【 နိုင်ငံတကာဆောင်းပါး 】ပြန်လည်ထုတ်လုပ်အသုံးပြုနိုင်သော တရုတ်စွမ်းအင်ကဏ္ဍ

【 နိုင်ငံတကာဆောင်းပါး 】ပြန်လည်ထုတ်လုပ်အသုံးပြုနိုင်သော တရုတ်စွမ်းအင်ကဏ္ဍ

၂၀၂၁ ခုနှစ် တရုတ်နိုင်ငံရဲ့ စတော့စျေးကွက်အတွင် ကြီးမားစွာ တိုးတက်လာသော ကဏ္ဍကတော့ ပြန် လည်ထုတ်လုပ်အသုံးပြုနိုင်သော စွမ်းအင်ကဏ္ဍဖြစ်ပါတယ်၊ တရုတ်ကတော့ ၎င်းရဲ စိမ်းရောင်ခြေလှမ်းကို စတင်လာပြီးနောက် ဒီကဏ္ဍကလည်း အခုလို အသုံးပြုမှု မြင့်တက်လာတာဖြစ်ပါတယ်။

သမားရိုးကျ ထုတ်လုပ်ထားသော စွမ်းအင်ဟာ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး Shanghai Composite ထက် စွမ်းဆောင်ရည် ပိုကောင်းလာခဲ့ပြီး Shanghai Composite ကတော့ စွမ်းဆောင်ရည် ၂.၇ ရာခိုင်နှုန်း ကျဆင်းလာခဲ့တယ်လို့ Wind Financial Terminal က ထုတ်ပြန်ထားပါတယ်။ ယခင်က လူကြိုက် မများခဲ့သော ကျောက်မီးသွေး အခြေစိုက် စွမ်းအင်ထုတ်မီးစက်ထုတ်လုပ်သော ကုမ္ပဏီများဖြစ်တဲ့ Huaneng Power International နှင့် Huadian Power International တို့ရဲ့ ရှယ်ယာတန်ဖိုးဟာ မြင့်တက်လာခဲ့ပြီး ၁၂၅.၈ ရာခိုင်နှုန်း နှင့် ၇၀ ရာခိုင်နှုန်းအထိ အသီးသီးမြင့်တက်လာခဲ့ပါတယ်၊ ဒါဟာ အသစ်ပြန်လည် မြင့်တက်လာသော ရင်းနှီးမြှုပ်နှံသူများရဲ့ စိတ်ဝင်စားမှုကြောင့်ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အစိမ်းရောင်လျှပ်စစ်ကုန်သွယ်ရေး လေ့လာရေးစီမံချက်မှအပ မကြာသေးခင်က လျှပ် စစ်ဓါတ်အားစျေးနှုန်းပြုပြင်ပြောင်းလဲမှုတို့ဟာ စွမ်းအင်ကုမ္ပဏီများကို ပြန်လည်လုတ်လုပ် အသုံးပြုနိုင်သောစွမ်း အင်တွင် ခန့်မှန်းချက်ထက် စွမ်းဆောင်ရည်ပိုကောင်းလာစေဖြစ်ကြောင်း လေ့လာသူများက ပြောပါတယ်။

၂၀၆၀ တွင် ကာဗွန်ထုတ်လွှတ်မှုမရှိစေရေး ရည်မှန်းချက်ကလည်း စွမ်းအင်အော်ပရေတာများအတွက် တိုးတက်မှု အခွင့်အလမ်းကို ဖန်တီးပေးကြောင်း Changjiang Securities တွင် လျှပ်စစ်စွမ်းအင်ဌာနတွင် ညွှန်ကြားရေးမှူး အဖြစ် အလုပ်လုပ်နေသော ဇန်းဝေဟွာက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်တွင် တရုတ်နိုင်ငံ၏ ပြန်လည်ထုတ်လုပ်အသုံးပြုလို့ရသော စွမ်းအင်ဟာ ၂၀၂၅ တွင် လျှပ်စစ် ဓာတ်အားပေါင်း ၅၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်ပေးနိုင်လိမ့်မယ်ဟု ခန့်မှန်းကြပါတယ်။

စျေးကွက်ဟာ ကုမ္ပဏီကြီး ၅ ခုရဲ့ ပစ်မှတ်ထားကြိုးပမ်းမှုနဲ့အတူ တရုတ်နိုင်ငံရဲ့ အစိုးရပိုင် အကြီးဆုံး စွမ်းအင်ထုတ်လုပ်သော ကုမ္ပဏီများဖြစ်လာရန် ရည်မှန်းထားကြပါတယ်။ ထိုကုမ္ပဏီ ၅ ခုကို ကြီးငါးကြီးဟု ခေါ် ဆိုကြပြီး Huaneng Group ၊ Huadian Group ၊ China Energy Investment Corp ၊ State Power Investment Corp နှင့် Datang Group အစရှိသော ကုမ္ပဏီများဖြစ်ပါတယ်၊ ဒီကုမ္ပဏီငါးခုလုံးကတော့ လာမယ့် ၂၀၂၅ ခုက စပြီး ကာဗွန်ထုတ်လွှတ်မှုကို နှစ်စဉ်လျှော့ချနိုင်တော့မည်ဟု ထုတ်ပြန်ထားပါတယ်။

ပြန်လည်ထုတ်လုပ်အသုံးပြုနိုင်သော စွမ်းအင်ကဏ္ဍသို့ ချီတက်ခြင်းဟာ မူဝါဒတွန်းအားကြောင့်မဟုတ်ပဲ ကုမ္ပဏိများအတွက် တိုးတက်မှုအခွင့်အလမ်းပဲဖြစ်ပါတယ်။

China Resources Power ဟာ တရုတ်နိုင်ငံတွင် စျေးကွက်တန်ဖိုးအားဖြင့် အကြီးဆုံးသော စွမ်းအင် ထုတ်လုပ်သူဖြစ်ပါတယ်၊ ပြီးခဲ့တဲ့နှစ်တွင်လည်း ဒီကုမ္ပဏီဟာ ရင်းနှီးမြှုပ်နှံသူများထံကနေ စိတ်ဝင်စားမှု အသင့် တင့်ကို ရရှိခဲ့ပါတယ်၊ ရှယ်ယာစျေးနှုန်းကလည်း တန်ဖိုးအားဖြင့် ၂ ဆ ကျော်မြင့်တက်လာခဲ့ပြီး အများ ပြည်သူ ပိုင်ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲပြီးနောက် ဒီလို မြင့်တက်လာတာပဲဖြစ်ပါတယ်။

“စျေးကွက်တိုးတက်လာမှုနဲ့အတူ အစိမ်းရောင်စွမ်းအင်အသုံးပြုမှုကြောင့် ပြန်လည်ထုတ် လုပ်အသုံး ပြုနိုင်သော စွမ်းအင်စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုဟာ ဆက်လက်ပြီး တိုးတက်လာလိမ်မယ်” ဟု China Resources Power တွင် အလုပ်မှုဆောင်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော ဝမ်ရှောင်ဘင်က ပြောပါတယ်။

၂၀၂၀ ခုနှစ်တွင် ကုမ္ပဏီရဲ့ အသစ်သောစွမ်းအင်လုပ်ငန်းက အသားတင်အမြတ်ဟာ ၅၀.၁ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ပြီး သာမဲလ်စွမ်းအင်လုပ်ငန်းထက် ပိုများခဲ့ပါတယ်။

စွမ်းအင်ထုတ်လုပ်သူများဟာ တရုတ်နိုင်ငံရဲ့ ကာဗွန်ရည်မှန်းချက်ကို အကောင်အထည်ဖော်ရာတွင် အ လွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ စွမ်းအင်ထုတ်လုပ်သောကုမ္ပဏီများဟာ နိုင်ငံရဲ့ ကာဗွန်ထုတ် လုပ်မှု ထက်ဝက်ခန့်ကို ကိုယ်စားပြုသောကြောင့်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွင် ကျင်းပခဲ့သော Central Economic Work Conference တွင်လည်း နိုင်ငံရဲ့ စွမ်းအင်ထုတ်လုပ်မှု လောင်စာဆီစိုးမိုးနေမှုနှင့် အသုံးပြုမှုအကြောင်းကို အလေးထား ဆွေးနွေးခဲ့ကြပါတယ်။ ထို့ကြောင့် ကျောက်မီးသွေးမရှိသော အနာဂတ်အတွက် ငွေသုံးမည့်အစား အမျိုးသားဓာတ်အားလိုင်းဟာ အနာဂတ်တွင် ကျန်ရှိနေသေးသော ကျောက်မီးသွေးအပေါ် ဆက်ပြီး မှီခိုရန် လိုအပ်ပါတယ်။

စွမ်းအင်ထုတ်လုပ်သူများရဲ့ အပြုသဘောဆောင်သော ငွေကြေးလည်ပတ်မှုကလည်း အလွန်အရေးကြီး ပါတယ်။ ဇန်ကတော့ အပူစွမ်းအင်ဟာ နိုင်ငံရဲ့ စွမ်းအင်ကဏ္ဍအတွက် ကြီးမားသော ဝင်ငွေယူဆောင် ပေးမယ့် ကဏ္ဍဟု မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဆိုလာနှင့် လေတို့လို ထောက်ပံ့ကြေးမလိုအပ် သော ကြောင့်ဖြစ်ပါတယ်။

သို့သော်လည်း လောင်စာဆီကို ဖယ်ရှားရန် ကြိုးပမ်းခြင်းဟာ အလွန်ခက်ခဲမှာဖြစ်ပါတယ်။ S&P Global Rating က ထုတ်ပြန်ထားသော အချက်အလက်များအရ ကျော်မီးသွေးအသုံးပြုထားသော စက်ရုံအများစုဟာ လာမယ့် ၂၀၄၀ တွင်လည်း လုပ်ငန်းလည်ပတ်မှုအဆုံးသတ်နိုင်မှာ မဟုတ်သေးကြောင်း ဆိုပါတယ်။

Naing

Ref:CMG| Utility sector outperforms China markets on renewables exposure