【 ဆောင်းပါး 】 “အဆင်းမရဲနဲ့နော်”

【 ဆောင်းပါး 】 “အဆင်းမရဲနဲ့နော်”

“ဒကာကြီးစဉ်းစားကြည့်။ဒကာကြီး တရားထိုင်တဲ့အချိန်မှာ ကမ္မဋ္ဌာန်းအပေါ် အာရုံမိတဲ့အချိန်ကများလား၊ တခြားကိုလွင့်တဲ့အချိန်ကများလား”

“လွင့်တဲ့အချိန်က များပါတယ် ဘုရား”

“လူတစ်ယောက်က ကိုယ်နဲ့ဆန့်ကျင်ပြီဆိုရင်၊ သူ့အပေါ် ကြည်ဖြူဖို့လွယ်မလား၊ ဒေါသဖြစ်ဖို့လွယ်မလား”

“ဒေါသဖြစ်လွယ်ပါတယ် ဘုရား”

“အကုသိုလ်လုပ်ဖို့က လွယ်တယ်။ကုသိုလ်လုပ်ဖို့က ခက်တယ်။အကုသိုလ်လုပ်တယ်ဆိုတာ အောက်ကိုဆင်းတာပဲ။ကုသိုလ်လုပ်တယ်ဆိုတာက အထက်ကိုတက်တာပဲ။ဒီတော့ - အဆင်းလွယ်လား၊ အတက်လွယ်လား”

“အဆင်းကလွယ်ပါတယ် ဘုရား”

“အေး - အဆင်းကလွယ်တာ မှန်ပေမယ့်၊ ဆင်းရမှာကို ကြောက်သင့်လား၊ တက်ရမှာကို ကြောက်သင့်လား”

“ဆင်းရမှာကို ကြောက်သင့်ပါတယ် ဘုရား”

“ဒါဖြင့်ရင် - အတက်ရဲရမှာလား၊ အဆင်းရဲရမှာလား”

“အတက်ရဲရမှာပါ ဘုရား”

“ဒါပေမယ့် ဒီနေ့လူတွေက အတက်ရဲနေလား၊ အဆင်းရဲနေလား”

“အဆင်းရဲနေပါတယ် ဘုရား”

“ဟုတ်တယ် ဒကာကြီး။လူများစုက အပေါ်တက်ဖို့ထက် အောက်ဆင်းဖို့ကို ပိုစိတ်ဝင်စားကြတယ်။ဒါကလည်း သဘာဝကျပါတယ်။အထက်ကို တက်ရတာက ပင်ပန်းတယ်။ခက်ခဲတယ်။နှောင့်နှေးတယ်။အောက်ကိုဆင်းရတာက သက်သာတယ်။လွယ်ကူတယ်။မြန်ဆန်တယ်လေ”

“ဘုန်းကြီးတို့ ရဟန်းဆိုတာ လူတွေအားလုံးရဲ့ အမြင့်အမြတ်ထားပြီး ကိုးကွယ်တာကို ခံယူရတဲ့သူတွေ မဟုတ်လား”

“မှန်ပါတယ် ဘုရား”

“ကလေး လူကြီး မရွေး၊ ယောင်္ကျား မိန်းမ မရွေး၊ ဆင်းရဲ ချမ်းသာ မရွေး၊ ကုန်ကုန်ပြောရရင် တိုင်းပြည်အုပ်ချုပ်တဲ့ ရေမြေ့သနင်း ပြည့်ရှင်ဘုရင်မင်း ကိုယ်တိုင်တောင် မာန်ကိုချပြီး ရှိခိုးဦးတင်ကြရတယ် မဟုတ်လား”

“မှန်ပါ့”

“ဘုန်းကြီး ပြောချင်တာက၊ အဲဒီလောက် မြင့်တဲ့နေရာရထားတဲ့ ရဟန်းတွေအနေနဲ့ အပေါ်တက်ဖို့ မနီးနေဘူးလား”

“နီးနေပါတယ် ဘုရား”

“ဟုတ်တယ် ဒကာကြီး။အလွယ်တကူ မဟုတ်ပေမယ့် တကယ်ကြိုးစားမယ်ဆိုရင် နီးတော့နီးကပ်လာပြီလို့ ဆိုရမယ်။ဒကာ၊ ဒကာမတွေရဲ့ စေတနာ သဒ္ဓါတရားတွေကြောင့် ဆွမ်း၊ ကွမ်း ကိစ္စလည်း မပူရဘူး။ကျောင်းသင်္ခမ်းကိစ္စလည်း မပူရဘူး။ဆေးဝါးအာဟာရလည်း မပူရဘူး။တရားဘာဝနာကို အေးအေးဆေးဆေး အားထုတ်ရုံပဲ ရှိတော့တယ်။ဒါပေမယ့် အဲဒီလောက် အစစအရာရာအဆင်ပြေပြီး မြင့်မြတ်တဲ့နေရာကို ပိုင်ဆိုင်ထားပေမယ့် အပေါ်ကို ဆက်မတက်ဘဲ စည်းစိမ်ရစ်ပြီး လောကုတ္တရာအတွက် မကျင့်ကြံ၊ ကျေးဇူးရှင် ဒကာ၊ ဒကာမတွေရဲ့ မျက်နှာကိုမကြည့်ဘဲ တစ်ကိုယ်ကောင်းဆန်မယ်ဆိုရင် ခြေတစ်လှမ်းထဲနဲ့ အပါယ်ငရဲမှာ အဝီစိထိ ဆင်းသွားရလိမ့်မယ်”

“ခွင့်လွှတ်ပါ ဘုရား။တပည့်တော် ဉာဏ်ဗဟုသုတနည်းလို့ ရှင်းပြပေးဖို့ လျှောက်တင်ပါရစေ”

“ဘုန်းကြီးတို့ ရဟန်းတွေ သိက္ခာပုဒ် ၂၂၇ ပါး စောင့်ထိန်းရတာ ဒကာကြီးသိတယ် မဟုတ်လား”

“တင်ပါ့ ဘုရား”

“အေး။ အဲဒီသိက္ခာပုဒ်တွေကို တစ်ခုမှကျိုးပေါက်လို့ မဖြစ်ဘူး။မထိန်းသိမ်းနိုင်လို့ ကျိုးပေါက်ခဲ့ရင် ဘုန်းကြီးတို့မှာ အပြစ်ရှိတယ်။အပြစ် အကြီး၊ အသေးတော့ ရှိတာပေါ့လေ။လိုရင်းပြောရရင် ဒကာကြီးရယ်၊ အပြစ်အကြီးဆုံး သိက္ခာပုဒ်လေးပါးရှိတယ်။မမြတ်တဲ့ မေထုန်မှုကျူးလွန်တာ၊ သူတစ်ပါးရဲ့ ပစ္စည်းဥစ္စာ ခိုးယူတာ၊ လူ့အသက်ကို သတ်တာ၊ ဈာန်မဂ်ဖိုလ် တရားထူးတွေကို တကယ်မရရှိဘဲ ရရှိတယ်လို့ လိမ်ညာပြောတာ။အဲဒီလေးပါးမှာ တစ်ပါးပါးကို ကျူးလွန်မိတဲ့ ရဟန်းအနေနဲ့ သာသနာတော်မှာ ရဟန်းဘဝနဲ့ နေခွင့်မရှိတော့ဘူး။ချက်ချင်းလူဝတ်လဲရတယ်။နောက်တစ်ဖန်လည်း ရဟန်းပြုခွင့် မရှိတော့ဘူး။ပါရာဇိက အာပတ်သင့်တယ်လို့ ဆိုတယ်။ဘုန်းကြီး (ရဟန်း) တွေ ပါရာဇိက ကျတယ်ဆိုတာ မြင့်ရာကနေ နိမ့်ရာကိုကျတာပဲ။အောက်ကိုဆင်းတာပဲ။ဘယ်လောက်ထိအောင်ဆင်းလဲ သိလား။အဝီစိထိအောင် ဆင်းတယ်။သူထိန်းထားတဲ့ သီလ သိက္ခာပုဒ်က ဘယ်လောက်မြင့်လိုက်လဲ။ဒီလောက်မြင့်တဲ့နေရာကနေ အဝီစိရောက်အောင် ဆင်းသွားတယ်ဆိုတော့၊ အဲဒါ အဆင်းရဲတာပေါ့။မဟုတ်ဘူးလား”

“မှန်ပါတယ် ဘုရား”

“ဘုန်းကြီး ဉာဏ်မှီသလောက် ဥပမာပေးရရင်၊ ဒကာကြီးတို့လို အိမ်ထောင်ဦးစီးတစ်ယောက်က မိသားစုကို သမာအာဇီဝနည်းနဲ့ ထိန်းသိမ်းစောင့်ရှောက်ပြီး လုပ်ကိုင်ကျွေးမွေးနေတာ မိသားစုအတွက် အကျိုးမများဘူးလား၊ ဒကာကြီးအတွက်ရော စိတ်မချမ်းသာဘူးလား၊ ကုသိုလ်မရဘူးလား။အားလုံးအကျိုးမရှိဘူးလား”

“မှန်ပါ့ဘုရား။အားလုံးအတွက် အကျိုးရှိပါတယ်ဘုရား”

“ဒါဆို ဒကာကြီးက အမြင့်ကိုတက်နေတာလား၊ အောက်ကိုဆင်းနေတာလား”

“အမြင့်ကိုတက်နေတာပါ ဘုရား”

“တကယ်လို့ ဒကာကြီးက မိသားစုကို သမာအာဇီဝနည်းနဲ့ ရှာဖွေမကျွေးဘဲ ခိုးဝှက်လုယက်တာမျိုး စတဲ့ ဝိသမလောဘနဲ့ ပိုက်ဆံရှာတယ်ဆိုရင်ကော။ဒကာကြီးက အမြင့်တက်နေတာဖြစ်မလား။အောက်ဆင်းနေတာဖြစ်မလား”

“အောက်ဆင်းနေတာဖြစ်ပါတယ် ဘုရား”

“ဒါဖြင့်၊ ဒကာကြီးအနေနဲ့ အောက်ကို ရဲရဲဝံ့ဝံ့ဆင်းချင်လား”

“ရဲရဲဝံ့ဝံ့လည်း မဆင်းချင်သလို မရဲတရဲလည်း မဆင်းချင်ကြောင်းပါ ဘုရား”

“အောက်ကို မဆင်းချင်ရင် ကုသိုလ်လုပ်ရမှာလား၊ အကုသိုလ်လုပ်ရမှာလား”

“ကုသိုလ်လုပ်ရမှာပါ ဘုရား”

“ကိုယ်ကျင့်တရား ကောင်းသင့်လား၊ မကောင်းသင့်ဘူးလား”

“ကောင်းသင့်ပါတယ် ဘုရား”

“တစ်ခဏ သာယာမှုအပေါ် စည်းစိမ်ယစ်ပြီး တစ်နပ်စားအကြံမျိုး ကြံသင့်လား”

“မကြံသင့်ပါ ဘုရား”

“မဟုတ်မမှန် ပါးစပ်စည်းကမ်းမရှိဘဲ၊ လေ အလကားရတိုင်း တောမကြောက် တောင်မကြောက်နဲ့ ပြောချင်တိုင်း ပြောသင့်လား”

“မပြောသင့်ပါ ဘုရား”

“ကိုယ်လုပ်တဲ့အလုပ်က အပြစ် ရှိ၊ မရှိ မစဉ်းစား သူများတွေဒုက္ခရောက်တာကို မိန့်မိန့်ကြီးကြည့်ပြီး ကိုယ်လုပ်လို့ရတိုင်း တစ်ဇွတ်ထိုးလုပ်လို့ သင့်တော်ပါ့မလား”

“မသင့်တော်ပါ ဘုရား”

“အဆင်းမရဲဖို့ သတိထားနော် ဒကာကြီး”

“မှန်ပါ့ဘုရား။တပည့်တော် သတိထားပါ့မယ် ဘုရား”

ပေါင်မြို့နယ်တွင် Video ကား တစ်ကား သွားရိုက်စဉ်က ဘန့်ဘွေးကုန်းရွာကျောင်းမှ ကျောင်းထိုင်ဆရာတော်က ဆုံးမစကားဆိုခဲ့ခြင်း ဖြစ်သည်။သူငယ်ချင်း ဒါရိုက်တာက သူရိုက်ကူးမည့် Video ကားအတွက် ဇာတ်ညွှန်းရေးပေးရန် ပြောသဖြင့် ရေးပေးရင်း နယ်ရိုက်ကွင်းအထိလိုက်ပါသွားခဲ့သည်။ ဇာတ်လမ်းက ရွာတစ်ရွာတွင် ငါးပါးသီလကို လွန်လွန်ကျူးကျူး ချိုးဖျက်ကာ ဒုစရိုက်မှုကျူးလွန်သူများ နောက်ဆုံးတွင် မိုးကြိုးအပစ်ခံရ၍ ဘဝနိဂုံးချုပ်သွားရပုံကို တင်ပြထားခြင်း ဖြစ်သည်။

ကိုယ်ကျင့်သီလ ထိန်းသိမ်းနိုင်အောင် သတိပေးသော ဇာတ်လမ်းလည်းဖြစ်၊ တည်းခိုသည့်နေရာကလည်း ဘုန်းတော်ကြီးကျောင်း ဖြစ်နေသဖြင့် ဘာသာရေးနှင့် ပတ်သက်၍ မရှင်းလင်းသည်များကို ဆရာတော့်ထံ မေးမြန်းလျှောက်ထားရင်း ဆရာတော်နှင့် စကားမကြာခဏပြောဖြစ်ခဲ့သည်။ထိုမကြာခဏကြားနာခဲ့ရသော တရားများမှ အကုသိုလ်ကို ရဲရဲတင်းတင်း ပြုနေသူများသည် အပါယ်လေးဘုံသို့ ပျော်ပျော်မွေ့မွေ့ ဆင်းနေကြခြင်းဖြစ်ကြောင်း၊ ထိုအပါယ်ဘုံ အောက်လမ်းသို့ အဆင်းမရဲဖို့ အမှာတရားလေးကိုတော့ တစ်သက်တာမမေ့နိုင်အောင် အမှတ်တရ ရှိဖြစ်ပါသည်။

ဆရာတော်၏ သတိပေးတရားနာပြီး နောက်ပိုင်းတွင် အကုသိုလ်တစ်ခုခုကို ပြုမိတိုင်း၊ ပြောမိတိုင်း၊ ကြံစည်မိတိုင်း ‘ငါ အပါယ်လမ်းကို ဆင်းနေပါလား၊ ဆင်းဖို့ကြံနေပါလား’ ဟု မှတ်မှတ်ရရရှိရင်း ဆရာတော့်ကို ကျေးဇူးတင်၍ ကန်တော့မိပါသည်။သတိထားသည့်ကြားမှ မကြာခဏဆိုသလို မှားမိနေသေး၍လည်း ဆရာတော့်ကို တောင်းပန်ဝန်ချ၍ ကန်တော့မိပြန်ပါသည်။

ပုထုဇဉ်လူသားများဖြစ်၍ အမှားကင်းဖို့ရန် မလွယ်ကူလှပါ။သို့သော်လည်း ထိုအမှားသည် သိပ်ကြီးသွား၍တော့ မသင့်လျော်ဟု ထင်ပါသည်။

ဥပမာအားဖြင့် ကိုယ့်ဆန္ဒအရ ကိုယ့်ပိုက်ဆံနှင့်ကိုယ် အရက်သောက်ပြီး မူးသော်လည်း မှားပါသည်။အပြစ်ရှိပါသည်။မိသားစုမျက်နှာမကြည့်ဘဲ အချိန်ပြည့်မူးနေလျှင် ပို၍မှားပါသည်။ပို၍အပြစ်ရှိပါသည်။အကယ်၍ အရက်မူးပြီး သူတစ်ပါး၏ပစ္စည်း ခိုးဝှက်လုယက်ခြင်း၊ လူသတ်မှုကျူးလွန်ခြင်း၊ သူများသားသမီး ဇနီးမယားတို့ကို ကာမကျူးကျော်ခြင်းတို့ ပြုလျှင်တော့ အမှားကြီးပါပြီ။အပြစ်ကြီးပါပြီ။

တချို့က အကုသိုလ် ဒုစရိုက်မှုကို ပေါ့ပေါ့ပါးပါး သာသာယာယာ ကျူးလွန်တတ်ကြ၏။သူတို့ကိုယ်တိုင်ကလွဲ၍ ဘယ်သူ့ဘဝ၊ ဘယ်သူ့အသက်ကိုမှ ကိုယ်ချင်းစာစိတ်နှင့် မတွေးပေးတတ်ကြ။

ကျွန်တော် ငယ်စဉ်က ကြည့်ခဲ့ဖူးသော ဇာတ်ပွဲတစ်ခု၏ ပြဇာတ်မှ လူဆိုးလုပ်သူကို သတိရမိပါသည်။သူသည် တောတွင်းဓါးပြဗိုလ်တစ်ယောက် ဖြစ်သည်။ခွန်အားဗလကောင်းသည်။အတိုက်အခိုက် ကျွမ်းကျင်သည်။ဓားပစ်၊ သေနတ်ပစ် လက်ဖြောင့်သည်။လက်မြန်ခြေမြန်ရှိသည်။သို့သော် အလွန်ရက်စက် ကြမ်းကြုတ်သည်။ရွာတွေကို ဓါးပြတိုက်သည်။သူ့ကိုဆန့်ကျင်သည့်သူ၊ သူကြည့်၍မရသည့်သူများကို ချက်ချင်းသတ်ပစ်သည်။မိန်းကလေး ချောချောလှလှ မြင်လျှင်လည်း ငယ်သည်၊ ကြီးသည်၊ ပျိုသည်၊ အိုသည် မရွေးဘဲ အဓမ္မသိမ်းပိုက်သည်။

ထိုမိန်းကလေးများက သူ့ကို အပြုံးနှင့်ဆက်ဆံရသည်။သူ့ကိုချစ်လားဟု မေးလျှင် ချစ်သည်ဟု ပြန်ုပြောရသည်။သူနှင့်နေရတာ ပျော်လားဟုမေးလျှင် ပျော်ပါတယ်ဟု ပြန်ဖြေရသည်။သူက ထိုမိန်းကလေးကို ရိုက်နှက်သည့်အခါတွင်လည်း  သူက နာလားဟုမေးလျှင် မနာပါဘူးဟု ပြန်ဖြေရသည်။

သူ့ကို ဆက်ကြေးပေးနေရသော ရွာသူ၊ ရွာသားများဆိုလျှင် သူ့ကို နာကျည်းမုန်းတီးလွန်း၍ သူ့ကွယ်ရာတွင် တိရစ္ဆာန်နှင့်နှိုင်းကာ ဆဲရေးတိုင်းထွာကြ၏။မကြားဝံ့မနာသာ စကားလုံးများနှင့် ကျိန်ဆဲကြ၏။သို့သော် သူနှင့်တွေ့သောအခါတွင်မူ တုပ်တုပ်မျှ မလှုပ်ရဲကြရှာပေ။ရွာသူ၊ ရွာသားများကို အခြားရွာမှ သူခိုး ဓားပြများ လာရောက်မနှိပ်စက်ရအောင် သူက ကာကွယ်ပေးနေတာကို သိတယ်မဟုတ်လားဟုမေးလျှင် သိပါတယ်ဟု ဖြေရသည်။သူ့ကို ကျေးဇူးတင်လားဟုမေးလျှင် တင်ပါတယ်ဟု အမြန်ဆုံးပြန်ဖြေရသည်။သူ့အလိုကို ဆန့်ကျင်ဖြေရန် မဆိုထားနှင့် သူ့အလိုကျအတိုင်း ထောက်ခံဖြေပေးနေသည်က တုန့်တုန့်ဆိုင်းဆိုင်း ဖြစ်နေလျှင် သို့မဟုတ် တုန့်တုန့်ဆိုင်းဆိုင်း ဖြစ်နေသည်ဟု သူယူဆလျှင် ချက်ချင်း သေနတ်နှင့် ပစ်သတ်သည်။လူထုပိုင်သော ရွှေ၊ ငွေ၊ ပစ္စည်းများကို အဓမ္မယူရာ၌ သူ့အိတ်ကပ်ထဲမှ ပိုက်ဆံကို အလွယ်တကူ နှိုက်ယူသလို သဘောထား၏။လူသတ်သည့် နေရာတွင်လည်း ပုရွက်ဆိတ်တစ်ကောင်ကို လက်နှင့်ဖိသတ်တာထက်ပင် ပေါ့ပေါ့ပါးပါး လွယ်လွယ်ကူကူ ကျူးလွန်နိုင်စွမ်းရှိလှ၏။

သူ့လက်အောက်ငယ်သားများကိုလည်း သူ့ကို ပြန်မလှန်နိုင်အောင် လုပ်ထားသည်။သူ့သြဇာအာဏာ တည်မြဲနိုင်ရန်အတွက် လက်အောက်ငယ်သားများကို ပင်ပင်ပန်းပန်း လေ့ကျင့်စေသည်။သူအလိုမကျသူကို ရက်ရက်စက်စက် အပြစ်ပေးသည်။လက်ညှိုးဖြတ်တာမျိုး၊ အချင်းချင်းပြန်သတ်ခိုင်းတာမျိုး လုပ်သည်။သူ့ငယ်သားအားလုံးက သူ့ကို လုံးဝမော့မကြည့်ရဲကြပေ။

ထိုလူဆိုးလုပ်သည့်သူက သရုပ်ဆောင်ကောင်းလွန်းတော့ ပွဲကြည့်ပရိတ်သတ်များက သူ့ကို ဆီးစေ့များ၊ ပြောင်းဖူးရိုးများနှင့် ပစ်ပေါက်ကြပါသည်။ကျွန်တော်ကိုယ်တိုင် လက်ထဲ၌ အဆင်သင့်ရှိနေသော စားပင်မစားရသေးသော အပေါ်အဖတ်များပင် မခွာရသေးသော ပြောင်းဖူးအကောင်းကြီးကို မနှမြောနိုင်ဘဲ ပစ်ပေါက်ခဲ့ပါသည်။
နှစ်ပေါင်းများစွာကြာပြီ ဖြစ်သော်လည်း ထိုသူနှိပ်စက်ပုံများကို ယနေ့တိုင် မြင်ယောင်ပါသေးသည်။

တစ်ကိုယ်ကောင်းဆန်၍ တခြားသူတွေအပေါ် လောဘတကြီး၊ ဒေါသတကြီး ပြုမူဆက်ဆံသူများကိုမြင်တိုင်း ထိုလူဆိုးကို မြင်မိပါသည်။ထိုလူဆိုးနှင့် နှိုင်းယှဉ်ကြည့်မိပါသည်။

တချို့လူများသည် ကိုယ်ချင်းစာစိတ်မထားဘဲ ငွေအင်အား၊ လူအင်အား၊ လက်နက်အင်အား၊ အာဏာအင်အားတို့ကို အရင်းအနှီးပြု၍ ဝိသမလောဘကို ဦးစားပေးကာ တခြားသူများ၏ ဘဝတွေကို စိတ်ကြိုက်ခြယ်လှယ်ကြသည်။သူတို့ကတော့ ဂုဏ်ယူဝင့်ကြွား ပီတိတွေခံစားပြီး အကျေနပ်ကြီး ကျေနပ်နေကြလေသည်။ကလေးငယ်လေးတွေက ငါးသေးသေးလေးတွေ၊ ဖားသေးသေးလေးတွေလို အကောင်ငယ်လေးများကို ဆော့ကစားရင်း ပျော်နေကြသလိုမျိုး ကျေနပ်နေကြသည်။သူတို့၏ အောက်တန်းကျသော စိတ်ဓာတ်များကို ပြုပြင်ရကောင်းမှန်းမသိဘဲ သူတို့နှင့်နီးစပ်ရာ သူတို့သားသမီး သူတို့အမျိုး၊ သူတို့တပည့်များကိုပင် မကောင်းသော အမွေအနှစ်များ လက်ဆင့်ကမ်း ပေးလိုက်ကြသေးသည်။သူတို့ကိုယ်သူတို့ အပေါ်စီးရောက်နေပြီ၊ သူရဲကောင်းတွေဖြစ်ပြီဟု အထင်ရောက်နေတတ်၏။

တကယ်တော့ သူတို့တွေသည် လူများ၏ အထင်သေးခံနေရပြီး သေရင် အပါယ်သွားရမှာပါလားဟု မတွေးမိကြ။ကိုယ့်သဘောနှင့်ကိုယ်၊ ကိုယ့်လောဘနှင့်ကိုယ် အောက်သို့ ရဲရဲဝံ့ဝံ့ဆင်းနေတာပါလားဟု သဘောမပေါက်ကြပေ။သူတို့တစ်ကိုယ်လုံးမှာ တောက်လောင်နေသည့် ရာဂမီးသည် အဝီစိမှာရှိသော ငရဲမီးထက်ပင် ပို၍ပူပြင်းနေဟန်ရှိပါသည်။ကိုယ်ချင်းစာ အကြင်နာစမ်းရေကတော့ သူတို့နှလုံးသားမှာ တစ်စက်တစ်ပေါက်မျှပင် ရှိဟန်မတူပါ။ထို့ကြောင့်လည်း ငရဲမကြောက် ပြာပူမကြောက် ရဲရဲတောက် လူမိုက်ကြီးတွေ လုပ်နေတာဖြစ်မှာပါ။သူတို့ ဦးနှောက်ထဲမှာ တရားခြင်း၊ မတရားခြင်းကို ဆင်ခြင်နိုင်ရန် အသိလည်းမရှိတော့ပါ။သတိလည်းမရှိတော့ပါ။

ပုပ်ပွနေသော လူသေကောင်၊ တိရစ္ဆာန်အသေကောင်တွေကို မက်မက်မောမော စားသောက်လိုက်၊ အချင်းချင်း စားမာန်ခုတ်လိုက်နှင့် ပွဲတော်ကြီးကျင်းပနေသော လောက်ကောင်များ၊ ကျီးကန်းများ၊ ဠင်းတများကို နမူနာအဖြစ်ကြည့်ပါ။ဘေးကကြည့်နေသောသူများအတွက် အော့နှလုံးနာစရာ မြင်ကွင်းပါ။အောက်တန်းကျသော အစားအသောက်များကို အာဟာရပြုနေကြတာပါ။သို့သော်လည်း သူတို့အတွက်ကတော့ နတ်သုဒ္ဓါဟု ထင်မှတ်မှားနေကြတာပါ။

အကုသိုလ် မကြောက်သော လူတစ်စုသည်လည်း မိမိတို့၏ မတော်လောဘနှင့် ဖန်တီးထားသော စည်းစိမ်နှင့် အာဏာအပေါ် သာယာနေပြီး အမှန်တရားကို စိန်ခေါ်ရင်း၊ လူကောင်းတွေကို ဒုက္ခပေးရင်း မကောင်းမှုနွံထဲသို့ နက်သည်ထက်နက်အောင် ဆင်းနေကြရှာသည်။ထိုသူတို့သည် မိမိပြုသမျှတို့သည် တရားသဖြင့်လား၊ မတရားသဖြင့်လား မိမိတို့ကိုယ်တိုင်လည်း ထိုးထွင်းမသိ၊ ဘေးမှထောက်ပြလည်းမသိ၊ ဘုရား တရားတော်တွေ ဖတ်နေ နာနေလျက်နဲ့လည်းမသိနှင့် အတော်လေးကို အံ့သြစရာကောင်းနေသည်။

သိသလိုလိုရှိသောသူ ကျပြန်တော့ ပိုင်ဆိုင်ထားသောပစ္စည်းကို လက်လွှတ်ရမှာစိုးသည်။အရှိန်ကောင်းကောင်းရနေသော ဝင်ငွေတွေ ရပ်တန့်မှာစိုးသည်။သည်တော့ ပိုင်ဆိုင်ထားသောပစ္စည်းကို ဘာလို့လက်လွှတ်ရမှာလဲ၊ အရှိန်ကောင်းနေတဲ့ ဝင်ငွေကို ဘာလို့ဆက်မရှာရမှာလဲဟု မာန်တက်လာသည်။“သိက္ခာအကျတော့ မခံဘူး သူများအပေါ် ဒုက္ခပေးထားတဲ့ အကြွေးတွေကို နောက်ဘဝမှပဲ ဆပ်တော့မယ်။တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ငါရှာထားတဲ့ပိုက်ဆံ ငါ့ပိုက်ဆံပဲ။ငါဖန်တီးထားတဲ့အာဏာ ငါ့အာဏာပဲ။ဘယ်သူဘာပြောပြော လုံးဝနောက်မဆုတ်ဘူး” ဟု လောဘ ၏အပေါ် မာနက ထပ်ဆင့်မိကြပြန်သည်။မကောင်းမှုအပေါ် သာယာပြီး အမှားကို ပြန်မပြင်သည့် မြွေတစ်ကောင်၏ မာနကို ငါးရာ့ငါးဆယ်လာ ဝိသဝန္တဇာတ်တွင် တွေ့ရပါသည်။

ထိုဇာတ်တွင် ဘုရားလောင်းသည် အဆိပ်ကိုဖြေစေတတ်သော ဆေးဆရာဖြစ်၏။တစ်ခုသောရွာမှာ လူတစ်ယောက် မြွေကိုက်ခံရ၍ မေ့မျောနေရှာ၏။ဆေးဆရာကိုပင့်၍ လိုက်သွားပြီး ကုသသောအခါ ကိုက်သွားသော မြွေကိုယ်တိုင် အဆိပ်ကိုပြန်စုပ်ယူနိုင်ပါက ချက်ချင်းသက်သာနိုင်သည်ကို ဆေးဆရာက သိ၏။ထိုမြွေသည်လည်း ဝေးဝေးမရောက်နိုင်သေးကြောင်း စဉ်းစားမိသည်။ထို့ကြောင့် မြွေကိုလိုက်ရှာသောအခါ သူထင်သည့်အတိုင်းပင် အနီးအနား၌ တွေ့ရသဖြင့် ဖမ်းပြီး မြွေဆိပ်သင့်နေသော လူနာထံသို့ ယူလာကာ၊ ၎င်း၏အဆိပ်များကို ပြန်လည်စုပ်ယူစေသည်။သို့သော် ထိုမြွေက၊ အဆိပ်များကို လုံးဝမစုပ်ယူပေ။ဆေးဆရာက မည်သို့ပြောပြော၊ ၎င်းက လုံးဝအလျှော့မပေးပါ။နောက်ဆုံးတွင်၊ ဆေးဆရာက ၎င်းကို မီးဖြင့်တိုက်မည်ဟုပြောကာ တကယ်ပင် မီးရှို့မည့်ဟန်နှင့် မီးဖို ဖို၏။ဘယ်လိုခြောက်ခြောက်၊ ဘယ်လိုချော့ချော့ ထိုမြွေက လုံးဝမတုန်လှုပ်ပါ။သူများအသက်တွေ၊ ဘဝတွေ ပျက်စီးတာ မပျက်စီးတာကို သူလုံးဝမစဉ်းစားပေးနိုင်ကြောင်း၊ သူ့အသက်သေချင် သေပါစေ၊ သိက္ခာအကျခံပြီး အဆိပ်ပြန်စုပ်ယူပေးဖို့ လုံးဝလက်မခံနိုင်ကြောင်းကိုသာ ပြန်ပြောလေ၏။

ဘုရားလောင်း ဆေးဆရာက ၎င်းမြွေကို တကယ်မသတ်ခဲ့ပါ။သို့သော်လည်း မသိမှု၏ ဆိုးဝါးပုံ၊ ကြောက်စရာကောင်းပုံကိုတော့ တရားရလိုက်ပါသည်။

တချို့တချို့သော လူမိုက်များသည် မိမိတို့၏မာနကို မချိုးနှိမ်ဘဲ၊ မိမိတို့၏သိက္ခာကို မချဘဲ မိုက်လက်စနှင့် ဆက်မိုက်ကြသည်။မိမိ၏ တစ်ခဏစံ ဘဝအတွက် အကုသိုလ် တွင်းနက်နက်ကို ကိုယ်တိုင်တူးကာ ဆက်၍ဆင်းနေကြလေသည်။

လောကမှာ အဆုံးထိ မတွန့်မဆုတ်ဘဲ အခြားသူများ၏ ဘဝတွေကို ဖျက်ဆီးသည့်သူမျိုးက လူနည်းစုသာရှိပါသည်။ထိုလူနည်းစုသည် သာမန်မိသားစုမှာဆိုလျှင် သူတို့မိသားစုပဲ ဒုက္ခရောက်မှာပါ။အကယ်၍များ ထိုလူနည်းစုသည် နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်သော ခေါင်းဆောင်များ ဖြစ်ခဲ့လျှင်တော့ နိုင်ငံသားအားလုံး ခံစားရမည့် ဒုက္ခစက်ဝန်းက တွေးရဲစရာပင်မရှိပါ။သံသရာမှာ ပြန်လည်ပေးဆပ်ရမည့် ထိုခေါင်းဆောင်ဆိုးများ၏ ကံကြမ္မာကလည်း အဆုံးမရှိအောင် ဆိုးဝါးမှာ သေချာပါသည်။

ထိုသို့ ဂိတ်ဆုံးအောင် ဆိုးသူများလည်း ဂိတ်မဆုံးသေးသဖြင့် ပြင်ဆင်ရန် အချိန်ရှိပါသေးသည်။ထို့ကြောင့် ဒုက္ခပေးသူတွေရော၊ ဒုက္ခအပေးခံရသူတွေပါ၊ အားလုံး အားလုံး ကိုယ်တိုင်လည်း အကုသိုလ်မဖြစ်၊ တခြားသူတွေလည်း ဒုက္ခမများရအောင်......။

Just don’t dare to get down. အဆင်းမရဲကြနဲ့နော်။

ရိုက်မောင်း
စက်တင်ဘာ - ၄

( Zawgyi )

“ဒကာႀကီးစဥ္းစားၾကည့္။ဒကာႀကီး တရားထိုင္တဲ့အခ်ိန္မွာ ကမၼ႒ာန္းအေပၚ အာ႐ုံမိတဲ့အခ်ိန္ကမ်ားလား၊ တျခားကိုလြင့္တဲ့အခ်ိန္ကမ်ားလား”

“လြင့္တဲ့အခ်ိန္က မ်ားပါတယ္ ဘုရား”

“လူတစ္ေယာက္က ကိုယ္နဲ႔ဆန႔္က်င္ၿပီဆိုရင္၊ သူ႔အေပၚ ၾကည္ျဖဴဖို႔လြယ္မလား၊ ေဒါသျဖစ္ဖို႔လြယ္မလား”

“ေဒါသျဖစ္လြယ္ပါတယ္ ဘုရား”

“အကုသိုလ္လုပ္ဖို႔က လြယ္တယ္။ကုသိုလ္လုပ္ဖို႔က ခက္တယ္။အကုသိုလ္လုပ္တယ္ဆိုတာ ေအာက္ကိုဆင္းတာပဲ။ကုသိုလ္လုပ္တယ္ဆိုတာက အထက္ကိုတက္တာပဲ။ဒီေတာ့ - အဆင္းလြယ္လား၊ အတက္လြယ္လား”

“အဆင္းကလြယ္ပါတယ္ ဘုရား”

“ေအး - အဆင္းကလြယ္တာ မွန္ေပမယ့္၊ ဆင္းရမွာကို ေၾကာက္သင့္လား၊ တက္ရမွာကို ေၾကာက္သင့္လား”

“ဆင္းရမွာကို ေၾကာက္သင့္ပါတယ္ ဘုရား”

“ဒါျဖင့္ရင္ - အတက္ရဲရမွာလား၊ အဆင္းရဲရမွာလား”

“အတက္ရဲရမွာပါ ဘုရား”

“ဒါေပမယ့္ ဒီေန႔လူေတြက အတက္ရဲေနလား၊ အဆင္းရဲေနလား”

“အဆင္းရဲေနပါတယ္ ဘုရား”

“ဟုတ္တယ္ ဒကာႀကီး။လူမ်ားစုက အေပၚတက္ဖို႔ထက္ ေအာက္ဆင္းဖို႔ကို ပိုစိတ္ဝင္စားၾကတယ္။ဒါကလည္း သဘာဝက်ပါတယ္။အထက္ကို တက္ရတာက ပင္ပန္းတယ္။ခက္ခဲတယ္။ေႏွာင့္ေႏွးတယ္။ေအာက္ကိုဆင္းရတာက သက္သာတယ္။လြယ္ကူတယ္။ျမန္ဆန္တယ္ေလ”

“ဘုန္းႀကီးတို႔ ရဟန္းဆိုတာ လူေတြအားလုံးရဲ႕ အျမင့္အျမတ္ထားၿပီး ကိုးကြယ္တာကို ခံယူရတဲ့သူေတြ မဟုတ္လား”

“မွန္ပါတယ္ ဘုရား”

“ကေလး လူႀကီး မေ႐ြး၊ ေယာက်ၤား မိန္းမ မေ႐ြး၊ ဆင္းရဲ ခ်မ္းသာ မေ႐ြး၊ ကုန္ကုန္ေျပာရရင္ တိုင္းျပည္အုပ္ခ်ဳပ္တဲ့ ေရေျမ့သနင္း ျပည့္ရွင္ဘုရင္မင္း ကိုယ္တိုင္ေတာင္ မာန္ကိုခ်ၿပီး ရွိခိုးဦးတင္ၾကရတယ္ မဟုတ္လား”

“မွန္ပါ့”

“ဘုန္းႀကီး ေျပာခ်င္တာက၊ အဲဒီေလာက္ ျမင့္တဲ့ေနရာရထားတဲ့ ရဟန္းေတြအေနနဲ႔ အေပၚတက္ဖို႔ မနီးေနဘူးလား”

“နီးေနပါတယ္ ဘုရား”

“ဟုတ္တယ္ ဒကာႀကီး။အလြယ္တကူ မဟုတ္ေပမယ့္ တကယ္ႀကိဳးစားမယ္ဆိုရင္ နီးေတာ့နီးကပ္လာၿပီလို႔ ဆိုရမယ္။ဒကာ၊ ဒကာမေတြရဲ႕ ေစတနာ သဒၶါတရားေတြေၾကာင့္ ဆြမ္း၊ ကြမ္း ကိစၥလည္း မပူရဘူး။ေက်ာင္းသခၤမ္းကိစၥလည္း မပူရဘူး။ေဆးဝါးအာဟာရလည္း မပူရဘူး။တရားဘာဝနာကို ေအးေအးေဆးေဆး အားထုတ္႐ုံပဲ ရွိေတာ့တယ္။ဒါေပမယ့္ အဲဒီေလာက္ အစစအရာရာအဆင္ေျပၿပီး ျမင့္ျမတ္တဲ့ေနရာကို ပိုင္ဆိုင္ထားေပမယ့္ အေပၚကို ဆက္မတက္ဘဲ စည္းစိမ္ရစ္ၿပီး ေလာကုတၱရာအတြက္ မက်င့္ႀကံ၊ ေက်းဇူးရွင္ ဒကာ၊ ဒကာမေတြရဲ႕ မ်က္ႏွာကိုမၾကည့္ဘဲ တစ္ကိုယ္ေကာင္းဆန္မယ္ဆိုရင္ ေျခတစ္လွမ္းထဲနဲ႔ အပါယ္ငရဲမွာ အဝီစိထိ ဆင္းသြားရလိမ့္မယ္”

“ခြင့္လႊတ္ပါ ဘုရား။တပည့္ေတာ္ ဉာဏ္ဗဟုသုတနည္းလို႔ ရွင္းျပေပးဖို႔ ေလွ်ာက္တင္ပါရေစ”

“ဘုန္းႀကီးတို႔ ရဟန္းေတြ သိကၡာပုဒ္ ၂၂၇ ပါး ေစာင့္ထိန္းရတာ ဒကာႀကီးသိတယ္ မဟုတ္လား”

“တင္ပါ့ ဘုရား”

“ေအး။ အဲဒီသိကၡာပုဒ္ေတြကို တစ္ခုမွက်ိဳးေပါက္လို႔ မျဖစ္ဘူး။မထိန္းသိမ္းႏိုင္လို႔ က်ိဳးေပါက္ခဲ့ရင္ ဘုန္းႀကီးတို႔မွာ အျပစ္ရွိတယ္။အျပစ္ အႀကီး၊ အေသးေတာ့ ရွိတာေပါ့ေလ။လိုရင္းေျပာရရင္ ဒကာႀကီးရယ္၊ အျပစ္အႀကီးဆုံး သိကၡာပုဒ္ေလးပါးရွိတယ္။မျမတ္တဲ့ ေမထုန္မႈက်ဴးလြန္တာ၊ သူတစ္ပါးရဲ႕ ပစၥည္းဥစၥာ ခိုးယူတာ၊ လူ႔အသက္ကို သတ္တာ၊ ဈာန္မဂ္ဖိုလ္ တရားထူးေတြကို တကယ္မရရွိဘဲ ရရွိတယ္လို႔ လိမ္ညာေျပာတာ။အဲဒီေလးပါးမွာ တစ္ပါးပါးကို က်ဴးလြန္မိတဲ့ ရဟန္းအေနနဲ႔ သာသနာေတာ္မွာ ရဟန္းဘဝနဲ႔ ေနခြင့္မရွိေတာ့ဘူး။ခ်က္ခ်င္းလူဝတ္လဲရတယ္။ေနာက္တစ္ဖန္လည္း ရဟန္းျပဳခြင့္ မရွိေတာ့ဘူး။ပါရာဇိက အာပတ္သင့္တယ္လို႔ ဆိုတယ္။ဘုန္းႀကီး (ရဟန္း) ေတြ ပါရာဇိက က်တယ္ဆိုတာ ျမင့္ရာကေန နိမ့္ရာကိုက်တာပဲ။ေအာက္ကိုဆင္းတာပဲ။ဘယ္ေလာက္ထိေအာင္ဆင္းလဲ သိလား။အဝီစိထိေအာင္ ဆင္းတယ္။သူထိန္းထားတဲ့ သီလ သိကၡာပုဒ္က ဘယ္ေလာက္ျမင့္လိုက္လဲ။ဒီေလာက္ျမင့္တဲ့ေနရာကေန အဝီစိေရာက္ေအာင္ ဆင္းသြားတယ္ဆိုေတာ့၊ အဲဒါ အဆင္းရဲတာေပါ့။မဟုတ္ဘူးလား”

“မွန္ပါတယ္ ဘုရား”

“ဘုန္းႀကီး ဉာဏ္မွီသေလာက္ ဥပမာေပးရရင္၊ ဒကာႀကီးတို႔လို အိမ္ေထာင္ဦးစီးတစ္ေယာက္က မိသားစုကို သမာအာဇီဝနည္းနဲ႔ ထိန္းသိမ္းေစာင့္ေရွာက္ၿပီး လုပ္ကိုင္ေကြၽးေမြးေနတာ မိသားစုအတြက္ အက်ိဳးမမ်ားဘူးလား၊ ဒကာႀကီးအတြက္ေရာ စိတ္မခ်မ္းသာဘူးလား၊ ကုသိုလ္မရဘူးလား။အားလုံးအက်ိဳးမရွိဘူးလား”

“မွန္ပါ့ဘုရား။အားလုံးအတြက္ အက်ိဳးရွိပါတယ္ဘုရား”

“ဒါဆို ဒကာႀကီးက အျမင့္ကိုတက္ေနတာလား၊ ေအာက္ကိုဆင္းေနတာလား”

“အျမင့္ကိုတက္ေနတာပါ ဘုရား”

“တကယ္လို႔ ဒကာႀကီးက မိသားစုကို သမာအာဇီဝနည္းနဲ႔ ရွာေဖြမေကြၽးဘဲ ခိုးဝွက္လုယက္တာမ်ိဳး စတဲ့ ဝိသမေလာဘနဲ႔ ပိုက္ဆံရွာတယ္ဆိုရင္ေကာ။ဒကာႀကီးက အျမင့္တက္ေနတာျဖစ္မလား။ေအာက္ဆင္းေနတာျဖစ္မလား”

“ေအာက္ဆင္းေနတာျဖစ္ပါတယ္ ဘုရား”

“ဒါျဖင့္၊ ဒကာႀကီးအေနနဲ႔ ေအာက္ကို ရဲရဲဝံ့ဝံ့ဆင္းခ်င္လား”

“ရဲရဲဝံ့ဝံ့လည္း မဆင္းခ်င္သလို မရဲတရဲလည္း မဆင္းခ်င္ေၾကာင္းပါ ဘုရား”

“ေအာက္ကို မဆင္းခ်င္ရင္ ကုသိုလ္လုပ္ရမွာလား၊ အကုသိုလ္လုပ္ရမွာလား”

“ကုသိုလ္လုပ္ရမွာပါ ဘုရား”

“ကိုယ္က်င့္တရား ေကာင္းသင့္လား၊ မေကာင္းသင့္ဘူးလား”

“ေကာင္းသင့္ပါတယ္ ဘုရား”

“တစ္ခဏ သာယာမႈအေပၚ စည္းစိမ္ယစ္ၿပီး တစ္နပ္စားအႀကံမ်ိဳး ႀကံသင့္လား”

“မႀကံသင့္ပါ ဘုရား”

“မဟုတ္မမွန္ ပါးစပ္စည္းကမ္းမရွိဘဲ၊ ေလ အလကားရတိုင္း ေတာမေၾကာက္ ေတာင္မေၾကာက္နဲ႔ ေျပာခ်င္တိုင္း ေျပာသင့္လား”

“မေျပာသင့္ပါ ဘုရား”

“ကိုယ္လုပ္တဲ့အလုပ္က အျပစ္ ရွိ၊ မရွိ မစဥ္းစား သူမ်ားေတြဒုကၡေရာက္တာကို မိန႔္မိန႔္ႀကီးၾကည့္ၿပီး ကိုယ္လုပ္လို႔ရတိုင္း တစ္ဇြတ္ထိုးလုပ္လို႔ သင့္ေတာ္ပါ့မလား”

“မသင့္ေတာ္ပါ ဘုရား”

“အဆင္းမရဲဖို႔ သတိထားေနာ္ ဒကာႀကီး”

“မွန္ပါ့ဘုရား။တပည့္ေတာ္ သတိထားပါ့မယ္ ဘုရား”

ေပါင္ၿမိဳ႕နယ္တြင္ Video ကား တစ္ကား သြား႐ိုက္စဥ္က ဘန႔္ေဘြးကုန္း႐ြာေက်ာင္းမွ ေက်ာင္းထိုင္ဆရာေတာ္က ဆုံးမစကားဆိုခဲ့ျခင္း ျဖစ္သည္။သူငယ္ခ်င္း ဒါ႐ိုက္တာက သူ႐ိုက္ကူးမည့္ Video ကားအတြက္ ဇာတ္ၫႊန္းေရးေပးရန္ ေျပာသျဖင့္ ေရးေပးရင္း နယ္႐ိုက္ကြင္းအထိလိုက္ပါသြားခဲ့သည္။ ဇာတ္လမ္းက ႐ြာတစ္႐ြာတြင္ ငါးပါးသီလကို လြန္လြန္က်ဴးက်ဴး ခ်ိဳးဖ်က္ကာ ဒုစ႐ိုက္မႈက်ဴးလြန္သူမ်ား ေနာက္ဆုံးတြင္ မိုးႀကိဳးအပစ္ခံရ၍ ဘဝနိဂုံးခ်ဳပ္သြားရပုံကို တင္ျပထားျခင္း ျဖစ္သည္။

ကိုယ္က်င့္သီလ ထိန္းသိမ္းႏိုင္ေအာင္ သတိေပးေသာ ဇာတ္လမ္းလည္းျဖစ္၊ တည္းခိုသည့္ေနရာကလည္း ဘုန္းေတာ္ႀကီးေက်ာင္း ျဖစ္ေနသျဖင့္ ဘာသာေရးႏွင့္ ပတ္သက္၍ မရွင္းလင္းသည္မ်ားကို ဆရာေတာ့္ထံ ေမးျမန္းေလွ်ာက္ထားရင္း ဆရာေတာ္ႏွင့္ စကားမၾကာခဏေျပာျဖစ္ခဲ့သည္။ထိုမၾကာခဏၾကားနာခဲ့ရေသာ တရားမ်ားမွ အကုသိုလ္ကို ရဲရဲတင္းတင္း ျပဳေနသူမ်ားသည္ အပါယ္ေလးဘုံသို႔ ေပ်ာ္ေပ်ာ္ေမြ႕ေမြ႕ ဆင္းေနၾကျခင္းျဖစ္ေၾကာင္း၊ ထိုအပါယ္ဘုံ ေအာက္လမ္းသို႔ အဆင္းမရဲဖို႔ အမွာတရားေလးကိုေတာ့ တစ္သက္တာမေမ့ႏိုင္ေအာင္ အမွတ္တရ ရွိျဖစ္ပါသည္။

ဆရာေတာ္၏ သတိေပးတရားနာၿပီး ေနာက္ပိုင္းတြင္ အကုသိုလ္တစ္ခုခုကို ျပဳမိတိုင္း၊ ေျပာမိတိုင္း၊ ႀကံစည္မိတိုင္း ‘ငါ အပါယ္လမ္းကို ဆင္းေနပါလား၊ ဆင္းဖို႔ႀကံေနပါလား’ ဟု မွတ္မွတ္ရရရွိရင္း ဆရာေတာ့္ကို ေက်းဇူးတင္၍ ကန္ေတာ့မိပါသည္။သတိထားသည့္ၾကားမွ မၾကာခဏဆိုသလို မွားမိေနေသး၍လည္း ဆရာေတာ့္ကို ေတာင္းပန္ဝန္ခ်၍ ကန္ေတာ့မိျပန္ပါသည္။

ပုထုဇဥ္လူသားမ်ားျဖစ္၍ အမွားကင္းဖို႔ရန္ မလြယ္ကူလွပါ။သို႔ေသာ္လည္း ထိုအမွားသည္ သိပ္ႀကီးသြား၍ေတာ့ မသင့္ေလ်ာ္ဟု ထင္ပါသည္။

ဥပမာအားျဖင့္ ကိုယ့္ဆႏၵအရ ကိုယ့္ပိုက္ဆံႏွင့္ကိုယ္ အရက္ေသာက္ၿပီး မူးေသာ္လည္း မွားပါသည္။အျပစ္ရွိပါသည္။မိသားစုမ်က္ႏွာမၾကည့္ဘဲ အခ်ိန္ျပည့္မူးေနလွ်င္ ပို၍မွားပါသည္။ပို၍အျပစ္ရွိပါသည္။အကယ္၍ အရက္မူးၿပီး သူတစ္ပါး၏ပစၥည္း ခိုးဝွက္လုယက္ျခင္း၊ လူသတ္မႈက်ဴးလြန္ျခင္း၊ သူမ်ားသားသမီး ဇနီးမယားတို႔ကို ကာမက်ဴးေက်ာ္ျခင္းတို႔ ျပဳလွ်င္ေတာ့ အမွားႀကီးပါၿပီ။အျပစ္ႀကီးပါၿပီ။

တခ်ိဳ႕က အကုသိုလ္ ဒုစ႐ိုက္မႈကို ေပါ့ေပါ့ပါးပါး သာသာယာယာ က်ဴးလြန္တတ္ၾက၏။သူတို႔ကိုယ္တိုင္ကလြဲ၍ ဘယ္သူ႔ဘဝ၊ ဘယ္သူ႔အသက္ကိုမွ ကိုယ္ခ်င္းစာစိတ္ႏွင့္ မေတြးေပးတတ္ၾက။

ကြၽန္ေတာ္ ငယ္စဥ္က ၾကည့္ခဲ့ဖူးေသာ ဇာတ္ပြဲတစ္ခု၏ ျပဇာတ္မွ လူဆိုးလုပ္သူကို သတိရမိပါသည္။သူသည္ ေတာတြင္းဓါးျပဗိုလ္တစ္ေယာက္ ျဖစ္သည္။ခြန္အားဗလေကာင္းသည္။အတိုက္အခိုက္ ကြၽမ္းက်င္သည္။ဓားပစ္၊ ေသနတ္ပစ္ လက္ေျဖာင့္သည္။လက္ျမန္ေျချမန္ရွိသည္။သို႔ေသာ္ အလြန္ရက္စက္ ၾကမ္းၾကဳတ္သည္။႐ြာေတြကို ဓါးျပတိုက္သည္။သူ႔ကိုဆန႔္က်င္သည့္သူ၊ သူၾကည့္၍မရသည့္သူမ်ားကို ခ်က္ခ်င္းသတ္ပစ္သည္။မိန္းကေလး ေခ်ာေခ်ာလွလွ ျမင္လွ်င္လည္း ငယ္သည္၊ ႀကီးသည္၊ ပ်ိဳသည္၊ အိုသည္ မေ႐ြးဘဲ အဓမၼသိမ္းပိုက္သည္။

ထိုမိန္းကေလးမ်ားက သူ႔ကို အၿပဳံးႏွင့္ဆက္ဆံရသည္။သူ႔ကိုခ်စ္လားဟု ေမးလွ်င္ ခ်စ္သည္ဟု ျပႏ္ုေျပာရသည္။သူႏွင့္ေနရတာ ေပ်ာ္လားဟုေမးလွ်င္ ေပ်ာ္ပါတယ္ဟု ျပန္ေျဖရသည္။သူက ထိုမိန္းကေလးကို ႐ိုက္ႏွက္သည့္အခါတြင္လည္း  သူက နာလားဟုေမးလွ်င္ မနာပါဘူးဟု ျပန္ေျဖရသည္။

သူ႔ကို ဆက္ေၾကးေပးေနရေသာ ႐ြာသူ၊ ႐ြာသားမ်ားဆိုလွ်င္ သူ႔ကို နာက်ည္းမုန္းတီးလြန္း၍ သူ႔ကြယ္ရာတြင္ တိရစာၦန္ႏွင့္ႏႈိင္းကာ ဆဲေရးတိုင္းထြာၾက၏။မၾကားဝံ့မနာသာ စကားလုံးမ်ားႏွင့္ က်ိန္ဆဲၾက၏။သို႔ေသာ္ သူႏွင့္ေတြ႕ေသာအခါတြင္မူ တုပ္တုပ္မွ် မလႈပ္ရဲၾကရွာေပ။႐ြာသူ၊ ႐ြာသားမ်ားကို အျခား႐ြာမွ သူခိုး ဓားျပမ်ား လာေရာက္မႏွိပ္စက္ရေအာင္ သူက ကာကြယ္ေပးေနတာကို သိတယ္မဟုတ္လားဟုေမးလွ်င္ သိပါတယ္ဟု ေျဖရသည္။သူ႔ကို ေက်းဇူးတင္လားဟုေမးလွ်င္ တင္ပါတယ္ဟု အျမန္ဆုံးျပန္ေျဖရသည္။သူ႔အလိုကို ဆန႔္က်င္ေျဖရန္ မဆိုထားႏွင့္ သူ႔အလိုက်အတိုင္း ေထာက္ခံေျဖေပးေနသည္က တုန႔္တုန႔္ဆိုင္းဆိုင္း ျဖစ္ေနလွ်င္ သို႔မဟုတ္ တုန႔္တုန႔္ဆိုင္းဆိုင္း ျဖစ္ေနသည္ဟု သူယူဆလွ်င္ ခ်က္ခ်င္း ေသနတ္ႏွင့္ ပစ္သတ္သည္။လူထုပိုင္ေသာ ေ႐ႊ၊ ေငြ၊ ပစၥည္းမ်ားကို အဓမၼယူရာ၌ သူ႔အိတ္ကပ္ထဲမွ ပိုက္ဆံကို အလြယ္တကူ ႏႈိက္ယူသလို သေဘာထား၏။လူသတ္သည့္ ေနရာတြင္လည္း ပု႐ြက္ဆိတ္တစ္ေကာင္ကို လက္ႏွင့္ဖိသတ္တာထက္ပင္ ေပါ့ေပါ့ပါးပါး လြယ္လြယ္ကူကူ က်ဴးလြန္ႏိုင္စြမ္းရွိလွ၏။

သူ႔လက္ေအာက္ငယ္သားမ်ားကိုလည္း သူ႔ကို ျပန္မလွန္ႏိုင္ေအာင္ လုပ္ထားသည္။သူ႔ၾသဇာအာဏာ တည္ၿမဲႏိုင္ရန္အတြက္ လက္ေအာက္ငယ္သားမ်ားကို ပင္ပင္ပန္းပန္း ေလ့က်င့္ေစသည္။သူအလိုမက်သူကို ရက္ရက္စက္စက္ အျပစ္ေပးသည္။လက္ညႇိဳးျဖတ္တာမ်ိဳး၊ အခ်င္းခ်င္းျပန္သတ္ခိုင္းတာမ်ိဳး လုပ္သည္။သူ႔ငယ္သားအားလုံးက သူ႔ကို လုံးဝေမာ့မၾကည့္ရဲၾကေပ။

ထိုလူဆိုးလုပ္သည့္သူက သ႐ုပ္ေဆာင္ေကာင္းလြန္းေတာ့ ပြဲၾကည့္ပရိတ္သတ္မ်ားက သူ႔ကို ဆီးေစ့မ်ား၊ ေျပာင္းဖူး႐ိုးမ်ားႏွင့္ ပစ္ေပါက္ၾကပါသည္။ကြၽန္ေတာ္ကိုယ္တိုင္ လက္ထဲ၌ အဆင္သင့္ရွိေနေသာ စားပင္မစားရေသးေသာ အေပၚအဖတ္မ်ားပင္ မခြာရေသးေသာ ေျပာင္းဖူးအေကာင္းႀကီးကို မႏွေျမာႏိုင္ဘဲ ပစ္ေပါက္ခဲ့ပါသည္။
ႏွစ္ေပါင္းမ်ားစြာၾကာၿပီ ျဖစ္ေသာ္လည္း ထိုသူႏွိပ္စက္ပုံမ်ားကို ယေန႔တိုင္ ျမင္ေယာင္ပါေသးသည္။

တစ္ကိုယ္ေကာင္းဆန္၍ တျခားသူေတြအေပၚ ေလာဘတႀကီး၊ ေဒါသတႀကီး ျပဳမူဆက္ဆံသူမ်ားကိုျမင္တိုင္း ထိုလူဆိုးကို ျမင္မိပါသည္။ထိုလူဆိုးႏွင့္ ႏႈိင္းယွဥ္ၾကည့္မိပါသည္။

တခ်ိဳ႕လူမ်ားသည္ ကိုယ္ခ်င္းစာစိတ္မထားဘဲ ေငြအင္အား၊ လူအင္အား၊ လက္နက္အင္အား၊ အာဏာအင္အားတို႔ကို အရင္းအႏွီးျပဳ၍ ဝိသမေလာဘကို ဦးစားေပးကာ တျခားသူမ်ား၏ ဘဝေတြကို စိတ္ႀကိဳက္ျခယ္လွယ္ၾကသည္။သူတို႔ကေတာ့ ဂုဏ္ယူဝင့္ႂကြား ပီတိေတြခံစားၿပီး အေက်နပ္ႀကီး ေက်နပ္ေနၾကေလသည္။ကေလးငယ္ေလးေတြက ငါးေသးေသးေလးေတြ၊ ဖားေသးေသးေလးေတြလို အေကာင္ငယ္ေလးမ်ားကို ေဆာ့ကစားရင္း ေပ်ာ္ေနၾကသလိုမ်ိဳး ေက်နပ္ေနၾကသည္။သူတို႔၏ ေအာက္တန္းက်ေသာ စိတ္ဓာတ္မ်ားကို ျပဳျပင္ရေကာင္းမွန္းမသိဘဲ သူတို႔ႏွင့္နီးစပ္ရာ သူတို႔သားသမီး သူတို႔အမ်ိဳး၊ သူတို႔တပည့္မ်ားကိုပင္ မေကာင္းေသာ အေမြအႏွစ္မ်ား လက္ဆင့္ကမ္း ေပးလိုက္ၾကေသးသည္။သူတို႔ကိုယ္သူတို႔ အေပၚစီးေရာက္ေနၿပီ၊ သူရဲေကာင္းေတြျဖစ္ၿပီဟု အထင္ေရာက္ေနတတ္၏။

တကယ္ေတာ့ သူတို႔ေတြသည္ လူမ်ား၏ အထင္ေသးခံေနရၿပီး ေသရင္ အပါယ္သြားရမွာပါလားဟု မေတြးမိၾက။ကိုယ့္သေဘာႏွင့္ကိုယ္၊ ကိုယ့္ေလာဘႏွင့္ကိုယ္ ေအာက္သို႔ ရဲရဲဝံ့ဝံ့ဆင္းေနတာပါလားဟု သေဘာမေပါက္ၾကေပ။သူတို႔တစ္ကိုယ္လုံးမွာ ေတာက္ေလာင္ေနသည့္ ရာဂမီးသည္ အဝီစိမွာရွိေသာ ငရဲမီးထက္ပင္ ပို၍ပူျပင္းေနဟန္ရွိပါသည္။ကိုယ္ခ်င္းစာ အၾကင္နာစမ္းေရကေတာ့ သူတို႔ႏွလုံးသားမွာ တစ္စက္တစ္ေပါက္မွ်ပင္ ရွိဟန္မတူပါ။ထို႔ေၾကာင့္လည္း ငရဲမေၾကာက္ ျပာပူမေၾကာက္ ရဲရဲေတာက္ လူမိုက္ႀကီးေတြ လုပ္ေနတာျဖစ္မွာပါ။သူတို႔ ဦးေႏွာက္ထဲမွာ တရားျခင္း၊ မတရားျခင္းကို ဆင္ျခင္ႏိုင္ရန္ အသိလည္းမရွိေတာ့ပါ။သတိလည္းမရွိေတာ့ပါ။

ပုပ္ပြေနေသာ လူေသေကာင္၊ တိရစာၦန္အေသေကာင္ေတြကို မက္မက္ေမာေမာ စားေသာက္လိုက္၊ အခ်င္းခ်င္း စားမာန္ခုတ္လိုက္ႏွင့္ ပြဲေတာ္ႀကီးက်င္းပေနေသာ ေလာက္ေကာင္မ်ား၊ က်ီးကန္းမ်ား၊ ဠင္းတမ်ားကို နမူနာအျဖစ္ၾကည့္ပါ။ေဘးကၾကည့္ေနေသာသူမ်ားအတြက္ ေအာ့ႏွလုံးနာစရာ ျမင္ကြင္းပါ။ေအာက္တန္းက်ေသာ အစားအေသာက္မ်ားကို အာဟာရျပဳေနၾကတာပါ။သို႔ေသာ္လည္း သူတို႔အတြက္ကေတာ့ နတ္သုဒၶါဟု ထင္မွတ္မွားေနၾကတာပါ။

အကုသိုလ္ မေၾကာက္ေသာ လူတစ္စုသည္လည္း မိမိတို႔၏ မေတာ္ေလာဘႏွင့္ ဖန္တီးထားေသာ စည္းစိမ္ႏွင့္ အာဏာအေပၚ သာယာေနၿပီး အမွန္တရားကို စိန္ေခၚရင္း၊ လူေကာင္းေတြကို ဒုကၡေပးရင္း မေကာင္းမႈႏြံထဲသို႔ နက္သည္ထက္နက္ေအာင္ ဆင္းေနၾကရွာသည္။ထိုသူတို႔သည္ မိမိျပဳသမွ်တို႔သည္ တရားသျဖင့္လား၊ မတရားသျဖင့္လား မိမိတို႔ကိုယ္တိုင္လည္း ထိုးထြင္းမသိ၊ ေဘးမွေထာက္ျပလည္းမသိ၊ ဘုရား တရားေတာ္ေတြ ဖတ္ေန နာေနလ်က္နဲ႔လည္းမသိႏွင့္ အေတာ္ေလးကို အံ့ၾသစရာေကာင္းေနသည္။

သိသလိုလိုရွိေသာသူ က်ျပန္ေတာ့ ပိုင္ဆိုင္ထားေသာပစၥည္းကို လက္လႊတ္ရမွာစိုးသည္။အရွိန္ေကာင္းေကာင္းရေနေသာ ဝင္ေငြေတြ ရပ္တန႔္မွာစိုးသည္။သည္ေတာ့ ပိုင္ဆိုင္ထားေသာပစၥည္းကို ဘာလို႔လက္လႊတ္ရမွာလဲ၊ အရွိန္ေကာင္းေနတဲ့ ဝင္ေငြကို ဘာလို႔ဆက္မရွာရမွာလဲဟု မာန္တက္လာသည္။“သိကၡာအက်ေတာ့ မခံဘူး သူမ်ားအေပၚ ဒုကၡေပးထားတဲ့ အေႂကြးေတြကို ေနာက္ဘဝမွပဲ ဆပ္ေတာ့မယ္။တရားသည္ျဖစ္ေစ၊ မတရားသည္ျဖစ္ေစ ငါရွာထားတဲ့ပိုက္ဆံ ငါ့ပိုက္ဆံပဲ။ငါဖန္တီးထားတဲ့အာဏာ ငါ့အာဏာပဲ။ဘယ္သူဘာေျပာေျပာ လုံးဝေနာက္မဆုတ္ဘူး” ဟု ေလာဘ ၏အေပၚ မာနက ထပ္ဆင့္မိၾကျပန္သည္။မေကာင္းမႈအေပၚ သာယာၿပီး အမွားကို ျပန္မျပင္သည့္ ေႁမြတစ္ေကာင္၏ မာနကို ငါးရာ့ငါးဆယ္လာ ဝိသဝႏၲဇာတ္တြင္ ေတြ႕ရပါသည္။

ထိုဇာတ္တြင္ ဘုရားေလာင္းသည္ အဆိပ္ကိုေျဖေစတတ္ေသာ ေဆးဆရာျဖစ္၏။တစ္ခုေသာ႐ြာမွာ လူတစ္ေယာက္ ေႁမြကိုက္ခံရ၍ ေမ့ေမ်ာေနရွာ၏။ေဆးဆရာကိုပင့္၍ လိုက္သြားၿပီး ကုသေသာအခါ ကိုက္သြားေသာ ေႁမြကိုယ္တိုင္ အဆိပ္ကိုျပန္စုပ္ယူႏိုင္ပါက ခ်က္ခ်င္းသက္သာႏိုင္သည္ကို ေဆးဆရာက သိ၏။ထိုေႁမြသည္လည္း ေဝးေဝးမေရာက္ႏိုင္ေသးေၾကာင္း စဥ္းစားမိသည္။ထို႔ေၾကာင့္ ေႁမြကိုလိုက္ရွာေသာအခါ သူထင္သည့္အတိုင္းပင္ အနီးအနား၌ ေတြ႕ရသျဖင့္ ဖမ္းၿပီး ေႁမြဆိပ္သင့္ေနေသာ လူနာထံသို႔ ယူလာကာ၊ ၎၏အဆိပ္မ်ားကို ျပန္လည္စုပ္ယူေစသည္။သို႔ေသာ္ ထိုေႁမြက၊ အဆိပ္မ်ားကို လုံးဝမစုပ္ယူေပ။ေဆးဆရာက မည္သို႔ေျပာေျပာ၊ ၎က လုံးဝအေလွ်ာ့မေပးပါ။ေနာက္ဆုံးတြင္၊ ေဆးဆရာက ၎ကို မီးျဖင့္တိုက္မည္ဟုေျပာကာ တကယ္ပင္ မီးရႈိ႕မည့္ဟန္ႏွင့္ မီးဖို ဖို၏။ဘယ္လိုေျခာက္ေျခာက္၊ ဘယ္လိုေခ်ာ့ေခ်ာ့ ထိုေႁမြက လုံးဝမတုန္လႈပ္ပါ။သူမ်ားအသက္ေတြ၊ ဘဝေတြ ပ်က္စီးတာ မပ်က္စီးတာကို သူလုံးဝမစဥ္းစားေပးႏိုင္ေၾကာင္း၊ သူ႔အသက္ေသခ်င္ ေသပါေစ၊ သိကၡာအက်ခံၿပီး အဆိပ္ျပန္စုပ္ယူေပးဖို႔ လုံးဝလက္မခံႏိုင္ေၾကာင္းကိုသာ ျပန္ေျပာေလ၏။

ဘုရားေလာင္း ေဆးဆရာက ၎ေႁမြကို တကယ္မသတ္ခဲ့ပါ။သို႔ေသာ္လည္း မသိမႈ၏ ဆိုးဝါးပုံ၊ ေၾကာက္စရာေကာင္းပုံကိုေတာ့ တရားရလိုက္ပါသည္။

တခ်ိဳ႕တခ်ိဳ႕ေသာ လူမိုက္မ်ားသည္ မိမိတို႔၏မာနကို မခ်ိဳးႏွိမ္ဘဲ၊ မိမိတို႔၏သိကၡာကို မခ်ဘဲ မိုက္လက္စႏွင့္ ဆက္မိုက္ၾကသည္။မိမိ၏ တစ္ခဏစံ ဘဝအတြက္ အကုသိုလ္ တြင္းနက္နက္ကို ကိုယ္တိုင္တူးကာ ဆက္၍ဆင္းေနၾကေလသည္။

ေလာကမွာ အဆုံးထိ မတြန႔္မဆုတ္ဘဲ အျခားသူမ်ား၏ ဘဝေတြကို ဖ်က္ဆီးသည့္သူမ်ိဳးက လူနည္းစုသာရွိပါသည္။ထိုလူနည္းစုသည္ သာမန္မိသားစုမွာဆိုလွ်င္ သူတို႔မိသားစုပဲ ဒုကၡေရာက္မွာပါ။အကယ္၍မ်ား ထိုလူနည္းစုသည္ ႏိုင္ငံတစ္ႏိုင္ငံကို အုပ္ခ်ဳပ္ေသာ ေခါင္းေဆာင္မ်ား ျဖစ္ခဲ့လွ်င္ေတာ့ ႏိုင္ငံသားအားလုံး ခံစားရမည့္ ဒုကၡစက္ဝန္းက ေတြးရဲစရာပင္မရွိပါ။သံသရာမွာ ျပန္လည္ေပးဆပ္ရမည့္ ထိုေခါင္းေဆာင္ဆိုးမ်ား၏ ကံၾကမၼာကလည္း အဆုံးမရွိေအာင္ ဆိုးဝါးမွာ ေသခ်ာပါသည္။

ထိုသို႔ ဂိတ္ဆုံးေအာင္ ဆိုးသူမ်ားလည္း ဂိတ္မဆုံးေသးသျဖင့္ ျပင္ဆင္ရန္ အခ်ိန္ရွိပါေသးသည္။ထို႔ေၾကာင့္ ဒုကၡေပးသူေတြေရာ၊ ဒုကၡအေပးခံရသူေတြပါ၊ အားလုံး အားလုံး ကိုယ္တိုင္လည္း အကုသိုလ္မျဖစ္၊ တျခားသူေတြလည္း ဒုကၡမမ်ားရေအာင္......။

Just don’t dare to get down. အဆင္းမရဲၾကနဲ႔ေနာ္။

႐ိုက္ေမာင္း
စက္တင္ဘာ - ၄