【 သတင်းဆောင်းပါး 】 မရေရာတဲ့ စီမံချက်တွေကို စိန်ခေါ်နေတဲ့ တိုးလာတဲ့ အပူဒဏ်

【 သတင်းဆောင်းပါး 】 မရေရာတဲ့ စီမံချက်တွေကို စိန်ခေါ်နေတဲ့ တိုးလာတဲ့ အပူဒဏ်

ရာသီဥတုသုံးမျိုး ခံစားရလေ့ရှိတဲ့ မြန်မာနိုင်ငံမှာတော့ အခုနောက်ပိုင်း ၂၁ ရာစုထဲမှာ ဆောင်းကာလရဲ့ အေးမြသော ခံစားမှုတွေဟာ ပျောက်ဆုံးလာခဲ့ပြီး ပူပြင်းလာတဲ့ အခြေအနေကို ကြုံလာကြရပါတယ်။ရာသီဥတုတစ်မျိုး ပျောက်ဆုံးသွားတယ်လို့ ပြောရလောက်အောင်ပင် နွေကာလနဲ့ မိုးကာလတွေသာ ကြီးစိုးသွားခဲ့ပြီး အချိန်အခါမဟုတ် မိုးရွာတဲ့ဖြစ်စဉ်တွေ၊ စံချိန်သစ်တင်ရလောက်တဲ့အထိ ပူပြင်းတာတွေက ပြောင်းလဲလာတဲ့ လူနေမှုအဖွဲ့အစည်းတွေရဲ့ကြားမှာ ရင်ဆိုင်ရမယ့် ပြဿနာတစ်ခုသဖွယ် ဖြစ်တည်လို့ လာခဲ့ပါတယ်။

အပြိုင်အဆိုင် စံချိန်ချိုးနေတဲ့ အပူချိန်

ယခု ၂၀၁၉ ခုနှစ်ထဲရဲ့ နွေကာလထဲ အပူချိန်တွေဟာ တဖြေးဖြေးတိုးနေပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက မြို့အများစုမှာ စံချိန်ချိုးတဲ့ အခြေအနေကို ကြုံလာရပါတယ်။

“ကျွန်တော်တို့ တောင်ငူမှာဆိုရင် ဧပြီလမှာ ၄၃ ဒသမ ၃ စင်တီဂရိတ်ဟာ ၂၀၁၆ ခုနှစ်တုန်းက ဖြစ်ခဲ့တယ်၊ အခုအဲ့ဒီထက်ကို ၂၀၁၉ ထဲမှာ စံချိန်ချိုးသွားခဲ့တာပါ၊ လက်ရှိမှာက ၄၄ ဒသမ ၅ နဲ့ စံချိန်က အမြင့်ဆုံးပဲ၊ အယ်လ်နီညိုနှစ်တွေက ဒီလိုမျိုး စံချိန်ချိုးပါတယ်” လို့ တောင်ငူမြို့နယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးမြင့်အောင် က ပြောပါတယ်။

ဒါ့အပြင် ရေးမြို့မှာလည်း မတ်လ ၂၂ ရက်က ၃၉ ဒသမ ၄ ဒီဂရီစင်တီဂရိတ်ဖြင့် ၅၅ နှစ်အတွင်းမှာ စံချိန်ချိုးခဲ့သလို ရန်ကုန်မြို့အနေနဲ့ ကမ္ဘာအေး မိုးလေဝသစခန်းက တိုင်းတာချက်မှာ ၄၂ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ဖြင့် ဧပြီ ၂၆ နှစ်မှာတော့ စခန်းဖွင့်တဲ့နေ့မှ ၅၁ နှစ်အတွင်း စံချိန်ချိုး ပူပြင်းခဲ့ကာ ဖျာပုံမြို့မှာလည်း ဧပြီ ၂၅ ရက်က ၄၀ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ဖြင့် ၁၈ နှစ်အတွင်း စံချိန်ချိုးအောင် ပူပြင်းခဲ့တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

“အဆောက်အအုံ ထူထပ်တဲ့ မြို့လယ်ဧရိယာမျိုးတွေမှာ ဆင်ခြေဖုံးဒေသတွေထက် ပိုပူရတဲ့အခြေအနေက အဆောက်အအုံကနေ ပြန်ပြီးထွက်လာတဲ့ အပူတွေ၊ အဲယားကွန်းတွေကနေ အပြင်ကို စွန့်ထုတ်လိုက်တဲ့ အပူငွေ့တွေ၊ ယာဉ်တွေကနေ ထွက်တဲ့အပူတွေ၊ ကတ္တရာလမ်းတွေကနေ ထွက်တဲ့ အပူတွေကြောင့်လည်း ဖြစ်ပါတယ်၊ ဒါကြောင့်လည်း Downtown ဧရိယာဟာ ဆင်ခြေဖုံးဒေသနဲ့ယှဉ်ရင် ပိုပြီးတော့ ပူပြင်းရတာ ဖြစ်ပါတယ်” လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က ပြောပါတယ်။

ထိုဧပြီလအတွင်း ဧပြီ ၂၅ ရက်တွင် မြို့ ၁၀ မြို့တွင် အပူချိန်စံချိန်သစ် တင်ခဲ့သလို ဧပြီ ၂၆ ရက်မှာ နောက်ထပ် မြို့ခြောက်မြို့မှာ စံချိန်သစ် ထပ်တင်ရတဲ့ အခြေအနေမျိုး ကြုံခဲ့ရသလို စုစုပေါင်း ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၃ ခုမှာတော့ ပုံမှန်ထက် ပိုမိုကာပူပြင်းသော အခြေအနေမျိုးကို ခံစားခဲ့ရပါတယ်။ထိုအပူဒဏ်ကြောင့် နယ်မြို့ တွေမှာ အပူရှောင်စခန်းတွေအဖြစ် စီမံလုပ်ဆောင်ခဲ့ရတဲ့အထိ ဖြစ်သွားခဲ့ပြီး ရန်ကုန်မြို့မှာလည်း တစ်ချို့သော သက်ကြီးပိုင်းအရွယ်တွေဟာ ပန်းခြံတွေထဲက သစ်ပင်ရိပ်တွေမှာ လာရောက်နားခိုကြရင်း အပူဒဏ်ကို ရှောင်လွှဲဖို့ ကြိုးပမ်းတာတွေရှိခဲ့သလို သစ်ပင်ရိပ်ထိုင်သူတွေအတွက် မြက်ဖျာတစ်ချပ်ကို တစ်နာရီလျှင် ငွေ ၁၀၀၀ ကျပ်ဖြင့် ငှားရမ်းပေးကာ အလုပ်ဖြစ်သွားသူတွေလည်း ရှိခဲ့ပါတယ်။

မကျော်လွှားနိုင်သေးသော ရေရှားပါးမှုပြဿနာ

ပြည်တွင်းက ဒေသတစ်ချို့မှာ မတ်လကုန်ပိုင်းလောက်မှစတင်ကာ သောက်သုံးရေရှားပါးတဲ့ အခြေအနေမျိုး ကြုံလာသလို ဧပြီလထဲမှာတော့ ရေရှားပါးတဲ့ အခြေအနေဟာ ပိုဆိုးလာခဲ့ရပါတယ်။ရန်ကုန်တိုင်းဒေသကြီးထဲက ဒလ၊ ဆိပ်ကြီးခနောင်တို၊ ကွမ်းခြံကုန်း စတဲ့ မြို့နယ်တွေက ကျေးရွာတစ်ချို့မှာ သောက်သုံးရေ အခက်အခဲကြုံခဲ့ကြသလို နှစ်စဉ်ရေရှားပါးမှုကို တွေ့ကြုံခံစားနေကြရတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာ ရေရှားပါးတဲ့ အခြေအနေကို ပိုမိုဆိုးရွားစွာ ခံစားလာရပါတယ်။

“နှစ်စဉ် ရေရှားပါးမှုကြုံရလေ့ရှိတဲ့ ဒလမြို့နယ်ထဲမှာ ကျွန်မတို့အနေနဲ့ ရပ်ကွက်နှစ်ခုမှာတော့ နွေရာသီ ရေရှားပါးမှုအခြေအနေကို ကျော်လွှားဖို့ Plan တွေ ရေးဆွဲပြီး လုပ်ဆောင်နေတာ ရှိပါတယ်၊ အဓိက ကတော့ ရေအရင်းအမြစ်ဘယ်ကနေ ရနိုင်မလဲ ဘယ်လိုသွယ်တန်းပြီး ယူဆောင်မလဲဆိုတာမျိုးကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်” လို့ Action Aid Myanmar မှ စီမံချက်အရာရှိ ဒေါ်ခင်ဝင်းကြည် က ဆိုပါတယ်။

ရေရှားပါးမှုကို ကျော်လွှားနိုင်ဖို့ နွေရာသီမတိုင်ခင် ကြိုတင်ပြင်ဆင်ဖို့ လုပ်ငန်းတွေအတွက် ပြည်တွင်း လူမှုအဖွဲ့အစည်းတွေက ကိုယ်တတ်နိုင်သလောက် ကူညီလုပ်ဆောင်နေတာတွေရှိသလို ရေရှားပါးမှု ကြုံလာချိန်မှာလည်း နိုင်သလောက် စုပေါင်းလှူဒါန်းတာတွေနဲ့ လုပ်ဆောင်ခဲ့ကြပါတယ်။

“ဒီနှစ် နွေရာသီမှာ ရေတွင်း ရေကန်ပေါင်း (၆၄) ကန်ကို နှစ်စဉ် ရေရှားပါးမှု ကြုံလေ့ရှိတဲ့ ဒေသတွေမှာ တူးဖော်ခဲ့ပါတယ်၊ ရေရှားပါးမှုပြဿနာတွေကို ကြုံတွေ့နေရတဲ့ မြို့နယ်တွေဖြစ်သော ကော့မှူး၊ ဒလ၊ ကွမ်းခြံကုန်း၊ တွံံတေး၊ ခရမ်း၊ သုံးခွ၊ ဒါးပိန် စတဲ့ မြို့နယ်တွေမှာ သောက်ရေသုံးရေရရှိမှု အခက်အခဲအတွက် သွားရောက်လှူဒါန်းခဲ့ပါတယ်၊ ဒီနှစ်ထဲမှာ ဗိုလ်တထောင် ရေတပ်ဝင်းထဲက ဝန်ထမ်းအိမ်ရာ၊ ဘုန်းကြီးကျောင်း စာသင်တိုက်၊ တရားရိပ်သာ၊ ကန်တော်လေး မျက်စိဆေးရုံ စတဲ့ နေရာမှာ ရေလှူဒါန်းတာတွေကို လုပ်ဆောင်ခဲ့ပါတယ်” လို့ ရှင်သန်ရေး လူမှုကူညီရေးအသင်း (ရန်ကုန်) မှ ကွပ်ကဲရေးတာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။ယခုလိုနွေရာသီကာလမှာ မြို့ပြဒေသတွေက အဝီစိတွင်းတွေမှာတောင် ရေစုပ်ယူရတဲ့ အနေအထားဟာ မိုးတွင်း၊ ဆောင်းတွင်းကာလတွေထက် ကြာမြင့်လေ့ရှိတယ်လို့ ရေမိခင် ပရဟိတအဖွဲ့မှ အင်ဂျင်နီယာတစ်ဦးဖြစ်သူ ဦးအောင်ကြည်မောင် က ဆိုပါတယ်။

“ကျွန်တော်တို့ဆီမှာက Data တွေ အားနည်းပါတယ်၊ ကျွန်တော်လေ့လာပြုစုထားတဲ့ အခြေအနေအရဆိုရင် ဥပမာအားဖြင့် သာမန်အချိန်တွေမှာ တစ်နာရီကို လီတာ ၈၀၀-၁၀၀၀ လောက်ရတဲ့ အဝီစိတွင်း တစ်တွင်းဟာ အခုလိုနွေရာသီကာလမှာ ထက်ဝက်လောက် လျော့သွားတယ်၊ ရေတွင်းတွေမှာဆိုရင်လည်း ရေရရှိမှု အနေအထားက လျော့ကျသွားတယ်၊ ဒီလိုအခြေအနေတွေကြောင့်လည်း ရေကိုခြွေတာသုံးစွဲဖို့ကို ပညာပေးရင်းနဲ့ စီစဉ်ဆောင်ရွက်နေတာတွေ ရှိပါတယ်” လို့ သူက ရှင်းပြပါတယ်။

အထပ်မြင့် တိုက်တာအဆောက်အအုံတွေကို တိုးချဲ့တည်ဆောက်လာတာနဲ့အတူ ရန်ကုန်တိုင်းဒေသကြီးက ရပ်ကွက်အများစုမှာ အဝီစိတွင်းတွေကိုတူးပြီး မြေအောက်ရေကို ထုတ်ယူသုံးစွဲတာတွေ ကျယ်ပြန့်လာသလို တစ်ချို့ရပ်ကွက်တွေမှာ လမ်းတစ်လမ်းထဲ အိမ်တိုင်းလိုလို အဝီစိတွင်းတူးထားတာကိုလည်း မြင်ခဲ့ရဖူးပါတယ်။

“အဝီစိတွင်းတွေကို ဟိုအိမ်ကလည်းတူး၊ ဒီအိမ်ကလည်းတူးဆိုပြီး လုပ်ကိုင်နေတာဟာ သိပ်မကောင်းဘူး၊ ဘာလို့လဲဆိုတော့ မြေအောက်မှာ ဂလိုဏ်ဖြစ်ပြီးတော့ မြေကျွံတာတွေ၊ မြေကြီးတွေနိမ့်ကျတာမျိုးတွေ ဖြစ်စေတတ်ပါတယ်၊ ကျွန်တော်တို့ ဒီဘက်မှာဆိုရင် ဟိုအရင်တုန်းက အဝီစိတွင်းတူးခွင့်ကို လွယ်လွယ်ခွင့်မပြုဘူး၊ အခုနောက်ပိုင်းတော့လည်း ဘာခွင့်ပြုချက်မှ လုပ်စရာမလိုဘဲ တူးနေကြတာ၊ ကျွန်တော်ကတော့ မြေကျွံကျသွားမှာကိုပဲ စိုးရိမ်တယ်၊ ဘာလို့လဲဆိုရင် ကျွန်တော်တို့ သာကေတမြို့နယ်က ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းလိုမျိုး ဖြစ်နေတာလေ” လို့ ရုပ်ပြကာတွန်းဆရာ ဦးတင်ယု က ရှင်းပြပါတယ်။

ထိုကဲ့သို့ မြေအောက်ရေ ထုတ်ယူသုံးစွဲမှု များပြားလာတဲ့ အခြေအနေတွေဟာ သဘာဝရေအရင်းအမြစ်အပေါ် ဘယ်လောက်အထိ သက်ရောက်ထိခိုက်နိုင်တယ် ဆိုတာကိုတော့ တိကျတဲ့ ကိန်းဂဏန်းတွေ မရှိသေးပါဘူး။ရေအခက်အခဲဖြစ်တဲ့ နေရာတွေထဲမှာ ယခုနှစ်ထဲ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ထဲက ယုဇနအိမ်ရာလည်း ပါဝင်လာခဲ့ပါတယ်။ယခု မေလ ပထမပတ်ထဲမှာတော့ မုန်တိုင်းမိုးတွေ ဒေသတစ်ချို့မှာ ရွာတာကြောင့် အပူချိန်ဟာ အရင်လို အမြင့်ဆုံးစံချိန်ကို ထပ်မံကျော်လွန်တာမျိုး မရှိပေမယ့် သိသာတဲ့လျော့ကျမှုမျိုး မရှိသေးသလို ရေအခက်အခဲဖြစ်လို့ အကူအညီတောင်းလာတဲ့ ဒေသတွေလည်း ယနေ့အထိ ရှိနေဆဲဖြစ်တယ်လို့ ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ကိုဇွဲရန်နိုင် က ဆိုပါတယ်။

ပူပြင်းမှုနဲ့အတူ မေတ္တာခံယူနေရတဲ့ လျှပ်စစ်မီး

ယခု ၂၀၁၉ ခုနှစ်ရဲ့ နွေကာလထဲ မကြုံဖူးလောက်အောင်ပင် ပူပြင်းလာတာတွေကြောင့် ပန်ကာတွေ၊ အဲယားကွန်းတွေ အသုံးပြုတာတွေလည်း များလာသလို ဝန်အားမမျှတဲ့ အခြေအနေကိုလည်း ကြုံလာရပါတယ်။ဒါကြောင့်လည်း လျှပ်စစ်မီးပြတ်တောက်မယ့် အခြေအနေတွေအတွက် အများပြည်သူတွေက ကြိုတင်သိရှိနိုင်ဖို့ မေတ္တာရပ်ခံချက်တွေနဲ့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (YESC) က မကြာခဏကြေညာရတဲ့ ကာလလည်း ဖြစ်ခဲ့ပါတယ်။

ကုန်ကျစရိတ်သက်သာပြီး အရင်းအမြစ်ကြွယ်ဝတဲ့ ရေမြေသယံဇာတတွေကို ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားအတွက် ရေအားလျှပ်စစ်ကနေ အဓိကထား ထုတ်ယူနေတာတွေရှိသလို သဘာဝဓာတ်ငွေ့ဖြင့် မီးစက်ကြီးတွေကို မောင်းနှင်ကာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေတာတွေလည်း ရှိပါတယ်။သာမန်အားဖြင့် နွေရာသီမှာ မြစ်တွေထဲ ရေနည်းချိန်ဖြစ်တာကြောင့် ရေအားလျှပ်စစ်ထုတ်ယူမှု လျော့နည်းတတ်တဲ့ ကာလလည်း ဖြစ်ချိန်မှာ လျှပ်စစ်ဓာတ်အားကို ပိုမိုသုံးစွဲတာတွေ ရှိနေတာကြောင့် ဝန်အားမမျှတာတွေကို မကြာခဏကြုံကာ အလှည့်ကျမီးဖြတ်တောက်တဲ့ အခြေအနေအဖြစ် လုပ်ဆောင်ကြရတာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (YESC) မှ အရာရှိတစ်ဦးက ဆိုပါတယ်။

“အတတ်နိုင်ဆုံးတော့ Public အတွက် မီးမပြတ်အောင် လုပ်ဆောင်ရပါတယ်၊ စက်မှုဇုန်တွေဆိုရင် မီးဖြတ်ပြီး အလှည့်ကျပေးနေတာ ကြာပြီ၊ နောက်ဆုံး မခံနိုင်တော့မှသာ Public ကို ဝန်အားလျှော့တဲ့အနေနဲ့ အလှည့်ကျ မီးဖြတ်တောက်တာမျိုးနဲ့ လုပ်ဆောင်ရတာ ဖြစ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။

ထိုလျှပ်စစ်မီးပြတ်တောက်မှုတွေကြောင့် နောက်ဆက်တွဲအနေနဲ့ သဘာဝဓာတ်ငွေ့ ဖြည့်တင်းတဲ့ ခရီးသည်တင်ယာဉ်တွေအနေနဲ့ ယခင်ကထက် ပိုမိုကာ စောင့်ဆိုင်းကြရသလို ဂက်စ်ဆိုင်မှာ စောင့်ဆိုင်းချိန်ကြာမြင့်ပြီး ယာဉ်တစ်စီးနဲ့တစ်စီး အဆက်ပြတ်ကာ မှတ်တိုင်တွေမှာ ခရီးသည်တွေစုပုံနေတဲ့ အခြေအနေတွေကိုလည်း ကြုံလာရပါတယ်။

“ဘတ်စ်ကားတွေက ဂက်စ်ဆိုင်မှာ ဂက်စ်ဖြည့်ဖို့ စောင့်နေရတော့ တစ်စီးနဲ့ တစ်စီး နာရီဝက်လောက်အထိ ကားဆက်ပြတ်ပြီး ခရီးသည်တွေ စုပုံတာမျိုးဖြစ်ခဲ့တာပါ၊ ကျွန်တော်တို့လည်း တတ်နိုင်သလောက်တော့ မှတ်တိုင်မှာ ခရီးသည်စုပြုံတာမျိုးမဖြစ်အောင် လုပ်နေပေမယ့် အခြေအနေအရ ကြုံရပါတယ်၊ ယာဉ်မောင်းတွေဆိုရင် ညဘက်ကို ဂက်စ်ဆိုင်မှာ တန်းစီရင်း အိပ်ခဲ့ရတာတွေကများတယ်” လို့ လူထုမိတ်ဆွေ အများပိုင်ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးကိုကိုနိုင် က ထုတ်ဖော်ပြောကြားပါတယ်။

ထိုသို့သော လျှပ်စစ်မီးပြတ်တောက်တာကြောင့် လျှပ်စစ်သုံးစွဲမှုများပြားတဲ့ ရန်ကုန်မြို့လယ်က ကုမ္ပဏီတွေ၊ ရုံးဌာနတွေ၊ အရောင်းဆိုင်တွေအနေနဲ့ မီးစက်တွေကိုဖွင့်ပြီး သုံးစွဲလာကြတာတွေကြောင့်လည်း မီးပျက်ချိန်တွေမှာ အပြိုင်အဆိုင် ဆူညံနေတဲ့ မီးစက်မျိုးစုံရဲ့အသံတွေအပြင် မီးစက်တွေက ထွက်တဲ့ အခိုးအငွေ့တွေဟာလည်း လေထုထဲရောက်ရှိသွားပြီး မုန့်လုံးစက္ကူကပ်သလို ပတ်ဝန်းကျင်တစ်ဝိုက်ကို ပြန်ပြီးပူပြင်းစေပြန်ပါတယ်။ထိုအပူချိန်ပြင်းထန်မှုတွေကြောင့် နောက်ဆက်တွဲအဖြစ် သွေးတိုးတာတွေ၊ ဦးနှောက်သွေးကြောပေါက်တာတွေလည်း ဖြစ်ပွားမှုများလာသလို လူလတ်ပိုင်းအရွယ်တွေမှာ ပိုမိုဖြစ်ပွားလာတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြောဌာနမှ ဆရာဝန်တစ်ဦးက ပြောပြပါတယ်။

အပူဒဏ်လျော့စေဖို့ တကယ်လုပ်နေသလား

တစ်နှစ်ထက် တစ်နှစ် ပိုမိုပြီး ပူပြင်းလာတဲ့ အခြေအနေတွေအတွက် အပူဒဏ်လျော့ပါးစေဖို့ ထိရောက်တဲ့ အစီအမံကောင်းတွေ လိုအပ်လို့လာပါတယ်။ကမ္ဘာကြီးရဲ့ ဖန်လုံအိမ်အာနိသင်ကြောင့် ပူပြင်းမှုတွေက တဖြေးဖြေးတိုးလာတာတွေရှိသလို လူနေထိုင်မှုစနစ်တွေ မြင့်မားလာတာတွေကနေ အသုံးပြုတဲ့ ပစ္စည်းတွေ၊ ယာဉ်တွေ၊ စက်ကိရိယာတွေကနေ လေထုထဲထုတ်လွှတ်တဲ့ အခိုးအငွေ့တွေကလည်း ကမ္ဘာ့အပူချိန် တိုးလာစေဖို့ ပံ့ပိုးသလို ဖြစ်စေခဲ့ပါတယ်။

“သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးဖို့၊ ပတ်ဝန်းကျင်အတွက် အကျိုးရှိစေမယ့်၊ အကျိုးပြုစေမယ့် သစ်ပင်တွေ စိုက်ပျိုးဖို့လည်း လိုပါတယ်၊ ကိုယ်က သစ်ပင်မစိုက်နိုင်ရင်တောင်မှ ရှိပြီးသားဖြစ်တဲ့ အပင်လေးတွေကို ရေရှည် မပြိုမလဲ မပျက်စီးအောင် ထိန်းသိမ်းဖို့ကလည်း တာဝန်ရှိပါတယ်၊ ဒီနှစ်ထဲမှာ အပူချိန်တွေ ပြင်းထန်တဲ့ဟာတွေက သဘာဝပတ်ဝန်းကျင်ကို ဝိုင်းဝန်းစောင့်ရှောက်ဖို့ လိုပြီလို့ ပြလိုက်တာပါပဲ၊ သစ်ပင်တွေသာမရှိရင် သဲကန္တာရကြီးလို ဖြစ်သွားမှာ” လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေးအစီအစဉ်တွေ လုပ်ဆောင်နေတဲ့ ဒေါ်ဒေဝီသန့်စင် က ပြောပြပါတယ်။

ယခုဆိုရင် ရန်ကုန်မြို့လယ်မှာ သစ်ပင်တော်တော်များများ လျော့ပါးပျက်သုဉ်းသွားခဲ့ရပါပြီ။၂၀၀၈ ခုနှစ်က ကြုံခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့်လည်း အရိပ်ရ သစ်ပင်ကြီးတွေ အများအပြား ပြိုလဲခဲ့ရပြီး မြို့လယ်ဧရိယာတွေထဲမှာ ကားတွေရပ်နားဖို့ ပါကင်နေရာတွေအဖြစ် ကွန်ကရစ်ခင်းတာတွေကို ၂၀၁၀-၁၁ လောက်က တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာတာတွေနဲ့အတူ မပြိုလဲအောင် အုတ်ခုံနဲ့ခတ်ပြီးထားတဲ့ သစ်ပင်တွေကို အုတ်ခုံဖြိုဖျက်ပြီး ကွန်ကရစ်ခင်းတာတွေဟာ မိုးသက်လေပြင်းတိုက်တာနဲ့ ပြိုလဲပျက်စီးတာကို ကြုံလာရပါတယ်။

နောက်ဆယ်စုနှစ် တစ်ခုလောက်ထဲမှာ တစ်ကမ္ဘာလုံးမှာ အပူချိန်တွေ ထပ်တိုးမယ့် အခြေအနေအတွက် ပညာရှင်တွေက ကြိုတင်ခန့်မှန်းကာ ကမ္ဘာကြီးအပူချိန် လျော့ပါးနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးအဖြေရှာကာ စီမံချက်တွေ ချမှတ်ဖော်ဆောင်တာတွေကိုလည်း စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ အင်တိုက်အားတိုက်နဲ့ လုပ်ဆောင်တာတွေရှိပါတယ်။ဒါပေမဲ့ ပြည်တွင်းက အခြေအနေတွေနဲ့ ယှဉ်ထိုးကြည့်ရင်တော့ အားရစရာ အနေအထား မဟုတ်သေးတာ ပေါ်လွင်လှပါတယ်။တစ်နှစ်ထက် တစ်နှစ် ကမ္ဘာကြီးရဲ့အပူချိန်က တိုးလာဖို့သာ ရှိနိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားတာကြောင့်လည်း နှစ်စဉ်တိုးလာမယ့် အပူချိန်ကိုလျော့အောင် မလုပ်နိုင်သေးရင်တောင်မှ ထပ်တိုးမလာအောင် ထိန်းထားနိုင်ဖို့က အရေးကြီးလာပါတယ်။

နှစ်စဉ်နှစ်တိုင်း ဇွန်လထဲမှာ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့နဲ့အတူ သစ်ပင်တွေကို စိုက်ပျိုးကြပေမယ့် စီမံခန့်ခွဲမှု အားနည်းတာတွေ၊ တကယ်လိုအပ်တဲ့နေရာမှာ လိုအပ်တဲ့အပင်ကို မစိုက်နိုင်တာတွေ၊ သစ်ပင်စိုက်ပြီး ပြုစုထိန်းသိမ်းမှုမရှိဘဲ ပစ်ထားတာတွေကိုလည်း အနာဂတ်ကာလမှာ မကြုံရအောင် စီမံနိုင်ဖို့ လိုအပ်ပါတယ်။

သစ်ပင်တွေဟာ အပူဒဏ်ကို လျော့ပါးအောင် စွမ်းဆောင်နိုင်ပေမယ့် ချက်ချင်းစိုက်ပျိုးတိုင်း ချက်ချင်းကြီးထွားတတ်တာမျိုးလည်း မဟုတ်တာကြောင့် တစ်ဖက်ကလည်း လက်ရှိမှာ တည်ရှိနေဆဲ၊ အေးမြတဲ့အရိပ်ကို ပေးစွမ်းနေဆဲ သစ်ပင်တွေကိုတော့ ပြိုလဲပျက်စီးမသွားဖို့ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ဖို့ကလည်း အရေးကြီးသလို သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် အနာဂတ်မျိုးဆက်သစ်တွေကြားမှာ ပေါ်ထွက်လာဖို့လည်း လိုအပ်ပါတယ်။အနာဂတ်ကာလမှာ တိုးလာဦးမယ့် အပူဒဏ်တွေအတွက် အချိန်မနှောင်းခင်မှာ ရေရာထိရောက်တဲ့ စီမံချက်တွေနဲ့ အမြန်ဆုံးလုပ်ဆောင်သွားသင့်ကြောင်း ရေးသားလိုက်ရပါတယ်။

ဇွဲမာန်
မေ - ၈

( Zawgyi )

ရာသီဥတုသုံးမ်ိဳး ခံစားရေလ့ရွိတဲ့ ျမန္မာႏိုင္ငံမွာေတာ့ အခုေနာက္ပိုင္း ၂၁ ရာစုထဲမွာ ေဆာင္းကာလရဲ႕ ေအးျမေသာ ခံစားမႈေတြဟာ ေပ်ာက္ဆုံးလာခဲ့ၿပီး ပူျပင္းလာတဲ့ အေျခအေနကို ႀကဳံလာၾကရပါတယ္။ရာသီဥတုတစ္မ်ိဳး ေပ်ာက္ဆုံးသြားတယ္လို႔ ေျပာရေလာက္ေအာင္ပင္ ေႏြကာလနဲ႔ မိုးကာလေတြသာ ႀကီးစိုးသြားခဲ့ၿပီး အခ်ိန္အခါမဟုတ္ မိုး႐ြာတဲ့ျဖစ္စဥ္ေတြ၊ စံခ်ိန္သစ္တင္ရေလာက္တဲ့အထိ ပူျပင္းတာေတြက ေျပာင္းလဲလာတဲ့ လူေနမႈအဖြဲ႕အစည္းေတြရဲ႕ၾကားမွာ ရင္ဆိုင္ရမယ့္ ျပႆနာတစ္ခုသဖြယ္ ျဖစ္တည္လို႔ လာခဲ့ပါတယ္။

အၿပိဳင္အဆိုင္ စံခ်ိန္ခ်ိဳးေနတဲ့ အပူခ်ိန္

ယခု ၂၀၁၉ ခုႏွစ္ထဲရဲ႕ ေႏြကာလထဲ အပူခ်ိန္ေတြဟာ တေျဖးေျဖးတိုးေနၿပီး ျပည္နယ္နဲ႔ တိုင္းေဒသႀကီးေတြက ၿမိဳ႕အမ်ားစုမွာ စံခ်ိန္ခ်ိဳးတဲ့ အေျခအေနကို ႀကဳံလာရပါတယ္။

“ကြၽန္ေတာ္တို႔ ေတာင္ငူမွာဆိုရင္ ဧၿပီလမွာ ၄၃ ဒသမ ၃ စင္တီဂရိတ္ဟာ ၂၀၁၆ ခုႏွစ္တုန္းက ျဖစ္ခဲ့တယ္၊ အခုအဲ့ဒီထက္ကို ၂၀၁၉ ထဲမွာ စံခ်ိန္ခ်ိဳးသြားခဲ့တာပါ၊ လက္ရွိမွာက ၄၄ ဒသမ ၅ နဲ႔ စံခ်ိန္က အျမင့္ဆုံးပဲ၊ အယ္လ္နီညိဳႏွစ္ေတြက ဒီလိုမ်ိဳး စံခ်ိန္ခ်ိဳးပါတယ္” လို႔ ေတာင္ငူၿမိဳ႕နယ္ မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနမွ ဦးစီးမႉး ဦးမ်ိဳးျမင့္ေအာင္ က ေျပာပါတယ္။

ဒါ့အျပင္ ေရးၿမိဳ႕မွာလည္း မတ္လ ၂၂ ရက္က ၃၉ ဒသမ ၄ ဒီဂရီစင္တီဂရိတ္ျဖင့္ ၅၅ ႏွစ္အတြင္းမွာ စံခ်ိန္ခ်ိဳးခဲ့သလို ရန္ကုန္ၿမိဳ႕အေနနဲ႔ ကမာၻေအး မိုးေလဝသစခန္းက တိုင္းတာခ်က္မွာ ၄၂ ဒသမ ၂ ဒီဂရီစင္တီဂရိတ္ျဖင့္ ဧၿပီ ၂၆ ႏွစ္မွာေတာ့ စခန္းဖြင့္တဲ့ေန႔မွ ၅၁ ႏွစ္အတြင္း စံခ်ိန္ခ်ိဳး ပူျပင္းခဲ့ကာ ဖ်ာပုံၿမိဳ႕မွာလည္း ဧၿပီ ၂၅ ရက္က ၄၀ ဒသမ ၅ ဒီဂရီစင္တီဂရိတ္ျဖင့္ ၁၈ ႏွစ္အတြင္း စံခ်ိန္ခ်ိဳးေအာင္ ပူျပင္းခဲ့တယ္လို႔ မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္တဲ့ စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။

“အေဆာက္အအုံ ထူထပ္တဲ့ ၿမိဳ႕လယ္ဧရိယာမ်ိဳးေတြမွာ ဆင္ေျခဖုံးေဒသေတြထက္ ပိုပူရတဲ့အေျခအေနက အေဆာက္အအုံကေန ျပန္ၿပီးထြက္လာတဲ့ အပူေတြ၊ အဲယားကြန္းေတြကေန အျပင္ကို စြန႔္ထုတ္လိုက္တဲ့ အပူေငြ႕ေတြ၊ ယာဥ္ေတြကေန ထြက္တဲ့အပူေတြ၊ ကတၱရာလမ္းေတြကေန ထြက္တဲ့ အပူေတြေၾကာင့္လည္း ျဖစ္ပါတယ္၊ ဒါေၾကာင့္လည္း Downtown ဧရိယာဟာ ဆင္ေျခဖုံးေဒသနဲ႔ယွဥ္ရင္ ပိုၿပီးေတာ့ ပူျပင္းရတာ ျဖစ္ပါတယ္” လို႔ မိုးေလဝသပညာရွင္ ေဒါက္တာထြန္းလြင္ က ေျပာပါတယ္။

ထိုဧၿပီလအတြင္း ဧၿပီ ၂၅ ရက္တြင္ ၿမိဳ႕ ၁၀ ၿမိဳ႕တြင္ အပူခ်ိန္စံခ်ိန္သစ္ တင္ခဲ့သလို ဧၿပီ ၂၆ ရက္မွာ ေနာက္ထပ္ ၿမိဳ႕ေျခာက္ၿမိဳ႕မွာ စံခ်ိန္သစ္ ထပ္တင္ရတဲ့ အေျခအေနမ်ိဳး ႀကဳံခဲ့ရသလို စုစုေပါင္း ျပည္နယ္နဲ႔ တိုင္းေဒသႀကီး ၁၃ ခုမွာေတာ့ ပုံမွန္ထက္ ပိုမိုကာပူျပင္းေသာ အေျခအေနမ်ိဳးကို ခံစားခဲ့ရပါတယ္။ထိုအပူဒဏ္ေၾကာင့္ နယ္ၿမိဳ႕ ေတြမွာ အပူေရွာင္စခန္းေတြအျဖစ္ စီမံလုပ္ေဆာင္ခဲ့ရတဲ့အထိ ျဖစ္သြားခဲ့ၿပီး ရန္ကုန္ၿမိဳ႕မွာလည္း တစ္ခ်ိဳ႕ေသာ သက္ႀကီးပိုင္းအ႐ြယ္ေတြဟာ ပန္းၿခံေတြထဲက သစ္ပင္ရိပ္ေတြမွာ လာေရာက္နားခိုၾကရင္း အပူဒဏ္ကို ေရွာင္လႊဲဖို႔ ႀကိဳးပမ္းတာေတြရွိခဲ့သလို သစ္ပင္ရိပ္ထိုင္သူေတြအတြက္ ျမက္ဖ်ာတစ္ခ်ပ္ကို တစ္နာရီလွ်င္ ေငြ ၁၀၀၀ က်ပ္ျဖင့္ ငွားရမ္းေပးကာ အလုပ္ျဖစ္သြားသူေတြလည္း ရွိခဲ့ပါတယ္။

မေက်ာ္လႊားႏိုင္ေသးေသာ ေရရွားပါးမႈျပႆနာ

ျပည္တြင္းက ေဒသတစ္ခ်ိဳ႕မွာ မတ္လကုန္ပိုင္းေလာက္မွစတင္ကာ ေသာက္သုံးေရရွားပါးတဲ့ အေျခအေနမ်ိဳး ႀကဳံလာသလို ဧၿပီလထဲမွာေတာ့ ေရရွားပါးတဲ့ အေျခအေနဟာ ပိုဆိုးလာခဲ့ရပါတယ္။ရန္ကုန္တိုင္းေဒသႀကီးထဲက ဒလ၊ ဆိပ္ႀကီးခေနာင္တို၊ ကြမ္းၿခံကုန္း စတဲ့ ၿမိဳ႕နယ္ေတြက ေက်း႐ြာတစ္ခ်ိဳ႕မွာ ေသာက္သုံးေရ အခက္အခဲႀကဳံခဲ့ၾကသလို ႏွစ္စဥ္ေရရွားပါးမႈကို ေတြ႕ႀကဳံခံစားေနၾကရတဲ့ ျမန္မာႏိုင္ငံ အလယ္ပိုင္းေဒသေတြမွာ ေရရွားပါးတဲ့ အေျခအေနကို ပိုမိုဆိုး႐ြားစြာ ခံစားလာရပါတယ္။

“ႏွစ္စဥ္ ေရရွားပါးမႈႀကဳံရေလ့ရွိတဲ့ ဒလၿမိဳ႕နယ္ထဲမွာ ကြၽန္မတို႔အေနနဲ႔ ရပ္ကြက္ႏွစ္ခုမွာေတာ့ ေႏြရာသီ ေရရွားပါးမႈအေျခအေနကို ေက်ာ္လႊားဖို႔ Plan ေတြ ေရးဆြဲၿပီး လုပ္ေဆာင္ေနတာ ရွိပါတယ္၊ အဓိက ကေတာ့ ေရအရင္းအျမစ္ဘယ္ကေန ရႏိုင္မလဲ ဘယ္လိုသြယ္တန္းၿပီး ယူေဆာင္မလဲဆိုတာမ်ိဳးကို လုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္” လို႔ Action Aid Myanmar မွ စီမံခ်က္အရာရွိ ေဒၚခင္ဝင္းၾကည္ က ဆိုပါတယ္။

ေရရွားပါးမႈကို ေက်ာ္လႊားႏိုင္ဖို႔ ေႏြရာသီမတိုင္ခင္ ႀကိဳတင္ျပင္ဆင္ဖို႔ လုပ္ငန္းေတြအတြက္ ျပည္တြင္း လူမႈအဖြဲ႕အစည္းေတြက ကိုယ္တတ္ႏိုင္သေလာက္ ကူညီလုပ္ေဆာင္ေနတာေတြရွိသလို ေရရွားပါးမႈ ႀကဳံလာခ်ိန္မွာလည္း ႏိုင္သေလာက္ စုေပါင္းလႉဒါန္းတာေတြနဲ႔ လုပ္ေဆာင္ခဲ့ၾကပါတယ္။

“ဒီႏွစ္ ေႏြရာသီမွာ ေရတြင္း ေရကန္ေပါင္း (၆၄) ကန္ကို ႏွစ္စဥ္ ေရရွားပါးမႈ ႀကဳံေလ့ရွိတဲ့ ေဒသေတြမွာ တူးေဖာ္ခဲ့ပါတယ္၊ ေရရွားပါးမႈျပႆနာေတြကို ႀကဳံေတြ႕ေနရတဲ့ ၿမိဳ႕နယ္ေတြျဖစ္ေသာ ေကာ့မႉး၊ ဒလ၊ ကြမ္းၿခံကုန္း၊ တြံံေတး၊ ခရမ္း၊ သုံးခြ၊ ဒါးပိန္ စတဲ့ ၿမိဳ႕နယ္ေတြမွာ ေသာက္ေရသုံးေရရရွိမႈ အခက္အခဲအတြက္ သြားေရာက္လႉဒါန္းခဲ့ပါတယ္၊ ဒီႏွစ္ထဲမွာ ဗိုလ္တေထာင္ ေရတပ္ဝင္းထဲက ဝန္ထမ္းအိမ္ရာ၊ ဘုန္းႀကီးေက်ာင္း စာသင္တိုက္၊ တရားရိပ္သာ၊ ကန္ေတာ္ေလး မ်က္စိေဆး႐ုံ စတဲ့ ေနရာမွာ ေရလႉဒါန္းတာေတြကို လုပ္ေဆာင္ခဲ့ပါတယ္” လို႔ ရွင္သန္ေရး လူမႈကူညီေရးအသင္း (ရန္ကုန္) မွ ကြပ္ကဲေရးတာဝန္ရွိသူတစ္ဦးက ေျပာျပပါတယ္။ယခုလိုေႏြရာသီကာလမွာ ၿမိဳ႕ျပေဒသေတြက အဝီစိတြင္းေတြမွာေတာင္ ေရစုပ္ယူရတဲ့ အေနအထားဟာ မိုးတြင္း၊ ေဆာင္းတြင္းကာလေတြထက္ ၾကာျမင့္ေလ့ရွိတယ္လို႔ ေရမိခင္ ပရဟိတအဖြဲ႕မွ အင္ဂ်င္နီယာတစ္ဦးျဖစ္သူ ဦးေအာင္ၾကည္ေမာင္ က ဆိုပါတယ္။

“ကြၽန္ေတာ္တို႔ဆီမွာက Data ေတြ အားနည္းပါတယ္၊ ကြၽန္ေတာ္ေလ့လာျပဳစုထားတဲ့ အေျခအေနအရဆိုရင္ ဥပမာအားျဖင့္ သာမန္အခ်ိန္ေတြမွာ တစ္နာရီကို လီတာ ၈၀၀-၁၀၀၀ ေလာက္ရတဲ့ အဝီစိတြင္း တစ္တြင္းဟာ အခုလိုေႏြရာသီကာလမွာ ထက္ဝက္ေလာက္ ေလ်ာ့သြားတယ္၊ ေရတြင္းေတြမွာဆိုရင္လည္း ေရရရွိမႈ အေနအထားက ေလ်ာ့က်သြားတယ္၊ ဒီလိုအေျခအေနေတြေၾကာင့္လည္း ေရကိုေႁခြတာသုံးစြဲဖို႔ကို ပညာေပးရင္းနဲ႔ စီစဥ္ေဆာင္႐ြက္ေနတာေတြ ရွိပါတယ္” လို႔ သူက ရွင္းျပပါတယ္။

အထပ္ျမင့္ တိုက္တာအေဆာက္အအုံေတြကို တိုးခ်ဲ႕တည္ေဆာက္လာတာနဲ႔အတူ ရန္ကုန္တိုင္းေဒသႀကီးက ရပ္ကြက္အမ်ားစုမွာ အဝီစိတြင္းေတြကိုတူးၿပီး ေျမေအာက္ေရကို ထုတ္ယူသုံးစြဲတာေတြ က်ယ္ျပန႔္လာသလို တစ္ခ်ိဳ႕ရပ္ကြက္ေတြမွာ လမ္းတစ္လမ္းထဲ အိမ္တိုင္းလိုလို အဝီစိတြင္းတူးထားတာကိုလည္း ျမင္ခဲ့ရဖူးပါတယ္။

“အဝီစိတြင္းေတြကို ဟိုအိမ္ကလည္းတူး၊ ဒီအိမ္ကလည္းတူးဆိုၿပီး လုပ္ကိုင္ေနတာဟာ သိပ္မေကာင္းဘူး၊ ဘာလို႔လဲဆိုေတာ့ ေျမေအာက္မွာ ဂလိုဏ္ျဖစ္ၿပီးေတာ့ ေျမကြၽံတာေတြ၊ ေျမႀကီးေတြနိမ့္က်တာမ်ိဳးေတြ ျဖစ္ေစတတ္ပါတယ္၊ ကြၽန္ေတာ္တို႔ ဒီဘက္မွာဆိုရင္ ဟိုအရင္တုန္းက အဝီစိတြင္းတူးခြင့္ကို လြယ္လြယ္ခြင့္မျပဳဘူး၊ အခုေနာက္ပိုင္းေတာ့လည္း ဘာခြင့္ျပဳခ်က္မွ လုပ္စရာမလိုဘဲ တူးေနၾကတာ၊ ကြၽန္ေတာ္ကေတာ့ ေျမကြၽံက်သြားမွာကိုပဲ စိုးရိမ္တယ္၊ ဘာလို႔လဲဆိုရင္ ကြၽန္ေတာ္တို႔ သာေကတၿမိဳ႕နယ္က ေရပတ္လည္ဝိုင္းေနတဲ့ ကြၽန္းလိုမ်ိဳး ျဖစ္ေနတာေလ” လို႔ ႐ုပ္ျပကာတြန္းဆရာ ဦးတင္ယု က ရွင္းျပပါတယ္။

ထိုကဲ့သို႔ ေျမေအာက္ေရ ထုတ္ယူသုံးစြဲမႈ မ်ားျပားလာတဲ့ အေျခအေနေတြဟာ သဘာဝေရအရင္းအျမစ္အေပၚ ဘယ္ေလာက္အထိ သက္ေရာက္ထိခိုက္ႏိုင္တယ္ ဆိုတာကိုေတာ့ တိက်တဲ့ ကိန္းဂဏန္းေတြ မရွိေသးပါဘူး။ေရအခက္အခဲျဖစ္တဲ့ ေနရာေတြထဲမွာ ယခုႏွစ္ထဲ ဒဂုံၿမိဳ႕သစ္ (ဆိပ္ကမ္း) ၿမိဳ႕နယ္ထဲက ယုဇနအိမ္ရာလည္း ပါဝင္လာခဲ့ပါတယ္။ယခု ေမလ ပထမပတ္ထဲမွာေတာ့ မုန္တိုင္းမိုးေတြ ေဒသတစ္ခ်ိဳ႕မွာ ႐ြာတာေၾကာင့္ အပူခ်ိန္ဟာ အရင္လို အျမင့္ဆုံးစံခ်ိန္ကို ထပ္မံေက်ာ္လြန္တာမ်ိဳး မရွိေပမယ့္ သိသာတဲ့ေလ်ာ့က်မႈမ်ိဳး မရွိေသးသလို ေရအခက္အခဲျဖစ္လို႔ အကူအညီေတာင္းလာတဲ့ ေဒသေတြလည္း ယေန႔အထိ ရွိေနဆဲျဖစ္တယ္လို႔ ေ႐ႊေရာင္သမိုင္း အေရးေပၚကယ္ဆယ္ေရးအသင္း ဥကၠ႒ ကိုဇြဲရန္ႏိုင္ က ဆိုပါတယ္။

ပူျပင္းမႈနဲ႔အတူ ေမတၱာခံယူေနရတဲ့ လွ်ပ္စစ္မီး

ယခု ၂၀၁၉ ခုႏွစ္ရဲ႕ ေႏြကာလထဲ မႀကဳံဖူးေလာက္ေအာင္ပင္ ပူျပင္းလာတာေတြေၾကာင့္ ပန္ကာေတြ၊ အဲယားကြန္းေတြ အသုံးျပဳတာေတြလည္း မ်ားလာသလို ဝန္အားမမွ်တဲ့ အေျခအေနကိုလည္း ႀကဳံလာရပါတယ္။ဒါေၾကာင့္လည္း လွ်ပ္စစ္မီးျပတ္ေတာက္မယ့္ အေျခအေနေတြအတြက္ အမ်ားျပည္သူေတြက ႀကိဳတင္သိရွိႏိုင္ဖို႔ ေမတၱာရပ္ခံခ်က္ေတြနဲ႔ ရန္ကုန္ၿမိဳ႕ေတာ္ လွ်ပ္စစ္ဓာတ္အားေပးေရးအဖြဲ႕ (YESC) က မၾကာခဏေၾကညာရတဲ့ ကာလလည္း ျဖစ္ခဲ့ပါတယ္။

ကုန္က်စရိတ္သက္သာၿပီး အရင္းအျမစ္ႂကြယ္ဝတဲ့ ေရေျမသယံဇာတေတြကို ပိုင္ဆိုင္ထားေသာ ျမန္မာႏိုင္ငံမွာ လွ်ပ္စစ္ဓာတ္အားအတြက္ ေရအားလွ်ပ္စစ္ကေန အဓိကထား ထုတ္ယူေနတာေတြရွိသလို သဘာဝဓာတ္ေငြ႕ျဖင့္ မီးစက္ႀကီးေတြကို ေမာင္းႏွင္ကာ လွ်ပ္စစ္ဓာတ္အား ျဖန႔္ျဖဴးေနတာေတြလည္း ရွိပါတယ္။သာမန္အားျဖင့္ ေႏြရာသီမွာ ျမစ္ေတြထဲ ေရနည္းခ်ိန္ျဖစ္တာေၾကာင့္ ေရအားလွ်ပ္စစ္ထုတ္ယူမႈ ေလ်ာ့နည္းတတ္တဲ့ ကာလလည္း ျဖစ္ခ်ိန္မွာ လွ်ပ္စစ္ဓာတ္အားကို ပိုမိုသုံးစြဲတာေတြ ရွိေနတာေၾကာင့္ ဝန္အားမမွ်တာေတြကို မၾကာခဏႀကဳံကာ အလွည့္က်မီးျဖတ္ေတာက္တဲ့ အေျခအေနအျဖစ္ လုပ္ေဆာင္ၾကရတာ ျဖစ္တယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ လွ်ပ္စစ္ဓာတ္အားေပးေရးအဖြဲ႕ (YESC) မွ အရာရွိတစ္ဦးက ဆိုပါတယ္။

“အတတ္ႏိုင္ဆုံးေတာ့ Public အတြက္ မီးမျပတ္ေအာင္ လုပ္ေဆာင္ရပါတယ္၊ စက္မႈဇုန္ေတြဆိုရင္ မီးျဖတ္ၿပီး အလွည့္က်ေပးေနတာ ၾကာၿပီ၊ ေနာက္ဆုံး မခံႏိုင္ေတာ့မွသာ Public ကို ဝန္အားေလွ်ာ့တဲ့အေနနဲ႔ အလွည့္က် မီးျဖတ္ေတာက္တာမ်ိဳးနဲ႔ လုပ္ေဆာင္ရတာ ျဖစ္ပါတယ္” လို႔ သူက ရွင္းျပပါတယ္။

ထိုလွ်ပ္စစ္မီးျပတ္ေတာက္မႈေတြေၾကာင့္ ေနာက္ဆက္တြဲအေနနဲ႔ သဘာဝဓာတ္ေငြ႕ ျဖည့္တင္းတဲ့ ခရီးသည္တင္ယာဥ္ေတြအေနနဲ႔ ယခင္ကထက္ ပိုမိုကာ ေစာင့္ဆိုင္းၾကရသလို ဂက္စ္ဆိုင္မွာ ေစာင့္ဆိုင္းခ်ိန္ၾကာျမင့္ၿပီး ယာဥ္တစ္စီးနဲ႔တစ္စီး အဆက္ျပတ္ကာ မွတ္တိုင္ေတြမွာ ခရီးသည္ေတြစုပုံေနတဲ့ အေျခအေနေတြကိုလည္း ႀကဳံလာရပါတယ္။

“ဘတ္စ္ကားေတြက ဂက္စ္ဆိုင္မွာ ဂက္စ္ျဖည့္ဖို႔ ေစာင့္ေနရေတာ့ တစ္စီးနဲ႔ တစ္စီး နာရီဝက္ေလာက္အထိ ကားဆက္ျပတ္ၿပီး ခရီးသည္ေတြ စုပုံတာမ်ိဳးျဖစ္ခဲ့တာပါ၊ ကြၽန္ေတာ္တို႔လည္း တတ္ႏိုင္သေလာက္ေတာ့ မွတ္တိုင္မွာ ခရီးသည္စုၿပဳံတာမ်ိဳးမျဖစ္ေအာင္ လုပ္ေနေပမယ့္ အေျခအေနအရ ႀကဳံရပါတယ္၊ ယာဥ္ေမာင္းေတြဆိုရင္ ညဘက္ကို ဂက္စ္ဆိုင္မွာ တန္းစီရင္း အိပ္ခဲ့ရတာေတြကမ်ားတယ္” လို႔ လူထုမိတ္ေဆြ အမ်ားပိုင္ကုမၸဏီလီမိတက္မွ ဒါ႐ိုက္တာတစ္ဦးျဖစ္သူ ဦးကိုကိုႏိုင္ က ထုတ္ေဖာ္ေျပာၾကားပါတယ္။

ထိုသို႔ေသာ လွ်ပ္စစ္မီးျပတ္ေတာက္တာေၾကာင့္ လွ်ပ္စစ္သုံးစြဲမႈမ်ားျပားတဲ့ ရန္ကုန္ၿမိဳ႕လယ္က ကုမၸဏီေတြ၊ ႐ုံးဌာနေတြ၊ အေရာင္းဆိုင္ေတြအေနနဲ႔ မီးစက္ေတြကိုဖြင့္ၿပီး သုံးစြဲလာၾကတာေတြေၾကာင့္လည္း မီးပ်က္ခ်ိန္ေတြမွာ အၿပိဳင္အဆိုင္ ဆူညံေနတဲ့ မီးစက္မ်ိဳးစုံရဲ႕အသံေတြအျပင္ မီးစက္ေတြက ထြက္တဲ့ အခိုးအေငြ႕ေတြဟာလည္း ေလထုထဲေရာက္ရွိသြားၿပီး မုန႔္လုံးစကၠဴကပ္သလို ပတ္ဝန္းက်င္တစ္ဝိုက္ကို ျပန္ၿပီးပူျပင္းေစျပန္ပါတယ္။ထိုအပူခ်ိန္ျပင္းထန္မႈေတြေၾကာင့္ ေနာက္ဆက္တြဲအျဖစ္ ေသြးတိုးတာေတြ၊ ဦးေႏွာက္ေသြးေၾကာေပါက္တာေတြလည္း ျဖစ္ပြားမႈမ်ားလာသလို လူလတ္ပိုင္းအ႐ြယ္ေတြမွာ ပိုမိုျဖစ္ပြားလာတယ္လို႔ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး ဦးေႏွာက္နဲ႔ အာ႐ုံေၾကာဌာနမွ ဆရာဝန္တစ္ဦးက ေျပာျပပါတယ္။

အပူဒဏ္ေလ်ာ့ေစဖို႔ တကယ္လုပ္ေနသလား

တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုမိုၿပီး ပူျပင္းလာတဲ့ အေျခအေနေတြအတြက္ အပူဒဏ္ေလ်ာ့ပါးေစဖို႔ ထိေရာက္တဲ့ အစီအမံေကာင္းေတြ လိုအပ္လို႔လာပါတယ္။ကမာၻႀကီးရဲ႕ ဖန္လုံအိမ္အာနိသင္ေၾကာင့္ ပူျပင္းမႈေတြက တေျဖးေျဖးတိုးလာတာေတြရွိသလို လူေနထိုင္မႈစနစ္ေတြ ျမင့္မားလာတာေတြကေန အသုံးျပဳတဲ့ ပစၥည္းေတြ၊ ယာဥ္ေတြ၊ စက္ကိရိယာေတြကေန ေလထုထဲထုတ္လႊတ္တဲ့ အခိုးအေငြ႕ေတြကလည္း ကမာၻ႔အပူခ်ိန္ တိုးလာေစဖို႔ ပံ့ပိုးသလို ျဖစ္ေစခဲ့ပါတယ္။

“သဘာဝပတ္ဝန္းက်င္ကို ခ်စ္ျမတ္ႏိုးဖို႔၊ ပတ္ဝန္းက်င္အတြက္ အက်ိဳးရွိေစမယ့္၊ အက်ိဳးျပဳေစမယ့္ သစ္ပင္ေတြ စိုက္ပ်ိဳးဖို႔လည္း လိုပါတယ္၊ ကိုယ္က သစ္ပင္မစိုက္ႏိုင္ရင္ေတာင္မွ ရွိၿပီးသားျဖစ္တဲ့ အပင္ေလးေတြကို ေရရွည္ မၿပိဳမလဲ မပ်က္စီးေအာင္ ထိန္းသိမ္းဖို႔ကလည္း တာဝန္ရွိပါတယ္၊ ဒီႏွစ္ထဲမွာ အပူခ်ိန္ေတြ ျပင္းထန္တဲ့ဟာေတြက သဘာဝပတ္ဝန္းက်င္ကို ဝိုင္းဝန္းေစာင့္ေရွာက္ဖို႔ လိုၿပီလို႔ ျပလိုက္တာပါပဲ၊ သစ္ပင္ေတြသာမရွိရင္ သဲကႏၲာရႀကီးလို ျဖစ္သြားမွာ” လို႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ပညာေပးအစီအစဥ္ေတြ လုပ္ေဆာင္ေနတဲ့ ေဒၚေဒဝီသန႔္စင္ က ေျပာျပပါတယ္။

ယခုဆိုရင္ ရန္ကုန္ၿမိဳ႕လယ္မွာ သစ္ပင္ေတာ္ေတာ္မ်ားမ်ား ေလ်ာ့ပါးပ်က္သုဥ္းသြားခဲ့ရပါၿပီ။၂၀၀၈ ခုႏွစ္က ႀကဳံခဲ့တဲ့ နာဂစ္မုန္တိုင္းေၾကာင့္လည္း အရိပ္ရ သစ္ပင္ႀကီးေတြ အမ်ားအျပား ၿပိဳလဲခဲ့ရၿပီး ၿမိဳ႕လယ္ဧရိယာေတြထဲမွာ ကားေတြရပ္နားဖို႔ ပါကင္ေနရာေတြအျဖစ္ ကြန္ကရစ္ခင္းတာေတြကို ၂၀၁၀-၁၁ ေလာက္က တြင္တြင္က်ယ္က်ယ္ လုပ္ေဆာင္လာတာေတြနဲ႔အတူ မၿပိဳလဲေအာင္ အုတ္ခုံနဲ႔ခတ္ၿပီးထားတဲ့ သစ္ပင္ေတြကို အုတ္ခုံၿဖိဳဖ်က္ၿပီး ကြန္ကရစ္ခင္းတာေတြဟာ မိုးသက္ေလျပင္းတိုက္တာနဲ႔ ၿပိဳလဲပ်က္စီးတာကို ႀကဳံလာရပါတယ္။

ေနာက္ဆယ္စုႏွစ္ တစ္ခုေလာက္ထဲမွာ တစ္ကမာၻလုံးမွာ အပူခ်ိန္ေတြ ထပ္တိုးမယ့္ အေျခအေနအတြက္ ပညာရွင္ေတြက ႀကိဳတင္ခန႔္မွန္းကာ ကမာၻႀကီးအပူခ်ိန္ ေလ်ာ့ပါးႏိုင္မယ့္ နည္းလမ္းေတြကို ေဆြးေႏြးအေျဖရွာကာ စီမံခ်က္ေတြ ခ်မွတ္ေဖာ္ေဆာင္တာေတြကိုလည္း စက္မႈဖြံ႕ၿဖိဳးတဲ့ ႏိုင္ငံေတြမွာ အင္တိုက္အားတိုက္နဲ႔ လုပ္ေဆာင္တာေတြရွိပါတယ္။ဒါေပမဲ့ ျပည္တြင္းက အေျခအေနေတြနဲ႔ ယွဥ္ထိုးၾကည့္ရင္ေတာ့ အားရစရာ အေနအထား မဟုတ္ေသးတာ ေပၚလြင္လွပါတယ္။တစ္ႏွစ္ထက္ တစ္ႏွစ္ ကမာၻႀကီးရဲ႕အပူခ်ိန္က တိုးလာဖို႔သာ ရွိႏိုင္တယ္လို႔ ပညာရွင္ေတြက ခန႔္မွန္းထားတာေၾကာင့္လည္း ႏွစ္စဥ္တိုးလာမယ့္ အပူခ်ိန္ကိုေလ်ာ့ေအာင္ မလုပ္ႏိုင္ေသးရင္ေတာင္မွ ထပ္တိုးမလာေအာင္ ထိန္းထားႏိုင္ဖို႔က အေရးႀကီးလာပါတယ္။

ႏွစ္စဥ္ႏွစ္တိုင္း ဇြန္လထဲမွာ ကမာၻ႔ပတ္ဝန္းက်င္ ထိန္းသိမ္းေရးေန႔နဲ႔အတူ သစ္ပင္ေတြကို စိုက္ပ်ိဳးၾကေပမယ့္ စီမံခန႔္ခြဲမႈ အားနည္းတာေတြ၊ တကယ္လိုအပ္တဲ့ေနရာမွာ လိုအပ္တဲ့အပင္ကို မစိုက္ႏိုင္တာေတြ၊ သစ္ပင္စိုက္ၿပီး ျပဳစုထိန္းသိမ္းမႈမရွိဘဲ ပစ္ထားတာေတြကိုလည္း အနာဂတ္ကာလမွာ မႀကဳံရေအာင္ စီမံႏိုင္ဖို႔ လိုအပ္ပါတယ္။

သစ္ပင္ေတြဟာ အပူဒဏ္ကို ေလ်ာ့ပါးေအာင္ စြမ္းေဆာင္ႏိုင္ေပမယ့္ ခ်က္ခ်င္းစိုက္ပ်ိဳးတိုင္း ခ်က္ခ်င္းႀကီးထြားတတ္တာမ်ိဳးလည္း မဟုတ္တာေၾကာင့္ တစ္ဖက္ကလည္း လက္ရွိမွာ တည္ရွိေနဆဲ၊ ေအးျမတဲ့အရိပ္ကို ေပးစြမ္းေနဆဲ သစ္ပင္ေတြကိုေတာ့ ၿပိဳလဲပ်က္စီးမသြားဖို႔ ဝိုင္းဝန္းထိန္းသိမ္း ေစာင့္ေရွာက္ဖို႔ကလည္း အေရးႀကီးသလို သဘာဝပတ္ဝန္းက်င္ကို ခ်စ္ျမတ္ႏိုးတဲ့ လူ႔အဖြဲ႕အစည္းတစ္ရပ္ အနာဂတ္မ်ိဳးဆက္သစ္ေတြၾကားမွာ ေပၚထြက္လာဖို႔လည္း လိုအပ္ပါတယ္။အနာဂတ္ကာလမွာ တိုးလာဦးမယ့္ အပူဒဏ္ေတြအတြက္ အခ်ိန္မေႏွာင္းခင္မွာ ေရရာထိေရာက္တဲ့ စီမံခ်က္ေတြနဲ႔ အျမန္ဆုံးလုပ္ေဆာင္သြားသင့္ေၾကာင္း ေရးသားလိုက္ရပါတယ္။

ဇြဲမာန္
ေမ - ၈