【 ဆောင်းပါး 】 “လူနှင့် နေရာ”

【 ဆောင်းပါး 】 “လူနှင့် နေရာ”

ပုထုဇဉ်လူသားမှန်သမျှ ကိုယ်နေထိုင်မှီခိုရာဇာတိကို အနည်းနှင့်အများ ချစ်ခင်မက်မောတာချည်းသာဖြစ်သည်။လူတွေမဆိုထားနှင့် အဟိတ်တိရစ္ဆာန်များတောင် သူတို့ကျက်စားခဲ့ရာ မွေးဖွားခဲ့ရာဒေသကို ခင်တွယ်ကြတာချည်းဖြစ်သည်။သည်တော့ အသိရှိသောလူတွေက နေရာဒေသကိုမက်မောတာ ဘာဆန်းသနည်း။ဤသို့ ဆန်းတာ မဆန်းတာကို ထားလိုက်ဦး။ခေတ္တခဏတာ ရယူနေထိုင်ရသည့် နေရာထိုင်ခင်းတွေမှာတောင် လူတွေက အတ္တကြီးသထက်ကြီးကာ အမြဲတစေပိုင်ဆိုင်ချင်လာကြသည်။

စာရေးသူ ညဘက်ထိုင်သည့် လဘက်ရည်ဆိုင်ကလေးက ညဘက်ဆိုလူစည်သည်။ထိုဆိုင်လေးသို့ ရပ်ကွက်အတွင်းရှိ လူကြီးလူငယ်အများစု လာထိုင်ကြသည်။ဆိုင်လေးကလည်း ရပ်ကွက်အတွင်းမှာရှိသဖြင့် တော်ရုံတန်ရုံ အပြင်လူလာထိုင်လေ့မရှိ။သည်လိုရှင်းပြရတာလည်း အကြောင်းရှိသည်။ဘာကြောင့်ဆို တစ်ယောက်အကြောင်း တစ်ယောက်သိသူများမို့  မည်သူမျှ အရှိထက်ပိုပြော၍မရ။သည်ဆိုင်လေးမှာ တစ်ညတော့ စာရေးသူထိုင်နေသည့်ဝိုင်းနှင့်ကပ်ပြီး ထိုင်နေသည့်ဝိုင်းမှ လူငယ်နှစ်ယောက်နှင့် လူကြီးတစ်ယောက် စကားအခြေအတင်ဖြစ်ကြသည်။နောက်တော့ လူကြီးကထသွားသည်။ထိုလူကြီးထသွား၍ တော်တော်လှမ်းလှမ်းရောက်မှ စာရေးသူလည်း ကျန်ခဲ့သည့်လူငယ်နှစ်ယောက်ကို အကျိုးအကြောင်းမေးကြည့်တော့ တစ်ယောက်က အကျိုးအကြောင်းစုံလင်စွာရှင်းပြပြီး နောက်တစ်ယောက်က စိတ်မကြည်ဟန်ဖြင့်။

“လူကြီး….လူကြီးလိုမနေဘဲနဲ့ ကလေးတွေနဲ့လာပေါင်းနေပြီး အခုမှ အရိုသေလာခံချင်နေတယ်။လူကြီးဖြစ်ပြီး မနေတတ် မထိုင်တတ်နဲ့။”

ဒီစကား ဒီလူငယ်နှုတ်ကထွက်တော့ ဒီကလေးရင်ထဲ ဘယ်လိုဖြစ်နေသည်ကို စာရေးသူ သူတို့ပြောစကားအရ နားလည်ခံစားမိသည်။လူငယ်တွေနဲ့ ဒွေးရောယှက်တင် ချက်စ်ထိုး၊ အောက်လုံးဟာသတွေပြော၊ တစ်ခါတစ်ခါ ဟီးဟီးဟားဟားနဲ့ ဘီယာဆိုင်၊ KTV ၊ အနှိပ်ခန်းတွေလိုက်။အခုမှ ဘာသာရေးအသင်းအဖွဲ့ထဲ ရောက်ကာရှိသေး အင်္ကျီအညိုလေးဝတ်၊ ပဋိစ္စသမုဒ္ဒပတ်စက်ဝိုင်းအရကျက်ပြီး အဲဒီလူငယ်တွေကိုပဲ ဆရာကြီးလုပ်ပြီး သူတော်ကောင်းတရား လူထူရင်တွင်တွင်ဟောဆိုတော့ လူငယ်တွေဘက်ကကြည့်ရင် ဘယ်လိုလုပ် လေးစားနာခံဖို့ခက်မလဲ။လေးစားဖို့သာသာ လူငယ်တွေရိုက်မလွှတ်တာ ကံကောင်း။

ဒီလိုဆို၍ စာရေးသူကို ဘက်လိုက်နေသည်ဟု မမြင်စေချင်။ယနေ့ခေတ်ဖြစ်နေသည်က ဘယ်လိုပုံစံမှန်းဟု ပြောလို့မရအောင်ပင် ဗရုတ်ဗရက်ပုံစံတွေ။လူကြီးတွေကလည်း နေရာလေးရလာပြီဆို ကိုယ်ရသည်နေရာနှင့် မထိုက်တန်သည့် စိတ်အခံနှင့် ယခင်က ကဲဖေါ်ကဲဖက်၊ ပွေးဖော်ပွေးဖက်တွေကိုတောင် ယခင်က သူမပါခဲ့သလိုပုံဖမ်းကာ သူတော်ကောင်းဟန်ဖမ်း၊ ဆုံးမသြဝါဒတွေပေးတော့ ဓာတ်သိတွေချင်းဆို တော့ ဒီလိုပြဿနာမျိုးတွေ ဒုနဲ့ဒေးဖြစ်နေတာ ဘာများဆန်းပါသလဲ။

တစ်ကယ်ဆိုတော့ ‘လူနှင့် နေရာ’ ပြဿနာပင် ဖြစ်သည်။လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေးတို့ထက် ဘာသာရေးဆိုသောအရာက ပို၍သိသာမြင်သာသော သဘောရှိ၏။ဘာသာရေးမှာ အတန်းပညာ၊ ဥစ္စာဓနက အဓိကမကျ။ကိုယ်ကျင့်တရားနှင့် လူတိုင်းအပေါ်ထားသည့် မေတ္တာတရားက ပို၍အဓိကကျလေသည်။ဒါကို ချက်ခြင်းလုပ်ယူ၍မရမှန်း အတွေ့အကြုံများလှပါသည်ဆိုသော လူကြီးတွေထက် လူငယ်တွေက ပို၍သိသည်။ဒါကို လူကြီးတွေက သတိပြုမိဟန်မတူ။ကိုယ့်ကိုယ်ကိုဟုတ်လှပြီ၊ ငါလှည့်နေတာမသိဟု ထင်နေတတ်သည်။တစ်ကယ်တော့ တန်းမတူသေး၍သာ လူငယ်တွေက ပါးစပ်ပိတ်နေခြင်းသာဖြစ်သည်။ထိုကဲ့သို့မျိုး အခြားသောနေရာ၊ နယ်ပယ်တွေမှာလည်း သည်လိုသဘောချည်းသာဖြစ်သည်။

ဆိုလိုသည်က လူစည်ကားသည်နေရာလာပြီး “ငါအေးအေးနေချင်လို့ပါ” ဆိုတာမျိုးက ပွဲခင်းအလယ်မှာလာပြီး တရားလာထိုင်နေသလိုမျိုး။လူမှုပတ်ဝန်းကျင်တွင်လည်း အထင်ကြီးလေးစားလောက်သည့် ကိုယ်ကျင့်တရား၊ စာရိတ္တမရှိပါဘဲ လူတွေကို ဆုံးမသြဝါဒပေးမည်ဆိုလျှင် ကိုယ်ဆုံးမသြဝါဒပေးမည့်သူ၊ ပရိတ်သတ်သည် ဘယ်သို့သောလူမျိုး၊ ပရိတ်သတ်မျိုး ဖြစ်သလဲဆိုတာကို သတိပြုသင့်ပေသည်။ဒီလိုမှမဟုတ်လျှင် ရဟန်း၊ သံဃာကိုသွားပြီး ငါးပါးသီလလုံဖို့ သွားပြောမိသည့် အရက်သမားလိုမျိုး ဖြစ်ပေလိမ့်မည်။

စာရေးသူ ဝန်ထမ်းဘဝက လေးစားရသော ညွှန်မှူးတစ်ယောက်ရှိသည်။ထိုညွှန်မှူးမှာ ဘယ်လောက်ထိ ကိုယ်ကျိုးမရှာခဲ့သလဲဆို ပင်စင်ယူတော့ ထိုတုန်းက ဝန်ထမ်းတိုင်းရသော ဒဂုံမြောက်မှာ ပေ ၄၀×ပေ ၆၀ မြေကွက်လေးတစ်ခုသာ ပိုင်ဆိုင်သည်။တခြားတခြားသောသူတွေ တိုက်တွေကားတွေပိုင်ဖို့ဆိုတာ ဝေလာဝေး။ကားဆိုလို ဆိုက်ကားတောင်မပိုင်။
ထိုညွှန်မှူးက ၁၉၈၀ ကျော်ကာလမှာ ဦးစီးအရာရှိဘဝဖြင့် ဌာနစိတ်မှာအကြီးအကဲ။စာရေးသူတို့အလုပ်ဝင်တော့ ထိုဆရာက သြဝါဒပေးသော စကားတစ်ခွန်းကို ယခုထိမှတ်မိနေသည်။ထိုစကားမှာ ယခုဆို နှစ်က လေးဆယ်လောက်ရှိနေတာတောင် တစ်ကယ်ကိုအဖိုးတန်လှသဖြင့် စာရေးသူမှတ်မိနေသေးသည်။

ဆရာက “ဒီနေရာ ဒီဌာနမှာ ပြည်သူတွေရဲ့ဝန်ကိုထမ်းဖို့ သင့်တော်တယ်လို့ဆုံးဖြတ်ပြီး လူကြီးတွေက မင်းတို့ကိုခန့်ထားတာ။ဒီနေရာ ဒီဌာနလုပ်ပိုင်ခွင့်၊ ဒီရာထူး၊ ဒီလုပ်ပိုင်ခွင့်ကိုသုံးပြီး ကိုယ်မိသားစုကို ချမ်းသာအောင်လုပ်ဖို့ ခန့်ထားတာမဟုတ်ဘူး၊ စားရင် အများ။ဖြစ်ရင် သံသရာတစ်လျှောက်လုံး တစ်ယောက်တည်းခံရမှာ” လို့။

ဒီလိုသြဝါဒပေးခံရတုန်းက ဒီဆရာ..ဘယ်လိုကြီးပါလိမ့်ဟု စိတ်ထဲကနေ ထိုတုန်းကတွေးမိခဲ့သည်။နောက်ကြာတော့ ဒီစကားရဲ့နောက်က စေတနာကို သတိထားမိလာ၏။ငါတို့ဆရာက ငါတို့ကို လူနဲ့နေရာထိုက်တန်အောင်၊ သောကကင်းအောင်၊ နေရာနဲ့ထိုက်တန်တဲ့လူဖြစ်အောင် ကြိုးစားနေခိုင်းတာပါလားဟု နောက်တော့ တဖြေးဖြေးသိလာခဲ့ရသည်။ဆရာပင်စင်ယူတော့ မသေခင်အထိ ဆရာ့အိမ်မှာ တပည့်တွေအဝင်အထွက်မပျက်။သီတင်းကျွတ်လို့နေ့တွေမှာ ဆရာ့အိမ်လေး ပွဲတော်ပမာ။ဆရာ့ရဲ့ သုံးပင်နှစ်ခန်း သစ်သားအိမ်လေး စာရေးသူတို့စိတ်ထဲ ဆရာ့သီလတန်ဖိုးကြောင့် ခမ်းနားကြီးကျယ်သည်ဟုထင်ရသည်။ဆရာဆုံးတော့ ရိပ်သာတစ်ခုမှာ။တရားမှတ်ရင်း ဆရာဆုံးသည်။ဆရာမျက်နှာက ကြည်လင်စွာနဲ့။သီလကြောင့် ဆရာသံသရာခရီးကူးပုံက အားကျစရာ။

ဆရာနှင့်ခေတ်ပြိုင်တွေက စုကြဆောင်းကြနှင့်။ပင်စင်ယူတော့ ဟိုတပည့်ကို အိမ်လာဖို့မှာရတာနှင့် ဒီတပည့်ကို အိမ်လာဖို့မှာရတာနှင့်။အိမ်တွေ လေးငါးခြောက်လုံး။သေတော့ အထူးကုဆေးရုံမှာ။သားသမီးတွေက နိုင်ငံခြားမှာနှင့် ….အဝေးမှာနှင့်။ညွှန်မှူးချင်းအတူတူ သေတော့ သီလတန်ခိုးက ကွာချင်တိုင်းကွာလှသည်။ဘယ်အရာမဆို အစကတည်းကမကောင်းခဲ့လျှင် မည်သို့ပဲအပေါ်ယံကိုပြောင်းပြောင်း ကောင်းနိုင်မည်မထင်။

ရှေ့ကပြဿနာကို ပြန်ကောက်ရလျှင် အစကတည်းက လူငယ်တွေမရိုသေအောင် နေထိုင်လာခဲ့ပြီးမှ ချက်ခြင်းအရိုသေခံချင်လာ။ရိုသေစရာတစ်ကွက်မှမရှိလို့ မရိုသေတာကို လူငယ်တွေမိုက်ရိုင်းသည်လို့မြင်လာလျှင် ပြောစရာစကားတစ်ခွန်းသာရှိသည်။ဒါက “အရိုသေခံချင်လျှင် အရိုသေခံလောက်အောင်နေ၊ ယုံကြည်စေလိုလျှင် ယုံကြည်လောက်အောင်နေ” ဆိုသည့် စကားသာ။

ဒါတောင် mental လို့ ခေါ်သည့် စိတ်အပြုအမူဆိုင်ရာ လူတွေရဲ့တုန့်ပြန်မှုအပိုင်းပဲရှိသေးသည်။နေရာတစ်ခု၏ပိုင်ဆိုင်မှု၊ ရုပ်သဘောတရားအတိုင်းဆိုလျှင် လူကြီးနှင့်လူငယ် ထသတ်ရုံသာရှိတော့မည်။လူကြီးတွေကလည်း သူတို့လာလျှင် ထပေးစေချင်သည်။သူတို့ရှေ့မှာဆိုလျှင် သူတို့ကိုအရိုအသေပြုစေချင်သည်။လူငယ်တွေကလည်း ငါတို့လောက်တောင် သီလမလုံတာ၊ ကိုယ်ကျင့်တရားမကောင်းတာ၊ အသက်ကြီးလို့ လူကြီးခေါ်နေရတာ စသော ဒီလိုစံနူန်းတွေနှင့်ချိန်ထိုးကာ နှိုင်းယှဉ်လာနေတော့ အရိုသေခံချင်လျှင် ကိုယ်ကိုယ်တိုင် အနေအထိုင်မှန်ဖို့၊ အနေအထိုင်တတ်ဖို့ ပို၍အရေးကြီးလာပေလိမ့်မည်။

နေရာဆိုသည်မှာ အဘယ်နည်း။မြန်မာစာအဘိဓာန်ထဲတွင်တော့ နေရာဟူသည် “နေထိုင်စရာအရပ်၊ တည်ရှိရာဌာန” ဟု ဖော်ပြထားသည်။အများကတော့ နေရာဆိုသည်နှင့် ကိုယ်မိသားစုနေထိုင်မှီခိုနေထိုင်ရာ အရပ်ဒေသဆိုသော နေရပ်ကိုဆိုသည့် နေရာနှင့် ရာထူးဌာန္တရဆိုသည့် အလုပ်အကိုင် ရာထူးရှိန်ဝါရှိသော နေရာလို့သာ မြင်ကြသည်။ဒီနှစ်ခုထဲ ဒုတိယဖြစ်သောနေရာက လူ့လောကတွင် ပိုအရေးကြီးသည်။

ငွေကြေးဥစ္စာဓနပေါများလွန်း၍ ဘာမှသုံးစားမရသည့်၊ စဉ်းစားဆင်ခြင်တုံတရားကင်းမဲ့သည့် လူတစ်ယောက်ကို  ပထမ “နေရာ” ဖြစ်သည့် အိုးအိမ်ခြံမြေကိုပေးလိုက်ဦး၊ ပစ္စည်းဥစ္စာဆုံးရှုံးသည်ကလွဲ၍ သိပ်ပြီး လူ့လောကအတွက် ဆိုကျိုးသိပ်မဖြစ်နိုင်။သို့သော် ဒုတိယနေရာဖြစ်သည့် ရာထူးဌာန္တရနေရာမျိုးကိုမူ ဒီလိုလက်လွတ်စပယ်ပေး၍မရ။သေချာစိစစ်၍ ထိုက်တန်သော “လူ” ကိုသာ “နေရာ” ပေးသင့်ပေသည်။

ဤသို့မဟုတ်ဘဲ ပြီးလွယ်စီးလွယ်သာပေးလိုက်ပါက နောက်ဖြစ်ပေါ်လာမည့် ဆိုးကျိုးများက တစ်သီတစ်တန်း ဆုံးတော့မည်မထင်။အင်းဝခေတ်က ဘိုင်ဆပ်နှင့် မောင်ပိန်တို့လို ကိုယ်ကျိုးရှာ ပြည်သူကိုနှိပ်စက်မည့် လူစားမျိုးတွေ၊ သာသနာအရေခြုံပြီး ကိုယ်ကျိုးရှာမည့်သူတွေ စသည့်လူစားမျိုးထဲ “နေရာ” ရသွားခဲ့ရင်တော့ ဖွတ်….မိကျောင်းဖြစ်တာထက်ပိုကာ ကျားကို အတောင်တပ်ပေးသလို ဖြစ်နေပေမည်။

တစ်ကယ်တော့ လူ့ဘဝဆိုတာ ရေပွက်လေးတစ်ပွက် ထပွက်သည့်အချိန်ပမာဏသာကြာသည်လို့ ဘုရားရှင်ကဟောကြားခဲ့သည်။ထိုရေပွက်ခန့်ကြာသည့်ပမာဏ အချိန်လေးမှာပင် တစ်ချို့က နောင်ဘဝကူးကောင်းဖို့ ရိက္ခာထုပ်အနေနှင့် ကုသိုလ်၊ ဒါန၊ ဘာဝနာတွေ ထုပ်နေကြချိန်မှာ တချို့ကတော့ အကုသိုလ်တွေ တစ်နင့်တပိုးထုပ်မိအောင် နေရာအားကိုးနှင့် မရေမရာလွန်းထိုး အကုသိုလ်ရှာနေကြသည်က မြင်တတ်လျှင် သူတို့အတွက် စိတ်လေးစရာ။

“နေရာ” ဆိုသည်မှာ မမြဲသော အနိစ္စတရားမို့ ရောက်တုန်းပေါက်တုန်း လောကကောင်းကျိုး ဖြစ်ထွန်းအောင်လုပ်ဖို့ ရည်သန်ကြလျှင် အဘယ်မျှကောင်းလိမ့်မည်နည်းဟု စိတ်ကတွေးမိသည်။ဤသို့သာ လူမှန်နေရာမှန်ဖြစ်နေလျှင် “ဤအရပ်၊ ဤဒေသ ဤကမ္ဘာသည် စာရေးသူတို့အတွက် ပတိ ရူပ ဒေသဝါသောစ ဆိုသည့် သင့်တင့်လျှောက်ပတ်နေထိုင်သင့်ရာ အရပ်ဖြစ်မည်ကား မလွဲဧကန်ပင်”။

ဘယ်သူကများ နောင်လာမည့်မျိုးဆက်တွေအတွက် မင်္ဂလာရှိသောအရပ်ဒေသကို မတည်ဆောက်ချင်ကြပါသနည်းဟု….။

ဖြိုးဝေလှ
သြဂုတ် - ၂၆

( Zawgyi )

ပုထုဇဥ္လူသားမွန္သမွ် ကိုယ္ေနထိုင္မွီခိုရာဇာတိကို အနည္းႏွင့္အမ်ား ခ်စ္ခင္မက္ေမာတာခ်ည္းသာျဖစ္သည္။လူေတြမဆိုထားႏွင့္ အဟိတ္တိရစာၦန္မ်ားေတာင္ သူတို႔က်က္စားခဲ့ရာ ေမြးဖြားခဲ့ရာေဒသကို ခင္တြယ္ၾကတာခ်ည္းျဖစ္သည္။သည္ေတာ့ အသိရွိေသာလူေတြက ေနရာေဒသကိုမက္ေမာတာ ဘာဆန္းသနည္း။ဤသို႔ ဆန္းတာ မဆန္းတာကို ထားလိုက္ဦး။ေခတၱခဏတာ ရယူေနထိုင္ရသည့္ ေနရာထိုင္ခင္းေတြမွာေတာင္ လူေတြက အတၱႀကီးသထက္ႀကီးကာ အၿမဲတေစပိုင္ဆိုင္ခ်င္လာၾကသည္။

စာေရးသူ ညဘက္ထိုင္သည့္ လဘက္ရည္ဆိုင္ကေလးက ညဘက္ဆိုလူစည္သည္။ထိုဆိုင္ေလးသို႔ ရပ္ကြက္အတြင္းရွိ လူႀကီးလူငယ္အမ်ားစု လာထိုင္ၾကသည္။ဆိုင္ေလးကလည္း ရပ္ကြက္အတြင္းမွာရွိသျဖင့္ ေတာ္႐ုံတန္႐ုံ အျပင္လူလာထိုင္ေလ့မရွိ။သည္လိုရွင္းျပရတာလည္း အေၾကာင္းရွိသည္။ဘာေၾကာင့္ဆို တစ္ေယာက္အေၾကာင္း တစ္ေယာက္သိသူမ်ားမို႔  မည္သူမွ် အရွိထက္ပိုေျပာ၍မရ။သည္ဆိုင္ေလးမွာ တစ္ညေတာ့ စာေရးသူထိုင္ေနသည့္ဝိုင္းႏွင့္ကပ္ၿပီး ထိုင္ေနသည့္ဝိုင္းမွ လူငယ္ႏွစ္ေယာက္ႏွင့္ လူႀကီးတစ္ေယာက္ စကားအေျခအတင္ျဖစ္ၾကသည္။ေနာက္ေတာ့ လူႀကီးကထသြားသည္။ထိုလူႀကီးထသြား၍ ေတာ္ေတာ္လွမ္းလွမ္းေရာက္မွ စာေရးသူလည္း က်န္ခဲ့သည့္လူငယ္ႏွစ္ေယာက္ကို အက်ိဳးအေၾကာင္းေမးၾကည့္ေတာ့ တစ္ေယာက္က အက်ိဳးအေၾကာင္းစုံလင္စြာရွင္းျပၿပီး ေနာက္တစ္ေယာက္က စိတ္မၾကည္ဟန္ျဖင့္။

“လူႀကီး….လူႀကီးလိုမေနဘဲနဲ႔ ကေလးေတြနဲ႔လာေပါင္းေနၿပီး အခုမွ အ႐ိုေသလာခံခ်င္ေနတယ္။လူႀကီးျဖစ္ၿပီး မေနတတ္ မထိုင္တတ္နဲ႔။”

ဒီစကား ဒီလူငယ္ႏႈတ္ကထြက္ေတာ့ ဒီကေလးရင္ထဲ ဘယ္လိုျဖစ္ေနသည္ကို စာေရးသူ သူတို႔ေျပာစကားအရ နားလည္ခံစားမိသည္။လူငယ္ေတြနဲ႔ ေဒြးေရာယွက္တင္ ခ်က္စ္ထိုး၊ ေအာက္လုံးဟာသေတြေျပာ၊ တစ္ခါတစ္ခါ ဟီးဟီးဟားဟားနဲ႔ ဘီယာဆိုင္၊ KTV ၊ အႏွိပ္ခန္းေတြလိုက္။အခုမွ ဘာသာေရးအသင္းအဖြဲ႕ထဲ ေရာက္ကာရွိေသး အက်ႌအညိဳေလးဝတ္၊ ပဋိစၥသမုဒၵပတ္စက္ဝိုင္းအရက်က္ၿပီး အဲဒီလူငယ္ေတြကိုပဲ ဆရာႀကီးလုပ္ၿပီး သူေတာ္ေကာင္းတရား လူထူရင္တြင္တြင္ေဟာဆိုေတာ့ လူငယ္ေတြဘက္ကၾကည့္ရင္ ဘယ္လိုလုပ္ ေလးစားနာခံဖို႔ခက္မလဲ။ေလးစားဖို႔သာသာ လူငယ္ေတြ႐ိုက္မလႊတ္တာ ကံေကာင္း။

ဒီလိုဆို၍ စာေရးသူကို ဘက္လိုက္ေနသည္ဟု မျမင္ေစခ်င္။ယေန႔ေခတ္ျဖစ္ေနသည္က ဘယ္လိုပုံစံမွန္းဟု ေျပာလို႔မရေအာင္ပင္ ဗ႐ုတ္ဗရက္ပုံစံေတြ။လူႀကီးေတြကလည္း ေနရာေလးရလာၿပီဆို ကိုယ္ရသည္ေနရာႏွင့္ မထိုက္တန္သည့္ စိတ္အခံႏွင့္ ယခင္က ကဲေဖၚကဲဖက္၊ ေပြးေဖာ္ေပြးဖက္ေတြကိုေတာင္ ယခင္က သူမပါခဲ့သလိုပုံဖမ္းကာ သူေတာ္ေကာင္းဟန္ဖမ္း၊ ဆုံးမၾသဝါဒေတြေပးေတာ့ ဓာတ္သိေတြခ်င္းဆို ေတာ့ ဒီလိုျပႆနာမ်ိဳးေတြ ဒုနဲ႔ေဒးျဖစ္ေနတာ ဘာမ်ားဆန္းပါသလဲ။

တစ္ကယ္ဆိုေတာ့ ‘လူႏွင့္ ေနရာ’ ျပႆနာပင္ ျဖစ္သည္။လူမႈေရး၊ စီးပြားေရး၊ ပညာေရး၊ ႏိုင္ငံေရးတို႔ထက္ ဘာသာေရးဆိုေသာအရာက ပို၍သိသာျမင္သာေသာ သေဘာရွိ၏။ဘာသာေရးမွာ အတန္းပညာ၊ ဥစၥာဓနက အဓိကမက်။ကိုယ္က်င့္တရားႏွင့္ လူတိုင္းအေပၚထားသည့္ ေမတၱာတရားက ပို၍အဓိကက်ေလသည္။ဒါကို ခ်က္ျခင္းလုပ္ယူ၍မရမွန္း အေတြ႕အႀကဳံမ်ားလွပါသည္ဆိုေသာ လူႀကီးေတြထက္ လူငယ္ေတြက ပို၍သိသည္။ဒါကို လူႀကီးေတြက သတိျပဳမိဟန္မတူ။ကိုယ့္ကိုယ္ကိုဟုတ္လွၿပီ၊ ငါလွည့္ေနတာမသိဟု ထင္ေနတတ္သည္။တစ္ကယ္ေတာ့ တန္းမတူေသး၍သာ လူငယ္ေတြက ပါးစပ္ပိတ္ေနျခင္းသာျဖစ္သည္။ထိုကဲ့သို႔မ်ိဳး အျခားေသာေနရာ၊ နယ္ပယ္ေတြမွာလည္း သည္လိုသေဘာခ်ည္းသာျဖစ္သည္။

ဆိုလိုသည္က လူစည္ကားသည္ေနရာလာၿပီး “ငါေအးေအးေနခ်င္လို႔ပါ” ဆိုတာမ်ိဳးက ပြဲခင္းအလယ္မွာလာၿပီး တရားလာထိုင္ေနသလိုမ်ိဳး။လူမႈပတ္ဝန္းက်င္တြင္လည္း အထင္ႀကီးေလးစားေလာက္သည့္ ကိုယ္က်င့္တရား၊ စာရိတၱမရွိပါဘဲ လူေတြကို ဆုံးမၾသဝါဒေပးမည္ဆိုလွ်င္ ကိုယ္ဆုံးမၾသဝါဒေပးမည့္သူ၊ ပရိတ္သတ္သည္ ဘယ္သို႔ေသာလူမ်ိဳး၊ ပရိတ္သတ္မ်ိဳး ျဖစ္သလဲဆိုတာကို သတိျပဳသင့္ေပသည္။ဒီလိုမွမဟုတ္လွ်င္ ရဟန္း၊ သံဃာကိုသြားၿပီး ငါးပါးသီလလုံဖို႔ သြားေျပာမိသည့္ အရက္သမားလိုမ်ိဳး ျဖစ္ေပလိမ့္မည္။

စာေရးသူ ဝန္ထမ္းဘဝက ေလးစားရေသာ ၫႊန္မႉးတစ္ေယာက္ရွိသည္။ထိုၫႊန္မႉးမွာ ဘယ္ေလာက္ထိ ကိုယ္က်ိဳးမရွာခဲ့သလဲဆို ပင္စင္ယူေတာ့ ထိုတုန္းက ဝန္ထမ္းတိုင္းရေသာ ဒဂုံေျမာက္မွာ ေပ ၄၀×ေပ ၆၀ ေျမကြက္ေလးတစ္ခုသာ ပိုင္ဆိုင္သည္။တျခားတျခားေသာသူေတြ တိုက္ေတြကားေတြပိုင္ဖို႔ဆိုတာ ေဝလာေဝး။ကားဆိုလို ဆိုက္ကားေတာင္မပိုင္။
ထိုၫႊန္မႉးက ၁၉၈၀ ေက်ာ္ကာလမွာ ဦးစီးအရာရွိဘဝျဖင့္ ဌာနစိတ္မွာအႀကီးအကဲ။စာေရးသူတို႔အလုပ္ဝင္ေတာ့ ထိုဆရာက ၾသဝါဒေပးေသာ စကားတစ္ခြန္းကို ယခုထိမွတ္မိေနသည္။ထိုစကားမွာ ယခုဆို ႏွစ္က ေလးဆယ္ေလာက္ရွိေနတာေတာင္ တစ္ကယ္ကိုအဖိုးတန္လွသျဖင့္ စာေရးသူမွတ္မိေနေသးသည္။

ဆရာက “ဒီေနရာ ဒီဌာနမွာ ျပည္သူေတြရဲ႕ဝန္ကိုထမ္းဖို႔ သင့္ေတာ္တယ္လို႔ဆုံးျဖတ္ၿပီး လူႀကီးေတြက မင္းတို႔ကိုခန႔္ထားတာ။ဒီေနရာ ဒီဌာနလုပ္ပိုင္ခြင့္၊ ဒီရာထူး၊ ဒီလုပ္ပိုင္ခြင့္ကိုသုံးၿပီး ကိုယ္မိသားစုကို ခ်မ္းသာေအာင္လုပ္ဖို႔ ခန႔္ထားတာမဟုတ္ဘူး၊ စားရင္ အမ်ား။ျဖစ္ရင္ သံသရာတစ္ေလွ်ာက္လုံး တစ္ေယာက္တည္းခံရမွာ” လို႔။

ဒီလိုၾသဝါဒေပးခံရတုန္းက ဒီဆရာ..ဘယ္လိုႀကီးပါလိမ့္ဟု စိတ္ထဲကေန ထိုတုန္းကေတြးမိခဲ့သည္။ေနာက္ၾကာေတာ့ ဒီစကားရဲ႕ေနာက္က ေစတနာကို သတိထားမိလာ၏။ငါတို႔ဆရာက ငါတို႔ကို လူနဲ႔ေနရာထိုက္တန္ေအာင္၊ ေသာကကင္းေအာင္၊ ေနရာနဲ႔ထိုက္တန္တဲ့လူျဖစ္ေအာင္ ႀကိဳးစားေနခိုင္းတာပါလားဟု ေနာက္ေတာ့ တေျဖးေျဖးသိလာခဲ့ရသည္။ဆရာပင္စင္ယူေတာ့ မေသခင္အထိ ဆရာ့အိမ္မွာ တပည့္ေတြအဝင္အထြက္မပ်က္။သီတင္းကြၽတ္လို႔ေန႔ေတြမွာ ဆရာ့အိမ္ေလး ပြဲေတာ္ပမာ။ဆရာ့ရဲ႕ သုံးပင္ႏွစ္ခန္း သစ္သားအိမ္ေလး စာေရးသူတို႔စိတ္ထဲ ဆရာ့သီလတန္ဖိုးေၾကာင့္ ခမ္းနားႀကီးက်ယ္သည္ဟုထင္ရသည္။ဆရာဆုံးေတာ့ ရိပ္သာတစ္ခုမွာ။တရားမွတ္ရင္း ဆရာဆုံးသည္။ဆရာမ်က္ႏွာက ၾကည္လင္စြာနဲ႔။သီလေၾကာင့္ ဆရာသံသရာခရီးကူးပုံက အားက်စရာ။

ဆရာႏွင့္ေခတ္ၿပိဳင္ေတြက စုၾကေဆာင္းၾကႏွင့္။ပင္စင္ယူေတာ့ ဟိုတပည့္ကို အိမ္လာဖို႔မွာရတာႏွင့္ ဒီတပည့္ကို အိမ္လာဖို႔မွာရတာႏွင့္။အိမ္ေတြ ေလးငါးေျခာက္လုံး။ေသေတာ့ အထူးကုေဆး႐ုံမွာ။သားသမီးေတြက ႏိုင္ငံျခားမွာႏွင့္ ….အေဝးမွာႏွင့္။ၫႊန္မႉးခ်င္းအတူတူ ေသေတာ့ သီလတန္ခိုးက ကြာခ်င္တိုင္းကြာလွသည္။ဘယ္အရာမဆို အစကတည္းကမေကာင္းခဲ့လွ်င္ မည္သို႔ပဲအေပၚယံကိုေျပာင္းေျပာင္း ေကာင္းႏိုင္မည္မထင္။

ေရွ႕ကျပႆနာကို ျပန္ေကာက္ရလွ်င္ အစကတည္းက လူငယ္ေတြမ႐ိုေသေအာင္ ေနထိုင္လာခဲ့ၿပီးမွ ခ်က္ျခင္းအ႐ိုေသခံခ်င္လာ။႐ိုေသစရာတစ္ကြက္မွမရွိလို႔ မ႐ိုေသတာကို လူငယ္ေတြမိုက္႐ိုင္းသည္လို႔ျမင္လာလွ်င္ ေျပာစရာစကားတစ္ခြန္းသာရွိသည္။ဒါက “အ႐ိုေသခံခ်င္လွ်င္ အ႐ိုေသခံေလာက္ေအာင္ေန၊ ယုံၾကည္ေစလိုလွ်င္ ယုံၾကည္ေလာက္ေအာင္ေန” ဆိုသည့္ စကားသာ။

ဒါေတာင္ mental လို႔ ေခၚသည့္ စိတ္အျပဳအမူဆိုင္ရာ လူေတြရဲ႕တုန႔္ျပန္မႈအပိုင္းပဲရွိေသးသည္။ေနရာတစ္ခု၏ပိုင္ဆိုင္မႈ၊ ႐ုပ္သေဘာတရားအတိုင္းဆိုလွ်င္ လူႀကီးႏွင့္လူငယ္ ထသတ္႐ုံသာရွိေတာ့မည္။လူႀကီးေတြကလည္း သူတို႔လာလွ်င္ ထေပးေစခ်င္သည္။သူတို႔ေရွ႕မွာဆိုလွ်င္ သူတို႔ကိုအ႐ိုအေသျပဳေစခ်င္သည္။လူငယ္ေတြကလည္း ငါတို႔ေလာက္ေတာင္ သီလမလုံတာ၊ ကိုယ္က်င့္တရားမေကာင္းတာ၊ အသက္ႀကီးလို႔ လူႀကီးေခၚေနရတာ စေသာ ဒီလိုစံႏူန္းေတြႏွင့္ခ်ိန္ထိုးကာ ႏႈိင္းယွဥ္လာေနေတာ့ အ႐ိုေသခံခ်င္လွ်င္ ကိုယ္ကိုယ္တိုင္ အေနအထိုင္မွန္ဖို႔၊ အေနအထိုင္တတ္ဖို႔ ပို၍အေရးႀကီးလာေပလိမ့္မည္။

ေနရာဆိုသည္မွာ အဘယ္နည္း။ျမန္မာစာအဘိဓာန္ထဲတြင္ေတာ့ ေနရာဟူသည္ “ေနထိုင္စရာအရပ္၊ တည္ရွိရာဌာန” ဟု ေဖာ္ျပထားသည္။အမ်ားကေတာ့ ေနရာဆိုသည္ႏွင့္ ကိုယ္မိသားစုေနထိုင္မွီခိုေနထိုင္ရာ အရပ္ေဒသဆိုေသာ ေနရပ္ကိုဆိုသည့္ ေနရာႏွင့္ ရာထူးဌာႏၲရဆိုသည့္ အလုပ္အကိုင္ ရာထူးရွိန္ဝါရွိေသာ ေနရာလို႔သာ ျမင္ၾကသည္။ဒီႏွစ္ခုထဲ ဒုတိယျဖစ္ေသာေနရာက လူ႔ေလာကတြင္ ပိုအေရးႀကီးသည္။

ေငြေၾကးဥစၥာဓနေပါမ်ားလြန္း၍ ဘာမွသုံးစားမရသည့္၊ စဥ္းစားဆင္ျခင္တုံတရားကင္းမဲ့သည့္ လူတစ္ေယာက္ကို  ပထမ “ေနရာ” ျဖစ္သည့္ အိုးအိမ္ၿခံေျမကိုေပးလိုက္ဦး၊ ပစၥည္းဥစၥာဆုံးရႈံးသည္ကလြဲ၍ သိပ္ၿပီး လူ႔ေလာကအတြက္ ဆိုက်ိဳးသိပ္မျဖစ္ႏိုင္။သို႔ေသာ္ ဒုတိယေနရာျဖစ္သည့္ ရာထူးဌာႏၲရေနရာမ်ိဳးကိုမူ ဒီလိုလက္လြတ္စပယ္ေပး၍မရ။ေသခ်ာစိစစ္၍ ထိုက္တန္ေသာ “လူ” ကိုသာ “ေနရာ” ေပးသင့္ေပသည္။

ဤသို႔မဟုတ္ဘဲ ၿပီးလြယ္စီးလြယ္သာေပးလိုက္ပါက ေနာက္ျဖစ္ေပၚလာမည့္ ဆိုးက်ိဳးမ်ားက တစ္သီတစ္တန္း ဆုံးေတာ့မည္မထင္။အင္းဝေခတ္က ဘိုင္ဆပ္ႏွင့္ ေမာင္ပိန္တို႔လို ကိုယ္က်ိဳးရွာ ျပည္သူကိုႏွိပ္စက္မည့္ လူစားမ်ိဳးေတြ၊ သာသနာအေရၿခဳံၿပီး ကိုယ္က်ိဳးရွာမည့္သူေတြ စသည့္လူစားမ်ိဳးထဲ “ေနရာ” ရသြားခဲ့ရင္ေတာ့ ဖြတ္….မိေက်ာင္းျဖစ္တာထက္ပိုကာ က်ားကို အေတာင္တပ္ေပးသလို ျဖစ္ေနေပမည္။

တစ္ကယ္ေတာ့ လူ႔ဘဝဆိုတာ ေရပြက္ေလးတစ္ပြက္ ထပြက္သည့္အခ်ိန္ပမာဏသာၾကာသည္လို႔ ဘုရားရွင္ကေဟာၾကားခဲ့သည္။ထိုေရပြက္ခန႔္ၾကာသည့္ပမာဏ အခ်ိန္ေလးမွာပင္ တစ္ခ်ိဳ႕က ေနာင္ဘဝကူးေကာင္းဖို႔ ရိကၡာထုပ္အေနႏွင့္ ကုသိုလ္၊ ဒါန၊ ဘာဝနာေတြ ထုပ္ေနၾကခ်ိန္မွာ တခ်ိဳ႕ကေတာ့ အကုသိုလ္ေတြ တစ္နင့္တပိုးထုပ္မိေအာင္ ေနရာအားကိုးႏွင့္ မေရမရာလြန္းထိုး အကုသိုလ္ရွာေနၾကသည္က ျမင္တတ္လွ်င္ သူတို႔အတြက္ စိတ္ေလးစရာ။

“ေနရာ” ဆိုသည္မွာ မၿမဲေသာ အနိစၥတရားမို႔ ေရာက္တုန္းေပါက္တုန္း ေလာကေကာင္းက်ိဳး ျဖစ္ထြန္းေအာင္လုပ္ဖို႔ ရည္သန္ၾကလွ်င္ အဘယ္မွ်ေကာင္းလိမ့္မည္နည္းဟု စိတ္ကေတြးမိသည္။ဤသို႔သာ လူမွန္ေနရာမွန္ျဖစ္ေနလွ်င္ “ဤအရပ္၊ ဤေဒသ ဤကမာၻသည္ စာေရးသူတို႔အတြက္ ပတိ ႐ူပ ေဒသဝါေသာစ ဆိုသည့္ သင့္တင့္ေလွ်ာက္ပတ္ေနထိုင္သင့္ရာ အရပ္ျဖစ္မည္ကား မလြဲဧကန္ပင္”။

ဘယ္သူကမ်ား ေနာင္လာမည့္မ်ိဳးဆက္ေတြအတြက္ မဂၤလာရွိေသာအရပ္ေဒသကို မတည္ေဆာက္ခ်င္ၾကပါသနည္းဟု….။

ၿဖိဳးေဝလွ
ၾသဂုတ္ - ၂၆