【 တစ်ပတ်အတွင်းနိုင်ငံတကာသတင်း သုံးသပ်ချက် 】သဘာဝဘေး လာနေပြီလား

【 တစ်ပတ်အတွင်းနိုင်ငံတကာသတင်း သုံးသပ်ချက် 】သဘာဝဘေး လာနေပြီလား

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲ သတိထားစရာ ဖြစ်ခဲ့တာက သဘာဝဘေး သတင်း နဲ့  ကုန်သွယ်ရေးစစ်ပွဲသတင်းတွေ၊ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ သတင်းဖြစ်တဲ့ ကတ်ရှ်မီးယား ဒေသ မှာ စစ်ရိပ်စစ်ငွေ့သန်းတဲ့ သတင်းတွေပါဘဲ။

ယခုတစ်ပတ်မှာ ဒီသတင်းတွေအပြင် အမေရိကန်ပြည် ထောင်စု တက္ကဆက်ပြည်နယ် အယ်လ်ပက် ဆိုမြို့ပစ်ခတ်မှုမှာ သေဆုံးသူ ၂၂ ဦးအထိရှိလာတဲ့ သတင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားအစိုးရပိုင်ပစ္စည်းများကိုပိတ်ပင်တဲ့ အမိန့်ကိုထုတ်ပြန်လိုက်တဲ့ သတင်း၊မူးယစ်ဆေးဝါးဂိုဏ်း များထံမှ ငွေကြေးရယူခဲ့တဲ့ ဟွန်ဒူးရပ်စ်သမ္မတကို ရာထူးမှ ထွက်ပေးရေးအတွက် ဆန္ဒ ထုတ်ဖော် တဲ့ သတင်း၊ မက္ကဆီကိုမှာ လက်နက်ကိုင် ဓားပြတွေက မက္ကဆီကို အစိုးရ ဒင်္ဂါးပြား ထုတ်လုပ် ရေးနေရာကနေ ကန်ဒေါ်လာ နှစ်သန်းကျော်တန်ဖိုးရှိ ရွှေဒင်္ဂါး ပြားများ ယူဆောင်သွားတဲ့ သတင်း၊ဗင်နီဇွဲလား သမ္မတ မာဒူရို အဆုံးသတ်စေရေးအတွက် သင့်တော် သော နည်းလမ်း အားလုံး ကို အသုံးပြုမယ်လို့ အိမ်ဖြူ တော်က ထုတ်ဖော်ပြောကြားခဲ့တဲ့ သတင်း၊ ဒေါ်နယ်ထရန့်အား ဝေဖန် သူများထံ ပါဆယ်အိတ်ဖြင့် ပိုက်ဗုံးများ ပေး ပို့ခဲ့သူကို ထောင်ဒဏ် နှစ် (၂၀) ချမှတ်၊ ဒေါ်လာ သုံးသိန်းကျော် စိန်များကို မှောင်ခိုသွင်းရန် ကြိုး ပမ်းမှုဖြင့် မလေးရှားနိုင်ငံသားတစ်ဦးကို  အိန္ဒိယနိုင်ငံ ချင်းနိုင် နိုင်ငံတကာလေဆိပ်မှာဖမ်းဆီးခဲ့တဲ့ သတင်းတွေကလည်း စိတ်ဝင် စားစရာ ဖြစ်ခဲ့ပါတယ်။

အရှိန်မြင့်လာတဲ့ ကုန်သွယ်ရေးစစ်

အမေရိကန်နဲ့ တရုတ်ကြားတစ်ကျော့ပြန်ကုန်သွယ်ရေးစစ်ပွဲက ဒီတစ်ခါမှာ ထင်တာထက်ပိုပြင်း ထန် လာပါတယ်။ပြီးခဲ့သည်ရက်သတ္တပတ်အတွင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အမေရိကန် ဒေါ်လာ ၃၀ဝ ဘီလျံတန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းများကို ၁၀ ရာခိုင်နှုန်းအခွန်စည်းကြပ်ဖို့ ထုတ်ပြန် လိုက်ရာမှာ တရုတ်ဘက် က နေ အမေရိကန်ဘက်ကနေ ဝယ်မယ်လို့ ပြောထားတဲ့ လယ်ယာ ထွက်ကုန် ပစ္စည်းတွေကို ဝယ်ယူဖို့ ဆိုင်းငံ့လိုက် ပါတယ်။

တရုတ်ဘက်ကဆက်တိုက်ဆိုသလို ယွမ်ငွေ၏ နေ့စဉ်ရည် ညွှန်းနှုန်းကို ၁၁ နှစ်အတွင်း အနိမ့်ဆုံး ထက်လျှော့ချလိုက်တဲ့ အတွက်  ကန်ဒေါ်လာက အားကောင်းသွားပြီး တရုတ်ယွမ်ငွေက အားပျော့ခဲ့ ပါတယ်။ ဒီအတွက် တရုတ်ဘက်ကို ငွေကြေးကြိုးကိုင်မှုတွေ လုပ်တယ်ဆိုပြီး အမေရိကန်ဘက်က အပြစ်တင်ခဲ့ ပါတယ်။ ဒီလို ယွမ်ငွေကို တန်ဖိုးကျဆင်း ခွင့်ပြုခြင်းဖြင့် တရုတ်နိုင်ငံခြား ပို့ကုန်များ ဈေးနှုန်းချိုသာစေပြီး အမေရိကန်က ဒဏ်ခတ်ချမှတ် သော အခွန်အကောက်အချို့ကို ထေမိစေတယ် လို့ နိုင်ငံတကာ စီးပွားရေး ပညာရှင်တွေက သုံးသပ်ခဲ့ပေမယ့် တရုတ်ဗဟိုဘဏ်ဘက်ကတော့  အမေ ရိကန်၏ ပြောဆိုမှုကို အခိုင်အမာ ငြင်းဆိုခဲ့သလို IMFကလည်း ယခုချလိုက်တဲ့ ယွမ်တန်ဖိုးက ဖြစ်သင့်တဲ့ တန်ဖိုးလို ဆိုခဲ့ပါတယ်။

တရုတ်အနေနဲ့ တစ်ဘက်မှာ ကုန်သွယ်ရေးစစ်ပွဲကို ယှဉ်နွဲနေရသလို တစ်ဘက်မှာလည်း ဟောင် ကောင်အရေးနဲ့ ပတ်သက်ပြီး အနောက်အုပ်စုရဲ့ စွက်ဖက်မှုကိုလည်း ခုခံပြင်ဆင်နေရ ပါတယ်။ လများစွာ ကြာပြီဖြစ်တဲ့ ဟောင် ကောင်တွင် အကြမ်းဖက်ဆန္ဒပြပွဲ များနှင့် ပဋိပက္ခများမှာ အနောက် အုပ်စုရဲ့ ခြေရာ လက်ရာတွေ ပါနေတယ်လို့ တရုတ်ဘက်က ကြိမ်ဖန်များစွာ စွပ်စွဲမှုတွေ့ရှိခဲ့ပါတယ်။

ဩဂုတ် ၉ ရက်က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမီနစ်  ရက်ဘ်က ဟောင်ကောင်ဆန္ဒထုတ်ဖော်သူ ခေါင်းဆောင်  ကာရီလမ်နှင့်တွေ့ဆုံပြီးနောက်မှာ တရုတ်ဘက်က  ဗြိတိန်နိုင်ငံကို ဟောင်ကောင်ပြည်တွင်း ရေးကို ဝင်ရောက် မစွက်ဖက်ဖို့ သတိပေးခဲ့ပါတယ်။ လွန်ခဲ့သောရက်သတ္တပတ်က  အမေရိကန် သံတမန်တွေ သည် ဟောင်ကောင်ဆန္ဒထုတ်ဖော်သူများနဲ့တွေ့ဆုံခဲ့တဲ့ သတင်းတွေကြောင့် အမေရိကန်အစိုးရကို တရုတ် ပြည်တွင်းရေးဝင်မစွက်ဖို့ သတိပေးခဲ့ပါသေးတယ်။

ဒီလိုဖြစ်နေတဲ့ အတွက်လည်း ဟောင်ကောင်မှာဖြစ်နေတဲ့ အကြမ်းဖက်ဆန္ဒပြမှုတွေ အရှိန်မြင့် လာချိန်မှာ တရုတ် အစိုးရ၏ ဟောင်ကောင်ရေးရာရုံးကနေ ဆူပူအကြမ်း ဖက်ဆန္ဒပြသူများကို မီးနှင့်မကစားဖို့ သတိပေးခဲ့ပါတယ်။

ဟောင်ကောင်အရေးနဲ့ ကုန်သွယ်ရေးစစ်ပွဲတွေကြောင့် အရှေ့အာရှဘက်မှာ တရုတ်နဲ့ အနောက် အုပ်စု ကြား တင်းမာမှုတွေဖြစ်နေချိန်မှာ  မြောက်ကိုရီးယားက ယခုရက်သတ္တပတ်ထဲစခဲ့တဲ့ တောင် ကိုရီးယားနှင့်    အမေ ရိကန်ပြည်ထောင်စုတို့၏ နှစ်ပတ်လည် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သတိပေး တဲ့ အနေနဲ့ ဒုံးကျည် ပစ်လွှတ်မှုတွေ ယခုရက်သတ္တပတ်အတွင်း ဆက်တိုက်ပြုလုပ်ခဲ့တာတွေ ရှိခဲ့ပါ တယ်။  

တရုတ်နဲ့အနီးဆုံးဖြစ်တဲ့ ကိုရီးယားကျွန်းဆွယ်က ပြဿနာကျွန်းဆွယ်ပါ။ အမေရိကန်ကာ ကွယ်ရေး ဝန်ကြီး အဖြစ်မကြာသေးခင်က ခန့်အပ်ခံရတဲ့  မတ်ခ် အက်စပါက သြစတြေးလျှ၊ဂျပန် နဲ့ တောင်ကိုရီးယားကို သူရဲ့ ပထမဆုံး ပင်လယ်ရပ်ခြား ခရီးစဉ်အဖြစ် သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ် အတွင်း ဆွေးနွေးခဲ့ တာ တွေက မြောက်ကိုရီးယားအရေးတွေပါဘဲ။ ဒီရက်သတ္တပတ်ထဲမှာဘဲ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က စစ်ရေးပူး တွဲ လေ့ကျင့်မှုတွေ မြောက်ကိုရီးယား ကန့်ကွက် တဲ့ ကြားကနေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီအတွက်မြောက်ကိုရီး ယားဘက်က ၁၂ ရက်အတွင်း သုံးကြိမ် တိတိ ဒုံးကျည်တွေကို ပစ်လွှတ်စမ်းသပ်ပြခဲ့သလို တောင်ကိုရီးယား အနေနဲ့ အမေရိကန်နဲ့ စစ်ရေးလေ့ကျင့်မှု မရပ်တန့် ရင် ဆွေးနွေးမှုမပြုဘူးလို ပြောခဲ့သလို ဒုံးကျည်ပစ်လွှတ် တာတွေက  တောင်ကိုရီးယားကိုသတိပေးတာလို့ ပြောခဲ့ပါတယ်။

မြောက်ကိုရီးယားအနေနဲ့ အမေရိကန်ဘက်က ပိတ်ဆို့မှုတွေကို ရပ်တန့်နိုင်ဖို့ ဒုံးကျည်ဒီပလိုမေစီ ကို ကျင့်သုံးနေပေမယ့် တစ်ဖက်ကလည်း လက်နက်စွမ်းအားကိုတိုးတက်ဖို့ လုပ်ဆောင်နေတာတွေ ရှိပါတယ်။ ဒီလိုလုပ်ဖို့ လိုတဲ့ နိုင်ငံခြားငွေကို မြောက်ကိုရီးယားဟက်ကာတွေက နိုင်ငံတကာ ဘဏ် များနှင့် ဒစ်ဂျစ်တယ်ငွေ ကြေး လွှဲပြောင်းမှုတွေကနေ ဆိုက်ဘာတိုက်ခိုက်မှုတွေကနေ ကန်ဒေါ်လာ နှစ်ဘီလျံထိရခဲ့တယ်လို့ ကုလစစ် တမ်းတစ်ခုကနေ ထုတ်ပြန်ခဲ့ပါတယ်။

ကုန်သွယ်ရေးစစ်ပွဲအရှိန်တက်လာတာနဲ့ အမျှ နိုင်ငံတကာစီးပွားရေးတိုးတက်မှု ကျဆင်းလာသလို မတည်ငြိမ်မှုတွေ ကမ္ဘာနေရာအချို့ဒေသတွေမှာတွေ့လာရပါတယ်။နယ်ပယ် တစ်ခုနဲ့ တစ်ခု ဆက်စပ်နေ တဲ့ အတွက် အရှေ့အာရှက စစ်ရေးတင်းမာမှုပြဿနာက ဘာတွေ ဖြစ်လာဦးမလဲ ဆိုတာစောင့်ကြည့်ရဦးမှာပါ။

ဒီသတင်းတွေက ယခုတစ်ပတ်မှာ ဖြစ်ခဲ့တဲ့ သတင်းတွေထဲက စီးပွားရေးစစ်ပွဲဆင်နွှဲမှုအတွက် ဂျပန် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးကို တောင်ကိုရီးယား ဆယ်ကျော်သက်ကျောင်းသား များအပါအဝင် ဒေသခံ ရာပေါင်းများစွာက ဆန္ဒပြတဲ့ သတင်း၊ ရုရှားမြောက်ဖျားပိုင်း စစ်ဘက်အခြေစိုက် စခန်းတစ်ခု မှာ ရှိ ဒုံးကျည်လက်နက်စမ်းသပ်ရင်း ပေါက်ကွဲမှုဖြစ်လို့ လူနှစ်ဦးသေဆုံးခဲ့တဲ့ သတင်း၊ ဂျပန် နိုင်ငံသား
နှစ်ဦးကို ရွှေချောင်း ၁၂ ကီလိုဂရမ်နှင့်အတူ    ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာရှိ ဟာဇရတ် ရှာဂျာလာ   လေဆိပ်မှာ ဖမ်းဆီးရမိတဲ့ သတင်း၊ ချက်နိုင်ငံတွင် တိုင်းရင်းသားလူမျိုးစုအချင်းချင်း တိုက်ခိုက် မှုကြောင့်  အနည်းဆုံး လူ ၃၇ ဦး သေဆုံးခဲ့တဲ့ သတင်းတွေထဲ ထူးထူးခြားခြား သတိထားစရာဖြစ်ခဲ့ပါတယ်။

သဘာဝဘေး ပြင်းထန်လာပြီလား    
 
ယခုတစ်ပတ်အတွင်း  ဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ သတိထားစရာဖြစ်ခဲ့တာက သဘာ၀ ဘေးသတင်း တွေပါဘဲ။ တရုတ်ပြည်ကို တိုင်ဖွန်းမုန်တိုင်းဝင်တယ်၊တောင်အာရှနဲ့ အရှေ့တောင်အာရှမှာ ရေဘေး ကြုံနေရ တယ်၊ အိန္ဒိယမှာ ရေအတွက် သောကရောက် နေရတယ်၊မြောက်အမေရိကနဲ့ ဥရောပမှာ အပူလှိုင်ူးကြောင့် သောကရောက်နေရတယ်။ဒါတွေဟာ ဒီတစ်ပတ်ထဲမှာ ဖြစ်ခဲ့တဲ့ သတင်းတွေပါ။

ကမ္ဘာ့သဘာဝအရင်းအမြစ် အင်စတီကျူကနေ ယခုရက်သတ္တပတ်အတွင်း ထုတ်ပြန်တဲ့ အစီရင်ခံ စာတစ်စောင်မှာ ရေကြောင့်  ဆိုးရွားစွာ   အကျိုးသက်ရောက်ခံစား နေရတဲ့ နိုင်ငံ ၁၇ နိင်ငံကို ထုတ်ပြန် ခဲ့ပါတယ်။ ဒီထဲမှာ  ကာတာ၊  အစ္စရေး၊   လက်ဘနွန်၊  အီရန်၊ ဂျော်ဒန်၊ လစ်ဗျား၊ ကူဝိတ်၊ ဆော်ဒီ အာရေဗျ၊ ယူအေအီး၊ အီရီထရီးယား၊ ဆန်မာရီနို၊  ဘာရိန်း၊  အိန္ဒိယ၊  ပါကစ္စတန်၊  တာ့ခ်မင် နစ္စတန်၊ အိုမန်နှင့်ဘော့ဆွာနာ စတဲ့ အာရှနဲ့အာဖရိကနိုင်ငံတွေ ပါဝင်ခဲ့ပါတယ်။ဒီနိုင်ငံတွေမှာ မိုးခေါင်ရေရှားဖြစ်တာနဲ့  ရေကြီးမှုတွေ ပါဝင်ပါတယ်။

အိန္ဒိယမှာတော့  မိုးသည်းထန်စွာရွာ သွန်းမှုများနှင့် မြေပြိုမှုများကြောင့် အိန္ဒိယနိုင်ငံ၏ကာနာတာကာ၊ကီရယ်လာနှင့် မဟာရတ်ချ်တရပြည်နယ်တို့မှာ ရေ ကြီးရေလျှံမှုတွေ ကြောင့် သေဆုံးသူ အရေ အတွက် တိုးမြင့်လာပါတယ်။ အနောက်တောင်ပိုင်း ကီရယ်လာပြည်နယ်မှာ နှစ်ရက်အတွင်း မြေပြိုမှု ၈၀ ဖြစ်ပွားခဲ့လို့ လူ ၄၂ ဦးခန့် သေဆုံးခဲပါတယ်။ အိန္ဒိယနိုင်ငံရဲ့စီးပွားရေးမြို့တော် မွမ်ဘိုင်း အနီး တစ်ဝိုက်မှာ နှစ်ရက်ကြာ မိုးသည်း ထန်စွာရွာသွန်းတာကနေ ရေကြီးမှုများဖြစ်ပွားလို့ မီးရထား ခရီးစဉ်
တွေပါရပ်ဆိုင်းခဲ့ရပါတယ်။

ထုတ်ပြန်ချက်တွေအရ အိန္ဒိယနိုင်ငံအနောက်ပိုင်း   ကမ်းရိုးတန်းပြည်နယ်များ ဖြစ်သော ကီရာလာ၊ ကာနာတာကာ၊ မဟာရတ်ရှ်ထရာနှင့်  ဂူဂျာရတ်အပါအဝင် ပြည်နယ်များစွာမှာ ရေကြီးရေလျှံမှုတွေကြောင့် သုံးရက်အတွင်း လူ ၁၁၅ ဦးဝန်းကျင် သေဆုံး ခဲ့ လးငါးသိန်းကျော်ကို ကယ်ဆယ်ရေး စခန်းများကို ပြောင်းရွှေ့ပေးခဲ့ရတယ်ဆိုပါတယ်။

ဒီလိုဖြစ်နေသလို တရုတ်(တိုင်ပေ)မှာလည်း ယခုရက်သတ္တပတ်အတွင်း အင်အား ၆ ဒသမ ၀ အဆင့် ရှိသော ငလျင်တစ်ခု လှုပ်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ယခုရက်သတ္တပတ်အတွင်း တိုက်ခတ်တဲ့  မုတ်သုံမုန်တိုင်း "ဝီဖာ" ကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး   ကိုးဦး   ပျောက်ဆုံးခဲ့ပါတယ်။ တရုတ်ပြည် မ ဘက်မှာတော့ ထိုင်ဝမ်ရေလက်ကြားကနေ  ဖြတ် ဝင်လာတဲ့ အားပြင်းတဲ့ တိုင်ဖွန်းမုန်တိုင်း လီကီမာကြောင့် တရုတ်အရှေ့ပိုင်း နဲ့မြောက်ပိုင်းမှာ ရေကြီးမှု တွေ၊ မြေပြိုမှုတွေ၊နေအိမ်သစ်ပင် ပြိုလဲ မှုတွေကြောင့် လူ ၂၈ဦးခန့်သေဆုံးခဲ့ရပါတယ်။တရုတ်ဘဏ္ဍာရေး မြို့ဖြစ်တဲ့ ရှန်ဟိုင်းကို မုန်တိုင်း က ဦးတည်တဲ့ အတွက် လူတစ်သန်းကျော် အလျင်အမြန်ရွှေ့ပြောင်းခဲ့ရတာမှာ လူနှစ်သိန်း ခွဲကျော်က ရှန်ဟိုင်းကဖြစ်ပါတယ်။ထိုင်းတောင်ပိုင်းမှာလည်း ယခုရက်သတ္ တပတ်အတွင်း မိုးသည်း ထန်စွာရွာ သွန်းပြီး လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လူနေအိမ်ပေါင်း ၂၀၅ ကျော် ထိခိုက် ပျက်စီးခဲ့ပါတယ်။

တောင်အာရှနဲ့ အာရှတစ်ဝန်းမှာ ရေကြီးတာတွေ ၊ငလျင်တွေနဲ့ လုံးထွေးနေရချိန်မှာ တောင်ကိုရီးယား မှာတော့ အပူချိန်ထပ်မံမြင့် တက်လာလို့ နိုင်ငံတစ်ဝန်း အပူလှိုင်းဖြတ်မှု သတိပေးချက်ထုတ်ပြန် ထားရပါတယ်။ အာရှမှာတင် သဘာဝဘေးတွေကြောင့် လူတွေ ကမောက်ကမ ဒုက္ခခံနေရတာ မဟုတ် ပါဘူး။ အာဖရိကမှာလည်း ဆိုင်ကလုန်းမုန်တိုင်း နဲ့ မိုးခေါင် ရေရှားမှုတွေကြောင့် ဇင်ဘာဘွေ မှာ လူနှစ် သန်းခွဲခန့် ငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့ရလုနီးနီးဖြစ်နေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီ အစဉ် (WFP)ကထုတ်ပြန်ခဲ့ပါတယ်။

သဘာဝဘေးမှာရာသီဥတုတွင်မကပါဘူး။ရောဂါဘေးလည်းပါနေသေးပါတယ်။ ဘင်္ဂလားဒေ့ရှ့်မှာ သွေးလွန်တုပ်ကွေးကြောင့် သတိပေးနေရသလို  ဖိလစ်ပိုင်မှာလည်း သွေး လွန်တုပ်ကွေးကြောင့် လူရာနှင့်ချီ သေဆုံးခဲ့လို့ အစိုးရက ဖိလစ်ပိုင် အစိုးရက တစ်နိုင်ငံလုံး သွေးလွန် တုပ်ကွေးရောဂါ ပြန့်ပွားနေတယ်လို့ သတိပေးချက်ထုတ်ထားရပါတယ်။

လူတွေ ကိုယ်ကျိုးစီးပွားအတွက် သဘာဝသံယံဇာတတွေကို မဆင်မခြင် ထုတ်ယူမှုနဲ့ စည်းကမ်းမဲ့ ဖျက်စီးမှုတွေကြောင့် ကမ္ဘာအပူချိန်ကတက်လာသလိုနောက်ဆက်တွဲအနေနဲ့ သဘာဝဘေးတွေက ဆက် တိုက်ဆိုသလို လာနေပြီဖြစ်ပါတယ်။ဆယ်စုနှစ်များစွာ ကြာမှ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝဘေးဖြစ်တဲ့ ရေကြီးရေလွှမ်းမှုတွေက ယခုအခါမှာ နှစ်စဉ်လိုလိုဖြစ်လာသလို ငလျင်လို့ ခန့်မှန်းလို့ မရ တဲ့ ဘေးတွေကလည်း ကမ္ဘာတစ်ဝန်းနေ့စဉ် လှုပ်ခတ်နေတဲ့အတွက် ဘယ်လို သဘာဝဘေးတွေ
ကြောင့် လူတွေ အခက်ဝေဦးမလဲ ဆိုတာ ရင်တမမနဲ့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။    

စစ်ရိပ်သန်းလာတဲ့ ကတ်ရှ်မီးယား

ပါကစ္စတန်နဲ့ အိန္ဒိယကြားအငြင်းပွားနေတဲ့ ဒေသဖြစ်တဲ့ ကတ်ရှ့်မီးယားကြောင့် မကြာခဏဆိုသလို ပါကစ္စတန်နဲ့ အိန္ဒိယကြား စစ်ဖြစ်လုရနီးပါးအခြေအနေက မကြာခဏပါဘဲ။ မကြာမီကအိန္ဒိယသမ္မတ ရုံးအမိန့် ထုတ်ပြန်ချက်တစ်ရပ်နဲ့ ကက်ရှ်မီးယားဒေသ၏ နှစ် (၇၀)ကြာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ သတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့ပါတယ်။အိန္ဒိယ၏ တစ်ခုတည်းသော မွတ်စလင်လူများစု ပြည်နယ်ဖြစ် တဲ့ ကက်ရှ်မီးယားဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် သတ် မှတ်ချက်အရ ကက်ရှ်မီးယား သည် ကိုယ်ပိုင် အခြေခံဥပဒေ၊ သီးခြားအလံနှင့် ဥပ ဒေပြုခွင့်များ ရရှိထားခဲ့ပေမယ့် နှစ်ဆန်းပိုင်းက အိန္ဒိယလုံခြုံရေး ကွန်ဗွိုင်းကို ပါကစ္စတန်ထောက်ခံတဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေက ကားဗုံးခွဲ လို့အမြောက်အများသေဆုံးခဲ့ ရပါတယ်။ ဒီကနေစတင်ကာ ပါကစ္စတန်နဲ့ အိန္ဒိယကြား စစ်ဖြစ်လုနီးပါးဖြစ် ခဲ့ကာ လေကြောင်းတိုက်ခိုက်မှုတွေအထိဖြစ်ခဲ့ပါတယ်။

ယခုအဆိုပါဒေသကို အိန္ဒိယအစိုးရက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်ကနေပယ်ဖျက်ကာ အိန္ဒိယ အစိုးရအုပ်ချုပ်မှုအောက်ထဲ ပြန်ထည့်ခဲ့တာပါ။ဒီအတွက် ပါကစ္စတန်က  ကုလသမဂ္ဂမှာ အဆိုတင်မှာဖြစ်ပြီး တရုတ်ကလည်း ဒီလိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်ကနေပယ်ဖျက်တာကိုရှုတ်ချကန့်ကွက်ခဲ့ပါ တယ်။ ပါကစ္စတန်ဘက်မှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဆင့်အတန်းကို အိန္ဒိယနိုင်ငံက ရုပ်သိမ်းခဲ့ခြင်းအပေါ်  ပါကစ္စတန်နိုင်ငံ၏မြို့တော်   အစ္စလာမ္မာဘတ်မှာ ဆန္ဒပြမှုတွေ လုပ်ခဲ့သလို ပါကစ္စတန်စစ်တပ်က လည်း ကတ်ရှ်မီးယားဒေသခံတွေနဲ့ တစ်သားတည်းဆိုတာပြသမယ်လို့ ပြောခဲ့ပါတယ်။

ဒါအပြင် ကက်ရှ်မီးယားအရေးမှာ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရန်ဖက် ပါကစ္စတန်နိုင်ငံက အိန္ဒိယရဲ့ လုပ်ရပ်ကို ဒေါသတကြီး တုံ့ပြန်ပြီး အိန္ဒိယသံအမတ်ကို ပြည်နှင်ခဲ့သလို ပါကစ္စတန်အစိုးရက အိန္ဒိယ နိုင်ငံရှိ ၎င်း၏သံအမတ်ကို  ပြန်လည်ခေါ်ယူဖို့နဲ့ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ရပ်ဆိုင်းဖို့ ဩဂုတ် ၇ ရက်မှာ ကြေညာ ချက် ထုတ်ပြန်ခဲ့ပါတယ်။ အိန္ဒိယရဲ့ ထုတ်ပြန်ချက်နောက်ပိုင်း ကက်ရှ်မီးယားဒေသ မှာ ကန့်ကွက် ဆန္ဒပြတာတွေ ဖြစ်ပွားပေါ်ပေါက်နေသလို အိန္ဒိယဘက်ကို ခုတ်မောင်းပြေးဆွဲနေတဲ့ ရထားပြေးဆွဲမှုကိုလည်း ပါကစ္စတန် ဘက်က ရပ်ဆိုင်းလိုက်ပါတယ်။

ပါကစ္စတန်ဘက်က ဒီလိုပဲ ဆောင်ရွက်တာနဲ့ပြီးမှာမဟုတ်သလို ထပ်မံလုပ်ဆောင်တာတွေ မြင်တွေ့ ရဖို့ရှိနေပါတယ်။အိန္ဒိယဘက်ကလည်း  ပါကစ္စတန်ဘက်က အကြမ်းဖက်သမားတွေကြောင့် အထိနာ ခဲ့ရ တာတွေ ရှိတဲ့ အတွက် ဒီတစ်ခါလက်ဦးမှုရယူဖို့ ရှိနေပါတယ်။ ဒီအရေးက ကုလဆီထိရောက် မလား၊ နှစ်နိုင်ငံ အချင်းချင်းဘဲ ဖြေရှင်းကျမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဒီသတင်းက ယခုတစ်ပတ်ဖြစ်ပွားတဲ့ သတင်းတွေထဲက ဖိလစ်ပိုင်နိုင်ငံမှာ အမေရိကန် ဒုံးကျည်စနစ် များ ဖြန့်ကြက်ထားရန် မည်သည့်အခါတွင်မျှ ခွင့်ပြုမည်မဟုတ်ဘူးလို့ သမ္မတ ဒူတာတေးက ပြောကြား ခဲ့တဲ့ သတင်း၊ အရှေ့အလယ်ပိုင်း ရေကြောင်း သွားလာမှုလုံခြုံ စိတ်ချစေဖို့  ဟော်မုဇ်ရေ လက်ကြား လုံခြုံရေး စီမံချက်ကို ဂျပန်အစိုးရလေ့လာမယ်ဆိုတဲ့ သတင်း၊လစ်ဗျားနိုင်ငံအရှေ့ပိုင်းရှိ   ဘန်ဂါဇီမြို့မှာ  ကားဗုံးတစ် လုံးပေါက်ကွဲလို့ ကုလသမဂ္ဂဝန် ထမ်းသုံးဦးသေဆုံးပြီး အများအပြား  ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သတင်း၊ ကဘူးလ်မြို့မှာ ကားဗုံးပေါက်ကွဲလို့ လူတစ်ရာနီးပါး ထိခိုက် ဒဏ်ရာ ရတဲ့ သတင်း၊ ဒိန်းမတ်နိုင်ငံ မြို့တော် ကိုပင်ဟေဂင်မြို့မှာ သီတင်းပတ်အတွင်း ဒုတိယအကြိမ် ပေါက်ကွဲမှုဖြစ်ခဲ့တဲ့သတင်း၊ တန်ဇန်းနီးယားနိုင်ငံမှာ လောင်စာဆီ တင် ကားတစ်စီး တိမ်းမှောက် ပေါက်ကွဲလို့ လူ၆၄ ဦး သေဆုံးခဲ့တဲ့သတင်း၊ ယီမင်မှာ အစိုးရ တပ်နဲ့ စစ်သွေးကြွ များအကြား တိုက်ပွဲဖြစ်ပွားလို့ လူ ၄၀ ထက်မနည်း သေဆုံးကာ  ၂၆၀ ခန့် ဒဏ်ရာ ရရှိခဲ့တဲ့သတင်းတွေလည်းဖြစ် ခဲ့တယ် ဆိုတာ တင်ပြရင်း ယခုတစ်ပတ် နိုင်ငံတကာ သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင် ပါတယ်။

မင်းထက်

 

( Zawgyi )

 
ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲ သတိထားစရာ ျဖစ္ခဲ့တာက သဘာဝေဘး သတင္း နဲ႔  ကုန္သြယ္ေရးစစ္ပြဲသတင္းေတြ၊ ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းတဲ့ သတင္းျဖစ္တဲ့ ကတ္ရွ္မီးယား ေဒသ မွာ စစ္ရိပ္စစ္ေငြ႕သန္းတဲ့ သတင္းေတြပါဘဲ။

ယခုတစ္ပတ္မွာ ဒီသတင္းေတြအျပင္ အေမရိကန္ျပည္ ေထာင္စု တကၠဆက္ျပည္နယ္ အယ္လ္ပက္ ဆိုၿမိဳ႕ပစ္ခတ္မႈမွာ ေသဆုံးသူ ၂၂ ဦးအထိရွိလာတဲ့ သတင္း၊ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ဗင္နီဇြဲလားအစိုးရပိုင္ပစၥည္းမ်ားကိုပိတ္ပင္တဲ့ အမိန႔္ကိုထုတ္ျပန္လိုက္တဲ့ သတင္း၊မူးယစ္ေဆးဝါးဂိုဏ္း မ်ားထံမွ ေငြေၾကးရယူခဲ့တဲ့ ဟြန္ဒူးရပ္စ္သမၼတကို ရာထူးမွ ထြက္ေပးေရးအတြက္ ဆႏၵ ထုတ္ေဖာ္ တဲ့ သတင္း၊ မကၠဆီကိုမွာ လက္နက္ကိုင္ ဓားျပေတြက မကၠဆီကို အစိုးရ ဒဂၤါးျပား ထုတ္လုပ္ ေရးေနရာကေန ကန္ေဒၚလာ ႏွစ္သန္းေက်ာ္တန္ဖိုးရွိ ေ႐ႊဒဂၤါး ျပားမ်ား ယူေဆာင္သြားတဲ့ သတင္း၊ဗင္နီဇြဲလား သမၼတ မာဒူ႐ို အဆုံးသတ္ေစေရးအတြက္ သင့္ေတာ္ ေသာ နည္းလမ္း အားလုံး ကို အသုံးျပဳမယ္လို႔ အိမ္ျဖဴ ေတာ္က ထုတ္ေဖာ္ေျပာၾကားခဲ့တဲ့ သတင္း၊ ေဒၚနယ္ထရန႔္အား ေဝဖန္ သူမ်ားထံ ပါဆယ္အိတ္ျဖင့္ ပိုက္ဗုံးမ်ား ေပး ပို႔ခဲ့သူကို ေထာင္ဒဏ္ ႏွစ္ (၂၀) ခ်မွတ္၊ ေဒၚလာ သုံးသိန္းေက်ာ္ စိန္မ်ားကို ေမွာင္ခိုသြင္းရန္ ႀကိဳး ပမ္းမႈျဖင့္ မေလးရွားႏိုင္ငံသားတစ္ဦးကို  အိႏၵိယႏိုင္ငံ ခ်င္းႏိုင္ ႏိုင္ငံတကာေလဆိပ္မွာဖမ္းဆီးခဲ့တဲ့ သတင္းေတြကလည္း စိတ္ဝင္ စားစရာ ျဖစ္ခဲ့ပါတယ္။

အရွိန္ျမင့္လာတဲ့ ကုန္သြယ္ေရးစစ္

အေမရိကန္နဲ႔ တ႐ုတ္ၾကားတစ္ေက်ာ့ျပန္ကုန္သြယ္ေရးစစ္ပြဲက ဒီတစ္ခါမွာ ထင္တာထက္ပိုျပင္း ထန္ လာပါတယ္။ၿပီးခဲ့သည္ရက္သတၱပတ္အတြင္း အေမရိကန္သမၼတေဒၚနယ္ထရန႔္က အေမရိကန္ ေဒၚလာ ၃၀ဝ ဘီလ်ံတန္ဖိုးရွိ တ႐ုတ္ကုန္ပစၥည္းမ်ားကို ၁၀ ရာခိုင္ႏႈန္းအခြန္စည္းၾကပ္ဖို႔ ထုတ္ျပန္ လိုက္ရာမွာ တ႐ုတ္ဘက္ က ေန အေမရိကန္ဘက္ကေန ဝယ္မယ္လို႔ ေျပာထားတဲ့ လယ္ယာ ထြက္ကုန္ ပစၥည္းေတြကို ဝယ္ယူဖို႔ ဆိုင္းငံ့လိုက္ ပါတယ္။

တ႐ုတ္ဘက္ကဆက္တိုက္ဆိုသလို ယြမ္ေငြ၏ ေန႔စဥ္ရည္ ၫႊန္းႏႈန္းကို ၁၁ ႏွစ္အတြင္း အနိမ့္ဆုံး ထက္ေလွ်ာ့ခ်လိုက္တဲ့ အတြက္  ကန္ေဒၚလာက အားေကာင္းသြားၿပီး တ႐ုတ္ယြမ္ေငြက အားေပ်ာ့ခဲ့ ပါတယ္။ ဒီအတြက္ တ႐ုတ္ဘက္ကို ေငြေၾကးႀကိဳးကိုင္မႈေတြ လုပ္တယ္ဆိုၿပီး အေမရိကန္ဘက္က အျပစ္တင္ခဲ့ ပါတယ္။ ဒီလို ယြမ္ေငြကို တန္ဖိုးက်ဆင္း ခြင့္ျပဳျခင္းျဖင့္ တ႐ုတ္ႏိုင္ငံျခား ပို႔ကုန္မ်ား ေဈးႏႈန္းခ်ိဳသာေစၿပီး အေမရိကန္က ဒဏ္ခတ္ခ်မွတ္ ေသာ အခြန္အေကာက္အခ်ိဳ႕ကို ေထမိေစတယ္ လို႔ ႏိုင္ငံတကာ စီးပြားေရး ပညာရွင္ေတြက သုံးသပ္ခဲ့ေပမယ့္ တ႐ုတ္ဗဟိုဘဏ္ဘက္ကေတာ့  အေမ ရိကန္၏ ေျပာဆိုမႈကို အခိုင္အမာ ျငင္းဆိုခဲ့သလို IMFကလည္း ယခုခ်လိုက္တဲ့ ယြမ္တန္ဖိုးက ျဖစ္သင့္တဲ့ တန္ဖိုးလို ဆိုခဲ့ပါတယ္။

တ႐ုတ္အေနနဲ႔ တစ္ဘက္မွာ ကုန္သြယ္ေရးစစ္ပြဲကို ယွဥ္ႏြဲေနရသလို တစ္ဘက္မွာလည္း ေဟာင္ ေကာင္အေရးနဲ႔ ပတ္သက္ၿပီး အေနာက္အုပ္စုရဲ႕ စြက္ဖက္မႈကိုလည္း ခုခံျပင္ဆင္ေနရ ပါတယ္။ လမ်ားစြာ ၾကာၿပီျဖစ္တဲ့ ေဟာင္ ေကာင္တြင္ အၾကမ္းဖက္ဆႏၵျပပြဲ မ်ားႏွင့္ ပဋိပကၡမ်ားမွာ အေနာက္ အုပ္စုရဲ႕ ေျခရာ လက္ရာေတြ ပါေနတယ္လို႔ တ႐ုတ္ဘက္က ႀကိမ္ဖန္မ်ားစြာ စြပ္စြဲမႈေတြ႕ရွိခဲ့ပါတယ္။

ဩဂုတ္ ၉ ရက္က ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီး ဒိုမီနစ္  ရက္ဘ္က ေဟာင္ေကာင္ဆႏၵထုတ္ေဖာ္သူ ေခါင္းေဆာင္  ကာရီလမ္ႏွင့္ေတြ႕ဆုံၿပီးေနာက္မွာ တ႐ုတ္ဘက္က  ၿဗိတိန္ႏိုင္ငံကို ေဟာင္ေကာင္ျပည္တြင္း ေရးကို ဝင္ေရာက္ မစြက္ဖက္ဖို႔ သတိေပးခဲ့ပါတယ္။ လြန္ခဲ့ေသာရက္သတၱပတ္က  အေမရိကန္ သံတမန္ေတြ သည္ ေဟာင္ေကာင္ဆႏၵထုတ္ေဖာ္သူမ်ားနဲ႔ေတြ႕ဆုံခဲ့တဲ့ သတင္းေတြေၾကာင့္ အေမရိကန္အစိုးရကို တ႐ုတ္ ျပည္တြင္းေရးဝင္မစြက္ဖို႔ သတိေပးခဲ့ပါေသးတယ္။

ဒီလိုျဖစ္ေနတဲ့ အတြက္လည္း ေဟာင္ေကာင္မွာျဖစ္ေနတဲ့ အၾကမ္းဖက္ဆႏၵျပမႈေတြ အရွိန္ျမင့္ လာခ်ိန္မွာ တ႐ုတ္ အစိုးရ၏ ေဟာင္ေကာင္ေရးရာ႐ုံးကေန ဆူပူအၾကမ္း ဖက္ဆႏၵျပသူမ်ားကို မီးႏွင့္မကစားဖို႔ သတိေပးခဲ့ပါတယ္။

ေဟာင္ေကာင္အေရးနဲ႔ ကုန္သြယ္ေရးစစ္ပြဲေတြေၾကာင့္ အေရွ႕အာရွဘက္မွာ တ႐ုတ္နဲ႔ အေနာက္ အုပ္စု ၾကား တင္းမာမႈေတြျဖစ္ေနခ်ိန္မွာ  ေျမာက္ကိုရီးယားက ယခုရက္သတၱပတ္ထဲစခဲ့တဲ့ ေတာင္ ကိုရီးယားႏွင့္    အေမ ရိကန္ျပည္ေထာင္စုတို႔၏ ႏွစ္ပတ္လည္ ပူးတြဲစစ္ေရးေလ့က်င့္မႈကို သတိေပး တဲ့ အေနနဲ႔ ဒုံးက်ည္ ပစ္လႊတ္မႈေတြ ယခုရက္သတၱပတ္အတြင္း ဆက္တိုက္ျပဳလုပ္ခဲ့တာေတြ ရွိခဲ့ပါ တယ္။  

တ႐ုတ္နဲ႔အနီးဆုံးျဖစ္တဲ့ ကိုရီးယားကြၽန္းဆြယ္က ျပႆနာကြၽန္းဆြယ္ပါ။ အေမရိကန္ကာ ကြယ္ေရး ဝန္ႀကီး အျဖစ္မၾကာေသးခင္က ခန႔္အပ္ခံရတဲ့  မတ္ခ္ အက္စပါက ၾသစေၾတးလွ်၊ဂ်ပန္ နဲ႔ ေတာင္ကိုရီးယားကို သူရဲ႕ ပထမဆုံး ပင္လယ္ရပ္ျခား ခရီးစဥ္အျဖစ္ သြားေရာက္ခဲ့ပါတယ္။ ဒီခရီးစဥ္ အတြင္း ေဆြးေႏြးခဲ့ တာ ေတြက ေျမာက္ကိုရီးယားအေရးေတြပါဘဲ။ ဒီရက္သတၱပတ္ထဲမွာဘဲ ေတာင္ကိုရီးယားနဲ႔ အေမရိကန္တို႔က စစ္ေရးပူး တြဲ ေလ့က်င့္မႈေတြ ေျမာက္ကိုရီးယား ကန႔္ကြက္ တဲ့ ၾကားကေန လုပ္ေဆာင္ခဲ့ပါတယ္။ ဒီအတြက္ေျမာက္ကိုရီး ယားဘက္က ၁၂ ရက္အတြင္း သုံးႀကိမ္ တိတိ ဒုံးက်ည္ေတြကို ပစ္လႊတ္စမ္းသပ္ျပခဲ့သလို ေတာင္ကိုရီးယား အေနနဲ႔ အေမရိကန္နဲ႔ စစ္ေရးေလ့က်င့္မႈ မရပ္တန႔္ ရင္ ေဆြးေႏြးမႈမျပဳဘူးလို ေျပာခဲ့သလို ဒုံးက်ည္ပစ္လႊတ္ တာေတြက  ေတာင္ကိုရီးယားကိုသတိေပးတာလို႔ ေျပာခဲ့ပါတယ္။

ေျမာက္ကိုရီးယားအေနနဲ႔ အေမရိကန္ဘက္က ပိတ္ဆို႔မႈေတြကို ရပ္တန႔္ႏိုင္ဖို႔ ဒုံးက်ည္ဒီပလိုေမစီ ကို က်င့္သုံးေနေပမယ့္ တစ္ဖက္ကလည္း လက္နက္စြမ္းအားကိုတိုးတက္ဖို႔ လုပ္ေဆာင္ေနတာေတြ ရွိပါတယ္။ ဒီလိုလုပ္ဖို႔ လိုတဲ့ ႏိုင္ငံျခားေငြကို ေျမာက္ကိုရီးယားဟက္ကာေတြက ႏိုင္ငံတကာ ဘဏ္ မ်ားႏွင့္ ဒစ္ဂ်စ္တယ္ေငြ ေၾကး လႊဲေျပာင္းမႈေတြကေန ဆိုက္ဘာတိုက္ခိုက္မႈေတြကေန ကန္ေဒၚလာ ႏွစ္ဘီလ်ံထိရခဲ့တယ္လို႔ ကုလစစ္ တမ္းတစ္ခုကေန ထုတ္ျပန္ခဲ့ပါတယ္။

ကုန္သြယ္ေရးစစ္ပြဲအရွိန္တက္လာတာနဲ႔ အမွ် ႏိုင္ငံတကာစီးပြားေရးတိုးတက္မႈ က်ဆင္းလာသလို မတည္ၿငိမ္မႈေတြ ကမာၻေနရာအခ်ိဳ႕ေဒသေတြမွာေတြ႕လာရပါတယ္။နယ္ပယ္ တစ္ခုနဲ႔ တစ္ခု ဆက္စပ္ေန တဲ့ အတြက္ အေရွ႕အာရွက စစ္ေရးတင္းမာမႈျပႆနာက ဘာေတြ ျဖစ္လာဦးမလဲ ဆိုတာေစာင့္ၾကည့္ရဦးမွာပါ။

ဒီသတင္းေတြက ယခုတစ္ပတ္မွာ ျဖစ္ခဲ့တဲ့ သတင္းေတြထဲက စီးပြားေရးစစ္ပြဲဆင္ႏႊဲမႈအတြက္ ဂ်ပန္ ဝန္ႀကီးခ်ဳပ္ရွင္ဇိုအာေဘးကို ေတာင္ကိုရီးယား ဆယ္ေက်ာ္သက္ေက်ာင္းသား မ်ားအပါအဝင္ ေဒသခံ ရာေပါင္းမ်ားစြာက ဆႏၵျပတဲ့ သတင္း၊ ႐ုရွားေျမာက္ဖ်ားပိုင္း စစ္ဘက္အေျခစိုက္ စခန္းတစ္ခု မွာ ရွိ ဒုံးက်ည္လက္နက္စမ္းသပ္ရင္း ေပါက္ကြဲမႈျဖစ္လို႔ လူႏွစ္ဦးေသဆုံးခဲ့တဲ့ သတင္း၊ ဂ်ပန္ ႏိုင္ငံသား
ႏွစ္ဦးကို ေ႐ႊေခ်ာင္း ၁၂ ကီလိုဂရမ္ႏွင့္အတူ    ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒါကာရွိ ဟာဇရတ္ ရွာဂ်ာလာ   ေလဆိပ္မွာ ဖမ္းဆီးရမိတဲ့ သတင္း၊ ခ်က္ႏိုင္ငံတြင္ တိုင္းရင္းသားလူမ်ိဳးစုအခ်င္းခ်င္း တိုက္ခိုက္ မႈေၾကာင့္  အနည္းဆုံး လူ ၃၇ ဦး ေသဆုံးခဲ့တဲ့ သတင္းေတြထဲ ထူးထူးျခားျခား သတိထားစရာျဖစ္ခဲ့ပါတယ္။

သဘာဝေဘး ျပင္းထန္လာၿပီလား    
 
ယခုတစ္ပတ္အတြင္း  ျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ သတိထားစရာျဖစ္ခဲ့တာက သဘာ၀ ေဘးသတင္း ေတြပါဘဲ။ တ႐ုတ္ျပည္ကို တိုင္ဖြန္းမုန္တိုင္းဝင္တယ္၊ေတာင္အာရွနဲ႔ အေရွ႕ေတာင္အာရွမွာ ေရေဘး ႀကဳံေနရ တယ္၊ အိႏၵိယမွာ ေရအတြက္ ေသာကေရာက္ ေနရတယ္၊ေျမာက္အေမရိကနဲ႔ ဥေရာပမွာ အပူလႈိင္ူးေၾကာင့္ ေသာကေရာက္ေနရတယ္။ဒါေတြဟာ ဒီတစ္ပတ္ထဲမွာ ျဖစ္ခဲ့တဲ့ သတင္းေတြပါ။

ကမာၻ႔သဘာဝအရင္းအျမစ္ အင္စတီက်ဴကေန ယခုရက္သတၱပတ္အတြင္း ထုတ္ျပန္တဲ့ အစီရင္ခံ စာတစ္ေစာင္မွာ ေရေၾကာင့္  ဆိုး႐ြားစြာ   အက်ိဳးသက္ေရာက္ခံစား ေနရတဲ့ ႏိုင္ငံ ၁၇ နိင္ငံကို ထုတ္ျပန္ ခဲ့ပါတယ္။ ဒီထဲမွာ  ကာတာ၊  အစၥေရး၊   လက္ဘႏြန္၊  အီရန္၊ ေဂ်ာ္ဒန္၊ လစ္ဗ်ား၊ ကူဝိတ္၊ ေဆာ္ဒီ အာေရဗ်၊ ယူေအအီး၊ အီရီထရီးယား၊ ဆန္မာရီႏို၊  ဘာရိန္း၊  အိႏၵိယ၊  ပါကစၥတန္၊  တာ့ခ္မင္ နစၥတန္၊ အိုမန္ႏွင့္ေဘာ့ဆြာနာ စတဲ့ အာရွနဲ႔အာဖရိကႏိုင္ငံေတြ ပါဝင္ခဲ့ပါတယ္။ဒီႏိုင္ငံေတြမွာ မိုးေခါင္ေရရွားျဖစ္တာနဲ႔  ေရႀကီးမႈေတြ ပါဝင္ပါတယ္။

အိႏၵိယမွာေတာ့  မိုးသည္းထန္စြာ႐ြာ သြန္းမႈမ်ားႏွင့္ ေျမၿပိဳမႈမ်ားေၾကာင့္ အိႏၵိယႏိုင္ငံ၏ကာနာတာကာ၊ကီရယ္လာႏွင့္ မဟာရတ္ခ်္တရျပည္နယ္တို႔မွာ ေရ ႀကီးေရလွ်ံမႈေတြ ေၾကာင့္ ေသဆုံးသူ အေရ အတြက္ တိုးျမင့္လာပါတယ္။ အေနာက္ေတာင္ပိုင္း ကီရယ္လာျပည္နယ္မွာ ႏွစ္ရက္အတြင္း ေျမၿပိဳမႈ ၈၀ ျဖစ္ပြားခဲ့လို႔ လူ ၄၂ ဦးခန႔္ ေသဆုံးခဲပါတယ္။ အိႏၵိယႏိုင္ငံရဲ႕စီးပြားေရးၿမိဳ႕ေတာ္ မြမ္ဘိုင္း အနီး တစ္ဝိုက္မွာ ႏွစ္ရက္ၾကာ မိုးသည္း ထန္စြာ႐ြာသြန္းတာကေန ေရႀကီးမႈမ်ားျဖစ္ပြားလို႔ မီးရထား ခရီးစဥ္
ေတြပါရပ္ဆိုင္းခဲ့ရပါတယ္။

ထုတ္ျပန္ခ်က္ေတြအရ အိႏၵိယႏိုင္ငံအေနာက္ပိုင္း   ကမ္း႐ိုးတန္းျပည္နယ္မ်ား ျဖစ္ေသာ ကီရာလာ၊ ကာနာတာကာ၊ မဟာရတ္ရွ္ထရာႏွင့္  ဂူဂ်ာရတ္အပါအဝင္ ျပည္နယ္မ်ားစြာမွာ ေရႀကီးေရလွ်ံမႈေတြေၾကာင့္ သုံးရက္အတြင္း လူ ၁၁၅ ဦးဝန္းက်င္ ေသဆုံး ခဲ့ လးငါးသိန္းေက်ာ္ကို ကယ္ဆယ္ေရး စခန္းမ်ားကို ေျပာင္းေ႐ႊ႕ေပးခဲ့ရတယ္ဆိုပါတယ္။

ဒီလိုျဖစ္ေနသလို တ႐ုတ္(တိုင္ေပ)မွာလည္း ယခုရက္သတၱပတ္အတြင္း အင္အား ၆ ဒသမ ၀ အဆင့္ ရွိေသာ ငလ်င္တစ္ခု လႈပ္ခဲ့ပါတယ္။ ဗီယက္နမ္ႏိုင္ငံမွာ ယခုရက္သတၱပတ္အတြင္း တိုက္ခတ္တဲ့  မုတ္သုံမုန္တိုင္း "ဝီဖာ" ေၾကာင့္ လူ ၁၂ ဦး ေသဆုံးခဲ့ၿပီး   ကိုးဦး   ေပ်ာက္ဆုံးခဲ့ပါတယ္။ တ႐ုတ္ျပည္ မ ဘက္မွာေတာ့ ထိုင္ဝမ္ေရလက္ၾကားကေန  ျဖတ္ ဝင္လာတဲ့ အားျပင္းတဲ့ တိုင္ဖြန္းမုန္တိုင္း လီကီမာေၾကာင့္ တ႐ုတ္အေရွ႕ပိုင္း နဲ႔ေျမာက္ပိုင္းမွာ ေရႀကီးမႈ ေတြ၊ ေျမၿပိဳမႈေတြ၊ေနအိမ္သစ္ပင္ ၿပိဳလဲ မႈေတြေၾကာင့္ လူ ၂၈ဦးခန႔္ေသဆုံးခဲ့ရပါတယ္။တ႐ုတ္ဘ႑ာေရး ၿမိဳ႕ျဖစ္တဲ့ ရွန္ဟိုင္းကို မုန္တိုင္း က ဦးတည္တဲ့ အတြက္ လူတစ္သန္းေက်ာ္ အလ်င္အျမန္ေ႐ႊ႕ေျပာင္းခဲ့ရတာမွာ လူႏွစ္သိန္း ခြဲေက်ာ္က ရွန္ဟိုင္းကျဖစ္ပါတယ္။ထိုင္းေတာင္ပိုင္းမွာလည္း ယခုရက္သတ္ တပတ္အတြင္း မိုးသည္း ထန္စြာ႐ြာ သြန္းၿပီး ေလျပင္းမုန္တိုင္းတိုက္ခတ္မႈေၾကာင့္ လူေနအိမ္ေပါင္း ၂၀၅ ေက်ာ္ ထိခိုက္ ပ်က္စီးခဲ့ပါတယ္။

ေတာင္အာရွနဲ႔ အာရွတစ္ဝန္းမွာ ေရႀကီးတာေတြ ၊ငလ်င္ေတြနဲ႔ လုံးေထြးေနရခ်ိန္မွာ ေတာင္ကိုရီးယား မွာေတာ့ အပူခ်ိန္ထပ္မံျမင့္ တက္လာလို႔ ႏိုင္ငံတစ္ဝန္း အပူလႈိင္းျဖတ္မႈ သတိေပးခ်က္ထုတ္ျပန္ ထားရပါတယ္။ အာရွမွာတင္ သဘာဝေဘးေတြေၾကာင့္ လူေတြ ကေမာက္ကမ ဒုကၡခံေနရတာ မဟုတ္ ပါဘူး။ အာဖရိကမွာလည္း ဆိုင္ကလုန္းမုန္တိုင္း နဲ႔ မိုးေခါင္ ေရရွားမႈေတြေၾကာင့္ ဇင္ဘာေဘြ မွာ လူႏွစ္ သန္းခြဲခန႔္ ငတ္မြတ္ေခါင္းပါးမႈ ႀကဳံေတြ႕ရလုနီးနီးျဖစ္ေနတယ္လို႔ ကမာၻ႔စားနပ္ရိကၡာ အစီ အစဥ္ (WFP)ကထုတ္ျပန္ခဲ့ပါတယ္။

သဘာဝေဘးမွာရာသီဥတုတြင္မကပါဘူး။ေရာဂါေဘးလည္းပါေနေသးပါတယ္။ ဘဂၤလားေဒ့ရွ႕္မွာ ေသြးလြန္တုပ္ေကြးေၾကာင့္ သတိေပးေနရသလို  ဖိလစ္ပိုင္မွာလည္း ေသြး လြန္တုပ္ေကြးေၾကာင့္ လူရာႏွင့္ခ်ီ ေသဆုံးခဲ့လို႔ အစိုးရက ဖိလစ္ပိုင္ အစိုးရက တစ္ႏိုင္ငံလုံး ေသြးလြန္ တုပ္ေကြးေရာဂါ ျပန႔္ပြားေနတယ္လို႔ သတိေပးခ်က္ထုတ္ထားရပါတယ္။

လူေတြ ကိုယ္က်ိဳးစီးပြားအတြက္ သဘာဝသံယံဇာတေတြကို မဆင္မျခင္ ထုတ္ယူမႈနဲ႔ စည္းကမ္းမဲ့ ဖ်က္စီးမႈေတြေၾကာင့္ ကမာၻအပူခ်ိန္ကတက္လာသလိုေနာက္ဆက္တြဲအေနနဲ႔ သဘာဝေဘးေတြက ဆက္ တိုက္ဆိုသလို လာေနၿပီျဖစ္ပါတယ္။ဆယ္စုႏွစ္မ်ားစြာ ၾကာမွ ျဖစ္ေလ့ျဖစ္ထရွိတဲ့ သဘာဝေဘးျဖစ္တဲ့ ေရႀကီးေရလႊမ္းမႈေတြက ယခုအခါမွာ ႏွစ္စဥ္လိုလိုျဖစ္လာသလို ငလ်င္လို႔ ခန႔္မွန္းလို႔ မရ တဲ့ ေဘးေတြကလည္း ကမာၻတစ္ဝန္းေန႔စဥ္ လႈပ္ခတ္ေနတဲ့အတြက္ ဘယ္လို သဘာဝေဘးေတြ
ေၾကာင့္ လူေတြ အခက္ေဝဦးမလဲ ဆိုတာ ရင္တမမနဲ႔ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။    

စစ္ရိပ္သန္းလာတဲ့ ကတ္ရွ္မီးယား

ပါကစၥတန္နဲ႔ အိႏၵိယၾကားအျငင္းပြားေနတဲ့ ေဒသျဖစ္တဲ့ ကတ္ရွ႕္မီးယားေၾကာင့္ မၾကာခဏဆိုသလို ပါကစၥတန္နဲ႔ အိႏၵိယၾကား စစ္ျဖစ္လုရနီးပါးအေျခအေနက မၾကာခဏပါဘဲ။ မၾကာမီကအိႏၵိယသမၼတ ႐ုံးအမိန႔္ ထုတ္ျပန္ခ်က္တစ္ရပ္နဲ႔ ကက္ရွ္မီးယားေဒသ၏ ႏွစ္ (၇၀)ၾကာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသ သတ္မွတ္ခ်က္ကို ပယ္ဖ်က္ခဲ့ပါတယ္။အိႏၵိယ၏ တစ္ခုတည္းေသာ မြတ္စလင္လူမ်ားစု ျပည္နယ္ျဖစ္ တဲ့ ကက္ရွ္မီးယားေဒသဟာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ သတ္ မွတ္ခ်က္အရ ကက္ရွ္မီးယား သည္ ကိုယ္ပိုင္ အေျခခံဥပေဒ၊ သီးျခားအလံႏွင့္ ဥပ ေဒျပဳခြင့္မ်ား ရရွိထားခဲ့ေပမယ့္ ႏွစ္ဆန္းပိုင္းက အိႏၵိယလုံၿခဳံေရး ကြန္ဗြိဳင္းကို ပါကစၥတန္ေထာက္ခံတဲ့ အစြန္းေရာက္ အၾကမ္းဖက္သမားေတြက ကားဗုံးခြဲ လို႔အေျမာက္အမ်ားေသဆုံးခဲ့ ရပါတယ္။ ဒီကေနစတင္ကာ ပါကစၥတန္နဲ႔ အိႏၵိယၾကား စစ္ျဖစ္လုနီးပါးျဖစ္ ခဲ့ကာ ေလေၾကာင္းတိုက္ခိုက္မႈေတြအထိျဖစ္ခဲ့ပါတယ္။

ယခုအဆိုပါေဒသကို အိႏၵိယအစိုးရက ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအျဖစ္ကေနပယ္ဖ်က္ကာ အိႏၵိယ အစိုးရအုပ္ခ်ဳပ္မႈေအာက္ထဲ ျပန္ထည့္ခဲ့တာပါ။ဒီအတြက္ ပါကစၥတန္က  ကုလသမဂၢမွာ အဆိုတင္မွာျဖစ္ၿပီး တ႐ုတ္ကလည္း ဒီလိုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသအျဖစ္ကေနပယ္ဖ်က္တာကိုရႈတ္ခ်ကန႔္ကြက္ခဲ့ပါ တယ္။ ပါကစၥတန္ဘက္မွာေတာ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ အဆင့္အတန္းကို အိႏၵိယႏိုင္ငံက ႐ုပ္သိမ္းခဲ့ျခင္းအေပၚ  ပါကစၥတန္ႏိုင္ငံ၏ၿမိဳ႕ေတာ္   အစၥလာမၼာဘတ္မွာ ဆႏၵျပမႈေတြ လုပ္ခဲ့သလို ပါကစၥတန္စစ္တပ္က လည္း ကတ္ရွ္မီးယားေဒသခံေတြနဲ႔ တစ္သားတည္းဆိုတာျပသမယ္လို႔ ေျပာခဲ့ပါတယ္။

ဒါအျပင္ ကက္ရွ္မီးယားအေရးမွာ ပိုင္ဆိုင္မႈ အျငင္းပြားေနတဲ့ ရန္ဖက္ ပါကစၥတန္ႏိုင္ငံက အိႏၵိယရဲ႕ လုပ္ရပ္ကို ေဒါသတႀကီး တုံ႔ျပန္ၿပီး အိႏၵိယသံအမတ္ကို ျပည္ႏွင္ခဲ့သလို ပါကစၥတန္အစိုးရက အိႏၵိယ ႏိုင္ငံရွိ ၎၏သံအမတ္ကို  ျပန္လည္ေခၚယူဖို႔နဲ႔ ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္မႈ ရပ္ဆိုင္းဖို႔ ဩဂုတ္ ၇ ရက္မွာ ေၾကညာ ခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ အိႏၵိယရဲ႕ ထုတ္ျပန္ခ်က္ေနာက္ပိုင္း ကက္ရွ္မီးယားေဒသ မွာ ကန႔္ကြက္ ဆႏၵျပတာေတြ ျဖစ္ပြားေပၚေပါက္ေနသလို အိႏၵိယဘက္ကို ခုတ္ေမာင္းေျပးဆြဲေနတဲ့ ရထားေျပးဆြဲမႈကိုလည္း ပါကစၥတန္ ဘက္က ရပ္ဆိုင္းလိုက္ပါတယ္။

ပါကစၥတန္ဘက္က ဒီလိုပဲ ေဆာင္႐ြက္တာနဲ႔ၿပီးမွာမဟုတ္သလို ထပ္မံလုပ္ေဆာင္တာေတြ ျမင္ေတြ႕ ရဖို႔ရွိေနပါတယ္။အိႏၵိယဘက္ကလည္း  ပါကစၥတန္ဘက္က အၾကမ္းဖက္သမားေတြေၾကာင့္ အထိနာ ခဲ့ရ တာေတြ ရွိတဲ့ အတြက္ ဒီတစ္ခါလက္ဦးမႈရယူဖို႔ ရွိေနပါတယ္။ ဒီအေရးက ကုလဆီထိေရာက္ မလား၊ ႏွစ္ႏိုင္ငံ အခ်င္းခ်င္းဘဲ ေျဖရွင္းက်မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

ဒီသတင္းက ယခုတစ္ပတ္ျဖစ္ပြားတဲ့ သတင္းေတြထဲက ဖိလစ္ပိုင္ႏိုင္ငံမွာ အေမရိကန္ ဒုံးက်ည္စနစ္ မ်ား ျဖန႔္ၾကက္ထားရန္ မည္သည့္အခါတြင္မွ် ခြင့္ျပဳမည္မဟုတ္ဘူးလို႔ သမၼတ ဒူတာေတးက ေျပာၾကား ခဲ့တဲ့ သတင္း၊ အေရွ႕အလယ္ပိုင္း ေရေၾကာင္း သြားလာမႈလုံၿခဳံ စိတ္ခ်ေစဖို႔  ေဟာ္မုဇ္ေရ လက္ၾကား လုံၿခဳံေရး စီမံခ်က္ကို ဂ်ပန္အစိုးရေလ့လာမယ္ဆိုတဲ့ သတင္း၊လစ္ဗ်ားႏိုင္ငံအေရွ႕ပိုင္းရွိ   ဘန္ဂါဇီၿမိဳ႕မွာ  ကားဗုံးတစ္ လုံးေပါက္ကြဲလို႔ ကုလသမဂၢဝန္ ထမ္းသုံးဦးေသဆုံးၿပီး အမ်ားအျပား  ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ သတင္း၊ ကဘူးလ္ၿမိဳ႕မွာ ကားဗုံးေပါက္ကြဲလို႔ လူတစ္ရာနီးပါး ထိခိုက္ ဒဏ္ရာ ရတဲ့ သတင္း၊ ဒိန္းမတ္ႏိုင္ငံ ၿမိဳ႕ေတာ္ ကိုပင္ေဟဂင္ၿမိဳ႕မွာ သီတင္းပတ္အတြင္း ဒုတိယအႀကိမ္ ေပါက္ကြဲမႈျဖစ္ခဲ့တဲ့သတင္း၊ တန္ဇန္းနီးယားႏိုင္ငံမွာ ေလာင္စာဆီ တင္ ကားတစ္စီး တိမ္းေမွာက္ ေပါက္ကြဲလို႔ လူ၆၄ ဦး ေသဆုံးခဲ့တဲ့သတင္း၊ ယီမင္မွာ အစိုးရ တပ္နဲ႔ စစ္ေသြးႂကြ မ်ားအၾကား တိုက္ပြဲျဖစ္ပြားလို႔ လူ ၄၀ ထက္မနည္း ေသဆုံးကာ  ၂၆၀ ခန႔္ ဒဏ္ရာ ရရွိခဲ့တဲ့သတင္းေတြလည္းျဖစ္ ခဲ့တယ္ ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ ႏိုင္ငံတကာ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ ပါတယ္။

မင္းထက္