【 ဆောင်းပါး 】 “လူသားတို့တန်ဖိုးထားရမယ့် ဂြိုဟ်ကမ္ဘာ”

【 ဆောင်းပါး 】 “လူသားတို့တန်ဖိုးထားရမယ့် ဂြိုဟ်ကမ္ဘာ”

“ကျွန်ုပ်တို့က ကျွန်ုပ်တို့ရဲ့ ကမ္ဘာကြီးကို စစ်ပွဲတွေမရှိတဲ့ကမ္ဘာ၊ နျူကလီးယားလက်နက်တွေ မရှိတဲ့ကမ္ဘာ၊ ရောဂါဘယတွေ ကင်းဝေးတဲ့ကမ္ဘာ၊ ပြီးတော့ လူဦးရေတစ်ဟုန်ထိုးတိုးပွားမှု ရပ်တန့်ပြီး နေဖို့ထိုင်ဖို့ကောင်းမွန်တဲ့ ကမ္ဘာအဖြစ် မြင်တွေ့ချင်နေတာပါ”

ယူရီဂယ်လာ (အစ္စရေးလူမျိုး ပဉ္စလက်ဆရာ)

မိမိတို့ကမ္ဘာကြီးဟာ အချိန်နဲ့အမျှ သူ့ခန္ဓာကိုယ်ကြီးကို ဝင်ရိုးပေါ်မှာ ပုံမှန်လည်ပတ်နိုင်ရေးအတွက် သူ့ကိုယ်သူဟန်ချက်ညီအောင် ကြိုးပမ်းနေရတာဖြစ်ပါတယ်။ဒီကြိုးပမ်းမှုဟာ သူ့ကျောပေါ်မှာ ထမ်းတင်ထားတဲ့ သဘာဝရေမြေတောတောင်တွေ၊ လူသားတွေနဲ့၊ အခြားသက်ရှိသတ္တဝါတွေ မယိမ်းမယိုင် မပြိုလဲအောင် ကြိုးပမ်းနေမှုပဲ ဖြစ်ပါတယ်။ဒါပေမဲ့ ကမ္ဘာကြီးရဲ့ ကျောပေါ်မှာ အခန့်သားရပ်တည်နေကြတဲ့ လူသားတွေကတော့ ကမ္ဘာကြီးက သူတို့ကိုအလေးထားဂရုစိုက်သလောက် ကမ္ဘာကြီးကို အရေးမစိုက် လျစ်လျူရှုနေကြတယ်ဆိုတာကို ဒီနေ့ခေတ်ကမ္ဘာကြီးပေါ်က လူသားတို့ရဲ့ ရပ်တည်ချက်သဘောထားနဲ့ လုပ်ရပ်တွေကိုကြည့်ရင် အကဲခတ်မှန်းဆမိလောက်မှာ ဖြစ်ပါတယ်။

ဘာကြောင့် ဒီလိုပြောရလဲဆိုရင် လူသားတွေက အမြဲမပြတ်ဆိုသလို လောဘ၊ ဒေါသနဲ့ မောဟတွေနဲ့အတူ အလွန်အတ္တကြီးတဲ့သူတွေ ဖြစ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ကြည့်လေ … လူသားတွေဟာ သူတို့ရဲ့ အကျိုးစီးပွားနဲ့ သူတို့တစ်ဘို့တည်းအတွက် ကြည့်တတ်ကြသူတွေ ဖြစ်တယ်ဆိုတာကို နေ့စဉ်နဲ့အမျှ ဂြိုဟ်ကမ္ဘာကြီးမှာ တွေ့မြင်နေရတဲ့ အိုဇုန်းလွှာပေါက်ကွဲမှုတွေ၊ ဝင်ရိုးစွန်းဒေသ ရေခဲလွှာအရည်ပျော်မှုတွေ၊ အကြမ်းဖက် စစ်မီးပဋိပက္ခတွေကနေ ပေါ်ထွက်လာတဲ့ မီးခိုးမှိုင်းတွေ၊ စက်ရုံအလုပ်ရုံတွေကနေ ပေါ်ထွက်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေနဲ့အတူ ဂြိုဟ်ကမ္ဘာကြီးမှာ နိမိတ်ဆိုးလက္ခဏာတွေ တစ်စထက်တစ်စ တိုးပွားလာနေတာကိုကြည့်ရင် သိနိုင်မှာဖြစ်ပါတယ်။

ကမ္ဘာကြီးပေါ်မှာ နေရာအနှံ့ပြန့်ကျဲနေထိုင်နေတဲ့ လူသားတွေဟာ သူတို့ရဲ့ပိုင်ရာဆိုင်ရာနယ်ပယ်တွေမှာ ကမ္ဘာကြီးအထိအခိုက်မရှိအောင် ဂေဟစနစ် ပျက်စီးယိုယွင်းခြင်းမရှိအောင်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးခြင်းမရှိအောင် ထိန်းသိမ်းကာကွယ်ရေးထက် မသိသားဆိုးရွားဆိုသလို မိမိတို့နေထိုင်နေတဲ့ ဂြိုဟ်ကမ္ဘာကြီးကို အပျက်ဘက်ဆီ ဦးတည်အောင် နိစ္စဓူဝပြုမှုကျင့်ကြံနေကြသလို ဖြစ်နေခဲ့တယ်။လူသားတွေဟာ သူတို့အကျိုးစီးပွားအတွက် ကုန်ထုတ်လုပ်ငန်းတွေကို သူ့ထက်ငါသာအောင် အပြိုင်အဆိုင်ထုတ်လုပ်ကြတယ်။သစ်တောတွေပြုန်းတီးအောင် လုပ်ဆောင်လျက်ရှိတယ်။အဲဒီအတွက် အကျိုးဆက်က ကမ္ဘာ့ဂေဟစနစ် ပျက်ယွင်းမှုနဲ့အတူ ရာသီဥတုဖောက်ပြန်မှုဆီကို ဦးတည်စေခဲ့တယ်။ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ အတ္တဆန်လွန်းတဲ့ လူသားတွေဟာ သူတို့ပြုမူလုပ်ဆောင်မှုကြောင့် ကမ္ဘာကြီးမှာဖြစ်ပေါ်လာမယ့် အပျက်ဘေးကို ပြန်လည်ဖာထေးဖို့ တာဝန်ပျက်ကွက်နေကြတဲ့အတွက် ဂရီတာချန်းဘတ်တို့လို အနာဂတ်မျိုးဆက်သစ် ကလေးငယ်တွေက သတိပေးနှိုးဆော်မှု ပြုလာရတဲ့အထိ ကမောက်ကမနိုင်သလို ဖြစ်နေခဲ့တယ်။

ဒါတင်မကသေးဘူး လူသားတွေဟာ သူတို့ရဲ့ အတ္တနဲ့မာနအတွက် စစ်ပွဲတွေခင်းပြီး ကမ္ဘာကြီးရဲ့ သဘာဝရေမြေတောတောင် နဂိုရည်အလှတွေကို ပျက်စီးစေခဲ့တယ်။လူသားတို့ရဲ့ အတ္တဆန်မှု၊ ရန်လိုမှုနဲ့ မတော်လောဘနဲ့ ပြိုင်ဆိုင်မှုပြင်းထန်မှုတွေကြောင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်ပွဲတွေဆင်နွှဲရုံသာမက ပြည်တွင်းမှာ ကိုယ့်အချင်းချင်း ပဋိပက္ခစစ်မီးတွေ တောက်လောင်စေခဲ့တာကိုလည်း တွေ့နေကြရတာပါ။

ဆိုရရင် လူသားတွေဟာ ရှေးပဝေသဏီကတည်းကနေ လက်ရှိအချိန်အထိ စစ်ပွဲတွေကို အဆုံးမသတ်နိုင်အောင် ခင်းကျင်းလာခဲ့ကြတာဖြစ်ပါတယ်။အင်အားကြီးမားရင် ကြီးမားသလောက် သြဇာအရှိန်အဝါကြီးမားရေးအတွက် စစ်ခင်းတယ်။တန်းချင်းတူရင် အသာစီးရဖို့အတွက် စစ်ခင်းတယ်။အင်အားနည်းသူတွေကို သြဇာညောင်းစေရေးအတွက် ဖိနှိပ်ပြီးစစ်ခင်းတယ်။ဒါဟာ ကမ္ဘာပေါ်မှာ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်လို စစ်ပွဲတွေ အတောမသတ်နိုင်အောင် ဖြစ်လာစေခဲ့တဲ့ အကြောင်းအရင်းလည်းဖြစ်တယ်။

လူသားတို့ရဲ့ ဒီလိုစိတ်နေစိတ်ထား အပြုအမူတွေဟာ သမိုင်းအစဉ်အလာ ရှေးအစဉ်အဆက်ကနေ ၂၁ ရာစု ကာလအထိ အတောမသတ်နိုင်သေးတာကို တွေ့ကြရမှာဖြစ်တယ်။မျက်မှောက်ခေတ်ကာလမှာပဲကြည့် မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတို့ဆိုရင် အင်အားကြီးနိုင်ငံတွေကို အန်တုနိုင်ဖို့အတွက် နျူကလီးယားလက်နက်တွေ ပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းအားထုတ်ခဲ့ကြသလို ရန်သူကို အဝေးကနေ ခြိမ်းခြောက်တိုက်ခိုက်နိုင်စွမ်းရှိတဲ့ ဒုံးကျည်လက်နက်တွေကိုပါ ပိုင်ဆိုင်နိုင်ရေးကိုပါ ကြိုးပမ်းအားထုတ်နေကြတာဖြစ်တယ်။

ဒီလိုအချိန်မျိုးမှာ အရှေ့အလယ်ပိုင်းဒေသက မငြိမ်သတ်နိုင်တဲ့ စစ်မီးတောက်တွေ၊ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့လို တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အခန့်မသင့်ရင် စစ်ဖြစ်ဖို့ဝန်မလေးတဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ အမေရိကန်ပြည်ထောင်စု၊ ရုရှား၊ တရုတ်၊ အနောက်ဥရောပ စတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ ဘယ်ခြောက်ကာ ညာလှမ်းပြီး ခတ်ကွင်းပြင်နေပုံတွေဟာ တတိယကမ္ဘာစစ်ဖြစ်လာမယ့် အရိပ်လက္ခဏာတွေအဖြစ် စိုးရိမ်ပူပန်စွာ စောင့်ကြည့်နေကြရတာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ အစွန်းရောက်စိတ်ထားနဲ့ အာဏာရှင်ဆန်တဲ့အစိုးရတွေဟာ သူတို့ရဲ့အာဏာတည်မြဲရေးနဲ့ ရပ်တည်ချက်ခိုင်မာရေးအတွက် အဖျက်စွမ်းအားကြီးလက်နက်တွေ ပိုင်ဆိုင်နိုင်ရေးကို ကြိုးပမ်းအားထုတ်လာခဲ့ကြတယ်။အင်အားကြီးနိုင်ငံတွေကျတော့ မတော်မတည့်သူတွေရဲ့ လက်ထဲကို အန္တရာယ်ကြီးမားလှတဲ့ လက်နက်တွေ ရောက်ရှိသွားမှာကို စိုးရိမ်ပူပန်တဲ့ အကြောင်းပြချက်နဲ့ တားဆီးကန့်သတ်မှုပြုဖို့ ကြိုးပမ်းကြတယ်။ဒါပေမဲ့ သူတို့လက်ထဲမှာတော့ အဲဒီအန္တရာယ်ကြီးမားလှပါတယ်ဆိုတဲ့ လက်နက်တွေကို အမြောက်အများ သိုလှောင်ထားတတ်ကြတယ်။

အမှန်ကတော့ လူသားတွေအတွက် ဘေးဥပဒ်အန္တရာယ် စိုးရိမ်ရတဲ့ နျူကလီးယားလို လက်နက်တွေ ကင်းစင်တဲ့ ကမ္ဘာကြီးကသာ ဘေးကင်းလုံခြုံတဲ့ ကမ္ဘာကြီးကို တွေ့မြင်ကြရမှာဖြစ်တယ်။အခြားမကြည့်နဲ့ ဒုတိယကမ္ဘာစစ်အတွင်းက အဏုမြူဗုံးဒဏ်ကို ခံစားခဲ့ကြရတဲ့ ဂျပန်နိုင်ငံ နာဂါစကီးမြို့နဲ့ ဟီရိုရှီးမား မြို့နှစ်မြို့ရဲ့ သွေးပျက်လောက်စရာ ထိခိုက်ပျက်စီးမှုတွေကိုကြည့်ရင် ခေတ်မီလက်နက်တွေဟာ လူသားတို့အပေါ် ဘယ်လောက်အထိ ဆိုးကျိုးသက်ရောက်စေနိုင်တယ်ဆိုတာကို သာဓကပြခဲ့ပြီးဖြစ်တယ်။

အမှန်ကတော့ ကမ္ဘာကြီးပေါ်က လူသားတို့အတွက် လက်နက်ဆိုတာ မရှိမကောင်းရှိမကောင်း အရာမျိုးပဲဖြစ်တယ်။လက်နက်ရှိရင် အနိုင်ကျင့်ခံရတယ်။လက်နက်ရှိရင် ရန်လိုတယ်။အနိုင်ကျင့်တယ်။လက်နက်အင်အားကြီးမားရင် နယ်ချဲ့တယ်။ကျူးကျော်တယ်။ဗိုလ်ကျတယ်။အခြားသောနိုင်ငံတွေရဲ့ အရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တယ်။ဒီလိုပြုမူနေတာဟာ ရှေးအစဉ်အဆက်ကတည်းက အခုအချိန်အထိ တွေ့နေမြင်နေရဆဲဖြစ်တယ်။

ဆိုရရင် လက်နက်အင်အားနဲ့ ထိန်းချုပ်တယ်၊ လက်နက်အင်အားနဲ့ တုံ့ပြန်တယ်၊ လက်နက်အင်အားနဲ့ ခုခံတွန်းလှန်တယ်ဆိုတာ ကမ္ဘာပေါ်မှာ အစဉ်မပြတ်တွေ့နေရတဲ့ ခေါင်းစဉ်အမျိုးမျိုးတပ်ထားတဲ့ စစ်ပွဲအမျိုးအစားတွေပဲဖြစ်တယ်။ဘာကြောင့်ပဲဖြစ်ဖြစ် စစ်ဖြစ်တယ်ဆိုတာ ကောင်းမွန်တဲ့အကြောင်းတရား မဟုတ်ဘဲ ဆိုးကျိုး သက်သက် အပျက်သဘောဆောင်တဲ့ အကြောင်းတရားတစ်ခုသာဖြစ်တယ်။ကမ္ဘာပေါ်မှာ မြင်နေတွေ့နေရတဲ့ ကျူးကျော်စစ်၊ တရားသောစစ်၊ မတရားသောစစ်၊ ပြည်တွင်းစစ်ဆိုတဲ့ စစ်ပွဲတွေဟာ လူသားတွေနေထိုင်နေတဲ့ ဂြိုဟ်ကမ္ဘာကြီးကို အနိဌာရုံသဘောတွေကိုသာ ဆောင်ကြည်းပေးလာမှာဖြစ်တယ်။

ကမ္ဘာကြီးဟာ အချိန်နဲ့အမျှ သူ့ခန္ဓာကိုယ်ကြီးကို ဝင်ရိုးပေါ်မှာ ပုံမှန်လည်ပတ်နိုင်ရေးအတွက် သူ့ကိုယ်သူ ဟန်ချက်ညီအောင် ကြိုးပမ်းနေရတာဖြစ်တယ်။ဒီကြိုးပမ်းမှုဟာ သူ့ကျောပေါ်မှာထမ်းပိုးထားတဲ့ သဘာဝရေမြေတောတောင်တွေ၊ လူသားတွေနဲ့၊ အခြားသောသက်ရှိသတ္တဝါတွေ မယိမ်းမယိုင် မပြိုလဲအောင် ကြိုးပမ်းအားထုတ်နေမှုပဲဖြစ်တယ်။ဒါပေမယ့် ကမ္ဘာကြီးပေါ်က လူသားတွေကတော့ ကမ္ဘာကြီးက သူတို့ကိုအလေးထားသလောက် ကမ္ဘာကြီးကိုအရေးမထားသလိုဖြစ်နေတယ်။

အမှန်ကတော့ လူသားတွေရဲ့ ဂြိုဟ်ကမ္ဘာကြီးဟာ လူသားတို့ရဲ့ လောဘ၊ ဒေါသ၊ မောဟတွေနဲ့အတူ ရန်လိုမှု၊ ပြိုင်ဆိုင်မှု၊ ဆန့်ကျင်မတုံ့ပြန်မှုတွေကြောင့် ရာစုနှစ်နဲ့ချီပြီး အထိအခိုက် အပွန်းအပဲ့ ခံနေရတာဖြစ်တယ်။တကယ်တော့ ဂြိုလ်ကမ္ဘာကြီး ထိခိုက်ပွန်းပဲ့မှု ကင်းဝေးမှသာ ဂြိုလ်ကမ္ဘာပေါ်က လူသားတွေအတွက် အန္တရာယ်ကင်းကင်းနဲ့ ဘေးကင်းလုံခြုံမှုရှိနေမှာ အမှန်ပါ။

ဒါကြောင့်မို့လည်း ဂီတစာဆို ဂျော့လ်အယ်နီဆန် က “ ချစ်ခင်မြတ်နိုး တန်ဖိုးထားမှုများဖြင့် ကမ္ဘာကြီးကိုကယ်တင်ပါ” ဆိုပြီး ရေးဖွဲ့ခဲ့တာ ဖြစ်ပါလိမ့်မယ်။မှန်ပါတယ်။ကမ္ဘာကြီးပေါ်က လူသားမှန်သမျှ ကမ္ဘာကြီးကို ချစ်ခင်မြတ်နိုးတန်ဖိုးထားမှ ကမ္ဘာကြီးက အမြဲတမ်းငြိမ်းချမ်းသာယာလှပနေမှာ ဖြစ်ပါတယ်။

မြင့်နောင်မိုး
ဖေဖော်ဝါရီ - ၆
( Zawgyi )
“ကြၽႏ္ုပ္တို႔က ကြၽႏ္ုပ္တို႔ရဲ႕ ကမာၻႀကီးကို စစ္ပြဲေတြမရွိတဲ့ကမာၻ၊ န်ဴကလီးယားလက္နက္ေတြ မရွိတဲ့ကမာၻ၊ ေရာဂါဘယေတြ ကင္းေဝးတဲ့ကမာၻ၊ ၿပီးေတာ့ လူဦးေရတစ္ဟုန္ထိုးတိုးပြားမႈ ရပ္တန႔္ၿပီး ေနဖို႔ထိုင္ဖို႔ေကာင္းမြန္တဲ့ ကမာၻအျဖစ္ ျမင္ေတြ႕ခ်င္ေနတာပါ”

ယူရီဂယ္လာ (အစၥေရးလူမ်ိဳး ပၪၥလက္ဆရာ)

မိမိတို႔ကမာၻႀကီးဟာ အခ်ိန္နဲ႔အမွ် သူ႔ခႏၶာကိုယ္ႀကီးကို ဝင္႐ိုးေပၚမွာ ပုံမွန္လည္ပတ္ႏိုင္ေရးအတြက္ သူ႔ကိုယ္သူဟန္ခ်က္ညီေအာင္ ႀကိဳးပမ္းေနရတာျဖစ္ပါတယ္။ဒီႀကိဳးပမ္းမႈဟာ သူ႔ေက်ာေပၚမွာ ထမ္းတင္ထားတဲ့ သဘာဝေရေျမေတာေတာင္ေတြ၊ လူသားေတြနဲ႔၊ အျခားသက္ရွိသတၱဝါေတြ မယိမ္းမယိုင္ မၿပိဳလဲေအာင္ ႀကိဳးပမ္းေနမႈပဲ ျဖစ္ပါတယ္။ဒါေပမဲ့ ကမာၻႀကီးရဲ႕ ေက်ာေပၚမွာ အခန႔္သားရပ္တည္ေနၾကတဲ့ လူသားေတြကေတာ့ ကမာၻႀကီးက သူတို႔ကိုအေလးထားဂ႐ုစိုက္သေလာက္ ကမာၻႀကီးကို အေရးမစိုက္ လ်စ္လ်ဴရႈေနၾကတယ္ဆိုတာကို ဒီေန႔ေခတ္ကမာၻႀကီးေပၚက လူသားတို႔ရဲ႕ ရပ္တည္ခ်က္သေဘာထားနဲ႔ လုပ္ရပ္ေတြကိုၾကည့္ရင္ အကဲခတ္မွန္းဆမိေလာက္မွာ ျဖစ္ပါတယ္။

ဘာေၾကာင့္ ဒီလိုေျပာရလဲဆိုရင္ လူသားေတြက အၿမဲမျပတ္ဆိုသလို ေလာဘ၊ ေဒါသနဲ႔ ေမာဟေတြနဲ႔အတူ အလြန္အတၱႀကီးတဲ့သူေတြ ျဖစ္ေနတဲ့အတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္။ၾကည့္ေလ … လူသားေတြဟာ သူတို႔ရဲ႕ အက်ိဳးစီးပြားနဲ႔ သူတို႔တစ္ဘို႔တည္းအတြက္ ၾကည့္တတ္ၾကသူေတြ ျဖစ္တယ္ဆိုတာကို ေန႔စဥ္နဲ႔အမွ် ၿဂိဳဟ္ကမာၻႀကီးမွာ ေတြ႕ျမင္ေနရတဲ့ အိုဇုန္းလႊာေပါက္ကြဲမႈေတြ၊ ဝင္႐ိုးစြန္းေဒသ ေရခဲလႊာအရည္ေပ်ာ္မႈေတြ၊ အၾကမ္းဖက္ စစ္မီးပဋိပကၡေတြကေန ေပၚထြက္လာတဲ့ မီးခိုးမႈိင္းေတြ၊ စက္႐ုံအလုပ္႐ုံေတြကေန ေပၚထြက္လာတဲ့ ဖန္လုံအိမ္ဓာတ္ေငြ႕ေတြနဲ႔အတူ ၿဂိဳဟ္ကမာၻႀကီးမွာ နိမိတ္ဆိုးလကၡဏာေတြ တစ္စထက္တစ္စ တိုးပြားလာေနတာကိုၾကည့္ရင္ သိႏိုင္မွာျဖစ္ပါတယ္။

ကမာၻႀကီးေပၚမွာ ေနရာအႏွံ႔ျပန႔္က်ဲေနထိုင္ေနတဲ့ လူသားေတြဟာ သူတို႔ရဲ႕ပိုင္ရာဆိုင္ရာနယ္ပယ္ေတြမွာ ကမာၻႀကီးအထိအခိုက္မရွိေအာင္ ေဂဟစနစ္ ပ်က္စီးယိုယြင္းျခင္းမရွိေအာင္၊ သဘာဝပတ္ဝန္းက်င္ ထိခိုက္ပ်က္စီးျခင္းမရွိေအာင္ ထိန္းသိမ္းကာကြယ္ေရးထက္ မသိသားဆိုး႐ြားဆိုသလို မိမိတို႔ေနထိုင္ေနတဲ့ ၿဂိဳဟ္ကမာၻႀကီးကို အပ်က္ဘက္ဆီ ဦးတည္ေအာင္ နိစၥဓူဝျပဳမႈက်င့္ႀကံေနၾကသလို ျဖစ္ေနခဲ့တယ္။လူသားေတြဟာ သူတို႔အက်ိဳးစီးပြားအတြက္ ကုန္ထုတ္လုပ္ငန္းေတြကို သူ႔ထက္ငါသာေအာင္ အၿပိဳင္အဆိုင္ထုတ္လုပ္ၾကတယ္။သစ္ေတာေတြျပဳန္းတီးေအာင္ လုပ္ေဆာင္လ်က္ရွိတယ္။အဲဒီအတြက္ အက်ိဳးဆက္က ကမာၻ႔ေဂဟစနစ္ ပ်က္ယြင္းမႈနဲ႔အတူ ရာသီဥတုေဖာက္ျပန္မႈဆီကို ဦးတည္ေစခဲ့တယ္။ဒါေပမဲ့ ဒီလိုအေျခအေနမ်ိဳးမွာ အတၱဆန္လြန္းတဲ့ လူသားေတြဟာ သူတို႔ျပဳမူလုပ္ေဆာင္မႈေၾကာင့္ ကမာၻႀကီးမွာျဖစ္ေပၚလာမယ့္ အပ်က္ေဘးကို ျပန္လည္ဖာေထးဖို႔ တာဝန္ပ်က္ကြက္ေနၾကတဲ့အတြက္ ဂရီတာခ်န္းဘတ္တို႔လို အနာဂတ္မ်ိဳးဆက္သစ္ ကေလးငယ္ေတြက သတိေပးႏႈိးေဆာ္မႈ ျပဳလာရတဲ့အထိ ကေမာက္ကမႏိုင္သလို ျဖစ္ေနခဲ့တယ္။

ဒါတင္မကေသးဘူး လူသားေတြဟာ သူတို႔ရဲ႕ အတၱနဲ႔မာနအတြက္ စစ္ပြဲေတြခင္းၿပီး ကမာၻႀကီးရဲ႕ သဘာဝေရေျမေတာေတာင္ နဂိုရည္အလွေတြကို ပ်က္စီးေစခဲ့တယ္။လူသားတို႔ရဲ႕ အတၱဆန္မႈ၊ ရန္လိုမႈနဲ႔ မေတာ္ေလာဘနဲ႔ ၿပိဳင္ဆိုင္မႈျပင္းထန္မႈေတြေၾကာင့္ တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ စစ္ပြဲေတြဆင္ႏႊဲ႐ုံသာမက ျပည္တြင္းမွာ ကိုယ့္အခ်င္းခ်င္း ပဋိပကၡစစ္မီးေတြ ေတာက္ေလာင္ေစခဲ့တာကိုလည္း ေတြ႕ေနၾကရတာပါ။

ဆိုရရင္ လူသားေတြဟာ ေရွးပေဝသဏီကတည္းကေန လက္ရွိအခ်ိန္အထိ စစ္ပြဲေတြကို အဆုံးမသတ္ႏိုင္ေအာင္ ခင္းက်င္းလာခဲ့ၾကတာျဖစ္ပါတယ္။အင္အားႀကီးမားရင္ ႀကီးမားသေလာက္ ၾသဇာအရွိန္အဝါႀကီးမားေရးအတြက္ စစ္ခင္းတယ္။တန္းခ်င္းတူရင္ အသာစီးရဖို႔အတြက္ စစ္ခင္းတယ္။အင္အားနည္းသူေတြကို ၾသဇာေညာင္းေစေရးအတြက္ ဖိႏွိပ္ၿပီးစစ္ခင္းတယ္။ဒါဟာ ကမာၻေပၚမွာ ပထမကမာၻစစ္နဲ႔ ဒုတိယကမာၻစစ္လို စစ္ပြဲေတြ အေတာမသတ္ႏိုင္ေအာင္ ျဖစ္လာေစခဲ့တဲ့ အေၾကာင္းအရင္းလည္းျဖစ္တယ္။

လူသားတို႔ရဲ႕ ဒီလိုစိတ္ေနစိတ္ထား အျပဳအမူေတြဟာ သမိုင္းအစဥ္အလာ ေရွးအစဥ္အဆက္ကေန ၂၁ ရာစု ကာလအထိ အေတာမသတ္ႏိုင္ေသးတာကို ေတြ႕ၾကရမွာျဖစ္တယ္။မ်က္ေမွာက္ေခတ္ကာလမွာပဲၾကည့္ ေျမာက္ကိုရီးယားနဲ႔ အီရန္ႏိုင္ငံတို႔ဆိုရင္ အင္အားႀကီးႏိုင္ငံေတြကို အန္တုႏိုင္ဖို႔အတြက္ န်ဴကလီးယားလက္နက္ေတြ ပိုင္ဆိုင္ႏိုင္ေအာင္ ႀကိဳးပမ္းအားထုတ္ခဲ့ၾကသလို ရန္သူကို အေဝးကေန ၿခိမ္းေျခာက္တိုက္ခိုက္ႏိုင္စြမ္းရွိတဲ့ ဒုံးက်ည္လက္နက္ေတြကိုပါ ပိုင္ဆိုင္ႏိုင္ေရးကိုပါ ႀကိဳးပမ္းအားထုတ္ေနၾကတာျဖစ္တယ္။

ဒီလိုအခ်ိန္မ်ိဳးမွာ အေရွ႕အလယ္ပိုင္းေဒသက မၿငိမ္သတ္ႏိုင္တဲ့ စစ္မီးေတာက္ေတြ၊ အိႏၵိယနဲ႔ ပါကစၥတန္ႏိုင္ငံတို႔လို တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ အခန႔္မသင့္ရင္ စစ္ျဖစ္ဖို႔ဝန္မေလးတဲ့ အိမ္နီးခ်င္းႏိုင္ငံေတြ၊ အေမရိကန္ျပည္ေထာင္စု၊ ႐ုရွား၊ တ႐ုတ္၊ အေနာက္ဥေရာပ စတဲ့ အင္အားႀကီးႏိုင္ငံေတြရဲ႕ ဘယ္ေျခာက္ကာ ညာလွမ္းၿပီး ခတ္ကြင္းျပင္ေနပုံေတြဟာ တတိယကမာၻစစ္ျဖစ္လာမယ့္ အရိပ္လကၡဏာေတြအျဖစ္ စိုးရိမ္ပူပန္စြာ ေစာင့္ၾကည့္ေနၾကရတာျဖစ္ပါတယ္။

ကမာၻေပၚမွာ အစြန္းေရာက္စိတ္ထားနဲ႔ အာဏာရွင္ဆန္တဲ့အစိုးရေတြဟာ သူတို႔ရဲ႕အာဏာတည္ၿမဲေရးနဲ႔ ရပ္တည္ခ်က္ခိုင္မာေရးအတြက္ အဖ်က္စြမ္းအားႀကီးလက္နက္ေတြ ပိုင္ဆိုင္ႏိုင္ေရးကို ႀကိဳးပမ္းအားထုတ္လာခဲ့ၾကတယ္။အင္အားႀကီးႏိုင္ငံေတြက်ေတာ့ မေတာ္မတည့္သူေတြရဲ႕ လက္ထဲကို အႏၲရာယ္ႀကီးမားလွတဲ့ လက္နက္ေတြ ေရာက္ရွိသြားမွာကို စိုးရိမ္ပူပန္တဲ့ အေၾကာင္းျပခ်က္နဲ႔ တားဆီးကန႔္သတ္မႈျပဳဖို႔ ႀကိဳးပမ္းၾကတယ္။ဒါေပမဲ့ သူတို႔လက္ထဲမွာေတာ့ အဲဒီအႏၲရာယ္ႀကီးမားလွပါတယ္ဆိုတဲ့ လက္နက္ေတြကို အေျမာက္အမ်ား သိုေလွာင္ထားတတ္ၾကတယ္။

အမွန္ကေတာ့ လူသားေတြအတြက္ ေဘးဥပဒ္အႏၲရာယ္ စိုးရိမ္ရတဲ့ န်ဴကလီးယားလို လက္နက္ေတြ ကင္းစင္တဲ့ ကမာၻႀကီးကသာ ေဘးကင္းလုံၿခဳံတဲ့ ကမာၻႀကီးကို ေတြ႕ျမင္ၾကရမွာျဖစ္တယ္။အျခားမၾကည့္နဲ႔ ဒုတိယကမာၻစစ္အတြင္းက အဏုျမဴဗုံးဒဏ္ကို ခံစားခဲ့ၾကရတဲ့ ဂ်ပန္ႏိုင္ငံ နာဂါစကီးၿမိဳ႕နဲ႔ ဟီ႐ိုရွီးမား ၿမိဳ႕ႏွစ္ၿမိဳ႕ရဲ႕ ေသြးပ်က္ေလာက္စရာ ထိခိုက္ပ်က္စီးမႈေတြကိုၾကည့္ရင္ ေခတ္မီလက္နက္ေတြဟာ လူသားတို႔အေပၚ ဘယ္ေလာက္အထိ ဆိုးက်ိဳးသက္ေရာက္ေစႏိုင္တယ္ဆိုတာကို သာဓကျပခဲ့ၿပီးျဖစ္တယ္။

အမွန္ကေတာ့ ကမာၻႀကီးေပၚက လူသားတို႔အတြက္ လက္နက္ဆိုတာ မရွိမေကာင္းရွိမေကာင္း အရာမ်ိဳးပဲျဖစ္တယ္။လက္နက္ရွိရင္ အႏိုင္က်င့္ခံရတယ္။လက္နက္ရွိရင္ ရန္လိုတယ္။အႏိုင္က်င့္တယ္။လက္နက္အင္အားႀကီးမားရင္ နယ္ခ်ဲ႕တယ္။က်ဴးေက်ာ္တယ္။ဗိုလ္က်တယ္။အျခားေသာႏိုင္ငံေတြရဲ႕ အေရးကိစၥေတြမွာ ဝင္ေရာက္စြက္ဖက္တယ္။ဒီလိုျပဳမူေနတာဟာ ေရွးအစဥ္အဆက္ကတည္းက အခုအခ်ိန္အထိ ေတြ႕ေနျမင္ေနရဆဲျဖစ္တယ္။

ဆိုရရင္ လက္နက္အင္အားနဲ႔ ထိန္းခ်ဳပ္တယ္၊ လက္နက္အင္အားနဲ႔ တုံ႔ျပန္တယ္၊ လက္နက္အင္အားနဲ႔ ခုခံတြန္းလွန္တယ္ဆိုတာ ကမာၻေပၚမွာ အစဥ္မျပတ္ေတြ႕ေနရတဲ့ ေခါင္းစဥ္အမ်ိဳးမ်ိဳးတပ္ထားတဲ့ စစ္ပြဲအမ်ိဳးအစားေတြပဲျဖစ္တယ္။ဘာေၾကာင့္ပဲျဖစ္ျဖစ္ စစ္ျဖစ္တယ္ဆိုတာ ေကာင္းမြန္တဲ့အေၾကာင္းတရား မဟုတ္ဘဲ ဆိုးက်ိဳး သက္သက္ အပ်က္သေဘာေဆာင္တဲ့ အေၾကာင္းတရားတစ္ခုသာျဖစ္တယ္။ကမာၻေပၚမွာ ျမင္ေနေတြ႕ေနရတဲ့ က်ဴးေက်ာ္စစ္၊ တရားေသာစစ္၊ မတရားေသာစစ္၊ ျပည္တြင္းစစ္ဆိုတဲ့ စစ္ပြဲေတြဟာ လူသားေတြေနထိုင္ေနတဲ့ ၿဂိဳဟ္ကမာၻႀကီးကို အနိဌာ႐ုံသေဘာေတြကိုသာ ေဆာင္ၾကည္းေပးလာမွာျဖစ္တယ္။

ကမာၻႀကီးဟာ အခ်ိန္နဲ႔အမွ် သူ႔ခႏၶာကိုယ္ႀကီးကို ဝင္႐ိုးေပၚမွာ ပုံမွန္လည္ပတ္ႏိုင္ေရးအတြက္ သူ႔ကိုယ္သူ ဟန္ခ်က္ညီေအာင္ ႀကိဳးပမ္းေနရတာျဖစ္တယ္။ဒီႀကိဳးပမ္းမႈဟာ သူ႔ေက်ာေပၚမွာထမ္းပိုးထားတဲ့ သဘာဝေရေျမေတာေတာင္ေတြ၊ လူသားေတြနဲ႔၊ အျခားေသာသက္ရွိသတၱဝါေတြ မယိမ္းမယိုင္ မၿပိဳလဲေအာင္ ႀကိဳးပမ္းအားထုတ္ေနမႈပဲျဖစ္တယ္။ဒါေပမယ့္ ကမာၻႀကီးေပၚက လူသားေတြကေတာ့ ကမာၻႀကီးက သူတို႔ကိုအေလးထားသေလာက္ ကမာၻႀကီးကိုအေရးမထားသလိုျဖစ္ေနတယ္။

အမွန္ကေတာ့ လူသားေတြရဲ႕ ၿဂိဳဟ္ကမာၻႀကီးဟာ လူသားတို႔ရဲ႕ ေလာဘ၊ ေဒါသ၊ ေမာဟေတြနဲ႔အတူ ရန္လိုမႈ၊ ၿပိဳင္ဆိုင္မႈ၊ ဆန႔္က်င္မတုံ႔ျပန္မႈေတြေၾကာင့္ ရာစုႏွစ္နဲ႔ခ်ီၿပီး အထိအခိုက္ အပြန္းအပဲ့ ခံေနရတာျဖစ္တယ္။တကယ္ေတာ့ ၿဂိဳလ္ကမာၻႀကီး ထိခိုက္ပြန္းပဲ့မႈ ကင္းေဝးမွသာ ၿဂိဳလ္ကမာၻေပၚက လူသားေတြအတြက္ အႏၲရာယ္ကင္းကင္းနဲ႔ ေဘးကင္းလုံၿခဳံမႈရွိေနမွာ အမွန္ပါ။

ဒါေၾကာင့္မို႔လည္း ဂီတစာဆို ေဂ်ာ့လ္အယ္နီဆန္ က “ ခ်စ္ခင္ျမတ္ႏိုး တန္ဖိုးထားမႈမ်ားျဖင့္ ကမာၻႀကီးကိုကယ္တင္ပါ” ဆိုၿပီး ေရးဖြဲ႕ခဲ့တာ ျဖစ္ပါလိမ့္မယ္။မွန္ပါတယ္။ကမာၻႀကီးေပၚက လူသားမွန္သမွ် ကမာၻႀကီးကို ခ်စ္ခင္ျမတ္ႏိုးတန္ဖိုးထားမွ ကမာၻႀကီးက အၿမဲတမ္းၿငိမ္းခ်မ္းသာယာလွပေနမွာ ျဖစ္ပါတယ္။

ျမင့္ေနာင္မိုး
ေဖေဖာ္ဝါရီ - ၆