【 ဗဟုသုတဆောင်းပါး 】 “အသေအပျောက်အများဆုံး ကမ္ဘာ့ကပ်ဆိုးရောဂါ ၁၀ ခု”

【 ဗဟုသုတဆောင်းပါး 】 “အသေအပျောက်အများဆုံး  ကမ္ဘာ့ကပ်ဆိုးရောဂါ ၁၀ ခု”

သိပ္ပံပညာရှင်များနှင့် ဆေးသုတေသနသမားများက တစ်ကမ္ဘာလုံး သို့မဟုတ် တစ်နိုင်ငံလုံး ရောဂါကူးစက်မှုနှင့် လူမှုအသိုင်းအဝန်းတစ်ခုအတွင်း ရောဂါကူးစက်မှုအကြား တိကျသည့်အဓိပ္ပါယ်ဖွင့်ဆိုရာတွင် သဘောထားကွဲလွဲနေသော်လည်း ပထဝီဒေသတစ်ခုတွင် ရောဂါတစ်ခု ပုံမှန်မျှော်လင့်ထားသည်ထက်ပိုပြီး အကျယ်အပြန့်ကူးစက်မှုဖြစ်သည်ဆိုသော အချက်ကိုမူ သဘောတူကြသည်။

ကာလဝမ်းရောဂါ၊ ပလိပ်ရောဂါ၊ ကျောက်ရောဂါနှင့် တုပ်ကွေးတို့သည် လူသားသမိုင်းတွင် အရက်စက်ဆုံးလူသတ်သမားများဖြစ်သည်။နိုင်ငံတကာနယ်စပ်များကို ဖြတ်ကျော်ပြီး ထိုရောဂါများဖြစ်ပွားခြင်းကို တစ်ကမ္ဘာလုံးတွင်ဖြစ်ပွားသော ကူးစက်ရောဂါအဖြစ် သတ်မှတ်ကြပြီး အထူးသဖြင့် သမိုင်းတလျှောက်လုံးတွင် ကျောက်ရောဂါသည် ကမ္ဘာဖြစ်တည်လာသည့် နှစ်ပေါင်း ၁၂၀၀၀ အတွင်း လူ သန်း ၃၀၀ မှ ၅၀၀ အထိ သေဆုံးစေသော ရောဂါဖြစ်သည်။

နောက်ဆုံးမှတ်ချက်ချလိုသည်မှာ အနောက်အာဖရိကတွင် လူထောင်ချီသေဆုံးစေသော နောက်ဆုံးဖြစ်ပွားသည့် အီဘိုလာဗိုင်းရပ်စ်မှာ အနောက်အာဖရိကတွင်သာ ဖြစ်ပွားသည်။ထိုဗိုင်းရပ်ကူးစက်မှုသည် တစ်နေ့တွင် တစ်ကမ္ဘာလုံးကူးစက်သည့်ရောဂါ ဖြစ်လာနိုင်ပြီး ယခုအချိန်တွင်မူ လူမှုအသိုင်းအဝန်းတစ်ခုအတွင်း ကူးစက်သည့် ရောဂါအဆင့်သာ သတ်မှတ်ထားသောကြောင့် ယခုစာရင်းတွင် ပါဝင်လာသည်။

HIV/AIDS ခုခံအားကျကူးစက်ရောဂါ (၂၀၀၅ မှ ၂၀၁၂ အတွင်း)
သေဆုံးသူ -  ၃၆ သန်း
အကြောင်းအရင်း -  HIV/AIDS ဗိုင်းရပ်စ်
---------------------------------------------------------------------------------------------------

၁၉၇၆ ခုနှစ်က ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် စတင်တွေ့ရှိသော HIV/AIDS သည် တစ်ကမ္ဘာလုံးဖြစ်ပွားသော ရောဂါဖြစ်ပြီး ၁၉၈၁ ခုနှစ်မှ စတင်ပြီး လူ ၃၆ သန်း သေဆုံးစေသည်။လက်ရှိအချိန်တွင် HIV ဗိုင်းရပ်စ် ကူးစက်နေထိုင်သူ ၃၁ သန်းမှ ၃၅ သန်းကြားရှိပြီး အများစုသည် အာဖရိကတိုက် ဆာဟာရဒေသခွဲတွင် ရှိသည်။ထိုဒေသတွင် နေထိုင်သူများ၏ ၅ ရာခိုင်နှုန်းကို ကူးစက်ပြီး အကြမ်းဖျင်းအားဖြင့် လူ ၂၁ သန်းရှိသည်။ထိုရောဂါနှင့် ပတ်သက်သော နိုးကြားမှုမြင့်မားလာသောကြောင့် ကုထုံးသစ်များပေါ်လာပြီး ထိုရောဂါကို ပိုမိုကိုင်တွယ်လာနိုင်ပြီး ကူးစက်ခံရသူများသည် အပြုသဘောဆောင်သော ဘဝများကို ဖြတ်သန်းလာရသည်။၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း ထိုရောဂါကြောင့် ကမ္ဘာတဝှမ်း သေဆုံးသူ ၂.၂ သန်း မှ ၁.၆ သန်းအထိ ကျဆင်းလာသည်။

တုပ်ကွေးရောဂါ (ဟောင်ကောင်တုပ်ကွေး)
သေဆုံးသူ - ၁ သန်း
အကြောင်းအရင်း - Influenza တုပ်ကွေးဗိုင်းရပ်စ်
---------------------------------------------------------------------------------------------------

အဆင့် ၂ တုပ်ကွေး တစ်ကမ္ဘာလုံး ကူးစက်ရောဂါကို တခါတရံ ဟောင်ကောင်တုပ်ကွေးဟု ခေါ်ကြပြီး ၁၉၆၈ ခုနှစ်က ဖြစ်ပွားသော တုပ်ကွေး တစ်ကမ္ဘာလုံး ကူးစက်ရောဂါကို Influenza A ဗိုင်းရပ်စ်၏ H3N2 မျိုးစိတ်က ဖြစ်ပွားစေသည်။၎င်းသည် H2N2 မျိုးခွဲ၏ အဆွယ်အပွားဖြစ်သည်။၁၉၆၈ ခုနှစ်က ဇူလိုင်လ ၁၃ ရက်နေ့က ဟောင်ကောင်တွင် စတင်တွေ့ရှိပြီး ၁၇ ရက်ကြာ ကူးစက်မှုအတွင်း စင်္ကာပူနှင့် ဗီယက်နမ်သို့ ကူးစက်ပြီး ၃ လအကြာတွင် ဖိလစ်ပိုင်၊ အိန္ဒိယ၊ သြစတြေးလျှ၊ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့သို့ ကူးစက်သည်။၁၉၆၈ ခုနှစ်က ထိုရောဂါကြောင့် သေဆုံးမှုနှုန်း ၅ ရာခိုင်နှုန်းသည် နှိုင်းယှဉ်ချက်အားဖြင့် နိမ့်သော်လည်း ထိုစဉ် ဟောင်ကောင် လူဦးရေ၏ ၁၅ ရာခိုင်နှုန်းဖြစ်သော လူ ၅ သိန်း အပါအဝင် လူ ၁ သန်းကျော် သေဆုံးစေသည်။

အာရှတုပ်ကွေး (၁၉၅၆-၁၉၅၈)
သေဆုံးသူ - ၂ သန်း
အကြောင်းအရင်း - Influenza ဗိုင်းရပ်စ်
---------------------------------------------------------------------------------------------------

Influenza A ၏  H2N2 မျိုးခွဲ အာရှတုပ်ကွေး တစ်ကမ္ဘာလုံး ကူးစက်ရောဂါဖြစ်ပွားမှုသည် တရုတ်နိုင်ငံတွင် ၁၉၅၆ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိကြာသည်။၂ နှစ်တာဖြစ်ပွားမှုအတွင်း အာရှတုပ်ကွေးသည် တရုတ်နိုင်ငံ ကွေကျိုးပြည်နယ်မှ စင်္ကာပူ၊ ဟောင်ကောင်နှင့် အမေရိကန်ပြည်ထောင်စုသို့ ကူးစက်သည်။အာရှတုပ်ကွေးကြောင့် သေဆုံးမှုနှုန်းသည် သတင်းရင်းမြစ်များအပေါ် မူတည်ကွဲပြားနေသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နောက်ဆုံးစာရင်းအရ ခန့်မှန်းခြေ လူ ၂ သန်းသေပြီး အမေရိကန်ပြည်ထောင်စု တစ်ခုတည်းတွင် လူ ၆၉၈၀၀ ဦး သေဆုံးသည်။

တုပ်ကွေး တစ်ကမ္ဘာလုံး ကူးစက်ရောဂါ
သေဆုံးသူ - သန်း ၂၀ မှ သန်း ၅၀ ကြား
အကြောင်းအရင်း - Influenza ဗိုင်းရပ်စ်
---------------------------------------------------------------------------------------------------

၁၉၁၈ ခုနှစ်မှ ၁၉၂၀ အကြား တုန်လှုပ်စရာကောင်းလောက်အောင် သေဆုံးသော Influenza ဗိုင်းရပ်စ် ကူးစက်မှုသည် တစ်ကမ္ဘာလုံးပျံ့နှံ့ပြီး ကမ္ဘာ့လူဦးရေ၏ ၃ ပုံ ၁ ပုံကို ကူးစက်ကာ လူ သန်း ၂၀ မှ သန်း ၅၀ အကြား သေဆုံးမှုကိုဖြစ်စေသည်။၁၉၁၈ တစ်ကမ္ဘာလုံး ကူးစက်ရောဂါခံစားရသူ သန်း ၅၀၀ အနက် သေဆုံးမှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းရှိပြီး ပထမ ၂၅ ပတ်အတွင်း သေဆုံးသူ ၂၅ သန်းရှိသည်။အခြားတုပ်ကွေးရောဂါဖြစ်ပွားမှုများနှင့် မတူသောအချက်မှာ Influenza ဗိုင်းရပ်စ်သည် ယခင်က ကလေးများ၊ သက်ကြီးရွယ်အိုများနှင့် အားအင်ချိနဲ့နေသူများကိုသာ သေဆုံးစေသော်လည်း လုံးဝကျန်းမာသည့် အရွယ်ရောက်ပြီးသူများကို သေဆုံးစေပြီး ကလေးများနှင့် ကိုယ်ခံအားနည်းသူများကို ရှင်ကျန်စေခြင်းဖြစ်သည်။

ခြောက်ကြိမ်မြောက် ကာလဝမ်းရောဂါ ကူးစက်မှု (၁၉၁၀-၁၉၁၁)
သေဆုံးသူ - ၈ သိန်းကျော်
အကြောင်းအရင်း - Cholera ပိုး
---------------------------------------------------------------------------------------------------

ယခင်ဖြစ်ပွားမှု ပုံစံ ၅ ခုအတိုင်း ခြောက်ကြိမ်မြောက် ကာလဝမ်းရောဂါဖြစ်ပွားမှုသည် အိန္ဒိယနိုင်ငံတွင် စတင်ပြီး အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိက၊ အရှေ့ဥရောပနှင့် ရုရှားသို့ မပျံ့နှံ့မီ အိန္ဒိယတွင် လူ ၈ သိန်း သေဆုံးစေသည်။၆ ကြိမ်မြောက် ကာလဝမ်းရောဂါသည် အမေရိကန်ပြည်ထောင်စုတွင် နောက်ဆုံး ကာလဝမ်းရောဂါကူးစက်မှု (၁၉၁၀-၁၁) ဖြစ်သည်။အမေရိကန်ကျန်းမာရေး အာဏာပိုင်များသည် အတိတ်မှလေ့လာပြီး ကူးစက်ခံရသူများကို သီးခြားခွဲထားကာ အမေရိကန်ပြည်ထောင်စုတွင် ၁၁ ဦးသာ သေဆုံးစေသည်။၁၉၂၃ ခုနှစ်သို့ ရောက်သောအခါ ကာလဝမ်းရောဂါဖြစ်ပွားမှုကို သိသိသာသာလျှော့ချနိုင်သော်လည်း အိန္ဒိယတွင် ပုံမှန်ဖြစ်ပွားနေဆဲဖြစ်သည်။

ရုရှားတုပ်ကွေး (၁၈၈၉-၁၈၉၀)
သေဆုံးသူ - ၁ သန်း
အကြောင်းအရင်း - Influenza ဗိုင်းရပ်စ်
---------------------------------------------------------------------------------------------------

မူလက အာရှတုပ်ကွေး သို့မဟုတ် ရုရှားတုပ်ကွေးဟုခေါ်သော ထိုမျိုးစိတ်သည် Influenza A ဗိုင်းရပ်စ်မျိုးခွဲ H2N2 ဟု ယူဆခဲ့သော်လည်း မျိုးခွဲ H3N8 ကြောင့်ဖြစ်ကြောင်း သိရသည်။ပထမဆုံး ရောဂါဖြစ်ပွားမှုကို ၁၈၈၉ ခုနှစ် မေလတွင် သီးခြားဖြစ်သော နေရာသုံးခုဖြစ်သည့် ဗဟိုအာရှမှ ဘူခါရာ (တာကက်စတန်)၊ ကနေဒါနိုင်ငံ အနောက်မြောက်ပိုင်းမှ အသာဘက်စကာနှင့် ဂရင်းလန်တို့တွင် တွေ့ရှိရသည်။၁၉ ရာစုက အထူးသဖြင့် မြို့ပြဒေသများတွင် လူဦးရေအလျှင်အမြန်တိုးပွားလာခြင်း တုပ်ကွေးကို ပိုမိုကူးစက်စေပြီး မကြာမီရောဂါဖြစ်ပွားမှုသည် တစ်ကမ္ဘာလုံးသို့ ကူးစက်သွားသည်။၎င်းသည် ဘက်တီးရီးယားခေတ်တွင် ပထမဆုံးကူးစက်ရောဂါ ဖြစ်သော်လည်း ထိုကူးစက်မှုမှ များစွာလေ့လာသိရှိရသည်။နောက်ဆုံး ၁၈၈၉-၁၈၉၀ တွင် လူ ၁ သန်းကျော် သေဆုံးစေသည်။

တတိယကာလဝမ်းရောဂါ
သေဆုံးသူ - ၁ သန်း
အကြောင်းအရင်း - Cholera ပိုး
---------------------------------------------------------------------------------------------------

ကာလဝမ်းရောဂါ တစ်ကမ္ဘာလုံးကူးစက်မှု ၇ မှုတွင် သေဆုံးမှုအများဆုံးအဖြစ် သတ်မှတ်ထားသည့် ၁၉ ရာစုတွင် တတိယအကြိမ် ကာလဝမ်းရောဂါဖြစ်ပွားမှုသည် ၁၈၅၂ ခုနှစ်မှာ ၁၈၆၀ ခုနှစ်အထိကြာသည်။ပထမနှင့် ဒုတိယအကြိမ် ကူးစက်မှုများကဲ့သို့ပင် တတိယကာလဝမ်းရောဂါသည် အိန္ဒိယမှစတင်ပြီး အာရှ၊ ဥရောပနှင့် မြောက်အမေရိကသို့ မကူးစက်မီ ဂင်္ဂါမြစ်ဝကျွန်းပေါ်ဒေသသို့ ကူးစက်ပြီး လူ ၁ သန်းကျော် သေဆုံးစေသည်။ဗြိတိသျှသမားတော် ဂျွန်စနိုးသည် လန်ဒန်မြို့ ဆင်းရဲသားရပ်ကွက်တွင် အလုပ်လုပ်နေစဉ် ကာလဝမ်းရောဂါကို ခြေရာခံမိပြီး ရောဂါကူးစက်ခြင်းသည် မသန့်ရှင်းသောရေကြောင့်ဖြစ်ကြောင်း သိလာသည်။ကံမကောင်းအကြောင်းမလှသည်မှာ ထိုအချက်ကို သူသိရှိသည့် ၁၈၅၄ ခုနှစ်သည် ထိုကူးစက်ရောဂါ အဆိုးရွားဆုံးဖြစ်ပွားနေသော အချိန်ဖြစ်ပြီး ဗြိတိန်တွင် လူ ၂ သောင်း ၃ ထောင် သေသည်။

ပလိပ်ရောဂါ (၁၃၄၆-၁၃၅၃)
သေဆုံးသူ - ၇၅ သန်းမှ သန်း ၂၀၀
အကြောင်းအရင်း - ဘူဘွန်နစ် ပလိပ်ပိုး
---------------------------------------------------------------------------------------------------

၁၃၄၆ မှ ၁၃၅၃ အထိ ပလိပ်ရောဂါသည် ဥရောပ၊ အာဖရိကနှင့် အာရှတွင် ဖြစ်ပွားပြီး ခန့်မှန်းခြေ လူ ၇၅ သန်းမှ သန်း ၂၀၀ အထိ သေဆုံးသည်။အာရှတွင် စတင်ဖြစ်ပွားသည်ဟု ယူဆရသည့် ပလိပ်ရောဂါသည် ကုန်တင်သင်္ဘောများတွင် နေထိုင်သည့် ကြွက်များ၏ သန်းများမှ တိုက်ကြီးတစ်တိုက်မှ တစ်တိုက်သို့ ကူးစက်သွားသည်။ထိုစဉ်က ဆိပ်ကမ်းများသည် လူများအဓိကနေထိုင်သည့် မြို့ကြီးများဖြစ်သောကြောင့် ကြွက်နှင့် သန်းများ အဓိကပေါက်ဖွားရာဖြစ်နေပြီး ဘက်တီးရီးယားများပေါများပြီး တိုက်ကြီးသုံးတိုက်ကို ပျက်စီးစေသည်။

ဂျပ်စတင်းနီးယန်း ပလိပ် (၅၄၁-၅၄၂)
သေဆုံးသူ - ၂၅ သန်း
အကြောင်းအရင်း - ဘူဘွန်နစ် ပလိပ်
---------------------------------------------------------------------------------------------------

ဥရောပ၏ လူဦးရေထက်ဝက်ကို သေဆုံးစေသည်ဟု ယူဆရသည့် ဂျပ်စတင်းနီးယန်း ပလိပ်သည် ဘိုင်ဇန်တိုင်းအင်ပါယာနှင့် မြေထဲပင်လယ် ဆိပ်ကမ်းမြို့ကြီးများတွင် ဖြစ်ပွားပြီး  တစ်နှစ်တာကာလအတွင်း လူ ၂၅ သန်း သေဆုံးစေသည်။ပထမဆုံး ဘူဘွန်နစ်ပလိပ်ရောဂါ ဖြစ်ပွားမှုဟု ယေဘုံယျအားဖြင့် သတ်မှတ်ထာသော ဂျပ်စတင်နီးယန်း ပလိပ်သည် အရှေ့ပိုင်းမြေထဲပင်လယ်မှ လူ ၄ ပုံ ၁ ပုံကို သေဆုံးစေပြီး ကွန်စတန်တင်နိုပယ်မြို့ကို ဖျက်ဆီးလိုက်သည်။ထိုမြို့တွင် တစ်နေ့ လူ ၅၀၀၀ သေဆုံးပြီး နောက်ဆုံးတွင် မြို့လူဦးရေ ၄၀ ရာခိုင်နှုန်း သေဆုံးသည်။

အန်တိုနိုင်းပလိပ် (အေဒီ ၁၆၅)
သေဆုံးသူ - ၅ သန်း
အကြောင်းအရင်း - မသိ
---------------------------------------------------------------------------------------------------

ဂယ်လန်ပလိပ်ဟုလည်း သိကြသော အန်တိုနိုင်းပလိပ်ရောဂါသည် အာရှမိုင်းနား၊ အီဂျစ်နှင့် အီတလီတွင် ဖြစ်ပွားသည့် ရှေးဟောင်းကူးစက်ရောဂါဖြစ်ပြီး ကျောက်နှင့် ဝက်သက်ရောဂါကဲ့သို့ဖြစ်သည်ဟု ယူဆရသော်လည်း အကြောင်းအရင်းကို မသိရပေ။ထိုရောဂါကို အေဒီ ၁၆၅ ခုနှစ်တွင် မက်ဆိုပိုတေးမီးယားမှ ပြန်လာသော စစ်သားများက ရောမသို့ သယ်ဆောင်လာသည်။ထိုအချက်ကိုမသိသော စစ်သားများသည် ရောဂါကိုပျံ့နှံ့စေပြီး လူ ၅ သန်း သေဆုံးစေကာ ရောမစစ်တပ်ကို အကြီးအကျယ်သေဆုံးစေသည်။

မင်းသန့်
ဖေဖော်ဝါရီ - ၄
Sources : mphonline.org/worst pandemics in history

( Zawgyi )

သိပၸံပညာရွင္မ်ားႏွင့္ ေဆးသုေတသနသမားမ်ားက တစ္ကမာၻလုံး သို႔မဟုတ္ တစ္ႏိုင္ငံလုံး ေရာဂါကူးစက္မႈႏွင့္ လူမႈအသိုင္းအဝန္းတစ္ခုအတြင္း ေရာဂါကူးစက္မႈအၾကား တိက်သည့္အဓိပၸါယ္ဖြင့္ဆိုရာတြင္ သေဘာထားကြဲလြဲေနေသာ္လည္း ပထဝီေဒသတစ္ခုတြင္ ေရာဂါတစ္ခု ပုံမွန္ေမွ်ာ္လင့္ထားသည္ထက္ပိုၿပီး အက်ယ္အျပန႔္ကူးစက္မႈျဖစ္သည္ဆိုေသာ အခ်က္ကိုမူ သေဘာတူၾကသည္။

ကာလဝမ္းေရာဂါ၊ ပလိပ္ေရာဂါ၊ ေက်ာက္ေရာဂါႏွင့္ တုပ္ေကြးတို႔သည္ လူသားသမိုင္းတြင္ အရက္စက္ဆုံးလူသတ္သမားမ်ားျဖစ္သည္။ႏိုင္ငံတကာနယ္စပ္မ်ားကို ျဖတ္ေက်ာ္ၿပီး ထိုေရာဂါမ်ားျဖစ္ပြားျခင္းကို တစ္ကမာၻလုံးတြင္ျဖစ္ပြားေသာ ကူးစက္ေရာဂါအျဖစ္ သတ္မွတ္ၾကၿပီး အထူးသျဖင့္ သမိုင္းတေလွ်ာက္လုံးတြင္ ေက်ာက္ေရာဂါသည္ ကမာၻျဖစ္တည္လာသည့္ ႏွစ္ေပါင္း ၁၂၀၀၀ အတြင္း လူ သန္း ၃၀၀ မွ ၅၀၀ အထိ ေသဆုံးေစေသာ ေရာဂါျဖစ္သည္။

ေနာက္ဆုံးမွတ္ခ်က္ခ်လိုသည္မွာ အေနာက္အာဖရိကတြင္ လူေထာင္ခ်ီေသဆုံးေစေသာ ေနာက္ဆုံးျဖစ္ပြားသည့္ အီဘိုလာဗိုင္းရပ္စ္မွာ အေနာက္အာဖရိကတြင္သာ ျဖစ္ပြားသည္။ထိုဗိုင္းရပ္ကူးစက္မႈသည္ တစ္ေန႔တြင္ တစ္ကမာၻလုံးကူးစက္သည့္ေရာဂါ ျဖစ္လာႏိုင္ၿပီး ယခုအခ်ိန္တြင္မူ လူမႈအသိုင္းအဝန္းတစ္ခုအတြင္း ကူးစက္သည့္ ေရာဂါအဆင့္သာ သတ္မွတ္ထားေသာေၾကာင့္ ယခုစာရင္းတြင္ ပါဝင္လာသည္။

HIV/AIDS ခုခံအားက်ကူးစက္ေရာဂါ (၂၀၀၅ မွ ၂၀၁၂ အတြင္း)
ေသဆုံးသူ -  ၃၆ သန္း
အေၾကာင္းအရင္း -  HIV/AIDS ဗိုင္းရပ္စ္
---------------------------------------------------------------------------------------------------

၁၉၇၆ ခုႏွစ္က ကြန္ဂိုဒီမိုကရက္တစ္သမၼတႏိုင္ငံတြင္ စတင္ေတြ႕ရွိေသာ HIV/AIDS သည္ တစ္ကမာၻလုံးျဖစ္ပြားေသာ ေရာဂါျဖစ္ၿပီး ၁၉၈၁ ခုႏွစ္မွ စတင္ၿပီး လူ ၃၆ သန္း ေသဆုံးေစသည္။လက္ရွိအခ်ိန္တြင္ HIV ဗိုင္းရပ္စ္ ကူးစက္ေနထိုင္သူ ၃၁ သန္းမွ ၃၅ သန္းၾကားရွိၿပီး အမ်ားစုသည္ အာဖရိကတိုက္ ဆာဟာရေဒသခြဲတြင္ ရွိသည္။ထိုေဒသတြင္ ေနထိုင္သူမ်ား၏ ၅ ရာခိုင္ႏႈန္းကို ကူးစက္ၿပီး အၾကမ္းဖ်င္းအားျဖင့္ လူ ၂၁ သန္းရွိသည္။ထိုေရာဂါႏွင့္ ပတ္သက္ေသာ ႏိုးၾကားမႈျမင့္မားလာေသာေၾကာင့္ ကုထုံးသစ္မ်ားေပၚလာၿပီး ထိုေရာဂါကို ပိုမိုကိုင္တြယ္လာႏိုင္ၿပီး ကူးစက္ခံရသူမ်ားသည္ အျပဳသေဘာေဆာင္ေသာ ဘဝမ်ားကို ျဖတ္သန္းလာရသည္။၂၀၀၅ ခုႏွစ္မွ ၂၀၁၂ ခုႏွစ္အတြင္း ထိုေရာဂါေၾကာင့္ ကမာၻတဝွမ္း ေသဆုံးသူ ၂.၂ သန္း မွ ၁.၆ သန္းအထိ က်ဆင္းလာသည္။

တုပ္ေကြးေရာဂါ (ေဟာင္ေကာင္တုပ္ေကြး)
ေသဆုံးသူ - ၁ သန္း
အေၾကာင္းအရင္း - Influenza တုပ္ေကြးဗိုင္းရပ္စ္
---------------------------------------------------------------------------------------------------

အဆင့္ ၂ တုပ္ေကြး တစ္ကမာၻလုံး ကူးစက္ေရာဂါကို တခါတရံ ေဟာင္ေကာင္တုပ္ေကြးဟု ေခၚၾကၿပီး ၁၉၆၈ ခုႏွစ္က ျဖစ္ပြားေသာ တုပ္ေကြး တစ္ကမာၻလုံး ကူးစက္ေရာဂါကို Influenza A ဗိုင္းရပ္စ္၏ H3N2 မ်ိဳးစိတ္က ျဖစ္ပြားေစသည္။၎သည္ H2N2 မ်ိဳးခြဲ၏ အဆြယ္အပြားျဖစ္သည္။၁၉၆၈ ခုႏွစ္က ဇူလိုင္လ ၁၃ ရက္ေန႔က ေဟာင္ေကာင္တြင္ စတင္ေတြ႕ရွိၿပီး ၁၇ ရက္ၾကာ ကူးစက္မႈအတြင္း စကၤာပူႏွင့္ ဗီယက္နမ္သို႔ ကူးစက္ၿပီး ၃ လအၾကာတြင္ ဖိလစ္ပိုင္၊ အိႏၵိယ၊ ၾသစေၾတးလွ်၊ ဥေရာပႏွင့္ အေမရိကန္ျပည္ေထာင္စုတို႔သို႔ ကူးစက္သည္။၁၉၆၈ ခုႏွစ္က ထိုေရာဂါေၾကာင့္ ေသဆုံးမႈႏႈန္း ၅ ရာခိုင္ႏႈန္းသည္ ႏႈိင္းယွဥ္ခ်က္အားျဖင့္ နိမ့္ေသာ္လည္း ထိုစဥ္ ေဟာင္ေကာင္ လူဦးေရ၏ ၁၅ ရာခိုင္ႏႈန္းျဖစ္ေသာ လူ ၅ သိန္း အပါအဝင္ လူ ၁ သန္းေက်ာ္ ေသဆုံးေစသည္။

အာရွတုပ္ေကြး (၁၉၅၆-၁၉၅၈)
ေသဆုံးသူ - ၂ သန္း
အေၾကာင္းအရင္း - Influenza ဗိုင္းရပ္စ္
---------------------------------------------------------------------------------------------------

Influenza A ၏  H2N2 မ်ိဳးခြဲ အာရွတုပ္ေကြး တစ္ကမာၻလုံး ကူးစက္ေရာဂါျဖစ္ပြားမႈသည္ တ႐ုတ္ႏိုင္ငံတြင္ ၁၉၅၆ ခုႏွစ္မွ ၁၉၅၈ ခုႏွစ္အထိၾကာသည္။၂ ႏွစ္တာျဖစ္ပြားမႈအတြင္း အာရွတုပ္ေကြးသည္ တ႐ုတ္ႏိုင္ငံ ေကြက်ိဳးျပည္နယ္မွ စကၤာပူ၊ ေဟာင္ေကာင္ႏွင့္ အေမရိကန္ျပည္ေထာင္စုသို႔ ကူးစက္သည္။အာရွတုပ္ေကြးေၾကာင့္ ေသဆုံးမႈႏႈန္းသည္ သတင္းရင္းျမစ္မ်ားအေပၚ မူတည္ကြဲျပားေနေသာ္လည္း ကမာၻ႔က်န္းမာေရးအဖြဲ႕၏ ေနာက္ဆုံးစာရင္းအရ ခန႔္မွန္းေျခ လူ ၂ သန္းေသၿပီး အေမရိကန္ျပည္ေထာင္စု တစ္ခုတည္းတြင္ လူ ၆၉၈၀၀ ဦး ေသဆုံးသည္။

တုပ္ေကြး တစ္ကမာၻလုံး ကူးစက္ေရာဂါ
ေသဆုံးသူ - သန္း ၂၀ မွ သန္း ၅၀ ၾကား
အေၾကာင္းအရင္း - Influenza ဗိုင္းရပ္စ္
---------------------------------------------------------------------------------------------------

၁၉၁၈ ခုႏွစ္မွ ၁၉၂၀ အၾကား တုန္လႈပ္စရာေကာင္းေလာက္ေအာင္ ေသဆုံးေသာ Influenza ဗိုင္းရပ္စ္ ကူးစက္မႈသည္ တစ္ကမာၻလုံးပ်ံ႕ႏွံ႔ၿပီး ကမာၻ႔လူဦးေရ၏ ၃ ပုံ ၁ ပုံကို ကူးစက္ကာ လူ သန္း ၂၀ မွ သန္း ၅၀ အၾကား ေသဆုံးမႈကိုျဖစ္ေစသည္။၁၉၁၈ တစ္ကမာၻလုံး ကူးစက္ေရာဂါခံစားရသူ သန္း ၅၀၀ အနက္ ေသဆုံးမႈႏႈန္းမွာ ၁၀ ရာခိုင္ႏႈန္းရွိၿပီး ပထမ ၂၅ ပတ္အတြင္း ေသဆုံးသူ ၂၅ သန္းရွိသည္။အျခားတုပ္ေကြးေရာဂါျဖစ္ပြားမႈမ်ားႏွင့္ မတူေသာအခ်က္မွာ Influenza ဗိုင္းရပ္စ္သည္ ယခင္က ကေလးမ်ား၊ သက္ႀကီး႐ြယ္အိုမ်ားႏွင့္ အားအင္ခ်ိနဲ႔ေနသူမ်ားကိုသာ ေသဆုံးေစေသာ္လည္း လုံးဝက်န္းမာသည့္ အ႐ြယ္ေရာက္ၿပီးသူမ်ားကို ေသဆုံးေစၿပီး ကေလးမ်ားႏွင့္ ကိုယ္ခံအားနည္းသူမ်ားကို ရွင္က်န္ေစျခင္းျဖစ္သည္။

ေျခာက္ႀကိမ္ေျမာက္ ကာလဝမ္းေရာဂါ ကူးစက္မႈ (၁၉၁၀-၁၉၁၁)
ေသဆုံးသူ - ၈ သိန္းေက်ာ္
အေၾကာင္းအရင္း - Cholera ပိုး
---------------------------------------------------------------------------------------------------

ယခင္ျဖစ္ပြားမႈ ပုံစံ ၅ ခုအတိုင္း ေျခာက္ႀကိမ္ေျမာက္ ကာလဝမ္းေရာဂါျဖစ္ပြားမႈသည္ အိႏၵိယႏိုင္ငံတြင္ စတင္ၿပီး အေရွ႕အလယ္ပိုင္း၊ ေျမာက္အာဖရိက၊ အေရွ႕ဥေရာပႏွင့္ ႐ုရွားသို႔ မပ်ံ႕ႏွံ႔မီ အိႏၵိယတြင္ လူ ၈ သိန္း ေသဆုံးေစသည္။၆ ႀကိမ္ေျမာက္ ကာလဝမ္းေရာဂါသည္ အေမရိကန္ျပည္ေထာင္စုတြင္ ေနာက္ဆုံး ကာလဝမ္းေရာဂါကူးစက္မႈ (၁၉၁၀-၁၁) ျဖစ္သည္။အေမရိကန္က်န္းမာေရး အာဏာပိုင္မ်ားသည္ အတိတ္မွေလ့လာၿပီး ကူးစက္ခံရသူမ်ားကို သီးျခားခြဲထားကာ အေမရိကန္ျပည္ေထာင္စုတြင္ ၁၁ ဦးသာ ေသဆုံးေစသည္။၁၉၂၃ ခုႏွစ္သို႔ ေရာက္ေသာအခါ ကာလဝမ္းေရာဂါျဖစ္ပြားမႈကို သိသိသာသာေလွ်ာ့ခ်ႏိုင္ေသာ္လည္း အိႏၵိယတြင္ ပုံမွန္ျဖစ္ပြားေနဆဲျဖစ္သည္။

႐ုရွားတုပ္ေကြး (၁၈၈၉-၁၈၉၀)
ေသဆုံးသူ - ၁ သန္း
အေၾကာင္းအရင္း - Influenza ဗိုင္းရပ္စ္
---------------------------------------------------------------------------------------------------

မူလက အာရွတုပ္ေကြး သို႔မဟုတ္ ႐ုရွားတုပ္ေကြးဟုေခၚေသာ ထိုမ်ိဳးစိတ္သည္ Influenza A ဗိုင္းရပ္စ္မ်ိဳးခြဲ H2N2 ဟု ယူဆခဲ့ေသာ္လည္း မ်ိဳးခြဲ H3N8 ေၾကာင့္ျဖစ္ေၾကာင္း သိရသည္။ပထမဆုံး ေရာဂါျဖစ္ပြားမႈကို ၁၈၈၉ ခုႏွစ္ ေမလတြင္ သီးျခားျဖစ္ေသာ ေနရာသုံးခုျဖစ္သည့္ ဗဟိုအာရွမွ ဘူခါရာ (တာကက္စတန္)၊ ကေနဒါႏိုင္ငံ အေနာက္ေျမာက္ပိုင္းမွ အသာဘက္စကာႏွင့္ ဂရင္းလန္တို႔တြင္ ေတြ႕ရွိရသည္။၁၉ ရာစုက အထူးသျဖင့္ ၿမိဳ႕ျပေဒသမ်ားတြင္ လူဦးေရအလွ်င္အျမန္တိုးပြားလာျခင္း တုပ္ေကြးကို ပိုမိုကူးစက္ေစၿပီး မၾကာမီေရာဂါျဖစ္ပြားမႈသည္ တစ္ကမာၻလုံးသို႔ ကူးစက္သြားသည္။၎သည္ ဘက္တီးရီးယားေခတ္တြင္ ပထမဆုံးကူးစက္ေရာဂါ ျဖစ္ေသာ္လည္း ထိုကူးစက္မႈမွ မ်ားစြာေလ့လာသိရွိရသည္။ေနာက္ဆုံး ၁၈၈၉-၁၈၉၀ တြင္ လူ ၁ သန္းေက်ာ္ ေသဆုံးေစသည္။

တတိယကာလဝမ္းေရာဂါ
ေသဆုံးသူ - ၁ သန္း
အေၾကာင္းအရင္း - Cholera ပိုး
---------------------------------------------------------------------------------------------------

ကာလဝမ္းေရာဂါ တစ္ကမာၻလုံးကူးစက္မႈ ၇ မႈတြင္ ေသဆုံးမႈအမ်ားဆုံးအျဖစ္ သတ္မွတ္ထားသည့္ ၁၉ ရာစုတြင္ တတိယအႀကိမ္ ကာလဝမ္းေရာဂါျဖစ္ပြားမႈသည္ ၁၈၅၂ ခုႏွစ္မွာ ၁၈၆၀ ခုႏွစ္အထိၾကာသည္။ပထမႏွင့္ ဒုတိယအႀကိမ္ ကူးစက္မႈမ်ားကဲ့သို႔ပင္ တတိယကာလဝမ္းေရာဂါသည္ အိႏၵိယမွစတင္ၿပီး အာရွ၊ ဥေရာပႏွင့္ ေျမာက္အေမရိကသို႔ မကူးစက္မီ ဂဂၤါျမစ္ဝကြၽန္းေပၚေဒသသို႔ ကူးစက္ၿပီး လူ ၁ သန္းေက်ာ္ ေသဆုံးေစသည္။ၿဗိတိသွ်သမားေတာ္ ဂြၽန္စႏိုးသည္ လန္ဒန္ၿမိဳ႕ ဆင္းရဲသားရပ္ကြက္တြင္ အလုပ္လုပ္ေနစဥ္ ကာလဝမ္းေရာဂါကို ေျခရာခံမိၿပီး ေရာဂါကူးစက္ျခင္းသည္ မသန႔္ရွင္းေသာေရေၾကာင့္ျဖစ္ေၾကာင္း သိလာသည္။ကံမေကာင္းအေၾကာင္းမလွသည္မွာ ထိုအခ်က္ကို သူသိရွိသည့္ ၁၈၅၄ ခုႏွစ္သည္ ထိုကူးစက္ေရာဂါ အဆိုး႐ြားဆုံးျဖစ္ပြားေနေသာ အခ်ိန္ျဖစ္ၿပီး ၿဗိတိန္တြင္ လူ ၂ ေသာင္း ၃ ေထာင္ ေသသည္။

ပလိပ္ေရာဂါ (၁၃၄၆-၁၃၅၃)
ေသဆုံးသူ - ၇၅ သန္းမွ သန္း ၂၀၀
အေၾကာင္းအရင္း - ဘူဘြန္နစ္ ပလိပ္ပိုး
---------------------------------------------------------------------------------------------------

၁၃၄၆ မွ ၁၃၅၃ အထိ ပလိပ္ေရာဂါသည္ ဥေရာပ၊ အာဖရိကႏွင့္ အာရွတြင္ ျဖစ္ပြားၿပီး ခန႔္မွန္းေျခ လူ ၇၅ သန္းမွ သန္း ၂၀၀ အထိ ေသဆုံးသည္။အာရွတြင္ စတင္ျဖစ္ပြားသည္ဟု ယူဆရသည့္ ပလိပ္ေရာဂါသည္ ကုန္တင္သေဘၤာမ်ားတြင္ ေနထိုင္သည့္ ႂကြက္မ်ား၏ သန္းမ်ားမွ တိုက္ႀကီးတစ္တိုက္မွ တစ္တိုက္သို႔ ကူးစက္သြားသည္။ထိုစဥ္က ဆိပ္ကမ္းမ်ားသည္ လူမ်ားအဓိကေနထိုင္သည့္ ၿမိဳ႕ႀကီးမ်ားျဖစ္ေသာေၾကာင့္ ႂကြက္ႏွင့္ သန္းမ်ား အဓိကေပါက္ဖြားရာျဖစ္ေနၿပီး ဘက္တီးရီးယားမ်ားေပါမ်ားၿပီး တိုက္ႀကီးသုံးတိုက္ကို ပ်က္စီးေစသည္။

ဂ်ပ္စတင္းနီးယန္း ပလိပ္ (၅၄၁-၅၄၂)
ေသဆုံးသူ - ၂၅ သန္း
အေၾကာင္းအရင္း - ဘူဘြန္နစ္ ပလိပ္
---------------------------------------------------------------------------------------------------

ဥေရာပ၏ လူဦးေရထက္ဝက္ကို ေသဆုံးေစသည္ဟု ယူဆရသည့္ ဂ်ပ္စတင္းနီးယန္း ပလိပ္သည္ ဘိုင္ဇန္တိုင္းအင္ပါယာႏွင့္ ေျမထဲပင္လယ္ ဆိပ္ကမ္းၿမိဳ႕ႀကီးမ်ားတြင္ ျဖစ္ပြားၿပီး  တစ္ႏွစ္တာကာလအတြင္း လူ ၂၅ သန္း ေသဆုံးေစသည္။ပထမဆုံး ဘူဘြန္နစ္ပလိပ္ေရာဂါ ျဖစ္ပြားမႈဟု ေယဘုံယ်အားျဖင့္ သတ္မွတ္ထာေသာ ဂ်ပ္စတင္နီးယန္း ပလိပ္သည္ အေရွ႕ပိုင္းေျမထဲပင္လယ္မွ လူ ၄ ပုံ ၁ ပုံကို ေသဆုံးေစၿပီး ကြန္စတန္တင္ႏိုပယ္ၿမိဳ႕ကို ဖ်က္ဆီးလိုက္သည္။ထိုၿမိဳ႕တြင္ တစ္ေန႔ လူ ၅၀၀၀ ေသဆုံးၿပီး ေနာက္ဆုံးတြင္ ၿမိဳ႕လူဦးေရ ၄၀ ရာခိုင္ႏႈန္း ေသဆုံးသည္။

အန္တိုႏိုင္းပလိပ္ (ေအဒီ ၁၆၅)
ေသဆုံးသူ - ၅ သန္း
အေၾကာင္းအရင္း - မသိ
---------------------------------------------------------------------------------------------------

ဂယ္လန္ပလိပ္ဟုလည္း သိၾကေသာ အန္တိုႏိုင္းပလိပ္ေရာဂါသည္ အာရွမိုင္းနား၊ အီဂ်စ္ႏွင့္ အီတလီတြင္ ျဖစ္ပြားသည့္ ေရွးေဟာင္းကူးစက္ေရာဂါျဖစ္ၿပီး ေက်ာက္ႏွင့္ ဝက္သက္ေရာဂါကဲ့သို႔ျဖစ္သည္ဟု ယူဆရေသာ္လည္း အေၾကာင္းအရင္းကို မသိရေပ။ထိုေရာဂါကို ေအဒီ ၁၆၅ ခုႏွစ္တြင္ မက္ဆိုပိုေတးမီးယားမွ ျပန္လာေသာ စစ္သားမ်ားက ေရာမသို႔ သယ္ေဆာင္လာသည္။ထိုအခ်က္ကိုမသိေသာ စစ္သားမ်ားသည္ ေရာဂါကိုပ်ံ႕ႏွံ႔ေစၿပီး လူ ၅ သန္း ေသဆုံးေစကာ ေရာမစစ္တပ္ကို အႀကီးအက်ယ္ေသဆုံးေစသည္။

မင္းသန႔္
ေဖေဖာ္ဝါရီ - ၄
Sources : mphonline.org/worst pandemics in history