【 သတင်းဆောင်းပါး 】 ပြောင်းလဲဖို့လိုနေသေးတဲ့ YBS

【 သတင်းဆောင်းပါး 】 ပြောင်းလဲဖို့လိုနေသေးတဲ့ YBS

ယခုဇွန်လဆန်းပိုင်းအတွင်းမှာ ရန်ကုန်မြို့၊ ဘုရင့်နောင်လမ်းမကြီး (ဆင်မလိုက်) အနီးမှာ ဖြစ်ပွားခဲ့တဲ့ လမ်းပြောင်းပြန်မောင်းနှင်လာသည့် YBS နံပါတ် ၄၀ ယာဉ်တစ်စီးက တစ်ဖက်ယာဉ်ကြောမှာရှိတဲ့ တက္ကစီယာဉ်အား ဝင်တိုက်မိခဲ့သည့်ဖြစ်စဉ်ကြောင့် တက္ကစီယာဉ်မောင်းအပါအဝင် ကားဌားစီးလာသည့် ယာဉ်ပေါ်ပါ မောင်နှမနှစ်ဦး စုစုပေါင်း လူ (၃) ဦး သေဆုံးစေခဲ့သည့် ယာဉ်တိုက်မှုဖြစ်စဉ်ဟာ ဟိုးလေးတကျော်နှင့် ခရီးသွားပြည်သူအားလုံးကို အထိတ်တလန့်ဖြစ်စေခဲ့ပါတယ်။ဒီလို YBS ယာဉ်လိုင်းအချို့ရဲ့ စည်းကမ်းလိုက်နာမှု အားနည်းချက်တွေကြောင့် မြို့ပြသယ်ယူပို့ဆောင်ရေး လုံခြုံစိတ်ချရမှုအပိုင်းတွေကို ခရီးသွားပြည်သူတွေအနေနဲ့ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

ဒါ့ကြောင့်လည်း မထသ ကနေ အသွင်ပြောင်းလာခဲ့တဲ့ YBS စနစ်ဟာ ယနေ့အထိတော့ ယခင် မထသစနစ်နဲ့ ဘာမှကွာခြားမှုမရှိဘဲ အနှစ်သာရခြင်းက အတူတူပဲဖြစ်နေတယ်လို့ နေ့စဉ် YBS ယာဉ်တွေကိုစီးနင်းပြီး ခရီးသွားလာနေရတဲ့ ခရီးသည်တစ်ဦးဖြစ်သူ ဦးထွန်းကြည် က ၎င်းရဲ့အမြင်ကို ယခုလိုပြောပြခဲ့ပါတယ်။

“YBS လို့ပဲပြောပြော မထသကနေ အသွင်ပြောင်းလာတယ်လို့ပဲပြောပြော အဓိက ကတော့ အနှစ်သာရခြင်းက အတူတူပဲဖြစ်နေပါတယ်။အဲ့ဒီအတွက်ကြောင့်မို့ ဒီယာဉ်မောင်းတွေဟာ မထသကနေပြီးတော့ အသွင်ပြောင်းလာခဲ့တဲ့အတွက်မို့ ဒီလူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကိုက အခုအချိန်အထိမပြောင်းလဲသေးဘူး။အရင်တုန်းကတော့ ဘာပဲပြောပြော  အခေါက်ရေနဲ့ သူတို့ရကြတယ်။အခုတော့ လစာနဲ့ရကြတယ်။အဲ့အပေါ်မှာလည်း တင်းတိမ်နိုင်တဲ့သူရှိသလို မတင်းတိမ်နိုင်တဲ့သူရှိတယ်။သို့သော်ငြားလည်း ဒီလိုမျိုး လူ့အသက်ပေါင်းများစွာပေါ့လေ အဲ့နေ့ကဆိုရင် အတော်ကြေကွဲစရာကောင်းပါတယ်။တက္ကစီဆရာလည်း သေတယ်ပွဲချင်းပြီး မောင်နှမနှစ်ယောက်လည်း တကယ့်ကိုကြေကွဲဖွယ်ရာ သူတို့မိသားစုကို လုပ်ကိုင်ရှာဖွေကျွေးမွေးနေတဲ့ မောင်နှမနှစ်ယောက်ပေါ့လေ။အဲ့လိုဆိုတော့ နံပါတစ်တစ်ချက်က ဒီဟာကိုတော့ အမြန်ဆုံးပြုပြင်ပြောင်းလဲရေးလုပ်ဖို့လိုမယ်။အထူးသဖြင့်တော့ ဒရိုင်ဘာတွေနဲ့ပတ်သက်လို့ သူတို့အသိထဲမှာရှိနေတဲ့ နဂိုဟောင်းနွမ်းဆွေးမြေ့နေတဲ့ အတွေးအခေါ်တွေ  ကားကိုပြိုင်မောင်းရမယ်၊ ကားကိုမဆင်မခြင်မောင်းမယ်၊ ကားကိုစည်းကမ်းမဲ့မောင်းမယ် နောက်တစ်ခုက ကားကိုမောင်းပြီဆိုရင် လက်ဆုပ်လက်ကိုင် လိုင်စင်ရှိဖို့လိုပါမယ်။အခု အဲ့ကားသမားက လိုင်စင်မရှိဘူးမောင်းတယ်၊ တိုက်တော့ထွက်ပြေးတယ် ဒီလိုတာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့သူတွေကို YBS မှာ တာဝန်ပေးထားခြင်းအားဖြင့် သူ့ကိုတာဝန်ပေးတဲ့သူရော ဒီလို လိုင်စင်မရှိတဲ့သူတွေကို ကားမောင်းခွင့်ပေးထားခြင်းကိုက ဒါကဘာပဲပြောပြော စီးနင်းလိုက်ပါတဲ့ခရီးသည်ရော ကားတွေရော  သယ်ယူပို့ဆောင်ရေးယာဉ်တွေအတွက်ရော အန္တရာယ်တွေအများကြီးရှိပါတယ်။ဘာလို့လဲဆိုတော့ ကိုယ်တွေက နေ့စဉ် YBS နဲ့ဘဲ သွားလာနေတော့ ဒါတွေက ကိုယ်တွေရှေ့မှာပဲ တွေ့နေမြင်နေရတယ်။” လို့ ဦးထွန်းကြည် က ပြောပြခဲ့ပါတယ်။

အနှစ်သာရမပြောင်းတဲ့ YBS

ယခင် မထသလက်ထက်က ပြိုင်ကားသဖွယ် အပြိုင်အဆိုင်အလုအယက် မောင်းနှင်တတ်တဲ့ ခရီးသည်တင်ယာဉ်တွေရဲ့ အခြေအနေတွေက စီးနင်းသူတွေအဖို့ နေ့စဉ်ဘုရားတကာစီးနင်းခဲ့ရတာတွေ လမ်းလယ်ခေါင်မှာရပ်ကာ ခရီးသည် အတင်၊ အချပြုလုပ်တာတွေ အတင်းကျော်တက်တာတွေ  လမ်းပြောင်းပြန်ကျော်တက်မောင်းနှင်တာတွေ အရှေ့ကနေ လမ်းမဖယ်ဘဲမောင်းရင်း ရန်စကာ လူမိုက်ဆန်ဆန်ဆင်းရိုက်တဲ့ဖြစ်စဉ်တွေ ခရီးသည်တွေအပေါ် စပယ်ယာအများစုက အတင်းတွန်းတင်၊ အတင်းဆွဲချတာတွေ ယာဉ်လုပ်သားတွေက ခရီးသည်တွေအပေါ် မချေမငံပြောဆိုဆက်ဆံတာတွေ ယာဉ်စီးခပိုတောင်းတာတွေကြောင့်လည်း ခရီးသွားပြည်သူတွေအားလုံး မျှော်လင့်နေတဲ့ ပိုမိုကောင်းမွန်တဲ့ မြို့ပြသယ်ယူပို့ဆောင်မှုစနစ်သစ်တစ်ခု ဖြစ်ပေါ်လာဖို့ နှစ်ပေါင်း (၅၀) ကျော် သက်တမ်းရှိခဲ့တဲ့ မထသစနစ်ကို ဖျက်သိမ်းပြီး ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်နေ့မှာ YBS စနစ်အသစ်ကို စတင်ပြောင်းလဲလုပ်ကိုင်လာခဲ့တာဟာ ယခုဆိုရင် သက်တမ်းအားဖြင့် (၃) နှစ်တာကာလသို့ ရောက်ရှိလာပေမယ့် ယနေ့အချိန်အထိ ယာဉ်လုပ်သားအချို့က YBS ပုံရိပ်ကိုထိခိုက်စေတဲ့ အပြုအမူတွေကိုပြုလုပ်နေဆဲဖြစ်တာကို ယခု လူ (၃) ဦးသေဆုံးခဲ့ရတဲ့ ယာဉ်တိုက်မှုဖြစ်စဉ်က သက်သေပြလို့နေခဲ့ပါတယ်။

ဒါကြောင့်လည်း YBS ယာဉ်လိုင်းအသစ်တွေ စတင်ပြေးဆွဲခဲ့တဲ့ လပိုင်းအတွင်းမှာပဲ   ယာဉ်လိုင်းတွေကိုတိုင်ကြားမှုက ၁၃၀၀ နီးပါးရှိခဲ့သလို  တိုင်ကြားမှု ငါးပုံ၊ တစ်ပုံက ယာဉ်လိုင်းတွေ စည်းကမ်းဖောက်ဖျက်တာကို တိုင်ကြားခဲ့တယ်လို့လည်း မှတ်တမ်းတွေအရ သိရပါတယ်။

ဒီလိုစည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်လုပ်သားတွေကို YBS စနစ်မှ ရာသက်ပန်ထုတ်ပယ်သည်အထိ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က ထိထိရောက်ရောက် အရေးယူဆောင်ရွက်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် သတ်မှတ်ပြဌာန်းထားတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို မလိုက်နာဘဲ ဒီလိုစည်းမဲ့ကမ်းမဲ့မောင်းနှင်တာတွေ လိုင်စင်မပါဘဲမောင်းနှင်တာမျိုးတွေကို ယာဉ်ထိန်းရဲတွေအနေနဲ့ ကြပ်မတ်စစ်ဆေးသင့်ပြီး ဥပဒေအတိုင်း ပီပီပြင်ပြင်အကောင်အထည်ဖော်ဖို့လိုတယ်လို့လည်း ဦးထွန်းကြည် က ဆက်လက်ပြောပြခဲ့ပါသေးတယ်။

“ယာဉ်ပိုင်ရှင်တွေ ယာဉ်မောင်းတွေ YBS ကို တာဝန်ယူထားတဲ့သူတွေ ယာဉ်ထိန်းရဲတွေ အားလုံးမှာတာဝန်ရှိပါတယ်။ပြတ်ပြတ်သားသား စည်းနဲ့ကမ်းနဲ့ ဥပဒေအတိုင်းသာလုပ်မယ်ဆိုရင်   ဗရမ်းဗတာမောင်းတာတွေ အမှုအခင်းတွေကျဆင်းမယ်။အခုက အသွင်သဏ္ဍန်ပြောင်းသွားတာ အနှစ်သာရမပြောင်းပါဘူး။ဒီစိတ်ပါပဲ ဒီအသိပဲ ဒါနဲ့ပဲသွားနေတာပါ။လူ့အသက်တစ်ချောင်းက ဘယ်လောက်အရေးကြီးလဲဆိုရင် ဆရာဝန်တစ်ယောက်မှားရင် လူ့အသက်တစ်ချောင်းပဲသေတာလေ၊ ယာဉ်မောင်းတစ်ယောက်မှားရင် အဲ့ယာဉ်ပေါ်မှာပါလာတဲ့သူတွေ  အန္တရာယ်အလွန်ရှိတယ်၊ အသက်အန္တရာယ်ရှိပါတယ်။လူပေါင်းများစွာရဲ့အသက်က သူ့လက်ထဲမှာရှိတယ် အဲ့လိုအသိတွေရှိဖို့လိုတယ်၊ ပညာပေးမှုတွေကိုလည်းလုပ်သင့်ပါတယ်။” လို့ ဦးထွန်းကြည် က ဆိုပါတယ်။

YBS စနစ် ဖွံ့ဖြိုးတိုးတက်ဖို့

ဒီလိုဖြစ်စဉ်တွေဟာ တစ်နည်းအားဖြင့် မမှန်ကန်သောရပ်တည်မူနှင့် မထသစနစ်ကို ပြန်လည်အသက်သွင်းဖို့ကြိုးစားလာသော YBS ကုမ္ပဏီအမည်ခံများကြောင့်ဖြစ်တယ်လို့လည်း Power Eleven အများပိုင်ယာဉ်လိုင်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးသက်တင်ဝင်း(ခ)ကိုတရုတ်လေး က ပြောပါတယ်။

ဒါကြောင့်လည်း လက်ရှိ YBS စနစ် သက်တမ်း (၃) နှစ်ကျော်ကာလမှာ အုံနာပိုင်စနစ်က အများပိုင်စနစ်ကို ခြိမ်းခြောက်လာနိုင်သော အခြေအနေအထိ တိုးပွားလာနေသည့်အတွက် နိုင်ငံတော်အနေနဲ့ Bus Operator တွေကို ထောက်ပံ့ပေးပြီး YBS စနစ်ကို ပြီးစီးသည်အထိ ပြတ်သားစွာပြုပြင်ပြောင်းလဲဖို့ လိုနေကြောင်းနှင့် ယခုအချိန်မှာ နိုင်ငံတော်အနေနဲ့ Bus Operator တွေကို အတိုးနှုန်းသက်သာစွာနဲ့ ချေးငွေရအောင် စီမံပေးမယ်ဆိုပါက နှစ်ဦးနှစ်ဘက် အဆင်ပြေနိုင်မယ်လို့လည်း ၎င်းကဆိုပါတယ်။

“တစ်ချို့ YBS Bus Operator တွေဟာ ကုမ္ပဏီပိုင်ကားက ရရှိတဲ့ဝင်ငွေ မရှိပေမယ့်လည်း တစ်ဦးချင်းပိုင်ကားတွေ စီးရေများစွာပြေးဆွဲတာကြောင့် ရရှိလာသည့် ဂိတ်ကြေးတွေကနေ ဝင်ငွေများစွာရရှိလာပါတယ်။ကားများများလာဆွဲရင် ဂိတ်ကြေးများများရရှိတာကြောင့် YRTA ခွင့်ပြုချက်မရယူဘဲ တစ်ဦးချင်းပိုင် ကားများစွာကို မိမိကုမ္ပဏီဝင်ငွေရရှိရေးတို့အတွက် ပြေးဆွဲရန်ကြိုးစားလာကြပါတယ်။တစ်နည်းအားဖြင့် မမှန်ကန်သောရပ်တည်မှုနှင့် မထသစနစ်ကို ပြန်လည်အသက်သွင်းဖို့ကြိုးစားလာတဲ့ YBS ကုမ္ပဏီ အမည်ခံများလည်း ရှိနေပါသေးတယ်။
မမှန်ကန်သောရပ်တည်မှုနှင့်အတူ ကြီးထွားလာသော တစ်ဦးချင်းပိုင်ကား ယာဉ်မောင်းနှင့် YBS ကုမ္ပဏီအမည်ခံ ယာဉ်လိုင်းအဖွဲ့တို့နှင့် အများပိုင်စနစ်တို့ အပြိုင်မောင်းနေရသည့်  အခြေအနေဖြစ်ပါတယ်။” လို့ ကိုတရုတ်လေး က ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။

ဒါ့အပြင် YBS ခရီးသည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၂  ရက်နေ့က ထိတ်လန့်တုန်လှုပ်ကြောက်မက်ဖွယ်ရာ ယာဉ်တိုက်မှုဖြစ်ရပ်ဆိုးတစ်ခု ကြုံတွေ့ ခဲ့ရပြီး အပြစ်မဲ့လူတွေရဲ့ အသက်သွေးချွေးတွေနဲ့ ပေးဆပ်ခဲ့ရတဲ့ ဒီဖြစ်စဉ်မှာ သင်ခန်းစာယူစရာတွေနဲ့ မထသစနစ်ကနေ YBS စနစ်ကို ပြောင်းလဲရာမှာ YBS စနစ်ကို ပြီးမြောက်အောင်ဆောင်ရွက်ဖို့ လိုနေသေးကြောင်း ဒီဖြစ်စဉ်ကဖော်ပြနေသလို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့က စတင်ပြောင်းလဲခဲ့တဲ့ YBS စနစ်ဟာ ၃ နှစ်ကျော်ကာလကို ရောက်ရှိလာသည့်အခြေအနေကို လေ့လာကြည့်မယ်ဆိုရင် ပြတ်သားဖို့လိုပြီလို့ အဖြေထွက်ကြောင်း ကိုတရုတ်လေး က ဆိုပါတယ်။

“တစ်နည်းအားဖြင့် YBS စနစ်နဲ့ ပြေးဆွဲနေတဲ့ ကားစီးရေက ၃၀၀၀ ခန့်သာရှိပြီး ကျန်ကားစီးရေ ၃၀၀၀ ခန့်က အုံနာကားပိုင်ရှင်နှင့် ယာဉ်မောင်းသူတို့ နှစ်ဦးသဘောတူ ပုတ်ပြတ်ကန်ထရိုက်စနစ်တွေနဲ့ YBS စနစ်ကို ဆန့်ကျင်ပြီး အများပြည်သူပိုင်လမ်းပေါ်မှာ စည်းကမ်းမဲ့စွာ စီးပွားရှာနေတာကို တွေ့ရပါတယ်။ YBS Operator ၁၈ ခုကို ကြည့်မယ်ဆိုရင် Company ၅ ခုလောက်သာ ရင်းနှီးမြုပ်နှံမှုပြုလုပ်နိုင်ပြီး ကျန် Company ၁၃ ခုလောက်က ရင်းနှီးမြုပ်နှံမှု အားနည်းပါတယ်။ရင်းနှီးမြုပ်နှံမှု ပြုလုပ်နိုင်တဲ့ ကုမ္ပဏီကြီး ၅ ခုမှာ ကုမ္ပဏီပိုင်ကားစီးရေ ၂၅၀၀ ခန့်နဲ့ ခရီးသွားပြည်သူတွေကို Service ပေးနိုင်ပါတယ်။ကျန်ကုမ္ပဏီ ၁၃ ခု မှာ ကုမ္ပဏီပိုင်ကားစီးရေ စုစုပေါင်း ၅၀၀ စီးခန့်သာ ရင်းနှီးမြုပ်နှံနိုင်ပြီး ခရီးသွားပြည်သူတွေကို Service ပေးနိုင်ပါတယ်။အုံနာပိုင်ရှင် ကားစီးရေ ၃၀၀၀ ခန့်ကိုတော့ YBS Operator Company ၁၄ ခုခန့်က စီမံအုပ်ချုပ်ရေးပိုင်း (သယ်/ပို့) ကို ဝာာဝန်ယူပြေးဆွဲပါတယ်။တစ်ချို့ Bus ကုမ္ပဏီတွေမှာ ကုမ္ပဏီပိုင်ကား ရင်းနှီးမြုပ်နှံမှု တစ်စီးမှမလုပ်နိုင်လို့ အုံနာပိုင်ကားတွေထံကရရှိတဲ့ Service Fees များနဲ့ ကုမ္ပဏီကို လည်ပတ်နေတာလည်း တွေ့ရပါတယ်။ဒါ့ကြောင့်  YBS စနစ်ကို ပြီးမြောက်အောင်ပြောင်းလဲမယ်ဆိုရင်တော့ ကျန်ကုမ္ပဏီ (၁၃) ခုကို နိုင်ငံတော်အနေနဲ့ ရှယ်ယာထည့်ဝင်ခြင်း (သို့မဟုတ်) အတိုးနှုန်းသက်သာသော ဘဏ်ချေးငွေရရှိအောင် ဆောင်ရွက်ပေးပြီး ထောက်ပံ့ဖို့လိုပါတယ်။” လို့ ကိုတရုတ်လေး က ရေးသားခဲ့ပါသေးတယ်။

ဒါ့အပြင် YBS လုပ်ငန်းတွေကို ဖော်ဆောင်ရာမှာ ရန်ကုန်တိုင်းအစိုးရ ကောင်းအောင်လုပ်သလောက် တစ်ချို့ ဌာနတွေ ကန့်လန့်လုပ်ဆောင်လျက်ရှိပြီး ပူးပေါင်းဆောင်ရွက်မှု အားနည်းမှုတွေကြောင့် မလိုအပ်ဘဲ အချိန်ယူရတဲ့အပိုင်းတွေလည်းရှိလာတယ်လို့ ဦးသက်တင်ဝင်း(ခ)ကိုတရုတ်လေး က ၎င်းရဲ့အမြင်ကို ပြောပြခဲ့ပါသေးတယ်။

“ဒီနေရာကနေ ပွင့်ပွင့်လင်းလင်းဝေဖန်ရရင် YBS လုပ်ငန်းတွေကို ဖော်ဆောင်ရာမှာ ရန်ကုန်တိုင်းအစိုးရ ကောင်းအောင်လုပ်သလောက် တစ်ချို့ ဌာနတွေ ကန့်လန့်လုပ်ပါတယ်။ပူးပေါင်းဆောင်ရွက်မှု အားနည်းပါတယ်။ဒါကြောင့် မလိုအပ်ဘဲ အချိန်ယူရပါတယ်။ပြီးခဲ့တဲ့ ၂၀၂၀ မတ်လကုန် နောက်ဆုံးထားပြီး အုံနာပိုင်ကားတွေကို ကုမ္ပဏီအမည်ပြောင်းဖို့ ညွှန်ကြားချက်တွေထွက်လာတော့ စီးပွားရေးမကောင်းသည်ကတစ်ကြောင်း၊ ကုမ္ပဏီအမည်မပြောင်းချင်လို့ ကားပိုင်ရှင်တော်တော်များများ ကားတွေ ရောင်းတင်ကြပါတယ်။ဒီအချိန်မှာ နိုင်ငံတော်အနေနဲ့ Bus Operator တွေကို အတိုးနှုန်းသက်သာစွာနဲ့ ချေးငွေရအောင်စီမံပေးမယ်ဆိုရင် နှစ်ဦးနှစ်ဘက်အဆင်ပြေပါလိမ့်မယ်။တစ်နည်းအားဖြင့် အုံနာပိုင်စနစ်လျော့နည်းသွားပြီး အများပိုင်ကုမ္ပဏီစနစ် တိုးတက်လာပါမယ်။ဒီလိုမှမဟုတ်ဘူးဆိုရင် အများပိုင်ကုမ္ပဏီကားတွေနဲ့ အုံနာပိုင်ကားတွေ အပြိုင်အဆိုင်မောင်းနေတဲ့ YBS စနစ်ဟာ ခရီးသွားပြည်သူတွေကို အကျိုးမပြုနိုင်ပါဘူး။” လို့ ကိုတရုတ်လေး က သုံးသပ်ပြောကြားခဲ့တာပါ။

နေ့စဉ်ခရီးသွား ၁.၈ သန်းနှင့် YBS

လက်ရှိ ရန်ကုန်မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်ကို ပြန်ကြည့်ရင်လည်း Bus Company ၁၈ ခုမှာ YBS ယာဉ်လိုင်း ၁၀၀ ကျော်ဖြင့် နေ့စဉ် ယာဉ်စီးရေ ၆၀၀၀ ခန့်ပြေးဆွဲနေပြီး ရန်ကုန်မြို့ ခရီးသွားဦးရေ (၁ ဒသမ ၈) သန်းခန့်ကို နေ့စဉ်ပို့ဆောင်ပေးနေရသလို နေ့စဉ်ပြေးဆွဲနေသည့် ယာဉ်စီးရေ ၆၀၀၀ တွင် YBS Company တွေရဲ့ ပိုင်ဆိုင်မှုကားစီးရေက ၃၀၀၀ ခန့်ရှိပြီး အုံနာပိုင်ရှင်တွေရဲ့ ကားစီးရေက ၃၀၀၀ ခန့်ရှိနေတယ်လို့လည်း သိရပါတယ်။ယခု YBS ယာဉ်လိုင်းစနစ်က အရင်ကထက် သွားရလာရပိုလွယ်ကူအဆင်ပြေခဲ့ပေမယ့် အချို့ယာဉ်လိုင်းတွေရဲ့ အားနည်းချက်ရှိတဲ့ ဝန်ဆောင်မှုတွေကိုတော့ ခရီးသည်တွေအနေနဲ့ အဆင်ပြေအောင်ကြိုးစားနေရတဲ့ အခြေအနေမှာရှိနေဆဲဖြစ်တယ်လို့လည်း ခရီးသွားပြည်သူတစ်ဦးဖြစ်သူ မသဲစု က ယခုလိုပြောပြခဲ့ပါသေးတယ်။

“စည်းကမ်းမဲ့ယာဥ်မောင်းဆိုထဲက အပြစ်ပေးသင့်ပါတယ်။အဲ့ဒီလိုပဲ ဆုပေး၊ ဒဏ်ပေး စနစ်ကိုလဲ တကယ်ထိရောက်စွာ ပြုလုပ်ပေးမယ်ဆို အလွယ်တကူအပြစ်မလုပ်နိုင်တော့ဘူးလို့ ထင်မိပါတယ်။မဟုတ်ရင် အကြီးစားထိခိုက်မှုတွေကိုသာ လူတွေသိလိုက်ရတာ အသေးစားထိခိုက်နစ်နာမှုတွေလဲ တော်တော်များများ တခါတလေကြုံရပါတယ်။သူ့ဘက်ကိုယ့်ဘက်ကြည့်တဲ့စိတ်နဲ့ တခါတလေပြီးခဲ့ကြတာများပါတယ်။မှတ်တိုင်မှာ သေချာမရပ်ရသေးဘဲ ထွက်ဖို့တံခါးပိတ်ချင်ကြတယ်၊ ခရီးသည်အချို့ကလဲမှားကြပါတယ် ဒါပေမဲ့ ကားမောင်းသူမှားရင်တော့ ထိခိုက်နစ်နာမှုတွေက ပိုဖြစ်နိုင်တယ်လေ။အမြန်မဆင်းရင် အော်ချင်တဲ့ကားဆရာအချို့လည်း ညီမတို့ကြုံရတယ်၊ အမြန်မဆင်းနိုင်ရင် တံခါးညှပ်မှာကြောက်နေရတဲ့ စိတ်မလုံခြုံမှုနဲ့ ခရီးသည်အချို့လည်းရှိတယ်။ဒီလိုပေါ့လေ နှစ်ဦးနှစ်ဖက်ပင်ပန်းလှပါတယ်။
ဒါထင်ရှားတဲ့အခက်အခဲလေးတစ်ခုကိုပဲ တင်ပြတာပါ။ဒါကြောင့် ဆုပေး ဒဏ်ပေးစနစ် ထိထိရောက်ရောက်သုံးပေးမယ်ဆို ဒီလို Case တွေ နည်းသွားမယ်ထင်ပါတယ်။” လို့ မသဲစု က ပြောပြခဲ့ပါတယ်။

ဒါကြောင့်လည်း ခရီးသွားပြည်သူတွေအတွက် လုံခြုံစိတ်ချစွာနဲ့ ဝန်ဆောင်မှုအပြည့်အ၀ပေးနိုင်မယ့် ရန်ကုန်တိုင်းအစိုးရရဲ့ YBS စနစ်ဟာ သက်တမ်း (၃) နှစ်ကျော် ကာလအတွင်းမှာ တဖြည်းဖြည်းရုပ်လုံးပေါ်လာပေမယ့် စည်းကမ်းပိုင်းဆိုင်ရာမှာတော့ အားနည်းချက်အချို့ ရှိနေဆဲဖြစ်ပါတယ်။

ပြောရရင် မြို့ပြသယ်ယူပို့ဆောင်ရေးစနစ်မှာ ခေတ်မဖီဖွံ့ဖြိုးတိုးတက်လာတဲ့ ယာဉ်လိုင်းများပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး ပြောင်းလဲခဲ့တဲ့ YBS စနစ်ဟာ အရွေ့တစ်ခုကိုရောက်ရှိလာပေမယ့်လည်း ခရီးသွားပြည်သူတွေအပေါ် ဒီထက်ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်မလား၊ မပေးနိုင်ဘူးလား ဒါ့အပြင် YBS စနစ်ဟာ ယခုလက်ရှိအချိန်အထိ အသွင်သဏ္ဍန်ရော အနှစ်သာရရော တကယ်အပြည့်အ၀ပြောင်းလဲနေပြီလားဆိုတာကတော့ မည်သို့ပင်ဆိုစေကာမူ မေးခွန်းထုတ်နေရဆဲပင်ဖြစ်ပါတယ်။

ပြေသိမ်း
ဇွန် - ၉

( Zawgyi )

ယခုဇြန္လဆန္းပိုင္းအတြင္းမွာ ရန္ကုန္ၿမိဳ႕၊ ဘုရင့္ေနာင္လမ္းမႀကီး (ဆင္မလိုက္) အနီးမွာ ျဖစ္ပြားခဲ့တဲ့ လမ္းေျပာင္းျပန္ေမာင္းႏွင္လာသည့္ YBS နံပါတ္ ၄၀ ယာဥ္တစ္စီးက တစ္ဖက္ယာဥ္ေၾကာမွာရွိတဲ့ တကၠစီယာဥ္အား ဝင္တိုက္မိခဲ့သည့္ျဖစ္စဥ္ေၾကာင့္ တကၠစီယာဥ္ေမာင္းအပါအဝင္ ကားဌားစီးလာသည့္ ယာဥ္ေပၚပါ ေမာင္ႏွမႏွစ္ဦး စုစုေပါင္း လူ (၃) ဦး ေသဆုံးေစခဲ့သည့္ ယာဥ္တိုက္မႈျဖစ္စဥ္ဟာ ဟိုးေလးတေက်ာ္ႏွင့္ ခရီးသြားျပည္သူအားလုံးကို အထိတ္တလန႔္ျဖစ္ေစခဲ့ပါတယ္။ဒီလို YBS ယာဥ္လိုင္းအခ်ိဳ႕ရဲ႕ စည္းကမ္းလိုက္နာမႈ အားနည္းခ်က္ေတြေၾကာင့္ ၿမိဳ႕ျပသယ္ယူပို႔ေဆာင္ေရး လုံၿခဳံစိတ္ခ်ရမႈအပိုင္းေတြကို ခရီးသြားျပည္သူေတြအေနနဲ႔ ေမးခြန္းထုတ္စရာျဖစ္လာခဲ့ပါတယ္။

ဒါ့ေၾကာင့္လည္း မထသ ကေန အသြင္ေျပာင္းလာခဲ့တဲ့ YBS စနစ္ဟာ ယေန႔အထိေတာ့ ယခင္ မထသစနစ္နဲ႔ ဘာမွကြာျခားမႈမရွိဘဲ အႏွစ္သာရျခင္းက အတူတူပဲျဖစ္ေနတယ္လို႔ ေန႔စဥ္ YBS ယာဥ္ေတြကိုစီးနင္းၿပီး ခရီးသြားလာေနရတဲ့ ခရီးသည္တစ္ဦးျဖစ္သူ ဦးထြန္းၾကည္ က ၎ရဲ႕အျမင္ကို ယခုလိုေျပာျပခဲ့ပါတယ္။

“YBS လို႔ပဲေျပာေျပာ မထသကေန အသြင္ေျပာင္းလာတယ္လို႔ပဲေျပာေျပာ အဓိက ကေတာ့ အႏွစ္သာရျခင္းက အတူတူပဲျဖစ္ေနပါတယ္။အဲ့ဒီအတြက္ေၾကာင့္မို႔ ဒီယာဥ္ေမာင္းေတြဟာ မထသကေနၿပီးေတာ့ အသြင္ေျပာင္းလာခဲ့တဲ့အတြက္မို႔ ဒီလူေတြရဲ႕ စိတ္ပိုင္းဆိုင္ရာကိုက အခုအခ်ိန္အထိမေျပာင္းလဲေသးဘူး။အရင္တုန္းကေတာ့ ဘာပဲေျပာေျပာ  အေခါက္ေရနဲ႔ သူတို႔ရၾကတယ္။အခုေတာ့ လစာနဲ႔ရၾကတယ္။အဲ့အေပၚမွာလည္း တင္းတိမ္ႏိုင္တဲ့သူရွိသလို မတင္းတိမ္ႏိုင္တဲ့သူရွိတယ္။သို႔ေသာ္ျငားလည္း ဒီလိုမ်ိဳး လူ႔အသက္ေပါင္းမ်ားစြာေပါ့ေလ အဲ့ေန႔ကဆိုရင္ အေတာ္ေၾကကြဲစရာေကာင္းပါတယ္။တကၠစီဆရာလည္း ေသတယ္ပြဲခ်င္းၿပီး ေမာင္ႏွမႏွစ္ေယာက္လည္း တကယ့္ကိုေၾကကြဲဖြယ္ရာ သူတို႔မိသားစုကို လုပ္ကိုင္ရွာေဖြေကြၽးေမြးေနတဲ့ ေမာင္ႏွမႏွစ္ေယာက္ေပါ့ေလ။အဲ့လိုဆိုေတာ့ နံပါတစ္တစ္ခ်က္က ဒီဟာကိုေတာ့ အျမန္ဆုံးျပဳျပင္ေျပာင္းလဲေရးလုပ္ဖို႔လိုမယ္။အထူးသျဖင့္ေတာ့ ဒ႐ိုင္ဘာေတြနဲ႔ပတ္သက္လို႔ သူတို႔အသိထဲမွာရွိေနတဲ့ နဂိုေဟာင္းႏြမ္းေဆြးေျမ့ေနတဲ့ အေတြးအေခၚေတြ  ကားကိုၿပိဳင္ေမာင္းရမယ္၊ ကားကိုမဆင္မျခင္ေမာင္းမယ္၊ ကားကိုစည္းကမ္းမဲ့ေမာင္းမယ္ ေနာက္တစ္ခုက ကားကိုေမာင္းၿပီဆိုရင္ လက္ဆုပ္လက္ကိုင္ လိုင္စင္ရွိဖို႔လိုပါမယ္။အခု အဲ့ကားသမားက လိုင္စင္မရွိဘူးေမာင္းတယ္၊ တိုက္ေတာ့ထြက္ေျပးတယ္ ဒီလိုတာဝန္ယူမႈ၊ တာဝန္ခံမႈမရွိတဲ့သူေတြကို YBS မွာ တာဝန္ေပးထားျခင္းအားျဖင့္ သူ႔ကိုတာဝန္ေပးတဲ့သူေရာ ဒီလို လိုင္စင္မရွိတဲ့သူေတြကို ကားေမာင္းခြင့္ေပးထားျခင္းကိုက ဒါကဘာပဲေျပာေျပာ စီးနင္းလိုက္ပါတဲ့ခရီးသည္ေရာ ကားေတြေရာ  သယ္ယူပို႔ေဆာင္ေရးယာဥ္ေတြအတြက္ေရာ အႏၲရာယ္ေတြအမ်ားႀကီးရွိပါတယ္။ဘာလို႔လဲဆိုေတာ့ ကိုယ္ေတြက ေန႔စဥ္ YBS နဲ႔ဘဲ သြားလာေနေတာ့ ဒါေတြက ကိုယ္ေတြေရွ႕မွာပဲ ေတြ႕ေနျမင္ေနရတယ္။” လို႔ ဦးထြန္းၾကည္ က ေျပာျပခဲ့ပါတယ္။

အႏွစ္သာရမေျပာင္းတဲ့ YBS

ယခင္ မထသလက္ထက္က ၿပိဳင္ကားသဖြယ္ အၿပိဳင္အဆိုင္အလုအယက္ ေမာင္းႏွင္တတ္တဲ့ ခရီးသည္တင္ယာဥ္ေတြရဲ႕ အေျခအေနေတြက စီးနင္းသူေတြအဖို႔ ေန႔စဥ္ဘုရားတကာစီးနင္းခဲ့ရတာေတြ လမ္းလယ္ေခါင္မွာရပ္ကာ ခရီးသည္ အတင္၊ အခ်ျပဳလုပ္တာေတြ အတင္းေက်ာ္တက္တာေတြ  လမ္းေျပာင္းျပန္ေက်ာ္တက္ေမာင္းႏွင္တာေတြ အေရွ႕ကေန လမ္းမဖယ္ဘဲေမာင္းရင္း ရန္စကာ လူမိုက္ဆန္ဆန္ဆင္း႐ိုက္တဲ့ျဖစ္စဥ္ေတြ ခရီးသည္ေတြအေပၚ စပယ္ယာအမ်ားစုက အတင္းတြန္းတင္၊ အတင္းဆြဲခ်တာေတြ ယာဥ္လုပ္သားေတြက ခရီးသည္ေတြအေပၚ မေခ်မငံေျပာဆိုဆက္ဆံတာေတြ ယာဥ္စီးခပိုေတာင္းတာေတြေၾကာင့္လည္း ခရီးသြားျပည္သူေတြအားလုံး ေမွ်ာ္လင့္ေနတဲ့ ပိုမိုေကာင္းမြန္တဲ့ ၿမိဳ႕ျပသယ္ယူပို႔ေဆာင္မႈစနစ္သစ္တစ္ခု ျဖစ္ေပၚလာဖို႔ ႏွစ္ေပါင္း (၅၀) ေက်ာ္ သက္တမ္းရွိခဲ့တဲ့ မထသစနစ္ကို ဖ်က္သိမ္းၿပီး ၂၀၁၇ ခုႏွစ္၊ ဇန္နဝါရီ ၁၅ ရက္ေန႔မွာ YBS စနစ္အသစ္ကို စတင္ေျပာင္းလဲလုပ္ကိုင္လာခဲ့တာဟာ ယခုဆိုရင္ သက္တမ္းအားျဖင့္ (၃) ႏွစ္တာကာလသို႔ ေရာက္ရွိလာေပမယ့္ ယေန႔အခ်ိန္အထိ ယာဥ္လုပ္သားအခ်ိဳ႕က YBS ပုံရိပ္ကိုထိခိုက္ေစတဲ့ အျပဳအမူေတြကိုျပဳလုပ္ေနဆဲျဖစ္တာကို ယခု လူ (၃) ဦးေသဆုံးခဲ့ရတဲ့ ယာဥ္တိုက္မႈျဖစ္စဥ္က သက္ေသျပလို႔ေနခဲ့ပါတယ္။

ဒါေၾကာင့္လည္း YBS ယာဥ္လိုင္းအသစ္ေတြ စတင္ေျပးဆြဲခဲ့တဲ့ လပိုင္းအတြင္းမွာပဲ   ယာဥ္လိုင္းေတြကိုတိုင္ၾကားမႈက ၁၃၀၀ နီးပါးရွိခဲ့သလို  တိုင္ၾကားမႈ ငါးပုံ၊ တစ္ပုံက ယာဥ္လိုင္းေတြ စည္းကမ္းေဖာက္ဖ်က္တာကို တိုင္ၾကားခဲ့တယ္လို႔လည္း မွတ္တမ္းေတြအရ သိရပါတယ္။

ဒီလိုစည္းကမ္းေဖာက္ဖ်က္တဲ့ ယာဥ္လုပ္သားေတြကို YBS စနစ္မွ ရာသက္ပန္ထုတ္ပယ္သည္အထိ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA) က ထိထိေရာက္ေရာက္ အေရးယူေဆာင္႐ြက္ခဲ့ရတာေတြလည္း ရွိခဲ့ပါတယ္။ ဒါ့အျပင္ သတ္မွတ္ျပဌာန္းထားတဲ့ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းေတြကို မလိုက္နာဘဲ ဒီလိုစည္းမဲ့ကမ္းမဲ့ေမာင္းႏွင္တာေတြ လိုင္စင္မပါဘဲေမာင္းႏွင္တာမ်ိဳးေတြကို ယာဥ္ထိန္းရဲေတြအေနနဲ႔ ၾကပ္မတ္စစ္ေဆးသင့္ၿပီး ဥပေဒအတိုင္း ပီပီျပင္ျပင္အေကာင္အထည္ေဖာ္ဖို႔လိုတယ္လို႔လည္း ဦးထြန္းၾကည္ က ဆက္လက္ေျပာျပခဲ့ပါေသးတယ္။

“ယာဥ္ပိုင္ရွင္ေတြ ယာဥ္ေမာင္းေတြ YBS ကို တာဝန္ယူထားတဲ့သူေတြ ယာဥ္ထိန္းရဲေတြ အားလုံးမွာတာဝန္ရွိပါတယ္။ျပတ္ျပတ္သားသား စည္းနဲ႔ကမ္းနဲ႔ ဥပေဒအတိုင္းသာလုပ္မယ္ဆိုရင္   ဗရမ္းဗတာေမာင္းတာေတြ အမႈအခင္းေတြက်ဆင္းမယ္။အခုက အသြင္သ႑န္ေျပာင္းသြားတာ အႏွစ္သာရမေျပာင္းပါဘူး။ဒီစိတ္ပါပဲ ဒီအသိပဲ ဒါနဲ႔ပဲသြားေနတာပါ။လူ႔အသက္တစ္ေခ်ာင္းက ဘယ္ေလာက္အေရးႀကီးလဲဆိုရင္ ဆရာဝန္တစ္ေယာက္မွားရင္ လူ႔အသက္တစ္ေခ်ာင္းပဲေသတာေလ၊ ယာဥ္ေမာင္းတစ္ေယာက္မွားရင္ အဲ့ယာဥ္ေပၚမွာပါလာတဲ့သူေတြ  အႏၲရာယ္အလြန္ရွိတယ္၊ အသက္အႏၲရာယ္ရွိပါတယ္။လူေပါင္းမ်ားစြာရဲ႕အသက္က သူ႔လက္ထဲမွာရွိတယ္ အဲ့လိုအသိေတြရွိဖို႔လိုတယ္၊ ပညာေပးမႈေတြကိုလည္းလုပ္သင့္ပါတယ္။” လို႔ ဦးထြန္းၾကည္ က ဆိုပါတယ္။

YBS စနစ္ ဖြံ႕ၿဖိဳးတိုးတက္ဖို႔

ဒီလိုျဖစ္စဥ္ေတြဟာ တစ္နည္းအားျဖင့္ မမွန္ကန္ေသာရပ္တည္မူႏွင့္ မထသစနစ္ကို ျပန္လည္အသက္သြင္းဖို႔ႀကိဳးစားလာေသာ YBS ကုမၸဏီအမည္ခံမ်ားေၾကာင့္ျဖစ္တယ္လို႔လည္း Power Eleven အမ်ားပိုင္ယာဥ္လိုင္းကုမၸဏီ၏ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာျဖစ္သူ ဦးသက္တင္ဝင္း(ခ)ကိုတ႐ုတ္ေလး က ေျပာပါတယ္။

ဒါေၾကာင့္လည္း လက္ရွိ YBS စနစ္ သက္တမ္း (၃) ႏွစ္ေက်ာ္ကာလမွာ အုံနာပိုင္စနစ္က အမ်ားပိုင္စနစ္ကို ၿခိမ္းေျခာက္လာႏိုင္ေသာ အေျခအေနအထိ တိုးပြားလာေနသည့္အတြက္ ႏိုင္ငံေတာ္အေနနဲ႔ Bus Operator ေတြကို ေထာက္ပံ့ေပးၿပီး YBS စနစ္ကို ၿပီးစီးသည္အထိ ျပတ္သားစြာျပဳျပင္ေျပာင္းလဲဖို႔ လိုေနေၾကာင္းႏွင့္ ယခုအခ်ိန္မွာ ႏိုင္ငံေတာ္အေနနဲ႔ Bus Operator ေတြကို အတိုးႏႈန္းသက္သာစြာနဲ႔ ေခ်းေငြရေအာင္ စီမံေပးမယ္ဆိုပါက ႏွစ္ဦးႏွစ္ဘက္ အဆင္ေျပႏိုင္မယ္လို႔လည္း ၎ကဆိုပါတယ္။

“တစ္ခ်ိဳ႕ YBS Bus Operator ေတြဟာ ကုမၸဏီပိုင္ကားက ရရွိတဲ့ဝင္ေငြ မရွိေပမယ့္လည္း တစ္ဦးခ်င္းပိုင္ကားေတြ စီးေရမ်ားစြာေျပးဆြဲတာေၾကာင့္ ရရွိလာသည့္ ဂိတ္ေၾကးေတြကေန ဝင္ေငြမ်ားစြာရရွိလာပါတယ္။ကားမ်ားမ်ားလာဆြဲရင္ ဂိတ္ေၾကးမ်ားမ်ားရရွိတာေၾကာင့္ YRTA ခြင့္ျပဳခ်က္မရယူဘဲ တစ္ဦးခ်င္းပိုင္ ကားမ်ားစြာကို မိမိကုမၸဏီဝင္ေငြရရွိေရးတို႔အတြက္ ေျပးဆြဲရန္ႀကိဳးစားလာၾကပါတယ္။တစ္နည္းအားျဖင့္ မမွန္ကန္ေသာရပ္တည္မႈႏွင့္ မထသစနစ္ကို ျပန္လည္အသက္သြင္းဖို႔ႀကိဳးစားလာတဲ့ YBS ကုမၸဏီ အမည္ခံမ်ားလည္း ရွိေနပါေသးတယ္။
မမွန္ကန္ေသာရပ္တည္မႈႏွင့္အတူ ႀကီးထြားလာေသာ တစ္ဦးခ်င္းပိုင္ကား ယာဥ္ေမာင္းႏွင့္ YBS ကုမၸဏီအမည္ခံ ယာဥ္လိုင္းအဖြဲ႕တို႔ႏွင့္ အမ်ားပိုင္စနစ္တို႔ အၿပိဳင္ေမာင္းေနရသည့္  အေျခအေနျဖစ္ပါတယ္။” လို႔ ကိုတ႐ုတ္ေလး က ၎၏ လူမႈကြန္ရက္ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးသားခဲ့တာပါ။

ဒါ့အျပင္ YBS ခရီးသည္ သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြမွာ ၿပီးခဲ့တဲ့ ဇြန္လ ၂  ရက္ေန႔က ထိတ္လန႔္တုန္လႈပ္ေၾကာက္မက္ဖြယ္ရာ ယာဥ္တိုက္မႈျဖစ္ရပ္ဆိုးတစ္ခု ႀကဳံေတြ႕ ခဲ့ရၿပီး အျပစ္မဲ့လူေတြရဲ႕ အသက္ေသြးေခြၽးေတြနဲ႔ ေပးဆပ္ခဲ့ရတဲ့ ဒီျဖစ္စဥ္မွာ သင္ခန္းစာယူစရာေတြနဲ႔ မထသစနစ္ကေန YBS စနစ္ကို ေျပာင္းလဲရာမွာ YBS စနစ္ကို ၿပီးေျမာက္ေအာင္ေဆာင္႐ြက္ဖို႔ လိုေနေသးေၾကာင္း ဒီျဖစ္စဥ္ကေဖာ္ျပေနသလို ၂၀၁၇ ခုႏွစ္၊ ဇန္နဝါရီလ ၁၆ ရက္ေန႔က စတင္ေျပာင္းလဲခဲ့တဲ့ YBS စနစ္ဟာ ၃ ႏွစ္ေက်ာ္ကာလကို ေရာက္ရွိလာသည့္အေျခအေနကို ေလ့လာၾကည့္မယ္ဆိုရင္ ျပတ္သားဖို႔လိုၿပီလို႔ အေျဖထြက္ေၾကာင္း ကိုတ႐ုတ္ေလး က ဆိုပါတယ္။

“တစ္နည္းအားျဖင့္ YBS စနစ္နဲ႔ ေျပးဆြဲေနတဲ့ ကားစီးေရက ၃၀၀၀ ခန႔္သာရွိၿပီး က်န္ကားစီးေရ ၃၀၀၀ ခန႔္က အုံနာကားပိုင္ရွင္ႏွင့္ ယာဥ္ေမာင္းသူတို႔ ႏွစ္ဦးသေဘာတူ ပုတ္ျပတ္ကန္ထ႐ိုက္စနစ္ေတြနဲ႔ YBS စနစ္ကို ဆန႔္က်င္ၿပီး အမ်ားျပည္သူပိုင္လမ္းေပၚမွာ စည္းကမ္းမဲ့စြာ စီးပြားရွာေနတာကို ေတြ႕ရပါတယ္။ YBS Operator ၁၈ ခုကို ၾကည့္မယ္ဆိုရင္ Company ၅ ခုေလာက္သာ ရင္းႏွီးျမဳပ္ႏွံမႈျပဳလုပ္ႏိုင္ၿပီး က်န္ Company ၁၃ ခုေလာက္က ရင္းႏွီးျမဳပ္ႏွံမႈ အားနည္းပါတယ္။ရင္းႏွီးျမဳပ္ႏွံမႈ ျပဳလုပ္ႏိုင္တဲ့ ကုမၸဏီႀကီး ၅ ခုမွာ ကုမၸဏီပိုင္ကားစီးေရ ၂၅၀၀ ခန႔္နဲ႔ ခရီးသြားျပည္သူေတြကို Service ေပးႏိုင္ပါတယ္။က်န္ကုမၸဏီ ၁၃ ခု မွာ ကုမၸဏီပိုင္ကားစီးေရ စုစုေပါင္း ၅၀၀ စီးခန႔္သာ ရင္းႏွီးျမဳပ္ႏွံႏိုင္ၿပီး ခရီးသြားျပည္သူေတြကို Service ေပးႏိုင္ပါတယ္။အုံနာပိုင္ရွင္ ကားစီးေရ ၃၀၀၀ ခန႔္ကိုေတာ့ YBS Operator Company ၁၄ ခုခန႔္က စီမံအုပ္ခ်ဳပ္ေရးပိုင္း (သယ္/ပို႔) ကို ဝာာဝန္ယူေျပးဆြဲပါတယ္။တစ္ခ်ိဳ႕ Bus ကုမၸဏီေတြမွာ ကုမၸဏီပိုင္ကား ရင္းႏွီးျမဳပ္ႏွံမႈ တစ္စီးမွမလုပ္ႏိုင္လို႔ အုံနာပိုင္ကားေတြထံကရရွိတဲ့ Service Fees မ်ားနဲ႔ ကုမၸဏီကို လည္ပတ္ေနတာလည္း ေတြ႕ရပါတယ္။ဒါ့ေၾကာင့္  YBS စနစ္ကို ၿပီးေျမာက္ေအာင္ေျပာင္းလဲမယ္ဆိုရင္ေတာ့ က်န္ကုမၸဏီ (၁၃) ခုကို ႏိုင္ငံေတာ္အေနနဲ႔ ရွယ္ယာထည့္ဝင္ျခင္း (သို႔မဟုတ္) အတိုးႏႈန္းသက္သာေသာ ဘဏ္ေခ်းေငြရရွိေအာင္ ေဆာင္႐ြက္ေပးၿပီး ေထာက္ပံ့ဖို႔လိုပါတယ္။” လို႔ ကိုတ႐ုတ္ေလး က ေရးသားခဲ့ပါေသးတယ္။

ဒါ့အျပင္ YBS လုပ္ငန္းေတြကို ေဖာ္ေဆာင္ရာမွာ ရန္ကုန္တိုင္းအစိုးရ ေကာင္းေအာင္လုပ္သေလာက္ တစ္ခ်ိဳ႕ ဌာနေတြ ကန႔္လန႔္လုပ္ေဆာင္လ်က္ရွိၿပီး ပူးေပါင္းေဆာင္႐ြက္မႈ အားနည္းမႈေတြေၾကာင့္ မလိုအပ္ဘဲ အခ်ိန္ယူရတဲ့အပိုင္းေတြလည္းရွိလာတယ္လို႔ ဦးသက္တင္ဝင္း(ခ)ကိုတ႐ုတ္ေလး က ၎ရဲ႕အျမင္ကို ေျပာျပခဲ့ပါေသးတယ္။

“ဒီေနရာကေန ပြင့္ပြင့္လင္းလင္းေဝဖန္ရရင္ YBS လုပ္ငန္းေတြကို ေဖာ္ေဆာင္ရာမွာ ရန္ကုန္တိုင္းအစိုးရ ေကာင္းေအာင္လုပ္သေလာက္ တစ္ခ်ိဳ႕ ဌာနေတြ ကန႔္လန႔္လုပ္ပါတယ္။ပူးေပါင္းေဆာင္႐ြက္မႈ အားနည္းပါတယ္။ဒါေၾကာင့္ မလိုအပ္ဘဲ အခ်ိန္ယူရပါတယ္။ၿပီးခဲ့တဲ့ ၂၀၂၀ မတ္လကုန္ ေနာက္ဆုံးထားၿပီး အုံနာပိုင္ကားေတြကို ကုမၸဏီအမည္ေျပာင္းဖို႔ ၫႊန္ၾကားခ်က္ေတြထြက္လာေတာ့ စီးပြားေရးမေကာင္းသည္ကတစ္ေၾကာင္း၊ ကုမၸဏီအမည္မေျပာင္းခ်င္လို႔ ကားပိုင္ရွင္ေတာ္ေတာ္မ်ားမ်ား ကားေတြ ေရာင္းတင္ၾကပါတယ္။ဒီအခ်ိန္မွာ ႏိုင္ငံေတာ္အေနနဲ႔ Bus Operator ေတြကို အတိုးႏႈန္းသက္သာစြာနဲ႔ ေခ်းေငြရေအာင္စီမံေပးမယ္ဆိုရင္ ႏွစ္ဦးႏွစ္ဘက္အဆင္ေျပပါလိမ့္မယ္။တစ္နည္းအားျဖင့္ အုံနာပိုင္စနစ္ေလ်ာ့နည္းသြားၿပီး အမ်ားပိုင္ကုမၸဏီစနစ္ တိုးတက္လာပါမယ္။ဒီလိုမွမဟုတ္ဘူးဆိုရင္ အမ်ားပိုင္ကုမၸဏီကားေတြနဲ႔ အုံနာပိုင္ကားေတြ အၿပိဳင္အဆိုင္ေမာင္းေနတဲ့ YBS စနစ္ဟာ ခရီးသြားျပည္သူေတြကို အက်ိဳးမျပဳႏိုင္ပါဘူး။” လို႔ ကိုတ႐ုတ္ေလး က သုံးသပ္ေျပာၾကားခဲ့တာပါ။

ေန႔စဥ္ခရီးသြား ၁.၈ သန္းႏွင့္ YBS

လက္ရွိ ရန္ကုန္ၿမိဳ႕ျပသယ္ယူပို႔ေဆာင္ေရးစနစ္ကို ျပန္ၾကည့္ရင္လည္း Bus Company ၁၈ ခုမွာ YBS ယာဥ္လိုင္း ၁၀၀ ေက်ာ္ျဖင့္ ေန႔စဥ္ ယာဥ္စီးေရ ၆၀၀၀ ခန႔္ေျပးဆြဲေနၿပီး ရန္ကုန္ၿမိဳ႕ ခရီးသြားဦးေရ (၁ ဒသမ ၈) သန္းခန႔္ကို ေန႔စဥ္ပို႔ေဆာင္ေပးေနရသလို ေန႔စဥ္ေျပးဆြဲေနသည့္ ယာဥ္စီးေရ ၆၀၀၀ တြင္ YBS Company ေတြရဲ႕ ပိုင္ဆိုင္မႈကားစီးေရက ၃၀၀၀ ခန႔္ရွိၿပီး အုံနာပိုင္ရွင္ေတြရဲ႕ ကားစီးေရက ၃၀၀၀ ခန႔္ရွိေနတယ္လို႔လည္း သိရပါတယ္။ယခု YBS ယာဥ္လိုင္းစနစ္က အရင္ကထက္ သြားရလာရပိုလြယ္ကူအဆင္ေျပခဲ့ေပမယ့္ အခ်ိဳ႕ယာဥ္လိုင္းေတြရဲ႕ အားနည္းခ်က္ရွိတဲ့ ဝန္ေဆာင္မႈေတြကိုေတာ့ ခရီးသည္ေတြအေနနဲ႔ အဆင္ေျပေအာင္ႀကိဳးစားေနရတဲ့ အေျခအေနမွာရွိေနဆဲျဖစ္တယ္လို႔လည္း ခရီးသြားျပည္သူတစ္ဦးျဖစ္သူ မသဲစု က ယခုလိုေျပာျပခဲ့ပါေသးတယ္။

“စည္းကမ္းမဲ့ယာဥ္ေမာင္းဆိုထဲက အျပစ္ေပးသင့္ပါတယ္။အဲ့ဒီလိုပဲ ဆုေပး၊ ဒဏ္ေပး စနစ္ကိုလဲ တကယ္ထိေရာက္စြာ ျပဳလုပ္ေပးမယ္ဆို အလြယ္တကူအျပစ္မလုပ္ႏိုင္ေတာ့ဘူးလို႔ ထင္မိပါတယ္။မဟုတ္ရင္ အႀကီးစားထိခိုက္မႈေတြကိုသာ လူေတြသိလိုက္ရတာ အေသးစားထိခိုက္နစ္နာမႈေတြလဲ ေတာ္ေတာ္မ်ားမ်ား တခါတေလႀကဳံရပါတယ္။သူ႔ဘက္ကိုယ့္ဘက္ၾကည့္တဲ့စိတ္နဲ႔ တခါတေလၿပီးခဲ့ၾကတာမ်ားပါတယ္။မွတ္တိုင္မွာ ေသခ်ာမရပ္ရေသးဘဲ ထြက္ဖို႔တံခါးပိတ္ခ်င္ၾကတယ္၊ ခရီးသည္အခ်ိဳ႕ကလဲမွားၾကပါတယ္ ဒါေပမဲ့ ကားေမာင္းသူမွားရင္ေတာ့ ထိခိုက္နစ္နာမႈေတြက ပိုျဖစ္ႏိုင္တယ္ေလ။အျမန္မဆင္းရင္ ေအာ္ခ်င္တဲ့ကားဆရာအခ်ိဳ႕လည္း ညီမတို႔ႀကဳံရတယ္၊ အျမန္မဆင္းႏိုင္ရင္ တံခါးညႇပ္မွာေၾကာက္ေနရတဲ့ စိတ္မလုံၿခဳံမႈနဲ႔ ခရီးသည္အခ်ိဳ႕လည္းရွိတယ္။ဒီလိုေပါ့ေလ ႏွစ္ဦးႏွစ္ဖက္ပင္ပန္းလွပါတယ္။
ဒါထင္ရွားတဲ့အခက္အခဲေလးတစ္ခုကိုပဲ တင္ျပတာပါ။ဒါေၾကာင့္ ဆုေပး ဒဏ္ေပးစနစ္ ထိထိေရာက္ေရာက္သုံးေပးမယ္ဆို ဒီလို Case ေတြ နည္းသြားမယ္ထင္ပါတယ္။” လို႔ မသဲစု က ေျပာျပခဲ့ပါတယ္။

ဒါေၾကာင့္လည္း ခရီးသြားျပည္သူေတြအတြက္ လုံၿခဳံစိတ္ခ်စြာနဲ႔ ဝန္ေဆာင္မႈအျပည့္အ၀ေပးႏိုင္မယ့္ ရန္ကုန္တိုင္းအစိုးရရဲ႕ YBS စနစ္ဟာ သက္တမ္း (၃) ႏွစ္ေက်ာ္ ကာလအတြင္းမွာ တျဖည္းျဖည္း႐ုပ္လုံးေပၚလာေပမယ့္ စည္းကမ္းပိုင္းဆိုင္ရာမွာေတာ့ အားနည္းခ်က္အခ်ိဳ႕ ရွိေနဆဲျဖစ္ပါတယ္။

ေျပာရရင္ ၿမိဳ႕ျပသယ္ယူပို႔ေဆာင္ေရးစနစ္မွာ ေခတ္မဖီဖြံ႕ၿဖိဳးတိုးတက္လာတဲ့ ယာဥ္လိုင္းမ်ားေပၚထြက္လာေစရန္ရည္႐ြယ္ၿပီး ေျပာင္းလဲခဲ့တဲ့ YBS စနစ္ဟာ အေ႐ြ႕တစ္ခုကိုေရာက္ရွိလာေပမယ့္လည္း ခရီးသြားျပည္သူေတြအေပၚ ဒီထက္ပိုမိုေကာင္းမြန္တဲ့ ဝန္ေဆာင္မႈေတြကို ေပးႏိုင္မလား၊ မေပးႏိုင္ဘူးလား ဒါ့အျပင္ YBS စနစ္ဟာ ယခုလက္ရွိအခ်ိန္အထိ အသြင္သ႑န္ေရာ အႏွစ္သာရေရာ တကယ္အျပည့္အ၀ေျပာင္းလဲေနၿပီလားဆိုတာကေတာ့ မည္သို႔ပင္ဆိုေစကာမူ ေမးခြန္းထုတ္ေနရဆဲပင္ျဖစ္ပါတယ္။

ေျပသိမ္း
ဇြန္ - ၉