【 ဗဟုသုတဆောင်းပါး 】 “၁၉၁၈ စပိန်တုပ်ကွေးဗိုင်းရပ်စ်ကို ခြေရာခံခြင်း”

【 ဗဟုသုတဆောင်းပါး 】 “၁၉၁၈ စပိန်တုပ်ကွေးဗိုင်းရပ်စ်ကို ခြေရာခံခြင်း”

၁၉၁၈ ခုနှစ်က ကမ္ဘာတဝှမ်း လူ ၅ သန်းအထိ သေဆုံးစေသော စပိန်တုပ်ကွေးကို ခြေရာခံရန် သိပ္ပံပညာရှင်များသည် အလာစကာ သမုဒ္ဒရာကမ်းခြေရှိ ဘရှီဘစ်မစ်ရှင် အမည်ရှိ ရွာကလေးသို့ သွားရောက်ခဲ့သည်။ထိုစဉ်က ထိုကျေးရွာတွင် အက်စကီးမိုးအများစုပါသော အရွယ်ရောက်ပြီးသူ ၈၀ နေထိုင်ခဲ့ရာ နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရောဂါဖြစ်ပွားစဉ် အရွယ်ရောက်ပြီးသူ ၇၂ ဦး သေဆုံးသည်။ထိုသေဆုံးသူများကို ရွာအနီး တောင်ကုန်းတစ်ခုတွင် စုပေါင်းမြှုပ်နှံထားသည်။ထိုသေဆုံးသူများသည် ရေခဲပြင်အောက်တွင် မြှုပ်နှံထားခံရသောကြောင့် ၁၉၅၁ ခုနှစ်အထိ အရာမယွင်းရှိနေကြသည်။

၁၉၅၁ ခုနှစ်သို့ ရောက်သောအခါ ဆွီဒင် အဏုဇီဝပညာရှင်နှင့် အိုင်အိုဝါ တက္ကသိုလ် ပါရဂူဘွဲ့ယူကျောင်း သား အသက် ၂၅ နှစ်အရွယ် Johan Hultin သည်ထိုရွာသို့သွားရောက်ပြီ လောင်းအချို့ကိုပြန်တူးကာ အဆုတ် တစ်ရှူးကိုယူလာပြီး ထိုဗိုင်းရပ်စ်ကို ပြည်လည်မွေးရန်ကြိုးစားသော်လည်း သယ်ယူပို့ဆောင်ရေးနှင့် နည်းပညာ ပြဿနာများကြောင့် မအောင်မြင်ခဲ့ပေ။ နောက် ၄၆ နှစ်ကြာသောအခါ Johan Hultin သည် ဝါရှင်တန်ရှိ လက် နက်ကိုင်တပ်များရောဂါဗေဒဌာနမှ ဒေါက်တာ Taubenberger နှင့်အဖွဲ့ရေးသည့် ၁၉၁၈ စပိန်တုပ်ကွေး၏ မျိုးဗီဇ ယေဘုယျလက္ခဏာများကို ဖတ်ရသည်။ Taubenbergerနှင့်အဖွဲ့သည် ရောဂါဖြစ်ပွားစဉ်က သေဆုံးသွားသော စစ်သားတဦး၏ အဆုပ်တစ်ရှူးမှ ထိုမျိုးဗီဇအချက်အလက်များရရှိခြင်းဖြစ်သည်။

သို့သော်ရရှိထားသောအချက်များသည် ပြည်စုံခြင်းမရှိသဖြင့် Johan Hultin ကပြန်လည်သွားရောက် တစ်ရှူးနမူနာယူလာပြီး Taubenberger နှင့်အတူသွားရောက်ခဲ့သည်။ ၅ရက်ကြာသောအခါ ၎င်းတို့သည် ထူးခြား သော ရှာဖွေတွေ့ရှိမှု လုပ်ဆောင်နိုင်ခဲ့သည်။ လူစီ၏ အမည်ပေးထားသည့် အမျိုးသမီးတဦး၏ မပျက်စီးသေးသော အဆုတ်မှ ဗိုင်းရပ်များကို ရရှိလိုက်ခြင်းဖြစ်သည်။ ယခင်ရရှိထားသောအဆုတ်တစ်ရှူးနှင့် အခြားသူတဦးတို့မှ ရရှ ိသော ဗိုင်းရပ်စ်များကိုလေ့လာလိုက်သောအခါတွင် ဗိုင်းရပ်စ်၏ ဆင့်ကဲဖြစ်စဉ်တခုလုံးကို သိရပြီး ထိုဗိုင်းရပ်စ် သည် လူသားများသို့ ၁၉၀၀ ခုနှစ်များနှင့် ၁၉၁၅ ခုနှစ်ကြားကပင် ကူးစက်နေပြီးကြောင်း သိရသည်။

၂၀ ရာစုအတွင်း လူအသေအပျောက်အများဆုံး ဖြစ်စေသော ကမ္ဘာ့တဝန်း ကူးစက်ရောဂါ ဗိုင်းရပ်စ်ပိုးကို အတ္တလန်တာရှိ ရောဂါထိန်းချုပ်ရေးဌာန ဌာနချုပ်တွင် ပြန်လည်ဖေါ်ထုတ်ရေးကို အထူးဂရုစိုက်ပြီး လုံခြုံရေးကို အာရုံစိုက်ကာ ဇီဝလုံခြုံရေးဆိုင်ရာ ဒုတိယ အမြင့်ဆုံးအဆင့်ဖြစ်သည့် အဆင့် (၃) ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ဘေးကင်းလုံခြုံရေးအတွက် ရောဂါထိန်းချုပ်ရေးဌာနသည် ဓါတ်ခွဲခန်းတွင်းသို့ လူတဦးသာ ဝင်ရောက် ခွင့်ပြုသည်။ ထိုသို့ ဝင်ရောက်ခွင့်ရသူမှာ ရောဂါထိန်းချုပ်ရေးဌာန ဒါရိုက်တာက ထောက်ခံသော Dr. Terrence Tumpey ဖြစ်သည်။ ထိုဗိုင်းရပ်စ်ပိုးပြည်လည်တည်ဆောက်ရာတွင်မကူးစက်ခံရရေးအတွက် အခြားအစီ အမံ များအပြင် Dr. Terrence Tumpey သည် နေ့စဉ်oseltamivir ဗိုင်းရပ်စ်ကာကွယ်ဆေးသောက်ရပြီး ကူစက်ခံ ရပါက သီးခြားခွဲထားစောင့်ကြည့်မည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

ဗိုင်းရပ်စ်ပြန်လည်ဆောက်ရေးလုပ်ငန်းများ ၂၀၀၅ ခုနှစ် နွေရာသီတွင် စတင်သည်။ ၁၉၁၈ ဗိုင်းရပ်၏ အ စိတ်အပိုင်း ၈ ခုအတွက် ဖေါ်ထုတ်ထားသည့် မျိုးဗီဇ တည်ဆောက်ပုံများကို လူသားကျောက်ကပ်ဆဲလ်တွင် သူ မွေးမြူ သည်။ ရက်သတ္တပတ်အတန်ကြာသောအခါတွင် သူသည် ၁၉၁၈ ဗိုင်းရပ်စ်၏ ပြီးပြည့်စုံသော RNA ကိုပြန် လည်တည်ဆောက်နိုင်ခဲ့သည်။ မျိုးတုံးပျောက်ကွယ်သွားသော ဗိုင်းရပ်စ်ကို ပြန်လည် ဖေါ်ထုတ်နိုင် သော ကြောင့် သမိုင်းတွင်မည့်အောင်မြင်မှုဖြစ်ကြောင်း သူသိသည်။ နောက်တဆင့်မှာ ထိုဗိုင်းရပ်စ်ကိုလေ့လာပြီး မည်သည့် အတွက် အသေအပျောက်များရသည်ကို လေ့လာရန်သာဖြစ်သည်။

၁၉၁၈ ခုနှစ်ဗိုင်းရပ်က တိရိစ္တာန်များတွင် ရောဂါကူးစက်နိုင်ခြေကို ကြွက်များဖြင့်လေ့လာခဲ့ရာ ၎င်းတို့ သည် ကြွက်များ၏ အဆုတ်အတွင်း အလျှင်အမြန်ပွားများနိုင်ကြကြောင်းတွေ့ရသည်။ ၁၉၁၈ ခုနှစ်ဗိုင်းရပ်စ် ရော ဂါကူးစက်ခံရပြီး ကြွက်များတွင် ဗိုင်းရပ်စ်ပွားများမှုမှာ အခြားပေါင်းစပ်ဗိုင်းရပ်စ်များထက် အဆ ၃၉၀၀ ပိုများ ကြောင်းတွေ့ရသည်။ ထို့အပြင် ၁၉၁၈ ဗိုင်းရပ်စ်သည် ကြွက်များအကြားတွင်လည်း သေဆုံးမှုမြင့်မားစေသည်။ ကြွက်များသည် ရောဂါကူးစက်ပြီး နောက် ၃ ရက်တွင်း သေဆုံးကြပြီး နှစ်ရက်အတွင်းခန္ဒာကိုယ် အလေးချိန် ၁၃ ရာခိုင်နှုန်း ဆုံးရှုံးကြသည်။ ၁၉၁၈ ဗိုင်းရပ်စ် အခြားမျိုးစပ် ဗိုင်းရပ်များထက် သေဆုံးမှုနှုန်း အဆ ၁၀၀  ပိုမိုမြင့်မား သည်ဟုဆိုသည်။ ကြွက်များ၏ အရေးပါသော ဦးနှောက်၊ အသည်းနှင့် နှလုံးကဲ့သို့သော အခြားအစိတ် အပိုင်းများ ကို ဗိုင်းရပ်စ်က တိုက်ခိုက်ခြင်းရှိမရှိလေ့လောသောအခါ ထိခိုက်စေခြင်းမရှိကြောင်း တွေ့ရသည်ဟု ဆိုသည်။

သို့သော် ထိုသို့သော ကူးစက်ရောဂါတွေအတွက် ကမ္ဘာတွင် ယခုချိန်ထိ လုံလောက်သော ပြင်ဆင်မှုများ မရှိသေး။ အထူးသဖြင့် ကူးစက်ရောဂါကပ်ဘေးအတွက် နိုင်ငံတိုင်းတွင် အစီအစဉ်မရှိခြင်းက နောင်တွင် စပိန်တုပ်ကွေးကဲ့သို့ ရောဂါမျိုးဖြစ်လာပါက ထပ်မံအသေအပျောက်များဆဲပင်ဖြစ်ဦးမည်ဖြစ်ကာ ထိန်းချုပ်ရန် ခက်ခဲနိုင်သည်ကို ကြိုတင်သတိပေးခဲ့သည်။

အမှန်တကယ်လည်း တကမ္ဘာလုံးဆိုင်ရာအဆင့်တွင်အခြားစိန်ခေါ်မှုများဖြစ်သည့် စောင့်ကြည့်ခြင်း ၊ အခြေခံအဆောက်အအုံနှင့်ကူးစက်ရောဂါစီမံကိန်းများကို တုံပြန်မှုကို ရင်ဆိုင်နေရသည်။ WHO သို့အစီရင်ခံသည့် နိုင်ငံအများစုတွင်အမျိုးသားကူးစက်ရောဂါအစီအစဉ်မရှိသေးသလို  အထူးသဖြင့် တစ်ဦးချင်း ၀င်ငွေနည်းပါး သော နိုင်ငံများတွင်ပြင်းထန်သောကူးစက်ရောဂါဖြစ်ပွားမှု၏တောင်းဆိုချက်များကို ဖြည့်တင်းရန် မလုံလောက် သေးပါ။

ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေများအတွက်တုန့်ပြန်မှုစွမ်းရည်တိုးတက်စေရန်နိုင်ငံများ အတွက်ပြန်လည်ပြင်ဆင်ထားသောအပြည်ပြည်ဆိုင်ရာကျန်းမာရေးစည်းမျဉ်းများ (IHR) တွင်တင်ပြထား သော်လည်း ၂၀၁၆ ခုနှစ်တွင်နိုင်ငံသုံးပုံတစ်ပုံသာလိုက်နာမှုရှိကြသည်။

ဤပြဿနာများအားလုံးအတွက် ကြိုတင်ပြင်ဆင်ရန်အမေရိကန်ပြည်ထောင်စု၌ရောနိုင်ငံတကာတွင် ပါလုပ်စရာများစွာပိုလုပ်ရန်လိုကြောင်းပြသနေသည်။ ၂၀၁၈ မေ ၇ရက်တွင်အမေရိကန်ပြည် ထောင်စုရောဂါထိန်း ချုပ်ရေးနှင့်ကာကွယ်ရေးစင်တာများနှင့် ပူးပေါင်း၍ အီလင်ရီတက္ကသိုလ်နှင့် ပြည်သူ့ကျန်းမာရေးကျောင်း တို့ပူး ပေါင်းကာ  ၁၉၁၈ ခုနှစ်စပိန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှစ် ၁၀၀ ပြည့်အခမ်းအနားကိုကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ အစိုးရနှင့်ပညာရှင်များမှကျွမ်းကျင်ပညာရှင်များပါဝင်တက်ရောက်ပြီး၊ ယခုဖြစ်ပွားနေသော ကပ်ရောဂါအန္တရာယ်များနှင့်အနာဂါတ်ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဆွေးနွေးပွဲများသို့ တက်ရောက်ဆွေးနွေးခဲ့သည်။ အစည်းအဝေးသို့တက်ရောက်ခဲ့သည့်အမေရိကန်နှင့်ကမ္ဘာလုံးဆိုင်ရာတုပ်ကွေးရောဂါကျွမ်းကျင်သူများကကျွန်ုပ်တို့သည်အနာဂတ်တွင်တုပ်ကွေးရောဂါဖြစ်ပွားမှုအတွက်ကြိုတင်ပြင်ဆင်ရန်အတွက်ကြီးမားသောစိန်ခေါ်မှုများ နှင့်ရင်ဆိုင်နေရဆဲဖြစ်သည်ကိုသဘောတူခဲ့ကြသော်လည်း ဖြေရှင်းချက်၏တစ်စိတ်တစ်ပိုင်းမှာ ထိုစိန်ခေါ်မှုများကိုအသိအမှတ်ပြုခြင်းနှင့်အခြားကမ္ဘာ့နိုင်ငံများနှင့်အတူတကွကိုင်တွယ်ခြင်းတို့ဖြစ်ကြောင်းလက်ခံခဲ့ကြပါသည်။

မင်းသန့်
ဧပြီ - ၁၄
Ref : pandemic-resources/reconstruction-1918-virus
( Zawgyi )
၁၉၁၈ ခုႏွစ္က ကမာၻတဝွမ္း လူ ၅ သန္းအထိ ေသဆုံးေစေသာ စပိန္တုပ္ေကြးကို ေျခရာခံရန္ သိပၸံပညာရွင္မ်ားသည္ အလာစကာ သမုဒၵရာကမ္းေျခရွိ ဘရွီဘစ္မစ္ရွင္ အမည္ရွိ ႐ြာကေလးသို႔ သြားေရာက္ခဲ့သည္။ထိုစဥ္က ထိုေက်း႐ြာတြင္ အက္စကီးမိုးအမ်ားစုပါေသာ အ႐ြယ္ေရာက္ၿပီးသူ ၈၀ ေနထိုင္ခဲ့ရာ ႏိုဝင္ဘာလ ၁၅ ရက္ေန႔မွ ၂၀ ရက္ေန႔အထိ ေရာဂါျဖစ္ပြားစဥ္ အ႐ြယ္ေရာက္ၿပီးသူ ၇၂ ဦး ေသဆုံးသည္။ထိုေသဆုံးသူမ်ားကို ႐ြာအနီး ေတာင္ကုန္းတစ္ခုတြင္ စုေပါင္းျမႇဳပ္ႏွံထားသည္။ထိုေသဆုံးသူမ်ားသည္ ေရခဲျပင္ေအာက္တြင္ ျမႇဳပ္ႏွံထားခံရေသာေၾကာင့္ ၁၉၅၁ ခုႏွစ္အထိ အရာမယြင္းရွိေနၾကသည္။

၁၉၅၁ ခုႏွစ္သို႔ ေရာက္ေသာအခါ ဆြီဒင္ အဏုဇီဝပညာရွင္ႏွင့္ အိုင္အိုဝါ တကၠသိုလ္ ပါရဂူဘြဲ႕ယူေက်ာင္း သား အသက္ ၂၅ ႏွစ္အ႐ြယ္ Johan Hultin သည္ထို႐ြာသို႔သြားေရာက္ၿပီ ေလာင္းအခ်ိဳ႕ကိုျပန္တူးကာ အဆုတ္ တစ္ရႉးကိုယူလာၿပီး ထိုဗိုင္းရပ္စ္ကို ျပည္လည္ေမြးရန္ႀကိဳးစားေသာ္လည္း သယ္ယူပို႔ေဆာင္ေရးႏွင့္ နည္းပညာ ျပႆနာမ်ားေၾကာင့္ မေအာင္ျမင္ခဲ့ေပ။ ေနာက္ ၄၆ ႏွစ္ၾကာေသာအခါ Johan Hultin သည္ ဝါရွင္တန္ရွိ လက္ နက္ကိုင္တပ္မ်ားေရာဂါေဗဒဌာနမွ ေဒါက္တာ Taubenberger ႏွင့္အဖြဲ႕ေရးသည့္ ၁၉၁၈ စပိန္တုပ္ေကြး၏ မ်ိဳးဗီဇ ေယဘုယ်လကၡဏာမ်ားကို ဖတ္ရသည္။ Taubenbergerႏွင့္အဖြဲ႕သည္ ေရာဂါျဖစ္ပြားစဥ္က ေသဆုံးသြားေသာ စစ္သားတဦး၏ အဆုပ္တစ္ရႉးမွ ထိုမ်ိဳးဗီဇအခ်က္အလက္မ်ားရရွိျခင္းျဖစ္သည္။

သို႔ေသာ္ရရွိထားေသာအခ်က္မ်ားသည္ ျပည္စုံျခင္းမရွိသျဖင့္ Johan Hultin ကျပန္လည္သြားေရာက္ တစ္ရႉးနမူနာယူလာၿပီး Taubenberger ႏွင့္အတူသြားေရာက္ခဲ့သည္။ ၅ရက္ၾကာေသာအခါ ၎တို႔သည္ ထူးျခား ေသာ ရွာေဖြေတြ႕ရွိမႈ လုပ္ေဆာင္ႏိုင္ခဲ့သည္။ လူစီ၏ အမည္ေပးထားသည့္ အမ်ိဳးသမီးတဦး၏ မပ်က္စီးေသးေသာ အဆုတ္မွ ဗိုင္းရပ္မ်ားကို ရရွိလိုက္ျခင္းျဖစ္သည္။ ယခင္ရရွိထားေသာအဆုတ္တစ္ရႉးႏွင့္ အျခားသူတဦးတို႔မွ ရရွ ိေသာ ဗိုင္းရပ္စ္မ်ားကိုေလ့လာလိုက္ေသာအခါတြင္ ဗိုင္းရပ္စ္၏ ဆင့္ကဲျဖစ္စဥ္တခုလုံးကို သိရၿပီး ထိုဗိုင္းရပ္စ္ သည္ လူသားမ်ားသို႔ ၁၉၀၀ ခုႏွစ္မ်ားႏွင့္ ၁၉၁၅ ခုႏွစ္ၾကားကပင္ ကူးစက္ေနၿပီးေၾကာင္း သိရသည္။

၂၀ ရာစုအတြင္း လူအေသအေပ်ာက္အမ်ားဆုံး ျဖစ္ေစေသာ ကမာၻ႔တဝန္း ကူးစက္ေရာဂါ ဗိုင္းရပ္စ္ပိုးကို အတၱလန္တာရွိ ေရာဂါထိန္းခ်ဳပ္ေရးဌာန ဌာနခ်ဳပ္တြင္ ျပန္လည္ေဖၚထုတ္ေရးကို အထူးဂ႐ုစိုက္ၿပီး လုံၿခဳံေရးကို အာ႐ုံစိုက္ကာ ဇီဝလုံၿခဳံေရးဆိုင္ရာ ဒုတိယ အျမင့္ဆုံးအဆင့္ျဖစ္သည့္ အဆင့္ (၃) ျဖင့္ လုပ္ေဆာင္ခဲ့ျခင္း ျဖစ္သည္။ ေဘးကင္းလုံၿခဳံေရးအတြက္ ေရာဂါထိန္းခ်ဳပ္ေရးဌာနသည္ ဓါတ္ခြဲခန္းတြင္းသို႔ လူတဦးသာ ဝင္ေရာက္ ခြင့္ျပဳသည္။ ထိုသို႔ ဝင္ေရာက္ခြင့္ရသူမွာ ေရာဂါထိန္းခ်ဳပ္ေရးဌာန ဒါ႐ိုက္တာက ေထာက္ခံေသာ Dr. Terrence Tumpey ျဖစ္သည္။ ထိုဗိုင္းရပ္စ္ပိုးျပည္လည္တည္ေဆာက္ရာတြင္မကူးစက္ခံရေရးအတြက္ အျခားအစီ အမံ မ်ားအျပင္ Dr. Terrence Tumpey သည္ ေန႔စဥ္oseltamivir ဗိုင္းရပ္စ္ကာကြယ္ေဆးေသာက္ရၿပီး ကူစက္ခံ ရပါက သီးျခားခြဲထားေစာင့္ၾကည့္မည္ျဖစ္ေၾကာင္းလည္း အသိေပးထားသည္။

ဗိုင္းရပ္စ္ျပန္လည္ေဆာက္ေရးလုပ္ငန္းမ်ား ၂၀၀၅ ခုႏွစ္ ေႏြရာသီတြင္ စတင္သည္။ ၁၉၁၈ ဗိုင္းရပ္၏ အ စိတ္အပိုင္း ၈ ခုအတြက္ ေဖၚထုတ္ထားသည့္ မ်ိဳးဗီဇ တည္ေဆာက္ပုံမ်ားကို လူသားေက်ာက္ကပ္ဆဲလ္တြင္ သူ ေမြးျမဴ သည္။ ရက္သတၱပတ္အတန္ၾကာေသာအခါတြင္ သူသည္ ၁၉၁၈ ဗိုင္းရပ္စ္၏ ၿပီးျပည့္စုံေသာ RNA ကိုျပန္ လည္တည္ေဆာက္ႏိုင္ခဲ့သည္။ မ်ိဳးတုံးေပ်ာက္ကြယ္သြားေသာ ဗိုင္းရပ္စ္ကို ျပန္လည္ ေဖၚထုတ္ႏိုင္ ေသာ ေၾကာင့္ သမိုင္းတြင္မည့္ေအာင္ျမင္မႈျဖစ္ေၾကာင္း သူသိသည္။ ေနာက္တဆင့္မွာ ထိုဗိုင္းရပ္စ္ကိုေလ့လာၿပီး မည္သည့္ အတြက္ အေသအေပ်ာက္မ်ားရသည္ကို ေလ့လာရန္သာျဖစ္သည္။

၁၉၁၈ ခုႏွစ္ဗိုင္းရပ္က တိရိစၱာန္မ်ားတြင္ ေရာဂါကူးစက္ႏိုင္ေျခကို ႂကြက္မ်ားျဖင့္ေလ့လာခဲ့ရာ ၎တို႔ သည္ ႂကြက္မ်ား၏ အဆုတ္အတြင္း အလွ်င္အျမန္ပြားမ်ားႏိုင္ၾကေၾကာင္းေတြ႕ရသည္။ ၁၉၁၈ ခုႏွစ္ဗိုင္းရပ္စ္ ေရာ ဂါကူးစက္ခံရၿပီး ႂကြက္မ်ားတြင္ ဗိုင္းရပ္စ္ပြားမ်ားမႈမွာ အျခားေပါင္းစပ္ဗိုင္းရပ္စ္မ်ားထက္ အဆ ၃၉၀၀ ပိုမ်ား ေၾကာင္းေတြ႕ရသည္။ ထို႔အျပင္ ၁၉၁၈ ဗိုင္းရပ္စ္သည္ ႂကြက္မ်ားအၾကားတြင္လည္း ေသဆုံးမႈျမင့္မားေစသည္။ ႂကြက္မ်ားသည္ ေရာဂါကူးစက္ၿပီး ေနာက္ ၃ ရက္တြင္း ေသဆုံးၾကၿပီး ႏွစ္ရက္အတြင္းခႏၵာကိုယ္ အေလးခ်ိန္ ၁၃ ရာခိုင္ႏႈန္း ဆုံးရႈံးၾကသည္။ ၁၉၁၈ ဗိုင္းရပ္စ္ အျခားမ်ိဳးစပ္ ဗိုင္းရပ္မ်ားထက္ ေသဆုံးမႈႏႈန္း အဆ ၁၀၀  ပိုမိုျမင့္မား သည္ဟုဆိုသည္။ ႂကြက္မ်ား၏ အေရးပါေသာ ဦးေႏွာက္၊ အသည္းႏွင့္ ႏွလုံးကဲ့သို႔ေသာ အျခားအစိတ္ အပိုင္းမ်ား ကို ဗိုင္းရပ္စ္က တိုက္ခိုက္ျခင္းရွိမရွိေလ့ေလာေသာအခါ ထိခိုက္ေစျခင္းမရွိေၾကာင္း ေတြ႕ရသည္ဟု ဆိုသည္။

သို႔ေသာ္ ထိုသို႔ေသာ ကူးစက္ေရာဂါေတြအတြက္ ကမာၻတြင္ ယခုခ်ိန္ထိ လုံေလာက္ေသာ ျပင္ဆင္မႈမ်ား မရွိေသး။ အထူးသျဖင့္ ကူးစက္ေရာဂါကပ္ေဘးအတြက္ ႏိုင္ငံတိုင္းတြင္ အစီအစဥ္မရွိျခင္းက ေနာင္တြင္ စပိန္တုပ္ေကြးကဲ့သို႔ ေရာဂါမ်ိဳးျဖစ္လာပါက ထပ္မံအေသအေပ်ာက္မ်ားဆဲပင္ျဖစ္ဦးမည္ျဖစ္ကာ ထိန္းခ်ဳပ္ရန္ ခက္ခဲႏိုင္သည္ကို ႀကိဳတင္သတိေပးခဲ့သည္။

အမွန္တကယ္လည္း တကမာၻလုံးဆိုင္ရာအဆင့္တြင္အျခားစိန္ေခၚမႈမ်ားျဖစ္သည့္ ေစာင့္ၾကည့္ျခင္း ၊ အေျခခံအေဆာက္အအုံႏွင့္ကူးစက္ေရာဂါစီမံကိန္းမ်ားကို တုံျပန္မႈကို ရင္ဆိုင္ေနရသည္။ WHO သို႔အစီရင္ခံသည့္ ႏိုင္ငံအမ်ားစုတြင္အမ်ိဳးသားကူးစက္ေရာဂါအစီအစဥ္မရွိေသးသလို  အထူးသျဖင့္ တစ္ဦးခ်င္း ၀င္ေငြနည္းပါး ေသာ ႏိုင္ငံမ်ားတြင္ျပင္းထန္ေသာကူးစက္ေရာဂါျဖစ္ပြားမႈ၏ေတာင္းဆိုခ်က္မ်ားကို ျဖည့္တင္းရန္ မလုံေလာက္ ေသးပါ။

ျပည္သူ႔က်န္းမာေရးအေရးေပၚအေျခအေနမ်ားအတြက္တုန႔္ျပန္မႈစြမ္းရည္တိုးတက္ေစရန္ႏိုင္ငံမ်ား အတြက္ျပန္လည္ျပင္ဆင္ထားေသာအျပည္ျပည္ဆိုင္ရာက်န္းမာေရးစည္းမ်ဥ္းမ်ား (IHR) တြင္တင္ျပထား ေသာ္လည္း ၂၀၁၆ ခုႏွစ္တြင္ႏိုင္ငံသုံးပုံတစ္ပုံသာလိုက္နာမႈရွိၾကသည္။

ဤျပႆနာမ်ားအားလုံးအတြက္ ႀကိဳတင္ျပင္ဆင္ရန္အေမရိကန္ျပည္ေထာင္စု၌ေရာႏိုင္ငံတကာတြင္ ပါလုပ္စရာမ်ားစြာပိုလုပ္ရန္လိုေၾကာင္းျပသေနသည္။ ၂၀၁၈ ေမ ၇ရက္တြင္အေမရိကန္ျပည္ ေထာင္စုေရာဂါထိန္း ခ်ဳပ္ေရးႏွင့္ကာကြယ္ေရးစင္တာမ်ားႏွင့္ ပူးေပါင္း၍ အီလင္ရီတကၠသိုလ္ႏွင့္ ျပည္သူ႔က်န္းမာေရးေက်ာင္း တို႔ပူး ေပါင္းကာ  ၁၉၁၈ ခုႏွစ္စပိန္တုပ္ေကြးေရာဂါျဖစ္ပြားမႈႏွစ္ ၁၀၀ ျပည့္အခမ္းအနားကိုက်င္းပခဲ့သည္။ အဆိုပါ အခမ္းအနားသို႔ အစိုးရႏွင့္ပညာရွင္မ်ားမွကြၽမ္းက်င္ပညာရွင္မ်ားပါဝင္တက္ေရာက္ၿပီး၊ ယခုျဖစ္ပြားေနေသာ ကပ္ေရာဂါအႏၲရာယ္မ်ားႏွင့္အနာဂါတ္ႀကိဳတင္ျပင္ဆင္မႈဆိုင္ရာ ေဆြးေႏြးပြဲမ်ားသို႔ တက္ေရာက္ေဆြးေႏြးခဲ့သည္။ အစည္းအေဝးသို႔တက္ေရာက္ခဲ့သည့္အေမရိကန္ႏွင့္ကမာၻလုံးဆိုင္ရာတုပ္ေကြးေရာဂါကြၽမ္းက်င္သူမ်ားကကြၽႏ္ုပ္တို႔သည္အနာဂတ္တြင္တုပ္ေကြးေရာဂါျဖစ္ပြားမႈအတြက္ႀကိဳတင္ျပင္ဆင္ရန္အတြက္ႀကီးမားေသာစိန္ေခၚမႈမ်ား ႏွင့္ရင္ဆိုင္ေနရဆဲျဖစ္သည္ကိုသေဘာတူခဲ့ၾကေသာ္လည္း ေျဖရွင္းခ်က္၏တစ္စိတ္တစ္ပိုင္းမွာ ထိုစိန္ေခၚမႈမ်ားကိုအသိအမွတ္ျပဳျခင္းႏွင့္အျခားကမာၻ႔ႏိုင္ငံမ်ားႏွင့္အတူတကြကိုင္တြယ္ျခင္းတို႔ျဖစ္ေၾကာင္းလက္ခံခဲ့ၾကပါသည္။

မင္းသန႔္
ဧၿပီ - ၁၄
Ref : pandemic-resources/reconstruction-1918-virus