【 ဆောင်းပါး 】 “၁၀ တန်းဆို အောင်မှလား”

【 ဆောင်းပါး 】 “၁၀ တန်းဆို အောင်မှလား”

ဖုန်းသံကြားသဖြင့် ဖြတ်ခနဲလန့်နိုးသွားခဲ့သည်။အချိန်ကိုကြည့်လိုက်တော့ သန်းခေါင်ထက်ပင် နက်နေပြီဟုဆိုနိုင်သော နံနက် ၁ နာရီ။ညက အရှိန်လေးနည်းနည်းရပြီးမှ အိပ်လိုက်ခြင်းကြောင့် အိပ်ရေးကျနေသဖြင့် မျက်လုံးကမပွင့်ချင်။အိပ်ချင်မူးတူးဖြင့် ဖုန်းကောက်ကိုင်လိုက်တော့ 'အဘ၊ သားစာမေးပွဲကျတယ်' ဆိုသည့်အသံက တုန်ခါစွာ။

ကျနော့်ညီအရင်း၏ သားဖြစ်သည်။သူ၏အသံမှာ စိတ်ဆင်းရဲခြင်းကြီးနေသည့်အသံမျိုး။ပထမအကြိမ်စာမေးပွဲကျခြင်းဆိုတော့လည်း မခံစားဖူးသည့်ခံစားမှုမျိုးမို့ ထိထိမိမိခံစားနေရမှာသေချာသည်။ဘာပဲဖြစ်ဖြစ် ကျနော်မျက်လုံးလင်းသွားခဲ့သည်။သူက ဟိုး…ပေါက်စနအရွယ်ကတည်းက ကျနော့်လက်ပေါ်ကြီးလာသောကလေးမို့ စိတ်မကောင်းဖြစ်ရသည်။

သို့သော်၊ ကျနော်ဘာမှမတတ်နိုင်သောကိစ္စ။တချို့သောလူကြီးများက စာမေးပွဲကျလို့ညစ်နေသည့်အချိန် ကျရကောင်းလားဆိုပြီး ဆူဆူပူပူလုပ်တတ်ကြသည်။မိဘများကလည်း တစ်နှစ်ကျလျှင်တစ်နှစ် ပညာသင်စရိတ်ကမနည်းမနောမို့ သူလည်းသူ့ညစ်လုံးနဲ့သူ ထွက်ပေါက်ရှာဆူပူမိခြင်းလည်းဖြစ်နိုင်သည်။သို့သော်၊ ဆူလိုက်ရသူအတွက် မည်သို့အကျိုးရှိသွားသလဲတော့မသိ။ညစ်နေသည့်ကလေးအတွက် ပိုစိတ်ဆင်းရဲစရာ၊ အကျိုးမရှိ။ထို့ကြောင့် ကျနော်က သူစိတ်ပြေရာပြေကြောင်း အားပေးစရာသာပြောလိုက်သည်။သို့သော်၊ ကိုယ်ဘယ်လောက်အားပေးပေး ဒီအချိန်စိတ်ပြေစရာအကြောင်းမရှိမှန်းလည် းသိနေပြန်သည်။

ဘာပဲဖြစ်ဖြစ် ယခုလိုနှစ်မျိုးတွင် တက္ကသိုလ်ဝင်စာမေးပွဲကျတာကတော့ သိပ်မဆိုးဟုထင်၏။ဘာ့ကြောင့်မဆိုးရတာလဲဆိုတော့ ယခုနှစ်တွင် ကိုဗစ်အခြေအနေကြောင့် အွန်လိုင်းကအောင်စာရင်းကြည့်လို့ရအောင် စီမံထား၍ဖြစ်သည်။

ဘာဆိုင်လို့တုန်းဆိုတော့ အရင့်အရင်တုန်းကလို အောင်စာရင်းကပ်ထားတာ သွားကြည့်ရမည်ဆိုပါက ချွေးဒီးဒီးကျတိုးဝှေ့ရဦးမည်။ချွေးဒီးဒီးကျခဲ့ပြီးမှ ကိုယ့်နာမည်မပါလာပါက ပိုဖီးလ်ဖြစ်ရဦးမည်။ပြီးတော့ ကိုယ့်ရှေ့တည့်တည့်တွင် စာမေးပွဲအောင်သဖြင့် အော်ဟစ်ပျော်ရွှင်နေသူများကို မြင်နေရဦးမည်ဆိုတော့ မစားသာ။

ဒီနှစ်ကျတော့ ကိုဗစ်ကြီးကြောင့် ကိုယ့်အိမ်မှာကိုယ် တစ်ကိုယ်တော်အွန်လိုင်းဖွင့်ပြီး အောင်စာရင်းကြည့်လို့ရနေသဖြင့် အပင်ပန်းခံစရာမလို၊ အခြားသူတို့၏ပျော်ရွှင်မှုကိုငေးကာ သိမ်ငယ်နေစရာမလို။ထို့ကြောင့် ယခုနှစ်စာမေးပွဲကျခြင်းသည် နည်းနည်းတော့ခံသာမည်လားမသိ။

ဘာ့ကြောင့် မရေမရာသာပြောနိုင်ရတာလဲဆိုတော့ ကျနော်ကိုယ်တိုင် ၁၀တန်းကျဖူးပြီး၁၀တန်း အောင်ဖူးသော်လည်း ထိုအရသာနှစ်မျိုးစလုံးကို ထိထိမိမိမခံစားခဲ့ဖူးသောကြောင့်ဖြစ်သည်။၁၉၈၉-၉၀ ပညာသင်နှစ်တွင် ကျနော်၁၀တန်းကျသည်။ဘဝတွင် ပထမဆုံးအကြိမ်စာမေးပွဲကျခြင်းဖြစ်သော်လည်း စာမေးပွဲကျကြောင်းသိချိန်တွင် အသက်မသေဘဲ ထောင်ထဲမှပြန်ထွက်လာအောင် ထောင်ထဲ၌ ရုန်းကန် တိုက်ပွဲ ဝင်နေရသည့်အ ချိန်မို့ စာမေးပွဲကျခြင်းကြောင့် လုံးဝဖီးလင်မဖြစ်မိခြင်းဖြစ်သည်။ပြီးတော့၊နိုင်ငံ ရေးစိတ် ကသူ့ထက်ကဲနေချိန် မို့ အာဏာရှင်ခေတ်ပညာရေးတွင် ၁၀တန်းမအောင်လည်း ဘာမှမဖြစ် သလိုလိုဘာလိုလို စိတ်ကြီးဝင်နေချိန် မို့လည်းဖြစ်နိုင်သည်။

၁၉၉၂ခုနှစ်ဖေဖေါ်ဝါရီတွင် ထောင်မှပြန်လွတ်သည်။၁၉၉၂-၉၃ပညာသင်နှစ်တွင် ၁၀တန်းကိုအပြင် ဖြေသည်။ကျူရှင်တွေဘာတွေသေချာတက်ပြီး အောင်ချင်စိတ်ကြီးစွာဖြင့် ကြိုးစားခဲ့ခြင်းဖြစ်သည်။အောင်စာ ရင်းထွက်ချိန်ကျတော့ ဇာတိမြေဘီလူးကျွန်းသို့ပြန်ရောက်နေသဖြင့် အောင်စာရင်းသွားကြည့်ရသည့်ခံစားမှု မျိုးကိုမသိ။အောင်လို့ဆိုပြီး သူငယ်ချင်းများနှင့်လက်သီးလက်မောင်းတန်းပျော်ရွှင်မှုမျိုးမရှိ။ကျနော့်အမေက စာမေးပွဲအောင်ကြောင်း ဖုန်းဆက်ပြောသဖြင့် ရင်တလှပ်လှပ်ခုန်သွားတာမျိုးတော့ရှိခဲ့သည်။ပြည့်ဝသောခံ စားမှုမျိုးဟုမထင်။သို့သော်၊၁၀တန်းအောင်ပြီဆိုတော့ လူဖြစ်သွားပြီလိုလို၊ဘဝသည်တစ်ဆစ်ချိုးသွားပြီလိုလို ဖြင့် စိတ်ကြီးဝင်ခဲ့မိသည်။

၁၀တန်းအောင်လို့ စိတ်ကြီးဝင်မိသည်မှာ အခုမှမဟုတ်။ဖတ်ဖူးမှတ်ဖူးသမျှ ပြောရလျှင် ဟိုး…တစ် ချိန် အင်္ဂလိပ်အုပ်ချုပ်စဉ်ကာလကတည်းကဟုထင်၏။ထိုခေတ်တုန်းက ၁၀တန်းအောင်စာရင်းကို ရေဒီယို ကနေကြေညာပေးရသည်။မြို့ကြီးမဟုတ်သောမြို့များတွင် တစ်မြို့လုံးပေါင်းမှ ၁၀တန်းဖြေဆိုသူ တစ်ရာမ ပြည့်သလို ၁၀တန်းအောင်သူကလည်း ၁၀ယောက်မပြည့်။အင်္ဂလိပ်ခေတ်တုန်းက ၁၀တန်းရောက်ဖို့ပင်မ လွယ်သည့်အနေအထား။၇တန်းအောင်လျှင်ပင် အင်္ဂလိပ်လို ကြေးနန်းစာဖတ်တတ်ကြသည်ဆိုတော့ ၁၀ တန်းရောက်လျှင်ပင် တော်တော်ဟုတ်လှပြီဟုဆိုနိုင်သောပညာရေးစနစ်။ထို့ကြောင့် ၁၀တန်းအောင်ခြင်း သည် စိတ်ကြီးဝင်ချင်စရာ၊၁၀တန်းအောင်အဆင့်ဖြင့် ရသည့်အလုပ်မှာလည်း တူတူတန်တန်စားနိုင် သောက်နိုင်အဆင့်အတန်းမို့ စိတ်ကြီးဝင်မယ်ဆိုလည်း ဝင်ချင်စရာ။ပြောရလျှင် ပညာရေးစနစ်က ၁၀ တန်းအောင်များကို စိတ်ကြီးဝင်လောက်အောင် ပြဌာန်းပေးခဲ့ခြင်းဖြစ်မည်ထင်၏။

သူ့ကျွန်ဘဝပညာရေးက ထိုသို့အဆင့်အတန်းမြင့်ခဲ့သည်။သူ့ကျွန်ဘဝဘွဲ့တစ်ယောက်ဆိုလျှင် တကယ်လည်းတတ်ပြီးတကယ်လည်း ခေါင်းတစ်လုံးပိုမြင့်သွားသူပမာ။ထို့ကြောင့်ပင် ဘွဲ့ဝတ်စုံဖြင့်ရိုက် ထားသောဓာတ်ပုံကို အိမ်ဧည့်ခန်းတွင် ထည်ထည်ဝါဝါထားခြင်းဖြင့် ဂုဏ်ယူခဲ့ကြသည်။သူတို့ခေတ်ဘွဲ့ ရ တစ်ယောက်ရရှိသောအလုပ်အကိုင်မှာလည်း ဒေါင်ဒေါင်မြည်။

သူ့ကျွန်ဘဝမှသည် လွတ်လပ်သောမြန်မာနိုင်ငံအဖြစ်သို့ရောက်ရှိလာသည်။ ပါလီမန်ဒီမိုကရေစီ ခေတ်တွင် ပြင်းတွင်းစစ်၏ဒဏ်က ရိုက်ချက်ပြင်းလှသော်လည်း မြန်မာ့ပညာရေးမှာမူ အရှေ့တောင်အာရှ တွင် ထိပ်ကပြေးနေဆဲမို့ ၁၀တန်းအောင်သည်လည်း စိတ်ကြီးဝင်ဆဲ၊တက္ကသိုလ်ဘွဲ့ရဆို အလံထူမြဲဖြစ် သည်။

ကျနော့်အဖေဆိုလျှင် ပါလီမန်ခေတ်တွင် တန်းမြင့်ကျောင်းထွက်ဖြစ်သည်။တန်းမြင့်ဆိုတာက ၉ တန်းအောင်ပြီးသူများကိုပေးသောလက်မှတ်။ထိုလက်မှတ်ဖြင့် ရန်ကုန်သို့တက် အစိုးရအလုပ်ဝင်လုပ်ရာ အောက်တန်းစာရေးအလုပ်ရသည်။ဘွဲ့ရတစ်ယောက်လောက် ရာထူးတက်မမြန် သော်လည်း လုပ်သက်နှင့် ကျွမ်းကျင်မှုအရ ဦးစီးအရာရှိအဆင့်ထိ ရာထူးတိုးခဲ့သဖြင့် သူတို့ခေတ်တန်းမြင့်သည်လည်း မခေသည့်အ နေအထားဖြစ်သည်။

သို့သော်၊မြန်မာ့ပညာရေးမှာ ပထမအာဏာရှင်လက်ထက်ကတည်းပင် တိုင်းပြည်အတွင်း အစစအ ရာရာ ဆုတ်ယုတ်ခြင်းနှင့်အတူ နောက်ဆုတ်လာခဲ့သည်။သို့သော်၊၁၀တန်းအောင်ခြင်း၊မအောင်ခြင်းသည် လူတစ်ယောက်အတွက် အရေးကြီးသော မှတ်တိုင်သဖွယ်အရေးပါဆဲဖြစ်သည်။မဆလ သက်တမ်းကြာလာ သည်နှင့်အမျှ ဘွဲ့ရအလုပ်လက်မဲ့ဦးရေမြင့်တက်လာခဲ့သော်လည်း ဘွဲ့ရလူငယ်အပေါ် အထင်တကြီးရှိမြဲဖြစ် သည်။

ဒုတိယအာဏာရှင်လက်ထက်သို့ရောက်သည်။မြန်မာ့ပညာရေးကို ရည်ရွယ်ချက်ရှိစွာဖြင့် သုံးစားလို့ မရသည့်အဆင့်သို့ရောက်အောင် စစ်အစိုးရက ဆွဲချလိုက်သော်လည်း ၁၀တန်းလေးတော့ အောင်ဖို့လို တယ်ဆိုသည့် အမြင်သည် စူးရှဆဲဖြစ်သည်။

၁၉၉၆ခုနှစ်၊ကျနော်ဂျီတီအိုင်ကျောင်းတက်တော့ သူငယ်ချင်းအချို့ T.H.S ကျောင်းမှသည် ပေါင်းကူးအစီအစဉ်အရ ဂျီတီအိုင်သို့တက်ရောက်နေခြင်းဖြစ်ပြီး တချို့မှာ ၁၀တန်းမအောင်ကြသူများဖြစ် သည်။T.H.S ဆိုသည့်စက်မှုအထက်တန်းကျောင်းမှာ ၈တန်းအောင်လျှင် တက်လို့ရပြီး ယင်းကျောင်းပြီး လျှင် ၁၀တန်းအောင်အဖြစ်အသိအမှတ်ပြုသည်ဟုကြားသိရသော်ငြား တချို့မှာ ကိုယ့်ကိုယ်ကိုယ်၁၀တန်း အောင်ဟုယူဆဟန်မတူသလို ၁၀တန်းမအောင်ဆိုသည့်စိတ်ဖြင့် သိမ်ငယ်စိတ်လိုလိုဘာလိုလိုလည်းရှိကြ ဟန်တူသည်။ကျနော်က၁၀တန်းအောင်မို့ ဘာ့ကြောင့် သူတို့ထိုသို့ဖြစ်မှန်းနားမလည်။

ယခုဆိုလျှင် ၁၀တန်းမအောင်လည်း အင်းစိန်ဂျီတီအိုင်၌ ဂျပန်ကလာဖွင့်ထားသည့် အင်ဂျင်နီယာ ၇လသင်တန်းတက်မလား။ယင်းသင်တန်းဆင်းလျှင် ကျွမ်းကျင်လုပ်သားအဖြစ်ကျိန်းသေပေါက်လက်တွေ့ တတ်မြောက်ပြီး သီလဝါစက်မှုဇုန်ရှိ ဂျပန်ကုမ္ပဏီများ၌ အလုပ်ရလွယ်သဖြင့် ၁၀တန်းအောင်တစ်ယောက် ထက်ပင် သက်မွေးပညာတတ်မြောက်သွားသည့်သဘော။ယခုထပ်ကြားနေရသည်မှာ ဂျီတီအိုင်ကျောင်း ကိုပင် ၁၀တန်းမအောင်သူများအား ဝင်ခွင့်ဖြေစနစ် ဖြင့် ရာခိုင်နှုန်းတစ်ခု သတ်မှတ်တက်ရောက ်ခွင့်ပြု မည်တဲ့။

ကျနော့်တူကလည်း ၁၀တန်းထပ်မဖြေချင်တော့။သူက သက်မွေးသင်တန်းတစ်ခုခုသာတက်ချင် တော့သည်တဲ့။သူ့အိပ်မက်မှာ လူငယ်သဘာဝခဏတဖြုတ် မြင်မက်ခြင်းလားဘာလားမသိသော်လည်း သူ့စိတ်ကူးမှာ လက်ခံချင်စရာဟု ကျနော်မြင်၏။သို့သော်၊ သူ့မိ ဘရော ဆွေးမျိုးအရင်းအချာများ၏အမြင်မှာမူ သက်မွေးပညာက နောက်မှသင်လို့ရသည်။လောလောဆယ် ၁၀တန်းအောင်ဖို့လိုသည်တဲ့။၁၀တန်းအောင်မှ လူရာဝင်မည်တဲ့။၁၀တန်းအောင်မှ မျက်နှာမငယ်မှာတဲ့။

ပညာရေးသည် ကောင်းရာကနေပြို၊ပြိုရာကနေပျက်၊ယခုပျက်ရာကနေပြန်ထရန် ရုန်းကန်နေရ။ နှစ်များအလီလီ၊ခေတ်များလည်းမတူညီကြတော့သည့်တိုင်  ၁၀တန်းအောင်ခြင်း၊မအောင်ခြင်းအပေါ်ထား သည့်စံနှုန်း မပြောင်းလဲသေးသည်မှာ သေချာသည်။၁၀တန်းမအောင်တော့ရော ဘာဖြစ်လဲ ဟုဆိုလိုက်လျှင် လောကကိုအရွဲ့တိုက်ချင်နေသည်ဟု လက်ညှိုးထိုးမည့်သူမနည်းလှသောအခြေအနေ တွင်  ၁၀တန်းအောင်ခြင်း၊မအောင်ခြင်းအပေါ် မိတ်ဆွေ တို့၏အမြင်ကို ကျနော်နားထောင်ချင်သည်မှာ အမှန်ဖြစ်၏။

လင်းဆက်ငြိမ်းချမ်း
သြဂုတ် - ၂၂

( Zawgyi )

ဖုန္းသံၾကားသျဖင့္ ျဖတ္ခနဲလန႔္ႏိုးသြားခဲ့သည္။အခ်ိန္ကိုၾကည့္လိုက္ေတာ့ သန္းေခါင္ထက္ပင္ နက္ေနၿပီဟုဆိုႏိုင္ေသာ နံနက္ ၁ နာရီ။ညက အရွိန္ေလးနည္းနည္းရၿပီးမွ အိပ္လိုက္ျခင္းေၾကာင့္ အိပ္ေရးက်ေနသျဖင့္ မ်က္လုံးကမပြင့္ခ်င္။အိပ္ခ်င္မူးတူးျဖင့္ ဖုန္းေကာက္ကိုင္လိုက္ေတာ့ 'အဘ၊ သားစာေမးပြဲက်တယ္' ဆိုသည့္အသံက တုန္ခါစြာ။

က်ေနာ့္ညီအရင္း၏ သားျဖစ္သည္။သူ၏အသံမွာ စိတ္ဆင္းရဲျခင္းႀကီးေနသည့္အသံမ်ိဳး။ပထမအႀကိမ္စာေမးပြဲက်ျခင္းဆိုေတာ့လည္း မခံစားဖူးသည့္ခံစားမႈမ်ိဳးမို႔ ထိထိမိမိခံစားေနရမွာေသခ်ာသည္။ဘာပဲျဖစ္ျဖစ္ က်ေနာ္မ်က္လုံးလင္းသြားခဲ့သည္။သူက ဟိုး…ေပါက္စနအ႐ြယ္ကတည္းက က်ေနာ့္လက္ေပၚႀကီးလာေသာကေလးမို႔ စိတ္မေကာင္းျဖစ္ရသည္။

သို႔ေသာ္၊ က်ေနာ္ဘာမွမတတ္ႏိုင္ေသာကိစၥ။တခ်ိဳ႕ေသာလူႀကီးမ်ားက စာေမးပြဲက်လို႔ညစ္ေနသည့္အခ်ိန္ က်ရေကာင္းလားဆိုၿပီး ဆူဆူပူပူလုပ္တတ္ၾကသည္။မိဘမ်ားကလည္း တစ္ႏွစ္က်လွ်င္တစ္ႏွစ္ ပညာသင္စရိတ္ကမနည္းမေနာမို႔ သူလည္းသူ႔ညစ္လုံးနဲ႔သူ ထြက္ေပါက္ရွာဆူပူမိျခင္းလည္းျဖစ္ႏိုင္သည္။သို႔ေသာ္၊ ဆူလိုက္ရသူအတြက္ မည္သို႔အက်ိဳးရွိသြားသလဲေတာ့မသိ။ညစ္ေနသည့္ကေလးအတြက္ ပိုစိတ္ဆင္းရဲစရာ၊ အက်ိဳးမရွိ။ထို႔ေၾကာင့္ က်ေနာ္က သူစိတ္ေျပရာေျပေၾကာင္း အားေပးစရာသာေျပာလိုက္သည္။သို႔ေသာ္၊ ကိုယ္ဘယ္ေလာက္အားေပးေပး ဒီအခ်ိန္စိတ္ေျပစရာအေၾကာင္းမရွိမွန္းလည္ းသိေနျပန္သည္။

ဘာပဲျဖစ္ျဖစ္ ယခုလိုႏွစ္မ်ိဳးတြင္ တကၠသိုလ္ဝင္စာေမးပြဲက်တာကေတာ့ သိပ္မဆိုးဟုထင္၏။ဘာ့ေၾကာင့္မဆိုးရတာလဲဆိုေတာ့ ယခုႏွစ္တြင္ ကိုဗစ္အေျခအေနေၾကာင့္ အြန္လိုင္းကေအာင္စာရင္းၾကည့္လို႔ရေအာင္ စီမံထား၍ျဖစ္သည္။

ဘာဆိုင္လို႔တုန္းဆိုေတာ့ အရင့္အရင္တုန္းကလို ေအာင္စာရင္းကပ္ထားတာ သြားၾကည့္ရမည္ဆိုပါက ေခြၽးဒီးဒီးက်တိုးေဝွ႔ရဦးမည္။ေခြၽးဒီးဒီးက်ခဲ့ၿပီးမွ ကိုယ့္နာမည္မပါလာပါက ပိုဖီးလ္ျဖစ္ရဦးမည္။ၿပီးေတာ့ ကိုယ့္ေရွ႕တည့္တည့္တြင္ စာေမးပြဲေအာင္သျဖင့္ ေအာ္ဟစ္ေပ်ာ္႐ႊင္ေနသူမ်ားကို ျမင္ေနရဦးမည္ဆိုေတာ့ မစားသာ။

ဒီႏွစ္က်ေတာ့ ကိုဗစ္ႀကီးေၾကာင့္ ကိုယ့္အိမ္မွာကိုယ္ တစ္ကိုယ္ေတာ္အြန္လိုင္းဖြင့္ၿပီး ေအာင္စာရင္းၾကည့္လို႔ရေနသျဖင့္ အပင္ပန္းခံစရာမလို၊ အျခားသူတို႔၏ေပ်ာ္႐ႊင္မႈကိုေငးကာ သိမ္ငယ္ေနစရာမလို။ထို႔ေၾကာင့္ ယခုႏွစ္စာေမးပြဲက်ျခင္းသည္ နည္းနည္းေတာ့ခံသာမည္လားမသိ။

ဘာ့ေၾကာင့္ မေရမရာသာေျပာႏိုင္ရတာလဲဆိုေတာ့ က်ေနာ္ကိုယ္တိုင္ ၁၀တန္းက်ဖူးၿပီး၁၀တန္း ေအာင္ဖူးေသာ္လည္း ထိုအရသာႏွစ္မ်ိဳးစလုံးကို ထိထိမိမိမခံစားခဲ့ဖူးေသာေၾကာင့္ျဖစ္သည္။၁၉၈၉-၉၀ ပညာသင္ႏွစ္တြင္ က်ေနာ္၁၀တန္းက်သည္။ဘဝတြင္ ပထမဆုံးအႀကိမ္စာေမးပြဲက်ျခင္းျဖစ္ေသာ္လည္း စာေမးပြဲက်ေၾကာင္းသိခ်ိန္တြင္ အသက္မေသဘဲ ေထာင္ထဲမွျပန္ထြက္လာေအာင္ ေထာင္ထဲ၌ ႐ုန္းကန္ တိုက္ပြဲ ဝင္ေနရသည့္အ ခ်ိန္မို႔ စာေမးပြဲက်ျခင္းေၾကာင့္ လုံးဝဖီးလင္မျဖစ္မိျခင္းျဖစ္သည္။ၿပီးေတာ့၊ႏိုင္ငံ ေရးစိတ္ ကသူ႔ထက္ကဲေနခ်ိန္ မို႔ အာဏာရွင္ေခတ္ပညာေရးတြင္ ၁၀တန္းမေအာင္လည္း ဘာမွမျဖစ္ သလိုလိုဘာလိုလို စိတ္ႀကီးဝင္ေနခ်ိန္ မို႔လည္းျဖစ္ႏိုင္သည္။

၁၉၉၂ခုႏွစ္ေဖေဖၚဝါရီတြင္ ေထာင္မွျပန္လြတ္သည္။၁၉၉၂-၉၃ပညာသင္ႏွစ္တြင္ ၁၀တန္းကိုအျပင္ ေျဖသည္။က်ဴရွင္ေတြဘာေတြေသခ်ာတက္ၿပီး ေအာင္ခ်င္စိတ္ႀကီးစြာျဖင့္ ႀကိဳးစားခဲ့ျခင္းျဖစ္သည္။ေအာင္စာ ရင္းထြက္ခ်ိန္က်ေတာ့ ဇာတိေျမဘီလူးကြၽန္းသို႔ျပန္ေရာက္ေနသျဖင့္ ေအာင္စာရင္းသြားၾကည့္ရသည့္ခံစားမႈ မ်ိဳးကိုမသိ။ေအာင္လို႔ဆိုၿပီး သူငယ္ခ်င္းမ်ားႏွင့္လက္သီးလက္ေမာင္းတန္းေပ်ာ္႐ႊင္မႈမ်ိဳးမရွိ။က်ေနာ့္အေမက စာေမးပြဲေအာင္ေၾကာင္း ဖုန္းဆက္ေျပာသျဖင့္ ရင္တလွပ္လွပ္ခုန္သြားတာမ်ိဳးေတာ့ရွိခဲ့သည္။ျပည့္ဝေသာခံ စားမႈမ်ိဳးဟုမထင္။သို႔ေသာ္၊၁၀တန္းေအာင္ၿပီဆိုေတာ့ လူျဖစ္သြားၿပီလိုလို၊ဘဝသည္တစ္ဆစ္ခ်ိဳးသြားၿပီလိုလို ျဖင့္ စိတ္ႀကီးဝင္ခဲ့မိသည္။

၁၀တန္းေအာင္လို႔ စိတ္ႀကီးဝင္မိသည္မွာ အခုမွမဟုတ္။ဖတ္ဖူးမွတ္ဖူးသမွ် ေျပာရလွ်င္ ဟိုး…တစ္ ခ်ိန္ အဂၤလိပ္အုပ္ခ်ဳပ္စဥ္ကာလကတည္းကဟုထင္၏။ထိုေခတ္တုန္းက ၁၀တန္းေအာင္စာရင္းကို ေရဒီယို ကေနေၾကညာေပးရသည္။ၿမိဳ႕ႀကီးမဟုတ္ေသာၿမိဳ႕မ်ားတြင္ တစ္ၿမိဳ႕လုံးေပါင္းမွ ၁၀တန္းေျဖဆိုသူ တစ္ရာမ ျပည့္သလို ၁၀တန္းေအာင္သူကလည္း ၁၀ေယာက္မျပည့္။အဂၤလိပ္ေခတ္တုန္းက ၁၀တန္းေရာက္ဖို႔ပင္မ လြယ္သည့္အေနအထား။၇တန္းေအာင္လွ်င္ပင္ အဂၤလိပ္လို ေၾကးနန္းစာဖတ္တတ္ၾကသည္ဆိုေတာ့ ၁၀ တန္းေရာက္လွ်င္ပင္ ေတာ္ေတာ္ဟုတ္လွၿပီဟုဆိုႏိုင္ေသာပညာေရးစနစ္။ထို႔ေၾကာင့္ ၁၀တန္းေအာင္ျခင္း သည္ စိတ္ႀကီးဝင္ခ်င္စရာ၊၁၀တန္းေအာင္အဆင့္ျဖင့္ ရသည့္အလုပ္မွာလည္း တူတူတန္တန္စားႏိုင္ ေသာက္ႏိုင္အဆင့္အတန္းမို႔ စိတ္ႀကီးဝင္မယ္ဆိုလည္း ဝင္ခ်င္စရာ။ေျပာရလွ်င္ ပညာေရးစနစ္က ၁၀ တန္းေအာင္မ်ားကို စိတ္ႀကီးဝင္ေလာက္ေအာင္ ျပဌာန္းေပးခဲ့ျခင္းျဖစ္မည္ထင္၏။

သူ႔ကြၽန္ဘဝပညာေရးက ထိုသို႔အဆင့္အတန္းျမင့္ခဲ့သည္။သူ႔ကြၽန္ဘဝဘြဲ႕တစ္ေယာက္ဆိုလွ်င္ တကယ္လည္းတတ္ၿပီးတကယ္လည္း ေခါင္းတစ္လုံးပိုျမင့္သြားသူပမာ။ထို႔ေၾကာင့္ပင္ ဘြဲ႕ဝတ္စုံျဖင့္႐ိုက္ ထားေသာဓာတ္ပုံကို အိမ္ဧည့္ခန္းတြင္ ထည္ထည္ဝါဝါထားျခင္းျဖင့္ ဂုဏ္ယူခဲ့ၾကသည္။သူတို႔ေခတ္ဘြဲ႕ ရ တစ္ေယာက္ရရွိေသာအလုပ္အကိုင္မွာလည္း ေဒါင္ေဒါင္ျမည္။

သူ႔ကြၽန္ဘဝမွသည္ လြတ္လပ္ေသာျမန္မာႏိုင္ငံအျဖစ္သို႔ေရာက္ရွိလာသည္။ ပါလီမန္ဒီမိုကေရစီ ေခတ္တြင္ ျပင္းတြင္းစစ္၏ဒဏ္က ႐ိုက္ခ်က္ျပင္းလွေသာ္လည္း ျမန္မာ့ပညာေရးမွာမူ အေရွ႕ေတာင္အာရွ တြင္ ထိပ္ကေျပးေနဆဲမို႔ ၁၀တန္းေအာင္သည္လည္း စိတ္ႀကီးဝင္ဆဲ၊တကၠသိုလ္ဘြဲ႕ရဆို အလံထူၿမဲျဖစ္ သည္။

က်ေနာ့္အေဖဆိုလွ်င္ ပါလီမန္ေခတ္တြင္ တန္းျမင့္ေက်ာင္းထြက္ျဖစ္သည္။တန္းျမင့္ဆိုတာက ၉ တန္းေအာင္ၿပီးသူမ်ားကိုေပးေသာလက္မွတ္။ထိုလက္မွတ္ျဖင့္ ရန္ကုန္သို႔တက္ အစိုးရအလုပ္ဝင္လုပ္ရာ ေအာက္တန္းစာေရးအလုပ္ရသည္။ဘြဲ႕ရတစ္ေယာက္ေလာက္ ရာထူးတက္မျမန္ ေသာ္လည္း လုပ္သက္ႏွင့္ ကြၽမ္းက်င္မႈအရ ဦးစီးအရာရွိအဆင့္ထိ ရာထူးတိုးခဲ့သျဖင့္ သူတို႔ေခတ္တန္းျမင့္သည္လည္း မေခသည့္အ ေနအထားျဖစ္သည္။

သို႔ေသာ္၊ျမန္မာ့ပညာေရးမွာ ပထမအာဏာရွင္လက္ထက္ကတည္းပင္ တိုင္းျပည္အတြင္း အစစအ ရာရာ ဆုတ္ယုတ္ျခင္းႏွင့္အတူ ေနာက္ဆုတ္လာခဲ့သည္။သို႔ေသာ္၊၁၀တန္းေအာင္ျခင္း၊မေအာင္ျခင္းသည္ လူတစ္ေယာက္အတြက္ အေရးႀကီးေသာ မွတ္တိုင္သဖြယ္အေရးပါဆဲျဖစ္သည္။မဆလ သက္တမ္းၾကာလာ သည္ႏွင့္အမွ် ဘြဲ႕ရအလုပ္လက္မဲ့ဦးေရျမင့္တက္လာခဲ့ေသာ္လည္း ဘြဲ႕ရလူငယ္အေပၚ အထင္တႀကီးရွိၿမဲျဖစ္ သည္။

ဒုတိယအာဏာရွင္လက္ထက္သို႔ေရာက္သည္။ျမန္မာ့ပညာေရးကို ရည္႐ြယ္ခ်က္ရွိစြာျဖင့္ သုံးစားလို႔ မရသည့္အဆင့္သို႔ေရာက္ေအာင္ စစ္အစိုးရက ဆြဲခ်လိုက္ေသာ္လည္း ၁၀တန္းေလးေတာ့ ေအာင္ဖို႔လို တယ္ဆိုသည့္ အျမင္သည္ စူးရွဆဲျဖစ္သည္။

၁၉၉၆ခုႏွစ္၊က်ေနာ္ဂ်ီတီအိုင္ေက်ာင္းတက္ေတာ့ သူငယ္ခ်င္းအခ်ိဳ႕ T.H.S ေက်ာင္းမွသည္ ေပါင္းကူးအစီအစဥ္အရ ဂ်ီတီအိုင္သို႔တက္ေရာက္ေနျခင္းျဖစ္ၿပီး တခ်ိဳ႕မွာ ၁၀တန္းမေအာင္ၾကသူမ်ားျဖစ္ သည္။T.H.S ဆိုသည့္စက္မႈအထက္တန္းေက်ာင္းမွာ ၈တန္းေအာင္လွ်င္ တက္လို႔ရၿပီး ယင္းေက်ာင္းၿပီး လွ်င္ ၁၀တန္းေအာင္အျဖစ္အသိအမွတ္ျပဳသည္ဟုၾကားသိရေသာ္ျငား တခ်ိဳ႕မွာ ကိုယ့္ကိုယ္ကိုယ္၁၀တန္း ေအာင္ဟုယူဆဟန္မတူသလို ၁၀တန္းမေအာင္ဆိုသည့္စိတ္ျဖင့္ သိမ္ငယ္စိတ္လိုလိုဘာလိုလိုလည္းရွိၾက ဟန္တူသည္။က်ေနာ္က၁၀တန္းေအာင္မို႔ ဘာ့ေၾကာင့္ သူတို႔ထိုသို႔ျဖစ္မွန္းနားမလည္။

ယခုဆိုလွ်င္ ၁၀တန္းမေအာင္လည္း အင္းစိန္ဂ်ီတီအိုင္၌ ဂ်ပန္ကလာဖြင့္ထားသည့္ အင္ဂ်င္နီယာ ၇လသင္တန္းတက္မလား။ယင္းသင္တန္းဆင္းလွ်င္ ကြၽမ္းက်င္လုပ္သားအျဖစ္က်ိန္းေသေပါက္လက္ေတြ႕ တတ္ေျမာက္ၿပီး သီလဝါစက္မႈဇုန္ရွိ ဂ်ပန္ကုမၸဏီမ်ား၌ အလုပ္ရလြယ္သျဖင့္ ၁၀တန္းေအာင္တစ္ေယာက္ ထက္ပင္ သက္ေမြးပညာတတ္ေျမာက္သြားသည့္သေဘာ။ယခုထပ္ၾကားေနရသည္မွာ ဂ်ီတီအိုင္ေက်ာင္း ကိုပင္ ၁၀တန္းမေအာင္သူမ်ားအား ဝင္ခြင့္ေျဖစနစ္ ျဖင့္ ရာခိုင္ႏႈန္းတစ္ခု သတ္မွတ္တက္ေရာက ္ခြင့္ျပဳ မည္တဲ့။

က်ေနာ့္တူကလည္း ၁၀တန္းထပ္မေျဖခ်င္ေတာ့။သူက သက္ေမြးသင္တန္းတစ္ခုခုသာတက္ခ်င္ ေတာ့သည္တဲ့။သူ႔အိပ္မက္မွာ လူငယ္သဘာဝခဏတျဖဳတ္ ျမင္မက္ျခင္းလားဘာလားမသိေသာ္လည္း သူ႔စိတ္ကူးမွာ လက္ခံခ်င္စရာဟု က်ေနာ္ျမင္၏။သို႔ေသာ္၊ သူ႔မိ ဘေရာ ေဆြးမ်ိဳးအရင္းအခ်ာမ်ား၏အျမင္မွာမူ သက္ေမြးပညာက ေနာက္မွသင္လို႔ရသည္။ေလာေလာဆယ္ ၁၀တန္းေအာင္ဖို႔လိုသည္တဲ့။၁၀တန္းေအာင္မွ လူရာဝင္မည္တဲ့။၁၀တန္းေအာင္မွ မ်က္ႏွာမငယ္မွာတဲ့။

ပညာေရးသည္ ေကာင္းရာကေနၿပိဳ၊ၿပိဳရာကေနပ်က္၊ယခုပ်က္ရာကေနျပန္ထရန္ ႐ုန္းကန္ေနရ။ ႏွစ္မ်ားအလီလီ၊ေခတ္မ်ားလည္းမတူညီၾကေတာ့သည့္တိုင္  ၁၀တန္းေအာင္ျခင္း၊မေအာင္ျခင္းအေပၚထား သည့္စံႏႈန္း မေျပာင္းလဲေသးသည္မွာ ေသခ်ာသည္။၁၀တန္းမေအာင္ေတာ့ေရာ ဘာျဖစ္လဲ ဟုဆိုလိုက္လွ်င္ ေလာကကိုအ႐ြဲ႕တိုက္ခ်င္ေနသည္ဟု လက္ညႇိဳးထိုးမည့္သူမနည္းလွေသာအေျခအေန တြင္  ၁၀တန္းေအာင္ျခင္း၊မေအာင္ျခင္းအေပၚ မိတ္ေဆြ တို႔၏အျမင္ကို က်ေနာ္နားေထာင္ခ်င္သည္မွာ အမွန္ျဖစ္၏။

လင္းဆက္ၿငိမ္းခ်မ္း
ၾသဂုတ္ - ၂၂