【 ဗဟုသုတဆောင်းပါး 】 “တရုတ်နိုင်ငံက ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ် အထိမ်းအမှတ်ပွဲများ”

【 ဗဟုသုတဆောင်းပါး 】 “တရုတ်နိုင်ငံက ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ် အထိမ်းအမှတ်ပွဲများ”

ယခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် ကျရောက်သည့် ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ် အထိမ်းအမှတ်များကို ဂုဏ်ပြုသောအားဖြင့် တရုတ်နိုင်ငံတွင် အွန်လိုင်းနှင့် ပြင်ပပွဲတော်အများအပြားကို ကျင်းပနေသည်။

ဒေသဆိုင်ရာအစိုးရများ၊ ယဉ်ကျေးမှုအဖွဲ့အစည်းများ၊ လူကြိုက်များသော အပလီကေးရှင်းများ၊ အီးကောမာ့စ် လုပ်ငန်းကြီးများနှင့် လက်လီအရောင်းဌာနများသည် ဒစ်ဂျစ်တယ်ပြပွဲများ၊ အွန်လိုင်းဈေးရောင်းပွဲတော်များနှင့် လက်မှုပညာပြပွဲများနှင့် ဈေးရောင်းပွဲတော်များဖြင့် ယဉ်ကျေးမှုအမွေအနှစ်နှင့် ကျန်းမာပျော်ရွှင်သော လူနေမှုပုံစံဟူသည့် ခေါင်းစဉ်အောက်တွင် အခမ်းအနားမျိုးစုံကို ကျင်းပကြသည်။

ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏အဆိုအရ ယခုနှစ် ယဉ်ကျေးမှုနှင့် သဘာ၀အမွေအနှစ်နေ့ အထိမ်းအမှတ် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ (ICH) များကို ဖြန့်ချီရန်နှင့် ဓလေ့ထုံးစံအမွေအနှစ်များကို ကာကွယ်ရန်ရည်ရွယ်ချက်ဖြင့် အခမ်းအနားပေါင်း ၃၇၀၀ ကျော်ကို အင်တာနက်နှင့် ပြင်ပနေရာအများအပြားတွင် စီစဉ်ထားကြောင်းသိရသည်။

ပြင်ပတွင်ကျင်းပသည့် အခမ်းအနားအချို့ရှိသော်လည်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လှုပ်ရှားမှုများ၏ ၇၀ ရာခိုင်နှုန်းကျော်ကို အွန်လိုင်းတွင်ကျင်းပကြပြီး ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် အစားအသောက်များ၊ ဆေးဝါးများနှင့် ကျန်းမာရေးကိုအကျိုးပြုသော ကစားနည်းများကို အဓိကထားကြောင်း အထက်ပါဝန်ကြီးဌာနကဆိုသည်။

ပိုမိုများပြားသောပရိသတ်များ အထူးသဖြင့် လူငယ်မျိုးဆက်သစ်များအတွက် ရိုးရာအမွေအနှစ်များကို ပိုမိုဆွဲဆောင်မှုရှိစေရန် ပိုမိုတီထွင်စမ်းသစ်ပြီး တက်ကြွသောအခမ်းအနားများကို ကျင်းပနေသည်။

ဒစ်ဂျစ်တယ်စင်မြင့်များမှ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်မျိုးစုံကို ခံစားခြင်း

အထက်ပါဝန်ကြီးဌာနသည် တရုတ်ယဉ်ကျေးမှုအနုပညာအသင်းနှင့် ပူးပေါင်းပြီး ဇွန်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဒစ်ဂျစ်တယ် ရုပ်ရှင်ပွဲတော်ကိုကျင်းပပြီး တစ်နိုင်ငံလုံးမှ ဗီဒီယိုပြသသော လုပ်ငန်းကြီးများသည် ဝါရင့်ပညာရှင်များ၏ ပြည်သူလူထုအတွက် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လက်ခံသူ သင်တန်းများကို အွန်လိုင်းမှပြသပြီး ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ရုပ်ရှင်များ ၁၆၀၀ ကျော်ကို အခမဲ့ပြသကြသည်။

စစ်မှန်သော ဒြပ်မဲ့ယဉ်ကျေးမှု အစားအစာများကို ကြည့်ရှုသူများ မြည်းစမ်းနိုင်ရန်အတွက် တရုတ်ပြည်မှ နံနက်စာ - Breakfast in China" နှင့် မွှေးပျံ့အရသာရှိသော ရင်းမြစ် - "Flavorful Origins" စသည့် လူကြိုက်များသော  ရုပ်သံဇာတ်လမ်းတွဲများကို Tencent Video က ပြသရန်စီစဉ်ထားသည်။

ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကာကွယ်ရေး၊ အမွေခံယူရေးနှင့် ဒစ်ဂျစ်တယ်နည်းစနစ်များ မြှင့်တင်ရေးအတွက်ရိုက်ကူးသည့် အမျိုးသားရတနာ ၁၀၀ - National Treasures 100 အပါအဝင် ဒြပ်မဲ့ယဉ်ကျေးမှု မှတ်တမ်းရုပ်ရှင် ဒါဇင်ပေါင်းများစွာနှင့်အတူ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် သင်တန်းများအမည်ဖြင့် ဒုတိယအကြိမ်ပြပွဲများကို Youku က ပြသသည်။

ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဂီတများကို ပျံနှံ့စေရန်နှင့် အမွေလက်ခံခြင်းကို အားပေးရန်အတွက် Kugou ဂီတအပလီကေးရှင်းက ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ကိုနားထောင်ပါ အမည်ဖြင့် ရုပ်သံအစီအစဉ်ကို တင်ဆက်သည်။ဂီတချစ်သူများအနေဖြင့် စစ်မှန်သော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဂီတကို လေ့လာနိုင်ပြီး ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဂီတသီချင်းများကို ခံစားနိုင်သည်။

တရုတ်အမျိုးသားစာကြည့်တိုက်က ယဉ်ကျေးမှုလူ့အဖွဲ့အစည်း၏ သက်သေများ - ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ရုပ်ရှင်သင်တန်းအမည်ရှိ သင်တန်းများကိုစီစဉ်ပြီး ၎င်းတို့ကို Tencent, IQiyi, Youku နှင့် Bilibili အပါအဝင် ဒစ်ဂျစ်တယ် စင်မြင့်အများအပြားတွင် ပြသသည်။

“ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆက်ခံသူ နိုင်ငံလုံးဆိုင်ရာ ကိုယ်စားလှယ်တွေရဲ့ ထူးခြားသောအောင်မြင်မှုများအကြောင်း မှတ်တမ်းရုပ်ရှင် ၂၀ ကို ကျနော်တို့ရွေးချယ်ပြီး ဒါတွေကိုဖွင့်ဆိုပေးဖို့ ကျွမ်းကျင်သူတွေကို ကျနော်တို့ဖိတ်ကြားထားတယ်” ဟု စာကြည့်တိုက်ဝန်ထမ်းတစ်ဦးကပြောပြီး ထိုသို့လုပ်ဆောင်ခြင်းကြောင့် ပရိသတ်သည် ရုပ်ရှင်ကြည့်ရင်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကာကွယ်ရေး၏ အရေးပါမှုကို ပိုမိုနက်ရှိုင်းစွာ တန်ဖိုးထားနားလည်လာမည်ဖြစ်ကြောင်းပြောသည်။

ထိပ်တန်း မှတ်တမ်းရုပ်ရှင်ပြသသည့် စင်မြင့်များဖြစ်သော Douyin နှင့် Kuaishou တို့က ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဆက်ခံသူများကိုဖိတ်ကြားပြီး လက်မှုပညာများကို မိတ်ဆက်ပေးကာ ၎င်းတို့၏ကျွမ်းကျင်မှုများကို GetToKnowICH (#ZoujinFeiyi) and #MyICHCraft (#WoDeFeiyiShouyi) တို့တွင် ဗီဒီယိုအတိုများကို ပြသသည်။

အင်တာနက်လောကသားများအနေဖြင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်နှင့်ပတ်သက်သည့် ၎င်းတို့၏ ကိုယ်ပိုင်ဖြစ်ရပ်များ၊ အတွေ့အကြုံများကို အထက်ဖေါ်ပြပါနေရာများနှင့် ဗီဒီယိုမျှဝေသော အပလီကေးရှင်းဖြစ်သည့် Bilibili ၏ မိမိ၏ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဇာတ်လမ်းများ အစီအစဉ်တွင် ပြန်လည်မျှဝေရန်အားပေးသည်။

“ပုံစံအမျိုးမျိုးနဲ့ အွန်လိုင်းကပါဝင်ဆင်နွှဲတာဟာ ဒီနှစ် ဒစ်ဂျစ်တယ်ပွဲတော်ရဲ့ အဓိကသွင်ပြင်လက္ခဏာဖြစ်တယ်” ဟု ယဉ်ကျေးမှုဝန်ကြီးဌာန အရာရှိတစ်ဦးကပြောသည်။ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို အခြားတနည်းဖြင့်တင်ပြခြင်းသည် အင်တာနက်လောကသားများ အထူးသဖြင့် လူငယ်ပရိသတ်များ ရိုးရာယဉ်ကျေးမှုကို ပိုမိုနားလည်စေမည်ဖြစ်ကြောင်း မှတ်ချက်ချသည်။

အွန်လိုင်းဈေးရောင်းပွဲသက်သက်မဟုတ်

ယခုနှစ်ပွဲတော်များ၏ နောက်ထပ်အဓိကအချက်တခုမှာ အွန်လိုင်းဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ဈေးရောင်းပွဲတော်သည် သန်းထောင်ချီသော မိသားစုများအတွက် အမျိုးမျိုးသော ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထုတ်ကုန်များကို မိတ်ဆက်ပေးခြင်းဖြစ်ပြီး စီးပွားရေးမြှင့်တင်ကာ ရိုးရာအမွေအနှစ်များကို အားပေးခြင်းဖြစ်သည်။

Alibaba, JD.com, Suning, နှင့် Meituan စသည့် အီးကောမာ့စ် လုပ်ငန်းကြီးများသည်လည်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ဈေးရောင်းပွဲတော်ကျင်းပရန် ပူးပေါင်းကြပြီး ဒြပ်မဲ့ယဉ်ကျေးမှု ဌာန၊ လုပ်ငန်း၊ အလုပ်ရုံ ၆၅၀၀ နီးပါးမှ ဒြပ်မဲ့ယဉ်ကျေးမှု အရည်အသွေးမြင့်ထုတ်ကုန်များစွာကို ရောင်းချကြသည်။

ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် တိုးတက်ရေးဆိုင်ရာ နိုင်ငံတော်ကောင်စီဦးဆောင်ရုံးတို့က စီစဉ်သော ထိုအစီအစဉ်သည် အွန်လိုင်းစင်မြင့်များနှင့် ပြင်ပလမ်းကြောင်းများကိုပေါင်းစပ်ပြီး နှစ်ပေါင်းများစွာရှည်ကြာသော ကုန်အမှတ်တံဆိပ်များနှင့် ရိုးရာလက်မှုပစ္စည်းများကို ပိုမိုများပြားသော ဖေါက်သည်များထံ ရောက်ရှိရန်ကူညီသည်။

တရုတ်ယဉ်ကျေးမှုတွင် နက်ရှိုင်းစွာအမြစ်တွယ်နေပြီး အမျိုးအစားစုံလင်သည့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ အထူးသဖြင့် လက်မှုပစ္စည်းများသည် ထူးခြားသောဆွဲဆောင်မှုရှိပြီး လက်ရှိဖြစ်ပေါ်နေသည့် မျိုးစုံသော တစ်ဦးချင်းအကြိုက် စားသုံးမှုလမ်းကြောင်းနှင့်လည်း ကိုက်ညီကြောင်း ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

ထို့အပြင် Hebei, Hunan, Sichuan, Chongqing, နှင့် Guangdong အပါအဝင် ပြည်နယ်၊ မြူနီစပယ်အုပ်ချုပ်ရေးဒေသနှင့် ဒေသ ၂၀ ကျော်တို့သည် ICH ဈေးရောင်းပွဲတော်များကို ယခုလအတွင်းကျင်းပမည်ဖြစ်ပြီး ထူးခြားသော ယဉ်ကျေးမှုမျက်နှာစာများနှင့် ဒေသဆိုင်ရာ ICH ကိုယ်စားပြုမှုများကိုတင်ပြရန် ပြင်ပအခမ်းအနားများနှင့် တိုက်ရိုက်ထုတ်လွှင့်သည့် အခမ်းအနားများကို ပေါင်းစပ်မည်ဖြစ်သည်။

ICH အလုပ်ရုံများသည် ရှေးဟောင်းမြို့များနှင့် ဝေးကွာသောနေရာများတွင် တည်ရှိသောကြောင့် ICH သည် အလုပ်အကိုင်မြှင့်တင်ရန်နှင့် ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရာတွင် အရေးပါသောအခန်းမှ ပါဝင်သည်။ထိုသို့သောအမြင်ဖြင့်ကြည့်ပါက အွန်လိုင်းဈေးရောင်းပွဲတော်သည် ဆိုင်ငယ်များနှင့် ကုန်အမှတ်တံဆိပ်ဟောင်းများကို အွန်လိုင်းသို့ရောက်စေပြီး ကျန်းမာရေးအကျပ်အတည်းကြောင့် ထိခိုက်ရသည့် ICH ဆက်ခံသူများ၊ လုပ်ငန်းများ အလုပ်ရုံများကို အထောက်အကူဖြစ်စေသည်။

တရုတ်နိုင်ငံတွင် ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာ ၅၅ ခုနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အစီအစဉ် ၄၄ ခုရှိပြီး ကမ္ဘာတွင် ထိပ်ဆုံးမှရပ်တည်နေသည်။ပြည်တွင်းတွင် အကာအကွယ်ပေးထားသော ICH  ကိုယ်စားပြုမှု ၁၃၇၂ ခု ရှိသည်။

ယဉ်ကျေးမှုအမွေအနှစ်များ ပိုမိုကျယ်ပြန့်စွာဖြန့်ချီရန်နှင့် အဖိုးမဖြတ်နိုင်သော အမွေအနှစ်များကိုကာကွယ်ရန် လူထုအမြင်မြှင့်တင်ရန် တရုတ်နိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်နေ့ကို ဇွန်လ ဒုတိယပတ် စနေနေ့တွင် ၂၀၀၆ ခုနှစ်မှ စတင်ကျင်းပပြီး ထိုနေ့ကို ယဉ်ကျေးမှုနှင့် သဘာ၀အမွေအနှစ်နေ့အဖြစ် ၂၀၁၇ ခုနှစ်မှ စတင်ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။

မင်းသန့်
Ref : China stages diverse events to mark Cultural and Natural Heritage Day (CGTN)
ဇွန် - ၁၆

( Zawgyi )

ယခုႏွစ္ ဇြန္လ ၁၃ ရက္ေန႔တြင္ က်ေရာက္သည့္ ယဥ္ေက်းမႈႏွင့္ သဘာဝအေမြအႏွစ္ အထိမ္းအမွတ္မ်ားကို ဂုဏ္ျပဳေသာအားျဖင့္ တ႐ုတ္ႏိုင္ငံတြင္ အြန္လိုင္းႏွင့္ ျပင္ပပြဲေတာ္အမ်ားအျပားကို က်င္းပေနသည္။

ေဒသဆိုင္ရာအစိုးရမ်ား၊ ယဥ္ေက်းမႈအဖြဲ႕အစည္းမ်ား၊ လူႀကိဳက္မ်ားေသာ အပလီေကးရွင္းမ်ား၊ အီးေကာမာ့စ္ လုပ္ငန္းႀကီးမ်ားႏွင့္ လက္လီအေရာင္းဌာနမ်ားသည္ ဒစ္ဂ်စ္တယ္ျပပြဲမ်ား၊ အြန္လိုင္းေဈးေရာင္းပြဲေတာ္မ်ားႏွင့္ လက္မႈပညာျပပြဲမ်ားႏွင့္ ေဈးေရာင္းပြဲေတာ္မ်ားျဖင့္ ယဥ္ေက်းမႈအေမြအႏွစ္ႏွင့္ က်န္းမာေပ်ာ္႐ႊင္ေသာ လူေနမႈပုံစံဟူသည့္ ေခါင္းစဥ္ေအာက္တြင္ အခမ္းအနားမ်ိဳးစုံကို က်င္းပၾကသည္။

ယဥ္ေက်းမႈႏွင့္ ခရီးသြားလုပ္ငန္း ဝန္ႀကီးဌာန၏အဆိုအရ ယခုႏွစ္ ယဥ္ေက်းမႈႏွင့္ သဘာ၀အေမြအႏွစ္ေန႔ အထိမ္းအမွတ္ ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္မ်ား (ICH) မ်ားကို ျဖန႔္ခ်ီရန္ႏွင့္ ဓေလ့ထုံးစံအေမြအႏွစ္မ်ားကို ကာကြယ္ရန္ရည္႐ြယ္ခ်က္ျဖင့္ အခမ္းအနားေပါင္း ၃၇၀၀ ေက်ာ္ကို အင္တာနက္ႏွင့္ ျပင္ပေနရာအမ်ားအျပားတြင္ စီစဥ္ထားေၾကာင္းသိရသည္။

ျပင္ပတြင္က်င္းပသည့္ အခမ္းအနားအခ်ိဳ႕ရွိေသာ္လည္း ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္လႈပ္ရွားမႈမ်ား၏ ၇၀ ရာခိုင္ႏႈန္းေက်ာ္ကို အြန္လိုင္းတြင္က်င္းပၾကၿပီး ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္ အစားအေသာက္မ်ား၊ ေဆးဝါးမ်ားႏွင့္ က်န္းမာေရးကိုအက်ိဳးျပဳေသာ ကစားနည္းမ်ားကို အဓိကထားေၾကာင္း အထက္ပါဝန္ႀကီးဌာနကဆိုသည္။

ပိုမိုမ်ားျပားေသာပရိသတ္မ်ား အထူးသျဖင့္ လူငယ္မ်ိဳးဆက္သစ္မ်ားအတြက္ ႐ိုးရာအေမြအႏွစ္မ်ားကို ပိုမိုဆြဲေဆာင္မႈရွိေစရန္ ပိုမိုတီထြင္စမ္းသစ္ၿပီး တက္ႂကြေသာအခမ္းအနားမ်ားကို က်င္းပေနသည္။

ဒစ္ဂ်စ္တယ္စင္ျမင့္မ်ားမွ ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္မ်ိဳးစုံကို ခံစားျခင္း

အထက္ပါဝန္ႀကီးဌာနသည္ တ႐ုတ္ယဥ္ေက်းမႈအႏုပညာအသင္းႏွင့္ ပူးေပါင္းၿပီး ဇြန္လ ၈ ရက္ေန႔မွ ၁၄ ရက္ေန႔အထိ ဒစ္ဂ်စ္တယ္ ႐ုပ္ရွင္ပြဲေတာ္ကိုက်င္းပၿပီး တစ္ႏိုင္ငံလုံးမွ ဗီဒီယိုျပသေသာ လုပ္ငန္းႀကီးမ်ားသည္ ဝါရင့္ပညာရွင္မ်ား၏ ျပည္သူလူထုအတြက္ ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္လက္ခံသူ သင္တန္းမ်ားကို အြန္လိုင္းမွျပသၿပီး ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္႐ုပ္ရွင္မ်ား ၁၆၀၀ ေက်ာ္ကို အခမဲ့ျပသၾကသည္။

စစ္မွန္ေသာ ျဒပ္မဲ့ယဥ္ေက်းမႈ အစားအစာမ်ားကို ၾကည့္ရႈသူမ်ား ျမည္းစမ္းႏိုင္ရန္အတြက္ တ႐ုတ္ျပည္မွ နံနက္စာ - Breakfast in China" ႏွင့္ ေမႊးပ်ံ႕အရသာရွိေသာ ရင္းျမစ္ - "Flavorful Origins" စသည့္ လူႀကိဳက္မ်ားေသာ  ႐ုပ္သံဇာတ္လမ္းတြဲမ်ားကို Tencent Video က ျပသရန္စီစဥ္ထားသည္။

ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္မ်ားကာကြယ္ေရး၊ အေမြခံယူေရးႏွင့္ ဒစ္ဂ်စ္တယ္နည္းစနစ္မ်ား ျမႇင့္တင္ေရးအတြက္႐ိုက္ကူးသည့္ အမ်ိဳးသားရတနာ ၁၀၀ - National Treasures 100 အပါအဝင္ ျဒပ္မဲ့ယဥ္ေက်းမႈ မွတ္တမ္း႐ုပ္ရွင္ ဒါဇင္ေပါင္းမ်ားစြာႏွင့္အတူ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ သင္တန္းမ်ားအမည္ျဖင့္ ဒုတိယအႀကိမ္ျပပြဲမ်ားကို Youku က ျပသသည္။

ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္ဂီတမ်ားကို ပ်ံႏွံ႔ေစရန္ႏွင့္ အေမြလက္ခံျခင္းကို အားေပးရန္အတြက္ Kugou ဂီတအပလီေကးရွင္းက ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္ကိုနားေထာင္ပါ အမည္ျဖင့္ ႐ုပ္သံအစီအစဥ္ကို တင္ဆက္သည္။ဂီတခ်စ္သူမ်ားအေနျဖင့္ စစ္မွန္ေသာ ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္ဂီတကို ေလ့လာႏိုင္ၿပီး ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္ဂီတသီခ်င္းမ်ားကို ခံစားႏိုင္သည္။

တ႐ုတ္အမ်ိဳးသားစာၾကည့္တိုက္က ယဥ္ေက်းမႈလူ႔အဖြဲ႕အစည္း၏ သက္ေသမ်ား - ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္ ႐ုပ္ရွင္သင္တန္းအမည္ရွိ သင္တန္းမ်ားကိုစီစဥ္ၿပီး ၎တို႔ကို Tencent, IQiyi, Youku ႏွင့္ Bilibili အပါအဝင္ ဒစ္ဂ်စ္တယ္ စင္ျမင့္အမ်ားအျပားတြင္ ျပသသည္။

“ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္ဆက္ခံသူ ႏိုင္ငံလုံးဆိုင္ရာ ကိုယ္စားလွယ္ေတြရဲ႕ ထူးျခားေသာေအာင္ျမင္မႈမ်ားအေၾကာင္း မွတ္တမ္း႐ုပ္ရွင္ ၂၀ ကို က်ေနာ္တို႔ေ႐ြးခ်ယ္ၿပီး ဒါေတြကိုဖြင့္ဆိုေပးဖို႔ ကြၽမ္းက်င္သူေတြကို က်ေနာ္တို႔ဖိတ္ၾကားထားတယ္” ဟု စာၾကည့္တိုက္ဝန္ထမ္းတစ္ဦးကေျပာၿပီး ထိုသို႔လုပ္ေဆာင္ျခင္းေၾကာင့္ ပရိသတ္သည္ ႐ုပ္ရွင္ၾကည့္ရင္း ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္မ်ားကာကြယ္ေရး၏ အေရးပါမႈကို ပိုမိုနက္ရႈိင္းစြာ တန္ဖိုးထားနားလည္လာမည္ျဖစ္ေၾကာင္းေျပာသည္။

ထိပ္တန္း မွတ္တမ္း႐ုပ္ရွင္ျပသသည့္ စင္ျမင့္မ်ားျဖစ္ေသာ Douyin ႏွင့္ Kuaishou တို႔က ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္ဆက္ခံသူမ်ားကိုဖိတ္ၾကားၿပီး လက္မႈပညာမ်ားကို မိတ္ဆက္ေပးကာ ၎တို႔၏ကြၽမ္းက်င္မႈမ်ားကို GetToKnowICH (#ZoujinFeiyi) and #MyICHCraft (#WoDeFeiyiShouyi) တို႔တြင္ ဗီဒီယိုအတိုမ်ားကို ျပသသည္။

အင္တာနက္ေလာကသားမ်ားအေနျဖင့္ ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္ႏွင့္ပတ္သက္သည့္ ၎တို႔၏ ကိုယ္ပိုင္ျဖစ္ရပ္မ်ား၊ အေတြ႕အႀကဳံမ်ားကို အထက္ေဖၚျပပါေနရာမ်ားႏွင့္ ဗီဒီယိုမွ်ေဝေသာ အပလီေကးရွင္းျဖစ္သည့္ Bilibili ၏ မိမိ၏ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္ဇာတ္လမ္းမ်ား အစီအစဥ္တြင္ ျပန္လည္မွ်ေဝရန္အားေပးသည္။

“ပုံစံအမ်ိဳးမ်ိဳးနဲ႔ အြန္လိုင္းကပါဝင္ဆင္ႏႊဲတာဟာ ဒီႏွစ္ ဒစ္ဂ်စ္တယ္ပြဲေတာ္ရဲ႕ အဓိကသြင္ျပင္လကၡဏာျဖစ္တယ္” ဟု ယဥ္ေက်းမႈဝန္ႀကီးဌာန အရာရွိတစ္ဦးကေျပာသည္။ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္မ်ားကို အျခားတနည္းျဖင့္တင္ျပျခင္းသည္ အင္တာနက္ေလာကသားမ်ား အထူးသျဖင့္ လူငယ္ပရိသတ္မ်ား ႐ိုးရာယဥ္ေက်းမႈကို ပိုမိုနားလည္ေစမည္ျဖစ္ေၾကာင္း မွတ္ခ်က္ခ်သည္။

အြန္လိုင္းေဈးေရာင္းပြဲသက္သက္မဟုတ္

ယခုႏွစ္ပြဲေတာ္မ်ား၏ ေနာက္ထပ္အဓိကအခ်က္တခုမွာ အြန္လိုင္းျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္မ်ား ေဈးေရာင္းပြဲေတာ္သည္ သန္းေထာင္ခ်ီေသာ မိသားစုမ်ားအတြက္ အမ်ိဳးမ်ိဳးေသာ ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္ထုတ္ကုန္မ်ားကို မိတ္ဆက္ေပးျခင္းျဖစ္ၿပီး စီးပြားေရးျမႇင့္တင္ကာ ႐ိုးရာအေမြအႏွစ္မ်ားကို အားေပးျခင္းျဖစ္သည္။

Alibaba, JD.com, Suning, ႏွင့္ Meituan စသည့္ အီးေကာမာ့စ္ လုပ္ငန္းႀကီးမ်ားသည္လည္း ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္ ေဈးေရာင္းပြဲေတာ္က်င္းပရန္ ပူးေပါင္းၾကၿပီး ျဒပ္မဲ့ယဥ္ေက်းမႈ ဌာန၊ လုပ္ငန္း၊ အလုပ္႐ုံ ၆၅၀၀ နီးပါးမွ ျဒပ္မဲ့ယဥ္ေက်းမႈ အရည္အေသြးျမင့္ထုတ္ကုန္မ်ားစြာကို ေရာင္းခ်ၾကသည္။

ယဥ္ေက်းမႈႏွင့္ ခရီးသြားလုပ္ငန္း ဝန္ႀကီးဌာန၊ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနႏွင့္ ဆင္းရဲႏြမ္းပါးမႈေလွ်ာ့ခ်ေရးႏွင့္ တိုးတက္ေရးဆိုင္ရာ ႏိုင္ငံေတာ္ေကာင္စီဦးေဆာင္႐ုံးတို႔က စီစဥ္ေသာ ထိုအစီအစဥ္သည္ အြန္လိုင္းစင္ျမင့္မ်ားႏွင့္ ျပင္ပလမ္းေၾကာင္းမ်ားကိုေပါင္းစပ္ၿပီး ႏွစ္ေပါင္းမ်ားစြာရွည္ၾကာေသာ ကုန္အမွတ္တံဆိပ္မ်ားႏွင့္ ႐ိုးရာလက္မႈပစၥည္းမ်ားကို ပိုမိုမ်ားျပားေသာ ေဖါက္သည္မ်ားထံ ေရာက္ရွိရန္ကူညီသည္။

တ႐ုတ္ယဥ္ေက်းမႈတြင္ နက္ရႈိင္းစြာအျမစ္တြယ္ေနၿပီး အမ်ိဳးအစားစုံလင္သည့္ ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္မ်ား အထူးသျဖင့္ လက္မႈပစၥည္းမ်ားသည္ ထူးျခားေသာဆြဲေဆာင္မႈရွိၿပီး လက္ရွိျဖစ္ေပၚေနသည့္ မ်ိဳးစုံေသာ တစ္ဦးခ်င္းအႀကိဳက္ စားသုံးမႈလမ္းေၾကာင္းႏွင့္လည္း ကိုက္ညီေၾကာင္း ယဥ္ေက်းမႈႏွင့္ ခရီးသြားလုပ္ငန္း ဝန္ႀကီးဌာန၏ အဆိုအရ သိရသည္။

ထို႔အျပင္ Hebei, Hunan, Sichuan, Chongqing, ႏွင့္ Guangdong အပါအဝင္ ျပည္နယ္၊ ျမဴနီစပယ္အုပ္ခ်ဳပ္ေရးေဒသႏွင့္ ေဒသ ၂၀ ေက်ာ္တို႔သည္ ICH ေဈးေရာင္းပြဲေတာ္မ်ားကို ယခုလအတြင္းက်င္းပမည္ျဖစ္ၿပီး ထူးျခားေသာ ယဥ္ေက်းမႈမ်က္ႏွာစာမ်ားႏွင့္ ေဒသဆိုင္ရာ ICH ကိုယ္စားျပဳမႈမ်ားကိုတင္ျပရန္ ျပင္ပအခမ္းအနားမ်ားႏွင့္ တိုက္႐ိုက္ထုတ္လႊင့္သည့္ အခမ္းအနားမ်ားကို ေပါင္းစပ္မည္ျဖစ္သည္။

ICH အလုပ္႐ုံမ်ားသည္ ေရွးေဟာင္းၿမိဳ႕မ်ားႏွင့္ ေဝးကြာေသာေနရာမ်ားတြင္ တည္ရွိေသာေၾကာင့္ ICH သည္ အလုပ္အကိုင္ျမႇင့္တင္ရန္ႏွင့္ ဆင္းရဲႏြမ္းပါးမႈတိုက္ဖ်က္ရာတြင္ အေရးပါေသာအခန္းမွ ပါဝင္သည္။ထိုသို႔ေသာအျမင္ျဖင့္ၾကည့္ပါက အြန္လိုင္းေဈးေရာင္းပြဲေတာ္သည္ ဆိုင္ငယ္မ်ားႏွင့္ ကုန္အမွတ္တံဆိပ္ေဟာင္းမ်ားကို အြန္လိုင္းသို႔ေရာက္ေစၿပီး က်န္းမာေရးအက်ပ္အတည္းေၾကာင့္ ထိခိုက္ရသည့္ ICH ဆက္ခံသူမ်ား၊ လုပ္ငန္းမ်ား အလုပ္႐ုံမ်ားကို အေထာက္အကူျဖစ္ေစသည္။

တ႐ုတ္ႏိုင္ငံတြင္ ယူနက္စကို ကမာၻ႔အေမြအႏွစ္ စာရင္းဝင္ေနရာ ၅၅ ခုႏွင့္ ျဒပ္မဲ့ယဥ္ေက်းမႈ အေမြအႏွစ္အစီအစဥ္ ၄၄ ခုရွိၿပီး ကမာၻတြင္ ထိပ္ဆုံးမွရပ္တည္ေနသည္။ျပည္တြင္းတြင္ အကာအကြယ္ေပးထားေသာ ICH  ကိုယ္စားျပဳမႈ ၁၃၇၂ ခု ရွိသည္။

ယဥ္ေက်းမႈအေမြအႏွစ္မ်ား ပိုမိုက်ယ္ျပန႔္စြာျဖန႔္ခ်ီရန္ႏွင့္ အဖိုးမျဖတ္ႏိုင္ေသာ အေမြအႏွစ္မ်ားကိုကာကြယ္ရန္ လူထုအျမင္ျမႇင့္တင္ရန္ တ႐ုတ္ႏိုင္ငံသည္ ယဥ္ေက်းမႈအေမြအႏွစ္ေန႔ကို ဇြန္လ ဒုတိယပတ္ စေနေန႔တြင္ ၂၀၀၆ ခုႏွစ္မွ စတင္က်င္းပၿပီး ထိုေန႔ကို ယဥ္ေက်းမႈႏွင့္ သဘာ၀အေမြအႏွစ္ေန႔အျဖစ္ ၂၀၁၇ ခုႏွစ္မွ စတင္ေျပာင္းလဲေခၚေဝၚခဲ့သည္။

မင္းသန႔္
Ref : China stages diverse events to mark Cultural and Natural Heritage Day (CGTN)
ဇြန္ - ၁၆