【 ဆောင်းပါး 】 “အာရုံတစ်ပါး စိတ်မများပါနဲ့”

【 ဆောင်းပါး 】 “အာရုံတစ်ပါး စိတ်မများပါနဲ့”

“အာရုံတစ်ပါး စိတ်မများပါနဲ့”

ဆရာတော် ဦးပုညာနန္ဒ၏ အလုပ်ပေးတရားခွေထဲမှ နားစွဲနေသော တရားစကားစုလေးပါ။တစ်နေရာတည်းမှာ စူးစိုက်ထားရှိရမည့်စိတ်ကို နေရာအနှံ့ လျှောက်ထားနေတတ်ကြသည်မို့ သတိပေးထားခြင်း ဖြစ်သည်။ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ပြောသော စကားစုလေးကလည်း ပရိသတ်များမှတစ်ဆင့် လူကြီး၊ လူငယ် အရွယ်အစားအားလုံး အသုံးများခဲ့ပါသည်။

“အာရုံတွေ မများပါနဲ့”

အဘိဓမ္မာနည်းနှင့် ခွဲခြမ်းစိတ်ဖြာလိုက်လျှင် ‘စိတ်’ တစ်ခုယုတ် ကိုးဆယ်ဟု ဆိုထားချက်အရ ရှစ်ဆယ့်ကိုးခုရှိကြောင်း သိရပါသည်။သို့သော်လည်း သာမန်လူများစု အလွယ်တကူနားလည်ပြီး၊ တကယ်ကျင့်နိုင်သည့်အနေနှင့်ဆိုလျှင် စိတ်မှာ အခြေခံစိတ် နှစ်ခုပဲ ရှိပါသည်။ကုသိုလ်စိတ် (ကောင်းစိတ်) နှင့် အကုသိုလ်စိတ် (မကောင်းစိတ်) ပါ။

မိမိမျက်စိရှေ့မှာ လူတစ်ယောက်ကို မြင်ကြည့်ပါ။ဥပမာ ထိုလူက နောက်ဆုံးပေါ် ကားကောင်းတစ်စီး ဘေးမှာရပ်၍ hand phone တစ်လုံးနှင့် စကားပြောရင်း ကားထဲဝင်လိုက်၊ အပြင်ပြန်ထွက်လိုက်၊ ကားရှေ့မှာမှီရပ်လိုက် အလုပ်ရှုပ်နေသည် ဆိုပါစို့။ထိုလူကိုကြည့်ပြီး “ဒီလူ တော်တော်ကြီးကျယ်တာပဲ။သက်သက်ကြွားနေတာ။ပတ်ဝန်းကျင်က အထင်မကြီး ကြီးအောင် တမင်ဟန်လုပ်နေတာပါ။လမ်းသွားလမ်းလာတွေကို သက်သက် စိတ်အနှောင့်အယှက်ပေးနေတာ။တော်တော်အတ္တကြီးတဲ့လူ။ဒီလောက် over ဖြစ်နေပုံထောက်ရင် စုတ်ပြတ်နေတဲ့ ဘဝကနေ မနေ့တစ်နေ့ကမှ ခွင်တည့်ပြီး ပိုက်ဆံတွေ မတရားရနေလို့ ဖြစ်လိမ့်မယ်။ထီပေါက်တာလား၊ ဓါးပြတိုက်တါလား၊ အကြံအဖန် တစ်ခုခုလုပ်ပြီးတော့လား၊ ဒီလိုမှမဟုတ်ရင် သူ့ပစ္စည်းတွေမဟုတ်ဘဲ သူများဆီက ငှားလာတာလား။ Phone က သူငယ်ချင်း တစ်ယောက်ယောက်ဆီက ဖြစ်မယ်။ကားကတော့ ယောက္ခမကားလား၊ ယောက်ဖကားလား တစ်ခုခုပဲ။ကြည့်ပါလား။မခံစားစဖူး ခံစားနေရလို့ ခုလောက် အိန္ဒြေပျက်နေတာပေါ့” ထိုသို့ မိမိအတိအကျမသိရသော်လည်း မိမိနှင့်မဆိုင်သော်လည်း၊ မကောင်းသည့်စိတ် negative mind ဖြင့် မှန်းဆပြော၍ရသလို။

“ဒီလူအတော်အလုပ်များတာပဲ။လုပ်ငန်းကြီးလုပ်တဲ့သူဖြစ်ရမယ်။သူ့ဝတ်ပုံစားပုံနဲ့၊ ကားနဲ့၊ phone ဆက်နေတဲ့ style နဲ့ ကြည့်ကောင်းလိုက်တာ၊ ဘဝပေးကုသိုလ် ကောင်းလိုက်တာ၊ တကယ်အားကျစရာပဲ။ဒီလိုအမူအရာ၊ ဒီလိုအပြော၊ ဒီလို style နဲ့ ဒီအရည်အချင်းနဲ့ဆို ကားတစ်စီးက နှစ်စီး၊ နှစ်စီးက သုံးစီးဖြစ်လာနိုင်တာပဲ။ငါတို့ထက် ကံလည်းကောင်း၊ ဉာဏ်လည်းကောင်း၊ ဝီရိယလည်းကောင်းလို့ဖြစ်မှာ” စသည်ဖြင့် ကောင်းသည့်စိတ် (positive mind) ဖြင့်လည်း ပြောနိုင်ပါသည်။

သူတစ်ပါးအကြောင်း အသေအချာမသိဘဲ၊ မဝေဖန်လည်း အနေသာကြီးဖြစ်ပါလျက် ဝေဖန်ချင်လည်း ကောင်းသည့်ဘက်မှ ဝေဖန်နိုင်ပါလျက်၊ ချိုးချိုးဖဲ့ဖဲ့၊ ပျစ်ပျစ်နှစ်နှစ် အထင်သေးစွာ ပြောဆိုတတ်သည့်စိတ်မှာ အတော်အံ့သြစရာကောင်းပါသည်။

လမ်းသွားရင်း သူစိမ်းတစ်ယောက်နှင့် အကြည့်ချင်းဆုံပြန်လျှင် “သူ ဟိုငေးဒီငေးနဲ့ အမှတ်တမဲ့ အကြည့်ချင်းဆုံတာနဲ့တူတယ်။ငါက သူ့အသိ တစ်ယောက်ယောက်နဲ့ တူနေလို့များလား။ငါမမှတ်မိပေမယ့် သူနဲ့ ငါနဲ့ ဆုံဖူးလားမှမသိတာ၊ သူ ငါ့ကို တစ်ခုခုမေးချင်နေပုံရတယ်။အကူအညီတစ်ခုခု တောင်းချင်လို့များလား။အို ငါ့ကိုကျော်ပြီး တစ်နေရာရာ ဒါမှမဟုတ် တစ်ယောက်ယောက်ကို လှမ်းကြည့်နေတာ ဖြစ်မှာပါလေ” စသည်ဖြင့် အဆင်ပြေပြေတွေးလျှင် ဖြစ်တာပဲ။

သို့သော် တချို့က “သူ ငါ့ကို ရန်စချင်လို့ဖြစ်မယ်။သူက လူမိုက်မို့လို့ ငါ့ကို ဒီလိုကြည့်တာလား။ဒီလိုအကြည့်မျိုးနဲ့ ငါ့ကို စမ်းလို့ရမလား။ဒီကောင့်ပုံစံက တော်တော်ရိုင်းစိုင်းတာပဲ။သူရင့်တာ ခံနေမယ့်အစား ငါကစပြီး လှုပ်ရှားလိုက်တာ ကောင်းမယ်ထင်တယ်” စသည်ဖြင့် အဆိုးဘက်က တွေးတတ်ကြသည်။

မျက်နှာခပ်တည်တည်နေတတ်သော အမျိုးသမီးကိုတွေ့လျှင် “မာနအတော်ကြီးတဲ့ မိန်းမပဲ၊ ပုံစံကိုက တစ်လောကလုံး သူ့လုပ်စာ ထိုင်စားနေတယ် ထင်လားမသိဘူး။ကုမ္ပဏီလူကြီး ဒါမှမဟုတ် အရာရှိတစ်ယောက်ယောက်ရဲ့ နံပါတ်ဘယ်လောက်ချိတ်တဲ့ တရားမဝင် မိန်းမလဲမှ မသိတာ။ကြည့်နေ သူ့ဘဲကြီးက ခွာချထားခဲ့တော့မှ ဒီမျက်နှာကြောက လျှော့မှာ။ဒါတောင် မှတ်ဦးမယ့်ရုပ် မဟုတ်ဘူး။တခြား sponsor ထပ်ရှာမယ့်ရုပ်” ဟု မဆင်မခြင် မညှာမတာ ကောက်ချက်ချတတ်ကြသည်။

လူ သုံး၊ လေးယောက် အသံကျယ်ကျယ်နှင့် ရယ်မောပြောဆိုနေတာ မြင်လျှင်လည်း “ဣန္ဒြေကိုမရဘူး။ပတ်ဝန်းကျင်ကို စော်ကားနေတယ်။တစ်လောကလုံးမှာ သူတို့ချည်းပဲ ရှိတယ်ထင်နေတယ်။ငါ့ကို သက်သက်စောင်းမြောင်းပြီး လှောင်နေတာလားမသိဘူး။ပုံစံတွေကိုက မထီမဲ့မြင်နဲ့” ဟု မြင်တတ်၊ တွေးတတ်သည်။တီးတိုး၊ တီးတိုး ပြောနေကြတာ မြင်တော့လည်း “ဘယ်သူ့အတင်း ပြောနေကြလဲမသိဘူး။ငါ့အတင်းများ ပြောနေတာလား။ဒါမှမဟုတ် ဘာတွေမကောင်းကြံမလို့လဲ။ ရိုးရိုးသားသားတော့ မဖြစ်နိုင်ဘူး” စသည်ဖြင့် အဆိုးမြင်စိတ်နှင့် မကောင်းသည့်ဘက်မှချည်း စဉ်းစားလေ့ ရှိတတ်သည်။

ထို အဆိုးမြင်သူများသည် တစ်လောကလုံးက သူ့ကိုပဲ ဂရုစိုက် ကြည့်နေ၊ ပြောနေ၊ တွေးနေသလို သူတို့ကိုယ်သူတို့ မလုံမလဲနှင့် တခြားသူအပေါ် အပြစ်ရှာ တွေးတောနေတတ်ကြသည်။

ပုဂံရာဇဝင်တွင် စောလူးမင်း ကို သူ၏ နို့စို့ဖက်၊ ကစားဖက် သူငယ်ချင်းဖြစ်သူ ငရမန်ကန်း က ပုန်ကန်ခဲ့သည်။စောလူးမင်း၏ ဘဝင်သာမြင့်တတ်ပြီး အရည်အချင်းညံ့ဖျင်းမှု၊ ငရမန်ကန်း၏ နည်းပရိယာယ်ကောင်းမှုတို့ကြောင့် စောလူးမင်း သည် ငရမန်ကန်း၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ထိုအချိန်တွင် ကျန်စစ်သား ကို ပြည်သူက အားကိုးယုံကြည်စွာဖြင့် ဘုရင်အဖြစ် တိုင်းပြည်အုပ်ချုပ်ရန် ဝိုင်းဝန်းတောင်းဆိုကြသည်။သို့သော် ကျန်စစ်သား က ရဲရင့်သလောက် သစ္စာရှိသော သူရဲကောင်းပီပီ စောလူးမင်း ကို ရှာ၍ ထီးနန်းအပ်မည်ဆိုကာ ညအချိန် ရန်သူ့တပ်အတွင်း စွန့်စွန့်စားစား ဝင်ရောက်၍ စောလူးမင်း ကို ကယ်ခဲ့သည်။သို့သော် စေတနာကို ဝေဒနာထင်သော စောလူးမင်း က မိမိအပေါ် သစ္စာရှိ တန်ဖိုးထားကယ်တင်သော ကျန်စစ်သားအပေါ် အကောင်းမမြင်နိုင်ဘဲ ကျန်စစ်သားသည် မိမိကို မနာလိုဖြစ်နေသူ၊ မိမိ၏ ဖခင် အနော်ရထာမင်းကြီး ရှိစဉ်က မင်းကြီး၏ မျက်မာန်ရှခြင်းကို ခံခဲ့ဖူးသူဖြစ်၍ မိမိအပေါ် အငြိုးအာဃာတထားကာ မိမိကိုသတ်ချင်၍ ဖြစ်မည်ဟု ယူဆသည်။ထို့ကြောင့်လည်း “ကျန်စစ်သား ငါ့ကို လာခိုးနေပါတယ်” ဟု အော်ဟစ်လိုက်သောကြောင့် ကျန်စစ်သားတစ်ယောက် ရန်သူအဝိုင်းခံရလေသည်။ထိုအခါ ကျန်စစ်သား က မိတ်ဆွေကို ရန်သူ၊ ရန်သူကို မိတ်ဆွေ ထင်နေသော စောလူးမင်း ကို ကိုယ့်ထိုက်နဲ့ကိုယ့်ကံပဲဟု ထားခဲ့၍ ရန်သူများကြားမှ တစ်ကိုယ်တည်း အသက်လု၍ အလွတ်ရုန်း ထွက်ပြေးခဲ့ရသည်။
ငရမန်ကန်း ကလည်း ချန်ထားလျှင် ရန်များမည်ဟူသော အတွေးမျိုးနှင့် စောလူးမင်း ကို ကွပ်မျက်လိုက်လေတော့သည်။

ကျန်စစ်သားလို သစ္စာရှိသူရဲကောင်းကို လက်ရုံးထား၍ အေးအေးဆေးဆေး ထီးနန်းအုပ်ချုပ်ရမည့်အစား သူများကွပ်မျက်ခံ၍ သေခဲ့ရသည်ကား စောလူးမင်း၏ မကောင်းမြင်စိတ်ကြောင့် ဖြစ်လေသည်။

အဆိုးမြင်စိတ်ရှိသူသည် သူ့မျက်လုံးထဲတွင် တွေ့သမျှသည် အဆင်မပြေတာ၊ အမြင်မတော်တာချည်း ဖြစ်နေလေ့ရှိ၏။တစ်ယောက်ယောက်က စေတနာနှင့် အကူအညီပေးလာသည်ကိုပင် “ငါ့ဆီက ဘာပြန်လိုချင်လို့လဲ၊ သဘောရိုးတော့ မဖြစ်နိုင်ဘူး။လူဆိုတာ နည်းနည်းပေးပြီး များများပြန်ယူတာ သဘာဝပဲ။ငါ့ဆီက လိုချင်တာမရှိဘဲ အလကားတော့ ကူညီမှာမဟုတ်ဘူး” ဟု တစ်ယူသန် တစ်ဖက်သတ် တွေးလေ့ရှိသည်။

စာရေးသူကိုယ်တိုင် တစ်ခါ၊ နှစ်ခါ ကြုံဖူးတာမျိုး ရှိပါသည်။အလုပ်တစ်ခု လက်ခံဖို့ကို အတော်စဉ်းစားခဲ့သည်။အလုပ်ပေးသူဘက်က ဆက်ဆံရေးမကောင်း မောက်မာတတ်သည်ဟု ကြိုသိထား၏။သည်တော့၊ စာရေးသူအပေါ် မကောင်းလျှင် ငုံ့တော့မခံနိုင်။ပြဿနာပြန်ရှာပစ်မည်။သူကလည်း ငွေရှင်၊ ကိုယ်ကလည်း အတတ်ပညာရှင်ပဲဟု တစ်ဖက်သားအပေါ် လေသံကြားနှင့် မာနခံကာ အခွင့်အရေးကို ငြင်းဆန်ခဲ့ဖူးပါသည်။အမှန်ဆိုလျှင် တစ်ဖက်သားက လူဆိုး၊ သူခိုးလည်း မဟုတ် ကိုယ့်အတွက် အကျိုးအမြတ်ရှိသည့် အလုပ်လည်း ဖြစ်သောကြောင့် ကိုယ့်ဘက်က ဘယ်လိုသည်းခံ မည်၊ ဘယ်လိုတာဝန်ကျေမည်၊ သိက္ခာလည်းရှိအောင် တည်တည်ကြည်ကြည်နှင့် ဘယ်လိုမမှားအောင် နေမည်ဟု တွေးသင့်ခဲ့သည်။

တကယ်တော့ သူပေးသည့် အကူအညီကို အားနာ၍ဖြစ်စေ၊ မာနကြောင့်ဖြစ်စေ မယူချင်သည့်တိုင် သူ့စေတနာကို အသိအမှတ်ပြုသင့်သည်။ကိုယ်က စိတ်တန်ခိုးရှင် အကြားအမြင်ရသူ မဟုတ်၍ သူ့စိတ်ကိုမှ မသိနိုင်တာ။သူ့အမူအရာ သူ့အပြောအဆိုနှင့် သူ့ကူညီမှုက ကိုယ့်ကို အနှောင့်အယှက် အဟန့်အတား လုပ်နေတာမျိုးလည်းမဟုတ်။သူ တကယ်အကူအညီ ပေးချင်နေတာမှန်း အသိအမှတ်မပြု၍မှ မရတာ။ထို့ကြောင့် သူ့အကူအညီကို မယူချင်နေပါ။သူ့စေတနာကိုတော့ မစော်ကားသင့်ပေ။

စာရေးသူ တွေ့ဖူးသော အမျိုးသမီးတစ်ယောက်ဆိုလျှင် ဘယ်သူက အလှူဖိတ်ဖိတ် မပျက်မကွက် တက်ရောက်အားပေးလေ့ရှိသည်။အလှူတွင်လည်း အားပါးတရ စားသောက်အားပေးတတ်သည်။သို့သော်လည်း ဘယ်တော့မှ အကောင်းမပြော။“ဟင်းက ငံသည်၊ ပေါ့သည် ဟင်းတွေက အမယ်များပြီး အစပ်အဟပ်မတည့်၊ အလှူရှင်က မျက်နှာလိုက်၍ ဧည့်ခံသည်။လာသည့်ပရိသတ် နည်းသည့်အခါ အလှူရှင်က ခွဲခြားဆက်ဆံတတ်လို့ လူသိပ်မလာတာ။ပရိသတ်များပြန်လျှင်လည်း သူတို့ နာမည်ကောင်းလိုချင်လို့ ဟိတ်ဟန်လုပ်ပြီး လူတွေစွတ်ဖိတ်တာ။တစ်ခါတလေ သူ အလှူကိုရောက်ချိန် နောက်ကျသည့်အခါ ဆီပြန်ဟင်းတစ်ခွက်လောက် မစားရသည်ကိုပင် စေတနာမှမပါတာ  ဧည့်သည်ကို ဖြစ်သလိုကျွေးပြီး ကောင်းတာတွေတော့ သူတို့ဖို့ချန်ထားတယ်” စသည်ဖြင့် အမျိုးမျိုးအပြစ်တင်တတ်လေသည်။ရပ်ကွက်က သူ့အကြောင်းသိနေသည်မို့ အလှူရှင်တိုင်းက သူ့ကို သတိထား၍ ဧည့်ခံသည်။အလှူရှင် မိသားစုဝင် အနည်းဆုံး တစ်ယောက်က သူ့အနားမှာ အနီးကပ်နေကာ ကူညီလုပ်ကိုင်နေသူများကို လိုအပ်သမျှမှာ၍ ပြုစုကြရှာသည်။ဒါတောင်မှ သူ၏ အပြစ်တင်မှုက မရပ်။“ဟင်းတွေ အချိုပွဲတွေကတော့ အလျှံပယ်ပါပဲ။စားလို့လဲကောင်းသားပဲ။ဒါပေမယ့် စားလို့တော့ မဝပါဘူးအေ။သူတို့က ကျွေးသာကျွေးနေတာ၊ ကုန်မှာလည်းစိုးတယ် ထင်ပါရဲ့။အနားကကို မခွာဘူး။ဒီတော့ စားတဲ့သူက သူတို့မျက်စိအောက်မှာ ဘယ်လိုလုပ် စားလို့ဝင်မှာလဲ”
အလိုမကျသာ ဖြစ်နေတာ။သူစားတာက အနည်းဆုံး သုံးပန်းကန်မောက်မောက်။

အထင်သေး၊ အမြင်သေး ဉာဉ်လေးတစ်ချက်က အတွေးအခေါ်ကို များစွာကွာခြားစေပါသည်။အကောင်းမြင်သူများကျတော့ အကုသိုလ်စိတ်ကို လုံး၀ အဝင်မခံတတ်။သူများ၏ ချို့ယွင်းချက်ကို မရှာသည့်အပြင် အရည်အချင်းကောင်းများကိုသာ ဖေါ်ထုတ်ချီးမွမ်းလေ့ရှိသည်။မိမိကိုယ်တိုင် ရောင့်ရဲတင်းတိမ်စွာ နေထိုင်စားသောက်၍ အခြား ဘယ်သူ့ကိုမှလည်း အပြစ်မတင်တတ်ပေ။

သည်းခံခြင်းအရာ၌ သာလွန်မင်း လက်ထက် မတ္တရာဆရာတော်သည် အထူးထင်ရှားသည်။ဆရာတော်သည် တောကျောင်းလေးမှာ တပည့် ရဟန်း၊ သာမဏေများကို စာသင်စာချပေးရင်း အေးအေးချမ်းချမ်း တရားအားထုတ်လျက်ရှိသည်။လောဘ၊ ဒေါသ၊ မောဟ မီးများက ဆရာတော့်ကို မလောင်ကျွမ်းစေနိုင်တော့။ဆရာတော့်မှာ မာန်မာနမရှိ။သည်းခံတတ်၏။ကုသိုလ်စိတ်ကို ရှေးရှု၍ ယောနိသော မနသီကာရ (သင့်တင့်သော နှလုံးသွင်းမှန်မှန်) ဖြင့် သတိအမြဲကပ်လျက်နေလေသည်။ဆရာတော်၏ သတင်းကို ကြားရသော သာလွန်မင်းတရားကြီးက ကြည်ညိုလေးစားမိလေသည်။သို့သော် ဆရာတော်၌ အမှန်တကယ် တရားကိန်း မကိန်း စမ်းသပ်ရန် ကြံစည်သည်။ထို့ကြောင့် ဆရာတော့်ထံ အမတ်များလွှတ်၍ ရွှေနန်းတော်တွင် လာရောက်သီတင်းသုံးရန် လျှောက်ထားသည်။ဆရာတော်က “ရွှေနန်းတော်မှာဆိုတော့ သာသနာပြုဖို့ ပိုပြီးအဆင်ပြေတာပေါ့” ဟု ဆိုကာ အမတ်ကြီးများနှင့် လိုက်ပါလာခဲ့သည်။သာလွန်မင်းက နောက်ထပ်အမတ်များ စေလွှတ်ပြန်၍ အခြေအနေအရ မူလတောကျောင်း၌သာ သတင်းပြန်သုံးပါဦးဟု လျှောက်ထားစေပါသည်။ဆရာတော်က မျက်နှာတစ်ချက်မပျက် တုန့်ဆိုင်းခြင်းမရှိဘဲ “အဆင်ပြေတာပေါ့။ကျောင်းမှာကျန်ရစ်ခဲ့တဲ့ စာသင်သား ရဟန်း သာမဏေတွေကို စာသင်စရာ စာချစရာတွေ ရှိနေတာနဲ့ အတော်ပဲ” ဟု ဆိုကာ အေးအေးဆေးဆေးပင် လမ်းတစ်ဝက်မှ ပြန်ကြွသွားသည်။အချိန်အတန်ကြာပြီးနောက် သာလွန်မင်းက ရွှေနန်းတော်မှာ သီတင်းသုံးပါရန် နောက်တစ်ခါ ပင့်ဆောင်ပြန်ရာ ဆရာတော်က မညည်းမညူဘဲ “မင်းကြီးနှင့်တကွ နန်းတွင်းရှိ ဒါယကာ၊ ဒါယိကာမများကို တရားဟော၊ တရားပြဖို့ အဆင်ပြေတာပေါ့” ဟု နန်းတော်သို့ လိုက်ပါသီတင်းသုံးသည်။တဖန် သာလွန်မင်းက ဆရာတော် နားအေးပါးအေး တရားအားထုတ်ရန်ဟု ထန်းလက်မိုး ထန်းလက်ကာ မြေစိုက်ကျောင်းသင်္ခမ်းလေးတွင် ခေတ္တဆင်း၍ သီတင်းသုံးရန် လျှောက်ထားသည်။ထိုအခါ ဆရာတော်က “ကောင်းတာပေါ့ တက်ရဆင်းရ မလုပ်ရဘဲ မြေကြီးပေါ်မှာဆိုတော့ သက်သက်သာသာ တရားအားထုတ် ရတော့မှာပဲ” ဟု အသာတကြည်ပင် ထန်းလက်တဲကျောင်းလေးသို့ဆင်း၍ သီတင်းသုံးသည်။

ဒါယကာ ဒါယိကာမတို့က ဆွမ်းကပ်သောအခါတွင် ဆွမ်းကမာနေလျှင် “ကောင်းတယ်။သေသေချာချာ ဝါးရတော့ သွားတွေခိုင်တာပေါ့” ဟု ဆို၍ ဆွမ်းပျော့သွားသော အခါတွင်လည်း “ကောင်းတယ်။အဝါးရသက်သာတယ်။အစာလည်း ကြေလွယ်တာပေါ့” ဟု ဆိုတတ်သည်။

ထိုမျှ အကောင်းဘက်မှချည်း တွေးပေးတတ်သောကြောင့် ဘုရင်မင်းမြတ်နှင့်တကွ ဒါယကာ ဒါယိကာမများ အားလုံးက ဆရာတော်၏ အကျင့်သီလနှင့် သည်းခံစိတ်၊ အကောင်းမြင်စိတ်ကို အံ့သြကြည်ညို မဆုံးကြတော့။

ထိုသို့ အကောင်းမြင်စိတ် ရှိရန်မှာ ကိုယ်တိုင်က အများအပေါ် မေတ္တာရှေးရှုစိတ်ရှိမှ လောကဓံကို သည်းခံနိုင်မှ ဖြစ်ပေသည်။နှလုံးသွင်းမှန်မှ လုပ်ရပ်မှန်နိုင်ပေမည်။ကိုယ်တိုင်က ကောင်းမှု၊ မကောင်းမှုကို ခွဲခြားသိရမည်။မကောင်းမှုမလုပ်ဖို့၊ အပြစ်မလုပ်မိဖို့ စိတ်ဓာတ်ခိုင်ခိုင်မာမာ ထိန်းချုပ်နိုင်ရမည်။သူများကို အပြစ်ရှာဖို့ လုံးဝမစဉ်းစားသင့်။
သူများအပေါ် အပြစ်ဖို့ခြင်းသည် တကယ်တော့ မိမိ၏ ကြီးမားဝန်လေးသော အပြစ်ကြီးဖြစ်ကြောင်း သိထားရမည်။တကယ် အပြစ်ရှာရမည့်သူမှာ မိမိကိုယ်တိုင်ကို ဖြစ်သည်။သူများကို အပြစ်မတင်ဘဲ မိမိကိုယ်ကို အပြစ်တင်မှ သူများလည်း စိတ်မညစ်၊ ကိုယ်လည်း အကုသိုလ်မဖြစ်သည့်အပြင် တဖြည်းဖြည်းနှင့် မိမိတွင်ရှိသော ချို့ယွင်းချက်များကို ပြင်ပြီးသား ဖြစ်လာပေလိမ့်မည်။

သူများကိုသာ အပြစ်တင်ချင်သည့် မကောင်းမြင်စိတ်ရှိသူနှင့် မိမိကိုယ်ကို အပြစ်တင်၍ သူများ၏ အမှားကို သည်းခံသည့် အကောင်းမြင်စိတ် ရှိသူတို့သည် အမြင်ချင်း ဆန့်ကျင်နေသကဲ့သို့ အကျိုးရလဒ်ချင်းလည်း လုံးဝခြားနားလေသည်။မကောင်းမြင်စိတ်ကြောင့် ပထမဆုံးရလဒ်က မိမိကိုယ်တိုင် သောက၊ ဒေါသများ ဖြစ်ရသည်။မိမိကိုယ်ကို လိပ်ပြာမသန့်သည့်အပြင် လူမှုဆက်ဆံရေးလည်း ပျက်ပြားသည်။အကုသိုလ်ကံ အသစ်တစ်ခုလည်း ဖြစ်သွားသည်။အကောင်းမြင်စိတ်ကြောင့် ပထမဆုံးရလဒ်က မိမိကိုယ်တိုင် စိတ်ချမ်းသာသည်။မိမိကိုယ်ကို လိပ်ပြာသန့်သည်။လိပ်ပြာသန့်၍လည်း စိတ်လုံခြုံမှု ရှိလာသည်။ မိမိကိုယ်မိမိ ယုံကြည်စိတ် ပိုမိုခိုင်မာလာသည်။လူမှုဆက်ဆံရေး ပိုမိုကောင်းမွန်လာသည်။မိတ်ဆွေသစ် တိုးပွား၍ လူမှုအဖွဲ့အစည်းနှင့် အံဝင်ခွင်ကျ နေတတ်လာသည်။ ကောင်းမှုကုသိုလ်ကံ အသစ်တစ်ခုလည်း ရရှိလာသည်။

အကောင်းမြင်ခြင်းနှင့် အဆိုးမြင်ခြင်းသည် အဖြူနှင့်အမည်း၊ အလင်းနှင့်အမှောင်၊ သန့်ရှင်းခြင်းနှင့်ညစ်ပတ်ခြင်း၊ အေးမြခြင်းနှင့်ပူလောင်ခြင်း၊ တည်ငြိမ်ခြင်းနှင့်လှုပ်ရှားခြင်း၊ ယုံကြည်မှုနှင့်သံသယရှိမှုများအဖြစ် လုံးဝဆန့်ကျင်ပေသည်။ ထိုသို့ သဘောထားခံယူချက်ချင်း ဆန့်ကျင်သည့်စိတ် နှစ်စိတ်ကို နှိုင်းယှဉ်ဖေါ်ပြထားသော ‘ခြောက်ပြစ်ကင်း’ ဇာတ်လမ်းလေး အကျဉ်းကို ပြောပြချင်ပါသည်။

အမျိုးသားပညာဝန် ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုတိုများမှာ ပါဝင်သည့် ဇာတ်လမ်းလေးပါ။

ရွာတစ်ရွာတွင် တောင်ပိုင်းနှင့်မြောက်ပိုင်းရှိသည်။ တောင်ပိုင်းတွင် မိသားစုတစ်စု နေထိုင်သည်။အဖေ၊အမေ၊ သမီးကြီးနှင့်သားငယ်တို့ မိသားစုလေးယောက်ဖြစ်သည်။ မြောက်ပိုင်းတွင်လည်း တောင်ပိုင်းမိသားစုနှင့်အလားတူ မိသား စုလေးယောက်ရှိသည်။

တောင်ပိုင်းမိသားစုတွင်ဖြစ်သည်။

တစ်နေ့ သားငယ်က သောက်ရေခပ်သောက်ရင်း ဖန်ခွက်ကျကွဲသွားသည်။ ထိုအခါ သားငယ်က သူ့အပြစ်ကို ကာကွယ်ကာ အစ်မဖြစ်သူက ရေသောက်ပြီး ဖန်ခွက်ကို အသေအချာပြန်မထားခဲ့၍ ယခုကဲ့သို့ ဖြစ်ရသည်ဟု အစ်မကို အပြစ်တင်သည်။ အစ်မဖြစ်သူကလည်း သူမတွင်အပြစ်မရှိ၊ မောင်ငယ်၏ပေါ့ဆမှုကြောင့်ဖြစ်သည့်အပြင် အဓိက အပြစ်ရှိ သူမှာအမေဖြစ်၍ အမေသည် ဖန်ခွက်ကို သေချာ မဆေးကြော၍ဖြစ်ကြောင်း အမေ့ကို အပြစ်တင်သည်။အမေဖြစ်သူက လည်း သူမမှာ အပြစ်မရှိဘဲ သမီးနှင့်သား လောကြီး၍ဖြစ်ကြောင်း၊အထူးသဖြင့် မကွဲမရှနိုင်သော ‘နှီးခွက်’မဝယ်ဘဲ ကွဲလွယ်ရှလွယ်သော ‘ဖန်ခွက်’ဝယ်လာသည့် လင်ယောင်္ကျားကို အပြစ်တင်သည်။
ယောင်္ကျားကလည်း သူ့တွင်အပြစ်မရှိ မိန်းမနှင့်သမီးတို့သားတို့တွင် အပြစ်ရှိကြောင်းပြောပြန်သည်။ သည်လိုနှင့် မိသားစုလေးယောက် တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုးကာ စကားများကြရလေသည်။

မြောက်ပိုင်းမိသားစုတွင်လည်း အလားတူအဖြစ်အပျက်မျိုး ဖြစ်ခဲ့ပါသည်။

တစ်နေ့ သားငယ်က ရေသောက်ရင်း ဖန်ခွက်ကျကွဲသွားသည်။ ချက်ချင်းပင် သားငယ်က သူ့ကိုယ်သူ အပြစ်တင် သည်။ သူသတိလစ်သွား၍ လက်မမြဲ၍ လွတ်ကျရကြောင်း ဝန်ခံသည်။ အစ်မဖြစ်သူကလည်း မောင်ငယ်၏အပြစ်မဟုတ်။ သူမမှာ အပြစ်ရှိသည်။ မောင်ငယ် ရေခပ်မသောက်ခင် သူမသောက်ခဲ့သေးကြောင်း နေရာတကျ ပြန်မထားမိဘဲ အစွန်မှာ တင်ထားမိ၍ဖြစ်ကြောင်းပြောသည်။ ထိုစဉ် မိခင်ကဝင်၍ သူတို့မောင်နှမ နှစ်ယောက် ရေမသောက်ခင် ဖန်ခွက်ကို ဆေးကြောခဲ့ရာ ဆပ်ပြာမစင်၍ ယခုကဲ့သို့ ဖန်ခွက်ကွဲရကြောင်း၊ ထို့ကြောင့် ဖန်ခွက်ဆေးသည့် သူမတွင်သာ အပြစ်ရှိ ကြောင်း သားနှင့်သမီးကို အားပေးသည်။ နောက်ဆုံးတွင် ဖခင်ဖြစ်သူက သူအတွေးမှားပြီး မကွဲမရှနိုင်သော ‘နှီးခွက်’ မဝယ် ခဲ့ဘဲ အလွယ်တကူကွဲနိုင်သည့် ‘ဖန်ခွက်’ ဝယ်လာမိခြင်းက အဓိကဖြစ်သည်။ ထို့ကြောင့် သူ့မှာ အဓိကအပြစ်ရှိကြောင်း နောင်တ စကားနှင့်ယှဉ်၍ အပြစ်အားလုံးကို သူ့ခေါင်းပေါ် ဆွဲတင်လေသည်။

လူချင်း၊ အဖြစ်ချင်းတူသော်လည်း ခံယူထားသည့် အတွေးအမြင်ချင်း မတူညီသည်ကို ရှင်းလင်းစွာ မြင်သာပါ သည်။ အကျိုးကျေးဇူးအဖြစ် အေးမြခြင်း၊ပူလောင်ခြင်းကို ထင်ထင်ရှားရှားမြင်စေပါသည်။ မေတ္တာနှင့်ဒေါသ၊ အနစ်နာခံခြင်း နှင့်အပြစ်တင်ဝေဖန်ခြင်း၊ တစ်ကိုယ်ကောင်းမဆန်ဘဲ အများအတွက် ငဲ့တတ်ခြင်းနှင့်တစ်ကိုယ်ကောင်းဆန် အတ္တကြီးမား ခြင်းတို့ကို သိသိသာသာမြင်နိုင်ပါသည်။

တကယ်တော့ မကောင်းမြင်စိတ်ရှိသူသည် အလုပ်တစ်ခုကို ပျော်ပျော်ရွှင်ရွှင် အပြစ်ကင်းကင်းနှင့် လွယ်ကူစွာ လုပ်နိုင်ခွင့် ရှိနေပါလျက် မခက်ခဲ ခက်ခဲအောင်၊ မပင်ပန်း ပင်ပန်းအောင် တမင်တကာ လုပ်နေသလို ဖြစ်နေပေသည်။

ထို့ကြောင့်လည်း အင်္ဂလိပ်အဆိုအမိန့်လေး တစ်ခုက ထိုသဘောကို ဤသို့ ပြောထားပါသည်။

A positive mind finds a way it can be done.
A negative mind looks for all the ways it can’t be done.

အပြုသဘော ဆောင်သည့်စိတ်က ဆောင်ရွက်နိုင်သည့် နည်းလမ်းကောင်းကို ရှာဖွေတွေ့ရှိသည်။

အဖျက်သဘော ဆောင်သည့်စိတ်က ဆောင်ရွက်၍ မရနိုင်သည့် နည်းလမ်းအားလုံးကိုသာ လိုက်လံရှာဖွေလေသည်။

ရိုက်မောင်း
မေ - ၇

( Zawgyi )

“အာ႐ုံတစ္ပါး စိတ္မမ်ားပါနဲ႔”

ဆရာေတာ္ ဦးပုညာနႏၵ၏ အလုပ္ေပးတရားေခြထဲမွ နားစြဲေနေသာ တရားစကားစုေလးပါ။တစ္ေနရာတည္းမွာ စူးစိုက္ထားရွိရမည့္စိတ္ကို ေနရာအႏွံ႔ ေလွ်ာက္ထားေနတတ္ၾကသည္မို႔ သတိေပးထားျခင္း ျဖစ္သည္။႐ုပ္ရွင္သ႐ုပ္ေဆာင္တစ္ဦး ေျပာေသာ စကားစုေလးကလည္း ပရိသတ္မ်ားမွတစ္ဆင့္ လူႀကီး၊ လူငယ္ အ႐ြယ္အစားအားလုံး အသုံးမ်ားခဲ့ပါသည္။

“အာ႐ုံေတြ မမ်ားပါနဲ႔”

အဘိဓမၼာနည္းႏွင့္ ခြဲျခမ္းစိတ္ျဖာလိုက္လွ်င္ ‘စိတ္’ တစ္ခုယုတ္ ကိုးဆယ္ဟု ဆိုထားခ်က္အရ ရွစ္ဆယ့္ကိုးခုရွိေၾကာင္း သိရပါသည္။သို႔ေသာ္လည္း သာမန္လူမ်ားစု အလြယ္တကူနားလည္ၿပီး၊ တကယ္က်င့္ႏိုင္သည့္အေနႏွင့္ဆိုလွ်င္ စိတ္မွာ အေျခခံစိတ္ ႏွစ္ခုပဲ ရွိပါသည္။ကုသိုလ္စိတ္ (ေကာင္းစိတ္) ႏွင့္ အကုသိုလ္စိတ္ (မေကာင္းစိတ္) ပါ။

မိမိမ်က္စိေရွ႕မွာ လူတစ္ေယာက္ကို ျမင္ၾကည့္ပါ။ဥပမာ ထိုလူက ေနာက္ဆုံးေပၚ ကားေကာင္းတစ္စီး ေဘးမွာရပ္၍ hand phone တစ္လုံးႏွင့္ စကားေျပာရင္း ကားထဲဝင္လိုက္၊ အျပင္ျပန္ထြက္လိုက္၊ ကားေရွ႕မွာမွီရပ္လိုက္ အလုပ္ရႈပ္ေနသည္ ဆိုပါစို႔။ထိုလူကိုၾကည့္ၿပီး “ဒီလူ ေတာ္ေတာ္ႀကီးက်ယ္တာပဲ။သက္သက္ႂကြားေနတာ။ပတ္ဝန္းက်င္က အထင္မႀကီး ႀကီးေအာင္ တမင္ဟန္လုပ္ေနတာပါ။လမ္းသြားလမ္းလာေတြကို သက္သက္ စိတ္အေႏွာင့္အယွက္ေပးေနတာ။ေတာ္ေတာ္အတၱႀကီးတဲ့လူ။ဒီေလာက္ over ျဖစ္ေနပုံေထာက္ရင္ စုတ္ျပတ္ေနတဲ့ ဘဝကေန မေန႔တစ္ေန႔ကမွ ခြင္တည့္ၿပီး ပိုက္ဆံေတြ မတရားရေနလို႔ ျဖစ္လိမ့္မယ္။ထီေပါက္တာလား၊ ဓါးျပတိုက္တါလား၊ အႀကံအဖန္ တစ္ခုခုလုပ္ၿပီးေတာ့လား၊ ဒီလိုမွမဟုတ္ရင္ သူ႔ပစၥည္းေတြမဟုတ္ဘဲ သူမ်ားဆီက ငွားလာတာလား။ Phone က သူငယ္ခ်င္း တစ္ေယာက္ေယာက္ဆီက ျဖစ္မယ္။ကားကေတာ့ ေယာကၡမကားလား၊ ေယာက္ဖကားလား တစ္ခုခုပဲ။ၾကည့္ပါလား။မခံစားစဖူး ခံစားေနရလို႔ ခုေလာက္ အိေျႏၵပ်က္ေနတာေပါ့” ထိုသို႔ မိမိအတိအက်မသိရေသာ္လည္း မိမိႏွင့္မဆိုင္ေသာ္လည္း၊ မေကာင္းသည့္စိတ္ negative mind ျဖင့္ မွန္းဆေျပာ၍ရသလို။

“ဒီလူအေတာ္အလုပ္မ်ားတာပဲ။လုပ္ငန္းႀကီးလုပ္တဲ့သူျဖစ္ရမယ္။သူ႔ဝတ္ပုံစားပုံနဲ႔၊ ကားနဲ႔၊ phone ဆက္ေနတဲ့ style နဲ႔ ၾကည့္ေကာင္းလိုက္တာ၊ ဘဝေပးကုသိုလ္ ေကာင္းလိုက္တာ၊ တကယ္အားက်စရာပဲ။ဒီလိုအမူအရာ၊ ဒီလိုအေျပာ၊ ဒီလို style နဲ႔ ဒီအရည္အခ်င္းနဲ႔ဆို ကားတစ္စီးက ႏွစ္စီး၊ ႏွစ္စီးက သုံးစီးျဖစ္လာႏိုင္တာပဲ။ငါတို႔ထက္ ကံလည္းေကာင္း၊ ဉာဏ္လည္းေကာင္း၊ ဝီရိယလည္းေကာင္းလို႔ျဖစ္မွာ” စသည္ျဖင့္ ေကာင္းသည့္စိတ္ (positive mind) ျဖင့္လည္း ေျပာႏိုင္ပါသည္။

သူတစ္ပါးအေၾကာင္း အေသအခ်ာမသိဘဲ၊ မေဝဖန္လည္း အေနသာႀကီးျဖစ္ပါလ်က္ ေဝဖန္ခ်င္လည္း ေကာင္းသည့္ဘက္မွ ေဝဖန္ႏိုင္ပါလ်က္၊ ခ်ိဳးခ်ိဳးဖဲ့ဖဲ့၊ ပ်စ္ပ်စ္ႏွစ္ႏွစ္ အထင္ေသးစြာ ေျပာဆိုတတ္သည့္စိတ္မွာ အေတာ္အံ့ၾသစရာေကာင္းပါသည္။

လမ္းသြားရင္း သူစိမ္းတစ္ေယာက္ႏွင့္ အၾကည့္ခ်င္းဆုံျပန္လွ်င္ “သူ ဟိုေငးဒီေငးနဲ႔ အမွတ္တမဲ့ အၾကည့္ခ်င္းဆုံတာနဲ႔တူတယ္။ငါက သူ႔အသိ တစ္ေယာက္ေယာက္နဲ႔ တူေနလို႔မ်ားလား။ငါမမွတ္မိေပမယ့္ သူနဲ႔ ငါနဲ႔ ဆုံဖူးလားမွမသိတာ၊ သူ ငါ့ကို တစ္ခုခုေမးခ်င္ေနပုံရတယ္။အကူအညီတစ္ခုခု ေတာင္းခ်င္လို႔မ်ားလား။အို ငါ့ကိုေက်ာ္ၿပီး တစ္ေနရာရာ ဒါမွမဟုတ္ တစ္ေယာက္ေယာက္ကို လွမ္းၾကည့္ေနတာ ျဖစ္မွာပါေလ” စသည္ျဖင့္ အဆင္ေျပေျပေတြးလွ်င္ ျဖစ္တာပဲ။

သို႔ေသာ္ တခ်ိဳ႕က “သူ ငါ့ကို ရန္စခ်င္လို႔ျဖစ္မယ္။သူက လူမိုက္မို႔လို႔ ငါ့ကို ဒီလိုၾကည့္တာလား။ဒီလိုအၾကည့္မ်ိဳးနဲ႔ ငါ့ကို စမ္းလို႔ရမလား။ဒီေကာင့္ပုံစံက ေတာ္ေတာ္႐ိုင္းစိုင္းတာပဲ။သူရင့္တာ ခံေနမယ့္အစား ငါကစၿပီး လႈပ္ရွားလိုက္တာ ေကာင္းမယ္ထင္တယ္” စသည္ျဖင့္ အဆိုးဘက္က ေတြးတတ္ၾကသည္။

မ်က္ႏွာခပ္တည္တည္ေနတတ္ေသာ အမ်ိဳးသမီးကိုေတြ႕လွ်င္ “မာနအေတာ္ႀကီးတဲ့ မိန္းမပဲ၊ ပုံစံကိုက တစ္ေလာကလုံး သူ႔လုပ္စာ ထိုင္စားေနတယ္ ထင္လားမသိဘူး။ကုမၸဏီလူႀကီး ဒါမွမဟုတ္ အရာရွိတစ္ေယာက္ေယာက္ရဲ႕ နံပါတ္ဘယ္ေလာက္ခ်ိတ္တဲ့ တရားမဝင္ မိန္းမလဲမွ မသိတာ။ၾကည့္ေန သူ႔ဘဲႀကီးက ခြာခ်ထားခဲ့ေတာ့မွ ဒီမ်က္ႏွာေၾကာက ေလွ်ာ့မွာ။ဒါေတာင္ မွတ္ဦးမယ့္႐ုပ္ မဟုတ္ဘူး။တျခား sponsor ထပ္ရွာမယ့္႐ုပ္” ဟု မဆင္မျခင္ မညႇာမတာ ေကာက္ခ်က္ခ်တတ္ၾကသည္။

လူ သုံး၊ ေလးေယာက္ အသံက်ယ္က်ယ္ႏွင့္ ရယ္ေမာေျပာဆိုေနတာ ျမင္လွ်င္လည္း “ဣေျႏၵကိုမရဘူး။ပတ္ဝန္းက်င္ကို ေစာ္ကားေနတယ္။တစ္ေလာကလုံးမွာ သူတို႔ခ်ည္းပဲ ရွိတယ္ထင္ေနတယ္။ငါ့ကို သက္သက္ေစာင္းေျမာင္းၿပီး ေလွာင္ေနတာလားမသိဘူး။ပုံစံေတြကိုက မထီမဲ့ျမင္နဲ႔” ဟု ျမင္တတ္၊ ေတြးတတ္သည္။တီးတိုး၊ တီးတိုး ေျပာေနၾကတာ ျမင္ေတာ့လည္း “ဘယ္သူ႔အတင္း ေျပာေနၾကလဲမသိဘူး။ငါ့အတင္းမ်ား ေျပာေနတာလား။ဒါမွမဟုတ္ ဘာေတြမေကာင္းႀကံမလို႔လဲ။ ႐ိုး႐ိုးသားသားေတာ့ မျဖစ္ႏိုင္ဘူး” စသည္ျဖင့္ အဆိုးျမင္စိတ္ႏွင့္ မေကာင္းသည့္ဘက္မွခ်ည္း စဥ္းစားေလ့ ရွိတတ္သည္။

ထို အဆိုးျမင္သူမ်ားသည္ တစ္ေလာကလုံးက သူ႔ကိုပဲ ဂ႐ုစိုက္ ၾကည့္ေန၊ ေျပာေန၊ ေတြးေနသလို သူတို႔ကိုယ္သူတို႔ မလုံမလဲႏွင့္ တျခားသူအေပၚ အျပစ္ရွာ ေတြးေတာေနတတ္ၾကသည္။

ပုဂံရာဇဝင္တြင္ ေစာလူးမင္း ကို သူ၏ ႏို႔စို႔ဖက္၊ ကစားဖက္ သူငယ္ခ်င္းျဖစ္သူ ငရမန္ကန္း က ပုန္ကန္ခဲ့သည္။ေစာလူးမင္း၏ ဘဝင္သာျမင့္တတ္ၿပီး အရည္အခ်င္းညံ့ဖ်င္းမႈ၊ ငရမန္ကန္း၏ နည္းပရိယာယ္ေကာင္းမႈတို႔ေၾကာင့္ ေစာလူးမင္း သည္ ငရမန္ကန္း၏ ဖမ္းဆီးျခင္းကို ခံခဲ့ရသည္။ထိုအခ်ိန္တြင္ က်န္စစ္သား ကို ျပည္သူက အားကိုးယုံၾကည္စြာျဖင့္ ဘုရင္အျဖစ္ တိုင္းျပည္အုပ္ခ်ဳပ္ရန္ ဝိုင္းဝန္းေတာင္းဆိုၾကသည္။သို႔ေသာ္ က်န္စစ္သား က ရဲရင့္သေလာက္ သစၥာရွိေသာ သူရဲေကာင္းပီပီ ေစာလူးမင္း ကို ရွာ၍ ထီးနန္းအပ္မည္ဆိုကာ ညအခ်ိန္ ရန္သူ႔တပ္အတြင္း စြန႔္စြန႔္စားစား ဝင္ေရာက္၍ ေစာလူးမင္း ကို ကယ္ခဲ့သည္။သို႔ေသာ္ ေစတနာကို ေဝဒနာထင္ေသာ ေစာလူးမင္း က မိမိအေပၚ သစၥာရွိ တန္ဖိုးထားကယ္တင္ေသာ က်န္စစ္သားအေပၚ အေကာင္းမျမင္ႏိုင္ဘဲ က်န္စစ္သားသည္ မိမိကို မနာလိုျဖစ္ေနသူ၊ မိမိ၏ ဖခင္ အေနာ္ရထာမင္းႀကီး ရွိစဥ္က မင္းႀကီး၏ မ်က္မာန္ရွျခင္းကို ခံခဲ့ဖူးသူျဖစ္၍ မိမိအေပၚ အၿငိဳးအာဃာတထားကာ မိမိကိုသတ္ခ်င္၍ ျဖစ္မည္ဟု ယူဆသည္။ထို႔ေၾကာင့္လည္း “က်န္စစ္သား ငါ့ကို လာခိုးေနပါတယ္” ဟု ေအာ္ဟစ္လိုက္ေသာေၾကာင့္ က်န္စစ္သားတစ္ေယာက္ ရန္သူအဝိုင္းခံရေလသည္။ထိုအခါ က်န္စစ္သား က မိတ္ေဆြကို ရန္သူ၊ ရန္သူကို မိတ္ေဆြ ထင္ေနေသာ ေစာလူးမင္း ကို ကိုယ့္ထိုက္နဲ႔ကိုယ့္ကံပဲဟု ထားခဲ့၍ ရန္သူမ်ားၾကားမွ တစ္ကိုယ္တည္း အသက္လု၍ အလြတ္႐ုန္း ထြက္ေျပးခဲ့ရသည္။
ငရမန္ကန္း ကလည္း ခ်န္ထားလွ်င္ ရန္မ်ားမည္ဟူေသာ အေတြးမ်ိဳးႏွင့္ ေစာလူးမင္း ကို ကြပ္မ်က္လိုက္ေလေတာ့သည္။

က်န္စစ္သားလို သစၥာရွိသူရဲေကာင္းကို လက္႐ုံးထား၍ ေအးေအးေဆးေဆး ထီးနန္းအုပ္ခ်ဳပ္ရမည့္အစား သူမ်ားကြပ္မ်က္ခံ၍ ေသခဲ့ရသည္ကား ေစာလူးမင္း၏ မေကာင္းျမင္စိတ္ေၾကာင့္ ျဖစ္ေလသည္။

အဆိုးျမင္စိတ္ရွိသူသည္ သူ႔မ်က္လုံးထဲတြင္ ေတြ႕သမွ်သည္ အဆင္မေျပတာ၊ အျမင္မေတာ္တာခ်ည္း ျဖစ္ေနေလ့ရွိ၏။တစ္ေယာက္ေယာက္က ေစတနာႏွင့္ အကူအညီေပးလာသည္ကိုပင္ “ငါ့ဆီက ဘာျပန္လိုခ်င္လို႔လဲ၊ သေဘာ႐ိုးေတာ့ မျဖစ္ႏိုင္ဘူး။လူဆိုတာ နည္းနည္းေပးၿပီး မ်ားမ်ားျပန္ယူတာ သဘာဝပဲ။ငါ့ဆီက လိုခ်င္တာမရွိဘဲ အလကားေတာ့ ကူညီမွာမဟုတ္ဘူး” ဟု တစ္ယူသန္ တစ္ဖက္သတ္ ေတြးေလ့ရွိသည္။

စာေရးသူကိုယ္တိုင္ တစ္ခါ၊ ႏွစ္ခါ ႀကဳံဖူးတာမ်ိဳး ရွိပါသည္။အလုပ္တစ္ခု လက္ခံဖို႔ကို အေတာ္စဥ္းစားခဲ့သည္။အလုပ္ေပးသူဘက္က ဆက္ဆံေရးမေကာင္း ေမာက္မာတတ္သည္ဟု ႀကိဳသိထား၏။သည္ေတာ့၊ စာေရးသူအေပၚ မေကာင္းလွ်င္ ငုံ႔ေတာ့မခံႏိုင္။ျပႆနာျပန္ရွာပစ္မည္။သူကလည္း ေငြရွင္၊ ကိုယ္ကလည္း အတတ္ပညာရွင္ပဲဟု တစ္ဖက္သားအေပၚ ေလသံၾကားႏွင့္ မာနခံကာ အခြင့္အေရးကို ျငင္းဆန္ခဲ့ဖူးပါသည္။အမွန္ဆိုလွ်င္ တစ္ဖက္သားက လူဆိုး၊ သူခိုးလည္း မဟုတ္ ကိုယ့္အတြက္ အက်ိဳးအျမတ္ရွိသည့္ အလုပ္လည္း ျဖစ္ေသာေၾကာင့္ ကိုယ့္ဘက္က ဘယ္လိုသည္းခံ မည္၊ ဘယ္လိုတာဝန္ေက်မည္၊ သိကၡာလည္းရွိေအာင္ တည္တည္ၾကည္ၾကည္ႏွင့္ ဘယ္လိုမမွားေအာင္ ေနမည္ဟု ေတြးသင့္ခဲ့သည္။

တကယ္ေတာ့ သူေပးသည့္ အကူအညီကို အားနာ၍ျဖစ္ေစ၊ မာနေၾကာင့္ျဖစ္ေစ မယူခ်င္သည့္တိုင္ သူ႔ေစတနာကို အသိအမွတ္ျပဳသင့္သည္။ကိုယ္က စိတ္တန္ခိုးရွင္ အၾကားအျမင္ရသူ မဟုတ္၍ သူ႔စိတ္ကိုမွ မသိႏိုင္တာ။သူ႔အမူအရာ သူ႔အေျပာအဆိုႏွင့္ သူ႔ကူညီမႈက ကိုယ့္ကို အေႏွာင့္အယွက္ အဟန႔္အတား လုပ္ေနတာမ်ိဳးလည္းမဟုတ္။သူ တကယ္အကူအညီ ေပးခ်င္ေနတာမွန္း အသိအမွတ္မျပဳ၍မွ မရတာ။ထို႔ေၾကာင့္ သူ႔အကူအညီကို မယူခ်င္ေနပါ။သူ႔ေစတနာကိုေတာ့ မေစာ္ကားသင့္ေပ။

စာေရးသူ ေတြ႕ဖူးေသာ အမ်ိဳးသမီးတစ္ေယာက္ဆိုလွ်င္ ဘယ္သူက အလႉဖိတ္ဖိတ္ မပ်က္မကြက္ တက္ေရာက္အားေပးေလ့ရွိသည္။အလႉတြင္လည္း အားပါးတရ စားေသာက္အားေပးတတ္သည္။သို႔ေသာ္လည္း ဘယ္ေတာ့မွ အေကာင္းမေျပာ။“ဟင္းက ငံသည္၊ ေပါ့သည္ ဟင္းေတြက အမယ္မ်ားၿပီး အစပ္အဟပ္မတည့္၊ အလႉရွင္က မ်က္ႏွာလိုက္၍ ဧည့္ခံသည္။လာသည့္ပရိသတ္ နည္းသည့္အခါ အလႉရွင္က ခြဲျခားဆက္ဆံတတ္လို႔ လူသိပ္မလာတာ။ပရိသတ္မ်ားျပန္လွ်င္လည္း သူတို႔ နာမည္ေကာင္းလိုခ်င္လို႔ ဟိတ္ဟန္လုပ္ၿပီး လူေတြစြတ္ဖိတ္တာ။တစ္ခါတေလ သူ အလႉကိုေရာက္ခ်ိန္ ေနာက္က်သည့္အခါ ဆီျပန္ဟင္းတစ္ခြက္ေလာက္ မစားရသည္ကိုပင္ ေစတနာမွမပါတာ  ဧည့္သည္ကို ျဖစ္သလိုေကြၽးၿပီး ေကာင္းတာေတြေတာ့ သူတို႔ဖို႔ခ်န္ထားတယ္” စသည္ျဖင့္ အမ်ိဳးမ်ိဳးအျပစ္တင္တတ္ေလသည္။ရပ္ကြက္က သူ႔အေၾကာင္းသိေနသည္မို႔ အလႉရွင္တိုင္းက သူ႔ကို သတိထား၍ ဧည့္ခံသည္။အလႉရွင္ မိသားစုဝင္ အနည္းဆုံး တစ္ေယာက္က သူ႔အနားမွာ အနီးကပ္ေနကာ ကူညီလုပ္ကိုင္ေနသူမ်ားကို လိုအပ္သမွ်မွာ၍ ျပဳစုၾကရွာသည္။ဒါေတာင္မွ သူ၏ အျပစ္တင္မႈက မရပ္။“ဟင္းေတြ အခ်ိဳပြဲေတြကေတာ့ အလွ်ံပယ္ပါပဲ။စားလို႔လဲေကာင္းသားပဲ။ဒါေပမယ့္ စားလို႔ေတာ့ မဝပါဘူးေအ။သူတို႔က ေကြၽးသာေကြၽးေနတာ၊ ကုန္မွာလည္းစိုးတယ္ ထင္ပါရဲ႕။အနားကကို မခြာဘူး။ဒီေတာ့ စားတဲ့သူက သူတို႔မ်က္စိေအာက္မွာ ဘယ္လိုလုပ္ စားလို႔ဝင္မွာလဲ”
အလိုမက်သာ ျဖစ္ေနတာ။သူစားတာက အနည္းဆုံး သုံးပန္းကန္ေမာက္ေမာက္။

အထင္ေသး၊ အျမင္ေသး ဉာဥ္ေလးတစ္ခ်က္က အေတြးအေခၚကို မ်ားစြာကြာျခားေစပါသည္။အေကာင္းျမင္သူမ်ားက်ေတာ့ အကုသိုလ္စိတ္ကို လုံး၀ အဝင္မခံတတ္။သူမ်ား၏ ခ်ိဳ႕ယြင္းခ်က္ကို မရွာသည့္အျပင္ အရည္အခ်င္းေကာင္းမ်ားကိုသာ ေဖၚထုတ္ခ်ီးမြမ္းေလ့ရွိသည္။မိမိကိုယ္တိုင္ ေရာင့္ရဲတင္းတိမ္စြာ ေနထိုင္စားေသာက္၍ အျခား ဘယ္သူ႔ကိုမွလည္း အျပစ္မတင္တတ္ေပ။

သည္းခံျခင္းအရာ၌ သာလြန္မင္း လက္ထက္ မတၱရာဆရာေတာ္သည္ အထူးထင္ရွားသည္။ဆရာေတာ္သည္ ေတာေက်ာင္းေလးမွာ တပည့္ ရဟန္း၊ သာမေဏမ်ားကို စာသင္စာခ်ေပးရင္း ေအးေအးခ်မ္းခ်မ္း တရားအားထုတ္လ်က္ရွိသည္။ေလာဘ၊ ေဒါသ၊ ေမာဟ မီးမ်ားက ဆရာေတာ့္ကို မေလာင္ကြၽမ္းေစႏိုင္ေတာ့။ဆရာေတာ့္မွာ မာန္မာနမရွိ။သည္းခံတတ္၏။ကုသိုလ္စိတ္ကို ေရွးရႈ၍ ေယာနိေသာ မနသီကာရ (သင့္တင့္ေသာ ႏွလုံးသြင္းမွန္မွန္) ျဖင့္ သတိအၿမဲကပ္လ်က္ေနေလသည္။ဆရာေတာ္၏ သတင္းကို ၾကားရေသာ သာလြန္မင္းတရားႀကီးက ၾကည္ညိဳေလးစားမိေလသည္။သို႔ေသာ္ ဆရာေတာ္၌ အမွန္တကယ္ တရားကိန္း မကိန္း စမ္းသပ္ရန္ ႀကံစည္သည္။ထို႔ေၾကာင့္ ဆရာေတာ့္ထံ အမတ္မ်ားလႊတ္၍ ေ႐ႊနန္းေတာ္တြင္ လာေရာက္သီတင္းသုံးရန္ ေလွ်ာက္ထားသည္။ဆရာေတာ္က “ေ႐ႊနန္းေတာ္မွာဆိုေတာ့ သာသနာျပဳဖို႔ ပိုၿပီးအဆင္ေျပတာေပါ့” ဟု ဆိုကာ အမတ္ႀကီးမ်ားႏွင့္ လိုက္ပါလာခဲ့သည္။သာလြန္မင္းက ေနာက္ထပ္အမတ္မ်ား ေစလႊတ္ျပန္၍ အေျခအေနအရ မူလေတာေက်ာင္း၌သာ သတင္းျပန္သုံးပါဦးဟု ေလွ်ာက္ထားေစပါသည္။ဆရာေတာ္က မ်က္ႏွာတစ္ခ်က္မပ်က္ တုန႔္ဆိုင္းျခင္းမရွိဘဲ “အဆင္ေျပတာေပါ့။ေက်ာင္းမွာက်န္ရစ္ခဲ့တဲ့ စာသင္သား ရဟန္း သာမေဏေတြကို စာသင္စရာ စာခ်စရာေတြ ရွိေနတာနဲ႔ အေတာ္ပဲ” ဟု ဆိုကာ ေအးေအးေဆးေဆးပင္ လမ္းတစ္ဝက္မွ ျပန္ႂကြသြားသည္။အခ်ိန္အတန္ၾကာၿပီးေနာက္ သာလြန္မင္းက ေ႐ႊနန္းေတာ္မွာ သီတင္းသုံးပါရန္ ေနာက္တစ္ခါ ပင့္ေဆာင္ျပန္ရာ ဆရာေတာ္က မညည္းမညဴဘဲ “မင္းႀကီးႏွင့္တကြ နန္းတြင္းရွိ ဒါယကာ၊ ဒါယိကာမမ်ားကို တရားေဟာ၊ တရားျပဖို႔ အဆင္ေျပတာေပါ့” ဟု နန္းေတာ္သို႔ လိုက္ပါသီတင္းသုံးသည္။တဖန္ သာလြန္မင္းက ဆရာေတာ္ နားေအးပါးေအး တရားအားထုတ္ရန္ဟု ထန္းလက္မိုး ထန္းလက္ကာ ေျမစိုက္ေက်ာင္းသခၤမ္းေလးတြင္ ေခတၱဆင္း၍ သီတင္းသုံးရန္ ေလွ်ာက္ထားသည္။ထိုအခါ ဆရာေတာ္က “ေကာင္းတာေပါ့ တက္ရဆင္းရ မလုပ္ရဘဲ ေျမႀကီးေပၚမွာဆိုေတာ့ သက္သက္သာသာ တရားအားထုတ္ ရေတာ့မွာပဲ” ဟု အသာတၾကည္ပင္ ထန္းလက္တဲေက်ာင္းေလးသို႔ဆင္း၍ သီတင္းသုံးသည္။

ဒါယကာ ဒါယိကာမတို႔က ဆြမ္းကပ္ေသာအခါတြင္ ဆြမ္းကမာေနလွ်င္ “ေကာင္းတယ္။ေသေသခ်ာခ်ာ ဝါးရေတာ့ သြားေတြခိုင္တာေပါ့” ဟု ဆို၍ ဆြမ္းေပ်ာ့သြားေသာ အခါတြင္လည္း “ေကာင္းတယ္။အဝါးရသက္သာတယ္။အစာလည္း ေၾကလြယ္တာေပါ့” ဟု ဆိုတတ္သည္။

ထိုမွ် အေကာင္းဘက္မွခ်ည္း ေတြးေပးတတ္ေသာေၾကာင့္ ဘုရင္မင္းျမတ္ႏွင့္တကြ ဒါယကာ ဒါယိကာမမ်ား အားလုံးက ဆရာေတာ္၏ အက်င့္သီလႏွင့္ သည္းခံစိတ္၊ အေကာင္းျမင္စိတ္ကို အံ့ၾသၾကည္ညိဳ မဆုံးၾကေတာ့။

ထိုသို႔ အေကာင္းျမင္စိတ္ ရွိရန္မွာ ကိုယ္တိုင္က အမ်ားအေပၚ ေမတၱာေရွးရႈစိတ္ရွိမွ ေလာကဓံကို သည္းခံႏိုင္မွ ျဖစ္ေပသည္။ႏွလုံးသြင္းမွန္မွ လုပ္ရပ္မွန္ႏိုင္ေပမည္။ကိုယ္တိုင္က ေကာင္းမႈ၊ မေကာင္းမႈကို ခြဲျခားသိရမည္။မေကာင္းမႈမလုပ္ဖို႔၊ အျပစ္မလုပ္မိဖို႔ စိတ္ဓာတ္ခိုင္ခိုင္မာမာ ထိန္းခ်ဳပ္ႏိုင္ရမည္။သူမ်ားကို အျပစ္ရွာဖို႔ လုံးဝမစဥ္းစားသင့္။
သူမ်ားအေပၚ အျပစ္ဖို႔ျခင္းသည္ တကယ္ေတာ့ မိမိ၏ ႀကီးမားဝန္ေလးေသာ အျပစ္ႀကီးျဖစ္ေၾကာင္း သိထားရမည္။တကယ္ အျပစ္ရွာရမည့္သူမွာ မိမိကိုယ္တိုင္ကို ျဖစ္သည္။သူမ်ားကို အျပစ္မတင္ဘဲ မိမိကိုယ္ကို အျပစ္တင္မွ သူမ်ားလည္း စိတ္မညစ္၊ ကိုယ္လည္း အကုသိုလ္မျဖစ္သည့္အျပင္ တျဖည္းျဖည္းႏွင့္ မိမိတြင္ရွိေသာ ခ်ိဳ႕ယြင္းခ်က္မ်ားကို ျပင္ၿပီးသား ျဖစ္လာေပလိမ့္မည္။

သူမ်ားကိုသာ အျပစ္တင္ခ်င္သည့္ မေကာင္းျမင္စိတ္ရွိသူႏွင့္ မိမိကိုယ္ကို အျပစ္တင္၍ သူမ်ား၏ အမွားကို သည္းခံသည့္ အေကာင္းျမင္စိတ္ ရွိသူတို႔သည္ အျမင္ခ်င္း ဆန႔္က်င္ေနသကဲ့သို႔ အက်ိဳးရလဒ္ခ်င္းလည္း လုံးဝျခားနားေလသည္။မေကာင္းျမင္စိတ္ေၾကာင့္ ပထမဆုံးရလဒ္က မိမိကိုယ္တိုင္ ေသာက၊ ေဒါသမ်ား ျဖစ္ရသည္။မိမိကိုယ္ကို လိပ္ျပာမသန႔္သည့္အျပင္ လူမႈဆက္ဆံေရးလည္း ပ်က္ျပားသည္။အကုသိုလ္ကံ အသစ္တစ္ခုလည္း ျဖစ္သြားသည္။အေကာင္းျမင္စိတ္ေၾကာင့္ ပထမဆုံးရလဒ္က မိမိကိုယ္တိုင္ စိတ္ခ်မ္းသာသည္။မိမိကိုယ္ကို လိပ္ျပာသန႔္သည္။လိပ္ျပာသန႔္၍လည္း စိတ္လုံၿခဳံမႈ ရွိလာသည္။ မိမိကိုယ္မိမိ ယုံၾကည္စိတ္ ပိုမိုခိုင္မာလာသည္။လူမႈဆက္ဆံေရး ပိုမိုေကာင္းမြန္လာသည္။မိတ္ေဆြသစ္ တိုးပြား၍ လူမႈအဖြဲ႕အစည္းႏွင့္ အံဝင္ခြင္က် ေနတတ္လာသည္။ ေကာင္းမႈကုသိုလ္ကံ အသစ္တစ္ခုလည္း ရရွိလာသည္။

အေကာင္းျမင္ျခင္းႏွင့္ အဆိုးျမင္ျခင္းသည္ အျဖဴႏွင့္အမည္း၊ အလင္းႏွင့္အေမွာင္၊ သန႔္ရွင္းျခင္းႏွင့္ညစ္ပတ္ျခင္း၊ ေအးျမျခင္းႏွင့္ပူေလာင္ျခင္း၊ တည္ၿငိမ္ျခင္းႏွင့္လႈပ္ရွားျခင္း၊ ယုံၾကည္မႈႏွင့္သံသယရွိမႈမ်ားအျဖစ္ လုံးဝဆန႔္က်င္ေပသည္။ ထိုသို႔ သေဘာထားခံယူခ်က္ခ်င္း ဆန႔္က်င္သည့္စိတ္ ႏွစ္စိတ္ကို ႏႈိင္းယွဥ္ေဖၚျပထားေသာ ‘ေျခာက္ျပစ္ကင္း’ ဇာတ္လမ္းေလး အက်ဥ္းကို ေျပာျပခ်င္ပါသည္။

အမ်ိဳးသားပညာဝန္ ဦးဖိုးက်ား၏ ကိုယ္ေတြ႕ဝတၳဳတိုမ်ားမွာ ပါဝင္သည့္ ဇာတ္လမ္းေလးပါ။

႐ြာတစ္႐ြာတြင္ ေတာင္ပိုင္းႏွင့္ေျမာက္ပိုင္းရွိသည္။ ေတာင္ပိုင္းတြင္ မိသားစုတစ္စု ေနထိုင္သည္။အေဖ၊အေမ၊ သမီးႀကီးႏွင့္သားငယ္တို႔ မိသားစုေလးေယာက္ျဖစ္သည္။ ေျမာက္ပိုင္းတြင္လည္း ေတာင္ပိုင္းမိသားစုႏွင့္အလားတူ မိသား စုေလးေယာက္ရွိသည္။

ေတာင္ပိုင္းမိသားစုတြင္ျဖစ္သည္။

တစ္ေန႔ သားငယ္က ေသာက္ေရခပ္ေသာက္ရင္း ဖန္ခြက္က်ကြဲသြားသည္။ ထိုအခါ သားငယ္က သူ႔အျပစ္ကို ကာကြယ္ကာ အစ္မျဖစ္သူက ေရေသာက္ၿပီး ဖန္ခြက္ကို အေသအခ်ာျပန္မထားခဲ့၍ ယခုကဲ့သို႔ ျဖစ္ရသည္ဟု အစ္မကို အျပစ္တင္သည္။ အစ္မျဖစ္သူကလည္း သူမတြင္အျပစ္မရွိ၊ ေမာင္ငယ္၏ေပါ့ဆမႈေၾကာင့္ျဖစ္သည့္အျပင္ အဓိက အျပစ္ရွိ သူမွာအေမျဖစ္၍ အေမသည္ ဖန္ခြက္ကို ေသခ်ာ မေဆးေၾကာ၍ျဖစ္ေၾကာင္း အေမ့ကို အျပစ္တင္သည္။အေမျဖစ္သူက လည္း သူမမွာ အျပစ္မရွိဘဲ သမီးႏွင့္သား ေလာႀကီး၍ျဖစ္ေၾကာင္း၊အထူးသျဖင့္ မကြဲမရွႏိုင္ေသာ ‘ႏွီးခြက္’မဝယ္ဘဲ ကြဲလြယ္ရွလြယ္ေသာ ‘ဖန္ခြက္’ဝယ္လာသည့္ လင္ေယာက်ၤားကို အျပစ္တင္သည္။
ေယာက်ၤားကလည္း သူ႔တြင္အျပစ္မရွိ မိန္းမႏွင့္သမီးတို႔သားတို႔တြင္ အျပစ္ရွိေၾကာင္းေျပာျပန္သည္။ သည္လိုႏွင့္ မိသားစုေလးေယာက္ တစ္ေယာက္ကို တစ္ေယာက္ လက္ညႇိဳးထိုးကာ စကားမ်ားၾကရေလသည္။

ေျမာက္ပိုင္းမိသားစုတြင္လည္း အလားတူအျဖစ္အပ်က္မ်ိဳး ျဖစ္ခဲ့ပါသည္။

တစ္ေန႔ သားငယ္က ေရေသာက္ရင္း ဖန္ခြက္က်ကြဲသြားသည္။ ခ်က္ခ်င္းပင္ သားငယ္က သူ႔ကိုယ္သူ အျပစ္တင္ သည္။ သူသတိလစ္သြား၍ လက္မၿမဲ၍ လြတ္က်ရေၾကာင္း ဝန္ခံသည္။ အစ္မျဖစ္သူကလည္း ေမာင္ငယ္၏အျပစ္မဟုတ္။ သူမမွာ အျပစ္ရွိသည္။ ေမာင္ငယ္ ေရခပ္မေသာက္ခင္ သူမေသာက္ခဲ့ေသးေၾကာင္း ေနရာတက် ျပန္မထားမိဘဲ အစြန္မွာ တင္ထားမိ၍ျဖစ္ေၾကာင္းေျပာသည္။ ထိုစဥ္ မိခင္ကဝင္၍ သူတို႔ေမာင္ႏွမ ႏွစ္ေယာက္ ေရမေသာက္ခင္ ဖန္ခြက္ကို ေဆးေၾကာခဲ့ရာ ဆပ္ျပာမစင္၍ ယခုကဲ့သို႔ ဖန္ခြက္ကြဲရေၾကာင္း၊ ထို႔ေၾကာင့္ ဖန္ခြက္ေဆးသည့္ သူမတြင္သာ အျပစ္ရွိ ေၾကာင္း သားႏွင့္သမီးကို အားေပးသည္။ ေနာက္ဆုံးတြင္ ဖခင္ျဖစ္သူက သူအေတြးမွားၿပီး မကြဲမရွႏိုင္ေသာ ‘ႏွီးခြက္’ မဝယ္ ခဲ့ဘဲ အလြယ္တကူကြဲႏိုင္သည့္ ‘ဖန္ခြက္’ ဝယ္လာမိျခင္းက အဓိကျဖစ္သည္။ ထို႔ေၾကာင့္ သူ႔မွာ အဓိကအျပစ္ရွိေၾကာင္း ေနာင္တ စကားႏွင့္ယွဥ္၍ အျပစ္အားလုံးကို သူ႔ေခါင္းေပၚ ဆြဲတင္ေလသည္။

လူခ်င္း၊ အျဖစ္ခ်င္းတူေသာ္လည္း ခံယူထားသည့္ အေတြးအျမင္ခ်င္း မတူညီသည္ကို ရွင္းလင္းစြာ ျမင္သာပါ သည္။ အက်ိဳးေက်းဇူးအျဖစ္ ေအးျမျခင္း၊ပူေလာင္ျခင္းကို ထင္ထင္ရွားရွားျမင္ေစပါသည္။ ေမတၱာႏွင့္ေဒါသ၊ အနစ္နာခံျခင္း ႏွင့္အျပစ္တင္ေဝဖန္ျခင္း၊ တစ္ကိုယ္ေကာင္းမဆန္ဘဲ အမ်ားအတြက္ ငဲ့တတ္ျခင္းႏွင့္တစ္ကိုယ္ေကာင္းဆန္ အတၱႀကီးမား ျခင္းတို႔ကို သိသိသာသာျမင္ႏိုင္ပါသည္။

တကယ္ေတာ့ မေကာင္းျမင္စိတ္ရွိသူသည္ အလုပ္တစ္ခုကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ အျပစ္ကင္းကင္းႏွင့္ လြယ္ကူစြာ လုပ္ႏိုင္ခြင့္ ရွိေနပါလ်က္ မခက္ခဲ ခက္ခဲေအာင္၊ မပင္ပန္း ပင္ပန္းေအာင္ တမင္တကာ လုပ္ေနသလို ျဖစ္ေနေပသည္။

ထို႔ေၾကာင့္လည္း အဂၤလိပ္အဆိုအမိန႔္ေလး တစ္ခုက ထိုသေဘာကို ဤသို႔ ေျပာထားပါသည္။

A positive mind finds a way it can be done.
A negative mind looks for all the ways it can’t be done.

အျပဳသေဘာ ေဆာင္သည့္စိတ္က ေဆာင္႐ြက္ႏိုင္သည့္ နည္းလမ္းေကာင္းကို ရွာေဖြေတြ႕ရွိသည္။

အဖ်က္သေဘာ ေဆာင္သည့္စိတ္က ေဆာင္႐ြက္၍ မရႏိုင္သည့္ နည္းလမ္းအားလုံးကိုသာ လိုက္လံရွာေဖြေလသည္။

႐ိုက္ေမာင္း
ေမ - ၇