【 ဆောင်းပါး 】 “အပုပ်ချိန်တွေ များနေသလား”

【 ဆောင်းပါး 】 “အပုပ်ချိန်တွေ များနေသလား”

ငယ်စဉ်ကာလ ကျောင်းစာမေးပွဲဖြေဆိုကာနီး စာမေးပွဲအတွက် အထောက်အကူမပေးနိုင်သည့် အလုပ်မျိုးလုပ်နေသည့်အခါ ဆရာ/ဆရာမတွေက “တယ်…. ဒီကလေးတွေ တော်တော်အချိန်ပိုနေလား အချိန်ပုပ်အောင်လုပ်နေပါလား” ဟု ဆူကြသည်။အရွယ်ရောက်လို့ လုပ်ငန်းခွင်ဝင်သည့်အခါ ကျောင်းထဲ သင်ဖော်သင်ဖက် ဆရာ/ဆရာမ တစ်ယောက်နှင့် ထွေရာလေပါး ပြောကြသည့်အချိန်ကြာနေခဲ့လျှင် ဆရာကြီးက မကျေမနပ် ဗျစ်တောက်ဗျစ်တောက်နှင့် “.. ဒီကောင်တွေ အချိန်ပိုနေလား… ၊ အပုပ်ချိန်တွေတော်တော်များနေပြီ” ဟု ဆိုလေ့ရှိ၏။ထို့ကြောင့် စာရေးသူမှာထို “အချိန်ပုပ်=အပုပ်ချိန်” ဟူသော စကားရပ်နှင့် အတော်လေးရင်းနှီးနေမိသည်။သို့သော် စကား၏ နက်နဲသောအဓိပ္ပါယ်ကိုတော့ သတိသိပ်မထားမိချေ။
 
လုပ်ငန်းခွင်မှထွက် ပြင်ပလောကသို့ရောက်သည့်အခါ ဘဝတက္ကသိုလ်မှာ အပြင်းအထန်ရုန်းကန် နေရသည့်ကာလကြမှ ထိုအပုပ်ချိန်ဆိုသော စကား၏ အဓိပ္ပာယ်ကို ထဲထဲဝင်ဝင် နားလည်သဘောပေါက်လာသည်။ထို့အတူ စိတ်ထဲကလည်း ထိုအချိန်ကာလများကို ပြန်လည်နှမျောမိလေသည်။အဘယ်ကြောင့်များနည်း…. ။ ?
 
အပုပ်ချိန် (ဝါ) အချိန်ပုပ်ဆိုတော့ စကားရပ်သည် မြန်မာစာအဘိဓာန်တွင် မည်သို့အဓိပ္ပယ်ဖွင့်ဆိုထားသည်တော့ စာရေးသူမသိ။ကျွန်တော် နားလည်သဘောပေါက်မိသည်ကတော့ - အကျိုးမရှိသည့်အလုပ် (ဝါ) အဖြေရှိပြီးသား ပုစ္ဆာတစ်ပုဒ်ကို အချိန်ကုန်ခံခြင်း၊ တစ်နည်းအားဖြင့် ဘယ်လိုပဲကြိုးစားကြိုးစား ပြောင်းလဲမှုရှိမလာနိုင်သည့် နည်းလမ်းကို ထပ်ဖန်တစ်လဲလဲအသုံးချ၍ အချိန်ကုန်ဆုံးစေခြင်း (ဝါ) အကျိုးမဲ့ အချိန်ဖြုန်းတီးခြင်းဟု နားလည်မိလေသည်။အဘယ်ကြောင့်ဆိုသော် စာရေးသူဝန်ထမ်းဘဝကကုန်ခဲ့သော အချိန်ကာလများသည် အထက်ကဆိုသော ပုံစံမျိုးနှင့်သာ ကျွန်တော်တို့ အချိန်ကုန်ဆုံးခဲ့ရ၍ဖြစ်သည်။
 
ထိုအချိန်ကာလများတွင် သူများယောင်၍ လိုက်ယောင်ကာ ကိုယ်နှင့် မည်သို့မှမအပ်စပ်သည့် သင် တန်းတွေလိုက်တက်၊ ခေါင်းငြိတ်ရုံသက်သက် အစည်းအဝေးတွေမှာ လိုက်ထိုင်လို့လိုက်ထိုင်၊ နှုတ်ဆိတ်ဆိတ်နေရသော အခမ်းအနားတွေမှာ ကျင်လည်ရနှင့် တော်တော်လေးကို အချိန်တွေ ကုန်ဆုံး ပုပ်သိုးခဲ့ရသည်။ယခုပြန်စဉ်းစားကြည့်တော့ နှမျောလိုက်သည့်ဖြစ်ခြင်း။ထိုကုန်ဆုံးခဲ့သော အချိန်ကာလများထဲက တစ်နှစ်လောက် သာ ယခုပြန်ရကြည့်.. ။တော်တော်လေးကို အကျိုးရှိလိမ့်မည်ဖြစ်သည်။
 
ကိုယ့်အတွက်လဲ အကျိုးမရှိ၊ အများအတွက်လဲ အကျိုးမရှိပဲ၊ မလုပ်၊ မရှုပ်၊ မပြုတ်ဟူသောဆောင်ပုဒ်နှင့် ကျင်လည်ခဲ့သော အစိုးရဝန်ထမ်းကာလများတွင် ဘယ်သူကဆုတ်ယုတ်၍ ဘယ်သူကတိုးတက်သွားသလဲ ယခုစဉ်းစားမိတော့ ကျွန်တော်တို့သာ အကျိုးယုတ်ခဲ့ရသည်။ထိုကဲ့သို့ ပေါ့ပျက်ပျက် နှစ်ကာလကြာရှည်စွာနေထိုင်ခဲ့ခြင်း၊ ကိုယ်ခန္ဓာသက်သာအောင် ရေသာခိုခဲ့ခြင်း၏ အကျိုးဆက်က ယခုအထိ စာရေးသူတို့ ခံနေရဆဲဖြစ်သည်။သေချာသည်ကတော့ မြင်သာသည့် ရေတိုအပိုင်းတွင် လတ်တလော “သက်သာချောင်ချိ” သည်ဟု ထင်မှတ်ရသော်လည်း ရေရှည် မမြင်သာသည့်အပိုင်းတွင်မူ စိတ်ဓာတ်ပိုင်းဆိုင်ရာယိုးယွင်း၍ စံမမီမှုက ထင်ရှားစွာပေါ်ပေါက် မြင်သာလာပေသည်။
 
ထိုအကြောင်းကို စဉ်းစားမိလေသောအခါ ငယ်ငယ်က သင်ခဲ့ရသည့် ဆရာပီမိုးနင်း ရေးသော “အလုပ်ဂုဏ်” ဆောင်းပါးကို သတိရမိသည်။
 
ထိုထဲတွင် ဆရာပီမိုးနင်း က “လူတို့ကို သေးနှုတ်ရမ်သိမ်ဖျင်း နိမ့်ရာသို့ဆင်းစေသော နည်းလမ်း များတွင် အလုပ်ကိုပေါ့ပေါ့ဆဆ အပေါစားလုပ်ခြင်းသည် အကြီးဆုံးသော အကြောင်းတစ်ခုဖြစ်လေသည်။အကြင်အလုပ်သမား၊ အကြင်ပညာတတ်တစ်ယောက်သည် မိမိအလုပ်များကို ပေါ့ပေါ့ဆဆလုပ်တတ်သောအလေ့ကို များစွာရရှိသောအခါ၌ ကိုယ်တိုင်လဲ လူပေါ့ဖြစ်ကာ အဖိုးတန်သော အခြေအနေမှ သက်လျှောကျရောက်မည်က မလွဲပေ။” ဟု ဆိုထားသည်။
 
အဘယ်မျှမှန်လိုက်လေသနည်း။ကိုယ်က သူများအကျိုးမရှိဖို့လုပ်ရာမှ ကိုယ်ကိုယ်တိုင်လည်း တစ်စတစ်စနှင့် အကျိုးနည်းလာသည်အဖြစ်မျိုး။ထိုအချိန်တုန်းကတော့ ဒါကိုမမြင်နိုင်ခဲ့။ယခုတော့ ထိုသို့လုပ်ခဲ့ ကျင်ကြံခဲ့ခြင်း အကျိုးဆက်ကြောင့် ပြင်ပလောကသို့ထွက်သည့်အခါ ထိုအချိန်ကိုဖြုန်းတီးတတ်သည့် အကျင့်ဆိုးကြီးက ဝသီတစ်ခုလို စွဲမြဲနေခဲ့သည်။နောက်ပိုင်းတော့ မကောင်းမှန်းသိ၍ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ထက်အကျင့်စာရိတ္တကောင်းသူ ပို၍တိုးတက်မြင့်မားနေသူတို့ကို အတုယူကာ အကျင့်ဆိုးကို ရနိုင်သလောက်ပြင်ခဲ့ရသည်။ဒါတောင် ယခုထိကျန်နေသေး။ဒီလိုအဖြစ်မှာ ဘယ်သူရှုံး၍ ဘယ်သူမြတ်ခဲ့ပါသနည်း။သေချာသည်ကတော့ ရေသာခိုတတ်သည့်စိတ်ကြောင့် အချိန်ကောင်းတွေ းကုန်ကာ ဘဝတက်လမ်းကို ဆုံးရှုံးခဲ့ရသည်က ကတော့ အမှန်ပဲ။
 
ထို့သို့ပင် ယနေ့ခေတ် လူငယ်၊ လူရွယ်၊ လူကြီးဆိုသော မှား/မှန် တိကျသေချာ အဆုံးအဖြတ်ဝေဖန်နိုင်သော လူပုဂ္ဂိုလ်များတွင် တစ်ခါတစ်လေအကျိုးမရှိသော ကျောင်း၊ သင်တန်း၊ စုဝေး၊ စည်းဝေး ဆွေးနွေး စသော မည်သို့မှ ဘာမှထူးမလာနိုင်သည့် ကိစ္စရပ်မျိုးကို အချိန်ပုပ်ခံ၍ တခုတ်တရ ရေးကြီးခွင်ကျယ် လုပ်နေတတ်ကြသည်။ထိုအရာက တစ်ချိန်ချိန်မှာ အသုံးဝင်လာနိုင်သည်ဆိုသော အတွေးနှင့်။သို့သော် ယခုပင်လျှင် အသုံးမဝင်လျှင် နောင်အသုံးဝင်/မဝင်ဆိုတာ သိပ်မသေချာ။
 
ယနေခေတ် နိုင်ငံတကာမှာပဲကြည့်ကြည့် ပြည်တွင်းမှာပဲကြည့်ကြည့် လုပ်ငန်းနယ်ပယ်အသီးသီးတွင် တွင်ကျယ်အောင်မြင်နေသည့် တကယ်တတ်ကျွမ်းသိရှိ ကျော်ကြားသူတို့ကို လေ့လာကြည့်လျှင် တစ်ရာမှာ တစ်ရာဆိုသလို ရာနှုန်းပြည့်တူညီသောအချက်မှာ သူတို့၏ အချိန်အများစုကို အလဟဿအသုံးမပြုလိုက်ကြခြင်းနှင့် မည်သို့သောကိစ္စကိုမှ အချည်းအနှီးမဲ့ ရည်ရွယ်ချက်၊ ဦးတည်ချက်မရှိပဲ မလုပ်ခြင်းပင်ဖြစ်သည်။
 
တစ်ခါက ထင်ရှားသော လုပ်ငန်းရှင်ကြီးတစ်ဦး၏ အင်တာဗျူးတစ်ခုတွင် အင်တာဗျူးသူက “အန်ကယ် ခင်ဗျား… အောင်မြင်သည့် လူတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်ပါသလဲ” ဆိုသော မေးခွန်းကို လုပ်ငန်းရှင်ကြီးက “တကယ်လိုတာက အချိန်ဆိုတာ ကိုယ့်အတွက်မဟုတ်ရင်တောင် တစ်ခြားသူအတွက် ထိရောက်အောင်အသုံးပြုနိုင်ဖို့ပါပဲ“ ဟု ပြန်ဖြေခဲ့သည်။ထိုအမေးအဖြေလေးကို စတင်ဖတ်မိသည့်အချိန်ကတည်းက သဘောကျမိခဲ့သည်။
 
ဘာကြောင့် သဘောကျသလဲဆိုတာကို လူမျိုးနှင့်ချီ၍ ရာဇဝင်ခင်းမှရမည်။သည်အတွက် တစ်ချို့က ဆတ်ဆတ်နာ၍ တချို့က သွက်သွက်ခါကြမည်။သို့သော် တကယ်နားလည်ရိပ်စားမိသူကတော့ သဘောကျ လက်ခံပေလိမ့်မည်။ဒါက တခြားမဟုတ်။မြန်မာတိုင်းရင်းသားအပါအဝင် အာရှသား (ဝါ) အရှေ့တိုင်းသားများ၏ ပင်ကိုဝသီစရိုက်ကြောင့် အချိန်တွေပုပ်နေရသည်။ထို ပင်ကိုဝသီစရိုက်က သာမန်ယေဘုယျသ ဘောကြည့်လျှင်တော့ ချစ်စရာလိုလို၊ ဂုဏ်ယူစရာရာလိုလိုနှင့်။တကယ်တော့ သိပ်ကိုဆိုးရွားလှသည်။ဒီစရိုက်မှာ လူတစ်ယောက် (သို့မဟုတ်) ဧည့်သည်တစ်ယောက်လာလျှင် မပြီးနိုင် မစီးနိုင် ဧည့်ဝတ်ပြုမှုနှင့် စကားကြောရှည်မှုပင်။ထိုသို့ ပြုလုပ်သဖြင့် ကိုယ့်ဆီက ဘာတွေပါသွား၍ သူ့ဆီက ဘာတွေများ ကိုယ်ရလိုက်ပါသနည်း။တကယ်တော့ နှစ်ဦးစလုံးအချိန်တွေ အကျိုးမဲ့ဆုံးရှုံးသွားသည့်အပြင် တခြားတခြားသော လုပ်ငန်းဆောင်တာများ ချိန်းထားမိလျှင် လွဲကောင်းလွဲသွားနိုင်ပေသည်။အဘယ်မျှဆိုးလှသနည်း။
 
မလိုအပ်ပဲ စကားရှည်ခြင်း (ဝါ) အကျိုးမဲ့ စကားစမြည်ပြောဆိုနေခြင်းသည် တကယ်စဉ်းစားကြည့်လျှင် စကားပြောသူ နှစ်ဦး သုံးဦးကြား ရင်းနှီးမှုကို တိုးမလာစေသည့်အပြင် အခန့်မသင့်လျှင် ရန်မီးရန်စကိုပင် စတင်၍ပွားများစေနိုင်လေသည်။ဘာကြောင့်များ အပိုတွေပြောနေကြသနည်း။လက်နဲ့လုပ်မှရမည့်ကိစ္စကို ပါးစပ်နှင့်ပြော၍ လေကုန်ရုံသာ ရှိပေလိမ့်မည်။ဘာများ ပို၍ထူးလာပေလိမ့်မည်နည်း။သာမန်လူအများစုမှာ ဘယ်လောက်အချိန်တွေ ပိုနေသလဲ ကုန်နေသလဲ၊ အချိန်တွေပုပ်နေကြသလဲဆိုတာ မနက်စောစော လက်ဖက်ရည်ဆိုင်မှာကိုသာကြည့်။မနက်လည်းပြော၊ နေ့လယ်လည်းပြော၊ ညဘက် အရက်ဆိုင်၊ ဘီယာဆိုင်မှာလည်းပြောနှင့်။သည်လောက် နေ့ရက်ဆက် ပြောပြောနေကြတာ မပြီးနိုင် မစီးနိုင်။မငြီးငွေ့နိုင်ကြဘူး လား။ဘာတွေများ သည်လောက်တောင် ပြောစရာရှိနေကြပါလဲ။ဘာတွေများ သည်လောက် ရင်ဖွင့်နေကြပါသလဲ။
 
သည်လိုဆို၍ “မင်းရော ဒီအထဲမှာ မပါဘူးလား” ဟု မေးကြလျှင် “ပါတာပေါ့ဗျာ ထိပ်ဆုံးကပေါ့” ဟု ဆိုရပေလိမ့်မည်။သာမန်အား စကားတစ်ခွန်း နှစ်ခွန်းလောက်နှင့် ပြတ်သည့်ကိစ္စကို မလိုအပ်ပဲ စကားကြောရှည်နေမှုကြောင့် ရှိပြီးခင်မင်မှုထက် တိုးပွားမလာဘဲ ရန်များကြသည့်အဖြစ်တွေ ပတ်ဝန်းကျင်မှာ မကြာခဏတွေ့နေရသည်မဟုတ်လား။လူတွေက ဘာကြောင့်များ ”ဒီလူဖော်‌ရွေသည်။ဧည့်ဝတ်ကျေပွန်သည်“ ဆိုသော စကားကို တလွဲတွေး၍ ဘာအကောက်အယူမှားနေကြပါသည်လဲ။ဂုဏ်ယူနေကြပါသလဲ။
 
အနောက်နိုင်ငံတွေမှာတော့ သူတို့ဓလေ့ထုံးစံက ဒီလိုမဟုတ်။ခင်မင်ရင်းနှီးသော သူငယ်ချင်းမဆိုထားနှင့် အရင်းနှီးဆုံးဖြစ်သော လင်နှင့် မယား အိမ်ထောင်ဘက်အချင်းချင်းမှာတောင် တစ်ယောက်အချိန်ကို တစ်ယောက် တန်ဖိုးထားပေသည်။ဤသို့သောဓလေ့ကို သူတို့က ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးခဲ့ကြသည်။အဘယ်မျှ ကောင်းသနည်း။တခြားတဖက်ကတွေးလျှင် စိမ်းသည်၊ စိမ်းကားသည်ဟု ဆိုနိုင်သော်လည်း ထိုလောက်မဟုတ်လျှင်တောင် တဝက်လောက် စာရေးသူတို့ မြန်မာလူငယ်၊ လူရွယ်တွေ ကိုယ့်အချိန်ကို သူများအချိန်ကို လေးစားပေးကြလျှင် ယနေ့ခေတ်ကဲ့သို့ လူ့အောက်ကျ သူ့အောက်ကျ အဖြစ်မျိုးက အတန်အသင့် လျော့ပါးလိမ့်မည်ဟု ထင်မိသည်။
 
ကျွန်တော်တို့တွေက အလုပ်တစ်ခုကိုလုပ်ဖို့ (ဝါ) ကိစ္စတစ်ခုဆောင်ရွက်ဖို့ဆိုလျှင် နေရွှေ့ညရွှေ့နှင့် လုပ်တတ်ကြတာ အများစုဖြစ်သလို “လာ…. လက်ဖက်ရည်ဆိုင်သွားမယ်၊ ဘီယာဆိုင်သွားမယ်“ ဆို သုတ်ကနဲ ဆွေ့ကနဲက အများစု ဖြစ်သည်။တခြားမကြည့်နှင့်။ယနေ့ လက်ဖက်ရည်ဆိုင်၊ အရက်ဆိုင်တွေမှာ ဘယ်သူတွေပိုများနေလဲ။ယနေ့ခေတ် လူဦးရေအချိုးနှုန်းအရ လူနှစ်ဆယ်မှာ ကုလားတစ်ယောက် တရုတ်တစ်ယောက်ရှိတယ်ဆိုလျှင်တောင် ထိုအရက်ဆိုင်၊ လက်ဖက်ရည်ဆိုင်ရှိ လူသုံးဆယ်ထဲမှာ တရုတ်၊ ကုလားဆိုတာကို တွေ့ဖို့ရှားပေလိမ့်မည်။သို့သော် ရှိတော့ရှိသည်ဟု အတင်းအကျပ်ငြင်းလျှင်တော့ အဲဒါဆိုင်ရှင်ဟု ပြောရလိမ့်မည်ဖြစ်သည်။မယုံလျှင် ကိုယ့်အနီးအနားက ဆိုင်ကိုသာကြည့်။ 
 
မကောင်းသောအကျင့်၊ မကောင်းသောစရိုက်တို့သည် လူတို့၏ဓလေ့စရိုက်နှင့် များစွာထိတွေ့စရာမလိုဘဲ လျှင်မြန်စွာတစ်သားတည်းကျသွားသည့် သဘောရှိ၏။ထိုသဘောကို လူပညာရှိ၊ ရဟန်းပညာရှိတို့က ကောင်းစွာသိမြင်၍ ရှေးယခင် ယခင်ကပင် ဆုံးမ၊ နီတိများ ရေးသားခဲ့ကြသည်။ဒါကို နောက်လူတို့မသိ၍မဟုတ်။မကောင်းမှုသိလျက် ငယ်စဉ်ကပင် ထိတွေ့ဖန်များ၍ အစွဲဝင်ကာ ဖျောက်ဖျက်မရသဖြင့် ဤသို့ ဖြစ်လာ ရခြင်းပင်။သေသေချာချာ စဉ်းစားကြည့်လျှင် လွန်စွာထိတ်လန့်ဖွယ်ဖြစ်သည်။ 
 
ငယ်စဉ်ကျောင်းသားဘဝက ငယ်ဆရာကို “ဆရာ ကျွန်တော့်ဘဝကို ဘယ်လိုမြင့်မားအောင်၊ စည်း ကမ်းရှိအောင်၊ ဘယ်လိုဘယ်အဆင့်ရောက်အောင်လုပ်မှာ ဆရာ” ဟု လူစုံတုန်းကြုံးဝါးပြတော့ ဆရာကရယ်ပြီး ခေါင်းကိုပုတ်ကာ “ဟေ့ကောင် တကယ်ချွန်မယ့်ကောင်က သူအလုပ်သူ သိပြီး သေချာလုပ်တာကွ။မင်းလိုအချိန်ကုန်ခံပြီး လိုက်ကြုံးဝါးနေတာမဟုတ်ဘူး။လိမ္မာချင်တဲ့ခွေး အမွှေးတခြားပါကွာ“ ဟု ပညာသားပါပါ ဆုံးမခဲ့သည်။ဟိုတုန်းက ဆရာအပေါ် စိတ်ကွက်မိသော်လည်း ယခုတော့ဟုတ်သားပဲဟု ဆရာစကားကို ထောက်ခံမိသည်။
 
ယခုလည်း ကိုယ်နှင့်မဆိုင်သော မည်သို့မှလဲ အကြောင်းမထူးသော နဂိုကတည်းက အဖြေရှိနေပြီးသားကိစ္စရပ်များကို ပြန်လည်အဖြေရှာနေသော၊ အကျိုးမရှိသောလုပ်ရပ်နှင့် အချိန်ကုန်နေကြသည့် လူငယ် လူရွယ် လူကြီးတွေကို တွေ့မြင်ရသည့်အခါ စိတ်ထဲ ဪ….. ငါ့လိုလူတွေ အများသားဟု သက်ပြင်းချမိသည်။ငယ်သည်သူများဆိုထားတော့။အချို့အချို့ဆို လျှောက်လာခဲ့သည့် လမ်းကိုလည်း သိပြီး တွေ့ပြီး မြင်ပြီး ဖြစ်သည်။နောင်ဘယ်လို လျှောက်တော့မည် လျှောက်နိုင်သည့်ဆိုတာကို သိပြီးသားနှင့်တောင် အချိန်ပုပ်ခံပြီး တစ်ခမ်းတစ်နား ပြောဆိုတိုင်ပင်တတ်သည့် ဝသီကပါနေလေတော့ “စကားပြော ဟော တသောသောနှင့် ရယ်မော၍လည်းမနေနှင့်“ ဟူသော ရှေးဆုံးမစာ ကဗျာစာသားကို မြင်သာအောင် ချိတ်ဆွဲပြထားရမလိုပင်။
 
ဒီနေရာမှာ “သစ်ပင်ကို ပါးစပ်နှင့် စိုက်၍မရ၊ လက်နှင့်စိုက်ပျိုးမှရလိမ့်မည်” ဆိုသော စကားကို သတိရမိသည်။တစ်စုံတစ်ခုသောကိစ္စတွေမှာ ကျွန်တော်တို့ ဘာတွေများမှားခဲ့၊ များခဲ့ကြသနည်း။မှားခဲ့၊ များခဲ့ပြီဆိုလျှင် ယခုအချိန်မှာတော့ အချိန်ပုပ်သည်၊ အပုပ်ချိန်ကာလကို လွတ်မြောက်ဖို့ ကိုယ်ဘာတွေပြုပြင်ရမည်ဆိုတာ သိဖို့ကောင်းနေပြီ မဟုတ်ပါလား။
 
အကယ်၍ သိခဲ့မြင်ခဲ့သည်တိုင် ဒီအရွယ်ကြီးရောက်မှ ဒီအထိရောက်ပြီးမှ ဘာထူးတော့မှာလဲဟု အရှုံးပေးသည့်စိတ်မျိုး၊ အတွေးမျိုး တွေးမိနေလျှင်တော့ ကိုယ့်အတွက်အကျိုးမရှိနိုင်ပေမဲ့ နောင်လာမဲ့ မျိုးဆက်တွေအတွက် ဒီအကျင့်ပျက်တွေမကူးစေဖို့ ရှိမနေစေဖို့ ပြင်စေချင်ခြင်းဖြစ်သည်။
 
ပြင်ခြင်း မပြင်ခြင်းကတော့ ကိုယ်ကိုယ်တိုင်ရေးတဲ့ သမိုင်းရဲ့ အဆိုးအကောင်း နောက်ဆုံးစီရင်ချက်သာ ဖြစ်ပေလိမ့်မည်။ဒီစီရင်ချက်က ကိုယ့်ဘာသာကိုချသည့် စီရင်ချက်ဖြစ်သည်။ကျန်သည့်အချိန်တွေကို ကိုယ်နဲ့ အများအတွက် တန်ဖိုးရှိရှိ သုံးမလား၊ ဖြုန်းမလားဆိုတာ ရွေးရမည်။သင်ဘယ်လိုများဆုံးဖြတ်ပါသလဲ။
 
ဒီလိုပဲ နေကြမှာလား…. ။ပြင်ကြမှာလား…… ဟု။
 
‌မောင်ဦးလွင်
ဒီဇင်ဘာ - ၁၂
 
( Zawgyi )
 
ငယ္စဥ္ကာလ ေက်ာင္းစာေမးပြဲေျဖဆိုကာနီး စာေမးပြဲအတြက္ အေထာက္အကူမေပးႏိုင္သည့္ အလုပ္မ်ိဳးလုပ္ေနသည့္အခါ ဆရာ/ဆရာမေတြက “တယ္…. ဒီကေလးေတြ ေတာ္ေတာ္အခ်ိန္ပိုေနလား အခ်ိန္ပုပ္ေအာင္လုပ္ေနပါလား” ဟု ဆူၾကသည္။အ႐ြယ္ေရာက္လို႔ လုပ္ငန္းခြင္ဝင္သည့္အခါ ေက်ာင္းထဲ သင္ေဖာ္သင္ဖက္ ဆရာ/ဆရာမ တစ္ေယာက္ႏွင့္ ေထြရာေလပါး ေျပာၾကသည့္အခ်ိန္ၾကာေနခဲ့လွ်င္ ဆရာႀကီးက မေက်မနပ္ ဗ်စ္ေတာက္ဗ်စ္ေတာက္ႏွင့္ “.. ဒီေကာင္ေတြ အခ်ိန္ပိုေနလား… ၊ အပုပ္ခ်ိန္ေတြေတာ္ေတာ္မ်ားေနၿပီ” ဟု ဆိုေလ့ရွိ၏။ထို႔ေၾကာင့္ စာေရးသူမွာထို “အခ်ိန္ပုပ္=အပုပ္ခ်ိန္” ဟူေသာ စကားရပ္ႏွင့္ အေတာ္ေလးရင္းႏွီးေနမိသည္။သို႔ေသာ္ စကား၏ နက္နဲေသာအဓိပၸါယ္ကိုေတာ့ သတိသိပ္မထားမိေခ်။
 
လုပ္ငန္းခြင္မွထြက္ ျပင္ပေလာကသို႔ေရာက္သည့္အခါ ဘဝတကၠသိုလ္မွာ အျပင္းအထန္႐ုန္းကန္ ေနရသည့္ကာလၾကမွ ထိုအပုပ္ခ်ိန္ဆိုေသာ စကား၏ အဓိပၸာယ္ကို ထဲထဲဝင္ဝင္ နားလည္သေဘာေပါက္လာသည္။ထို႔အတူ စိတ္ထဲကလည္း ထိုအခ်ိန္ကာလမ်ားကို ျပန္လည္ႏွေမ်ာမိေလသည္။အဘယ္ေၾကာင့္မ်ားနည္း…. ။ ?
 
အပုပ္ခ်ိန္ (ဝါ) အခ်ိန္ပုပ္ဆိုေတာ့ စကားရပ္သည္ ျမန္မာစာအဘိဓာန္တြင္ မည္သို႔အဓိပၸယ္ဖြင့္ဆိုထားသည္ေတာ့ စာေရးသူမသိ။ကြၽန္ေတာ္ နားလည္သေဘာေပါက္မိသည္ကေတာ့ - အက်ိဳးမရွိသည့္အလုပ္ (ဝါ) အေျဖရွိၿပီးသား ပုစာၦတစ္ပုဒ္ကို အခ်ိန္ကုန္ခံျခင္း၊ တစ္နည္းအားျဖင့္ ဘယ္လိုပဲႀကိဳးစားႀကိဳးစား ေျပာင္းလဲမႈရွိမလာႏိုင္သည့္ နည္းလမ္းကို ထပ္ဖန္တစ္လဲလဲအသုံးခ်၍ အခ်ိန္ကုန္ဆုံးေစျခင္း (ဝါ) အက်ိဳးမဲ့ အခ်ိန္ျဖဳန္းတီးျခင္းဟု နားလည္မိေလသည္။အဘယ္ေၾကာင့္ဆိုေသာ္ စာေရးသူဝန္ထမ္းဘဝကကုန္ခဲ့ေသာ အခ်ိန္ကာလမ်ားသည္ အထက္ကဆိုေသာ ပုံစံမ်ိဳးႏွင့္သာ ကြၽန္ေတာ္တို႔ အခ်ိန္ကုန္ဆုံးခဲ့ရ၍ျဖစ္သည္။
 
ထိုအခ်ိန္ကာလမ်ားတြင္ သူမ်ားေယာင္၍ လိုက္ေယာင္ကာ ကိုယ္ႏွင့္ မည္သို႔မွမအပ္စပ္သည့္ သင္ တန္းေတြလိုက္တက္၊ ေခါင္းၿငိတ္႐ုံသက္သက္ အစည္းအေဝးေတြမွာ လိုက္ထိုင္လို႔လိုက္ထိုင္၊ ႏႈတ္ဆိတ္ဆိတ္ေနရေသာ အခမ္းအနားေတြမွာ က်င္လည္ရႏွင့္ ေတာ္ေတာ္ေလးကို အခ်ိန္ေတြ ကုန္ဆုံး ပုပ္သိုးခဲ့ရသည္။ယခုျပန္စဥ္းစားၾကည့္ေတာ့ ႏွေမ်ာလိုက္သည့္ျဖစ္ျခင္း။ထိုကုန္ဆုံးခဲ့ေသာ အခ်ိန္ကာလမ်ားထဲက တစ္ႏွစ္ေလာက္ သာ ယခုျပန္ရၾကည့္.. ။ေတာ္ေတာ္ေလးကို အက်ိဳးရွိလိမ့္မည္ျဖစ္သည္။
 
ကိုယ့္အတြက္လဲ အက်ိဳးမရွိ၊ အမ်ားအတြက္လဲ အက်ိဳးမရွိပဲ၊ မလုပ္၊ မရႈပ္၊ မျပဳတ္ဟူေသာေဆာင္ပုဒ္ႏွင့္ က်င္လည္ခဲ့ေသာ အစိုးရဝန္ထမ္းကာလမ်ားတြင္ ဘယ္သူကဆုတ္ယုတ္၍ ဘယ္သူကတိုးတက္သြားသလဲ ယခုစဥ္းစားမိေတာ့ ကြၽန္ေတာ္တို႔သာ အက်ိဳးယုတ္ခဲ့ရသည္။ထိုကဲ့သို႔ ေပါ့ပ်က္ပ်က္ ႏွစ္ကာလၾကာရွည္စြာေနထိုင္ခဲ့ျခင္း၊ ကိုယ္ခႏၶာသက္သာေအာင္ ေရသာခိုခဲ့ျခင္း၏ အက်ိဳးဆက္က ယခုအထိ စာေရးသူတို႔ ခံေနရဆဲျဖစ္သည္။ေသခ်ာသည္ကေတာ့ ျမင္သာသည့္ ေရတိုအပိုင္းတြင္ လတ္တေလာ “သက္သာေခ်ာင္ခ်ိ” သည္ဟု ထင္မွတ္ရေသာ္လည္း ေရရွည္ မျမင္သာသည့္အပိုင္းတြင္မူ စိတ္ဓာတ္ပိုင္းဆိုင္ရာယိုးယြင္း၍ စံမမီမႈက ထင္ရွားစြာေပၚေပါက္ ျမင္သာလာေပသည္။
 
ထိုအေၾကာင္းကို စဥ္းစားမိေလေသာအခါ ငယ္ငယ္က သင္ခဲ့ရသည့္ ဆရာပီမိုးနင္း ေရးေသာ “အလုပ္ဂုဏ္” ေဆာင္းပါးကို သတိရမိသည္။
 
ထိုထဲတြင္ ဆရာပီမိုးနင္း က “လူတို႔ကို ေသးႏႈတ္ရမ္သိမ္ဖ်င္း နိမ့္ရာသို႔ဆင္းေစေသာ နည္းလမ္း မ်ားတြင္ အလုပ္ကိုေပါ့ေပါ့ဆဆ အေပါစားလုပ္ျခင္းသည္ အႀကီးဆုံးေသာ အေၾကာင္းတစ္ခုျဖစ္ေလသည္။အၾကင္အလုပ္သမား၊ အၾကင္ပညာတတ္တစ္ေယာက္သည္ မိမိအလုပ္မ်ားကို ေပါ့ေပါ့ဆဆလုပ္တတ္ေသာအေလ့ကို မ်ားစြာရရွိေသာအခါ၌ ကိုယ္တိုင္လဲ လူေပါ့ျဖစ္ကာ အဖိုးတန္ေသာ အေျခအေနမွ သက္ေလွ်ာက်ေရာက္မည္က မလြဲေပ။” ဟု ဆိုထားသည္။
 
အဘယ္မွ်မွန္လိုက္ေလသနည္း။ကိုယ္က သူမ်ားအက်ိဳးမရွိဖို႔လုပ္ရာမွ ကိုယ္ကိုယ္တိုင္လည္း တစ္စတစ္စႏွင့္ အက်ိဳးနည္းလာသည္အျဖစ္မ်ိဳး။ထိုအခ်ိန္တုန္းကေတာ့ ဒါကိုမျမင္ႏိုင္ခဲ့။ယခုေတာ့ ထိုသို႔လုပ္ခဲ့ က်င္ႀကံခဲ့ျခင္း အက်ိဳးဆက္ေၾကာင့္ ျပင္ပေလာကသို႔ထြက္သည့္အခါ ထိုအခ်ိန္ကိုျဖဳန္းတီးတတ္သည့္ အက်င့္ဆိုးႀကီးက ဝသီတစ္ခုလို စြဲၿမဲေနခဲ့သည္။ေနာက္ပိုင္းေတာ့ မေကာင္းမွန္းသိ၍ ကိုယ့္ပတ္ဝန္းက်င္က ကိုယ့္ထက္အက်င့္စာရိတၱေကာင္းသူ ပို၍တိုးတက္ျမင့္မားေနသူတို႔ကို အတုယူကာ အက်င့္ဆိုးကို ရႏိုင္သေလာက္ျပင္ခဲ့ရသည္။ဒါေတာင္ ယခုထိက်န္ေနေသး။ဒီလိုအျဖစ္မွာ ဘယ္သူရႈံး၍ ဘယ္သူျမတ္ခဲ့ပါသနည္း။ေသခ်ာသည္ကေတာ့ ေရသာခိုတတ္သည့္စိတ္ေၾကာင့္ အခ်ိန္ေကာင္းေတြ းကုန္ကာ ဘဝတက္လမ္းကို ဆုံးရႈံးခဲ့ရသည္က ကေတာ့ အမွန္ပဲ။
 
ထို႔သို႔ပင္ ယေန႔ေခတ္ လူငယ္၊ လူ႐ြယ္၊ လူႀကီးဆိုေသာ မွား/မွန္ တိက်ေသခ်ာ အဆုံးအျဖတ္ေဝဖန္ႏိုင္ေသာ လူပုဂၢိဳလ္မ်ားတြင္ တစ္ခါတစ္ေလအက်ိဳးမရွိေသာ ေက်ာင္း၊ သင္တန္း၊ စုေဝး၊ စည္းေဝး ေဆြးေႏြး စေသာ မည္သို႔မွ ဘာမွထူးမလာႏိုင္သည့္ ကိစၥရပ္မ်ိဳးကို အခ်ိန္ပုပ္ခံ၍ တခုတ္တရ ေရးႀကီးခြင္က်ယ္ လုပ္ေနတတ္ၾကသည္။ထိုအရာက တစ္ခ်ိန္ခ်ိန္မွာ အသုံးဝင္လာႏိုင္သည္ဆိုေသာ အေတြးႏွင့္။သို႔ေသာ္ ယခုပင္လွ်င္ အသုံးမဝင္လွ်င္ ေနာင္အသုံးဝင္/မဝင္ဆိုတာ သိပ္မေသခ်ာ။
 
ယေနေခတ္ ႏိုင္ငံတကာမွာပဲၾကည့္ၾကည့္ ျပည္တြင္းမွာပဲၾကည့္ၾကည့္ လုပ္ငန္းနယ္ပယ္အသီးသီးတြင္ တြင္က်ယ္ေအာင္ျမင္ေနသည့္ တကယ္တတ္ကြၽမ္းသိရွိ ေက်ာ္ၾကားသူတို႔ကို ေလ့လာၾကည့္လွ်င္ တစ္ရာမွာ တစ္ရာဆိုသလို ရာႏႈန္းျပည့္တူညီေသာအခ်က္မွာ သူတို႔၏ အခ်ိန္အမ်ားစုကို အလဟႆအသုံးမျပဳလိုက္ၾကျခင္းႏွင့္ မည္သို႔ေသာကိစၥကိုမွ အခ်ည္းအႏွီးမဲ့ ရည္႐ြယ္ခ်က္၊ ဦးတည္ခ်က္မရွိပဲ မလုပ္ျခင္းပင္ျဖစ္သည္။
 
တစ္ခါက ထင္ရွားေသာ လုပ္ငန္းရွင္ႀကီးတစ္ဦး၏ အင္တာဗ်ဴးတစ္ခုတြင္ အင္တာဗ်ဴးသူက “အန္ကယ္ ခင္ဗ်ား… ေအာင္ျမင္သည့္ လူတစ္ေယာက္ျဖစ္ဖို႔ ဘာေတြလိုအပ္ပါသလဲ” ဆိုေသာ ေမးခြန္းကို လုပ္ငန္းရွင္ႀကီးက “တကယ္လိုတာက အခ်ိန္ဆိုတာ ကိုယ့္အတြက္မဟုတ္ရင္ေတာင္ တစ္ျခားသူအတြက္ ထိေရာက္ေအာင္အသုံးျပဳႏိုင္ဖို႔ပါပဲ“ ဟု ျပန္ေျဖခဲ့သည္။ထိုအေမးအေျဖေလးကို စတင္ဖတ္မိသည့္အခ်ိန္ကတည္းက သေဘာက်မိခဲ့သည္။
 
ဘာေၾကာင့္ သေဘာက်သလဲဆိုတာကို လူမ်ိဳးႏွင့္ခ်ီ၍ ရာဇဝင္ခင္းမွရမည္။သည္အတြက္ တစ္ခ်ိဳ႕က ဆတ္ဆတ္နာ၍ တခ်ိဳ႕က သြက္သြက္ခါၾကမည္။သို႔ေသာ္ တကယ္နားလည္ရိပ္စားမိသူကေတာ့ သေဘာက် လက္ခံေပလိမ့္မည္။ဒါက တျခားမဟုတ္။ျမန္မာတိုင္းရင္းသားအပါအဝင္ အာရွသား (ဝါ) အေရွ႕တိုင္းသားမ်ား၏ ပင္ကိုဝသီစ႐ိုက္ေၾကာင့္ အခ်ိန္ေတြပုပ္ေနရသည္။ထို ပင္ကိုဝသီစ႐ိုက္က သာမန္ေယဘုယ်သ ေဘာၾကည့္လွ်င္ေတာ့ ခ်စ္စရာလိုလို၊ ဂုဏ္ယူစရာရာလိုလိုႏွင့္။တကယ္ေတာ့ သိပ္ကိုဆိုး႐ြားလွသည္။ဒီစ႐ိုက္မွာ လူတစ္ေယာက္ (သို႔မဟုတ္) ဧည့္သည္တစ္ေယာက္လာလွ်င္ မၿပီးႏိုင္ မစီးႏိုင္ ဧည့္ဝတ္ျပဳမႈႏွင့္ စကားေၾကာရွည္မႈပင္။ထိုသို႔ ျပဳလုပ္သျဖင့္ ကိုယ့္ဆီက ဘာေတြပါသြား၍ သူ႔ဆီက ဘာေတြမ်ား ကိုယ္ရလိုက္ပါသနည္း။တကယ္ေတာ့ ႏွစ္ဦးစလုံးအခ်ိန္ေတြ အက်ိဳးမဲ့ဆုံးရႈံးသြားသည့္အျပင္ တျခားတျခားေသာ လုပ္ငန္းေဆာင္တာမ်ား ခ်ိန္းထားမိလွ်င္ လြဲေကာင္းလြဲသြားႏိုင္ေပသည္။အဘယ္မွ်ဆိုးလွသနည္း။
 
မလိုအပ္ပဲ စကားရွည္ျခင္း (ဝါ) အက်ိဳးမဲ့ စကားစျမည္ေျပာဆိုေနျခင္းသည္ တကယ္စဥ္းစားၾကည့္လွ်င္ စကားေျပာသူ ႏွစ္ဦး သုံးဦးၾကား ရင္းႏွီးမႈကို တိုးမလာေစသည့္အျပင္ အခန႔္မသင့္လွ်င္ ရန္မီးရန္စကိုပင္ စတင္၍ပြားမ်ားေစႏိုင္ေလသည္။ဘာေၾကာင့္မ်ား အပိုေတြေျပာေနၾကသနည္း။လက္နဲ႔လုပ္မွရမည့္ကိစၥကို ပါးစပ္ႏွင့္ေျပာ၍ ေလကုန္႐ုံသာ ရွိေပလိမ့္မည္။ဘာမ်ား ပို၍ထူးလာေပလိမ့္မည္နည္း။သာမန္လူအမ်ားစုမွာ ဘယ္ေလာက္အခ်ိန္ေတြ ပိုေနသလဲ ကုန္ေနသလဲ၊ အခ်ိန္ေတြပုပ္ေနၾကသလဲဆိုတာ မနက္ေစာေစာ လက္ဖက္ရည္ဆိုင္မွာကိုသာၾကည့္။မနက္လည္းေျပာ၊ ေန႔လယ္လည္းေျပာ၊ ညဘက္ အရက္ဆိုင္၊ ဘီယာဆိုင္မွာလည္းေျပာႏွင့္။သည္ေလာက္ ေန႔ရက္ဆက္ ေျပာေျပာေနၾကတာ မၿပီးႏိုင္ မစီးႏိုင္။မၿငီးေငြ႕ႏိုင္ၾကဘူး လား။ဘာေတြမ်ား သည္ေလာက္ေတာင္ ေျပာစရာရွိေနၾကပါလဲ။ဘာေတြမ်ား သည္ေလာက္ ရင္ဖြင့္ေနၾကပါသလဲ။
 
သည္လိုဆို၍ “မင္းေရာ ဒီအထဲမွာ မပါဘူးလား” ဟု ေမးၾကလွ်င္ “ပါတာေပါ့ဗ်ာ ထိပ္ဆုံးကေပါ့” ဟု ဆိုရေပလိမ့္မည္။သာမန္အား စကားတစ္ခြန္း ႏွစ္ခြန္းေလာက္ႏွင့္ ျပတ္သည့္ကိစၥကို မလိုအပ္ပဲ စကားေၾကာရွည္ေနမႈေၾကာင့္ ရွိၿပီးခင္မင္မႈထက္ တိုးပြားမလာဘဲ ရန္မ်ားၾကသည့္အျဖစ္ေတြ ပတ္ဝန္းက်င္မွာ မၾကာခဏေတြ႕ေနရသည္မဟုတ္လား။လူေတြက ဘာေၾကာင့္မ်ား ”ဒီလူေဖာ္‌ေ႐ြသည္။ဧည့္ဝတ္ေက်ပြန္သည္“ ဆိုေသာ စကားကို တလြဲေတြး၍ ဘာအေကာက္အယူမွားေနၾကပါသည္လဲ။ဂုဏ္ယူေနၾကပါသလဲ။
 
အေနာက္ႏိုင္ငံေတြမွာေတာ့ သူတို႔ဓေလ့ထုံးစံက ဒီလိုမဟုတ္။ခင္မင္ရင္းႏွီးေသာ သူငယ္ခ်င္းမဆိုထားႏွင့္ အရင္းႏွီးဆုံးျဖစ္ေသာ လင္ႏွင့္ မယား အိမ္ေထာင္ဘက္အခ်င္းခ်င္းမွာေတာင္ တစ္ေယာက္အခ်ိန္ကို တစ္ေယာက္ တန္ဖိုးထားေပသည္။ဤသို႔ေသာဓေလ့ကို သူတို႔က ငယ္စဥ္ကပင္ ျပဳစုပ်ိဳးေထာင္ေပးခဲ့ၾကသည္။အဘယ္မွ် ေကာင္းသနည္း။တျခားတဖက္ကေတြးလွ်င္ စိမ္းသည္၊ စိမ္းကားသည္ဟု ဆိုႏိုင္ေသာ္လည္း ထိုေလာက္မဟုတ္လွ်င္ေတာင္ တဝက္ေလာက္ စာေရးသူတို႔ ျမန္မာလူငယ္၊ လူ႐ြယ္ေတြ ကိုယ့္အခ်ိန္ကို သူမ်ားအခ်ိန္ကို ေလးစားေပးၾကလွ်င္ ယေန႔ေခတ္ကဲ့သို႔ လူ႔ေအာက္က် သူ႔ေအာက္က် အျဖစ္မ်ိဳးက အတန္အသင့္ ေလ်ာ့ပါးလိမ့္မည္ဟု ထင္မိသည္။
 
ကြၽန္ေတာ္တို႔ေတြက အလုပ္တစ္ခုကိုလုပ္ဖို႔ (ဝါ) ကိစၥတစ္ခုေဆာင္႐ြက္ဖို႔ဆိုလွ်င္ ေနေ႐ႊ႕ညေ႐ႊ႕ႏွင့္ လုပ္တတ္ၾကတာ အမ်ားစုျဖစ္သလို “လာ…. လက္ဖက္ရည္ဆိုင္သြားမယ္၊ ဘီယာဆိုင္သြားမယ္“ ဆို သုတ္ကနဲ ေဆြ႕ကနဲက အမ်ားစု ျဖစ္သည္။တျခားမၾကည့္ႏွင့္။ယေန႔ လက္ဖက္ရည္ဆိုင္၊ အရက္ဆိုင္ေတြမွာ ဘယ္သူေတြပိုမ်ားေနလဲ။ယေန႔ေခတ္ လူဦးေရအခ်ိဳးႏႈန္းအရ လူႏွစ္ဆယ္မွာ ကုလားတစ္ေယာက္ တ႐ုတ္တစ္ေယာက္ရွိတယ္ဆိုလွ်င္ေတာင္ ထိုအရက္ဆိုင္၊ လက္ဖက္ရည္ဆိုင္ရွိ လူသုံးဆယ္ထဲမွာ တ႐ုတ္၊ ကုလားဆိုတာကို ေတြ႕ဖို႔ရွားေပလိမ့္မည္။သို႔ေသာ္ ရွိေတာ့ရွိသည္ဟု အတင္းအက်ပ္ျငင္းလွ်င္ေတာ့ အဲဒါဆိုင္ရွင္ဟု ေျပာရလိမ့္မည္ျဖစ္သည္။မယုံလွ်င္ ကိုယ့္အနီးအနားက ဆိုင္ကိုသာၾကည့္။ 
 
မေကာင္းေသာအက်င့္၊ မေကာင္းေသာစ႐ိုက္တို႔သည္ လူတို႔၏ဓေလ့စ႐ိုက္ႏွင့္ မ်ားစြာထိေတြ႕စရာမလိုဘဲ လွ်င္ျမန္စြာတစ္သားတည္းက်သြားသည့္ သေဘာရွိ၏။ထိုသေဘာကို လူပညာရွိ၊ ရဟန္းပညာရွိတို႔က ေကာင္းစြာသိျမင္၍ ေရွးယခင္ ယခင္ကပင္ ဆုံးမ၊ နီတိမ်ား ေရးသားခဲ့ၾကသည္။ဒါကို ေနာက္လူတို႔မသိ၍မဟုတ္။မေကာင္းမႈသိလ်က္ ငယ္စဥ္ကပင္ ထိေတြ႕ဖန္မ်ား၍ အစြဲဝင္ကာ ေဖ်ာက္ဖ်က္မရသျဖင့္ ဤသို႔ ျဖစ္လာ ရျခင္းပင္။ေသေသခ်ာခ်ာ စဥ္းစားၾကည့္လွ်င္ လြန္စြာထိတ္လန႔္ဖြယ္ျဖစ္သည္။ 
 
ငယ္စဥ္ေက်ာင္းသားဘဝက ငယ္ဆရာကို “ဆရာ ကြၽန္ေတာ့္ဘဝကို ဘယ္လိုျမင့္မားေအာင္၊ စည္း ကမ္းရွိေအာင္၊ ဘယ္လိုဘယ္အဆင့္ေရာက္ေအာင္လုပ္မွာ ဆရာ” ဟု လူစုံတုန္းႀကဳံးဝါးျပေတာ့ ဆရာကရယ္ၿပီး ေခါင္းကိုပုတ္ကာ “ေဟ့ေကာင္ တကယ္ခြၽန္မယ့္ေကာင္က သူအလုပ္သူ သိၿပီး ေသခ်ာလုပ္တာကြ။မင္းလိုအခ်ိန္ကုန္ခံၿပီး လိုက္ႀကဳံးဝါးေနတာမဟုတ္ဘူး။လိမၼာခ်င္တဲ့ေခြး အေမႊးတျခားပါကြာ“ ဟု ပညာသားပါပါ ဆုံးမခဲ့သည္။ဟိုတုန္းက ဆရာအေပၚ စိတ္ကြက္မိေသာ္လည္း ယခုေတာ့ဟုတ္သားပဲဟု ဆရာစကားကို ေထာက္ခံမိသည္။
 
ယခုလည္း ကိုယ္ႏွင့္မဆိုင္ေသာ မည္သို႔မွလဲ အေၾကာင္းမထူးေသာ နဂိုကတည္းက အေျဖရွိေနၿပီးသားကိစၥရပ္မ်ားကို ျပန္လည္အေျဖရွာေနေသာ၊ အက်ိဳးမရွိေသာလုပ္ရပ္ႏွင့္ အခ်ိန္ကုန္ေနၾကသည့္ လူငယ္ လူ႐ြယ္ လူႀကီးေတြကို ေတြ႕ျမင္ရသည့္အခါ စိတ္ထဲ ဪ….. ငါ့လိုလူေတြ အမ်ားသားဟု သက္ျပင္းခ်မိသည္။ငယ္သည္သူမ်ားဆိုထားေတာ့။အခ်ိဳ႕အခ်ိဳ႕ဆို ေလွ်ာက္လာခဲ့သည့္ လမ္းကိုလည္း သိၿပီး ေတြ႕ၿပီး ျမင္ၿပီး ျဖစ္သည္။ေနာင္ဘယ္လို ေလွ်ာက္ေတာ့မည္ ေလွ်ာက္ႏိုင္သည့္ဆိုတာကို သိၿပီးသားႏွင့္ေတာင္ အခ်ိန္ပုပ္ခံၿပီး တစ္ခမ္းတစ္နား ေျပာဆိုတိုင္ပင္တတ္သည့္ ဝသီကပါေနေလေတာ့ “စကားေျပာ ေဟာ တေသာေသာႏွင့္ ရယ္ေမာ၍လည္းမေနႏွင့္“ ဟူေသာ ေရွးဆုံးမစာ ကဗ်ာစာသားကို ျမင္သာေအာင္ ခ်ိတ္ဆြဲျပထားရမလိုပင္။
 
ဒီေနရာမွာ “သစ္ပင္ကို ပါးစပ္ႏွင့္ စိုက္၍မရ၊ လက္ႏွင့္စိုက္ပ်ိဳးမွရလိမ့္မည္” ဆိုေသာ စကားကို သတိရမိသည္။တစ္စုံတစ္ခုေသာကိစၥေတြမွာ ကြၽန္ေတာ္တို႔ ဘာေတြမ်ားမွားခဲ့၊ မ်ားခဲ့ၾကသနည္း။မွားခဲ့၊ မ်ားခဲ့ၿပီဆိုလွ်င္ ယခုအခ်ိန္မွာေတာ့ အခ်ိန္ပုပ္သည္၊ အပုပ္ခ်ိန္ကာလကို လြတ္ေျမာက္ဖို႔ ကိုယ္ဘာေတြျပဳျပင္ရမည္ဆိုတာ သိဖို႔ေကာင္းေနၿပီ မဟုတ္ပါလား။
 
အကယ္၍ သိခဲ့ျမင္ခဲ့သည္တိုင္ ဒီအ႐ြယ္ႀကီးေရာက္မွ ဒီအထိေရာက္ၿပီးမွ ဘာထူးေတာ့မွာလဲဟု အရႈံးေပးသည့္စိတ္မ်ိဳး၊ အေတြးမ်ိဳး ေတြးမိေနလွ်င္ေတာ့ ကိုယ့္အတြက္အက်ိဳးမရွိႏိုင္ေပမဲ့ ေနာင္လာမဲ့ မ်ိဳးဆက္ေတြအတြက္ ဒီအက်င့္ပ်က္ေတြမကူးေစဖို႔ ရွိမေနေစဖို႔ ျပင္ေစခ်င္ျခင္းျဖစ္သည္။
 
ျပင္ျခင္း မျပင္ျခင္းကေတာ့ ကိုယ္ကိုယ္တိုင္ေရးတဲ့ သမိုင္းရဲ႕ အဆိုးအေကာင္း ေနာက္ဆုံးစီရင္ခ်က္သာ ျဖစ္ေပလိမ့္မည္။ဒီစီရင္ခ်က္က ကိုယ့္ဘာသာကိုခ်သည့္ စီရင္ခ်က္ျဖစ္သည္။က်န္သည့္အခ်ိန္ေတြကို ကိုယ္နဲ႔ အမ်ားအတြက္ တန္ဖိုးရွိရွိ သုံးမလား၊ ျဖဳန္းမလားဆိုတာ ေ႐ြးရမည္။သင္ဘယ္လိုမ်ားဆုံးျဖတ္ပါသလဲ။
 
ဒီလိုပဲ ေနၾကမွာလား…. ။ျပင္ၾကမွာလား…… ဟု။
 
‌ေမာင္ဦးလြင္
ဒီဇင္ဘာ - ၁၂