【 ဆောင်းပါး 】 “အိမ်ရှင်မတို့၏ စစ်အေးဗေဒ”

【 ဆောင်းပါး 】 “အိမ်ရှင်မတို့၏ စစ်အေးဗေဒ”

ရှစ်လေးလုံး အရေးတော်ပုံမတိုင်မီက ကျနော်တို့ ရန်ကုန်မြို့ကြီးတွင်ပင်လျှင် အလုပ်နဲ့အကိုင်နဲ့အမျိုးသမီး သိပ်မများလှပေ။ပုဂ္ဂလိကဝန်ထမ်းဟူ၍ မရှိသလောက်။ကျနော့်အမေလို နိုင်ငံ့ဝန်ထမ်းလည်း သိပ်မများ။များစွာသော အမျိုးသမီးတို့မှာ အိမ်ထောင့်တာဝန်သာရှိသော အမျိုးသမီးများဖြစ်သည်။ထို့ပြင် လူလတ်တန်းစားရပ်ကွက်များ၌ ငွေကြေးကြွယ်ဝသူဟူ၍လည်း မရှိသလောက်ရှားသဖြင့် သိပ်မသာသိပ်မကွာကြ။

မှတ်မှတ်ရရ၊ ကျနော်တို့လမ်းထဲတွင်ဆို အားလုံး၏ထိပ်တွင် လွှတ်တော်အမတ်မိသားစုသာလျှင်ရှိသည်။ထိုလွှတ်တော်အမတ်မှာ အငြိမ်းစားဗိုလ်ကြီးလည်းဖြစ်၊ လွှတ်တော်အမတ်လည်းဖြစ်တာကြောင့် ဗိုလ်ကြီးပင်စင်ရော လွှတ်တော်အမတ်လစာပါရရှိသည့် နှစ်သီးစားဖြစ်သည်။

ထိုခေတ်က လွှတ်တော်အမတ်၏လစာ မည်မျှရသလဲမသိသော်လည်း ဌာနအကြီးအကဲများလို လစာများမည်ဟုထင်၏။ပြီးတော့ ထိုခေတ်က ဝန်ကြီးအဆင့်ဆိုလျှင် 929 ကား။သူ့အောက်အဆင့်ဆို 323။ကျနော်တို့၏ လွှတ်တော်အမတ်မှာ 323 တစ်စီး ရရှိထားသဖြင့် လွှတ်တော်အမတ်၏အဆင့်သည် မငယ်သည့်သဘောဖြစ်သည်။ကားပေးထားသဖြင့် ဆီအလကားရဦးမည်။လွှတ်တော်တက်ချိန်တွင် လွှတ်တော်အမတ်များကိုသာ သီးသန့်ရောင်းသည့် ရှားပါးပစ္စည်းစုံကိုလည်း စျေးနှုန်းသက်သာစွာဖြင့် ဝယ်ခွင့်ရဦးမည်။ပြီးတော့ သူတို့ကိုရွေးချယ်ထားသော မဲဆန္ဒနယ်သို့ တစ်နှစ်မှ တစ်ခါ၊ နှစ်ခါ မျက်နှာသွားပြရုံသာသွားရပြီး မျက်နှာပြပြီး ပြန်လာတိုင်းတွင် လက်ဆောင်ပစ္စည်း အထုပ်ကြီးအထုပ်လေးလည်း ရရှိသေးသဖြင့် ထိုခေတ် ကလွှတ်တော်အမတ်ဆိုသည်မှာ သာမန်ပြည်သူများနှင့် လားလားမျှမဆိုင်သော အလုပ်ဖြစ်သည်။ထားတော့။

ကျနော်ပြောချင်တာက လွှတ်တော်အမတ်အကြောင်းမဟုတ်၊ လွှတ်တော်အမတ်ကတော်အကြောင်း ဖြစ်သည်။လွှတ်တော်အမတ်၏ကတော်မှာ ငယ်ငယ်ကခပ်ချောချော ဖြစ်ဟန်တူသည်။စိတ်ထားကလည်း ဆိုးမည့်ပုံမရှိ။သို့သော်၊ လွှတ်တော်အမတ်ကတော်ပီပီ မည်သူနှင့်မျှသိပ်မရော၊ အချိန်မရွေးခပ်တည်တည်၊ သူ့ကိုနှုတ်ဆက်မှသာလျှင် တစ်ခွန်းစနှစ်ခွန်းစ ပြန်နှုတ်ဆက်ရုံမျှ။

ထိုအချိန်က အဖြူ၊ အမဲ တီဗီဆိုသည်မှာ တစ်လမ်းလုံးတွင် သုံး၊ လေးအိမ်ရှိ ကံကောင်း။ထို့ကြောင့် စနေ။တနင်္ဂနွေ ရုပ်ရှင်လာသည့်အချိန်မျိုးတွင် ရင်းနှီးကျွမ်းဝင်ရာအိမ်များ၌ သွားကြည့်ကြရသည်။သို့သော်၊ လွှတ်တော်အမတ်အိမ်၌မူ မည်သူ့ကိုမျှလက်မခံ။အိမ်နီးချင်းများနှင့် သူတို့အိမ်၏ဆက်ဆံရေးမှာ အထက်၊ အောက် ဆက်ဆံရေးမျိုး။

ရှစ်လေးလုံး အရေးတော်ပုံကာလရောက်တော့ သူတို့မိသားစု ရန်ပြုခံရမည်စိုးသဖြင့် အမတ်ကြီးကတော်၏ မျက်နှာပေးမှာ သိသာစွာပျော့ပျောင်းလာသည်။တစ်လမ်းလုံးကလည်းကောင်းသဖြင့် သူတို့ကို ရန်ပြုမည့်သူမရှိ။ရှစ်လေးလုံးအရေးတော်ပုံမတိုင်မီမှာပင် လွှတ်တော်လည်းပျက်၊ အမတ်ရာထူးလည်း ပြုတ်သွားသဖြင့် ပင်စင်လစာတစ်ခုတည်းသည် မိသားစုရပ်တည်ရေးကိုပင် ခြိမ်းခြောက်လာပုံရသည်။

ထိုအချိန်က ရန်ကုန်မြို့တော်ကြီးမှာ လူအပြောင်းအရွှေ့ဇယားသည် ခပ်ရှားရှား။ကျနော်တို့ရပ်ကွက်တွင် အိမ်ဌားဆိုလျှင် မျက်နှာငယ်ရသည်အထိ အိမ်ပိုင်ဖြင့်နေထိုင်ကြသူသာ များကြသည်။ထို့ပြင် အိမ်ပိုင်အဖြစ် နှစ်လရှည်ကြာစွာ နေထိုင်လာကြသဖြင့် တစ်အိမ်နှင့် တစ်အိမ် ရင်းနှီးကျွမ်းဝင်မှုရှိကြသလို မိသားစုအတွင်းရေးများကိုပင် အကြမ်းထည်သိရှိကြသည်။

၁၉၉၀ ပြည့်နှစ်လွန် ကာလများကိုရောက်တော့ ပုဂ္ဂလိကလုပ်ငန်းခွင်များ ပေါ်လာသလို သူသူကိုယ်ကိုယ် စီးပွားရေးကျပ်တည်းလာမှုအရ ရရာအလုပ်ဝင်လုပ်သူလုပ်၊ ပြည်ပထွက်ရန် စိုင်းပြင်းသူများဖြင့် ကျနော်တို့လူငယ်များကြား အလှုပ်အခတ်ရှိလာသည်။ထိုအချိန်တွင် ကျနော်တို့လမ်းထဲရှိ အိမ်ထောင်ရှင်မများမှာ အသက်နည်းနည်းပိုကြီးလာကြပြီမို့ အလုပ်တစ်ခုခု ထွက်လုပ်ရန်လည်း မစဉ်းစားကြတော့ပေ။ထို့ကြောင့် လမ်းအတွင်း နေ့စဉ် ညစဉ် ပုံမှန်ရှိနေကြသူများမှာ ကလေးများနှင့် အိမ်ထောင်ရှင်အမျိုးသမီးကြီးများသာလျှင် ဖြစ်သည်။သူတို့အားလုံးမှာ အိမ်အလုပ်သာရှိတာမို့ အချိန်ကအထိုက်အလျောက်ပိုသည်။တစ်ဦးနှင့် တစ်ဦးကလည်း နှစ်များရှည်ကြာ ရင်းနှီးပြီးသူများမို့ နီးစပ်ရာအိမ် အလည်ထွက်ကြရင်း ဟိုအတင်း ဒီအတင်းများဖြင့် သူများမကောင်းကြောင်း ကိုယ့်ကောင်းကြောင်းတွင် အရသာတွေ့ကြကုန်သည်။

သူ့အတင်း ကိုယ့်အတင်း ပြောကြဆိုကြရင်း အပြန်အလှန်သတင်းများ စီးဆင်းကြရင်းဖြင့် သူနှင့်ကိုယ် မကြည်သည့်ဇာတ်မှာ တွင်ကျယ်လာသည်။ပြီးတော့ တူရာသင်းပင်းကြရင်း အုပ်စုအသွင်ဆောင်လာသည်။သိသာထင်ရှားသောအုပ်စုမှာ မုန့်ဟင်းခါးဆိုင်အုပ်စုဖြစ်သည်။

ကျနော်တို့လမ်းအလယ်ရှိ လမ်းလေးခွဆုံတွင် မနက်ခင်းဖွင့်သည့် မုန့်ဟင်းခါးဆိုင်ရှိသည်။မနက် ၉ နာရီဝန်းကျင် မုန့်ဟင်းခါးစားသူ နည်းနည်းရှင်းစပြုပြီဆိုလျှင် သူတို့အုပ်စုက မုန့်ဟင်းခါးဖြည်းဖြည်းစားရင်း အတင်းခပ်များများပြောကြမြဲဖြစ်သည်။မုန့်ဟင်းခါးဆိုင် ပိုင်ရှင်မှာလည်း သူတို့၏ ဒေါင်ဒေါင်မြည်အဖွဲ့ဝင်မို့ အိုကေ။

အနီးဝန်းကျင်လမ်းများမှ စျေးအသွားအပြန်မှာ မုန့်ဟင်းခါဆိုင်ရှေ့ မဖြစ်မနေဖြတ်ကြရသဖြင့် မုန့်ဟင်းခါးဆိုင်သည် လူစုံကိုအတင်းစုံပြောလို့ရသည့် မဟာဗျူဟာမြောက် နေရာကောင်းလည်းဖြစ်သည်။သူတို့အိမ်ရှင်မချင်း အပြုံးချိုချိုကိုဆင်ယင်ကာ လျှာဖျားလေးဖြင့် လှမ်းနှုတ်ဆက်မည်။စျေးခြင်းတောင်းထဲတွင် ဘာတွေဝယ်လာသလဲ လှမ်းစပ်စုမည်။
ကြက်ခြေထောက်နှစ်ချောင်းကိုမှ စျေးခြင်းထောင်းအပေါ်သို့ ထောင်ပြီးပြန်မလာနိုင်လျှင်မလွယ်။

အသီးအရွက်သာ ဖိဖိစီးစီးဝယ်နိုင်စားနိုင်သူဆိုလျှင် အစိမ်းရောင်မင်းသမီး။ဖြူလွန်းဖြောင့်လွန်းတာလည်းမပြောနဲ့၊ ပဲပင်ပေါက်ချည်းစားကြတာကိုး ဆိုတာမျိုး။မေးလိုက်ရင် ကြက်သားဆိုတာချည်း၊ ကြည့်လိုက်တော့ ခြေထောက်ခေါင်း။ဝက်အဆီတုံးစားပြီး ဝဖီးနေတာ၊ မသိတဲ့လူဆို သူဌေးမလို့ထင်မှာ။စသည်ဖြင့်။

ထိုသို့သော သူတို့၏အပြောအဆိုနှင့် သူတို့နှုတ်ဆက်စကားများမှာ ပြန်လည်ရန်တွေ့လို့မရသလို ထေ့လုံးမြှုပ်လုံးများက ဆတ်ခနဲနာသွားစေတာမို့ သူတို့သာသိသော သူတို့၏ဒီပလိုမေစီမှာ ဖြုံလောက်ဖွယ်ရာ။သို့သော်၊ သူတို့၏အတင်းနှင့် တန်ဆာဆင်ထားသော အလုံးများကြောင့် ခွန်းကြီးခွန်းငယ် ရန်ဖြစ်ကြခြင်းမျိုးမရှိ။သူတို့သည် စကားလုံးများဖြင့်သာ မသိမသာလေးပစ်သော စစ်အေးတစ်ခေတ်။ငွေကြေးအဆင်ပြေသော အိမ်ထောင်ရှင်မများကိုမူ သိပ်အတင်းမပြောကြသဖြင့် သူတို့၏ယဉ်ကျေးမှုအခြေခံတွင် ငွေသံကြေးသံများ ပါဝင်ပတ်သက်နေပုံရသည်။

ကျနော်အထက်ကပြောခဲ့သော လွှတ်တော်အမတ်ကတော်ကြီးမှာလည်း ရာထူးရာခံတင်မက စီးပွားရေးအရပါ အရာကျသွားပြီမို့ ကတော်သံထန်ခဲ့ခြင်းများကိုထားခဲ့ကာ သူသည်လည်း ရပ်ရွာဆန်လာခဲ့သည်။

ရှစ်လေးလုံးကာလများအတွင်း အကြောက်တရားအရ ပျူပျူဌာဌာဆက်ဆံတတ်လာရာမှစ၍ နောက်ပိုင်းတွင် တသီးတခြားနေထိုင်ခြင်းဓလေ့ကို ဖြည်းဖြည်းချင်းစွန့်ခဲ့သည်။၁၉၉၀ ပြည့်နှစ်လွန်ကာလသို့ ရောက်သောအခါ ကတော်ကြီး၏ နောက်ဆက်တွဲစာမျက်နှာများမှာ မုန့်ဟင်းခါးဆိုင်ဂိုဏ်းဝင်အဖြစ်သို့ ရောက်ရှိခဲ့တော့သည်။

ထိုအချိန်တွင် လွှတ်တော်အမတ်ကတော်ကဲ့သို့ ကတော်ဆန်လာသူနောက်တစ်ဦးမှာ နိုင်ငံခြားသင်္ဘောသားအရာရှိ၏ မိန်းမဖြစ်သည်။သူသည်လည်း ခန့်ခန့်ထည်ထည်၊ ပေးနိုင်ကျွေးနိုင်သူမို့ ပေးကာကျွေးကာဖြင့် တစ်စင်ထောင်သည်။အတင်းပြောလိုသူသည် သူ့ကိုရိုကျိုးစွာဖြင့် သူ့အိမ်တွင်လာပြော။သူ့ဝေယျာဝစ္စ အမြင်မတော်တာတွေ့လျှင်လုပ်ပေး၊ သူတို့ချင်းကြား အပေါ်ယံစကားလုံးများ၏ အတွင်းသားထဲတွင် အကျိုးစီးပွားဆက်ဆံရေးသည် ပြတ်ပြတ်ထင်ထင်။

ထိုအိမ်ရှင်မတို့က ငွေရှိသူကို လေးစားသည့်အခံကရှိသဖြင့် ငွေရှိရုံတင်မက ပေးလည်းပေး ကျွေးလည်းကျွေးသော သင်္ဘောအရာရှိကတော်က ဆယ်စုတစ်ခုနီးပါး အုပ်စီးနိုင်ခဲ့သည်။တချို့သောအိမ်ရှင်မများက မုန့်ဟင်းခါးဆိုင်မှာလည်းပါ၊ သင်္ဘောသားကတော်ထံသို့လည်း ခပ်စိပ်စိပ်သွား၊ စကားလုံးအရောင်းအဝယ်က ဖွာလံကြဲလာရာမှ မည်သူမှမယုံသည့်ဘဝသို့ ရောက်ရသည်။

တချို့ကတော့ ကိုယ့်ဂိုဏ်းမှ ကိုယ့်ဂိုဏ်း။ကိုယ့်ဂိုဏ်းဝင်များနှင့်သာ သင်းပင်းလေ့ရှိသဖြင့် အခြားသောမျက်နှာစာတွင် ဆက်ဆံရေးပြိုကွဲရသည်။တချို့သောအိမ်ရှင်မများမှာမူ အားလုံးနှင့်သင့်တင့်ရေးမူကို ကိုင်စွဲသည်။မည်သည့်ဘက်ကိုမျှ မျက်နှာလိုက်လေ့မရှိဘဲ မူမှန်သောဆက်ဆံရေးကို ထူထောင်နိုင်သဖြင့် အတင်းပြောခံရခြင်းမှ သက်သာရာရသည်။

ဆယ်စုတစ်ခုခန့်အကြာ သင်္ဘောအရာရှိ ကွယ်လွန်သွားပြီးနောက်တွင် အုပ်စီးခဲ့သော သင်္ဘောသားကတော်ကြီးမှာလည်း အလိုလိုအရာကျခဲ့သည်။ငွေရှိခြင်း၊ မရှိခြင်းမှာ သူတို့အိမ်ရှင်မတို့၏ စိတ်အပေါ် မြန်မြန်ဆန်ဆန်သက်ရောက်မှုကြီးသည့် သဘောလားမသိ။သိပ်အဆင်မပြေတော့သည်နှင့် မာမာထန်ထန်စိတ်လည်း လျော့ကျကာ ချိုအောင်လည်း ပြုံးတတ်လာသည်။သူအရာကျပြီးနောက်တွင် မျိုးစုံသောအတင်း င်လယ်ကြား သူအတော်တောင့်ခံခဲ့ရသည်။

သူတို့အိမ်ရှင်မဂိုဏ်းများကို လေ့လာကြည့်ပါက ငွေရှိခြင်းနှင့် ပေးခြင်းကျွေးခြင်းအပေါ် အလေးထားကြသည်။သူတို့ချင်းသံယောဇဉ်ရှိခြင်းထက် အကျိုးရှိခြင်းအပေါ် အခြေခံဆက်ဆံကြသည်။သူလည်းအပျင်းပြေ၊ ကိုယ်လည်းအာသာပြေ၊ အပြန်အလှန်အကျိုးစီးပွားရှိစေဆိုသော ဆက်ဆံရေးမျိုးဖြစ်သည်။ထို့ပြင် မိမိအကျိုးစီးပွားကို အထိခိုက်ခံပြီး ဆက်ဆံသောဆက်ဆံရေးမျိုး သူတို့တွင်မရှိ။

၂၀၀၅ ခုနှစ် ဟိုဘက်သို့ရောက်သောအခါ ရေကြည်ရာမြက်နုရာ ပြောင်းကြရွှေ့ကြ၊ မျက်နှာသစ်များကလည်း ခပ်စိပ်စိပ်ဝင်လာကြရာမှ ကျနော်တို့လမ်းမှ အိမ်ရှင်မများလည်း အစည်းပြေခဲ့ကြသည်။

ဘာရယ်မဟုတ်၊ ယနေ့ခေတ် နိုင်ငံတကာဆက်ဆံရေးများအကြောင်း တွေးကြည့်မိရာမှ ကိုယ့်မျက်စိရှေ့တင် ကြုံခဲ့ရသော အိမ်ထောင်ရှင်မချင်းကြား ဆက်ဆံရေးဗေဒကို အမှတ်ရမိခြင်းဖြစ်သည်။နိုင်ငံခြားရေး ပေါ်လစီများသည် အိမ်ထောင်ရှင်မတို့၏ ဆက်ဆံရေးဗေဒအပေါ် အခြေခံကာ ချဲ့ထွင်ခဲ့လေသလားဟုပင် ထပ်တွေးမိသည်။

လင်းဆက်ငြိမ်းချမ်း
ဇန်န၀ါရီ - ၂၅

( Zawgyi )

ရွစ္ေလးလုံး အေရးေတာ္ပုံမတိုင္မီက က်ေနာ္တို႔ ရန္ကုန္ၿမိဳ႕ႀကီးတြင္ပင္လွ်င္ အလုပ္နဲ႔အကိုင္နဲ႔အမ်ိဳးသမီး သိပ္မမ်ားလွေပ။ပုဂၢလိကဝန္ထမ္းဟူ၍ မရွိသေလာက္။က်ေနာ့္အေမလို ႏိုင္ငံ့ဝန္ထမ္းလည္း သိပ္မမ်ား။မ်ားစြာေသာ အမ်ိဳးသမီးတို႔မွာ အိမ္ေထာင့္တာဝန္သာရွိေသာ အမ်ိဳးသမီးမ်ားျဖစ္သည္။ထို႔ျပင္ လူလတ္တန္းစားရပ္ကြက္မ်ား၌ ေငြေၾကးႂကြယ္ဝသူဟူ၍လည္း မရွိသေလာက္ရွားသျဖင့္ သိပ္မသာသိပ္မကြာၾက။

မွတ္မွတ္ရရ၊ က်ေနာ္တို႔လမ္းထဲတြင္ဆို အားလုံး၏ထိပ္တြင္ လႊတ္ေတာ္အမတ္မိသားစုသာလွ်င္ရွိသည္။ထိုလႊတ္ေတာ္အမတ္မွာ အၿငိမ္းစားဗိုလ္ႀကီးလည္းျဖစ္၊ လႊတ္ေတာ္အမတ္လည္းျဖစ္တာေၾကာင့္ ဗိုလ္ႀကီးပင္စင္ေရာ လႊတ္ေတာ္အမတ္လစာပါရရွိသည့္ ႏွစ္သီးစားျဖစ္သည္။

ထိုေခတ္က လႊတ္ေတာ္အမတ္၏လစာ မည္မွ်ရသလဲမသိေသာ္လည္း ဌာနအႀကီးအကဲမ်ားလို လစာမ်ားမည္ဟုထင္၏။ၿပီးေတာ့ ထိုေခတ္က ဝန္ႀကီးအဆင့္ဆိုလွ်င္ 929 ကား။သူ႔ေအာက္အဆင့္ဆို 323။က်ေနာ္တို႔၏ လႊတ္ေတာ္အမတ္မွာ 323 တစ္စီး ရရွိထားသျဖင့္ လႊတ္ေတာ္အမတ္၏အဆင့္သည္ မငယ္သည့္သေဘာျဖစ္သည္။ကားေပးထားသျဖင့္ ဆီအလကားရဦးမည္။လႊတ္ေတာ္တက္ခ်ိန္တြင္ လႊတ္ေတာ္အမတ္မ်ားကိုသာ သီးသန႔္ေရာင္းသည့္ ရွားပါးပစၥည္းစုံကိုလည္း ေစ်းႏႈန္းသက္သာစြာျဖင့္ ဝယ္ခြင့္ရဦးမည္။ၿပီးေတာ့ သူတို႔ကိုေ႐ြးခ်ယ္ထားေသာ မဲဆႏၵနယ္သို႔ တစ္ႏွစ္မွ တစ္ခါ၊ ႏွစ္ခါ မ်က္ႏွာသြားျပ႐ုံသာသြားရၿပီး မ်က္ႏွာျပၿပီး ျပန္လာတိုင္းတြင္ လက္ေဆာင္ပစၥည္း အထုပ္ႀကီးအထုပ္ေလးလည္း ရရွိေသးသျဖင့္ ထိုေခတ္ ကလႊတ္ေတာ္အမတ္ဆိုသည္မွာ သာမန္ျပည္သူမ်ားႏွင့္ လားလားမွ်မဆိုင္ေသာ အလုပ္ျဖစ္သည္။ထားေတာ့။

က်ေနာ္ေျပာခ်င္တာက လႊတ္ေတာ္အမတ္အေၾကာင္းမဟုတ္၊ လႊတ္ေတာ္အမတ္ကေတာ္အေၾကာင္း ျဖစ္သည္။လႊတ္ေတာ္အမတ္၏ကေတာ္မွာ ငယ္ငယ္ကခပ္ေခ်ာေခ်ာ ျဖစ္ဟန္တူသည္။စိတ္ထားကလည္း ဆိုးမည့္ပုံမရွိ။သို႔ေသာ္၊ လႊတ္ေတာ္အမတ္ကေတာ္ပီပီ မည္သူႏွင့္မွ်သိပ္မေရာ၊ အခ်ိန္မေ႐ြးခပ္တည္တည္၊ သူ႔ကိုႏႈတ္ဆက္မွသာလွ်င္ တစ္ခြန္းစႏွစ္ခြန္းစ ျပန္ႏႈတ္ဆက္႐ုံမွ်။

ထိုအခ်ိန္က အျဖဴ၊ အမဲ တီဗီဆိုသည္မွာ တစ္လမ္းလုံးတြင္ သုံး၊ ေလးအိမ္ရွိ ကံေကာင္း။ထို႔ေၾကာင့္ စေန။တနဂၤေႏြ ႐ုပ္ရွင္လာသည့္အခ်ိန္မ်ိဳးတြင္ ရင္းႏွီးကြၽမ္းဝင္ရာအိမ္မ်ား၌ သြားၾကည့္ၾကရသည္။သို႔ေသာ္၊ လႊတ္ေတာ္အမတ္အိမ္၌မူ မည္သူ႔ကိုမွ်လက္မခံ။အိမ္နီးခ်င္းမ်ားႏွင့္ သူတို႔အိမ္၏ဆက္ဆံေရးမွာ အထက္၊ ေအာက္ ဆက္ဆံေရးမ်ိဳး။

ရွစ္ေလးလုံး အေရးေတာ္ပုံကာလေရာက္ေတာ့ သူတို႔မိသားစု ရန္ျပဳခံရမည္စိုးသျဖင့္ အမတ္ႀကီးကေတာ္၏ မ်က္ႏွာေပးမွာ သိသာစြာေပ်ာ့ေပ်ာင္းလာသည္။တစ္လမ္းလုံးကလည္းေကာင္းသျဖင့္ သူတို႔ကို ရန္ျပဳမည့္သူမရွိ။ရွစ္ေလးလုံးအေရးေတာ္ပုံမတိုင္မီမွာပင္ လႊတ္ေတာ္လည္းပ်က္၊ အမတ္ရာထူးလည္း ျပဳတ္သြားသျဖင့္ ပင္စင္လစာတစ္ခုတည္းသည္ မိသားစုရပ္တည္ေရးကိုပင္ ၿခိမ္းေျခာက္လာပုံရသည္။

ထိုအခ်ိန္က ရန္ကုန္ၿမိဳ႕ေတာ္ႀကီးမွာ လူအေျပာင္းအေ႐ႊ႕ဇယားသည္ ခပ္ရွားရွား။က်ေနာ္တို႔ရပ္ကြက္တြင္ အိမ္ဌားဆိုလွ်င္ မ်က္ႏွာငယ္ရသည္အထိ အိမ္ပိုင္ျဖင့္ေနထိုင္ၾကသူသာ မ်ားၾကသည္။ထို႔ျပင္ အိမ္ပိုင္အျဖစ္ ႏွစ္လရွည္ၾကာစြာ ေနထိုင္လာၾကသျဖင့္ တစ္အိမ္ႏွင့္ တစ္အိမ္ ရင္းႏွီးကြၽမ္းဝင္မႈရွိၾကသလို မိသားစုအတြင္းေရးမ်ားကိုပင္ အၾကမ္းထည္သိရွိၾကသည္။

၁၉၉၀ ျပည့္ႏွစ္လြန္ ကာလမ်ားကိုေရာက္ေတာ့ ပုဂၢလိကလုပ္ငန္းခြင္မ်ား ေပၚလာသလို သူသူကိုယ္ကိုယ္ စီးပြားေရးက်ပ္တည္းလာမႈအရ ရရာအလုပ္ဝင္လုပ္သူလုပ္၊ ျပည္ပထြက္ရန္ စိုင္းျပင္းသူမ်ားျဖင့္ က်ေနာ္တို႔လူငယ္မ်ားၾကား အလႈပ္အခတ္ရွိလာသည္။ထိုအခ်ိန္တြင္ က်ေနာ္တို႔လမ္းထဲရွိ အိမ္ေထာင္ရွင္မမ်ားမွာ အသက္နည္းနည္းပိုႀကီးလာၾကၿပီမို႔ အလုပ္တစ္ခုခု ထြက္လုပ္ရန္လည္း မစဥ္းစားၾကေတာ့ေပ။ထို႔ေၾကာင့္ လမ္းအတြင္း ေန႔စဥ္ ညစဥ္ ပုံမွန္ရွိေနၾကသူမ်ားမွာ ကေလးမ်ားႏွင့္ အိမ္ေထာင္ရွင္အမ်ိဳးသမီးႀကီးမ်ားသာလွ်င္ ျဖစ္သည္။သူတို႔အားလုံးမွာ အိမ္အလုပ္သာရွိတာမို႔ အခ်ိန္ကအထိုက္အေလ်ာက္ပိုသည္။တစ္ဦးႏွင့္ တစ္ဦးကလည္း ႏွစ္မ်ားရွည္ၾကာ ရင္းႏွီးၿပီးသူမ်ားမို႔ နီးစပ္ရာအိမ္ အလည္ထြက္ၾကရင္း ဟိုအတင္း ဒီအတင္းမ်ားျဖင့္ သူမ်ားမေကာင္းေၾကာင္း ကိုယ့္ေကာင္းေၾကာင္းတြင္ အရသာေတြ႕ၾကကုန္သည္။

သူ႔အတင္း ကိုယ့္အတင္း ေျပာၾကဆိုၾကရင္း အျပန္အလွန္သတင္းမ်ား စီးဆင္းၾကရင္းျဖင့္ သူႏွင့္ကိုယ္ မၾကည္သည့္ဇာတ္မွာ တြင္က်ယ္လာသည္။ၿပီးေတာ့ တူရာသင္းပင္းၾကရင္း အုပ္စုအသြင္ေဆာင္လာသည္။သိသာထင္ရွားေသာအုပ္စုမွာ မုန႔္ဟင္းခါးဆိုင္အုပ္စုျဖစ္သည္။

က်ေနာ္တို႔လမ္းအလယ္ရွိ လမ္းေလးခြဆုံတြင္ မနက္ခင္းဖြင့္သည့္ မုန႔္ဟင္းခါးဆိုင္ရွိသည္။မနက္ ၉ နာရီဝန္းက်င္ မုန႔္ဟင္းခါးစားသူ နည္းနည္းရွင္းစျပဳၿပီဆိုလွ်င္ သူတို႔အုပ္စုက မုန႔္ဟင္းခါးျဖည္းျဖည္းစားရင္း အတင္းခပ္မ်ားမ်ားေျပာၾကၿမဲျဖစ္သည္။မုန႔္ဟင္းခါးဆိုင္ ပိုင္ရွင္မွာလည္း သူတို႔၏ ေဒါင္ေဒါင္ျမည္အဖြဲ႕ဝင္မို႔ အိုေက။

အနီးဝန္းက်င္လမ္းမ်ားမွ ေစ်းအသြားအျပန္မွာ မုန႔္ဟင္းခါဆိုင္ေရွ႕ မျဖစ္မေနျဖတ္ၾကရသျဖင့္ မုန႔္ဟင္းခါးဆိုင္သည္ လူစုံကိုအတင္းစုံေျပာလို႔ရသည့္ မဟာဗ်ဴဟာေျမာက္ ေနရာေကာင္းလည္းျဖစ္သည္။သူတို႔အိမ္ရွင္မခ်င္း အၿပဳံးခ်ိဳခ်ိဳကိုဆင္ယင္ကာ လွ်ာဖ်ားေလးျဖင့္ လွမ္းႏႈတ္ဆက္မည္။ေစ်းျခင္းေတာင္းထဲတြင္ ဘာေတြဝယ္လာသလဲ လွမ္းစပ္စုမည္။
ၾကက္ေျခေထာက္ႏွစ္ေခ်ာင္းကိုမွ ေစ်းျခင္းေထာင္းအေပၚသို႔ ေထာင္ၿပီးျပန္မလာႏိုင္လွ်င္မလြယ္။

အသီးအ႐ြက္သာ ဖိဖိစီးစီးဝယ္ႏိုင္စားႏိုင္သူဆိုလွ်င္ အစိမ္းေရာင္မင္းသမီး။ျဖဴလြန္းေျဖာင့္လြန္းတာလည္းမေျပာနဲ႔၊ ပဲပင္ေပါက္ခ်ည္းစားၾကတာကိုး ဆိုတာမ်ိဳး။ေမးလိုက္ရင္ ၾကက္သားဆိုတာခ်ည္း၊ ၾကည့္လိုက္ေတာ့ ေျခေထာက္ေခါင္း။ဝက္အဆီတုံးစားၿပီး ဝဖီးေနတာ၊ မသိတဲ့လူဆို သူေဌးမလို႔ထင္မွာ။စသည္ျဖင့္။

ထိုသို႔ေသာ သူတို႔၏အေျပာအဆိုႏွင့္ သူတို႔ႏႈတ္ဆက္စကားမ်ားမွာ ျပန္လည္ရန္ေတြ႕လို႔မရသလို ေထ့လုံးျမႇဳပ္လုံးမ်ားက ဆတ္ခနဲနာသြားေစတာမို႔ သူတို႔သာသိေသာ သူတို႔၏ဒီပလိုေမစီမွာ ၿဖဳံေလာက္ဖြယ္ရာ။သို႔ေသာ္၊ သူတို႔၏အတင္းႏွင့္ တန္ဆာဆင္ထားေသာ အလုံးမ်ားေၾကာင့္ ခြန္းႀကီးခြန္းငယ္ ရန္ျဖစ္ၾကျခင္းမ်ိဳးမရွိ။သူတို႔သည္ စကားလုံးမ်ားျဖင့္သာ မသိမသာေလးပစ္ေသာ စစ္ေအးတစ္ေခတ္။ေငြေၾကးအဆင္ေျပေသာ အိမ္ေထာင္ရွင္မမ်ားကိုမူ သိပ္အတင္းမေျပာၾကသျဖင့္ သူတို႔၏ယဥ္ေက်းမႈအေျခခံတြင္ ေငြသံေၾကးသံမ်ား ပါဝင္ပတ္သက္ေနပုံရသည္။

က်ေနာ္အထက္ကေျပာခဲ့ေသာ လႊတ္ေတာ္အမတ္ကေတာ္ႀကီးမွာလည္း ရာထူးရာခံတင္မက စီးပြားေရးအရပါ အရာက်သြားၿပီမို႔ ကေတာ္သံထန္ခဲ့ျခင္းမ်ားကိုထားခဲ့ကာ သူသည္လည္း ရပ္႐ြာဆန္လာခဲ့သည္။

ရွစ္ေလးလုံးကာလမ်ားအတြင္း အေၾကာက္တရားအရ ပ်ဴပ်ဴဌာဌာဆက္ဆံတတ္လာရာမွစ၍ ေနာက္ပိုင္းတြင္ တသီးတျခားေနထိုင္ျခင္းဓေလ့ကို ျဖည္းျဖည္းခ်င္းစြန႔္ခဲ့သည္။၁၉၉၀ ျပည့္ႏွစ္လြန္ကာလသို႔ ေရာက္ေသာအခါ ကေတာ္ႀကီး၏ ေနာက္ဆက္တြဲစာမ်က္ႏွာမ်ားမွာ မုန႔္ဟင္းခါးဆိုင္ဂိုဏ္းဝင္အျဖစ္သို႔ ေရာက္ရွိခဲ့ေတာ့သည္။

ထိုအခ်ိန္တြင္ လႊတ္ေတာ္အမတ္ကေတာ္ကဲ့သို႔ ကေတာ္ဆန္လာသူေနာက္တစ္ဦးမွာ ႏိုင္ငံျခားသေဘၤာသားအရာရွိ၏ မိန္းမျဖစ္သည္။သူသည္လည္း ခန႔္ခန႔္ထည္ထည္၊ ေပးႏိုင္ေကြၽးႏိုင္သူမို႔ ေပးကာေကြၽးကာျဖင့္ တစ္စင္ေထာင္သည္။အတင္းေျပာလိုသူသည္ သူ႔ကို႐ိုက်ိဳးစြာျဖင့္ သူ႔အိမ္တြင္လာေျပာ။သူ႔ေဝယ်ာဝစၥ အျမင္မေတာ္တာေတြ႕လွ်င္လုပ္ေပး၊ သူတို႔ခ်င္းၾကား အေပၚယံစကားလုံးမ်ား၏ အတြင္းသားထဲတြင္ အက်ိဳးစီးပြားဆက္ဆံေရးသည္ ျပတ္ျပတ္ထင္ထင္။

ထိုအိမ္ရွင္မတို႔က ေငြရွိသူကို ေလးစားသည့္အခံကရွိသျဖင့္ ေငြရွိ႐ုံတင္မက ေပးလည္းေပး ေကြၽးလည္းေကြၽးေသာ သေဘၤာအရာရွိကေတာ္က ဆယ္စုတစ္ခုနီးပါး အုပ္စီးႏိုင္ခဲ့သည္။တခ်ိဳ႕ေသာအိမ္ရွင္မမ်ားက မုန႔္ဟင္းခါးဆိုင္မွာလည္းပါ၊ သေဘၤာသားကေတာ္ထံသို႔လည္း ခပ္စိပ္စိပ္သြား၊ စကားလုံးအေရာင္းအဝယ္က ဖြာလံႀကဲလာရာမွ မည္သူမွမယုံသည့္ဘဝသို႔ ေရာက္ရသည္။

တခ်ိဳ႕ကေတာ့ ကိုယ့္ဂိုဏ္းမွ ကိုယ့္ဂိုဏ္း။ကိုယ့္ဂိုဏ္းဝင္မ်ားႏွင့္သာ သင္းပင္းေလ့ရွိသျဖင့္ အျခားေသာမ်က္ႏွာစာတြင္ ဆက္ဆံေရးၿပိဳကြဲရသည္။တခ်ိဳ႕ေသာအိမ္ရွင္မမ်ားမွာမူ အားလုံးႏွင့္သင့္တင့္ေရးမူကို ကိုင္စြဲသည္။မည္သည့္ဘက္ကိုမွ် မ်က္ႏွာလိုက္ေလ့မရွိဘဲ မူမွန္ေသာဆက္ဆံေရးကို ထူေထာင္ႏိုင္သျဖင့္ အတင္းေျပာခံရျခင္းမွ သက္သာရာရသည္။

ဆယ္စုတစ္ခုခန႔္အၾကာ သေဘၤာအရာရွိ ကြယ္လြန္သြားၿပီးေနာက္တြင္ အုပ္စီးခဲ့ေသာ သေဘၤာသားကေတာ္ႀကီးမွာလည္း အလိုလိုအရာက်ခဲ့သည္။ေငြရွိျခင္း၊ မရွိျခင္းမွာ သူတို႔အိမ္ရွင္မတို႔၏ စိတ္အေပၚ ျမန္ျမန္ဆန္ဆန္သက္ေရာက္မႈႀကီးသည့္ သေဘာလားမသိ။သိပ္အဆင္မေျပေတာ့သည္ႏွင့္ မာမာထန္ထန္စိတ္လည္း ေလ်ာ့က်ကာ ခ်ိဳေအာင္လည္း ၿပဳံးတတ္လာသည္။သူအရာက်ၿပီးေနာက္တြင္ မ်ိဳးစုံေသာအတင္း င္လယ္ၾကား သူအေတာ္ေတာင့္ခံခဲ့ရသည္။

သူတို႔အိမ္ရွင္မဂိုဏ္းမ်ားကို ေလ့လာၾကည့္ပါက ေငြရွိျခင္းႏွင့္ ေပးျခင္းေကြၽးျခင္းအေပၚ အေလးထားၾကသည္။သူတို႔ခ်င္းသံေယာဇဥ္ရွိျခင္းထက္ အက်ိဳးရွိျခင္းအေပၚ အေျခခံဆက္ဆံၾကသည္။သူလည္းအပ်င္းေျပ၊ ကိုယ္လည္းအာသာေျပ၊ အျပန္အလွန္အက်ိဳးစီးပြားရွိေစဆိုေသာ ဆက္ဆံေရးမ်ိဳးျဖစ္သည္။ထို႔ျပင္ မိမိအက်ိဳးစီးပြားကို အထိခိုက္ခံၿပီး ဆက္ဆံေသာဆက္ဆံေရးမ်ိဳး သူတို႔တြင္မရွိ။

၂၀၀၅ ခုႏွစ္ ဟိုဘက္သို႔ေရာက္ေသာအခါ ေရၾကည္ရာျမက္ႏုရာ ေျပာင္းၾကေ႐ႊ႕ၾက၊ မ်က္ႏွာသစ္မ်ားကလည္း ခပ္စိပ္စိပ္ဝင္လာၾကရာမွ က်ေနာ္တို႔လမ္းမွ အိမ္ရွင္မမ်ားလည္း အစည္းေျပခဲ့ၾကသည္။

ဘာရယ္မဟုတ္၊ ယေန႔ေခတ္ ႏိုင္ငံတကာဆက္ဆံေရးမ်ားအေၾကာင္း ေတြးၾကည့္မိရာမွ ကိုယ့္မ်က္စိေရွ႕တင္ ႀကဳံခဲ့ရေသာ အိမ္ေထာင္ရွင္မခ်င္းၾကား ဆက္ဆံေရးေဗဒကို အမွတ္ရမိျခင္းျဖစ္သည္။ႏိုင္ငံျခားေရး ေပၚလစီမ်ားသည္ အိမ္ေထာင္ရွင္မတို႔၏ ဆက္ဆံေရးေဗဒအေပၚ အေျခခံကာ ခ်ဲ႕ထြင္ခဲ့ေလသလားဟုပင္ ထပ္ေတြးမိသည္။

လင္းဆက္ၿငိမ္းခ်မ္း
ဇန္န၀ါရီ - ၂၅