【 ဆောင်းပါး 】 “သူမဟုတ်သလို”

【 ဆောင်းပါး 】 “သူမဟုတ်သလို”

"ဆရာရောက်တာကြာပြီလား"

"ကြာပြီပေါ့ဗျာ၊ခင်ဗျားတို့လို တာဝန်ကျေလေး လာလို့မရဘူးလေ။ခင်ဗျားတို့နေရထိုင်ရ အဆင်ပြေ အောင်၊စားဖို့သောက်ဖို့ အဆင်ပြေအောင် ကြိုပြီးစီစဉ်ရသေးတယ်"

"သြော် ဟုတ်သားပဲ။ဆရာတို့အမှုဆောင်အဖွဲ့က ကျွန်တော်တို့ကိုယ်စားတာဝန်ယူထားရတော့ ပင်ပန်းမှာပဲနော်"

"ဒါပေါ့ဗျာ။ကျုပ်တို့က ကိုယ်ကျိုးစွန့်ပြီး အဖွဲ့ဝင်တွေအားလုံးရှေ့က မားမားမတ်မတ်ရပ်ပေး နေရ တာပေါ့"

"ကျေးဇူးတင်ပါတယ်ဆရာ။ဆရာတို့ပင်ပန်းတာသိပေမယ့် ဒီနှစ်လည်း ဆရာတို့ပဲဆက်လုပ်စေချင်ပါ တယ်ဆရာ"

"အဲတာတွေခက်တာပေါ့။တကယ်တော့ကျုပ်တို့ကလုပ်ချင်တာမဟုတ်ဘူး။ခင်ဗျားတို့အားလုံးကိုယ်စားကိုယ်ကျိုး စွန့်ပြီးလုပ်နေရတာ။ဆိုးတာက ခင်ဗျားတို့တွေက ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးပြောတတ်ကြတာပဲ။အများအကျိုးအတွက် ပဲလေလို့ စိတ်ကိုဖြေပြီးအတော်သည်းခံနေရတာ"

"ဘာဖြစ်လို့လဲဆရာ။ကျွန်တော်တို့က ဘာပြောခဲ့မိလို့ပါလဲ"

"ခုပဲကြည့်လေ။ခင်ဗျားတို့က ကျွန်တော်တို့ကို အမှုဆောင်တင်မြှောက်။အကူအညီတောင်း။ကျုပ်တို့က မအားမလပ်တဲ့ကြားထဲက မလုပ်ချင်ဘဲ အနစ်နာခံပြီးလုပ်ပေးနေတာ။နောက်ကွယ်ကျတော့ ခင်ဗျားတို့ပဲ အမျိုးမျိုးအပြစ်ရှာဝေဖန်ကြသေးတယ်"

ကျွန်တော်တစ်ခါမှကိုယ့်ကိုယ်ကိုယ် သည်လောက်ဒေါသမဖြစ်ဖူးပါ ။သည်တစ်ခါတော့ကိုယ့်ပါးစပ်ကိုယ်ပြန်ရိုက် ပြစ်ချင်လောက်အောင်နောင်တရမိသည်။'မနေနိုင်မထိုင်နိုင်သွားပြောမိတာကိုးခံပေါ့'ဟု ကိုယ့်ဘာသာကိုယ်အပြစ် တင်ပြီးငြိမ်နေလိုက်ရပါသည်။

အမှုဆောင်ရွေးကောက်တင်မြှောက်ပွဲနှစ်ပတ်လည်ညီလာခံမှာဖြစ်ဧ။်။အစည်းအဝေးစတင်ရန်အချိန်ရောက်နေ သော်လည်း မစဖြစ်သေး။လူကမစုံသေး။ပြဿနာတော့သိပ်မရှိ။မတွေ့တာကြာပြီဖြစ်သောမိတ်ဆွေအပေါင်းအသင်းများ တစ်ခါတစ်လေ တွေ့ကြရသည်ဖြစ်၍ စကားတွေပြောမဆုံးကြ။ထိုသို့ရယ်ရယ်မောမောနှင့် လက်ရှိမိမိ၏ဘ၀ လှုပ်ရှားမှုတွေ ၊လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး အခြေအနေအကြောင်း ရှေးဖြစ်နောက်ဟောင်းပြောနေသူများက ဟိုတစ်စုသည် တစ်စု။အခန်းထောင့်မှာ အခန်းအပြင်မှာတိုးတိုးတိုးတိုးပြောနေသူများလည်းရှိသည်။ထိုသူများကတော့ လက်ရှိအမှုဆောင် များနှင့်နောက်ထပ်ရွေးချယ်မည့်အမှုဆောင်များအကြောင်း၊မည်သူကိုဖယ်၍မည်သူကိုတင်မည်၊မည်သူ တို့ဆက်လုပ် မည်၊ဒါပဲဖြစ်မှာပါ။

မှန်ရာဝန်ခံရလျှင် ကျွန်တော်က နှစ်ပတ်လည်အစည်းအဝေးရှိမှတက်ဖြစ်ပါသည်။ဒါတောင် တစ်နှစ်စ နှစ်နှစ်စ ပျက်ကွက်ခဲ့ ဖူးပါသည်။ထို့ကြောင့်လည်း ရင်းနှီးသောအမှုဆောင်တစ်ယောက်နှစိယောက်မှလွဲ၍ ကျန်သူများ ကိုအမှုဆောင်အဟောင်းအသစ်တောင်မခွဲခြားနိုင်ခဲ့ပါ။ထို့ကြောင့်လည်း အနည်းငယ်ရင်းနှီးသော လက်ရှိအမှုဆောင် ဟောင်း တစ်ယောက်ကိုစကား မရှိစကားရှာပြီးနုတ်ဆက်ပြောပြောမိခြင်းပါ ။ထို့ကြောင့်လားမသိ ။ထိုသူကကျွန်တော်ကို ကောင်းကောင်းနှိပ်ကွပ်၍ ဧရာမစေတနာရှင်၊ဧရာမကိုယ်ကျိုးစွန့်သူအဖြစ်သူ့ကိုယ်သူဖေါ်ကောင်လုပ်နေခဲ့သည်။

ကျွန်တော့အနေနှင့်ထိုအပြောမျိုးကိုမနှစ်သက်ပါ။သို့သော်လည်းသူတို့ကိုအပြစ်မတင်ချင်ပါ။ကျွန်တော်တို့ကအဖွဲ့အစည်း တစ်ခုတည်းမှအသင်းသားအချင်းချင်းတွေပဲ။အကယ်၍ကျွန်တော့ကိုသူတို့လိုအမှုဆောင်အဖြစ်တာဝန်ပေး လာလျှင်လည်း ကျွန်တော်အချိန်မပေးနိုင်ပါ။သူတို့လိုလည်းတွင်တွင်ကျယ်ကျယ်လုပ်နိုင်မည်မဟုတ်ပါ။

အစည်းအဝေး စတင်သောအခါ ဗဟိုမှကိုယ်စားလှယ်တစ်ဦးအပါအဝင် နာယကနှစ်ယောက်က ဦးစီးထိန်း သိမ်းပေးပါသည်။ အမှုဆောင် ဟောင်းများနုတ်ထွက်ပြီးနောက်အမှုဆောင်သစ်ရွေးချယ်ပွဲစတင်ပါသည်။ကိုယ်စားလှယ်က စိတ်သစ်၊လူသစ်၊ပုံ စံသစ်နှင့်အမှုဆောင်သစ်ရွေးချယ်မည်ဖြစ်ကြောင်း၊ယခင်ကကဲ့သို့ ကာယကံရှင်မှဆန္ဒရှိ၊မရှိမသိဘဲ အခြားလူတစ်ယောက် က အဆိုတင်သွင်းပြီး၊နောက်တစ်ယောက်က ထောက်ခံရွေးချယ်ခဲ့သောပုံစံကိုအသုံး မပြုတော့ ကြောင်း၊ဦးစွာရှင်းပြပါသည်။ ဆက်၍အမှန်တကယ်ဆောင်ရွက်နိုင်မည့်၊ဆောင်လည်း ဆောင်ရွက်ပေးချင်သည့်ကာ ယကံရှင်က ကိုယ်တိုင်ဆန္ဒပြုပေးပါ ရန်ပြောသည်။

ကျွန်တော့စိတ်ထဲမှာအနည်းငယ်စိုးရိမ်သွားမိသည်။ကိုယ်တိုင်ဆန္ဒပေးရမည်ဆိုတော့အမှုဆောင်လုပ်မည့်သူရှိပါမလားဟု တွေးမိသည်။မလုပ်ချင်သည့်သူကအခန့်သင့်သွားသဖြင့် ဆန္ဒမပေးရုံနှင့်အဆင်ပြေသွားလေပြီ ။တကယ်လုပ် ချင်သော၊လုပ် လည်းလုပ်နိုင်သောသူရှိလျှင်တောင်မှကိုယ်တိုင်ဆန္ဒမပြုလျှင်ခက်ပေမည်။ သည်သို့ဆိုလျှင်အမှုဆောင်တစ်ယောက်ပင်ရှိပါ့ မလား။ရှိနေလျှင်လည်း လေး၊ငါးယောက်ပင်အနိုင်နိုင်ရလိမ့်မည် ဟုတွေးမိသည်။

ကျွန်တော့အတွေးက ခဏပဲဖြစ်ခွင့်ရပါသည်။ဆယ့်ငါးမိနစ်ခန့်အကြာမှာကိုယ်တိုင်ဆန္ဒပြုကာအရွေး ခံသော အမှုဆောင်က ဆယ့်ငါးယောက်ရှိသွားပြီ။ဖွဲ့စည်းပုံအရလိုအပ်တာကဆယ်ယောက် ။ဆန္ဒပြုသူကဆယ့်ငါး ယောက်ရှိနေ ပြီ။သည်တော့ ငါး ယောက်ပြန်ထွက်ပေးရပေမည်။ကျွန်တော်က ဘယ်သူတွေနုတ်ထွက်ပေးမလဲဟုစိတ်ဝင်စားစွာ ကြည့် နေမိသည်။နာယက နှစ်ဦးကလည်းကျွန်တော့စိတ်ကူးနှင့်အတူတူပင်ဖြစ်မည်ထင်သည် ။ခေတ္တစောင့်ဆိုင်း နေကြသည်။ သို့သော် တစ်ယောက်မှ မလှုပ်ကြ။တစ်ယောက်မှပြန်မထွက်ပေးကြ။

ကျွန်တော့ကိုစကားလုံးနှင့်အနိုင်ယူသွားသောအမှုဆောင်ဟောင်းကလည်း သူ့ဘာသာသူဆန္ဒပြုထားသည်။ငါး ယောက်ပို နေမှန်းသိလျက် နှင့် သူလည်းမနုတ်ထွက်ခဲ့။သတ်မှတ်ချက်ထက်ငါးယောက်ပိုနေသဖြင့်အကယ်၍သည်အတိုင်း ဆက်ဖြစ်နေလျှင်လျှို့ဝှက်မဲစနစ်နှင့်လိုအပ်သောဆယ် ယောက်ကိုရွေးချယ်မည်ဖြစ်ကြောင်းကိုယ်စားလှယ်က ပြောသည်။ ကိုယ့်သဘောနှင့်ကိုယ်ဆန္ဒပြုထားသူများဖြစ်၍ ကိုယ့်သဘောနှင့်ကိုယ်အလွယ်တကူနုတ်ထွက်နိုင်သဖြင့်အချင်း ချင်း ညှိနှုင်းဆောင်ရွက်ရန်အချိန်အနည်းငယ်ပေးထားပါ သည်။

ကျွန်တော့ကိုဟိတ်လုံးဟန်လုံးတွေနှင့်အနိုင်ယူပြောဆိုသွားသောကျွန်တော့ဇာတ်လိုက်ကတော့ဟိုအုပ်စုနှင့်ပြောလိုက် သည်အုပ်စုနှင့်ရောလိုက်လုပ်နေရှာသည်။သူအရွေးမခံရမှာစိုး၍စည်းရုံးနေသည်မှာသိသာလှ၏။သူ့လှုပ်ရှားမှုကိုလိုက်ကြည့် ရင်း သူကျွန်တော့ကိုရှက်ရွံ့ရွံ့ဖြစ်နေမလားဟုတွေးနေဆဲမှာပင် သူကျွန်တော့အနားရောက်လာသည်။

"ကဲ ကိုယ့်ဆရာ၊ခင်ဗျားတို့ကိုအားနာမိလို့ ဒုက္ခတွင်းထဲခုန်ဆင်းပြီး ဆက်အနစ်နာခံလိုက်ဦးမယ်။ ခင်ဗျားတို့ ကြောင့်လုပ်ခဲ့တာ မို့ ခင်ဗျား ကျွန်တော့ကိုမဲပေးရမှာနော်"

ကျွန်တော်သူ့ကိုဘာမှပြန်မပြောပါ။လူမိုက်အားပေးဖြစ်မည်စိုး၍မဲလည်းမပေးခဲ့ပါ။သို့သော် အမှုဆောင်ဆယ် ယောက်ထဲ တွင်သူပြန်ပါပါသည်။

နေရာကိုလည်းမက်သည်။သူနေရာမက်မှန်းလည်း အများကိုမသိစေချင်။ထို့ပြင် အများက သူ့ကိုသဘော ကျအ ကူညီတောင်း၍ မလွှဲမရှောင်သာဘဲနေရာယူလိုက်ရသည့် ဇာတ်ညွှန်းမျိုးရေးချင်သေးသည်။ လောက မှာ 'နေရာ'လိုချင်တာသဘာဝပါ။ လိုချင်သော်လည်းမလိုချင်ဟန်ဆောင်တာလည်းသဘာဝပါပဲ။သို့သော်လည်း သူ့ ကိုယ်သူ'စေတနာရှင်ကြီး''ကယ်တင်ရှင်ကြီး'လုပ်ကာ အများ၏ကျေးဇူးအတင်ခံချင်သေးတာကတော့ လွန်ကဲသွား ပေပြီ။
လောဘတွေ သိပ်ကြီးသွားပြီထင်သည်။အလိုရမ္မက်ကြီးလာပြီဆိုလျှင်ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတွေလုံးဝပျောက်သွား တတ်ပါသည်။သူဆင်သမျှ၊သူဖန်တီးသမျှတွေလည်းလုံးဝအရာမထင်တော့ပေ။ပတ်ဝန်းကျင်တစ်ခုလုံးကသူ့လောဘကိုထင်ထင်ရှားရှားမြင်နေရသော်လည်း သူကတော့သတိမထားမိနိုင်အောင်တွေဝေမိန်းမောသွားလေပြီ။သူ့သတိကသူ့လောဘ နောက်သို့လိုက်ရန်သက်သက်ဖြစ် သွားလေပြီ။ရှက်ရမှန်း၊ကြောက်ရမှန်းမသိလောက်အောင်မှားယွင်း၈ျ် ကိုယ်ကျင့်သိက္ခာ တွေပျောက်ဆုံးကုန်၏။

လောဘတကြီးနှင့်ပစ္စည်းတစ်ခုခုကိုလှမ်းယူရင်းလုံချည်ကျွတ်ကျသွားတာမျိုးဖြစ်၏။အချို့ကလုံချည်ကျွတ်ကျမှန်းမသိ၍ပြန် မဝတ်သော်လည်း၊အချို့က လုံချည်ကျွတ်နေမှန်းသိသည့်တိုင်အာသာဆန္ဒကပြင်း ပြလွန်းသဖြင့်သိလျက်နှင့် ပြန်မဝတ်ကြ ပေ။အလိုလောဘကြီးလေလေ၊အရှက်အကြောက်ကင်းလေလေ။အရှက်အကြောက်ကင်းလေလေ လူစိတ် ပျောက်လေလေ ဖြစ်တော့သည်။

ဆန္ဒလောဘကြီးလွန်းသောသူသည် သာမန်လူမှုရေးအဖွဲ့အစည်းတစ်ခု၏ခေါင်းဆောင်ဆိုလျှင်တော်သေးသည် (တစ်ခါတ လေ ထိုလူမှုအဖွဲ့အစည်းမျိုးကလည်းအလွန်အင်အားကြီး၊အလွန်အဆိပ်ပြင်းသောနိုင်ငံရေးအဖွဲ့အစည်း ၊အုပ်ချုပ်ရေးအဖွဲ့ အစည်းမျိုးဖြစ်လာတတ်၏)ပညာရေး၊ကျန်းမာရေး၊နိုင်ငံရေး၊အထူးသဖြင့်အုပ်ချုပ်ရေး ၊အထူး ထက် အထူးသဖြင့်နိုင်ငံတစ်နိုင်ငံ၏အုပ်ချုပ်ရေးပိုင်းမှာ ထိုသူမျိုးရောက်ရှိနေလျှင်၊နိုင်ငံသား တို့၏အခွင့်အရေး တွေလုံးဝပျောက်ကွယ်သွားမည်။ ဘဝတွေစုတ်ပြတ်သွားမည်။အသက်တွေပေးဆပ်ကြရမည်။ မျိုးဆက်အထိအညွန့်တုံး သွားပေလိမ့်မည်။

ထိုသို့သောသူမျိုးနှင့်အကယ်၍ကြုံတွေ့ရပြီဆိုလျှင်လည်း ကြောက်စရာမလိုပါ။ ဝဋ်ရှိသမျှတော့ခံကြ တာပေါ့။အချိန်တစ်ခုမှာ တော့သူ့လမ်းသူသွားရမှာပါပဲ။အရေးကြီးတာက သူ့အတွေးဆိုး၊အကျင့်ဆိုးတွေ ကျွန်တော်တို့လက်မခံထားမိဖို့ပါ။
တစ်ချိန်က ကျွန်တော်တို့ဂျပန်ကိုတော်လှန်နိုင်ခဲ့သော်လည်း၊မောင်းထုတ်နိုင်ခဲ့သော်လည်း၊ ဂျပန်တွေကျင့်သုံးသွားသည့်ဖက်ဆစ်ညာဉ်ဆိုးကကျန်နေခဲ့ပါသည်။

လောဘစိတ်တွေတဟုန်းဟုန်းလောင်နေသည့်ခေါင်းဆောင်တချို့က ဖက်ဆစ်ညာဉ်ကို လက်နက်အဖြစ်သုံး ခဲ့သည့်အတွက် ပြည်သူအများဒုက္ခပင်လယ်မှာကယ်ပါယူပါတဆာဆာဖြစ်ခဲ့ရ ဖူးပါသည်။

ထူးတော့ထူး ပါသည်။ဆန်းတော့လည်းမဆန်းလှပါ။ဆန်းတာကအဆိုးဝါးအရက်စက်ဆုံးလုပ်ထားသည့်သူက သူ့ကိုယ်သူတကယ်ကောင်းအောင်မပြုပြင်ဘဲ လူကောင်းစာရင်း ထဲမှာထိပ်ဆုံးကပါချင်နေသေးတာပါ။လူဆိုးဆိုတာ အဋ္ဌာရသဆယ့်ရှစ်ရပ်ပဲတတ်တတ်၊ကိုယ်ပဲပျောက် ပျောက်၊မြေ လျှိုးပြီးမိုးပဲပျံပျံ၊ဘုရင်ပဲဖြစ်ဖြစ် လူ ဆိုးကလူဆိုးပဲလေ။သူပိုင်ဆိုင်သမျှငွေကြေး၊အရှိန်အဝါ၊ဩဇာ အာဏာ ၊ဆွေမျိုး၊တ ပည့်တပန်း ဘယ်လောက်များများ၊ သူရှိ နေရမှာကလူဆိုးစာရင်းထဲမှာပါ။တချို့လူဆိုးတွေက အဆိုးတကာ့အဆိုးဆုံးအလုပ်တွေအကုန်လုပ်သည်။သို့သော်လည်း လူကောင်း နာမည်ခံချင်ကြသည်။

ဪ….သူမဟုတ်သလို…ပါပဲလား။

ရိုက်မောင်း
ဧပြီ - ၁၈

( Zawgyi )

"ဆရာေရာက္တာၾကာၿပီလား"

"ၾကာၿပီေပါ့ဗ်ာ၊ခင္ဗ်ားတို႔လို တာဝန္ေက်ေလး လာလို႔မရဘူးေလ။ခင္ဗ်ားတို႔ေနရထိုင္ရ အဆင္ေျပ ေအာင္၊စားဖို႔ေသာက္ဖို႔ အဆင္ေျပေအာင္ ႀကိဳၿပီးစီစဥ္ရေသးတယ္"

"ေၾသာ္ ဟုတ္သားပဲ။ဆရာတို႔အမႈေဆာင္အဖြဲ႕က ကြၽန္ေတာ္တို႔ကိုယ္စားတာဝန္ယူထားရေတာ့ ပင္ပန္းမွာပဲေနာ္"

"ဒါေပါ့ဗ်ာ။က်ဳပ္တို႔က ကိုယ္က်ိဳးစြန႔္ၿပီး အဖြဲ႕ဝင္ေတြအားလုံးေရွ႕က မားမားမတ္မတ္ရပ္ေပး ေနရ တာေပါ့"

"ေက်းဇူးတင္ပါတယ္ဆရာ။ဆရာတို႔ပင္ပန္းတာသိေပမယ့္ ဒီႏွစ္လည္း ဆရာတို႔ပဲဆက္လုပ္ေစခ်င္ပါ တယ္ဆရာ"

"အဲတာေတြခက္တာေပါ့။တကယ္ေတာ့က်ဳပ္တို႔ကလုပ္ခ်င္တာမဟုတ္ဘူး။ခင္ဗ်ားတို႔အားလုံးကိုယ္စားကိုယ္က်ိဳး စြန႔္ၿပီးလုပ္ေနရတာ။ဆိုးတာက ခင္ဗ်ားတို႔ေတြက ေရွ႕တစ္မ်ိဳးကြယ္ရာတစ္မ်ိဳးေျပာတတ္ၾကတာပဲ။အမ်ားအက်ိဳးအတြက္ ပဲေလလို႔ စိတ္ကိုေျဖၿပီးအေတာ္သည္းခံေနရတာ"

"ဘာျဖစ္လို႔လဲဆရာ။ကြၽန္ေတာ္တို႔က ဘာေျပာခဲ့မိလို႔ပါလဲ"

"ခုပဲၾကည့္ေလ။ခင္ဗ်ားတို႔က ကြၽန္ေတာ္တို႔ကို အမႈေဆာင္တင္ေျမႇာက္။အကူအညီေတာင္း။က်ဳပ္တို႔က မအားမလပ္တဲ့ၾကားထဲက မလုပ္ခ်င္ဘဲ အနစ္နာခံၿပီးလုပ္ေပးေနတာ။ေနာက္ကြယ္က်ေတာ့ ခင္ဗ်ားတို႔ပဲ အမ်ိဳးမ်ိဳးအျပစ္ရွာေဝဖန္ၾကေသးတယ္"

ကြၽန္ေတာ္တစ္ခါမွကိုယ့္ကိုယ္ကိုယ္ သည္ေလာက္ေဒါသမျဖစ္ဖူးပါ ။သည္တစ္ခါေတာ့ကိုယ့္ပါးစပ္ကိုယ္ျပန္႐ိုက္ ျပစ္ခ်င္ေလာက္ေအာင္ေနာင္တရမိသည္။'မေနႏိုင္မထိုင္ႏိုင္သြားေျပာမိတာကိုးခံေပါ့'ဟု ကိုယ့္ဘာသာကိုယ္အျပစ္ တင္ၿပီးၿငိမ္ေနလိုက္ရပါသည္။

အမႈေဆာင္ေ႐ြးေကာက္တင္ေျမႇာက္ပြဲႏွစ္ပတ္လည္ညီလာခံမွာျဖစ္ဧ။္။အစည္းအေဝးစတင္ရန္အခ်ိန္ေရာက္ေန ေသာ္လည္း မစျဖစ္ေသး။လူကမစုံေသး။ျပႆနာေတာ့သိပ္မရွိ။မေတြ႕တာၾကာၿပီျဖစ္ေသာမိတ္ေဆြအေပါင္းအသင္းမ်ား တစ္ခါတစ္ေလ ေတြ႕ၾကရသည္ျဖစ္၍ စကားေတြေျပာမဆုံးၾက။ထိုသို႔ရယ္ရယ္ေမာေမာႏွင့္ လက္ရွိမိမိ၏ဘ၀ လႈပ္ရွားမႈေတြ ၊လက္ရွိႏိုင္ငံေရး၊ စီးပြားေရး၊လူမႈေရး အေျခအေနအေၾကာင္း ေရွးျဖစ္ေနာက္ေဟာင္းေျပာေနသူမ်ားက ဟိုတစ္စုသည္ တစ္စု။အခန္းေထာင့္မွာ အခန္းအျပင္မွာတိုးတိုးတိုးတိုးေျပာေနသူမ်ားလည္းရွိသည္။ထိုသူမ်ားကေတာ့ လက္ရွိအမႈေဆာင္ မ်ားႏွင့္ေနာက္ထပ္ေ႐ြးခ်ယ္မည့္အမႈေဆာင္မ်ားအေၾကာင္း၊မည္သူကိုဖယ္၍မည္သူကိုတင္မည္၊မည္သူ တို႔ဆက္လုပ္ မည္၊ဒါပဲျဖစ္မွာပါ။

မွန္ရာဝန္ခံရလွ်င္ ကြၽန္ေတာ္က ႏွစ္ပတ္လည္အစည္းအေဝးရွိမွတက္ျဖစ္ပါသည္။ဒါေတာင္ တစ္ႏွစ္စ ႏွစ္ႏွစ္စ ပ်က္ကြက္ခဲ့ ဖူးပါသည္။ထို႔ေၾကာင့္လည္း ရင္းႏွီးေသာအမႈေဆာင္တစ္ေယာက္ႏွစိေယာက္မွလြဲ၍ က်န္သူမ်ား ကိုအမႈေဆာင္အေဟာင္းအသစ္ေတာင္မခြဲျခားႏိုင္ခဲ့ပါ။ထို႔ေၾကာင့္လည္း အနည္းငယ္ရင္းႏွီးေသာ လက္ရွိအမႈေဆာင္ ေဟာင္း တစ္ေယာက္ကိုစကား မရွိစကားရွာၿပီးႏုတ္ဆက္ေျပာေျပာမိျခင္းပါ ။ထို႔ေၾကာင့္လားမသိ ။ထိုသူကကြၽန္ေတာ္ကို ေကာင္းေကာင္းႏွိပ္ကြပ္၍ ဧရာမေစတနာရွင္၊ဧရာမကိုယ္က်ိဳးစြန႔္သူအျဖစ္သူ႔ကိုယ္သူေဖၚေကာင္လုပ္ေနခဲ့သည္။

ကြၽန္ေတာ့အေနႏွင့္ထိုအေျပာမ်ိဳးကိုမႏွစ္သက္ပါ။သို႔ေသာ္လည္းသူတို႔ကိုအျပစ္မတင္ခ်င္ပါ။ကြၽန္ေတာ္တို႔ကအဖြဲ႕အစည္း တစ္ခုတည္းမွအသင္းသားအခ်င္းခ်င္းေတြပဲ။အကယ္၍ကြၽန္ေတာ့ကိုသူတို႔လိုအမႈေဆာင္အျဖစ္တာဝန္ေပး လာလွ်င္လည္း ကြၽန္ေတာ္အခ်ိန္မေပးႏိုင္ပါ။သူတို႔လိုလည္းတြင္တြင္က်ယ္က်ယ္လုပ္ႏိုင္မည္မဟုတ္ပါ။

အစည္းအေဝး စတင္ေသာအခါ ဗဟိုမွကိုယ္စားလွယ္တစ္ဦးအပါအဝင္ နာယကႏွစ္ေယာက္က ဦးစီးထိန္း သိမ္းေပးပါသည္။ အမႈေဆာင္ ေဟာင္းမ်ားႏုတ္ထြက္ၿပီးေနာက္အမႈေဆာင္သစ္ေ႐ြးခ်ယ္ပြဲစတင္ပါသည္။ကိုယ္စားလွယ္က စိတ္သစ္၊လူသစ္၊ပုံ စံသစ္ႏွင့္အမႈေဆာင္သစ္ေ႐ြးခ်ယ္မည္ျဖစ္ေၾကာင္း၊ယခင္ကကဲ့သို႔ ကာယကံရွင္မွဆႏၵရွိ၊မရွိမသိဘဲ အျခားလူတစ္ေယာက္ က အဆိုတင္သြင္းၿပီး၊ေနာက္တစ္ေယာက္က ေထာက္ခံေ႐ြးခ်ယ္ခဲ့ေသာပုံစံကိုအသုံး မျပဳေတာ့ ေၾကာင္း၊ဦးစြာရွင္းျပပါသည္။ ဆက္၍အမွန္တကယ္ေဆာင္႐ြက္ႏိုင္မည့္၊ေဆာင္လည္း ေဆာင္႐ြက္ေပးခ်င္သည့္ကာ ယကံရွင္က ကိုယ္တိုင္ဆႏၵျပဳေပးပါ ရန္ေျပာသည္။

ကြၽန္ေတာ့စိတ္ထဲမွာအနည္းငယ္စိုးရိမ္သြားမိသည္။ကိုယ္တိုင္ဆႏၵေပးရမည္ဆိုေတာ့အမႈေဆာင္လုပ္မည့္သူရွိပါမလားဟု ေတြးမိသည္။မလုပ္ခ်င္သည့္သူကအခန႔္သင့္သြားသျဖင့္ ဆႏၵမေပး႐ုံႏွင့္အဆင္ေျပသြားေလၿပီ ။တကယ္လုပ္ ခ်င္ေသာ၊လုပ္ လည္းလုပ္ႏိုင္ေသာသူရွိလွ်င္ေတာင္မွကိုယ္တိုင္ဆႏၵမျပဳလွ်င္ခက္ေပမည္။ သည္သို႔ဆိုလွ်င္အမႈေဆာင္တစ္ေယာက္ပင္ရွိပါ့ မလား။ရွိေနလွ်င္လည္း ေလး၊ငါးေယာက္ပင္အႏိုင္ႏိုင္ရလိမ့္မည္ ဟုေတြးမိသည္။

ကြၽန္ေတာ့အေတြးက ခဏပဲျဖစ္ခြင့္ရပါသည္။ဆယ့္ငါးမိနစ္ခန႔္အၾကာမွာကိုယ္တိုင္ဆႏၵျပဳကာအေ႐ြး ခံေသာ အမႈေဆာင္က ဆယ့္ငါးေယာက္ရွိသြားၿပီ။ဖြဲ႕စည္းပုံအရလိုအပ္တာကဆယ္ေယာက္ ။ဆႏၵျပဳသူကဆယ့္ငါး ေယာက္ရွိေန ၿပီ။သည္ေတာ့ ငါး ေယာက္ျပန္ထြက္ေပးရေပမည္။ကြၽန္ေတာ္က ဘယ္သူေတြႏုတ္ထြက္ေပးမလဲဟုစိတ္ဝင္စားစြာ ၾကည့္ ေနမိသည္။နာယက ႏွစ္ဦးကလည္းကြၽန္ေတာ့စိတ္ကူးႏွင့္အတူတူပင္ျဖစ္မည္ထင္သည္ ။ေခတၱေစာင့္ဆိုင္း ေနၾကသည္။ သို႔ေသာ္ တစ္ေယာက္မွ မလႈပ္ၾက။တစ္ေယာက္မွျပန္မထြက္ေပးၾက။

ကြၽန္ေတာ့ကိုစကားလုံးႏွင့္အႏိုင္ယူသြားေသာအမႈေဆာင္ေဟာင္းကလည္း သူ႔ဘာသာသူဆႏၵျပဳထားသည္။ငါး ေယာက္ပို ေနမွန္းသိလ်က္ ႏွင့္ သူလည္းမႏုတ္ထြက္ခဲ့။သတ္မွတ္ခ်က္ထက္ငါးေယာက္ပိုေနသျဖင့္အကယ္၍သည္အတိုင္း ဆက္ျဖစ္ေနလွ်င္လွ်ိဳ႕ဝွက္မဲစနစ္ႏွင့္လိုအပ္ေသာဆယ္ ေယာက္ကိုေ႐ြးခ်ယ္မည္ျဖစ္ေၾကာင္းကိုယ္စားလွယ္က ေျပာသည္။ ကိုယ့္သေဘာႏွင့္ကိုယ္ဆႏၵျပဳထားသူမ်ားျဖစ္၍ ကိုယ့္သေဘာႏွင့္ကိုယ္အလြယ္တကူႏုတ္ထြက္ႏိုင္သျဖင့္အခ်င္း ခ်င္း ညႇိႏႈင္းေဆာင္႐ြက္ရန္အခ်ိန္အနည္းငယ္ေပးထားပါ သည္။

ကြၽန္ေတာ့ကိုဟိတ္လုံးဟန္လုံးေတြႏွင့္အႏိုင္ယူေျပာဆိုသြားေသာကြၽန္ေတာ့ဇာတ္လိုက္ကေတာ့ဟိုအုပ္စုႏွင့္ေျပာလိုက္ သည္အုပ္စုႏွင့္ေရာလိုက္လုပ္ေနရွာသည္။သူအေ႐ြးမခံရမွာစိုး၍စည္း႐ုံးေနသည္မွာသိသာလွ၏။သူ႔လႈပ္ရွားမႈကိုလိုက္ၾကည့္ ရင္း သူကြၽန္ေတာ့ကိုရွက္႐ြံ႕႐ြံ႕ျဖစ္ေနမလားဟုေတြးေနဆဲမွာပင္ သူကြၽန္ေတာ့အနားေရာက္လာသည္။

"ကဲ ကိုယ့္ဆရာ၊ခင္ဗ်ားတို႔ကိုအားနာမိလို႔ ဒုကၡတြင္းထဲခုန္ဆင္းၿပီး ဆက္အနစ္နာခံလိုက္ဦးမယ္။ ခင္ဗ်ားတို႔ ေၾကာင့္လုပ္ခဲ့တာ မို႔ ခင္ဗ်ား ကြၽန္ေတာ့ကိုမဲေပးရမွာေနာ္"

ကြၽန္ေတာ္သူ႔ကိုဘာမွျပန္မေျပာပါ။လူမိုက္အားေပးျဖစ္မည္စိုး၍မဲလည္းမေပးခဲ့ပါ။သို႔ေသာ္ အမႈေဆာင္ဆယ္ ေယာက္ထဲ တြင္သူျပန္ပါပါသည္။

ေနရာကိုလည္းမက္သည္။သူေနရာမက္မွန္းလည္း အမ်ားကိုမသိေစခ်င္။ထို႔ျပင္ အမ်ားက သူ႔ကိုသေဘာ က်အ ကူညီေတာင္း၍ မလႊဲမေရွာင္သာဘဲေနရာယူလိုက္ရသည့္ ဇာတ္ၫႊန္းမ်ိဳးေရးခ်င္ေသးသည္။ ေလာက မွာ 'ေနရာ'လိုခ်င္တာသဘာဝပါ။ လိုခ်င္ေသာ္လည္းမလိုခ်င္ဟန္ေဆာင္တာလည္းသဘာဝပါပဲ။သို႔ေသာ္လည္း သူ႔ ကိုယ္သူ'ေစတနာရွင္ႀကီး''ကယ္တင္ရွင္ႀကီး'လုပ္ကာ အမ်ား၏ေက်းဇူးအတင္ခံခ်င္ေသးတာကေတာ့ လြန္ကဲသြား ေပၿပီ။
ေလာဘေတြ သိပ္ႀကီးသြားၿပီထင္သည္။အလိုရမၼက္ႀကီးလာၿပီဆိုလွ်င္က်ိဳးေၾကာင္းဆင္ျခင္ႏိုင္စြမ္းေတြလုံးဝေပ်ာက္သြား တတ္ပါသည္။သူဆင္သမွ်၊သူဖန္တီးသမွ်ေတြလည္းလုံးဝအရာမထင္ေတာ့ေပ။ပတ္ဝန္းက်င္တစ္ခုလုံးကသူ႔ေလာဘကိုထင္ထင္ရွားရွားျမင္ေနရေသာ္လည္း သူကေတာ့သတိမထားမိႏိုင္ေအာင္ေတြေဝမိန္းေမာသြားေလၿပီ။သူ႔သတိကသူ႔ေလာဘ ေနာက္သို႔လိုက္ရန္သက္သက္ျဖစ္ သြားေလၿပီ။ရွက္ရမွန္း၊ေၾကာက္ရမွန္းမသိေလာက္ေအာင္မွားယြင္း၈်္ ကိုယ္က်င့္သိကၡာ ေတြေပ်ာက္ဆုံးကုန္၏။

ေလာဘတႀကီးႏွင့္ပစၥည္းတစ္ခုခုကိုလွမ္းယူရင္းလုံခ်ည္ကြၽတ္က်သြားတာမ်ိဳးျဖစ္၏။အခ်ိဳ႕ကလုံခ်ည္ကြၽတ္က်မွန္းမသိ၍ျပန္ မဝတ္ေသာ္လည္း၊အခ်ိဳ႕က လုံခ်ည္ကြၽတ္ေနမွန္းသိသည့္တိုင္အာသာဆႏၵကျပင္း ျပလြန္းသျဖင့္သိလ်က္ႏွင့္ ျပန္မဝတ္ၾက ေပ။အလိုေလာဘႀကီးေလေလ၊အရွက္အေၾကာက္ကင္းေလေလ။အရွက္အေၾကာက္ကင္းေလေလ လူစိတ္ ေပ်ာက္ေလေလ ျဖစ္ေတာ့သည္။

ဆႏၵေလာဘႀကီးလြန္းေသာသူသည္ သာမန္လူမႈေရးအဖြဲ႕အစည္းတစ္ခု၏ေခါင္းေဆာင္ဆိုလွ်င္ေတာ္ေသးသည္ (တစ္ခါတ ေလ ထိုလူမႈအဖြဲ႕အစည္းမ်ိဳးကလည္းအလြန္အင္အားႀကီး၊အလြန္အဆိပ္ျပင္းေသာႏိုင္ငံေရးအဖြဲ႕အစည္း ၊အုပ္ခ်ဳပ္ေရးအဖြဲ႕ အစည္းမ်ိဳးျဖစ္လာတတ္၏)ပညာေရး၊က်န္းမာေရး၊ႏိုင္ငံေရး၊အထူးသျဖင့္အုပ္ခ်ဳပ္ေရး ၊အထူး ထက္ အထူးသျဖင့္ႏိုင္ငံတစ္ႏိုင္ငံ၏အုပ္ခ်ဳပ္ေရးပိုင္းမွာ ထိုသူမ်ိဳးေရာက္ရွိေနလွ်င္၊ႏိုင္ငံသား တို႔၏အခြင့္အေရး ေတြလုံးဝေပ်ာက္ကြယ္သြားမည္။ ဘဝေတြစုတ္ျပတ္သြားမည္။အသက္ေတြေပးဆပ္ၾကရမည္။ မ်ိဳးဆက္အထိအၫြန႔္တုံး သြားေပလိမ့္မည္။

ထိုသို႔ေသာသူမ်ိဳးႏွင့္အကယ္၍ႀကဳံေတြ႕ရၿပီဆိုလွ်င္လည္း ေၾကာက္စရာမလိုပါ။ ဝဋ္ရွိသမွ်ေတာ့ခံၾက တာေပါ့။အခ်ိန္တစ္ခုမွာ ေတာ့သူ႔လမ္းသူသြားရမွာပါပဲ။အေရးႀကီးတာက သူ႔အေတြးဆိုး၊အက်င့္ဆိုးေတြ ကြၽန္ေတာ္တို႔လက္မခံထားမိဖို႔ပါ။
တစ္ခ်ိန္က ကြၽန္ေတာ္တို႔ဂ်ပန္ကိုေတာ္လွန္ႏိုင္ခဲ့ေသာ္လည္း၊ေမာင္းထုတ္ႏိုင္ခဲ့ေသာ္လည္း၊ ဂ်ပန္ေတြက်င့္သုံးသြားသည့္ဖက္ဆစ္ညာဥ္ဆိုးကက်န္ေနခဲ့ပါသည္။

ေလာဘစိတ္ေတြတဟုန္းဟုန္းေလာင္ေနသည့္ေခါင္းေဆာင္တခ်ိဳ႕က ဖက္ဆစ္ညာဥ္ကို လက္နက္အျဖစ္သုံး ခဲ့သည့္အတြက္ ျပည္သူအမ်ားဒုကၡပင္လယ္မွာကယ္ပါယူပါတဆာဆာျဖစ္ခဲ့ရ ဖူးပါသည္။

ထူးေတာ့ထူး ပါသည္။ဆန္းေတာ့လည္းမဆန္းလွပါ။ဆန္းတာကအဆိုးဝါးအရက္စက္ဆုံးလုပ္ထားသည့္သူက သူ႔ကိုယ္သူတကယ္ေကာင္းေအာင္မျပဳျပင္ဘဲ လူေကာင္းစာရင္း ထဲမွာထိပ္ဆုံးကပါခ်င္ေနေသးတာပါ။လူဆိုးဆိုတာ အ႒ာရသဆယ့္ရွစ္ရပ္ပဲတတ္တတ္၊ကိုယ္ပဲေပ်ာက္ ေပ်ာက္၊ေျမ လွ်ိဳးၿပီးမိုးပဲပ်ံပ်ံ၊ဘုရင္ပဲျဖစ္ျဖစ္ လူ ဆိုးကလူဆိုးပဲေလ။သူပိုင္ဆိုင္သမွ်ေငြေၾကး၊အရွိန္အဝါ၊ဩဇာ အာဏာ ၊ေဆြမ်ိဳး၊တ ပည့္တပန္း ဘယ္ေလာက္မ်ားမ်ား၊ သူရွိ ေနရမွာကလူဆိုးစာရင္းထဲမွာပါ။တခ်ိဳ႕လူဆိုးေတြက အဆိုးတကာ့အဆိုးဆုံးအလုပ္ေတြအကုန္လုပ္သည္။သို႔ေသာ္လည္း လူေကာင္း နာမည္ခံခ်င္ၾကသည္။

ဪ….သူမဟုတ္သလို…ပါပဲလား။

႐ိုက္ေမာင္း
ဧၿပီ - ၁၈