို ကျောင်းနေအရွယ် ကလေးတွေသာမကဘဲ လူကြီး၊ လူလတ် အရွယ်စုံကြားမှာ ဆော့ကစားလာတာကို တွေ့ရပါတယ်။အချင်းချင်း အုပ်စုဖွဲ့ကာ ချိတ်ဆက်ကစားနိုင်တဲ့အပြင် တစ်ခဏတာ အပန်းဖြေစရာ ဆော့ကစားရာကနေ နေ့စဉ်အလုပ်တစ်ခုလို ဖြစ်လာအောင် စွဲဆောင်နိုင်တဲ့ အခြေအနေမျိုး ရောက်လာပါတယ်။

"မူးယစ်ဆေးအလား"

အွန်လိုင်းဂိမ်းတွေကို စွဲစွဲလမ်းလမ်းနဲ့ မူးယစ်ဆေးစွဲသလို အခြေအနေမျိုးကိုတော့ လူငယ်လူရွယ်တွေရဲ့ကြားမှာ စတင်ဖြစ်တည်လို့လာခဲ့ပါပြီ။အပျင်းပြေကစားရာကနေ အွန်လိုင်းပေါ်ကနေ အဖွဲ့လိုက် ဆော့ကစားရတဲ့ ဂိမ်းတွေထဲမှာ ပျော်မွေ့စွဲလမ်းစိတ်က လူငယ်တွေရဲ့ကြားမှာ ဖြစ်နေတာကြောင့် အနာဂတ် လူ့အဖွဲ့အစည်းကြားမှာ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း လုပ်ဆောင်ဖို့ လိုလာပါတယ်။

"အခုဟာက ဖုန်းတွေလည်း တွင်တွင်ကျယ်ကျယ် ဖြစ်နေတော့ ဖုန်းနဲ့ပဲ ဆော့ကစားကြတယ်၊ တစ်ချို့ဆိုရင် မအိပ်မစားဘဲဆော့ရင်း နေထိုင်မကောင်းဖြစ်လို့ ဆေးခန်းမှာ လာပြတဲ့သူတွေရှိတယ်၊ အထူးသဖြင့် အသက် ၂၀ ပတ်ချာလည်တွေမှာ ပိုများတယ်၊ ဒါကိုမပြုပြင်ရင် ရေရှည်မှာ တိုင်းပြည်အတွက် ထိခိုက်နိုင်တယ်" လို့လည်း အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး တစ်ဦးဖြစ်သူ ဒေါက်တာမြင့်သိန်း က ပြောပါတယ်။ ထိုသို့ အုပ်စုလိုက် ဂိမ်းကစားနိုင်ဖို့အတွက် လျှော့ဈေးအမျိုးမျိုးနဲ့ ပရိုမိုးရှင်းလုပ်နေကြတဲ့ ဆက်သွယ်ရေး အော်ပရေတာတွေရဲ့ Data Package အစီအစဉ်တွေကလည်း တွန်းအားသဖွယ် ဖြစ်စေတယ်လို့ သုံးသပ်လာသူတွေ ရှိပါတယ်။

"ငယ်စဉ်ကတည်းက ယဉ်ပါးအောင် လုပ်နေသလို"

တစ်ချို့သော မိဘတွေဟာ ကလေးငယ်ငယ်လေးတွေကို ချော့မြူရာမှာ မိုဘိုင်းဖုန်းလေးတွေ ဖွင့်ပြထိတွေ့စေပြီး application ကလေးတွေကို ဖွင့်ပြရင်း လုပ်ဆောင်မှုတွေဟာ ကလေးတွေရဲ့ အပြုအမူနဲ့ အနာဂတ်မှာ မိုဘိုင်းဖုန်းတွေနဲ့ ရင်းနှီးအောင် လုပ်နေသလို ဖြစ်စေတယ်လို့လည်း ဆေးပညာရှင်တစ်ချို့က သုံးသပ်ထားကြတာတွေ ရှိပါတယ်။

"ကလေးတွေရဲ့ behavior ကို တမင်တကာ လေ့ကျင့်နေသလို အခြေအနေလို့ မြင်မိပါတယ်၊ ငိုတာနဲ့ ဖုန်းလေးပေးကိုင်ပြီး သီချင်းဖွင့်ပြနဲ့ဘာနဲ့ ဒီကလေးတွေရဲ့ စိတ်ထဲမှာ ဒါကြီးနဲ့က တရင်းတနှီး ဖြစ်လာတယ်၊ ဒီဘက်ခေတ်မှာက မိဘတွေအများစုဟာ အလုပ်တစ်ဖက်နဲ့ ဆိုတော့ ကလေး ငိုယိုရင် စိတ်ရှုပ်မခံကြတော့ဘူး၊ ဖုန်းလေး ပေးကိုင်လိုက်ကြတယ်လေ၊ ဒါဟာ လွဲမှားတဲ့ အပြုအမူပါပဲ" လို့ ကလေးရောဂါကု ဆရာဝန် ဒေါက်တာမြတ်မွန် က ပြောပြပါတယ်။အဲ့ဒီလို မိုဘိုင်းဖုန်းတွေနဲ့ ယဉ်ပါးလာတဲ့ ကလေးတွေဟာ နှစ်နှစ်၊ သုံးနှစ် အရွယ်မျိုးသာမကဘဲ ကျောင်းနေစ အရွယ်တွေမှာပါ မိုဘိုင်းဖုန်းကို ဆော့ကစားစရာလို ဖြစ်လာပြီး တစတစနဲ့ အွန်လိုင်းဂိမ်းတွေရဲ့ စွဲဆောင်မှုအောက်ကို လိုက်ပါစီးမြောသွားလေ့ရှိတဲ့ အခြေအနေမျိုးကို ဖြစ်လာစေပါတယ်။

"လွဲမှားသော အယူအဆ"

အခုလို မိုဘိုင်းဖုန်းတွေကို တွင်ကျယ်စွာ သုံးစွဲနိုင်တဲ့ အခြေအနေမှာ ကျောင်းနေအရွယ် ကလေးတွေကို မိဘတွေက ကျောင်းကို ဖုန်းတွေ ထည့်ပေးလိုက်ကြပါတယ်။အလွယ်တကူ ဆက်သွယ်နိုင်ဖို့ ထည့်ပေးတာတွေရှိသလို မိမိရဲ့ကလေးဟာ မိုဘိုင်းဖုန်းကို သုံးနေတာကို မြင်နေရုံနဲ့ပင် ခေတ်မီနေပြီလို့ဆိုတဲ့ လွဲမှားသော အယူအဆတွေ ကြွားဝါလိုတဲ့ အယူအဆတွေကြောင့်လည်း ဖုန်းပေးသုံးရာကနေ သုံးစွဲမှုပိုလာစေတာ ဖြစ်ပါတယ်။ဒါ့ကြောင့်လည်း ကျောင်းတွေမှာ ဖုန်းယူဆောင်လာခြင်းမပြုဖို့ ကန့်သတ်ကြပ်မတ်ရတဲ့အထိ ဖြစ်လာပါတယ်။

"ကလေးကို ကျောင်းတက်တဲ့အခါ ဖုန်းထည့်ပေးတာ မဖြစ်သင့်ပါဘူး၊ ဆရာတို့ ငယ်ငယ်ကလည်း ဒါမျိုးမရှိဘူးလေ၊ ကျောင်းကို ဖုန်းထည့်ပေးလိုက်တဲ့ ရည်ရွယ်ချက်က ဘာလဲ၊ တကယ်တော့ မိဘတစ်ချို့ဟာ လွဲမှားတဲ့ အယူအဆတွေနဲ့ပေါ့၊ ကလေးရဲ့ ပညာရေးကိုလည်း ဒါက ထိခိုက်စေတာပေါ့" လို့ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးလှမောင် က ပြောပါတယ်။

ကျောင်းစာသင်ခန်းတွေထဲမှာ အရင်ကဆိုရင် မျက်မှန်တပ်ဆင်တဲ့ ကလေးတွေဟာ အလွန်ဆုံး နှစ်ဦး၊ သုံးဦးထက် မပိုတဲ့ အခြေအနေမျိုးကနေ အခုဆိုရင် စာသင်ခန်းလူဦးရေရဲ့ သုံးပုံနှစ်ပုံလောက်ဟာ ပါဝါမျက်မှန် တပ်ဆင်သူတွေအဖြစ်ကို ရောက်ရှိလာပါတယ်။အဲ့ဒီလို မျက်မှန်တပ်ဆင်ရတာဟာ သာမန်အားဖြင့် မိဘမျိုးရိုးက မျက်စိအားနည်းကာ ဖခင်သော် လည်းကောင်း မိခင်သော် လည်းကောင်း မျက်မှန်တပ်ဆင်သူ တစ်ဦးဦးဖြစ်ပါက ကလေးတွင်လည်း တပ်ဆင်ရတဲ့ မျိုးဗီဇအခြေအနေ သက်ရောက်မှုကြောင့် ဖြစ်တတ်သလို ယခုအခါ မိဘက မတပ်ရဘဲ သားသမီးတွေမှာ မျက်စိအားနည်းကာ တပ်ဆင်ရတဲ့ အခြေအနေမျိုးကို မြို့ပြဒေသက စာသင်ကျောင်းတွေမှာ အများဆုံး တွေ့လာရပါတယ်။

"နွေရာသီလိုမျိုး ရက်ရှည်ကျောင်းပိတ်တာတွေ၊ အခါကြီးရက်ကြီး ကျောင်း ၁၀ ရက်လောက် ပိတ်ပြီး ပြန်ဖွင့်ရင် ပါဝါမျက်မှန်လေးတွေနဲ့ တွေ့လာရတယ်၊ ဒါဟာ မိုဘိုင်းဖုန်းတွေကြောင့်လို့ ဆရာယူဆမိတယ်" လို့ သူက ဆက်ပြောပါတယ်။

"သီးသန့်ကမ္ဘာ ငယ်အလား"

အဲ့ဒီမိုဘိုင်းဖုန်းတွေကို သုံးစွဲရင်း ကျောင်းကနေ live တင်တဲ့အထိ ကလေးတွေရဲ့ကြားမှာ ဖြစ်ပေါ်လာတာတွေ ရှိသလို သူတို့အဖို့ သီးသန့်ကမ္ဘာငယ်အလား ဖြစ်လာစေပါတယ်။အားလပ်တဲ့ အချိန်တွေမှာ ပြင်ပဗဟုသုတတွေကို ရှာမှီးရမယ့်အစား မိုဘိုင်းဖုန်းနဲ့ အချိန်ကုန်စေခဲ့ပါတယ်၊ ပေါင်းသင်းဆက်ဆံရေးမှာလည်း ချို့ယွင်းလာပြီး တစ်ယောက်ထဲ နေထိုင်ရင်း အထီးကျန်ဆန်တဲ့ အခြေအနေမျိုးကို ရောက်လာစေခဲ့ပါတယ်။

"အဲ့ဒီလို တစ်ယောက်တည်း နေရင်းကနေ စိတ်အားငယ်တာတွေ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာတတ်တာကြောင့် သတိပြုရမယ်" လို့ စိတ်ခွန်အားမြှင့်တင်ရေး သင်တန်းများ ပို့ချနေတဲ့ ဒေါ်စိုးစိုးအေး က ဆိုပါတယ်။ပေါင်းသင်းဆက်ဆံရေးလည်း ချို့ယွင်းကာ သည်းခံစိတ်များ လျော့ပါးလာခြင်း၊ တစ်ကိုယ်ကောင်းဆန်လာတတ်ခြင်း၊ အတ္တကြီးခြင်းတို့ကိုလည်း ဖြစ်လာစေတတ်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် လူကြီးတွေရဲ့ ကြားမှာလည်း ဘတ်စ်ကားစီးရင်း အွန်လိုင်းဂိမ်းတွေ ဆော့ကစားကာ မှတ်တိုင်ကျော်သွားမှ သိလိုက်ရတဲ့ အခြေအနေတွေ၊ တစ်ချို့ဆိုရင် မှတ်တိုင်ရောက်မှ ထိုင်ရာကနေ အပြေးအလွှားဆင်းရတဲ့ အခြေအနေတွေကိုလည်း မကြာခဏမြင်ရပါတယ်။

ခေတ်ကာလရဲ့ ဖွံ့ဖြိုးတိုးတက်မှုကြောင့် ဆက်သွယ်ရေးစနစ်တွေ တွင်ကျယ်လာတဲ့ အခြေအနေမျိုးဖြစ်လာခဲ့ကာ ကမ္ဘာကြီးဟာ ရွာကြီးတစ်ခုသဖွယ် ဖြစ်လာပြီး အကျိုးရှိပေမယ့် ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ အွန်လိုင်းဂိမ်းတွေဟာလည်း အသိတရားနဲ့ဂရုပြုကာ ဆင်ခြင်သတိပြုရမှာ ဖြစ်ပါတယ်။

အခြေခံပညာ ကျောင်းတွေမှာလည်း မကြာခင်မှာ ကျောင်းရက်ရှည်ပိတ်တဲ့ ကာလတွေကို ရောက်ရှိတော့မှာဖြစ်သလို အွန်လိုင်းဂိမ်းတွေကြောင့် လူငယ်တွေအပေါ်ရိုက်ခတ်ပြီး ဘဝရဲ့တိုးတက်မှုတွေ ပျက်သုန်းမသွားဖို့ လိုအပ်တဲ့အပြင် ကိုယ်ပိုင်းစိတ်ပိုင်း စနစ်တကျဖွံ့ဖြိုးဖို့ မိဘအုပ်ထိန်းသူတွေ ကိုယ်တိုင်က နည်းမှန်လမ်းမှန်ဖြင့် စနစ်တကျ ပြုစုပျိုးထောင်သွားသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

ဇွဲမာန်
အောက်တိုဘာ - ၃၀

( Zawgyi )

ျပည္တြင္းမွာ အခုဆိုရင္ မိုဘိုင္းဖုန္းေတြကို တြင္တြင္က်ယ္က်ယ္နဲ႔ သုံးစြဲႏိုင္တဲ့ အေျခအေနမ်ိဳးကို ေရာက္လာပါတယ္။ေခတ္မီတဲ့ ဆက္သြယ္မႈေတြၾကားမွာ အေကာင္းအဆိုး ဒြန္တြဲလို႔ေနတာ သဘာဝပါပဲ။မိုဘိုင္းဖုန္းတစ္လုံး ရွိ႐ုံနဲ႔တင္ တစ္ေယာက္တည္းနဲ႔ သုံးစြဲရင္း အပန္းေျပေစတာမို႔ အေဖာ္မလိုတဲ့ ပတ္ဝန္းက်င္ အေျခအေနမ်ိဳးကို ဖန္တီးလာခဲ့ပါတယ္။အြန္လိုင္းဆက္သြယ္ေရး ကြန္ရက္ေတြနဲ႔ ခ်ိတ္ဆက္ကစားရတဲ့ ဂိမ္းေတြဟာလည္း အပန္းေျဖစရာျဖစ္ခဲ့ရာကေန အခုဆိုရင္ အြန္လိုင္းဂိမ္းေတြကို ေက်ာင္းေနအ႐ြယ္ ကေလးေတြသာမကဘဲ လူႀကီး၊ လူလတ္ အ႐ြယ္စုံၾကားမွာ ေဆာ့ကစားလာတာကို ေတြ႕ရပါတယ္။အခ်င္းခ်င္း အုပ္စုဖြဲ႕ကာ ခ်ိတ္ဆက္ကစားႏိုင္တဲ့အျပင္ တစ္ခဏတာ အပန္းေျဖစရာ ေဆာ့ကစားရာကေန ေန႔စဥ္အလုပ္တစ္ခုလို ျဖစ္လာေအာင္ စြဲေဆာင္ႏိုင္တဲ့ အေျခအေနမ်ိဳး ေရာက္လာပါတယ္။

"မူးယစ္ေဆးအလား"

အြန္လိုင္းဂိမ္းေတြကို စြဲစြဲလမ္းလမ္းနဲ႔ မူးယစ္ေဆးစြဲသလို အေျခအေနမ်ိဳးကိုေတာ့ လူငယ္လူ႐ြယ္ေတြရဲ႕ၾကားမွာ စတင္ျဖစ္တည္လို႔လာခဲ့ပါၿပီ။အပ်င္းေျပကစားရာကေန အြန္လိုင္းေပၚကေန အဖြဲ႕လိုက္ ေဆာ့ကစားရတဲ့ ဂိမ္းေတြထဲမွာ ေပ်ာ္ေမြ႕စြဲလမ္းစိတ္က လူငယ္ေတြရဲ႕ၾကားမွာ ျဖစ္ေနတာေၾကာင့္ အနာဂတ္ လူ႔အဖြဲ႕အစည္းၾကားမွာ ျပဳျပင္ေျပာင္းလဲမႈေတြကိုလည္း လုပ္ေဆာင္ဖို႔ လိုလာပါတယ္။

"အခုဟာက ဖုန္းေတြလည္း တြင္တြင္က်ယ္က်ယ္ ျဖစ္ေနေတာ့ ဖုန္းနဲ႔ပဲ ေဆာ့ကစားၾကတယ္၊ တစ္ခ်ိဳ႕ဆိုရင္ မအိပ္မစားဘဲေဆာ့ရင္း ေနထိုင္မေကာင္းျဖစ္လို႔ ေဆးခန္းမွာ လာျပတဲ့သူေတြရွိတယ္၊ အထူးသျဖင့္ အသက္ ၂၀ ပတ္ခ်ာလည္ေတြမွာ ပိုမ်ားတယ္၊ ဒါကိုမျပဳျပင္ရင္ ေရရွည္မွာ တိုင္းျပည္အတြက္ ထိခိုက္ႏိုင္တယ္" လို႔လည္း အေထြေထြေရာဂါ အထူးကုဆရာဝန္ႀကီး တစ္ဦးျဖစ္သူ ေဒါက္တာျမင့္သိန္း က ေျပာပါတယ္။ ထိုသို႔ အုပ္စုလိုက္ ဂိမ္းကစားႏိုင္ဖို႔အတြက္ ေလွ်ာ့ေဈးအမ်ိဳးမ်ိဳးနဲ႔ ပ႐ိုမိုးရွင္းလုပ္ေနၾကတဲ့ ဆက္သြယ္ေရး ေအာ္ပေရတာေတြရဲ႕ Data Package အစီအစဥ္ေတြကလည္း တြန္းအားသဖြယ္ ျဖစ္ေစတယ္လို႔ သုံးသပ္လာသူေတြ ရွိပါတယ္။

"ငယ္စဥ္ကတည္းက ယဥ္ပါးေအာင္ လုပ္ေနသလို"

တစ္ခ်ိဳ႕ေသာ မိဘေတြဟာ ကေလးငယ္ငယ္ေလးေတြကို ေခ်ာ့ျမဴရာမွာ မိုဘိုင္းဖုန္းေလးေတြ ဖြင့္ျပထိေတြ႕ေစၿပီး application ကေလးေတြကို ဖြင့္ျပရင္း လုပ္ေဆာင္မႈေတြဟာ ကေလးေတြရဲ႕ အျပဳအမူနဲ႔ အနာဂတ္မွာ မိုဘိုင္းဖုန္းေတြနဲ႔ ရင္းႏွီးေအာင္ လုပ္ေနသလို ျဖစ္ေစတယ္လို႔လည္း ေဆးပညာရွင္တစ္ခ်ိဳ႕က သုံးသပ္ထားၾကတာေတြ ရွိပါတယ္။

"ကေလးေတြရဲ႕ behavior ကို တမင္တကာ ေလ့က်င့္ေနသလို အေျခအေနလို႔ ျမင္မိပါတယ္၊ ငိုတာနဲ႔ ဖုန္းေလးေပးကိုင္ၿပီး သီခ်င္းဖြင့္ျပနဲ႔ဘာနဲ႔ ဒီကေလးေတြရဲ႕ စိတ္ထဲမွာ ဒါႀကီးနဲ႔က တရင္းတႏွီး ျဖစ္လာတယ္၊ ဒီဘက္ေခတ္မွာက မိဘေတြအမ်ားစုဟာ အလုပ္တစ္ဖက္နဲ႔ ဆိုေတာ့ ကေလး ငိုယိုရင္ စိတ္ရႈပ္မခံၾကေတာ့ဘူး၊ ဖုန္းေလး ေပးကိုင္လိုက္ၾကတယ္ေလ၊ ဒါဟာ လြဲမွားတဲ့ အျပဳအမူပါပဲ" လို႔ ကေလးေရာဂါကု ဆရာဝန္ ေဒါက္တာျမတ္မြန္ က ေျပာျပပါတယ္။အဲ့ဒီလို မိုဘိုင္းဖုန္းေတြနဲ႔ ယဥ္ပါးလာတဲ့ ကေလးေတြဟာ ႏွစ္ႏွစ္၊ သုံးႏွစ္ အ႐ြယ္မ်ိဳးသာမကဘဲ ေက်ာင္းေနစ အ႐ြယ္ေတြမွာပါ မိုဘိုင္းဖုန္းကို ေဆာ့ကစားစရာလို ျဖစ္လာၿပီး တစတစနဲ႔ အြန္လိုင္းဂိမ္းေတြရဲ႕ စြဲေဆာင္မႈေအာက္ကို လိုက္ပါစီးေျမာသြားေလ့ရွိတဲ့ အေျခအေနမ်ိဳးကို ျဖစ္လာေစပါတယ္။

"လြဲမွားေသာ အယူအဆ"

အခုလို မိုဘိုင္းဖုန္းေတြကို တြင္က်ယ္စြာ သုံးစြဲႏိုင္တဲ့ အေျခအေနမွာ ေက်ာင္းေနအ႐ြယ္ ကေလးေတြကို မိဘေတြက ေက်ာင္းကို ဖုန္းေတြ ထည့္ေပးလိုက္ၾကပါတယ္။အလြယ္တကူ ဆက္သြယ္ႏိုင္ဖို႔ ထည့္ေပးတာေတြရွိသလို မိမိရဲ႕ကေလးဟာ မိုဘိုင္းဖုန္းကို သုံးေနတာကို ျမင္ေန႐ုံနဲ႔ပင္ ေခတ္မီေနၿပီလို႔ဆိုတဲ့ လြဲမွားေသာ အယူအဆေတြ ႂကြားဝါလိုတဲ့ အယူအဆေတြေၾကာင့္လည္း ဖုန္းေပးသုံးရာကေန သုံးစြဲမႈပိုလာေစတာ ျဖစ္ပါတယ္။ဒါ့ေၾကာင့္လည္း ေက်ာင္းေတြမွာ ဖုန္းယူေဆာင္လာျခင္းမျပဳဖို႔ ကန႔္သတ္ၾကပ္မတ္ရတဲ့အထိ ျဖစ္လာပါတယ္။

"ကေလးကို ေက်ာင္းတက္တဲ့အခါ ဖုန္းထည့္ေပးတာ မျဖစ္သင့္ပါဘူး၊ ဆရာတို႔ ငယ္ငယ္ကလည္း ဒါမ်ိဳးမရွိဘူးေလ၊ ေက်ာင္းကို ဖုန္းထည့္ေပးလိုက္တဲ့ ရည္႐ြယ္ခ်က္က ဘာလဲ၊ တကယ္ေတာ့ မိဘတစ္ခ်ိဳ႕ဟာ လြဲမွားတဲ့ အယူအဆေတြနဲ႔ေပါ့၊ ကေလးရဲ႕ ပညာေရးကိုလည္း ဒါက ထိခိုက္ေစတာေပါ့" လို႔ အၿငိမ္းစား ေက်ာင္းအုပ္ဆရာႀကီး ဦးလွေမာင္ က ေျပာပါတယ္။

ေက်ာင္းစာသင္ခန္းေတြထဲမွာ အရင္ကဆိုရင္ မ်က္မွန္တပ္ဆင္တဲ့ ကေလးေတြဟာ အလြန္ဆုံး ႏွစ္ဦး၊ သုံးဦးထက္ မပိုတဲ့ အေျခအေနမ်ိဳးကေန အခုဆိုရင္ စာသင္ခန္းလူဦးေရရဲ႕ သုံးပုံႏွစ္ပုံေလာက္ဟာ ပါဝါမ်က္မွန္ တပ္ဆင္သူေတြအျဖစ္ကို ေရာက္ရွိလာပါတယ္။အဲ့ဒီလို မ်က္မွန္တပ္ဆင္ရတာဟာ သာမန္အားျဖင့္ မိဘမ်ိဳး႐ိုးက မ်က္စိအားနည္းကာ ဖခင္ေသာ္ လည္းေကာင္း မိခင္ေသာ္ လည္းေကာင္း မ်က္မွန္တပ္ဆင္သူ တစ္ဦးဦးျဖစ္ပါက ကေလးတြင္လည္း တပ္ဆင္ရတဲ့ မ်ိဳးဗီဇအေျခအေန သက္ေရာက္မႈေၾကာင့္ ျဖစ္တတ္သလို ယခုအခါ မိဘက မတပ္ရဘဲ သားသမီးေတြမွာ မ်က္စိအားနည္းကာ တပ္ဆင္ရတဲ့ အေျခအေနမ်ိဳးကို ၿမိဳ႕ျပေဒသက စာသင္ေက်ာင္းေတြမွာ အမ်ားဆုံး ေတြ႕လာရပါတယ္။

"ေႏြရာသီလိုမ်ိဳး ရက္ရွည္ေက်ာင္းပိတ္တာေတြ၊ အခါႀကီးရက္ႀကီး ေက်ာင္း ၁၀ ရက္ေလာက္ ပိတ္ၿပီး ျပန္ဖြင့္ရင္ ပါဝါမ်က္မွန္ေလးေတြနဲ႔ ေတြ႕လာရတယ္၊ ဒါဟာ မိုဘိုင္းဖုန္းေတြေၾကာင့္လို႔ ဆရာယူဆမိတယ္" လို႔ သူက ဆက္ေျပာပါတယ္။

"သီးသန႔္ကမာၻ ငယ္အလား"

အဲ့ဒီမိုဘိုင္းဖုန္းေတြကို သုံးစြဲရင္း ေက်ာင္းကေန live တင္တဲ့အထိ ကေလးေတြရဲ႕ၾကားမွာ ျဖစ္ေပၚလာတာေတြ ရွိသလို သူတို႔အဖို႔ သီးသန႔္ကမာၻငယ္အလား ျဖစ္လာေစပါတယ္။အားလပ္တဲ့ အခ်ိန္ေတြမွာ ျပင္ပဗဟုသုတေတြကို ရွာမွီးရမယ့္အစား မိုဘိုင္းဖုန္းနဲ႔ အခ်ိန္ကုန္ေစခဲ့ပါတယ္၊ ေပါင္းသင္းဆက္ဆံေရးမွာလည္း ခ်ိဳ႕ယြင္းလာၿပီး တစ္ေယာက္ထဲ ေနထိုင္ရင္း အထီးက်န္ဆန္တဲ့ အေျခအေနမ်ိဳးကို ေရာက္လာေစခဲ့ပါတယ္။

"အဲ့ဒီလို တစ္ေယာက္တည္း ေနရင္းကေန စိတ္အားငယ္တာေတြ၊ စိတ္ဓာတ္က်တာေတြ ျဖစ္လာတတ္တာေၾကာင့္ သတိျပဳရမယ္" လို႔ စိတ္ခြန္အားျမႇင့္တင္ေရး သင္တန္းမ်ား ပို႔ခ်ေနတဲ့ ေဒၚစိုးစိုးေအး က ဆိုပါတယ္။ေပါင္းသင္းဆက္ဆံေရးလည္း ခ်ိဳ႕ယြင္းကာ သည္းခံစိတ္မ်ား ေလ်ာ့ပါးလာျခင္း၊ တစ္ကိုယ္ေကာင္းဆန္လာတတ္ျခင္း၊ အတၱႀကီးျခင္းတို႔ကိုလည္း ျဖစ္လာေစတတ္တယ္လို႔ သူက ဆိုပါတယ္။

ဒါ့အျပင္ လူႀကီးေတြရဲ႕ ၾကားမွာလည္း ဘတ္စ္ကားစီးရင္း အြန္လိုင္းဂိမ္းေတြ ေဆာ့ကစားကာ မွတ္တိုင္ေက်ာ္သြားမွ သိလိုက္ရတဲ့ အေျခအေနေတြ၊ တစ္ခ်ိဳ႕ဆိုရင္ မွတ္တိုင္ေရာက္မွ ထိုင္ရာကေန အေျပးအလႊားဆင္းရတဲ့ အေျခအေနေတြကိုလည္း မၾကာခဏျမင္ရပါတယ္။

ေခတ္ကာလရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈေၾကာင့္ ဆက္သြယ္ေရးစနစ္ေတြ တြင္က်ယ္လာတဲ့ အေျခအေနမ်ိဳးျဖစ္လာခဲ့ကာ ကမာၻႀကီးဟာ ႐ြာႀကီးတစ္ခုသဖြယ္ ျဖစ္လာၿပီး အက်ိဳးရွိေပမယ့္ ေဘးထြက္ဆိုးက်ိဳးျဖစ္တဲ့ အြန္လိုင္းဂိမ္းေတြဟာလည္း အသိတရားနဲ႔ဂ႐ုျပဳကာ ဆင္ျခင္သတိျပဳရမွာ ျဖစ္ပါတယ္။

အေျခခံပညာ ေက်ာင္းေတြမွာလည္း မၾကာခင္မွာ ေက်ာင္းရက္ရွည္ပိတ္တဲ့ ကာလေတြကို ေရာက္ရွိေတာ့မွာျဖစ္သလို အြန္လိုင္းဂိမ္းေတြေၾကာင့္ လူငယ္ေတြအေပၚ႐ိုက္ခတ္ၿပီး ဘဝရဲ႕တိုးတက္မႈေတြ ပ်က္သုန္းမသြားဖို႔ လိုအပ္တဲ့အျပင္ ကိုယ္ပိုင္းစိတ္ပိုင္း စနစ္တက်ဖြံ႕ၿဖိဳးဖို႔ မိဘအုပ္ထိန္းသူေတြ ကိုယ္တိုင္က နည္းမွန္လမ္းမွန္ျဖင့္ စနစ္တက် ျပဳစုပ်ိဳးေထာင္သြားသင့္ေၾကာင္း ေရးသားတင္ျပလိုက္ရပါတယ္။

ဇြဲမာန္
ေအာက္တိုဘာ - ၃၀