【 နိုင်ငံတကာ ဆောင်းပါး 】ဗင်နီဇွဲလားနိုင်ငံရေးအကြပ်အတည်းထဲ ပါဝင်လာတဲ့ ရုရှား

 ဗင်နီဇွဲလားနိုင်ငံရေးအကြပ်အတည်းထဲ ပါဝင်လာတဲ့ ရုရှား

နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုကြောင့် ဗင်နီဇွဲလားသမ္မတနီကောလတ်စ်မာဒူရိုကိုကူညီရန် ရုရှားဟာတဖြေးဖြေးနဲ့ ဗင်နီဇွဲလားပြည်တွင်းအရေးမှာပါဝင်လာပါတယ်။ မဒူရိုဟာသမ္မတ ရာထူး နေ ရာအတွက် ဂွါဒိုကသူသာတရားဝင်သမ္မတဖြစ်တယ်လို့ပြောပြီးထိုရာထူးအတွက် ခြိမ်းခြောက် ခံနေ ရပါတယ်။ အမေရိကန်ကတော့ ဂွါဒိုကိုထောက်ခံပေမယ့်လည်း ရုရှား၊ ကျူဘားနဲ့ တရုတ် နိုင်ငံတွေ ကတော့ သမ္မတမာဒူရိုကိုထောက်ခံတဲ့ အနေနဲ့ သူ့ရာထူးမှာဆက်နေနိုင်အောင် ထောက်ပံ့မှုတွေ ပေးပို့နေကြပါတယ်။

ရုရှားကတော့ မာဒူရိုကိုကျဆင်းနေတဲ့တိုင်းပြည်ရဲ့စီးပွားရေးအပေါ်မှာ အကြောင်းပြုပြီး အမြတ် နည်းနည်းနဲ့ သူ့ကိုထောက်ပံ့ပြီးအာဏာရှင်ဆန်ဆန်အုပ်ချူပ်ရေးကိုဆက်လက်ရှင်သန်စေချင်တာပါ။ ရုရှားကရရှိတဲ့ တစ်ခုတည်းသောအကျိူးအမြတ်ကတော့ ရေနံပါပဲ၊ ဒါပေမယ့်လည်းရုရှားဟာ သူ့နိုင်ငံ မှာ ရေနံပေါ ပါတယ်။ အမှန်တိုင်းပြောရရင်တော့ ရုရှားကရေနံတွေရယူတာထက် အမေရိကတိုက်မှာ အာဏာပြချင်နေတာပါ။ ဗင်နီဇွဲလားရဲ့ ကျဆင်းနေတဲ့တိုင်းပြည်ရဲ့ စီးပွားရေးကို ပြန်လည် တည်ဆောက် ဖို့ဆိုရင် ရုရှားရဲ့အကူအညီတစ်ခုတည်းနဲ့မရပါဘူး၊ အချိန်အကြာကြီးယူပြီးပြန်လည် တည်ဆောက် ရမည့် ကိစ္စပါ။ ရုရှားရဲ့ ဗင်နီဇွဲလားထောက်ခံမှုဟာ တကယ်ဆိုရင် ရုရှားကိုယ်တိုင် ကိုနစ်နာစေပါတယ်။

ဘာလို့လဲဆိုတော့၊ အကယ်၍အမေရိကန် နဲ့ရုရှားဟာ ရန်သူတွေဆိုရင် အမေရိကန်ရဲ့ ရန်သူ ရုရှားကိုအားနည်းစေရာရောက်ပါတယ်။ အမေရိကန်ရဲ့ မူကတော့ ဗင်နီဇွဲလားရဲ့ ပြဿနာတွေထဲမှာ ဝင်ရောက်စွက်ဖက်တာတွေသိပ်မလုပ်ချင်ပါဘူး။ဘာလို့လဲဆိုတော့ ဗင်နီဇွဲလားက ရုရှားရဲ့ ထောက်ပံ့ မှု တွေကိုရယူနေရလို့ပါ။ ဂွါဒိုကိုထောက်ခံတာအမေရိကန်အတွက်တော့ ကောင်းတယ်လို့ပြော ရမှာပါ။ ဘာလို့လဲဆိုတော့ ဂွါဒိုရဲ့ အစိုးရကမာဒူရိုအစိုးရထက်ပိုပြီးကောင်းမှာမို့လို့ပါ။ အမေရိကန်ရဲ့ ဂွါဒို အတွက်ထောက်ခံမှုဟာယခုချိန်ထိတော့ စကားသက်သက်သာဖြစ်နေသေးပေမယ့်လည်း သမ္မတ ထရမ့်ရဲ့ပြောကြားချက်အရတော့ အားလုံးဟာစားပွဲပေါ်မှာပါ။ လိုအပ်ရင် စစ်ဘက်ဆိုင်ရာ ဝင်ရောက် စွက်ဖက်မှုလည်း ရှိလာနိုင်တယ်လို့ပြောပါတယ်။

ဒါပေမယ့်လည်းစစ်ဘက်မှာဝင်ရောက်စွက်ဖက်လိုက်ရင် အဲ့ဒါ အမှာကြီးတစ်ခုဖြစ်လိမ့်မယ် လို့ လည်းကောက်ချက်ချခဲ့ပါတယ်။ အခုချိန်မှာအမေရိကန် နဲ့ ဗင်နီဇွဲလား အတွက်အကောင်းဆုံးသော လမ်းကတော့ မာဒူရိုမရှိခြင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန် ကတော့ အီရန် နဲ့ အာဖဂန် နစ္စတန် ကလိုတော့ မဖြစ်ဖို့ သတိထားရတော့မှာပါ။

(  Zawgyi  )

 ႏိုင္ငံေရးအေျခအေနမတည္ၿငိမ္မႈေၾကာင့္ ဗင္နီဇြဲလားသမၼတနီေကာလတ္စ္မာဒူ႐ိုကိုကူညီရန္ ႐ုရွားဟာတေျဖးေျဖးနဲ႔ ဗင္နီဇြဲလားျပည္တြင္းအေရးမွာပါဝင္လာပါတယ္။ မဒူ႐ိုဟာသမၼတ ရာထူး ေန ရာအတြက္ ဂြါဒိုကသူသာတရားဝင္သမၼတျဖစ္တယ္လို႔ေျပာၿပီးထိုရာထူးအတြက္ ၿခိမ္းေျခာက္ ခံေန ရပါတယ္။ အေမရိကန္ကေတာ့ ဂြါဒိုကိုေထာက္ခံေပမယ့္လည္း ႐ုရွား၊ က်ဴဘားနဲ႔ တ႐ုတ္ ႏိုင္ငံေတြ ကေတာ့ သမၼတမာဒူ႐ိုကိုေထာက္ခံတဲ့ အေနနဲ႔ သူ႔ရာထူးမွာဆက္ေနႏိုင္ေအာင္ ေထာက္ပံ့မႈေတြ ေပးပို႔ေနၾကပါတယ္။

႐ုရွားကေတာ့ မာဒူ႐ိုကိုက်ဆင္းေနတဲ့တိုင္းျပည္ရဲ႕စီးပြားေရးအေပၚမွာ အေၾကာင္းျပဳၿပီး အျမတ္ နည္းနည္းနဲ႔ သူ႔ကိုေထာက္ပံ့ၿပီးအာဏာရွင္ဆန္ဆန္အုပ္ခ်ဴပ္ေရးကိုဆက္လက္ရွင္သန္ေစခ်င္တာပါ။ ႐ုရွားကရရွိတဲ့ တစ္ခုတည္းေသာအက်ိဴးအျမတ္ကေတာ့ ေရနံပါပဲ၊ ဒါေပမယ့္လည္း႐ုရွားဟာ သူ႔ႏိုင္ငံ မွာ ေရနံေပါ ပါတယ္။ အမွန္တိုင္းေျပာရရင္ေတာ့ ႐ုရွားကေရနံေတြရယူတာထက္ အေမရိကတိုက္မွာ အာဏာျပခ်င္ေနတာပါ။ ဗင္နီဇြဲလားရဲ႕ က်ဆင္းေနတဲ့တိုင္းျပည္ရဲ႕ စီးပြားေရးကို ျပန္လည္ တည္ေဆာက္ ဖို႔ဆိုရင္ ႐ုရွားရဲ႕အကူအညီတစ္ခုတည္းနဲ႔မရပါဘူး၊ အခ်ိန္အၾကာႀကီးယူၿပီးျပန္လည္ တည္ေဆာက္ ရမည့္ ကိစၥပါ။ ႐ုရွားရဲ႕ ဗင္နီဇြဲလားေထာက္ခံမႈဟာ တကယ္ဆိုရင္ ႐ုရွားကိုယ္တိုင္ ကိုနစ္နာေစပါတယ္။

ဘာလို႔လဲဆိုေတာ့၊ အကယ္၍အေမရိကန္ နဲ႔႐ုရွားဟာ ရန္သူေတြဆိုရင္ အေမရိကန္ရဲ႕ ရန္သူ ႐ုရွားကိုအားနည္းေစရာေရာက္ပါတယ္။ အေမရိကန္ရဲ႕ မူကေတာ့ ဗင္နီဇြဲလားရဲ႕ ျပႆနာေတြထဲမွာ ဝင္ေရာက္စြက္ဖက္တာေတြသိပ္မလုပ္ခ်င္ပါဘူး။ဘာလို႔လဲဆိုေတာ့ ဗင္နီဇြဲလားက ႐ုရွားရဲ႕ ေထာက္ပံ့ မႈ ေတြကိုရယူေနရလို႔ပါ။ ဂြါဒိုကိုေထာက္ခံတာအေမရိကန္အတြက္ေတာ့ ေကာင္းတယ္လို႔ေျပာ ရမွာပါ။ ဘာလို႔လဲဆိုေတာ့ ဂြါဒိုရဲ႕ အစိုးရကမာဒူ႐ိုအစိုးရထက္ပိုၿပီးေကာင္းမွာမို႔လို႔ပါ။ အေမရိကန္ရဲ႕ ဂြါဒို အတြက္ေထာက္ခံမႈဟာယခုခ်ိန္ထိေတာ့ စကားသက္သက္သာျဖစ္ေနေသးေပမယ့္လည္း သမၼတ ထရမ့္ရဲ႕ေျပာၾကားခ်က္အရေတာ့ အားလုံးဟာစားပြဲေပၚမွာပါ။ လိုအပ္ရင္ စစ္ဘက္ဆိုင္ရာ ဝင္ေရာက္ စြက္ဖက္မႈလည္း ရွိလာႏိုင္တယ္လို႔ေျပာပါတယ္။

ဒါေပမယ့္လည္းစစ္ဘက္မွာဝင္ေရာက္စြက္ဖက္လိုက္ရင္ အဲ့ဒါ အမွာႀကီးတစ္ခုျဖစ္လိမ့္မယ္ လို႔ လည္းေကာက္ခ်က္ခ်ခဲ့ပါတယ္။ အခုခ်ိန္မွာအေမရိကန္ နဲ႔ ဗင္နီဇြဲလား အတြက္အေကာင္းဆုံးေသာ လမ္းကေတာ့ မာဒူ႐ိုမရွိျခင္းပဲျဖစ္ပါတယ္။ ဒါေပမယ့္ အေမရိကန္ ကေတာ့ အီရန္ နဲ႔ အာဖဂန္ နစၥတန္ ကလိုေတာ့ မျဖစ္ဖို႔ သတိထားရေတာ့မွာပါ။