【 သတင်းဆောင်းပါး 】 ကိုဗစ်နဲ့အတူ ထင်သာလာတဲ့ လူသားဆန်မှု

【 သတင်းဆောင်းပါး 】 ကိုဗစ်နဲ့အတူ ထင်သာလာတဲ့ လူသားဆန်မှု

ကမ္ဘာတစ်လွှားမှာ ၂၀၁၉ နှစ်ကုန်ပိုင်းလောက်ကတည်းက ခြောက်လှန့်လာကာ သေပျောက်မှုတွေကြုံခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးဟာ မြန်မာနိုင်ငံကို ၂၀၂၀ မတ်လစတုတ္ထပတ်လောက်မှာ ကူးစက်ဝင်ရောက်လာခဲ့ပါတယ်။အဲ့ဒီလိုကူးစက်မှုမတိုင်ခင် ၂၀၂၀ နှစ်ဆန်းလောက်ကတည်းက ရောဂါကာကွယ်ရေးစီမံချက်တွေ ရေးဆွဲခဲ့ပေမယ့် ကူးစက်ဝင်ရောက်ပြီး နောက်ပိုင်းမှာတော့ ရောဂါကာကွယ်ရေးအတွက် ဆေးဖြန်းသူတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် အခမဲ့ဆေးခန်းတွေ ထောက်ပံ့ကူညီလှူဒါန်းမှုတွေအပါအဝင် ပရဟိတကူညီမှုလုပ်ငန်းတွေဟာ တွင်ကျယ်စွာပေါ်ထွက်လာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒေသအလိုက် လူမှုအကျိုးပြုလုပ်ငန်းတွေကို လုပ်ကိုင်နေကြတဲ့ ပရဟိတအဖွဲ့အစည်းတွေများစွာရှိပြီး တရားဝင်မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတွေရှိသလို မှတ်ပုံတင်ထားတာမျိုးမလုပ်ဘဲ အလျဉ်းသင့်ရင်သင့်သလို ကူညီနေသူတွေလည်း အများအပြားရှိပါတယ်။

“မြို့နယ်တစ်ခုမှာတင်ပဲ ပရဟိတအဖွဲ့တွေက အများကြီးရှိတယ်၊ ရပ်ကွက်တွေအလိုက်လည်း တော်တော်များများမှာရှိတယ်၊ တကယ်တော့ စေတနာ့ဝန်ထမ်းအလုပ်ဟာ လူတိုင်းလည်းလုပ်လို့ရတယ်၊ သို့ပေမဲ့ နှလုံးသားမပါဘဲတော့ လုပ်လို့မရဘူး၊ စာနာစိတ်နဲ့ကူညီကြတဲ့အခါ တစ်ခုရှိတာက မိမိကိုယ်ကို အန္တရာယ်မဖြစ်ဖို့လည်းလိုတယ်၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနဲ့ တုန့်ပြန်ရေးမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ စေတနာ့ဝန်ထမ်းများအားလုံးဟာ တကယ့်ကိုလေးစားဖို့လည်းကောင်းပါတယ်” လို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရုံးချုပ်ရဲ့ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနမှာ အချိန်ပြည့်တာဝန်အနေနဲ့ ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးဇော်ထူးဦး က ဆိုပါတယ်။

ပရဟိတလုပ်ငန်းများကြားက လူမှုကယ်ဆယ်ရေးဆိုင်ရာ ကျင့်ဝတ်များ

အခုလိုရောဂါကပ်ဆိုးဘေးတွေအပါအဝင် သဘာ၀ဘေးအန္တရာယ်တွေ၊ လူလုပ်တဲ့ဘေးဒုက္ခအခြေအနေတွေ ကြုံတွေ့ လာတဲ့အခါ သက်ဆိုင်ရာအစိုးရဌာနတွေအပြင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ပရဟိတအဖွဲ့တွေက ကူညီဆောင်ရွက်လေ့ရှိပါတယ်။အဲ့ဒီလိုဆောင်ရွက်တဲ့အခါ ကယ်ဆယ်ရေးသက်သက်သာ လုပ်ဆောင်နေတဲ့အဖွဲ့တွေရှိသလို ကယ်ဆယ်ရေးအပြင် တခြားသောအကူအညီပေးတဲ့ လုပ်ငန်းတွေနဲ့ တွဲဖက်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေလည်းရှိပါတယ်။ထိုအဖွဲ့အစည်းတွေအနေနဲ့ မိမိတို့အဖွဲ့ရဲ့ ဦးတည်ချက်တွေ၊ ရည်ရွယ်ချက် ရည်မှန်းချက်တွေအတိုင်း လုပ်ဆောင်ကြပြီး Code of Conduct လို့ ခေါ်တဲ့ ကျင့်ဝတ်စည်းကမ်းတွေကို လေးစားလိုက်နာဖို့ လိုအပ်ပါတယ်။

“ကူညီကယ်ဆယ်ရေးလုပ်တဲ့နေရာမှာ Code of Conduct ကလည်း အရေးကြီးပါတယ်၊ လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်တုန်းက ကမ္ဘာ့အကြီးဆုံး ဘေးဒုက္ခတုံ့ပြန်ကယ်ဆယ်ရေးအဖွဲ့ကြီးရှစ်ဖွဲ့ တွေ့ဆုံပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီလှုပ်ရှားမှု အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ တွေ့ဆုံပြီး ဘေးဒုက္ခတုံ့ပြန်ရေးအစီအစဉ်တွေ လုပ်တဲ့အခါ ကျင့်ဝတ်စည်းကမ်း ၁၀ ချက်ကို လေးစားလိုက်နာဖို့လည်း သဘောတူညီခဲ့ကြပါတယ်၊ အဲ့ဒီအချက်တွေကို ၂၀၁၄ ခုနှစ် ဧပြီ ၁၄ ရက်အထိ နိုင်ငံအသီးသီးက ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့အစည်းပေါင်း ၅၂၄ ဖွဲ့က သဘောတူလက်မှတ် ရေးထိုးထားပါတယ်” လို့ ဦးဇော်ထူးဦး က ဆက်လက်ရှင်းပြပါတယ်။

အဲ့ဒီ ၁၀ ချက်ထဲမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စတွေကို ဦးစားပေးအဖြစ် သတ်မှတ်ထားသလို လူမျိုးဘာသာခွဲခြားမှုမရှိဘဲ အကူအညီပေးခြင်း၊ နိုင်ငံရေး (သို့မဟုတ်) ဘာသာရေးအမြင် ခိုင်မာအောင် ကြံစည်လုပ်ဆောင်မှုမျိုးမဖြစ်စေခြင်း၊ အစိုးရတစ်ရပ်ရဲ့ နိုင်ငံခြားရေးမူဝါဒ အကောင်အထည်ဖော်သူအဖြစ် အသုံးချခံရတာမျိုးမဖြစ်စေခြင်း၊ ဒေသတွင်းစွမ်းဆောင်ရည်ပေါ် မူတည်ကြိုးပမ်းခြင်း၊ အကူအညီတွေစီမံခန့်ခွဲရာတွင် အကျိုးခံစားခွင့်ရှိသူတွေပါဝင်ရန် နည်းလမ်းရှာဖွေခြင်း၊ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းမှုသာမက အနာဂတ်ကာလမှာ အခုလိုအခြေအနေဆိုးတွေမှ လျော့ပါးအောင်ကြိုတင်စီမံခြင်း၊ ထောက်ပံ့ကူညီမှုများကို ပွင့်လင်းမြင်သာစွာ အစီရင်ခံနိုင်ရမယ့်အပြင် အလဟသဆုံးရှုံးမှုမျိုးမဖြစ်အောင်စီမံခြင်း၊ ကူညီကယ်ဆယ်ခံရသူတွေ၊ ကူညီကယ်ဆယ်တဲ့သူတွေရဲ့ လုံခြုံရေးကို ထိခိုက်မှုမရှိစေသော လူထုဆက်သွယ်ပြန်ကြားရေးတွေ အစရှိတဲ့ အခြေအနေကျင့်ဝတ်စည်းမျဉ်းတွေကို လိုက်နာကြဖို့လည်း သဘောတူလက်မှတ် ရေးထိုးထားကြပါတယ်။

အဲ့ဒီလိုသဘောတူညီချက် စည်းမျဉ်းတွေနဲ့လုပ်ဆောင်နေတဲ့ စေတနာအဖွဲ့အစည်းတွေရှိသလို တစ်ချို့မှာ သက်ဆိုင်ရာဒေသက အုပ်ချုပ်သူတွေရဲ့ လမ်းညွှန်မှုတွေနဲ့အတူ လိုအပ်တဲ့နေရာမှာ လိုသလိုဝင်အကူအညီပေးနေတာတွေလည်း ရှိပါတယ်။

“ဒီလိုကာလမှာက ကျင့်ဝတ်ပိုင်းကိုလည်း အလေးထားလုပ်ဆောင်ရမယ့် ကာလလည်းဖြစ်သလို ကိုယ့်အတွက်လည်း အန္တရာယ်မဖြစ်အောင် ဒေသဆိုင်ရာ ထုတ်ပြန်ချက်တွေ ညွှန်ကြားချက်တွေနဲ့အညီ လုပ်ဖို့လည်း အရေးကြီးပါတယ်၊ ပရဟိတလုပ်သူတွေအများစုဟာ ပိုက်ဆံချမ်းသာလို့ လုပ်ကြတာမဟုတ်ဘူး၊ ကိုယ့်နိုင်သလောက် အင်အားလေးတွေ၊ စာနာမှုစိတ်ကလေးတွေနဲ့ စုပေါင်းပြီးတော့ လုပ်နေကြရတာဖြစ်ပါတယ်၊ အခု ကိုဗစ်-၁၉ မြို့နယ်အဆင့် ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးတွေမှာလည်း ကိုယ့်နိုင်သလောက် တာဝန်တွေယူပြီးတော့ ပါဝင်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်” လို့ ကြည့်မြင်တိုင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ကိုခိုင်မြတ် က ဆိုပါတယ်။

အကူအညီပေးမှုတွေကို တာဝန်ယူကာလုပ်ဆောင်ရတဲ့ နေရာတစ်ခုမှာ စေတနာနဲ့လုပ်ကိုင်နေကြတဲ့ အဖွဲ့အစည်းပေါင်းစုံ ရှိကြနေတာကြောင့်လည်း ပူးပေါင်းဆောင်ရွက်မှုတွေနဲ့အတူ စည်းမျဉ်းစည်းကမ်း ကျင့်ဝတ်တွေနဲ့ညီအောင် နေထိုင်လုပ်ကိုင်ကြရတာတွေ ရှိပါတယ်။

ပူးပေါင်းမှုကောင်းမှ ရလာဒ်ကောင်းများနိုင်

မြန်မာလူမျိုးတွေဟာ အရေးကြုံတိုင်း ကူညီဆောင်ရွက်ဖို့ လက်နှေးသူတွေမဟုတ်ကြသလို ဒုက္ခရောက်သူတွေကို အကူအညီပေးလေ့ရှိတဲ့ ဓလေ့ထုံးတမ်းစဉ်လာအရ မိမိတတ်အားသရွေ့ ငွေအားလူအင်အားဖြင့် ကူညီတတ်ကြပါတယ်။အဲ့ဒီလိုကူညီတတ်တဲ့ လုပ်ဆောင်မှုကြောင့်လည်း ကမ္ဘာပေါ်မှာ အရက်ရောဆုံး ဒါနစိတ်အကောင်းဆုံးအဖြစ် မှတ်တမ်းတင်ရလောက်တဲ့အထိ ဖြစ်စေခဲ့ပါတယ်။

သို့ရာတွင် ကူညီသူတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ဖို့က အရေးကြီးပြီး အဲ့ဒီလိုပူးပေါင်းလုပ်ဆောင်တဲ့အခါ လိုအပ်တဲ့နေရာကို လိုအပ်တဲ့ပစ္စည်းတွေ ထိထိရောက်ရောက်နဲ့ အကူအညီပေးနိုင်မယ်လို့ ပရဟိတအဖွဲ့အစည်းတွေက သုံးသပ်ထားကြပါတယ်။

“တကယ်တော့ စနစ်တကျနဲ့ စုစုစည်းစည်းလုပ်ကြတာဟာ အင်မတန်မှကောင်းပါတယ်၊ ဥပမာ ၂၀၀၈ နာဂစ်အပြီးမှာ ကူညီကယ်ဆယ်ရေးလုပ်ကြတဲ့အခါ အစပိုင်းမှာက ပူးပေါင်းဆောင်ရွက်မှုနည်းကြတော့ ဒီတစ်ဖွဲ့ကလည်း ဆန်လှူ၊ နောက်တစ်ဖွဲ့ကလည်း ဒီလိုပဲဆန်လာလှူရင်း တကယ်လိုတဲ့နေရာမှာက လိုအပ်တာမရဖြစ်ပြီး တစ်ချို့နေရာတွေမှာကျတော့ ပုံနေပြန်ရော၊ အဲ့ဒီလိုလည်း မဖြစ်ဖို့လိုပါတယ်၊ အရင်အတွေ့အကြုံတွေ အခြေခံပြီးလုပ်ကိုင်ရမယ်၊ ကျွန်တော်တို့အနေနဲ့ကတော့ အရင်လိုလည်း လုပ်အားမျိုးမလုပ်နိုင်ကြတော့တဲ့အတွက် သူငယ်ချင်းတွေ လစဉ်စုဆောင်းထားမှုတွေနဲ့ ငွေကြေးပဲလှူဖြစ်တယ်၊ ငွေကြေးအနေနဲ့ကတော့ လိုတာပြန်ဖြည့်တင်းလို့ရအောင် ရည်ရွယ်တာပါ” လို့ ကြက်ခြေနီစေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ ကိုညီညီထွန်း က ပြောပါတယ်။

ထိုသို့ကြက်ခြေနီအဖွဲ့အစည်းကလည်း ကြက်ခြေနီရဲ့ မူဝါဒတွေနဲ့ လုပ်ကိုင်နေတာတွေရှိသလို အရန်မီးသတ်တပ်ဖွဲ့ အနေနဲ့ လုပ်ကိုင်နေတဲ့ စေတနာ့ဝန်ထမ်းတွေကလည်း သက်ဆိုင်ရာမီးသတ်ဌာနရဲ့ မူဝါဒတွေနဲ့ လုပ်ဆောင်တာတွေ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့တွေကလည်း အစိုးရချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်နေကြတာတွေရှိလာကာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်နေကြပါတယ်။

ဒါ့အပြင် အခုဆိုရင် ပြည်တွင်းမှာ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကို ဖွဲ့စည်းကာ ကွန်ရက်သဖွယ် ချိတ်ဆက်ထားတာတွေလည်းရှိသလို ရန်ကုန်မှာလည်း ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးက မြို့နယ်အသီးသီးမှာရှိတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်လုပ်ဆောင်ကြတာတွေလည်းရှိပါတယ်။

“အစ်ကိုတို့ YRO အနေနဲ့တော့ ဖွဲ့ထားတာ နှစ်နှစ်လောက်ရှိပါပြီ၊ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး အထူးအဖွဲ့ဆိုပြီး ကိုဗစ် ကိစ္စကိုပဲ အဓိကလုပ်ဆောင်ဖို့ အဖွဲ့ကို ဖွဲ့စည်းထားပါတယ်၊ သူက သာမန်ကူညီနေတာတွေနဲ့ မရောထားဘူးဆိုတာက risk အရမ်းများတယ်၊ ကိုယ့်ကြောင့် မလိုလားအပ်ဘဲ ရောဂါကူးစက်ခံရတာမျိုးလည်းမဖြစ်အောင် လုပ်ဆောင်ကြတာဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး က ရှင်းပြပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ လူမှုကယ်ဆယ်ရေးအဖွဲ့ပေါင်း ၂၀၀ ကျော်ရှိပြီး စေတနာ့ဝန်ထမ်း ၈၀၀၀ လောက်ရှိနေပြီး ရန်ကုန်တစ်ခုတည်းအနေဖြင့် အဖွဲ့ ၁၃၀ ကျော် စေတနာ့ဝန်ထမ်း ၃၀၀၀ ကျော်ရှိနေကြောင်း၊ ကိုဗစ်-၁၉ ကိစ္စ ဆောင်ရွက်ဖို့ သီးသန့်ပြင်ဆင်ထားတဲ့ ယာဉ် ၁၅ စီး၊ ရောဂါကြောင့် သေဆုံးသူများကိုသယ်ယူဖို့ ပြင်ဆင်ထားတဲ့ Body တင်ယာဉ်ခုနစ်စီး ပြင်ဆင်ထားတယ်လို့ ဦးထွန်းထွန်းဦး က ဆက်လက်ပြောကြားပါတယ်။

လက်ရှိမှာ Quarantine ဝင်ဖို့ လိုအပ်တဲ့သူတွေကို သက်ဆိုင်ရာ Quarantine စင်တာတွေဆီ ပို့ဆောင်ပေးတာတွေနဲ့ လုပ်ဆောင်နေပြီး ပိုးသတ်ဆေးဖြန်းတာတွေကိုလည်း အခါအားလျော်စွာ လုပ်ဆောင်နေကြပါတယ်။

အလေးထားသင့်သော ရောဂါကာကွယ်ရေး

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့ လူနာပေါင်း ဧပြီ ၂၈ ရက် မနက်အထိ ၁၄၆ ဦး ရှိခဲ့သလို လူနာအများဆုံးတွေ့ရှိခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ Home Stay အဖြစ် ကျင့်သုံးနေထိုင်ဖို့တွေ၊ အများဆုံးဖြစ်ပွားရာ မြို့နယ် ၁၀ မြို့နယ်မှာ Semi Lockdown အဖြစ် ချမှတ်လုပ်ဆောင်နေတာကြောင့် အကူအညီပေးရတဲ့ ပရဟိတလုပ်ငန်းတွေဟာ အများပြည်သူတွေအဖို့ ပိုမိုပြီးလိုအပ်တဲ့အခြေအနေမျိုး ဖြစ်လာပါတယ်။အဆိုပါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အများပြည်သူတွေအနေနဲ့ အပြင်ထွက်ဝယ်စရာမလိုဘဲ ဖုန်းဆက်မှာယူရုံဖြင့် အခြေခံစားသောက်ကုန်တွေကို အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ရောင်းချတဲ့ စနစ်မျိုးနဲ့ We Love Yangon အဖွဲ့က အကောင်အထည်ဖော်ကာ လုပ်ဆောင်နေသလို နွမ်းပါးသူတွေကိုလည်း လှူဒါန်းတာတွေနဲ့ လုပ်ဆောင်နေတယ်လို့ We Love Yangon အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ကိုစန်းမောင်မောင် က ပြောပါတယ်။

ရန်ကုန်မြို့က Volunteer လူငယ်တွေရဲ့ အကူအညီနဲ့ အခြေခံစားသောက်ကုန်တွေကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမှုကို လုပ်ဆောင်နေပြီး ၁၆၀၀၀ ကျပ်တန် Package A အမျိုးအစား၊ ၁၂၀၀၀ ကျပ်တန် Package B အမျိုးအစား၊ ၁၀၀၀၀ ကျပ်တန် Package C အမျိုးအစား အစရှိတဲ့ အမျိုးအစားတွေအလိုက် အထုပ်ငယ်တွေထုပ်ပိုးတာကိုလည်း လုပ်ဆောင်နေကြောင်း၊ အမြတ်အစွန်းကို ရည်ရွယ်တာမျိုးမဟုတ်ဘဲ အိမ်ထဲမှာနေစေချင်တဲ့အတွက် အိမ်တိုင်ရာရောက် ပို့ဆောင်ကာ ကူညီရောင်းချနေတာဖြစ်ပါတယ်။

“ကျွန်တော်တို့က သက်ကြီးရွယ်အိုတွေမှ မဟုတ်ဘူး၊ ဘယ်သူမဆို ဖုန်းဆက်ပြီးမှာလို့ရတယ်၊ တတ်နိုင်သမျှ လမ်းပေါ်မထွက်ဘဲနဲ့ အိမ်ထဲမှာပဲနေတဲ့အခါ အဆင်ပြေအောင်လို့ သူတို့ရဲ့ကိုယ်စား စျေးဝယ်ပေးသလိုမျိုးနဲ့ ရောင်းချပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတာဖြစ်ပါတယ်၊ အကျိုးအမြတ်အနေနဲ့ ရောင်းတာမဟုတ်ဘူး၊ တစ်ချို့ကိုတော့ ငွေကြေးမယူဘဲနဲ့ လှူပေးရတာမျိုးလည်းရှိပါတယ်” လို့ ကိုစန်းမောင်မောင် က ရှင်းပြပါတယ်။

Package အမျိုးအစားတွေအလိုက် Package A ကုန်ပစ္စည်းတွေမှာ ဧည့်မထဆန် ခြောက်ပြည်၊ နေကြာဆီ (၅၀ သား) တစ်ဘူး၊ ကြက်သွန်နီတစ်ပိသာ၊ ကြက်ဥ (၁၀) လုံး၊ ငါးသေတ္တာငါးဘူး၊ ငရုတ်သီးမှုန့် (သို့မဟုတ်) အလားတူပစ္စည်းတစ်မျိုး၊ ကော်ဖီနှင့် ကွေကာ (၅ ထုပ်တွဲစီ)၊ ခေါက်ဆွဲခြောက် ငါးထုပ်တို့ လည်းကောင်း၊ Package B ကုန်ပစ္စည်းတွေမှာ ဧည့်မထဆန် ခြောက်ပြည်၊ နေကြာဆီ (၅၀ သား) တစ်ဘူး၊ ကြက်သွန်နီတစ်ပိသာ၊ ကြက်ဥ (၁၀) လုံး၊ ငါးသေတ္တာငါးဘူး၊ ငရုတ်သီးမှုန့် (သို့မဟုတ်) အလားတူပစ္စည်းတစ်မျိုး၊ ကော်ဖီနှင့် ကွေကာတို့ကို လည်းကောင်း၊ Package C ကုန်ပစ္စည်းတွေမှာ ဧည့်မထဆန် ခြောက်ပြည်၊ နေကြာဆီ (၅၀ သား) တစ်ဘူး၊ ကြက်သွန်နီတစ်ပိသာ၊ ငရုတ်သီးမှုန့် (သို့မဟုတ်) အလားတူပစ္စည်းတစ်မျိုး အစရှိတဲ့ ကုန်ပစ္စည်းတွေ ပါဝင်တာကြောင့် အပြင်မှာဝယ်ရတဲ့ ငွေကြေးတန်ဖိုးနဲ့ တွက်ကြည့်ပါက အများကြီးကိုလျော့ပါးသက်သာစေတဲ့ အခြေနေမျိုး တွေ့ရတာဖြစ်ပါတယ်။

အစပိုင်းမှာတော့ Volunteer တွေ နည်းနေပြီး Volunteer တွေကို ဖိတ်ခေါ်တာလည်း လုပ်ဆောင်နေသလို တစ်ပတ် တစ်ရက်လောက်ဖြစ်ဖြစ် လာအကူအညီပေးဖို့ ဖိတ်ခေါ်ရင်း လုပ်ဆောင်နေကြပါတယ်။ဒါ့အပြင် မြို့နယ်အလိုက်အနေနဲ့လည်း မြို့နယ်အများစုမှာ We Love အဖွဲ့တွေကို ဖွဲ့စည်းကာ ငွေကြေးစုပေါင်း၍ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်များ ဝယ်ယူပြီး နွမ်းပါးချို့တဲ့သူတွေကို ပြန်လည်ပေးဝေနေတာတွေကိုလည်း လုပ်ဆောင်နေကြပါတယ်။

“ပြည်သူတွေ စျေးလာမဝယ်အောင်လို့ ဖုန်းဆက်မှာတာနဲ့ အိမ်အရောက်ပို့ဆောင်တာကို လုပ်ဆောင်တာပါ၊ အဲ့ဒီလိုပို့ဆောင်ပေးရလို့လည်း ပို့ခမတောင်းခံပါဘူး၊ ဒါကလည်း မြို့နယ်အစီအစဉ်နဲ့ တိုင်ပင်ပြီးတော့ လုပ်ဆောင်ကြတာဖြစ်ပါတယ်” လို့ အင်းစိန်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

တစ်ရွာတစ်ပုဒ်ဆန်းလာသော အကြင်နာလွန်ကဲမှုများ

ရန်ကုန်မြို့မှာ ကိုဗစ်-၁၉ ကြောင့် မြို့နယ် ၁၀ မြို့နယ်မှာ Semi Lockdown ချထားတာနဲ့ပတ်သက်ပြီး တစ်ချို့သောရပ်ကွက်တွေမှာ အပြင်ထွက်ခွင့်ကတ် ပြုလုပ်တာတွေ၊ လမ်းထဲကို ပြင်ပမှလူတွေကားတွေ အဝင်မခံဘဲ အခိုင်အမာပိတ်ဆို့တာတွေကို လုပ်ဆောင်နေပြီး တစ်နေရာနဲ့ တစ်နေရာ ကန့်သတ်ပုံချင်းမတူတဲ့ အခြေအနေတွေကို မြင်တွေ့ လာရပါတယ်။

“အစ်မတို့ဘက်မှာတော့ တစ်အိမ်ကို တစ်ယောက်ပဲ အစားအစာဝယ်စရာရှိရင် အပြင်ထွက်ရမယ်ဆိုပြီး အပြင်ထွက်ခွင့်ကတ် လာပေးတယ်၊ ကုမ္ပဏီသမားတွေ၊ ရုံးသမားတွေတော့ အလုပ်သွားလို့ရတယ်လို့ပြောတယ်၊ သူများရပ်ကွက်တွေမှာတော့ ဘယ်လိုလုပ်သလဲတော့မသိဘူး” လို့ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၄ ရပ်ကွက်မှာနေထိုင်တဲ့ ဒေါ်ဆွေဆွေဝင်း က ပြောပါတယ်။

အဲ့ဒီလိုပိတ်ထားတဲ့နေရာမှာ စောင့်ကြပ်ဖို့အတွက် လမ်းအတွင်းနေထိုင်သူတွေမှ တစ်အိမ်လျှင် တစ်ယောက်နှုန်း အလှည့်ကျတာဝန်ယူရတာတွေနဲ့ လုပ်ဆောင်တာတွေရှိပြီး ယင်းတားမြစ်ကန့်သတ်မှုတွေအပေါ် ဝေဖန်မှုများစွာလည်း ရှိလာခဲ့ပါတယ်။ Police Line နဲ့ပိတ်ပြီး Lockdown ချကာ ကန့်သတ်မှုကို Positive လူနာနေထိုင်ခဲ့ရာ နေအိမ်မှာ ပြုလုပ်တာတွေရှိပေမယ့် ရန်ကုန်မြို့၊ အလုံမြို့နယ်ထဲက ဆင်ရေကန်လမ်းထဲမှာ Quarantine ဝင်ရတဲ့တိုက်တည်ရှိရာ ဆင်ရေကန်လမ်းမပေါ်က ကွင်းချောင်း ၂ လမ်းနဲ့ ၃ လမ်းကြားကို ကန့်သတ်ပြီး Lockdown ချထားတာကြောင့် အတွင်းမှာ အခြားသောအထပ်မြင့်တိုက်တွေလည်း ပိတ်မိကာ ဝေဖန်စရာတွေ ဖြစ်လာခဲ့ပါတယ်။

“Quarantine ကို Lockdown ချရသလားဆိုတာ အစ်မလည်းမသိသေးဘူး၊ မေးကြည့်ပါဦးမယ်၊ မြို့နယ်အဆင့် ရောဂါကာကွယ်တားဆီးရေးကော်မတီကနေ ဆောင်ရွက်တာဖြစ်ပါတယ်” လို့ အလုံမဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်း က ဆိုပါတယ်။

ဒါ့အပြင် မြို့လယ်ဧရိယာ ပန်းဘဲတန်းမြို့နယ်ထဲက လမ်းတစ်ချို့မှာလည်း လမ်းအတွင်းထုံးဖြူးတာတွေရှိနေပြီး ပိုးသတ်ဆေးဖြန်းတာကိုသာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားပေမယ့် ထုံးဖြူးတာကိုတော့ လမ်းညွှန်ထားတာမျိုးမရှိသေးဘူးလို့ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) မှ ဆရာဝန်ကြီးတစ်ဦးဖြစ်သူ ပါမောက္ခ ဒေါက်တာကျော်လင်း က သုံးသပ်ထားပါတယ်။

အခုလိုကန့်သတ်လုပ်ဆောင်တာတွေဟာ တစ်ရွာတစ်ပုဒ်ဆန်းပုံစံမျိုး ဖြစ်နေပေမယ့် အဓိကအရင်းအမြစ်ဖြစ်တဲ့ အများပြည်သူအကျိုးကို ရည်ရွယ်လုပ်ဆောင်သော အခြေအနေမျိုးဖြစ်တာကြောင့် နားလည်မှုလွဲတဲ့ စေတနာလွန်ကဲမှုမျိုးသာဖြစ်တယ်လို့ ပရဟိတအသင်းအဖွဲ့ ဦးဆောင်သူတွေက ဆိုကြပါတယ်။

“ကျွန်တော်တို့ဘက်မှာဆိုရင် ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးရေးဂိတ်တွေလုပ်ပြီး စစ်ဆေးနေတာမျိုးတွေရှိပါတယ်၊ သူ့ရည်ရွယ်ချက်က ရောဂါပိုးကူးစက်ပျံ့ပွားမှုမဖြစ်အောင် လုပ်ဆောင်ထားမျိုးဖြစ်တာကြောင့် ဒါဟာစေတနာနဲ့ လုပ်ဆောင်တာမျိုးတော့ မြင်ပါတယ်၊ Mask တပ်ပြီးမှသွားမယ်၊ လက်ကိုစနစ်တကျဆေးကြောမယ် ကိုယ်အပူချိန်တိုင်းမယ်၊ ဒီလိုကြပ်မတ်တာတွေက စေတနာနဲ့လုပ်ဆောင်နေတာ ဖြစ်ပါတယ်” လို့ စိတ္တသုခလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

ဒါ့အပြင် အခုရက်ပိုင်း Quarantine ဝင်သူတွေကို လာခေါ်ဆောင်တဲ့အခါ တရားခံသဖွယ် ဓာတ်ပုံရိုက်တာကြောင့် ပုဂ္ဂလိကလွတ်လပ်ခွင့်ထိပါးတဲ့ အခြေနေမျိုးဖြစ်တယ်ဆိုတဲ့ ဖော်ပြမှုတွေဟာ လူမှုကွန်ရက်မှာ အခုရက်ပိုင်းပျံ့နှံ့လာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ရောဂါပိုးရှိသောသူများနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ Contact Person တွေကို ခေါ်ဆောင်တဲ့အခါ ရပ်ကွက်အတွင်း အထိတ်တလန့်မဖြစ်စေဘဲ လုပ်ဆောင်ဖို့ ဧပြီ ၂၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

အမှန်အားဖြင့် ထိုဓာတ်ပုံများရိုက်ကူးတာဟာ ပရဟိတအဖွဲ့တွေကို အလှူငွေပေးအပ်တာကို ရိုက်နေတာမျိုးဖြစ်ပြီး လူမှုကွန်ရက်တွင် တင်ထားတဲ့ပုံဟာ အလှူငွေပေးသူနဲ့ လက်ခံသူကိုမမြင်ရတဲ့ အဝေးတစ်နေရာကနေရိုက်ကာ တင်လိုက်တာမျိုးဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လူမှုကယ်ဆယ်ရေးအဖွဲ့က ပြန်လည်ရှင်းလင်းထားပါတယ်။

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဖွဲ့စည်း

အခုဆိုရင် ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်တဲ့ အရေးပေါ်တုံ့ပြန်ရေးမှာ အစိုးရရဲ့ မူဝါဒနဲ့အညီ ဆောင်ရွက်နိုင်ဖို့ အချိန်၊ လုပ်အား၊ ကျွမ်းကျင်မှု၊ အကြံဉာဏ် စတာတွေကို အခကြေးငွေမယူဘဲ လုပ်ဆောင်ကြမယ့် စေတနာ့ဝန်ထမ်း Volunteer များကို စနစ်တကျလေ့ကျင့်ပါဝင်စေရန် ရည်ရွယ်၍ “အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့” ကို နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာအမှတ် ၆၂/၂၀၂၀ ဖြင့် ဧပြီ ၂၅ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။

အဲ့ဒီအဖွဲ့မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်က တွဲဖက်အတွင်းရေးမှူး (၁)၊ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ တာဝန်ပေးခြင်းခံရသူတစ်ဦးက တွဲဖက်အတွင်းရေးမှူး (၂)၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ ဝန်ကြီးချုပ်တွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမြဲတမ်းအတွင်းဝန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် အစရှိတဲ့သူတွေက အဖွဲ့ဝင်အဖြစ်နဲ့ ပါဝင်ဆောင်ရွက်ကြမှာဖြစ်ပါတယ်။

အခုဆိုရင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ဟာ မြို့နယ်အလိုက် Quarantine စင်တာမှာ ဆောင်ရွက်နေတဲ့ စေတနာ့ဝန်ထမ်းတွေ၊ ပါဝင်ဆောင်ရွက်ဖို့ ဆန္ဒပြုထားတဲ့ Volunteer စာရင်းတွေကို ကောက်ယူနေတာကြောင့် အောက်ခြေမှာ လက်ရှိစေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေသူတွေ၊ လုပ်ကိုင်ဆောင်ရွက်ချင်တဲ့သူတွေကို စာရင်းကောက်ယူတာတွေကိုလည်း လုပ်ဆောင်နေကြပါတယ်။

ဒါ့အပြင် Volunteer များက ကူညီရေးတာဝန်ထမ်းဆောင်ရာတွင် သွားလာသယ်ယူပို့ဆောင်ရေးအတွက် ယာဉ်၊ စက်သုံးဆီပံ့ပိုးကူညီမှုများ၊ မြို့နယ်အလိုက် ရုံးခန်းနေရာများနဲ့ လုပ်ငန်းတာဝန်ပြီးဆုံးပါက Quarantine စင်တာတွေမှာ အနားယူဖို့စာရင်းများ၊ ဘဏ္ဍာငွေသုံးစွဲမှုများ၊ သင်တန်းဖွင့်လှစ်သင်ကြားမှုများကို လုပ်ဆောင်ဖို့စီစဉ်ထားသလို သတ်မှတ်ကာလအထိ တာဝန်ထမ်းဆောင်မှုပြီးစီးခဲ့တဲ့ Volunteer တွေကို အသိအမှတ်ပြုတံဆိပ်တွေနဲ့ ဂုဏ်ပြုမှတ်တမ်းတွေကို ပေးအပ်ဖို့အထိကို စီစဉ်ထားကြပါတယ်။

အခုလိုလုပ်ဆောင်ချက်တွေဟာ Volunteer လုပ်ငန်းတွေကို စနစ်တကျဖြစ်လာစေပြီး အရည်အသွေးရှိရှိ လုပ်ဆောင်လာနိုင်မှုတွေအပြင် အစိုးရပိုင်းက Volunteer များရဲ့ အင်အားကို အလေးထားကာ ပံ့ပိုးကူညီမှုတစ်ရပ်လည်း ဖြစ်လာခဲ့ပါတယ်။

ဇွဲမာန်
ဧပြီ - ၂၈

( Zawgyi )

ကမာၻတစ္လႊားမွာ ၂၀၁၉ ႏွစ္ကုန္ပိုင္းေလာက္ကတည္းက ေျခာက္လွန႔္လာကာ ေသေပ်ာက္မႈေတြႀကဳံခဲ့တဲ့ ကိုဗစ္-၁၉ ကပ္ေရာဂါဆိုးဟာ ျမန္မာႏိုင္ငံကို ၂၀၂၀ မတ္လစတုတၳပတ္ေလာက္မွာ ကူးစက္ဝင္ေရာက္လာခဲ့ပါတယ္။အဲ့ဒီလိုကူးစက္မႈမတိုင္ခင္ ၂၀၂၀ ႏွစ္ဆန္းေလာက္ကတည္းက ေရာဂါကာကြယ္ေရးစီမံခ်က္ေတြ ေရးဆြဲခဲ့ေပမယ့္ ကူးစက္ဝင္ေရာက္ၿပီး ေနာက္ပိုင္းမွာေတာ့ ေရာဂါကာကြယ္ေရးအတြက္ ေဆးျဖန္းသူေတြ၊ က်န္းမာေရးေစာင့္ေရွာက္မႈေတြအတြက္ အခမဲ့ေဆးခန္းေတြ ေထာက္ပံ့ကူညီလႉဒါန္းမႈေတြအပါအဝင္ ပရဟိတကူညီမႈလုပ္ငန္းေတြဟာ တြင္က်ယ္စြာေပၚထြက္လာခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ေဒသအလိုက္ လူမႈအက်ိဳးျပဳလုပ္ငန္းေတြကို လုပ္ကိုင္ေနၾကတဲ့ ပရဟိတအဖြဲ႕အစည္းေတြမ်ားစြာရွိၿပီး တရားဝင္မွတ္ပုံတင္ထားတဲ့ အဖြဲ႕အစည္းေတြရွိသလို မွတ္ပုံတင္ထားတာမ်ိဳးမလုပ္ဘဲ အလ်ဥ္းသင့္ရင္သင့္သလို ကူညီေနသူေတြလည္း အမ်ားအျပားရွိပါတယ္။

“ၿမိဳ႕နယ္တစ္ခုမွာတင္ပဲ ပရဟိတအဖြဲ႕ေတြက အမ်ားႀကီးရွိတယ္၊ ရပ္ကြက္ေတြအလိုက္လည္း ေတာ္ေတာ္မ်ားမ်ားမွာရွိတယ္၊ တကယ္ေတာ့ ေစတနာ့ဝန္ထမ္းအလုပ္ဟာ လူတိုင္းလည္းလုပ္လို႔ရတယ္၊ သို႔ေပမဲ့ ႏွလုံးသားမပါဘဲေတာ့ လုပ္လို႔မရဘူး၊ စာနာစိတ္နဲ႔ကူညီၾကတဲ့အခါ တစ္ခုရွိတာက မိမိကိုယ္ကို အႏၲရာယ္မျဖစ္ဖို႔လည္းလိုတယ္၊ ကိုဗစ္-၁၉ ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ တုန႔္ျပန္ေရးမွာ ပါဝင္ေဆာင္႐ြက္ေနၾကတဲ့ ေစတနာ့ဝန္ထမ္းမ်ားအားလုံးဟာ တကယ့္ကိုေလးစားဖို႔လည္းေကာင္းပါတယ္” လို႔ ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္း႐ုံးခ်ဳပ္ရဲ႕ သဘာ၀ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဌာနမွာ အခ်ိန္ျပည့္တာဝန္အေနနဲ႔ ထမ္းေဆာင္ခဲ့ဖူးတဲ့ ဦးေဇာ္ထူးဦး က ဆိုပါတယ္။

ပရဟိတလုပ္ငန္းမ်ားၾကားက လူမႈကယ္ဆယ္ေရးဆိုင္ရာ က်င့္ဝတ္မ်ား

အခုလိုေရာဂါကပ္ဆိုးေဘးေတြအပါအဝင္ သဘာ၀ေဘးအႏၲရာယ္ေတြ၊ လူလုပ္တဲ့ေဘးဒုကၡအေျခအေနေတြ ႀကဳံေတြ႕ လာတဲ့အခါ သက္ဆိုင္ရာအစိုးရဌာနေတြအျပင္ အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္းေတြ ပရဟိတအဖြဲ႕ေတြက ကူညီေဆာင္႐ြက္ေလ့ရွိပါတယ္။အဲ့ဒီလိုေဆာင္႐ြက္တဲ့အခါ ကယ္ဆယ္ေရးသက္သက္သာ လုပ္ေဆာင္ေနတဲ့အဖြဲ႕ေတြရွိသလို ကယ္ဆယ္ေရးအျပင္ တျခားေသာအကူအညီေပးတဲ့ လုပ္ငန္းေတြနဲ႔ တြဲဖက္လုပ္ကိုင္ေနတဲ့ အဖြဲ႕အစည္းေတြလည္းရွိပါတယ္။ထိုအဖြဲ႕အစည္းေတြအေနနဲ႔ မိမိတို႔အဖြဲ႕ရဲ႕ ဦးတည္ခ်က္ေတြ၊ ရည္႐ြယ္ခ်က္ ရည္မွန္းခ်က္ေတြအတိုင္း လုပ္ေဆာင္ၾကၿပီး Code of Conduct လို႔ ေခၚတဲ့ က်င့္ဝတ္စည္းကမ္းေတြကို ေလးစားလိုက္နာဖို႔ လိုအပ္ပါတယ္။

“ကူညီကယ္ဆယ္ေရးလုပ္တဲ့ေနရာမွာ Code of Conduct ကလည္း အေရးႀကီးပါတယ္၊ လြန္ခဲ့တဲ့ ၁၉၉၄ ခုႏွစ္တုန္းက ကမာၻ႔အႀကီးဆုံး ေဘးဒုကၡတုံ႔ျပန္ကယ္ဆယ္ေရးအဖြဲ႕ႀကီးရွစ္ဖြဲ႕ ေတြ႕ဆုံၿပီး အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီနဲ႔ လျခမ္းနီလႈပ္ရွားမႈ အစိုးရမဟုတ္တဲ့ အဖြဲ႕အစည္းေတြ ေတြ႕ဆုံၿပီး ေဘးဒုကၡတုံ႔ျပန္ေရးအစီအစဥ္ေတြ လုပ္တဲ့အခါ က်င့္ဝတ္စည္းကမ္း ၁၀ ခ်က္ကို ေလးစားလိုက္နာဖို႔လည္း သေဘာတူညီခဲ့ၾကပါတယ္၊ အဲ့ဒီအခ်က္ေတြကို ၂၀၁၄ ခုႏွစ္ ဧၿပီ ၁၄ ရက္အထိ ႏိုင္ငံအသီးသီးက ကယ္ဆယ္ေရးနဲ႔ လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီေပးေရး အဖြဲ႕အစည္းေပါင္း ၅၂၄ ဖြဲ႕က သေဘာတူလက္မွတ္ ေရးထိုးထားပါတယ္” လို႔ ဦးေဇာ္ထူးဦး က ဆက္လက္ရွင္းျပပါတယ္။

အဲ့ဒီ ၁၀ ခ်က္ထဲမွာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ကိစၥေတြကို ဦးစားေပးအျဖစ္ သတ္မွတ္ထားသလို လူမ်ိဳးဘာသာခြဲျခားမႈမရွိဘဲ အကူအညီေပးျခင္း၊ ႏိုင္ငံေရး (သို႔မဟုတ္) ဘာသာေရးအျမင္ ခိုင္မာေအာင္ ႀကံစည္လုပ္ေဆာင္မႈမ်ိဳးမျဖစ္ေစျခင္း၊ အစိုးရတစ္ရပ္ရဲ႕ ႏိုင္ငံျခားေရးမူဝါဒ အေကာင္အထည္ေဖာ္သူအျဖစ္ အသုံးခ်ခံရတာမ်ိဳးမျဖစ္ေစျခင္း၊ ေဒသတြင္းစြမ္းေဆာင္ရည္ေပၚ မူတည္ႀကိဳးပမ္းျခင္း၊ အကူအညီေတြစီမံခန႔္ခြဲရာတြင္ အက်ိဳးခံစားခြင့္ရွိသူေတြပါဝင္ရန္ နည္းလမ္းရွာေဖြျခင္း၊ အေျခခံလိုအပ္ခ်က္ကို ျဖည့္ဆည္းမႈသာမက အနာဂတ္ကာလမွာ အခုလိုအေျခအေနဆိုးေတြမွ ေလ်ာ့ပါးေအာင္ႀကိဳတင္စီမံျခင္း၊ ေထာက္ပံ့ကူညီမႈမ်ားကို ပြင့္လင္းျမင္သာစြာ အစီရင္ခံႏိုင္ရမယ့္အျပင္ အလဟသဆုံးရႈံးမႈမ်ိဳးမျဖစ္ေအာင္စီမံျခင္း၊ ကူညီကယ္ဆယ္ခံရသူေတြ၊ ကူညီကယ္ဆယ္တဲ့သူေတြရဲ႕ လုံၿခဳံေရးကို ထိခိုက္မႈမရွိေစေသာ လူထုဆက္သြယ္ျပန္ၾကားေရးေတြ အစရွိတဲ့ အေျခအေနက်င့္ဝတ္စည္းမ်ဥ္းေတြကို လိုက္နာၾကဖို႔လည္း သေဘာတူလက္မွတ္ ေရးထိုးထားၾကပါတယ္။

အဲ့ဒီလိုသေဘာတူညီခ်က္ စည္းမ်ဥ္းေတြနဲ႔လုပ္ေဆာင္ေနတဲ့ ေစတနာအဖြဲ႕အစည္းေတြရွိသလို တစ္ခ်ိဳ႕မွာ သက္ဆိုင္ရာေဒသက အုပ္ခ်ဳပ္သူေတြရဲ႕ လမ္းၫႊန္မႈေတြနဲ႔အတူ လိုအပ္တဲ့ေနရာမွာ လိုသလိုဝင္အကူအညီေပးေနတာေတြလည္း ရွိပါတယ္။

“ဒီလိုကာလမွာက က်င့္ဝတ္ပိုင္းကိုလည္း အေလးထားလုပ္ေဆာင္ရမယ့္ ကာလလည္းျဖစ္သလို ကိုယ့္အတြက္လည္း အႏၲရာယ္မျဖစ္ေအာင္ ေဒသဆိုင္ရာ ထုတ္ျပန္ခ်က္ေတြ ၫႊန္ၾကားခ်က္ေတြနဲ႔အညီ လုပ္ဖို႔လည္း အေရးႀကီးပါတယ္၊ ပရဟိတလုပ္သူေတြအမ်ားစုဟာ ပိုက္ဆံခ်မ္းသာလို႔ လုပ္ၾကတာမဟုတ္ဘူး၊ ကိုယ့္ႏိုင္သေလာက္ အင္အားေလးေတြ၊ စာနာမႈစိတ္ကေလးေတြနဲ႔ စုေပါင္းၿပီးေတာ့ လုပ္ေနၾကရတာျဖစ္ပါတယ္၊ အခု ကိုဗစ္-၁၉ ၿမိဳ႕နယ္အဆင့္ ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတုံ႔ျပန္ေရးေတြမွာလည္း ကိုယ့္ႏိုင္သေလာက္ တာဝန္ေတြယူၿပီးေတာ့ ပါဝင္ေဆာင္႐ြက္ေနၾကတာ ျဖစ္ပါတယ္” လို႔ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ၾကက္ေျခနီတပ္ဖြဲ႕မႉး ကိုခိုင္ျမတ္ က ဆိုပါတယ္။

အကူအညီေပးမႈေတြကို တာဝန္ယူကာလုပ္ေဆာင္ရတဲ့ ေနရာတစ္ခုမွာ ေစတနာနဲ႔လုပ္ကိုင္ေနၾကတဲ့ အဖြဲ႕အစည္းေပါင္းစုံ ရွိၾကေနတာေၾကာင့္လည္း ပူးေပါင္းေဆာင္႐ြက္မႈေတြနဲ႔အတူ စည္းမ်ဥ္းစည္းကမ္း က်င့္ဝတ္ေတြနဲ႔ညီေအာင္ ေနထိုင္လုပ္ကိုင္ၾကရတာေတြ ရွိပါတယ္။

ပူးေပါင္းမႈေကာင္းမွ ရလာဒ္ေကာင္းမ်ားႏိုင္

ျမန္မာလူမ်ိဳးေတြဟာ အေရးႀကဳံတိုင္း ကူညီေဆာင္႐ြက္ဖို႔ လက္ေႏွးသူေတြမဟုတ္ၾကသလို ဒုကၡေရာက္သူေတြကို အကူအညီေပးေလ့ရွိတဲ့ ဓေလ့ထုံးတမ္းစဥ္လာအရ မိမိတတ္အားသေ႐ြ႕ ေငြအားလူအင္အားျဖင့္ ကူညီတတ္ၾကပါတယ္။အဲ့ဒီလိုကူညီတတ္တဲ့ လုပ္ေဆာင္မႈေၾကာင့္လည္း ကမာၻေပၚမွာ အရက္ေရာဆုံး ဒါနစိတ္အေကာင္းဆုံးအျဖစ္ မွတ္တမ္းတင္ရေလာက္တဲ့အထိ ျဖစ္ေစခဲ့ပါတယ္။

သို႔ရာတြင္ ကူညီသူေတြအခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္ႏိုင္ဖို႔က အေရးႀကီးၿပီး အဲ့ဒီလိုပူးေပါင္းလုပ္ေဆာင္တဲ့အခါ လိုအပ္တဲ့ေနရာကို လိုအပ္တဲ့ပစၥည္းေတြ ထိထိေရာက္ေရာက္နဲ႔ အကူအညီေပးႏိုင္မယ္လို႔ ပရဟိတအဖြဲ႕အစည္းေတြက သုံးသပ္ထားၾကပါတယ္။

“တကယ္ေတာ့ စနစ္တက်နဲ႔ စုစုစည္းစည္းလုပ္ၾကတာဟာ အင္မတန္မွေကာင္းပါတယ္၊ ဥပမာ ၂၀၀၈ နာဂစ္အၿပီးမွာ ကူညီကယ္ဆယ္ေရးလုပ္ၾကတဲ့အခါ အစပိုင္းမွာက ပူးေပါင္းေဆာင္႐ြက္မႈနည္းၾကေတာ့ ဒီတစ္ဖြဲ႕ကလည္း ဆန္လႉ၊ ေနာက္တစ္ဖြဲ႕ကလည္း ဒီလိုပဲဆန္လာလႉရင္း တကယ္လိုတဲ့ေနရာမွာက လိုအပ္တာမရျဖစ္ၿပီး တစ္ခ်ိဳ႕ေနရာေတြမွာက်ေတာ့ ပုံေနျပန္ေရာ၊ အဲ့ဒီလိုလည္း မျဖစ္ဖို႔လိုပါတယ္၊ အရင္အေတြ႕အႀကဳံေတြ အေျခခံၿပီးလုပ္ကိုင္ရမယ္၊ ကြၽန္ေတာ္တို႔အေနနဲ႔ကေတာ့ အရင္လိုလည္း လုပ္အားမ်ိဳးမလုပ္ႏိုင္ၾကေတာ့တဲ့အတြက္ သူငယ္ခ်င္းေတြ လစဥ္စုေဆာင္းထားမႈေတြနဲ႔ ေငြေၾကးပဲလႉျဖစ္တယ္၊ ေငြေၾကးအေနနဲ႔ကေတာ့ လိုတာျပန္ျဖည့္တင္းလို႔ရေအာင္ ရည္႐ြယ္တာပါ” လို႔ ၾကက္ေျခနီေစတနာ့ဝန္ထမ္းအျဖစ္ လုပ္ကိုင္ခဲ့ဖူးတဲ့ ကိုညီညီထြန္း က ေျပာပါတယ္။

ထိုသို႔ၾကက္ေျခနီအဖြဲ႕အစည္းကလည္း ၾကက္ေျခနီရဲ႕ မူဝါဒေတြနဲ႔ လုပ္ကိုင္ေနတာေတြရွိသလို အရန္မီးသတ္တပ္ဖြဲ႕ အေနနဲ႔ လုပ္ကိုင္ေနတဲ့ ေစတနာ့ဝန္ထမ္းေတြကလည္း သက္ဆိုင္ရာမီးသတ္ဌာနရဲ႕ မူဝါဒေတြနဲ႔ လုပ္ေဆာင္တာေတြ၊ လူမႈကယ္ဆယ္ေရး အသင္းအဖြဲ႕ေတြကလည္း အစိုးရခ်မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ လုပ္ေဆာင္ေနၾကတာေတြရွိလာကာ ကိုဗစ္-၁၉ ေရာဂါထိန္းခ်ဳပ္ကာကြယ္ေရးလုပ္ငန္းေတြမွာ ပါဝင္လုပ္ေဆာင္ေနၾကပါတယ္။

ဒါ့အျပင္ အခုဆိုရင္ ျပည္တြင္းမွာ လူမႈကယ္ဆယ္ေရးအဖြဲ႕ေတြကို ဖြဲ႕စည္းကာ ကြန္ရက္သဖြယ္ ခ်ိတ္ဆက္ထားတာေတြလည္းရွိသလို ရန္ကုန္မွာလည္း ရန္ကုန္တိုင္းေဒသႀကီးတစ္ခုလုံးက ၿမိဳ႕နယ္အသီးသီးမွာရွိတဲ့ လူမႈကယ္ဆယ္ေရးအဖြဲ႕ေတြနဲ႔ ခ်ိတ္ဆက္လုပ္ေဆာင္ၾကတာေတြလည္းရွိပါတယ္။

“အစ္ကိုတို႔ YRO အေနနဲ႔ေတာ့ ဖြဲ႕ထားတာ ႏွစ္ႏွစ္ေလာက္ရွိပါၿပီ၊ ကိုဗစ္-၁၉ နဲ႔ ပတ္သက္ၿပီး အထူးအဖြဲ႕ဆိုၿပီး ကိုဗစ္ ကိစၥကိုပဲ အဓိကလုပ္ေဆာင္ဖို႔ အဖြဲ႕ကို ဖြဲ႕စည္းထားပါတယ္၊ သူက သာမန္ကူညီေနတာေတြနဲ႔ မေရာထားဘူးဆိုတာက risk အရမ္းမ်ားတယ္၊ ကိုယ့္ေၾကာင့္ မလိုလားအပ္ဘဲ ေရာဂါကူးစက္ခံရတာမ်ိဳးလည္းမျဖစ္ေအာင္ လုပ္ေဆာင္ၾကတာျဖစ္ပါတယ္” လို႔ ရန္ကုန္တိုင္းေဒသႀကီး လူမႈကယ္ဆယ္ေရးအဖြဲ႕ ဥကၠ႒ ဦးထြန္းထြန္းဦး က ရွင္းျပပါတယ္။

ျမန္မာတစ္ႏိုင္ငံလုံးမွာ လူမႈကယ္ဆယ္ေရးအဖြဲ႕ေပါင္း ၂၀၀ ေက်ာ္ရွိၿပီး ေစတနာ့ဝန္ထမ္း ၈၀၀၀ ေလာက္ရွိေနၿပီး ရန္ကုန္တစ္ခုတည္းအေနျဖင့္ အဖြဲ႕ ၁၃၀ ေက်ာ္ ေစတနာ့ဝန္ထမ္း ၃၀၀၀ ေက်ာ္ရွိေနေၾကာင္း၊ ကိုဗစ္-၁၉ ကိစၥ ေဆာင္႐ြက္ဖို႔ သီးသန႔္ျပင္ဆင္ထားတဲ့ ယာဥ္ ၁၅ စီး၊ ေရာဂါေၾကာင့္ ေသဆုံးသူမ်ားကိုသယ္ယူဖို႔ ျပင္ဆင္ထားတဲ့ Body တင္ယာဥ္ခုနစ္စီး ျပင္ဆင္ထားတယ္လို႔ ဦးထြန္းထြန္းဦး က ဆက္လက္ေျပာၾကားပါတယ္။

လက္ရွိမွာ Quarantine ဝင္ဖို႔ လိုအပ္တဲ့သူေတြကို သက္ဆိုင္ရာ Quarantine စင္တာေတြဆီ ပို႔ေဆာင္ေပးတာေတြနဲ႔ လုပ္ေဆာင္ေနၿပီး ပိုးသတ္ေဆးျဖန္းတာေတြကိုလည္း အခါအားေလ်ာ္စြာ လုပ္ေဆာင္ေနၾကပါတယ္။

အေလးထားသင့္ေသာ ေရာဂါကာကြယ္ေရး

ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိတဲ့ လူနာေပါင္း ဧၿပီ ၂၈ ရက္ မနက္အထိ ၁၄၆ ဦး ရွိခဲ့သလို လူနာအမ်ားဆုံးေတြ႕ရွိခဲ့တဲ့ ရန္ကုန္တိုင္းေဒသႀကီးမွာ Home Stay အျဖစ္ က်င့္သုံးေနထိုင္ဖို႔ေတြ၊ အမ်ားဆုံးျဖစ္ပြားရာ ၿမိဳ႕နယ္ ၁၀ ၿမိဳ႕နယ္မွာ Semi Lockdown အျဖစ္ ခ်မွတ္လုပ္ေဆာင္ေနတာေၾကာင့္ အကူအညီေပးရတဲ့ ပရဟိတလုပ္ငန္းေတြဟာ အမ်ားျပည္သူေတြအဖို႔ ပိုမိုၿပီးလိုအပ္တဲ့အေျခအေနမ်ိဳး ျဖစ္လာပါတယ္။အဆိုပါ ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ အမ်ားျပည္သူေတြအေနနဲ႔ အျပင္ထြက္ဝယ္စရာမလိုဘဲ ဖုန္းဆက္မွာယူ႐ုံျဖင့္ အေျခခံစားေသာက္ကုန္ေတြကို အိမ္တိုင္ရာေရာက္ လိုက္လံပို႔ေဆာင္ေရာင္းခ်တဲ့ စနစ္မ်ိဳးနဲ႔ We Love Yangon အဖြဲ႕က အေကာင္အထည္ေဖာ္ကာ လုပ္ေဆာင္ေနသလို ႏြမ္းပါးသူေတြကိုလည္း လႉဒါန္းတာေတြနဲ႔ လုပ္ေဆာင္ေနတယ္လို႔ We Love Yangon အဖြဲ႕ရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးျဖစ္တဲ့ ကိုစန္းေမာင္ေမာင္ က ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕က Volunteer လူငယ္ေတြရဲ႕ အကူအညီနဲ႔ အေျခခံစားေသာက္ကုန္ေတြကို အိမ္တိုင္ရာေရာက္ ပို႔ေဆာင္ေပးမႈကို လုပ္ေဆာင္ေနၿပီး ၁၆၀၀၀ က်ပ္တန္ Package A အမ်ိဳးအစား၊ ၁၂၀၀၀ က်ပ္တန္ Package B အမ်ိဳးအစား၊ ၁၀၀၀၀ က်ပ္တန္ Package C အမ်ိဳးအစား အစရွိတဲ့ အမ်ိဳးအစားေတြအလိုက္ အထုပ္ငယ္ေတြထုပ္ပိုးတာကိုလည္း လုပ္ေဆာင္ေနေၾကာင္း၊ အျမတ္အစြန္းကို ရည္႐ြယ္တာမ်ိဳးမဟုတ္ဘဲ အိမ္ထဲမွာေနေစခ်င္တဲ့အတြက္ အိမ္တိုင္ရာေရာက္ ပို႔ေဆာင္ကာ ကူညီေရာင္းခ်ေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔က သက္ႀကီး႐ြယ္အိုေတြမွ မဟုတ္ဘူး၊ ဘယ္သူမဆို ဖုန္းဆက္ၿပီးမွာလို႔ရတယ္၊ တတ္ႏိုင္သမွ် လမ္းေပၚမထြက္ဘဲနဲ႔ အိမ္ထဲမွာပဲေနတဲ့အခါ အဆင္ေျပေအာင္လို႔ သူတို႔ရဲ႕ကိုယ္စား ေစ်းဝယ္ေပးသလိုမ်ိဳးနဲ႔ ေရာင္းခ်ၿပီး အိမ္တိုင္ရာေရာက္ ပို႔ေဆာင္ေပးတာျဖစ္ပါတယ္၊ အက်ိဳးအျမတ္အေနနဲ႔ ေရာင္းတာမဟုတ္ဘူး၊ တစ္ခ်ိဳ႕ကိုေတာ့ ေငြေၾကးမယူဘဲနဲ႔ လႉေပးရတာမ်ိဳးလည္းရွိပါတယ္” လို႔ ကိုစန္းေမာင္ေမာင္ က ရွင္းျပပါတယ္။

Package အမ်ိဳးအစားေတြအလိုက္ Package A ကုန္ပစၥည္းေတြမွာ ဧည့္မထဆန္ ေျခာက္ျပည္၊ ေနၾကာဆီ (၅၀ သား) တစ္ဘူး၊ ၾကက္သြန္နီတစ္ပိသာ၊ ၾကက္ဥ (၁၀) လုံး၊ ငါးေသတၱာငါးဘူး၊ င႐ုတ္သီးမႈန္႔ (သို႔မဟုတ္) အလားတူပစၥည္းတစ္မ်ိဳး၊ ေကာ္ဖီႏွင့္ ေကြကာ (၅ ထုပ္တြဲစီ)၊ ေခါက္ဆြဲေျခာက္ ငါးထုပ္တို႔ လည္းေကာင္း၊ Package B ကုန္ပစၥည္းေတြမွာ ဧည့္မထဆန္ ေျခာက္ျပည္၊ ေနၾကာဆီ (၅၀ သား) တစ္ဘူး၊ ၾကက္သြန္နီတစ္ပိသာ၊ ၾကက္ဥ (၁၀) လုံး၊ ငါးေသတၱာငါးဘူး၊ င႐ုတ္သီးမႈန္႔ (သို႔မဟုတ္) အလားတူပစၥည္းတစ္မ်ိဳး၊ ေကာ္ဖီႏွင့္ ေကြကာတို႔ကို လည္းေကာင္း၊ Package C ကုန္ပစၥည္းေတြမွာ ဧည့္မထဆန္ ေျခာက္ျပည္၊ ေနၾကာဆီ (၅၀ သား) တစ္ဘူး၊ ၾကက္သြန္နီတစ္ပိသာ၊ င႐ုတ္သီးမႈန္႔ (သို႔မဟုတ္) အလားတူပစၥည္းတစ္မ်ိဳး အစရွိတဲ့ ကုန္ပစၥည္းေတြ ပါဝင္တာေၾကာင့္ အျပင္မွာဝယ္ရတဲ့ ေငြေၾကးတန္ဖိုးနဲ႔ တြက္ၾကည့္ပါက အမ်ားႀကီးကိုေလ်ာ့ပါးသက္သာေစတဲ့ အေျခေနမ်ိဳး ေတြ႕ရတာျဖစ္ပါတယ္။

အစပိုင္းမွာေတာ့ Volunteer ေတြ နည္းေနၿပီး Volunteer ေတြကို ဖိတ္ေခၚတာလည္း လုပ္ေဆာင္ေနသလို တစ္ပတ္ တစ္ရက္ေလာက္ျဖစ္ျဖစ္ လာအကူအညီေပးဖို႔ ဖိတ္ေခၚရင္း လုပ္ေဆာင္ေနၾကပါတယ္။ဒါ့အျပင္ ၿမိဳ႕နယ္အလိုက္အေနနဲ႔လည္း ၿမိဳ႕နယ္အမ်ားစုမွာ We Love အဖြဲ႕ေတြကို ဖြဲ႕စည္းကာ ေငြေၾကးစုေပါင္း၍ ဆန္၊ ဆီ၊ င႐ုတ္၊ ၾကက္သြန္မ်ား ဝယ္ယူၿပီး ႏြမ္းပါးခ်ိဳ႕တဲ့သူေတြကို ျပန္လည္ေပးေဝေနတာေတြကိုလည္း လုပ္ေဆာင္ေနၾကပါတယ္။

“ျပည္သူေတြ ေစ်းလာမဝယ္ေအာင္လို႔ ဖုန္းဆက္မွာတာနဲ႔ အိမ္အေရာက္ပို႔ေဆာင္တာကို လုပ္ေဆာင္တာပါ၊ အဲ့ဒီလိုပို႔ေဆာင္ေပးရလို႔လည္း ပို႔ခမေတာင္းခံပါဘူး၊ ဒါကလည္း ၿမိဳ႕နယ္အစီအစဥ္နဲ႔ တိုင္ပင္ၿပီးေတာ့ လုပ္ေဆာင္ၾကတာျဖစ္ပါတယ္” လို႔ အင္းစိန္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီမွ တာဝန္ရွိသူတစ္ဦးက ရွင္းျပပါတယ္။

တစ္႐ြာတစ္ပုဒ္ဆန္းလာေသာ အၾကင္နာလြန္ကဲမႈမ်ား

ရန္ကုန္ၿမိဳ႕မွာ ကိုဗစ္-၁၉ ေၾကာင့္ ၿမိဳ႕နယ္ ၁၀ ၿမိဳ႕နယ္မွာ Semi Lockdown ခ်ထားတာနဲ႔ပတ္သက္ၿပီး တစ္ခ်ိဳ႕ေသာရပ္ကြက္ေတြမွာ အျပင္ထြက္ခြင့္ကတ္ ျပဳလုပ္တာေတြ၊ လမ္းထဲကို ျပင္ပမွလူေတြကားေတြ အဝင္မခံဘဲ အခိုင္အမာပိတ္ဆို႔တာေတြကို လုပ္ေဆာင္ေနၿပီး တစ္ေနရာနဲ႔ တစ္ေနရာ ကန႔္သတ္ပုံခ်င္းမတူတဲ့ အေျခအေနေတြကို ျမင္ေတြ႕ လာရပါတယ္။

“အစ္မတို႔ဘက္မွာေတာ့ တစ္အိမ္ကို တစ္ေယာက္ပဲ အစားအစာဝယ္စရာရွိရင္ အျပင္ထြက္ရမယ္ဆိုၿပီး အျပင္ထြက္ခြင့္ကတ္ လာေပးတယ္၊ ကုမၸဏီသမားေတြ၊ ႐ုံးသမားေတြေတာ့ အလုပ္သြားလို႔ရတယ္လို႔ေျပာတယ္၊ သူမ်ားရပ္ကြက္ေတြမွာေတာ့ ဘယ္လိုလုပ္သလဲေတာ့မသိဘူး” လို႔ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ အမွတ္ ၄ ရပ္ကြက္မွာေနထိုင္တဲ့ ေဒၚေဆြေဆြဝင္း က ေျပာပါတယ္။

အဲ့ဒီလိုပိတ္ထားတဲ့ေနရာမွာ ေစာင့္ၾကပ္ဖို႔အတြက္ လမ္းအတြင္းေနထိုင္သူေတြမွ တစ္အိမ္လွ်င္ တစ္ေယာက္ႏႈန္း အလွည့္က်တာဝန္ယူရတာေတြနဲ႔ လုပ္ေဆာင္တာေတြရွိၿပီး ယင္းတားျမစ္ကန႔္သတ္မႈေတြအေပၚ ေဝဖန္မႈမ်ားစြာလည္း ရွိလာခဲ့ပါတယ္။ Police Line နဲ႔ပိတ္ၿပီး Lockdown ခ်ကာ ကန႔္သတ္မႈကို Positive လူနာေနထိုင္ခဲ့ရာ ေနအိမ္မွာ ျပဳလုပ္တာေတြရွိေပမယ့္ ရန္ကုန္ၿမိဳ႕၊ အလုံၿမိဳ႕နယ္ထဲက ဆင္ေရကန္လမ္းထဲမွာ Quarantine ဝင္ရတဲ့တိုက္တည္ရွိရာ ဆင္ေရကန္လမ္းမေပၚက ကြင္းေခ်ာင္း ၂ လမ္းနဲ႔ ၃ လမ္းၾကားကို ကန႔္သတ္ၿပီး Lockdown ခ်ထားတာေၾကာင့္ အတြင္းမွာ အျခားေသာအထပ္ျမင့္တိုက္ေတြလည္း ပိတ္မိကာ ေဝဖန္စရာေတြ ျဖစ္လာခဲ့ပါတယ္။

“Quarantine ကို Lockdown ခ်ရသလားဆိုတာ အစ္မလည္းမသိေသးဘူး၊ ေမးၾကည့္ပါဦးမယ္၊ ၿမိဳ႕နယ္အဆင့္ ေရာဂါကာကြယ္တားဆီးေရးေကာ္မတီကေန ေဆာင္႐ြက္တာျဖစ္ပါတယ္” လို႔ အလုံမဲဆႏၵနယ္မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚႏြယ္ႏြယ္ဝင္း က ဆိုပါတယ္။

ဒါ့အျပင္ ၿမိဳ႕လယ္ဧရိယာ ပန္းဘဲတန္းၿမိဳ႕နယ္ထဲက လမ္းတစ္ခ်ိဳ႕မွာလည္း လမ္းအတြင္းထုံးျဖဴးတာေတြရွိေနၿပီး ပိုးသတ္ေဆးျဖန္းတာကိုသာ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက လမ္းၫႊန္ထားေပမယ့္ ထုံးျဖဴးတာကိုေတာ့ လမ္းၫႊန္ထားတာမ်ိဳးမရွိေသးဘူးလို႔ ျမန္မာႏိုင္ငံဆရာဝန္အသင္း (ဗဟို) မွ ဆရာဝန္ႀကီးတစ္ဦးျဖစ္သူ ပါေမာကၡ ေဒါက္တာေက်ာ္လင္း က သုံးသပ္ထားပါတယ္။

အခုလိုကန႔္သတ္လုပ္ေဆာင္တာေတြဟာ တစ္႐ြာတစ္ပုဒ္ဆန္းပုံစံမ်ိဳး ျဖစ္ေနေပမယ့္ အဓိကအရင္းအျမစ္ျဖစ္တဲ့ အမ်ားျပည္သူအက်ိဳးကို ရည္႐ြယ္လုပ္ေဆာင္ေသာ အေျခအေနမ်ိဳးျဖစ္တာေၾကာင့္ နားလည္မႈလြဲတဲ့ ေစတနာလြန္ကဲမႈမ်ိဳးသာျဖစ္တယ္လို႔ ပရဟိတအသင္းအဖြဲ႕ ဦးေဆာင္သူေတြက ဆိုၾကပါတယ္။

“ကြၽန္ေတာ္တို႔ဘက္မွာဆိုရင္ ပူးေပါင္းအဖြဲ႕ေတြနဲ႔ စစ္ေဆးေရးဂိတ္ေတြလုပ္ၿပီး စစ္ေဆးေနတာမ်ိဳးေတြရွိပါတယ္၊ သူ႔ရည္႐ြယ္ခ်က္က ေရာဂါပိုးကူးစက္ပ်ံ႕ပြားမႈမျဖစ္ေအာင္ လုပ္ေဆာင္ထားမ်ိဳးျဖစ္တာေၾကာင့္ ဒါဟာေစတနာနဲ႔ လုပ္ေဆာင္တာမ်ိဳးေတာ့ ျမင္ပါတယ္၊ Mask တပ္ၿပီးမွသြားမယ္၊ လက္ကိုစနစ္တက်ေဆးေၾကာမယ္ ကိုယ္အပူခ်ိန္တိုင္းမယ္၊ ဒီလိုၾကပ္မတ္တာေတြက ေစတနာနဲ႔လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္” လို႔ စိတၱသုခလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက ရွင္းျပပါတယ္။

ဒါ့အျပင္ အခုရက္ပိုင္း Quarantine ဝင္သူေတြကို လာေခၚေဆာင္တဲ့အခါ တရားခံသဖြယ္ ဓာတ္ပုံ႐ိုက္တာေၾကာင့္ ပုဂၢလိကလြတ္လပ္ခြင့္ထိပါးတဲ့ အေျခေနမ်ိဳးျဖစ္တယ္ဆိုတဲ့ ေဖာ္ျပမႈေတြဟာ လူမႈကြန္ရက္မွာ အခုရက္ပိုင္းပ်ံ႕ႏွံ႔လာခဲ့ၿပီး ရန္ကုန္တိုင္းေဒသႀကီး ကိုဗစ္-၁၉ ထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးေကာ္မတီက ေရာဂါပိုးရွိေသာသူမ်ားနဲ႔ ထိေတြ႕ဆက္ဆံခဲ့တဲ့ Contact Person ေတြကို ေခၚေဆာင္တဲ့အခါ ရပ္ကြက္အတြင္း အထိတ္တလန႔္မျဖစ္ေစဘဲ လုပ္ေဆာင္ဖို႔ ဧၿပီ ၂၆ ရက္က ထုတ္ျပန္ခဲ့ပါတယ္။

အမွန္အားျဖင့္ ထိုဓာတ္ပုံမ်ား႐ိုက္ကူးတာဟာ ပရဟိတအဖြဲ႕ေတြကို အလႉေငြေပးအပ္တာကို ႐ိုက္ေနတာမ်ိဳးျဖစ္ၿပီး လူမႈကြန္ရက္တြင္ တင္ထားတဲ့ပုံဟာ အလႉေငြေပးသူနဲ႔ လက္ခံသူကိုမျမင္ရတဲ့ အေဝးတစ္ေနရာကေန႐ိုက္ကာ တင္လိုက္တာမ်ိဳးျဖစ္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး လူမႈကယ္ဆယ္ေရးအဖြဲ႕က ျပန္လည္ရွင္းလင္းထားပါတယ္။

အမ်ိဳးသားအဆင့္ ေစတနာ့ဝန္ထမ္း ဖြဲ႕စည္း

အခုဆိုရင္ ကိုဗစ္-၁၉ ေရာဂါနဲ႔ ပတ္သက္တဲ့ အေရးေပၚတုံ႔ျပန္ေရးမွာ အစိုးရရဲ႕ မူဝါဒနဲ႔အညီ ေဆာင္႐ြက္ႏိုင္ဖို႔ အခ်ိန္၊ လုပ္အား၊ ကြၽမ္းက်င္မႈ၊ အႀကံဉာဏ္ စတာေတြကို အခေၾကးေငြမယူဘဲ လုပ္ေဆာင္ၾကမယ့္ ေစတနာ့ဝန္ထမ္း Volunteer မ်ားကို စနစ္တက်ေလ့က်င့္ပါဝင္ေစရန္ ရည္႐ြယ္၍ “အမ်ိဳးသားအဆင့္ ေစတနာ့ဝန္ထမ္း ဦးေဆာင္အဖြဲ႕” ကို ႏိုင္ငံေတာ္သမၼတက အမိန႔္ေၾကာ္ျငာစာအမွတ္ ၆၂/၂၀၂၀ ျဖင့္ ဧၿပီ ၂၅ ရက္မွာ ဖြဲ႕စည္းလိုက္ပါတယ္။

အဲ့ဒီအဖြဲ႕မွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ဥကၠ႒အျဖစ္ တာဝန္ယူၿပီး လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးက အတြင္းေရးမႉး၊ လူမႈဝန္ထမ္းဦးစီးဌာနရဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္က တြဲဖက္အတြင္းေရးမႉး (၁)၊ လူမႈဝန္ထမ္းဦးစီးဌာနရဲ႕ တာဝန္ေပးျခင္းခံရသူတစ္ဦးက တြဲဖက္အတြင္းေရးမႉး (၂)၊ ေနျပည္ေတာ္ေကာင္စီဥကၠ႒၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အစိုးရအဖြဲ႕ေတြရဲ႕ ဝန္ႀကီးခ်ဳပ္ေတြ၊ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံး အၿမဲတမ္းအတြင္းဝန္၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ အစရွိတဲ့သူေတြက အဖြဲ႕ဝင္အျဖစ္နဲ႔ ပါဝင္ေဆာင္႐ြက္ၾကမွာျဖစ္ပါတယ္။

အခုဆိုရင္ အမ်ိဳးသားအဆင့္ ေစတနာ့ဝန္ထမ္း ဦးေဆာင္အဖြဲ႕ဟာ ၿမိဳ႕နယ္အလိုက္ Quarantine စင္တာမွာ ေဆာင္႐ြက္ေနတဲ့ ေစတနာ့ဝန္ထမ္းေတြ၊ ပါဝင္ေဆာင္႐ြက္ဖို႔ ဆႏၵျပဳထားတဲ့ Volunteer စာရင္းေတြကို ေကာက္ယူေနတာေၾကာင့္ ေအာက္ေျခမွာ လက္ရွိေစတနာ့ဝန္ထမ္းအျဖစ္ ေဆာင္႐ြက္ေနသူေတြ၊ လုပ္ကိုင္ေဆာင္႐ြက္ခ်င္တဲ့သူေတြကို စာရင္းေကာက္ယူတာေတြကိုလည္း လုပ္ေဆာင္ေနၾကပါတယ္။

ဒါ့အျပင္ Volunteer မ်ားက ကူညီေရးတာဝန္ထမ္းေဆာင္ရာတြင္ သြားလာသယ္ယူပို႔ေဆာင္ေရးအတြက္ ယာဥ္၊ စက္သုံးဆီပံ့ပိုးကူညီမႈမ်ား၊ ၿမိဳ႕နယ္အလိုက္ ႐ုံးခန္းေနရာမ်ားနဲ႔ လုပ္ငန္းတာဝန္ၿပီးဆုံးပါက Quarantine စင္တာေတြမွာ အနားယူဖို႔စာရင္းမ်ား၊ ဘ႑ာေငြသုံးစြဲမႈမ်ား၊ သင္တန္းဖြင့္လွစ္သင္ၾကားမႈမ်ားကို လုပ္ေဆာင္ဖို႔စီစဥ္ထားသလို သတ္မွတ္ကာလအထိ တာဝန္ထမ္းေဆာင္မႈၿပီးစီးခဲ့တဲ့ Volunteer ေတြကို အသိအမွတ္ျပဳတံဆိပ္ေတြနဲ႔ ဂုဏ္ျပဳမွတ္တမ္းေတြကို ေပးအပ္ဖို႔အထိကို စီစဥ္ထားၾကပါတယ္။

အခုလိုလုပ္ေဆာင္ခ်က္ေတြဟာ Volunteer လုပ္ငန္းေတြကို စနစ္တက်ျဖစ္လာေစၿပီး အရည္အေသြးရွိရွိ လုပ္ေဆာင္လာႏိုင္မႈေတြအျပင္ အစိုးရပိုင္းက Volunteer မ်ားရဲ႕ အင္အားကို အေလးထားကာ ပံ့ပိုးကူညီမႈတစ္ရပ္လည္း ျဖစ္လာခဲ့ပါတယ္။

ဇြဲမာန္
ဧၿပီ - ၂၈