【 နိုင်ငံတကာဆောင်းပါး 】ဗြိတိန် ရွှေထီးဆောင်းခဲ့တဲ့ အတိတ်အိပ်မက်က နိုးသင့်ပြီ

 【  နိုင်ငံတကာဆောင်းပါး  】ဗြိတိန် ရွှေထီးဆောင်းခဲ့တဲ့ အတိတ်အိပ်မက်က နိုးသင့်ပြီ
 

ဥရောပသမဂ္ဂက မကြာမီလမ်းခွဲတော့မယ့် အခြေအနေမှာ၊ သူသာလျှင် သူ့ရဲ့ အရှင်သခင်ဖြစ်ကြောင်း ပြသလိုစိတ်နဲ့ ဗြိတိန်ဟာ သူ့အဆင့်အတန်းဟာ ဥရောပတစ်ခုလုံးရဲ့ အစိတ်အပိုင်းဖြစ်မှုအပေါ်မှာ မှီခိုမနေဘူးဆိုတာကို လက်တွေ့ပြဖို့ လိုအပ်တယ်လို့ ခံစားမိနေပုံရပါတယ်။ ဒါပေမယ့်လည်း အရှေ့တောင်အာရှမှာ သူ့လွတ်လပ်မှုကို သူပြသသွားပုံကတော့ ပြဿနာရှာသူ တစ်ယောက်လို့သာ ပေါ်လွင်သွားစေမှာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်က The Sunday Telegraph နဲ့ အင်တာဗျူးတစ်ခုမှာ ဗြိတိန်ကာကွယ်ရေး ဝန်ကြီး ဂါဗင် ဝီလျံဆမ်က ပြောကြားရာမှာတော့ ဗြိတိန်ဟာ လာမယ့်နှစ်နှစ်အတွင်းမှာ ကာရစ်ဘီယံ မှာတစ်ခု၊ အရှေ့တောင်အာရှ (စင်ကာပူ သို့မဟုတ် ဘရူနိုင်းဖြစ်နိုင်)မှာတစ်ခု စစ်စခန်းနှစ်ခု ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ မလိုလားအပ်ဘဲ အာရှပစိဖိတ်ဒေသမှာ လက်ရှိမဟာဗျူဟာမျှခြေကို ကျိုးပေါက်စေမှာဖြစ်သလို။ ပထဝီနိုင်ငံရေးအဆင့်မှာလည်း တင်းမာမှုအသစ်တွေကို မီးထိုးပေးသလို ဖြစ်မှာပါပဲ။

သက်သက်ညှာညှာစဉ်းစားပေးရမယ်ဆိုရင်တော့ ဗြိတိန်ဟာ ဥရောပပါ့တနာတွေနဲ့ အကျိုးအမြတ်ရှိတဲ့ ဆက်ဆံရေး ပြတ်တောက်သွားပြီးတဲ့နောက်မှာ စီးပွားရေးကို မမြှုပ်အောင်ထိန်းထားဖို့ဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့ ကုန်သွယ်ရေးသဘောတူညီချက်ရဖို့ မျှော်လင့်နေတာကြောင့် ဒီလုပ်ရပ်ဟာ ရန်လိုတဲ့အပြုအမူဆိုတာထက်ကို သွေးရူးသွေးတန်းကြံရာမရတဲ့ လုပ်ရပ်ပဲ ဖြစ်နိုင်ပါတယ်။မကြာသေးမီနှစ်များမှာ ဝါရှင်တန်ဟာ ဒေသတွင်း ပင်လယ်ရေပိုင်နက်အငြင်းပွားမှုတွေကို အသုံးချပြီး ဝင်ရောက်စွက်ဖက် သွေးခွဲခဲ့သလိုပဲ သူ့မဟာမိတ်တွေကိုလည်း အလားတူ လိုက်ပါလုပ်ဆောင်ဖို့ ဖိအားပေးနေခဲ့ပါတယ်။ လန်ဒန်ကလည်း သူ့ငွေတွင်းက နက်လာပြီမို့ အမေရိကန်နောက်က လိုက်လုပ်ဖို့ ထက်သန်နေမှာပဲ ဖြစ်ပါတယ်။

ဝါရှင်တန်ဟာ ကိုယ့်ကိုယ်ကိုယ် ခန့်အပ်ထားတဲ့ ကမ္ဘာ့ပုလိပ်ကြီးနေရာက ကပြနေတာကို ရပ်တန်း ကရပ်တော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကြေညာလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စု ဟာ အရင်လို တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးတွေမှာ ဝင်ရောက် စွက်ဖက်တော့ မှာမဟုတ်ဘူးလို့ မျှော်လင့်စရာဖြစ်လာခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဒေသတွင်းမှာ စစ်ရေးတည်ဆောက်မှုကို အရှိန်အဟုန်မြှင့်မယ့် ဗြိတိန်ရဲ့ အစီအစဉ်ဟာ အရင်က ဝါရှင်တန်ရဲ့ လက်ထောက်ရဲမှူးနေရာနဲ့ မကျေနပ်မရောင့်ရဲခဲ့တဲ့ လန်ဒန်က အခု အမေရိကန်ကက လွှင့်ပစ်တော့မယ့် သံဖြူကြယ်ကို ကောက်ယူပြီး သူ့သိက္ခာကို ပြန်လည်အရောင်တင်ဖို့ ကြိုးစားလာတာလို့ စဉ်းစား စရာဖြစ်လာခဲ့ပါတယ်။

ဒါဟာ သူ့လုပ်နိုင်စွမ်းကို ကျော်လွန်နေပေမယ့်လည်း လန်ဒန်ကတော့ ဝါရှင်တန်ရဲ့ သစ္စာရှိတပည့်ကြီး ပီပီ ဝါရှင်တန်ရည်မှန်းသမျှကို လိုက်လုပ်ချင်စိတ်ရှိနေတာကြောင့် စစ်စခန်းအသစ်ဟာ အမေရိကန်နဲ့ မတူ တစ်မူထားခြားလိမ့်မယ်လို့တော့ တွေးစရာအကြောင်းမရှိပါဘူး။ ရေတပ်အင်အားကို ထုတ်ပြပြီး သူ့ပါဝါကို စူးရှစေတာဟာ တခြားနိုင်ငံတွေကို ပျဝပ်ရိုကျိုးလာအောင် အမြောက်တင်သင်္ဘောတွေ စေလွှတ်ခဲ့တဲ့ ဗြိတိသျှအင်ပါယာခေတ်ရဲ့ အကြွင်းအကျန်ပဲဖြစ်ပြီး အခု အဲဒီခေတ်ဟာ ကုန်လွန်သွား
ခဲ့ပါပြီ။

ဒေသတစ်ခုအပေါ်မှာ ပြင်ပအင်အားစုတွေက သူတို့ဆန္ဒရှိသလို ခြယ်လှယ်လို့ ရတဲ့ခေတ်မဟုတ်တော့ပါဘူး။ တရုတ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အပြန်အလှန်နားလည်လာကြလို့ ပင်လယ်ရေပိုင်နက်အငြင်းပွားမှုလောက်နဲ့ ဒေသကြီး ပိုပိုပြီး ပူးပေါင်းလာတာကို ဟန့်တားလို့ မရနိုင်တော့ပါဘူး။

အဲဒါတွေထက် ပိုအရေးကြီးတာက တရုတ်နဲ့ အာဆီယံနိုင်ငံတွေဟာ တောင်တရုတ်ပင်လယ်မှာ ကျင့်ထုံးကိုယ်ဒဥပဒေ ပေါ်ထွက်လာဖို့အတွက် အရှိန်အဟန်မြှင့်ပြီး စေ့စပ်ညှိနှိုင်းနေကြတာပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ဒီဒေသဒီရေပြင်မှာ စစ်ဇာတ်သွင်းမယ့် လန်ဒန်ရဲ့ ရည်ရွယ်ချက်ဟာ အခြေအနေမှန်ကို လုံးဝနားမလည်ဘူးဆိုတာကို ဖော်ပြနေပါတယ်။ 

(  Zawgyi  )

 ဥေရာပသမဂၢက မၾကာမီလမ္းခြဲေတာ့မယ့္ အေျခအေနမွာ၊ သူသာလွ်င္ သူ႔ရဲ႕ အရွင္သခင္ျဖစ္ေၾကာင္း ျပသလိုစိတ္နဲ႔ ၿဗိတိန္ဟာ သူ႔အဆင့္အတန္းဟာ ဥေရာပတစ္ခုလုံးရဲ႕ အစိတ္အပိုင္းျဖစ္မႈအေပၚမွာ မွီခိုမေနဘူးဆိုတာကို လက္ေတြ႕ျပဖို႔ လိုအပ္တယ္လို႔ ခံစားမိေနပုံရပါတယ္။ ဒါေပမယ့္လည္း အေရွ႕ေတာင္အာရွမွာ သူ႔လြတ္လပ္မႈကို သူျပသသြားပုံကေတာ့ ျပႆနာရွာသူ တစ္ေယာက္လို႔သာ ေပၚလြင္သြားေစမွာပဲ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္သတၱပတ္က The Sunday Telegraph နဲ႔ အင္တာဗ်ဴးတစ္ခုမွာ ၿဗိတိန္ကာကြယ္ေရး ဝန္ႀကီး ဂါဗင္ ဝီလ်ံဆမ္က ေျပာၾကားရာမွာေတာ့ ၿဗိတိန္ဟာ လာမယ့္ႏွစ္ႏွစ္အတြင္းမွာ ကာရစ္ဘီယံ မွာတစ္ခု၊ အေရွ႕ေတာင္အာရွ (စင္ကာပူ သို႔မဟုတ္ ဘ႐ူႏိုင္းျဖစ္ႏိုင္)မွာတစ္ခု စစ္စခန္းႏွစ္ခု ဖြင့္လွစ္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါဟာ မလိုလားအပ္ဘဲ အာရွပစိဖိတ္ေဒသမွာ လက္ရွိမဟာဗ်ဴဟာမွ်ေျခကို က်ိဳးေပါက္ေစမွာျဖစ္သလို။ ပထဝီႏိုင္ငံေရးအဆင့္မွာလည္း တင္းမာမႈအသစ္ေတြကို မီးထိုးေပးသလို ျဖစ္မွာပါပဲ။

သက္သက္ညႇာညႇာစဥ္းစားေပးရမယ္ဆိုရင္ေတာ့ ၿဗိတိန္ဟာ ဥေရာပပါ့တနာေတြနဲ႔ အက်ိဳးအျမတ္ရွိတဲ့ ဆက္ဆံေရး ျပတ္ေတာက္သြားၿပီးတဲ့ေနာက္မွာ စီးပြားေရးကို မျမႇဳပ္ေအာင္ထိန္းထားဖို႔ဆိုရင္ အေမရိကန္ျပည္ေထာင္စုနဲ႔ ကုန္သြယ္ေရးသေဘာတူညီခ်က္ရဖို႔ ေမွ်ာ္လင့္ေနတာေၾကာင့္ ဒီလုပ္ရပ္ဟာ ရန္လိုတဲ့အျပဳအမူဆိုတာထက္ကို ေသြး႐ူးေသြးတန္းႀကံရာမရတဲ့ လုပ္ရပ္ပဲ ျဖစ္ႏိုင္ပါတယ္။မၾကာေသးမီႏွစ္မ်ားမွာ ဝါရွင္တန္ဟာ ေဒသတြင္း ပင္လယ္ေရပိုင္နက္အျငင္းပြားမႈေတြကို အသုံးခ်ၿပီး ဝင္ေရာက္စြက္ဖက္ ေသြးခြဲခဲ့သလိုပဲ သူ႔မဟာမိတ္ေတြကိုလည္း အလားတူ လိုက္ပါလုပ္ေဆာင္ဖို႔ ဖိအားေပးေနခဲ့ပါတယ္။ လန္ဒန္ကလည္း သူ႔ေငြတြင္းက နက္လာၿပီမို႔ အေမရိကန္ေနာက္က လိုက္လုပ္ဖို႔ ထက္သန္ေနမွာပဲ ျဖစ္ပါတယ္။

ဝါရွင္တန္ဟာ ကိုယ့္ကိုယ္ကိုယ္ ခန႔္အပ္ထားတဲ့ ကမာၻ႔ပုလိပ္ႀကီးေနရာက ကျပေနတာကို ရပ္တန္း ကရပ္ေတာ့မယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရန႔္က ေၾကညာလိုက္တဲ့အတြက္ အေမရိကန္ျပည္ေထာင္စု ဟာ အရင္လို တျခားႏိုင္ငံေတြရဲ႕ ျပည္တြင္းေရးေတြမွာ ဝင္ေရာက္ စြက္ဖက္ေတာ့ မွာမဟုတ္ဘူးလို႔ ေမွ်ာ္လင့္စရာျဖစ္လာခဲ့ပါတယ္။ ဒါ့ေၾကာင့္လည္း ေဒသတြင္းမွာ စစ္ေရးတည္ေဆာက္မႈကို အရွိန္အဟုန္ျမႇင့္မယ့္ ၿဗိတိန္ရဲ႕ အစီအစဥ္ဟာ အရင္က ဝါရွင္တန္ရဲ႕ လက္ေထာက္ရဲမႉးေနရာနဲ႔ မေက်နပ္မေရာင့္ရဲခဲ့တဲ့ လန္ဒန္က အခု အေမရိကန္ကက လႊင့္ပစ္ေတာ့မယ့္ သံျဖဴၾကယ္ကို ေကာက္ယူၿပီး သူ႔သိကၡာကို ျပန္လည္အေရာင္တင္ဖို႔ ႀကိဳးစားလာတာလို႔ စဥ္းစား စရာျဖစ္လာခဲ့ပါတယ္။

ဒါဟာ သူ႔လုပ္ႏိုင္စြမ္းကို ေက်ာ္လြန္ေနေပမယ့္လည္း လန္ဒန္ကေတာ့ ဝါရွင္တန္ရဲ႕ သစၥာရွိတပည့္ႀကီး ပီပီ ဝါရွင္တန္ရည္မွန္းသမွ်ကို လိုက္လုပ္ခ်င္စိတ္ရွိေနတာေၾကာင့္ စစ္စခန္းအသစ္ဟာ အေမရိကန္နဲ႔ မတူ တစ္မူထားျခားလိမ့္မယ္လို႔ေတာ့ ေတြးစရာအေၾကာင္းမရွိပါဘူး။ ေရတပ္အင္အားကို ထုတ္ျပၿပီး သူ႔ပါဝါကို စူးရွေစတာဟာ တျခားႏိုင္ငံေတြကို ပ်ဝပ္႐ိုက်ိဳးလာေအာင္ အေျမာက္တင္သေဘၤာေတြ ေစလႊတ္ခဲ့တဲ့ ၿဗိတိသွ်အင္ပါယာေခတ္ရဲ႕ အႂကြင္းအက်န္ပဲျဖစ္ၿပီး အခု အဲဒီေခတ္ဟာ ကုန္လြန္သြား
ခဲ့ပါၿပီ။

ေဒသတစ္ခုအေပၚမွာ ျပင္ပအင္အားစုေတြက သူတို႔ဆႏၵရွိသလို ျခယ္လွယ္လို႔ ရတဲ့ေခတ္မဟုတ္ေတာ့ပါဘူး။ တ႐ုတ္နဲ႔ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံေတြဟာ အျပန္အလွန္နားလည္လာၾကလို႔ ပင္လယ္ေရပိုင္နက္အျငင္းပြားမႈေလာက္နဲ႔ ေဒသႀကီး ပိုပိုၿပီး ပူးေပါင္းလာတာကို ဟန႔္တားလို႔ မရႏိုင္ေတာ့ပါဘူး။

အဲဒါေတြထက္ ပိုအေရးႀကီးတာက တ႐ုတ္နဲ႔ အာဆီယံႏိုင္ငံေတြဟာ ေတာင္တ႐ုတ္ပင္လယ္မွာ က်င့္ထုံးကိုယ္ဒဥပေဒ ေပၚထြက္လာဖို႔အတြက္ အရွိန္အဟန္ျမႇင့္ၿပီး ေစ့စပ္ညႇိႏႈိင္းေနၾကတာပဲ ျဖစ္ပါတယ္။ ဒီလိုအေျခအေနမွာ ဒီေဒသဒီေရျပင္မွာ စစ္ဇာတ္သြင္းမယ့္ လန္ဒန္ရဲ႕ ရည္႐ြယ္ခ်က္ဟာ အေျခအေနမွန္ကို လုံးဝနားမလည္ဘူးဆိုတာကို ေဖာ္ျပေနပါတယ္။