【 သတင်းဆောင်းပါး 】“ မိုးလာပြီ ရေပါလာဦးမလား”

  【  သတင်းဆောင်းပါး  】“ မိုးလာပြီ ရေပါလာဦးမလား”

“ မနှစ်ကရေကြီးတာနှစ်လကျော်ကျော်လောက်ကြာတယ်။လွန်ခဲ့တဲ့ ၁၅ နှစ်၊ နှစ် ၂၀ လောက်ကတစ်ကြိမ် ရေကြီးဖူးတယ်၊ ဒီလောက်လဲရေမကြီးဘူး၊ ဒီလောက်လဲ မကြာဘူး”လို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ မွန် တိုင်းရင်းသားရေးရာဝန်ကြီးဦးမင်းတင်ဝင်းကဆိုပါတယ်။

ကရင်ပြည်နယ်မှာ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၇ ရက်ကရေကြီးရေလျှံမှု စတင်ဖြစ်ပွားခဲ့ရာကျေးရွာတွေသာမကမြို့ပေါ်ရပ်ကွက်တွေအပြင် ကားလမ်းမတွေလည်းရေကြီးနစ်မြုပ်ခဲ့တဲ့အတွက် စားသောက်ကုန် ပစ္စည်းများ ပြတ်လပ်တဲ့ အခြေအနေဆိုးတွေ ကိုတွေ့ကြုံခံစားခဲ့ကြ ပါတယ်။ ကရင်ပြည်နယ်မှာ ဖြစ်ပေါ်တဲ့ ရေလွှမ်းမိုးမှု ဖြစ်စဉ်ဟာစံချိန် တင်လောက်တဲ့အထိကြာမြင့်ခဲ့တာကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေး၊ စီးပွားရေးတွေ ထိခိုက်နစ်နာခဲ့ပြီး ပြည်နယ်အစိုးရက ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့ရပါတယ်။

ဘားအံရေကြီးမှု ဖြစ်ပွားရာကို ဆရာတော်တစ်ပါးက လှူဒါန်းမှုတွေပြုလုပ်ဖို့ သွားရောက်ခဲ့တဲ့ခရီးစဉ်ကိုလိုက်ပါရင်း ၂၀၁၈ ခုနှစ် သြဂုတ် လ ၁၉ ရက်နေ့မှာဘားအံကိုရောက်ရှိခဲ့တာကြောင့် ဘားအံရေကြီးမှု ကိုကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။

သံလွင်တံတား (ဘားအံ)ကို ဖြတ်သန်းပြီး မြို့အတွင်းကိုဝင်ရောက်ခဲ့ တဲ့ အချိန်မှာတော့ကားလမ်းမပေါ်ရေတွေ လွှမ်းမိုးနေပြီး လမ်းဘေး တစ်ဘက်တစ်ချက်မှာရှိတဲ့နေအိမ်တွေ၊စာသင်ကျောင်းတွေမှာရေတွေနဲ့ ပြည့်နှက်နေတဲ့ မြင်ကွင်းမျိုးကိုတွေ့ ခဲ့ရပါတယ်။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်ကရေအနည်းငယ် ပြန်ကျနေပြီလို့ဆိုပေမယ့် တစ်မြို့လုံးမှာရေလွှမ်းမိုးနေတုန်းအခြေအနေမျိုးရှိနေသေးတဲ့အတွက် ရေကြီးမှု အမြင့်ဆုံးအချိန်မှာ ဘယ်လောက်ထိ ရေနစ်မြုပ် ကြ မလဲဆိုတာကိုစိတ်မကောင်းစရာတွေ့မြင်ရပါတယ်။

 “ကရင်ပြည်နယ်မှာခုနစ်မြို့နယ်ရှိတာနှစ်မြို့နယ်ပဲရေလွတ်တယ်၊ ကျန်တဲ့ မြို့နယ်တွေ အကုန်မြုပ်တယ်၊ကျန်တဲ့ နှစ်မြို့နယ်က သံတောင်နဲ့ ဖာပွန်ပေါ့၊ဘားအံမှာဆိုရင် ပြည်နယ်ရုံးရှိတဲ့ကုန်း၊သူ့နဲ့ တစ်ဆက်တည်း ပြည်ထောင်စု၊ ဟိုဘက်တဆက်တည်းဇွဲကပင် အဲ့ဒါပဲကျန်တယ်၊ ကျန်တာအကုန်မြုပ်တယ်၊ ဟိုတုန်းကဆိုရေမြုပ် ရင် ကမ်းနားလမ်းပဲ”လို့ ရေကြီးခဲ့တဲ့ဖြစ်စဉ်တွေကို ဦးမင်းတင်ဝင်းက ထပ်မံပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာမိုးလယ်နဲ့ မိုးနှောင်းကာလတွေမှာ ရေကြီးရေလျှံမှု ဖြစ်စဉ်များပေါ်ပေါက်လေ့ရှိပြီးရေဘေးကြောင့်လူသေပျောက်မှုတွေနဲ့ ပျက်စီးထိခိုက်မှုတွေ များပြားတဲ့အခြေအနေမျိုး ဖြစ်ပေါ်ခဲ့ပါတယ်။ ရေကြီးမှုအဆိုးရွားဆုံးဖြစ်ခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်း ကရေကြီးမှုဖြစ်စဉ် အခြေအနေကိုပြန်ကြည့်မယ်ဆိုရင်တိုင်းနဲ့ ပြည်နယ် ၁၄ ခုအနက် ၁၀ ခုလောက်မှာရေကြီးရေလွှမ်းမှုတွေဖြစ်ပေါ်ခဲ့ပြီးလူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။ လယ်ယာမြေဧက၁၄သိန်းကျော် ရေကြီး နစ်မြုပ်ခဲ့ပြီးလူဦးရေ ၁ ဒသမ ၆ သန်းကိုရွှေ့ပြောင်းပေးခဲ့ရပါတယ်။

၂၀၁၆ ခုနှစ်အတွင်းတိုင်းနဲ့ ပြည်နယ် ၁၂ ခုမှာရေဘေးထပ်မံဖြစ်ပွား ခဲ့ပြီးလူကိုးဦးသေဆုံးကာအိမ်ထောင်စုပေါင်း၁၂၅၁၆၀စုရေဘေးသင့်ခံခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်တုန်းကလည်း ဘင်္ဂလားပင်လယ် အော် မှာ မုန်တိုင်းသုံးကြိမ်ဖြစ်ပေါ် ခဲ့ပြီး မိုးကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့လ့ိုတိုင်းဒေသကြီးနဲ့ ပြည်နယ် အချို့မှာရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ မွန်ပြည်နယ်၊မော်လမြိုင်မြို့မှာ နှစ်ပေါင်း ၅၀ အတွင်းအကြီးမားဆုံးရေကြီးမှုဖြစ်စဉ် တစ်ခု ကြုံခဲ့ရပြီး ကုန်းမြင့်နေရာတွေကလွဲလို့ကျန်တဲ့နေရာဒေသအတော်များများမှာရေကြီး နစ်မြုပ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။မွန်ပြည်နယ်၊ဘီးလင်းမြို့မှာလည်း ရေကြီးရေလျှံမှု တွေဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်-မော်လမြိုင် ကားလမ်းမ ကြီး မှာရေနစ်မြုပ်ခဲ့တဲ့အတွက် လေးရက်ကြာလောက် ကားလမ်း ပိတ်သွားခဲ့တာကြောင့် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့ ပါတယ်။

အဆိုပါမြစ်ရေကြီးမှု ဖြစ်စဉ်တွေဟာသစ်တောပြုန်းတီးမှုတွေနဲ့ ဆက်စပ် မှုရှိနေတယ်လို့ သဘာဝပတ်ဝန်းကျင် ပညာရှင် တစ်ဦးဖြစ် တဲ့ဦးဝင်းမျိုးသူဆိုပါတယ်။“သဘာဝသစ်တောတွေ ပျက်တော့ရေတိုက်စားမှု များလာတယ်၊ချောင်းတွေ ကောလာတယ်၊ မြစ်တွေ ကောလာတယ်၊မိုးအများကြီးရွာတဲ့အခါကျတော့ ရေကိုမထိန်းထား နိုင်တော့ မြစ်တွေထဲမှာ ရေကြီးရေလျံ တာတွေဖြစ်တယ်” လို့ဆိုပါ တယ်။

ယခုဆိုရင် ကမ္ဘာ့သစ်တောပြုန်းတီးမှု အများဆုံးနိုင်ငံတွေရဲ့ စာရင်း မှာ အဆင့် ၄ နေရာကိုရောက်နေပြီး ၂၀၁၅ ခုနှစ်ကအဆင့် ၃ နေရာ သို့ ရောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံဟာကုလသမဂ္ဂမှ ကောက်ခံခဲ့တဲ့ စာရင်းတွေ အရဆိုရင် ၁၉၈၀ ခုနှစ် ပတ်ဝန်းကျင်က တစ်နိုင်ငံလုံး အတိုင်းအတာအရသစ်တောဖုံးလွှမ်းမှု ၄၈ ရာခိုင်နှုန်းကျော် ရှိခဲ့ပြီး ၁၉၉၀ ကာလမှ စတင်ကာ သစ်တောပြုန်းတီးမှုတွေ ဆိုးရွာစွာ
ဖြစ်ပေါ် ခဲ့သလို၂၀၁၀ လောက်မှာတော့ တစ်နိုင်ငံလုံးရဲ့ သစ်တော ဖုံးလွှမ်းမှုဟာ ၂၀ ရာခိုင်နှုန်းလောက် ထပ်မံကျဆင်းခဲ့တယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံမှာသစ်တောဌာနကို ၁၈၅၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ်မှာနိုင်ငံတော် အစိုးရကလက်ခံကျင့်သုံးနေတဲ့ ဈေးကွက် စီးပွားရေးမူဝါဒအရသစ်အခြေခံတဲ့ ပုဂ္ဂလိကလုပ်ငန်းများ တိုးတက် များပြားလာခြင်း၊ တိုးပွားများပြားလာတဲ့ လူဦးရေနဲ့ အညီ သစ်တော ထွက်ပစ္စည်းလိုအပ်ချက်တွေ များပြားလာခြင်း၊ ကမ္ဘာ့ဈေးကွက်မှာ သစ်ဝယ်လိုအားကောင်းလာတဲ့အတွက် သစ်ဈေးနှုန်းများ တစ်ရှိန် ထိုးတိုးတက်လာတာတွေကြောင့် သစ်ခိုးထုတ်မှုတွေဟာ လည်း နည်းလမ်းမျိုးစုံနဲ့လုပ်ဆောင်တာတွေ များပြားလာတဲ့အပြင် သဘာဝတောပျက်စီးလာတာတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ ရေဝေရေလဲဒေသတွေကိုလည်းထိခိုက်ပျက်စီးမှုတွေကို ကြုံလာခဲ့ရတယ်လို့ သစ်တောဦးစီးဌာနကတရားဝင်ထုတ်ပြန်ထားပါတယ်။

သစ်တောပြုန်းတီးလာတဲ့ မြန်မာနိုင်ငံဟာရာသီဥတုမညီမျှမှုများ ဖြစ်ပေါ်လာခဲ့ပြီး နွေအခါဆိုရင်ပူပြင်းလွန်းတဲ့ဒဏ်၊မိုးအခါမှာလေပြင်း တိုက်ခတ်တာတွေ၊ ရေကြီးတာတွေ၊ အချိန်အခါမဟုတ် မိုးရွာချတာတွေ၊ မိုးသီးကြွေကျတာတွေ၊ မိုးကြိုးပစ်တာတွေ အစရှိတဲ့ဖြစ်စဉ်တွေ ကြုံလာတဲ့အပြင် တစ်ကြိမ်တစ်ခါမှမဖြစ်ပေါ်ဖူးတဲ့ မုန်တိုင်းဘေး အန္တရာယ်ကို ကြုံလာကာ လူပေါင်းမြောက်များစွာသေကြေ ပျက်စီး ခဲ့ကြပြန်ပါတယ်။

ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် ကမ္ဘာတစ်ဝှမ်းမှာ သဘာဝ ဘေးအန္တရာယ်ဖြစ်စဉ်တွေကိုအစဉ်တစ်စိုက် လေ့လာမှတ်တမ်းတင် သတိပေးနေတဲ့ GERMAN WATCH အဖွဲ့က ၁၉၉၅ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အထိ နှစ်ပေါင်း၂၀ကာလအတွင်း သဘာဝဘေး အန္တရာယ် အများဆုံးကြုံခဲ့ရတဲ့ နိုင်ငံတွေရဲ့စာရင်းထဲမှာ မြန်မာနိုင်ငံ ကိုနံပါတ် ၂ နေရာမှာဖော်ပြခဲ့ပြီးလက်ရှိအချိန်အထိလည်းအဆင့် ၂ နေရာမှာဆက်လက် ရပ်တည်နေတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်ကမှတ်ချက်ပြုပြောကြားပါတယ်။

၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီ၊ ရန်ကုန်စတဲ့ တိုင်းဒေသကြီးတွေမှာ မုန်တိုင်းဒီရေကြုံကာ လူပေါင်း တစ်သိန်းသုံးသောင်းကျော်နဲ့ ကျွဲ၊နွားတိရစ္ဆာန်တွေ၊ လယ်ယာမြေတွေ၊ လူနေအိမ်တွေမရေမတွက်နိုင်လောက်အောင် အများအပြား ပျက်စီးဆုံးရှုံးခဲ့ပါတယ်။အဲ့ဒီဆုံးရှုံးမှုတွေဟာလက်ရှိအချိန် ကာလ အထိရိုက်ခတ်နေဆဲဖြစ်ပြီးနာဂစ်ကြောင့် တိုင်းနဲ့ ပြည်နယ် အသီးသီး ကိုရောက်ရှိသွားခဲ့တဲ့ အိုးမဲ့၊ အိမ်မဲ့ လူပေါင်းမြောက်များစွာ ဟာနေ့စဉ် ဘဝကိုခက်ခက်ခဲခဲရုန်းကန်နေကြပါတယ်။

သေကြေပျက်စီးမှုများပြားကာဆိုးရွားတဲ့အနိဋ္ဌာရုံတွေပေးသွားခဲ့တဲ့နာဂစ်မုန်တိုင်းအပြီးမှာတော့ မြန်မာနိုင်ငံသားတွေဟာ ရာသီဥတု သတင်းတွေ အပေါ်ပိုမိုအာရုံစိုက်လာခဲ့ကြပေမယ့် သစ်တောသစ်ပင်တွေ မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ကိုတော့အခွင့်အရေး မရခဲ့ကြတဲ့အပြင်စီးပွားရေးလောဘသားတွေကြောင့် သစ်တောတွေ ဟာထပ်မံပျက်စီးခဲ့ပြန်တယ်။ သစ်တောပြုန်းတီးမှု တွေအပြင် သတ္ထု တွင်းတွေ၊ ရေကာတာတွေ၊စိုက်ပျိုးမြေချဲ့ ထွင်တာတွေကလည်းရေကြီးရေလျှံ မှုတွေကိုပိုဆိုးရွားလာစေခဲ့တယ်လို့ ဦးဝင်းမျိုးသူက ဆက်လက်ပြောကြားခဲ့ပါတယ်။

“ရေကြီးရေလျှံတာသဘာဝသစ်တောနဲ့ ဆက်စပ်နေတယ်၊ မြို့ပြတွေ ကလည်း မြစ်ကမ်းပါးတွေကိုတိုးချဲ့လာတယ်၊ ရေမဝင်အောင် အကာတွေ ပတ်တယ်၊ ရေပြင်ကိုတားဆီးတယ်ပေါ့၊ အဲ့ဒီတော့ ရေတွေကပိုပြီးတော့ သွားစရာနေရာမရှိတော့ အနိမ့်ပိုင်းတွေ ကို ဟိုဘက်ထိုးဒီဘက်ထိုးပြီးတော့ ပိုပြီးတော့ ဆိုးလာတယ်၊ အထူး သဖြင့် ဆင်းရဲနွမ်းပါးတဲ့သူတွေကပိုခံရတယ်၊ ကာနိုင်တဲ့သူကကာပြီး
တော့ ရေကိုလွဲတယ်၊ ရေကဆင်းရဲသားတွေ နေတဲ့ ရပ်ကွက်တွေထဲတောင်သူလယ်သမားတွေနေတဲ့ လယ်ကွက်ထဲကို ရေတွေရောက် ကုန်တယ်”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ မိုးရွာသွန်းတဲ့ ရက်တွေကို ရှေးလူကြီးတွေ ပြောစကား အရသြင်္ကန်ကျပြီး ၄၅ ရက်မှာမိုးဖြိုင်ဖြိုင်ရွာလေ့ရှိတယ်လို့ ဆိုပေ မယ့် ယခု ၂၀၁၉ ခုနှစ်မှာတော့ပုံမှန်ရွာနေကျမိုးရေချိန်ထက် လျော့ နည်းရွာသွန်းတဲ့အတွက် ရေပြတ်လတ်မှုအခြေအနေတွေကို ကြုံတွေ့ လာရပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ဆည်တွေ ဟာလည်း အနိမ့်ဆုံးရေအမှတ်ကို ရောက်ရှိဖို့နီးစပ်နေပြီး ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ စက်ရုံတွေဟာလည်းရေနည်းလာတာကြောင့်လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မှုမရှိတော့တဲ့အတွက်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်မီးပြတ်တောက်မှုတွေကို ကြုံနေရပြီဖြစ်ပါတယ်။

မုတ်သုံလေဟာမြန်မာနိုင်ငံကိုမေလ ၂၀ ရက်နေ့အထိ ဝင်ရောက် လာခြင်း မရှိသေးဘဲမေလ ၂၁ ရက်နေ့မှ ၂၃ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကိုစတင်ဝင်ရောက်လာနိုင်ပြီးမုတ်သုံလေအားအသင့်အတင့် ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။နွေအခါပူပြင်းတဲ့ဒဏ်၊ရေပြတ်လပ်တဲ့ ဒဏ်တွေကို နှစ်စဉ်လိုလိုခံစားရတဲ့ မြန်မာနိုင်ငံဟာ မိုးအခါမှာ
တော့ရေကြီးရေလျှံတဲ့ ဖြစ်စဉ်တွေအတွက် ကြိုတင်ပြင်ဆင်မှု အစီအစဉ်တွေကိုလုပ်ဆောင်နေရပါတယ်။

ယခုနှစ် ရေကြီးရေလျှံမှုတွေအတွက် ကရင်ပြည်နယ် မှာ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းတွေကိုအများအပြားလုပ်ဆောင်နေတယ်လို့ ဦးမင်းတင်ဝင်းကဆိုပါတယ်။“ရေကြီးလာရင်ကာကွယ်ဖို့ကကျွန်တော် တို့ တော်တော်လေး ကြိုးစားထားတယ်၊ သံလွင်မြစ်ရေ စီးကြောင်းကောင်းသွားအောင်အလယ်မှာသဲတွေစုပ်ထုတ်လိုက်တာ တို့  အဲ့ဒါတွေလုပ်ထားတယ်၊ နောက်တစ်ခုက မြို့ထဲကိုရွာထဲ ကိုဝင် တဲ့ မြောင်းတွေ ၊ မြစ်လက်တက်တွေ အဲ့ဒါတွေရှိတယ်၊ အဲ့ဒါကိုရေစီးရေလာကောင်းအောင် ပြန်လုပ်ထားတယ်၊ တစ်ချို့ရွာတွေ မှာရေကောင်းကောင်း ကြီးလာရင် ရေထွက်ပေါက်မရှိတော့ဘူး၊လှိုင်းဘွဲ့ နားမှာတူးမြောင်းတစ်ခုရှိတယ်၊အဲ့တူးမြောင်းကမနှစ်တုန်းကအလယ် မှာ ပိတ်နေတယ်၊အဲ့ဒါကိုလည်းပြင်ထားတယ်၊ ဒါပေမဲ့ အများကြီး ကြီး လာရင်လည်းမတက်နိုင်ဘူးပေါ့နော်၊ မနှစ်ကလိုပဲ ရေကြီးလာ တယ် ဆိုရင်နေဖို့နှစ်ခုလောက် ပိုပြီးဆောက်ထားတယ်၊ အဲ့ဒါတွေကို လည်းပံ့ပိုးပြင်ဆင်ထားတယ်၊ တစ်ခါရေကြီး ရင် တစ်ခါခံစားရတယ်” လို့ ဆိုပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့မှာလည်းရေကြီးမှုတွေကြောင့် ယာဉ်လမ်း မပိတ်ဆို့ရေးအတွက် လမ်းတံတားများ ပြင်ဆင်တာတွေ၊ မြစ်ချောင်း များ ပြုပြင်တာတွေကိုလုပ်ဆောင်နေပြီးတခြားတိုင်းနဲ့ ပြည်နယ် အသီးသီး မှာလည်းရေဘေး အတွက် ကြိုတင်ပြင်ဆင်တာတွေ ကို လုပ်ဆောင်နေလျက်ရှိပါတယ်။ အပူချိန်မြင့်ခြင်း၊ ရေကြီးရေလျှံခြင်း၊ မုန်တိုင်းကြီးများဝင်ရောက်ခြင်းစတဲ့သဘာဝဘေးအန္တရယ်တွေကိုကာကွယ်တားဆီးနိုင်ဖို့အတွက်သစ်တောဦးစီးဌာနအနေနဲ့သစ်ထုတ် လုပ်မှုကိုရပ်ဆိုင်းတာတွေ၊သစ်တောများတည်ထောင်တာတွေ၊ ပုဂ္ဂလိကသစ်တောစိုက်ခင်းများခွင့်ပြုတာတွေကိုလုပ်ကိုင်နေပေမယ့် စိုက်ပျိုးထားတဲ့ သစ်ပင်တွေ အလွယ်တကူ ရှင်သန်ပေါက်ရောက် ဖို့ခက်ခဲခြင်း၊ ကြီးထွားဖို့ အချိန်တွေလိုအပ်ခြင်းစတဲ့ အခြေအနေ
တွေကြောင့်လည်းသဘာဝဘေးအန္တရာယ်တွေကိုဆက်လက်ရင်ဆိုင်နေရဦးမယ့် အခြေအနေမျိုး ဖြစ်နေပါသေးတယ်။

မြန်မာနိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ လက်ရှိအချိန်မှ စတင်ကာ အစိုးရနဲ့ ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ် တွေကို ကာကွယ် တားဆီးဖို့ တက်တက်ကြွကြွ ဆောင်ရွက်ကြမယ် ဆိုရင် သဘာဝဘေးအန္တရာယ်တွေကချက်ချင်းပျောက်ကွယ်သွားမှာမဟုတ်တဲ့ အတွက် “နွေအခါ မိုးကိုမျှော်၊ မိုးအခါ မပြိုပါနဲ့ မိုး”လို့ ဆုတောင်း ရင်း သဘာဝဘေးတွေကိုရင်စည်းခံကြဖို့ ပြင်ဆင်နေရဦးမှာပဲဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)

 

(   Zawgyi   )

 “ မႏွစ္ကေရႀကီးတာႏွစ္လေက်ာ္ေက်ာ္ေလာက္ၾကာတယ္။လြန္ခဲ့တဲ့ ၁၅ ႏွစ္၊ ႏွစ္ ၂၀ ေလာက္ကတစ္ႀကိမ္ ေရႀကီးဖူးတယ္၊ ဒီေလာက္လဲေရမႀကီးဘူး၊ ဒီေလာက္လဲ မၾကာဘူး”လို႔ ကရင္ျပည္နယ္ အစိုးရအဖြဲ႕ မြန္ တိုင္းရင္းသားေရးရာဝန္ႀကီးဦးမင္းတင္ဝင္းကဆိုပါတယ္။

ကရင္ျပည္နယ္မွာ၂၀၁၈ ခုႏွစ္ ဇူလိုင္လ ၁၇ ရက္ကေရႀကီးေရလွ်ံမႈ စတင္ျဖစ္ပြားခဲ့ရာေက်း႐ြာေတြသာမကၿမိဳ႕ေပၚရပ္ကြက္ေတြအျပင္ ကားလမ္းမေတြလည္းေရႀကီးနစ္ျမဳပ္ခဲ့တဲ့အတြက္ စားေသာက္ကုန္ ပစၥည္းမ်ား ျပတ္လပ္တဲ့ အေျခအေနဆိုးေတြ ကိုေတြ႕ႀကဳံခံစားခဲ့ၾက ပါတယ္။ ကရင္ျပည္နယ္မွာ ျဖစ္ေပၚတဲ့ ေရလႊမ္းမိုးမႈ ျဖစ္စဥ္ဟာစံခ်ိန္ တင္ေလာက္တဲ့အထိၾကာျမင့္ခဲ့တာေၾကာင့္ ေဒသခံေတြရဲ႕ က်န္းမာေရး၊ စီးပြားေရးေတြ ထိခိုက္နစ္နာခဲ့ၿပီး ျပည္နယ္အစိုးရက ကူညီေထာက္ပံ့မႈေတြ ျပဳလုပ္ေပးခဲ့ရပါတယ္။

ဘားအံေရႀကီးမႈ ျဖစ္ပြားရာကို ဆရာေတာ္တစ္ပါးက လႉဒါန္းမႈေတြျပဳလုပ္ဖို႔ သြားေရာက္ခဲ့တဲ့ခရီးစဥ္ကိုလိုက္ပါရင္း ၂၀၁၈ ခုႏွစ္ ၾသဂုတ္ လ ၁၉ ရက္ေန႔မွာဘားအံကိုေရာက္ရွိခဲ့တာေၾကာင့္ ဘားအံေရႀကီးမႈ ကိုကိုယ္တိုင္ျမင္ေတြ႕ခဲ့ရပါတယ္။

သံလြင္တံတား (ဘားအံ)ကို ျဖတ္သန္းၿပီး ၿမိဳ႕အတြင္းကိုဝင္ေရာက္ခဲ့ တဲ့ အခ်ိန္မွာေတာ့ကားလမ္းမေပၚေရေတြ လႊမ္းမိုးေနၿပီး လမ္းေဘး တစ္ဘက္တစ္ခ်က္မွာရွိတဲ့ေနအိမ္ေတြ၊စာသင္ေက်ာင္းေတြမွာေရေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ျမင္ကြင္းမ်ိဳးကိုေတြ႕ ခဲ့ရပါတယ္။ ကြၽန္ေတာ္တို႔ ေရာက္သြားတဲ့အခ်ိန္ကေရအနည္းငယ္ ျပန္က်ေနၿပီလို႔ဆိုေပမယ့္ တစ္ၿမိဳ႕လုံးမွာေရလႊမ္းမိုးေနတုန္းအေျခအေနမ်ိဳးရွိေနေသးတဲ့အတြက္ ေရႀကီးမႈ အျမင့္ဆုံးအခ်ိန္မွာ ဘယ္ေလာက္ထိ ေရနစ္ျမဳပ္ ၾက မလဲဆိုတာကိုစိတ္မေကာင္းစရာေတြ႕ျမင္ရပါတယ္။

 “ကရင္ျပည္နယ္မွာခုနစ္ၿမိဳ႕နယ္ရွိတာႏွစ္ၿမိဳ႕နယ္ပဲေရလြတ္တယ္၊ က်န္တဲ့ ၿမိဳ႕နယ္ေတြ အကုန္ျမဳပ္တယ္၊က်န္တဲ့ ႏွစ္ၿမိဳ႕နယ္က သံေတာင္နဲ႔ ဖာပြန္ေပါ့၊ဘားအံမွာဆိုရင္ ျပည္နယ္႐ုံးရွိတဲ့ကုန္း၊သူ႔နဲ႔ တစ္ဆက္တည္း ျပည္ေထာင္စု၊ ဟိုဘက္တဆက္တည္းဇြဲကပင္ အဲ့ဒါပဲက်န္တယ္၊ က်န္တာအကုန္ျမဳပ္တယ္၊ ဟိုတုန္းကဆိုေရျမဳပ္ ရင္ ကမ္းနားလမ္းပဲ”လို႔ ေရႀကီးခဲ့တဲ့ျဖစ္စဥ္ေတြကို ဦးမင္းတင္ဝင္းက ထပ္မံေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာမိုးလယ္နဲ႔ မိုးေႏွာင္းကာလေတြမွာ ေရႀကီးေရလွ်ံမႈ ျဖစ္စဥ္မ်ားေပၚေပါက္ေလ့ရွိၿပီးေရေဘးေၾကာင့္လူေသေပ်ာက္မႈေတြနဲ႔ ပ်က္စီးထိခိုက္မႈေတြ မ်ားျပားတဲ့အေျခအေနမ်ိဳး ျဖစ္ေပၚခဲ့ပါတယ္။ ေရႀကီးမႈအဆိုး႐ြားဆုံးျဖစ္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္တုန္း ကေရႀကီးမႈျဖစ္စဥ္ အေျခအေနကိုျပန္ၾကည့္မယ္ဆိုရင္တိုင္းနဲ႔ ျပည္နယ္ ၁၄ ခုအနက္ ၁၀ ခုေလာက္မွာေရႀကီးေရလႊမ္းမႈေတြျဖစ္ေပၚခဲ့ၿပီးလူေပါင္း ၁၀၀ ေက်ာ္ ေသဆုံးခဲ့ဖူးပါတယ္။ လယ္ယာေျမဧက၁၄သိန္းေက်ာ္ ေရႀကီး နစ္ျမဳပ္ခဲ့ၿပီးလူဦးေရ ၁ ဒသမ ၆ သန္းကိုေ႐ႊ႕ေျပာင္းေပးခဲ့ရပါတယ္။

၂၀၁၆ ခုႏွစ္အတြင္းတိုင္းနဲ႔ ျပည္နယ္ ၁၂ ခုမွာေရေဘးထပ္မံျဖစ္ပြား ခဲ့ၿပီးလူကိုးဦးေသဆုံးကာအိမ္ေထာင္စုေပါင္း၁၂၅၁၆၀စုေရေဘးသင့္ခံခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၇ခုႏွစ္တုန္းကလည္း ဘဂၤလားပင္လယ္ ေအာ္ မွာ မုန္တိုင္းသုံးႀကိမ္ျဖစ္ေပၚ ခဲ့ၿပီး မိုးေကာင္းတဲ့ ႏွစ္တစ္ႏွစ္ ျဖစ္ခဲ့လ့ိုတိုင္းေဒသႀကီးနဲ႔ ျပည္နယ္ အခ်ိဳ႕မွာေရႀကီးေရလွ်ံမႈေတြ ျဖစ္ေပၚခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္မွာေတာ့ မြန္ျပည္နယ္၊ေမာ္လၿမိဳင္ၿမိဳ႕မွာ ႏွစ္ေပါင္း ၅၀ အတြင္းအႀကီးမားဆုံးေရႀကီးမႈျဖစ္စဥ္ တစ္ခု ႀကဳံခဲ့ရၿပီး ကုန္းျမင့္ေနရာေတြကလြဲလို႔က်န္တဲ့ေနရာေဒသအေတာ္မ်ားမ်ားမွာေရႀကီး နစ္ျမဳပ္မႈေတြျဖစ္ေပၚခဲ့ပါတယ္။မြန္ျပည္နယ္၊ဘီးလင္းၿမိဳ႕မွာလည္း ေရႀကီးေရလွ်ံမႈ ေတြျဖစ္ေပၚခဲ့ၿပီး ရန္ကုန္-ေမာ္လၿမိဳင္ ကားလမ္းမ ႀကီး မွာေရနစ္ျမဳပ္ခဲ့တဲ့အတြက္ ေလးရက္ၾကာေလာက္ ကားလမ္း ပိတ္သြားခဲ့တာေၾကာင့္ လမ္းပန္းဆက္သြယ္ေရးေတြ ျပတ္ေတာက္ခဲ့ ပါတယ္။

အဆိုပါျမစ္ေရႀကီးမႈ ျဖစ္စဥ္ေတြဟာသစ္ေတာျပဳန္းတီးမႈေတြနဲ႔ ဆက္စပ္ မႈရွိေနတယ္လို႔ သဘာဝပတ္ဝန္းက်င္ ပညာရွင္ တစ္ဦးျဖစ္ တဲ့ဦးဝင္းမ်ိဳးသူဆိုပါတယ္။“သဘာဝသစ္ေတာေတြ ပ်က္ေတာ့ေရတိုက္စားမႈ မ်ားလာတယ္၊ေခ်ာင္းေတြ ေကာလာတယ္၊ ျမစ္ေတြ ေကာလာတယ္၊မိုးအမ်ားႀကီး႐ြာတဲ့အခါက်ေတာ့ ေရကိုမထိန္းထား ႏိုင္ေတာ့ ျမစ္ေတြထဲမွာ ေရႀကီးေရလ်ံ တာေတြျဖစ္တယ္” လို႔ဆိုပါ တယ္။

ယခုဆိုရင္ ကမာၻ႔သစ္ေတာျပဳန္းတီးမႈ အမ်ားဆုံးႏိုင္ငံေတြရဲ႕ စာရင္း မွာ အဆင့္ ၄ ေနရာကိုေရာက္ေနၿပီး ၂၀၁၅ ခုႏွစ္ကအဆင့္ ၃ ေနရာ သို႔ ေရာက္ရွိခဲ့တဲ့ ျမန္မာႏိုင္ငံဟာကုလသမဂၢမွ ေကာက္ခံခဲ့တဲ့ စာရင္းေတြ အရဆိုရင္ ၁၉၈၀ ခုႏွစ္ ပတ္ဝန္းက်င္က တစ္ႏိုင္ငံလုံး အတိုင္းအတာအရသစ္ေတာဖုံးလႊမ္းမႈ ၄၈ ရာခိုင္ႏႈန္းေက်ာ္ ရွိခဲ့ၿပီး ၁၉၉၀ ကာလမွ စတင္ကာ သစ္ေတာျပဳန္းတီးမႈေတြ ဆိုး႐ြာစြာ
ျဖစ္ေပၚ ခဲ့သလို၂၀၁၀ ေလာက္မွာေတာ့ တစ္ႏိုင္ငံလုံးရဲ႕ သစ္ေတာ ဖုံးလႊမ္းမႈဟာ ၂၀ ရာခိုင္ႏႈန္းေလာက္ ထပ္မံက်ဆင္းခဲ့တယ္လို႔ ဆိုထားပါတယ္။

ျမန္မာႏိုင္ငံမွာသစ္ေတာဌာနကို ၁၈၅၆ ခုႏွစ္တြင္ စတင္ဖြဲ႕စည္းခဲ့ၿပီး ၁၉၉၄ ခုႏွစ္မွာႏိုင္ငံေတာ္ အစိုးရကလက္ခံက်င့္သုံးေနတဲ့ ေဈးကြက္ စီးပြားေရးမူဝါဒအရသစ္အေျခခံတဲ့ ပုဂၢလိကလုပ္ငန္းမ်ား တိုးတက္ မ်ားျပားလာျခင္း၊ တိုးပြားမ်ားျပားလာတဲ့ လူဦးေရနဲ႔ အညီ သစ္ေတာ ထြက္ပစၥည္းလိုအပ္ခ်က္ေတြ မ်ားျပားလာျခင္း၊ ကမာၻ႔ေဈးကြက္မွာ သစ္ဝယ္လိုအားေကာင္းလာတဲ့အတြက္ သစ္ေဈးႏႈန္းမ်ား တစ္ရွိန္ ထိုးတိုးတက္လာတာေတြေၾကာင့္ သစ္ခိုးထုတ္မႈေတြဟာ လည္း နည္းလမ္းမ်ိဳးစုံနဲ႔လုပ္ေဆာင္တာေတြ မ်ားျပားလာတဲ့အျပင္ သဘာဝေတာပ်က္စီးလာတာေတြ၊ သဘာဝပတ္ဝန္းက်င္နဲ႔ ေရေဝေရလဲေဒသေတြကိုလည္းထိခိုက္ပ်က္စီးမႈေတြကို ႀကဳံလာခဲ့ရတယ္လို႔ သစ္ေတာဦးစီးဌာနကတရားဝင္ထုတ္ျပန္ထားပါတယ္။

သစ္ေတာျပဳန္းတီးလာတဲ့ ျမန္မာႏိုင္ငံဟာရာသီဥတုမညီမွ်မႈမ်ား ျဖစ္ေပၚလာခဲ့ၿပီး ေႏြအခါဆိုရင္ပူျပင္းလြန္းတဲ့ဒဏ္၊မိုးအခါမွာေလျပင္း တိုက္ခတ္တာေတြ၊ ေရႀကီးတာေတြ၊ အခ်ိန္အခါမဟုတ္ မိုး႐ြာခ်တာေတြ၊ မိုးသီးေႂကြက်တာေတြ၊ မိုးႀကိဳးပစ္တာေတြ အစရွိတဲ့ျဖစ္စဥ္ေတြ ႀကဳံလာတဲ့အျပင္ တစ္ႀကိမ္တစ္ခါမွမျဖစ္ေပၚဖူးတဲ့ မုန္တိုင္းေဘး အႏၲရာယ္ကို ႀကဳံလာကာ လူေပါင္းေျမာက္မ်ားစြာေသေၾက ပ်က္စီး ခဲ့ၾကျပန္ပါတယ္။

ရာသီဥတုေျပာင္းလဲေဖာက္ျပန္မႈေၾကာင့္ ကမာၻတစ္ဝွမ္းမွာ သဘာဝ ေဘးအႏၲရာယ္ျဖစ္စဥ္ေတြကိုအစဥ္တစ္စိုက္ ေလ့လာမွတ္တမ္းတင္ သတိေပးေနတဲ့ GERMAN WATCH အဖြဲ႕က ၁၉၉၅ ခုႏွစ္ကေန ၂၀၁၄ ခုႏွစ္ အထိ ႏွစ္ေပါင္း၂၀ကာလအတြင္း သဘာဝေဘး အႏၲရာယ္ အမ်ားဆုံးႀကဳံခဲ့ရတဲ့ ႏိုင္ငံေတြရဲ႕စာရင္းထဲမွာ ျမန္မာႏိုင္ငံ ကိုနံပါတ္ ၂ ေနရာမွာေဖာ္ျပခဲ့ၿပီးလက္ရွိအခ်ိန္အထိလည္းအဆင့္ ၂ ေနရာမွာဆက္လက္ ရပ္တည္ေနတယ္လို႔ မိုးေလဝသႏွင့္ ဇလေဗဒ ပညာရွင္ ဦးထြန္းလြင္ကမွတ္ခ်က္ျပဳေျပာၾကားပါတယ္။

၂၀၀၈ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ နာဂစ္မုန္တိုင္းေၾကာင့္ ဧရာဝတီ၊ ရန္ကုန္စတဲ့ တိုင္းေဒသႀကီးေတြမွာ မုန္တိုင္းဒီေရႀကဳံကာ လူေပါင္း တစ္သိန္းသုံးေသာင္းေက်ာ္နဲ႔ ကြၽဲ၊ႏြားတိရစာၦန္ေတြ၊ လယ္ယာေျမေတြ၊ လူေနအိမ္ေတြမေရမတြက္ႏိုင္ေလာက္ေအာင္ အမ်ားအျပား ပ်က္စီးဆုံးရႈံးခဲ့ပါတယ္။အဲ့ဒီဆုံးရႈံးမႈေတြဟာလက္ရွိအခ်ိန္ ကာလ အထိ႐ိုက္ခတ္ေနဆဲျဖစ္ၿပီးနာဂစ္ေၾကာင့္ တိုင္းနဲ႔ ျပည္နယ္ အသီးသီး ကိုေရာက္ရွိသြားခဲ့တဲ့ အိုးမဲ့၊ အိမ္မဲ့ လူေပါင္းေျမာက္မ်ားစြာ ဟာေန႔စဥ္ ဘဝကိုခက္ခက္ခဲခဲ႐ုန္းကန္ေနၾကပါတယ္။

ေသေၾကပ်က္စီးမႈမ်ားျပားကာဆိုး႐ြားတဲ့အနိ႒ာ႐ုံေတြေပးသြားခဲ့တဲ့နာဂစ္မုန္တိုင္းအၿပီးမွာေတာ့ ျမန္မာႏိုင္ငံသားေတြဟာ ရာသီဥတု သတင္းေတြ အေပၚပိုမိုအာ႐ုံစိုက္လာခဲ့ၾကေပမယ့္ သစ္ေတာသစ္ပင္ေတြ မပ်က္စီးေအာင္ ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ကိုေတာ့အခြင့္အေရး မရခဲ့ၾကတဲ့အျပင္စီးပြားေရးေလာဘသားေတြေၾကာင့္ သစ္ေတာေတြ ဟာထပ္မံပ်က္စီးခဲ့ျပန္တယ္။ သစ္ေတာျပဳန္းတီးမႈ ေတြအျပင္ သတၳဳ တြင္းေတြ၊ ေရကာတာေတြ၊စိုက္ပ်ိဳးေျမခ်ဲ႕ ထြင္တာေတြကလည္းေရႀကီးေရလွ်ံ မႈေတြကိုပိုဆိုး႐ြားလာေစခဲ့တယ္လို႔ ဦးဝင္းမ်ိဳးသူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

“ေရႀကီးေရလွ်ံတာသဘာဝသစ္ေတာနဲ႔ ဆက္စပ္ေနတယ္၊ ၿမိဳ႕ျပေတြ ကလည္း ျမစ္ကမ္းပါးေတြကိုတိုးခ်ဲ႕လာတယ္၊ ေရမဝင္ေအာင္ အကာေတြ ပတ္တယ္၊ ေရျပင္ကိုတားဆီးတယ္ေပါ့၊ အဲ့ဒီေတာ့ ေရေတြကပိုၿပီးေတာ့ သြားစရာေနရာမရွိေတာ့ အနိမ့္ပိုင္းေတြ ကို ဟိုဘက္ထိုးဒီဘက္ထိုးၿပီးေတာ့ ပိုၿပီးေတာ့ ဆိုးလာတယ္၊ အထူး သျဖင့္ ဆင္းရဲႏြမ္းပါးတဲ့သူေတြကပိုခံရတယ္၊ ကာႏိုင္တဲ့သူကကာၿပီး
ေတာ့ ေရကိုလြဲတယ္၊ ေရကဆင္းရဲသားေတြ ေနတဲ့ ရပ္ကြက္ေတြထဲေတာင္သူလယ္သမားေတြေနတဲ့ လယ္ကြက္ထဲကို ေရေတြေရာက္ ကုန္တယ္”လို႔ ဆိုပါတယ္။

ျမန္မာႏိုင္ငံရဲ႕ မိုး႐ြာသြန္းတဲ့ ရက္ေတြကို ေရွးလူႀကီးေတြ ေျပာစကား အရၾသကၤန္က်ၿပီး ၄၅ ရက္မွာမိုးၿဖိဳင္ၿဖိဳင္႐ြာေလ့ရွိတယ္လို႔ ဆိုေပ မယ့္ ယခု ၂၀၁၉ ခုႏွစ္မွာေတာ့ပုံမွန္႐ြာေနက်မိုးေရခ်ိန္ထက္ ေလ်ာ့ နည္း႐ြာသြန္းတဲ့အတြက္ ေရျပတ္လတ္မႈအေျခအေနေတြကို ႀကဳံေတြ႕ လာရပါတယ္။ ျမန္မာႏိုင္ငံမွာ ရွိတဲ့ဆည္ေတြ ဟာလည္း အနိမ့္ဆုံးေရအမွတ္ကို ေရာက္ရွိဖို႔နီးစပ္ေနၿပီး ေရအားလွ်ပ္စစ္ထုတ္လုပ္တဲ့ စက္႐ုံေတြဟာလည္းေရနည္းလာတာေၾကာင့္လွ်ပ္စစ္ဓာတ္အား ထုတ္ယူႏိုင္မႈမရွိေတာ့တဲ့အတြက္တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ လွ်ပ္စစ္မီးျပတ္ေတာက္မႈေတြကို ႀကဳံေနရၿပီျဖစ္ပါတယ္။

မုတ္သုံေလဟာျမန္မာႏိုင္ငံကိုေမလ ၂၀ ရက္ေန႔အထိ ဝင္ေရာက္ လာျခင္း မရွိေသးဘဲေမလ ၂၁ ရက္ေန႔မွ ၂၃ရက္အတြင္း ျမန္မာႏိုင္ငံေတာင္ပိုင္းေဒသေတြကိုစတင္ဝင္ေရာက္လာႏိုင္ၿပီးမုတ္သုံေလအားအသင့္အတင့္ ရွိႏိုင္တယ္လို႔ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနကထုတ္ျပန္ထားပါတယ္။ေႏြအခါပူျပင္းတဲ့ဒဏ္၊ေရျပတ္လပ္တဲ့ ဒဏ္ေတြကို ႏွစ္စဥ္လိုလိုခံစားရတဲ့ ျမန္မာႏိုင္ငံဟာ မိုးအခါမွာ
ေတာ့ေရႀကီးေရလွ်ံတဲ့ ျဖစ္စဥ္ေတြအတြက္ ႀကိဳတင္ျပင္ဆင္မႈ အစီအစဥ္ေတြကိုလုပ္ေဆာင္ေနရပါတယ္။

ယခုႏွစ္ ေရႀကီးေရလွ်ံမႈေတြအတြက္ ကရင္ျပည္နယ္ မွာ ႀကိဳတင္ျပင္ဆင္မႈ လုပ္ငန္းေတြကိုအမ်ားအျပားလုပ္ေဆာင္ေနတယ္လို႔ ဦးမင္းတင္ဝင္းကဆိုပါတယ္။“ေရႀကီးလာရင္ကာကြယ္ဖို႔ကကြၽန္ေတာ္ တို႔ ေတာ္ေတာ္ေလး ႀကိဳးစားထားတယ္၊ သံလြင္ျမစ္ေရ စီးေၾကာင္းေကာင္းသြားေအာင္အလယ္မွာသဲေတြစုပ္ထုတ္လိုက္တာ တို႔  အဲ့ဒါေတြလုပ္ထားတယ္၊ ေနာက္တစ္ခုက ၿမိဳ႕ထဲကို႐ြာထဲ ကိုဝင္ တဲ့ ေျမာင္းေတြ ၊ ျမစ္လက္တက္ေတြ အဲ့ဒါေတြရွိတယ္၊ အဲ့ဒါကိုေရစီးေရလာေကာင္းေအာင္ ျပန္လုပ္ထားတယ္၊ တစ္ခ်ိဳ႕႐ြာေတြ မွာေရေကာင္းေကာင္း ႀကီးလာရင္ ေရထြက္ေပါက္မရွိေတာ့ဘူး၊လႈိင္းဘြဲ႕ နားမွာတူးေျမာင္းတစ္ခုရွိတယ္၊အဲ့တူးေျမာင္းကမႏွစ္တုန္းကအလယ္ မွာ ပိတ္ေနတယ္၊အဲ့ဒါကိုလည္းျပင္ထားတယ္၊ ဒါေပမဲ့ အမ်ားႀကီး ႀကီး လာရင္လည္းမတက္ႏိုင္ဘူးေပါ့ေနာ္၊ မႏွစ္ကလိုပဲ ေရႀကီးလာ တယ္ ဆိုရင္ေနဖို႔ႏွစ္ခုေလာက္ ပိုၿပီးေဆာက္ထားတယ္၊ အဲ့ဒါေတြကို လည္းပံ့ပိုးျပင္ဆင္ထားတယ္၊ တစ္ခါေရႀကီး ရင္ တစ္ခါခံစားရတယ္” လို႔ ဆိုပါတယ္။

မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕မွာလည္းေရႀကီးမႈေတြေၾကာင့္ ယာဥ္လမ္း မပိတ္ဆို႔ေရးအတြက္ လမ္းတံတားမ်ား ျပင္ဆင္တာေတြ၊ ျမစ္ေခ်ာင္း မ်ား ျပဳျပင္တာေတြကိုလုပ္ေဆာင္ေနၿပီးတျခားတိုင္းနဲ႔ ျပည္နယ္ အသီးသီး မွာလည္းေရေဘး အတြက္ ႀကိဳတင္ျပင္ဆင္တာေတြ ကို လုပ္ေဆာင္ေနလ်က္ရွိပါတယ္။ အပူခ်ိန္ျမင့္ျခင္း၊ ေရႀကီးေရလွ်ံျခင္း၊ မုန္တိုင္းႀကီးမ်ားဝင္ေရာက္ျခင္းစတဲ့သဘာဝေဘးအႏၲရယ္ေတြကိုကာကြယ္တားဆီးႏိုင္ဖို႔အတြက္သစ္ေတာဦးစီးဌာနအေနနဲ႔သစ္ထုတ္ လုပ္မႈကိုရပ္ဆိုင္းတာေတြ၊သစ္ေတာမ်ားတည္ေထာင္တာေတြ၊ ပုဂၢလိကသစ္ေတာစိုက္ခင္းမ်ားခြင့္ျပဳတာေတြကိုလုပ္ကိုင္ေနေပမယ့္ စိုက္ပ်ိဳးထားတဲ့ သစ္ပင္ေတြ အလြယ္တကူ ရွင္သန္ေပါက္ေရာက္ ဖို႔ခက္ခဲျခင္း၊ ႀကီးထြားဖို႔ အခ်ိန္ေတြလိုအပ္ျခင္းစတဲ့ အေျခအေန
ေတြေၾကာင့္လည္းသဘာဝေဘးအႏၲရာယ္ေတြကိုဆက္လက္ရင္ဆိုင္ေနရဦးမယ့္ အေျခအေနမ်ိဳး ျဖစ္ေနပါေသးတယ္။

ျမန္မာႏိုင္ငံသူ ႏိုင္ငံသားေတြအေနနဲ႔ လက္ရွိအခ်ိန္မွ စတင္ကာ အစိုးရနဲ႔ ပူးေပါင္းၿပီး သဘာဝေဘးအႏၲရာယ္ ေတြကို ကာကြယ္ တားဆီးဖို႔ တက္တက္ႂကြႂကြ ေဆာင္႐ြက္ၾကမယ္ ဆိုရင္ သဘာဝေဘးအႏၲရာယ္ေတြကခ်က္ခ်င္းေပ်ာက္ကြယ္သြားမွာမဟုတ္တဲ့ အတြက္ “ေႏြအခါ မိုးကိုေမွ်ာ္၊ မိုးအခါ မၿပိဳပါနဲ႔ မိုး”လို႔ ဆုေတာင္း ရင္း သဘာဝေဘးေတြကိုရင္စည္းခံၾကဖို႔ ျပင္ဆင္ေနရဦးမွာပဲျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)