【 ဆောင်းပါး 】 “ရောက်မလာသေးသည့် ကြောက်မက်ဖွယ် နွေဦးရာသီ”

【 ဆောင်းပါး 】 “ရောက်မလာသေးသည့် ကြောက်မက်ဖွယ် နွေဦးရာသီ”

ကိုဗစ်ကာလအတွင်း နယ်မြို့တစ်မြို့တွင်နေထိုင်သည့် သူငယ်ချင်းဖြစ်သူ၏ တကူးတကဖိတ်ကြားမှုကြောင့် ပိတ်ဆို့ကန်သတ်မှုမတိုင်မီ ရှမ်းဒေသတွင်ရှိသော သူငယ်ချင်းဆီသို့ အလည်ရောက်ခဲ့သည်။ရန်ကုန်ဇာတိဖွား သူငယ်ချင်း၏ နယ်အခြေစိုက်ဘ၀ ဘယ်လိုအခြေအနေဖြစ်နေသလဲဆိုတာကို သိချင်နေတာကြောင့်လည်း ထိုခရီးကို လိုလိုလားလားသွားချင်နေခဲ့သည်။ထိုမြို့ကလေးက စိုက်ပျိုးရေးနှင့်ပတ်သက်လျှင် နာမည်ရသော မြို့တစ်ခုဖြစ်သဖြင့် မြို့၏အဓိကလုပ်ငန်းမှာ စိုက်ပျိုးရေးထွက်ကုန်များသာဖြစ်သည်။

မြို့ကလေးသို့ရောက်ရောက်ချင်း စိတ်ချမ်းသာဖွယ်ကောင်းသောအရာမှာ သစ်သီးသစ်ပင်မှန်သမျှ စိမ်းစိမ်းစိုစိုနှင့် ကြည့်လေရာတစ်လျှောက် စိုက်ခင်းတွေ ဖွေးဖွေးလှုပ်နေသည်။ကျွန်တော်ရောက်သည့်အချိန်က မနက်ခင်းဖြစ်နေသဖြင့် စိုက်ခင်းထဲ ခူးသူဆွတ်သူများဖြင့် အသက်ဝင်နေသည်။ရန်ကုန်သား ကျွန်တော်လည်း စိုက်ခင်းထဲမှ တချို့အလုပ်များကို ရောက်တုန်းရောက်ခိုက် ဝင်ခူးသည်။အလုပ်ပြီးတော့ သူငယ်ချင်းက လက်ကိုသေချာဆေးဖို့ ကျွန်တော့ကိုသတိပေးသည်။အဘယ်ကြောင့်ဆို မခူးဆွတ်ခင် ညဘက်ကတည်းက ဆေးဖျန်းထားလို့ဟုဆိုသည်။ကျွန်တော့အတွက်ကတော့  ပိုးသတ်ဆေးအန္တရာယ်ကို ပထမဆုံးသတိပြုမိခြင်း ဖြစ်သည်။သူငယ်ချင်းက ဒီမှာ တစ်ခါတစ်လေ Mask (နှာခေါင်းစည်း) တောင် မျက်နှာဖုံး၍ ခူးဆွတ်ရသည်ဟုဆိုသည်။ Mask ကို ယခုလို ဗိုင်းရပ်စ်ဘေးကြုံမှ သုံးဖူးသည့် ကျွန်တော့အတွက် သူငယ်ချင်းပြောစကားက ပိုးသတ်ဆေးကို ဒီလောက်တောင် အလွန့်အကျွံသုံးနေရပြီလားဟု စိတ်ထဲတုန်လှုပ်မိသည်။

ဒီလိုဆိုတော့ ကျွန်တော်ပြောတာ လွန်သည်ဟုထင်လိမ့်မည်။ကျွန်တော်တုန်လှုပ်သည်က အခြားမဟုတ် ဒီပိုးသတ်ဆေးတွေက ဈေးကွက်ရောက်သည့်အထိ ဆေးမပြယ်လျှင်၊ စားသုံးသူက ကုန်စင်အောင်မဆေးကြောနိုင်လျှင် ဘယ်လောက်တောင်အန္တရာယ်ကြီးလိုက်မလဲဟု ဒုက္ခပေးလိုက်မလဲဆိုတာကို သွားစဉ်းစားမိ၍ဖြစ်သည်။ဒါကလည်း ဒီဘက်နှစ်ပိုင်းအတွင်း အစာအဆိပ်ဖြစ်သည့် သတင်းတွေ သတင်းစာတွေထဲ မကြာခဏတွေ့နေရ၍ဖြစ်သည်။အလှူမှာဖြစ်တာ၊ ကျောင်းမှာအလှူလုပ်ရင်းဖြစ်တာနှင့် ကိုယ့်အိမ်မှာကိုယ်နေရင်း ပုံမှန်စားနေကြစားရင်းပင် ဒီလိုအစာအဆိပ်ဖြစ်ကာ မူးမော်အော့အန်ကြ၊ တစ်ခါတစ်လေ အခန့်မသင့်ကံဆိုးပါက အသက်တစ်ချောင်းပါ ဆုံးရှုံးရသည့အထိ သတင်းစာထဲ ကြားနေဖတ်နေရသည်။

သာမန်ကြားနေကြ စိတ်ညစ်ကာ ပိုးသတ်ဆေးသောက်သေသည့် ကျေးလက်ကအဖြစ်တွေကလည်း မကြာခဏကြားနေရသေးသည်။ဒီတော့ တောင်သူလက်တစ်ကမ်းမှာရှိနေသည့် ပိုးသတ်ဆေးဆိုတာက စိုက်ပျိုးရေးအတွက် အဖျက်ပိုးများကိုသာမက လူတစ်ယောက်၏အသက်ကိုပါ လွယ်လင့်တကူသတ်ဖြတ်နေသလို ဖြစ်နေသည်ဆိုလျှင် မဖြစ်သင့်သောအနေအထားတစ်ခုဖြစ်သဖြင့် တစ်ခုခုလုပ်ဖို့ စဉ်းစားသင့်ပြီဖြစ်သည်။လူတောင် ဒီလောက်ဖြစ်နေပြီဆိုလျှင် စိုက်ပျိုးရေးနှင့်ဆိုင်သော လူသားအကျိုးပြု ပိုးမွှားတွေကိုပါ မဆိုင်ဘဲ ဘယ်လောက်သေကြေနေပြီလဲဆိုတာ စဉ်းစားစရာဖြစ်လာသည်။ဒီတော့ ပိုးသတ်ဆေးတွေ လွယ်လင့်တကူ ဝယ်သုံးခွင်ရတာကို တင်းကြပ်မလား၊ စည်းကမ်းမဲ့ တံခါးမရှိဓါးမရှိ တင်သွင်းနေတာကို စနစ်တကျဖြစ်အောင် ထိန်းချုပ်ကြမလားဆိုတာ ဆိုင်ရာဆိုင်ရာတို့ ဆုံးဖြတ်ဖို့သင့်လေပြီ။

မကြာခင်ရက်ပိုင်းက ရပ်ကွက်ထဲမှာ လဘက်ရည်ဆိုင်အတူထိုင်နေကြ အသိတစ်ယောက် ရုတ်တရက်ကြီး အစာအဆိပ်ဖြစ်ကာ ဆေးရုံပို့လိုက်ရသည်။အစာအဆိပ်ဖြစ်မယ့်သာဖြစ်သည် သူစားခဲ့သည့် အစားအသောက်တွေက သူနေ့စဉ်ပုံမှန်စားနေကြတွေသာ။မနက်ပိုင်း ကျွန်တော်နှင့် လဘက်ရည်ဆိုင်ထိုင်သည်။လဘက်ရည်နှင့် အီကြာကွေးတစ်ချောင်း။နောက် မနက်ကြီးစာ ငါးဒန်နှင့် ပန်းဂေါ်ဖီကြော်။ညနေကြတော့ သူ့ညီမအိမ်မှာ ကိစ္စရှိ၍သွားရင်း လက်ဖက်စားသည်။မကြာခင် ပါးစပ်ထဲကအမြုပ်တွေထွက်ကာ တက်သဖြင့် ဆေးရုံအမြန်ပို့လိုက်ရသည်။ဆေးရုံက ဆရာဝန်ကတော့ သူစားသည့်အစားတွေထဲ တစ်ခုခုကမတည့်လို့ဖြစ်တာဟု သာမန်သဘောမျိုးပြောခဲ့သော်လည်း တခြားသူတွေကိုမှု ခင်ဗျားတို့ စားသောက်ချက်ပြုတ်တဲ့အခါ အသီးအရွက်တွေကို ဖြစ်နိုင်ရင် ရေပေါပေါနဲ့ စင်စင်ကြယ်ကြယ်ဆေးပါဟု မှာသည်။ကျွန်တော့အသိ အစာအဆိပ်သင့်တာ ပိုးသတ်ဆေးမကင်းသော အစားအသောက်တစ်ခုခုကို စားမိသည်ဟု ဆရာဝန်သံသယရှိပုံရသည်။

ကျွန်တော်တို့ပတ်ဝန်းကျင်သို့ ဓါတုပိုးသတ်ဆေးတွေ တစ်စတစ်စပုံလာပြီ၊ ဓါတုပိုးသတ်ဆးအန္တရာယ် တစ်စတစ်စပိုကြီးလာပြီဟု ကျွန်တော်တို့ သတိပြုမိချိန်တွင် အန္တရာယ်ပိုးသတ်ဆေးက ကျွန်တော်တို့ပါးစပ်ထဲရောက်နေသည့် အခြေအနေကိုရောက်နေပြီလားဟု ကျွန်တော်တွေးမိသည်။
ဒါကြောင့်ပဲ အစောပိုင်းက ကျွန်တော့်သူငယ်ချင်းစိုက်ခင်းထဲ လက်ဆေးခိုင်းရင်း သူတို့ပိုးသတ်ဆေး အလွန်အကျွံသုံးနေပုံကိုမြင်တော့ ကျွန်တော်တုန်လှုပ်မိခြင်းဖြစ်သည်။

Facebook ပို့စ်တစ်ခုတွင် မြန်မာနိုင်ငံ ပိုးသတ်ဆေးသုံးစွဲမှုတစ်ခုကို ဖော်ပြထားသည်။လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ဝန်းကျင် ၂၀၀၂-၂၀၀၃ ကာလတုန်းက မြန်မာနိုင်ငံသို့တင်သွင်းသော ပိုးသတ်ဆေးပမာဏမှာ ၂၈၇၄ ဒသမ ၆၉ မက်ထရစ်တန်သာရှိရာမှ လွန်ခဲ့သည့် ဆယ်နှစ်ခန့် ၂၀၁၁-၂၀၁၂ တွင် ငါးဆကျော်ကျော် ၁၁၁၀၁ ဒသမ ၄၁ မက်ထရစ်တန်အထိ တိုးလာတာကို ဖော်ပြထားတာတွေ့ရသည်။ယခုဆို လွန်ခဲ့သည့်အနှစ်နှစ်ဆယ်ကထက် ဘယ်နှစ်ဆတောင်ရှိနေပြီလဲ။ယခင်ကထက်နည်းမည်တော့မဟုတ်။အဆပေါင်း ဘယ်လောက်ထိပိုလာသလဲ။

ယခု ထိုပိုးသတ်ဆေးတွေ ယခုဘယ်ရောက်သွားသလဲ၊ မြေကြီးထဲလား လေထဲလား ရေထဲလား။တချို့လူတွေရဲ့ဝမ်းထဲလား။တစ်ခုခုထဲမှာ ရှိတော့ရှိမည်။သေချာသည်ကတော့ နှစ်စဉ် ထိုပိုးသတ်ဆေးပမာဏမှာ ကျွန်တော်တို့ပတ်ဝန်းကျင် လက်တစ်ကမ်းမှာ အန္တရာယ်ပေးရန် အသင့်ရှိနေကြခြင်းပင်ဖြစ်သည်။ယခု ဗိုင်းရပ်စ်အတွက် လက်ဆေးဂျယ်လ်တွေ၊ ကလိုရင်းတွေ ဘုန်းအောလအော သုံးကြပြန်ပြီ။ဘာတွေထပ်ကြားရဦးမည်နည်း။  

ဒီလိုတွေဖြစ်နေတော့ ၂၀၁၂ လောက်တုန်းက ဖတ်ခဲ့ရသည့် ဆရာဖေမြင့်၏ စာအုပ်ကမ္ဘာထဲက “ရေချယ်လ်ကာဆင် (Rachel 1907-1964 ၏ Silent Spring (တိတ်ဆိတ်သောနွေဦး-၁၉၆၂) ၏ အဖွင့်ဇာတ်ဝင်ခန်းကို သတိရမိသည်။ထိုဇာတ်လမ်းအဖွင့်အဖြစ် “တစ်ခါတုန်းက သာယာလှပသည့် အမေရိကန်ပြည်အလယ်ပိုင်း စိုက်ပျိုးရေးဒေသမြို့ကလေးတစ်မြို့မှာ ရုတ်တရက် ဘေးဆိုးကြီးတစ်ခုကျရောက်ကာ ခြံထဲက ကြက်ကလေးတွေ အုပ်လိုက်သေဆုံး၊ နွားတွေ သိုးတွေ တစ်ကောင်ပြီး တစ်ကောင်ပျက်ဆီး၊ လယ်သမားမိသားစုတွေမှာ ယခင်တစ်ခါမျှ မကြုံဘူးမကြားဘူးသည့် ရောဂါသစ်ရောဂါဆန်းများစွဲကပ်၊ ဆရာဝန်တွေမကုသနိုင်၍ လက်မှိုင်ချ၊ စမ်းချောင်းထဲက ငါးကြီးငါးငယ်တွေလည်း တစ်ကောင်တစ်မြီးမျှ ရှာမရအောင်ပျောက်ကွယ်သွား၊ နံနက်ခင်းများမှာ စိုးစီစိုးစီအော်မြည်တတ်ကြသည့် ငှက်ကလေးတွေ မျိုးပြုတ်သေဆုံးကုန်ကြသဖြင့် နွေဦးရာသီမှာ တေးသံသာကင်းမဲ့ကာ တိတ်ဆိတ်ခြောက်ကပ်၊ .... စသည့် ချောက်ချားဖွယ် အနာဂတ်မနက်ခင်းဖြင့် ဇာတ်ဖွင့်ပြသည်ကို အမြည်းအဖြစ် ဖတ်ခဲ့ရဖူးသည်။

ထိုစဉ်တုန်းကတော့ ဘာရယ်မဟုတ် ဖတ်လိုက်ခြင်းဖြစ်ပြီး နောက်တော့ ဒါကို စိတ်ထဲစွဲနေခဲ့သည်။တစ်ခါတစ်လေ မနက်ဘက် အိမ်ရှေ့မှာ စာကလေးတွေ အစာတောင်းသည့်အသံ မကြားရလျှင်တောင် ဒီလိုဖြစ်နေပြီလားဟု စိတ်ကအတွေးရောက်သည်ကတော့အမှန်ပင်။ဒီလောက်ထိ Silent Spring က ကျွန်တော်တို့ကိုလှန့်နေခဲ့သည်။

စိုက်ပျိုးရာတွင် ဓာတ်မြေသြဇာကို အလွန့်အကျွံသုံး၊ ပိုးသတ်ဆေးတွေ အလျှံအပယ်သုံးသဖြင့် စသုံးကာစ တစ်နှစ်နှစ်နှစ်တွင်သာ အပင်ပေါက်အား အသီးဖြစ်ထွန်းအားကောင်းသော်လည်း သုံးနှစ်သို့ရောက်သောအခါ ယခင်နှစ်က သုံးလက်စထက် ပို၍သုံးမှသာ အပင်ကဖြစ်ထွန်းတော့မည်ဖြစ်ပြီး မြေ၏ချဉ်ဖန်နှုန်းမှာလည်း မြင့်မားနေတတ်သည်ဟု စိုက်ပျိုးရေးသမားတစ်ဦးက ဆိုသည်။ဒီလို အဆမတန် အခိုင်းခံရသောမြေများမှာ နောင်ဘာစိုက်စိုက် စိုက်လို့မရတော့သည့် မြေသုန်းတွေဖြစ်လာသလို မြေသြဇာအလွန်အကျွံသုံးထားသဖြင့် စိုက်ပျိုးမြေပျက်ဆီးသွားကာ မရဏဇုန်ဖြစ်လာတော့သည်။ဒါတွေကို မြန်မာနိုင်ငံအထက်ပိုင်း ငှက်ပျောတစ်ရှူးစိုက်သည့်နေရာ၊ ဖရဲ သခွား စိုက်သည့်နေရာနှင့် မြေလတ်ပိုင်းသာမက ရန်ကုန်အောက်ပိုင်းဒေသများတွင်ရှိ တောင်သူတွေလက်ထဲတွင် ယခုအချိန်တွေ့လာရပြီဖြစ်သည်။

ပြီးခဲ့သည့် လေးငါးနှစ်အတွင်းက စက်မှုဇုန်နှင့်တွဲသည့်နေရာ၊ ရေဆိုးထုတ်သည့် စက်ရုံက ပိုက်ဖောက်ထည့်ထားသည့် မြစ်နေရာတွေ၊ အရက်ချက်စက်ရုံနှင့် ဓာတုအခြေခံလုပ်ငန်းရှိရာနေရာနှင့် တွဲနေသည့် မြစ်တွေ အင်းအိုင်တွေမှာ မြန်မာပြည်၏ အထင်ကရ ဦးပိန်တံတားတည်ရှိရာ တောင်သမန်အင်းအတွင်းမှာ ငါးတွေအစုလိုက်အပြုံလိုက် သေသည့်သတင်းတွေ၊ မကြာခဏဖတ်လိုက်ရသည်။သတင်းတွေအရ ဘေးပတ်ပတ်လည်ရှိ စက်ရုံများမှ ရေဆိုးတွေဝင်လို့ဟု လွယ်လွယ်ပြောလို့ရသော်လည်း တစ်ကယ်က အဆိုပါစက်ရုံများက စွန့်ပစ်လိုက်သည့် ဓါတုပစ္စည်းများက ရေထဲရောက် ရေပါညစ်ညမ်းနှင့် ငါးနှင့်ရေနေသတ္တဝါတွေပါ သေကြေပျက်ဆီးကာ ရေထုထဲ မရဏဇုန် (Dead Zone) များ ဖြစ်လာခြင်းပင်။

ရေထဲမှာဖြစ်သည့် Dead Zone ဆိုသည်က ရေထဲသို့ ဓါတုစွန့်ပစ်ပစ္စည်းများ၊ စိုက်ပျိုးရေးမှ ပိုသောဓာတ်မြေသြဇာများရောက်ရှိမှု အဆမတန်များလာသောအခါ ရေညှိများပေါက်ပွားလာပြီး အဆိုပါရေညှိအသေများ ပုပ်ဆွေးခြင်းကြောင့် ရေထဲတွင်အောက်ဆီဂျင်ပြတ်လပ်၍ ငါးနှင့် ရေသတ္တဝါများ သေဆုံးသည့်ဖြစ်စဉ်ဖြစ်သည်။ထိုကဲ့သို့ဖြစ်ရပ်မျိုးကို ကမ္ဘာအနှံ့အပြားရှိ ပင်လယ်ရေပြင် နေရာ ၁၀၀ ခန့်တွင် တွေ့ရှိထားပြီးဖြစ်သည်ဟု  ၂၀၁၃ ခုနှစ် မေလထုတ် National Geographic Magazine ထဲတွင် ဖတ်လိုက်ရသည်။

ရေထဲဖြစ်စေ ကုန်းမြေဖြစ်စေ တစ်စုံတစ်ခုသော အကျိုးအမြတ်အတွက် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာများ အသုံးပြုရာတွင် ဓါတုဗေဒရုပ်ကြွင်းများ ကုန်စင်အောင်အသုံးမပြုနိုင်ခဲ့ပါက အားလုံးကို အကြီးအကျယ်ဒုက္ခပေးလိမ့်မည်ဖြစ်သည်။တခြားမကြည့်နှင့် ဒီဘက်နှစ်ပိုင်း ကျွန်တော်တို့မကြားဘူးသည့် ရောဂါအသစ်အဆန်းတွေ မကြာခဏကြားနေရ ဖြစ်နေရသည်မှာ ထိုအကျိုးဆက်ပင်ဖြစ်သည်။ကျွန်တော်တို့ စားသည့်နေရာ သွားသည့်နေရာ နေသည့်နေရာ နောက်ဆုံး ကုန်ကုန်ပြောရလျှင် အလေးအပင်သွားသည်နေရာအထိ ပိုးသတ်ဆေးကမလွတ်တော့။

ကျွန်တော်လုပ်နေသည့် အလုပ်ထဲက လူတစ်ယောက် ကလေးရတော့ ကုန်ကျစရိတ်တွေ တိုးလာသည့်အကြောင်းတွေပြောရင်း မွေးကာစ တစ်လသားကလေး၏ စရိတ်ထဲ နောက်ဖေးတစ်ခါသွားတိုင်း ငွေတစ်ထောင့်ငါးရာကုန်သည်ဟု ခပ်ကြွားကြွားပြောသည်။ကျွန်တော်က အထူးအဆန်းဖြစ်၍ ဘာတွေများကုန်သလဲဟု ကုန်ကျငွေအသေးစိတ်ကိုမေးသည့်အခါ ပိုးသတ်ဆေးဆိုသည့် ကုန်ကျစရိတ်က ဆပ်ပြာနှင့်အတူ တွဲပါနေသည်ကိုတွေ့ရသည်။

ကျွန်တော်ကတော့ ပိုးသတ်ဆေးဆန့်ကျင်ရေးသမားဖြစ်သဖြင့် ဒီလောက်နုနယ်ငယ်ရွယ်သေးသည့် ကလေးကို လူကြီးတွေစိတ်သန့်စေရန်အတွက် ဆေးဆပ်ပြာတွေ ဒီလောက်ပြင်းပြင်းမသုံးသင့်ဟုသာ သတိပေးမိသည်။ကျွန်တော်တို့လို ခံနိုင်ရည်ရှိနေသည့် လူကြီးတွေတောင် တစ်ခါတစ်လေ အိမ်သာထဲ ကာဘော်လစ်ဆီဖျန်းသည့်အခါမျိုးနှင့် တည့်တည့်တိုးမိသည့်အခါ တစ်နေ့လုံး လုံးဝခေါင်းမထောင်နိုင်သည်အထိ ဖြစ်ရသည်မဟုတ်လား။ကလေးတွေဆို ဘယ်လောက်ခံရမလဲ။ဒီထက် လူသားအကျိုးပြုပိုးမွှားတွေဆို ဘယ်လောက်ထိဖြစ်ကြမလဲဆိုတာ တွေးကြည့်တော့ ရင်လေးစရာ။တွက်ဆသာကြည့်ပေတော့။

ကျွန်တော်တို့ငယ်ငယ်တုန်းက သစ်သီးတွေဝယ်သည့်အခါ ဟင်းသီးဟင်းရွက်တွေဝယ်သည့်အခါ အပြစ်အနာကင်းသည့် ပိုးကိုက်ရာကင်းသည့် သစ်သီးသစ်ရွက်များကိုသာ ရွေးချယ်ဝယ်လေ့ရှိသည်။တစ်နေ့က ဈေးထဲရောက်မိသည့်အခါ ဟင်းသီးဟင်းရွက်ထွားထွားကြီးများကို  သာမန်လက်လုပ်လက်စားများ ဝယ်နေကြနေပြီး ပိုးကိုက်ပိုးထိုး သစ်သီးသည်နား ဝယ်နေသူများမှာ အတော်အတန်ပြေလည်သူများဖြစ်နေသဖြင့် ဆေးဖက်ဝင်အရွက်အသီးများဖြစ်နေမလား အထူးအဆန်းဝင်ကြည့်မိသည့်အခါ ပိုးသတ်ဆေးလွတ် အသီးအရွက်ဖြစ်နေ၍ ဝယ်သူအုံနေခြင်းဖြစ်နေသည်ကို တွေ့ခဲ့ရသည်။

ဒါတွေက ကျွန်တော့အတွက် အထူးအဆန်းဖြစ်နေသော်လည်း အိမ်ကိုပြောမိသောအခါ သူတို့က နင်ကလဲ ဒီလိုဖြစ်နေတာကြာပြီဟု ဆိုကြသည်။ပိုးသတ်ဆေးကို အလွန်အကျွံသုံးသဖြင့် ဖြစ်လာသည့် ဘေးဒုက္ခဒဏ်ကို ကျွန်တော့လိုပဲ ပြည်သူအချို့မြင်လာကြနေသည်ကတော့ ဝမ်းမြောက်စရာ။ဒီလို တစ်ပိုင်တစ်နိုင်ကာကွယ်နေကြခြင်းက သူတို့အတွက် မီကောင်းမီနိုင်သော်လည်း အများစုဖြစ်သည့် ပြည်သူအများကတော့ ဆယ်စုနှစ်ပေါင်းများစွာ ဆင်းရဲငတ်ပြတ်နေခဲ့ရမှုကြောင့် ယခုလို ဓါတုအဆိပ်နှင့်မကင်းသည့် သစ်သီးသစ်ရွက်ထွားထွားကြိုင်းကြိုင်းများကို ဈေးသက်သက်သာသာဖြင့် ပေါပေါများများဝယ်ခွင့်ရသည့်အခါ ဘယ်လိုမှရုန်းထွက်ခွင့်မသာနိုင်တော့။တခြားမပြောနှင့် ကျွန်တော့အိမ်ကိုတောင် ဒီလိုသစ်သီးတွေ၊ အစားအသောက်တွေ မဝယ်ဖို့တားလို့မရ။ဒီတော့ ပြည်သူအများစု လက်ကိုင်ထားသလို ဖြစ်မှသာဖြစ်ရော ကမ္မသကာဟုဆိုကာ မျောလိုက်ရမည့်အဖြစ် ရောက်နေလေပြီ။

ဒီရက်ပိုင်းဘဲ ပေါင်းမြက်ခုတ်မည့်လူ ငှားမရသဖြင့်၊ ငှားခဈေးကြီး၍ ပေါင်းမြက်သေဆေးတွေ သုံးနေကြသည်ဟု မြေလတ်ဒေသတွင်နေသည့် သူငယ်ချင်းဖြစ်သူက ကျွန်တော်နှင့်ဖုန်းပြောရင်း ထည့်ပြောသည်။သူက လူငှားရင် တစ်ရက်မပြီး နှစ်ရက်မပြီး။ပြီးတော့ လိုချင်သည့်ရက်မရဟု ဆိုသည်။ထို့ကြောင့် ပေါင်းမြက်သေဆေး တစ်သောင်းဖိုးလောက်သုံးရင် အဆင်ပြေသည်ဟု ဆိုသည်။မကြာပါ သူငယ်ချင်းက စိုက်ခင်းထဲ ငှက်အသေတွေ တွေ့နေရသဖြင့် ကြက်ငှက်တုပ်ကွေးများကျနေသလားဟု စိုးရိမ်တကြီးလှမ်းပြောသည်။သူငယ်ချင်း အစိုးရိမ်ပြေစေရန် သက်ဆိုင်ရာကျန်းမာရေးဆိုင်ရာဘက် ကြိုကြိုတင်ဆက်သွယ် အသိပေးထား၊ သိပ်လည်းမစိုးရိမ်နှင့်ဟု လှမ်းမှာရသေးသည်။သူငယ်ချင်းဖုန်းချသွားပြီးမှ  စဉ်းစားမိလိုက်သည်က ပေါင်းသတ်ဆေးဖျန်းထားသည့် စိုက်ခင်းတွေထဲက ပေါင်းမြက်တွေစားမိသည့်အတွက် ငှက်တွေသေတာပဲဖြစ်မည်ဟု။ကျွန်တော်တောင် ကိုယ့်ထင်မြင်ချက်မပြောလိုက်ရ နောက်တစ်နေ့ သူငယ်ချင်းက ပေါင်းသတ်ဆေးတွေမိပြီး ငှက်တွေသေတာဟု လှမ်းပြောသည်။ကျွန်တော့စိတ်ထဲ ကိုယ့်ထင်မြင်ချက် မှန်သွားသော်လည်း ဝမ်းမသာနိုင်။ဟိုတစ်ခေါက် သူငယ်ချင်းဆီသွားတုန်းက မနက်စောစော စိုက်ခင်းထဲတွေ့ခဲ့ရသည့် ငှက်ကလေးတွေကိုသာ မြင်နေမိတော့သည်။ဒီတစ်ခါ သူငယ်ချင်းဆီသွားခဲ့ရင် မိုးလင်းတာနှင့် ငှက်သံတွေ ကြားကောကြားရပါ့မလားဟု တွေးနေမိသည်။

ကျွန်တော်တို့က ကျွန်တော်တို့ လက်ရှိနေထိုင်မှုအဆင်ပြေဖို့ တစ်ခုတည်းသာကိုသာ စဉ်းစား၍လုပ်ကိုင်ခဲ့ကြသည်။နေတာပဲဖြစ်ဖြစ်၊ စားတာပဲဖြစ်ဖြစ် ကိုယ်အဆင်ပြေရင်ပြီးရော ဘယ်သူတွေ ဘာဖြစ်ဖြစ်ဆိုသည့် အခြေအနေကနေ နောက်လူတွေ ဘာဖြစ်ဖြစ်ဆိုသည့် တစ်ကိုယ်ကောင်းအတ္တစိတ်ဖြင့် ရှိသမျှ သဘာ၀သံယံဇာတတွေကို ကုန်စင်အောင်ထုတ်၊ ရှိသမျှ ရေမြေသဘာဝကို အကျိုးအမြတ်တစ်ခုတည်းကြည့်ကာဖျက်ဆီး တာဝန်ယူမှုမရှိ တာဝန်ခံမှုမရှိနှင့် နေထိုင်လုပ်ကိုင်ခဲ့ကြသည့်နောက်ဝယ် ယနေ့မြင်နေရသည့် အတောမသတ်နိုင်သော သဘာဝဂေဟပျက်ဆီးမှုများကို ကြုံတွေ့နေရပြီဖြစ်သည်။လက်လွတ်စပယ်နေထိုင်ခဲ့ကြခြင်းများ၏ ဆိုးကျိုးကို နောက်မျိုးဆက်များရောက်မှခံရမည်ဟု တထစ်ချယုံကြည်ပြီး သဘာဝအရင်းအမြစ်များကိုသာမက ဂေဟစနစ်ကိုပါ ဖျက်ဆီးကြသည့်အထိ ရမ်းကားလုပ်ကိုင်ခဲ့ကြသည်။သဘာဝက နောင်မျိုးဆက်တွေအထိမစောင့် ယခုပင်လျှင် နေရာတိုင်း၌ သဘာဝဖောက်ပြန်မှုဘေးကို အကြီးအကျယ်ခံစားနေရပြီဖြစ်သည်။

သဘာဝဂေဟစနစ်ကို လူသားကဖျက်ဆီးတော့ ကျွန်တော်တို့နေထိုင်သည့် ကမ္ဘာ၏ သဘာဝဂေဟစနစ်ပါ ဖျက်ဆီးလာတော့သည်။ကျွန်တော်တို့ နေစဉ်စားသောက်နေထိုင်ကြသည့် လူနေမှုပုံစံက ပိုးသတ်ဆေးတွေ၊ ဓါတုမြေသြဇာတွေ၊ ဆိုးဆေးများဖြင့် အကျွမ်းတဝင်ဖြစ်လာသလို ဒါတွေနဲ့ကင်းရန် ဘယ်လိုမှမလွယ်တော့။ကျွန်တော်တို့ ငယ်ငယ်ကတွေ့ခဲ့ရသော သတ္တဝါမျိုးစိတ်တွေ၊ ပေါပေါများများတွေ့ခဲ့ရသောငှက်တွေ ဒီရေတက်တိုင်း ဒီရေဦးကပါလာတတ်သော ငါးစင်ရိုင်းပေါက်လေးတွေ၊ ချောင်းငယ်မြောင်းငယ်ထဲထိ တိုးတိုးဝင်လာတတ်သည့် ရွှေငါးလှလှလေးတွေဆိုသည်မှာ ယခုအချိန် ဘယ်ကလေးတွေကိုပြောပြော တအံ့တသြနှင့် ယုံတမ်းပြောသလို ဖြစ်နေလိမ့်မည်။ဒါတောင် နှစ်တွေသိပ်မကြာသေး။ရှိလှ နှစ်လေးဆယ်။ကမ္ဘာသက်တမ်းနှင့်ယှဉ်ကြည့်လျှင် မျက်တောင်တစ်ခတ်လောက်သာ။

ထိုမျက်တောင်တစ်ခတ် ပမာဏအတွင်းမှာ ကုန်းနေရေနေသတ္တဝါတွေ၊ အပင်မျိုးစိတ်တွေ လှပသော ကုန်းမြေရေပြင်အစိတ်အပိုင်းတွေ တော်တော်များများပျောက်ကွယ်ခဲ့ရပြီ။လှပသောရာသီဥတုလည်း အကျဉ်းတန်ခဲ့ရပြီ။။ Silent Spring (တိတ်ဆိတ်သောနွေဦး) ၏ ဇာတ်အဖွင့်ကဲ့သို့သော နေ့ရက်မျိုးရောက်ဖို့ ဒီလိုမျိုးအတိုင်း အဆမဲ့သုံးနေကြလျှင်၊ ဒီလိုမျိုးအတားအဆီးမဲ့သတ်ဖြတ်နေလျှင် သိပ်မကြာသောနေ့ရက်တစ်ခုတွင် သေချာပေါက်ရောက်ကြရတော့မည်ဖြစ်သည်။ဒီလိုမျိုးဆို ကျွန်တော်တို့၏မနက်ခင်းက အနိဌာရုံနှင့်သာ ဖွင့်ရတော့မည်။

အချိန်ကတော့ ရှိပါသေးသည်။ကျွန်တော်တို့သာ ပြန်လည်ပြုပြင်ထိန်းသိမ်းကြမည်ဆိုလျှင် ဒါတွေကို နိဂုံးချုပ်နိုင်ပေလိမ့်မည်။ကျွန်တော်တို့၏ မျိုးဆက်ဖြစ်သည့် အပြစ်မဲ့သောကလေးငယ်တွေ၏ မနက်ခင်းကို အပြစ်မဲ့သောငှက်ကလေးတွေ၏ ဘာသာဘာဝတေးသီချင်းတွန်မြူးသံတွေနှင့် စတင်စေချင်ပါသည်။

မနက်ဖြန်၏ မနက်ခင်းတိုင်းသည့် ငှက်တွေ၏ပျော်ရွှင်တွန်ကျူးသံနှင့်သာ စတင်မည်ဆိုလျှင်........။

ဖြိုးဝေလှ
ဇွန် - ၂၀

( Zawgyi )

ကိုဗစ္ကာလအတြင္း နယ္ၿမိဳ႕တစ္ၿမိဳ႕တြင္ေနထိုင္သည့္ သူငယ္ခ်င္းျဖစ္သူ၏ တကူးတကဖိတ္ၾကားမႈေၾကာင့္ ပိတ္ဆို႔ကန္သတ္မႈမတိုင္မီ ရွမ္းေဒသတြင္ရွိေသာ သူငယ္ခ်င္းဆီသို႔ အလည္ေရာက္ခဲ့သည္။ရန္ကုန္ဇာတိဖြား သူငယ္ခ်င္း၏ နယ္အေျခစိုက္ဘ၀ ဘယ္လိုအေျခအေနျဖစ္ေနသလဲဆိုတာကို သိခ်င္ေနတာေၾကာင့္လည္း ထိုခရီးကို လိုလိုလားလားသြားခ်င္ေနခဲ့သည္။ထိုၿမိဳ႕ကေလးက စိုက္ပ်ိဳးေရးႏွင့္ပတ္သက္လွ်င္ နာမည္ရေသာ ၿမိဳ႕တစ္ခုျဖစ္သျဖင့္ ၿမိဳ႕၏အဓိကလုပ္ငန္းမွာ စိုက္ပ်ိဳးေရးထြက္ကုန္မ်ားသာျဖစ္သည္။

ၿမိဳ႕ကေလးသို႔ေရာက္ေရာက္ခ်င္း စိတ္ခ်မ္းသာဖြယ္ေကာင္းေသာအရာမွာ သစ္သီးသစ္ပင္မွန္သမွ် စိမ္းစိမ္းစိုစိုႏွင့္ ၾကည့္ေလရာတစ္ေလွ်ာက္ စိုက္ခင္းေတြ ေဖြးေဖြးလႈပ္ေနသည္။ကြၽန္ေတာ္ေရာက္သည့္အခ်ိန္က မနက္ခင္းျဖစ္ေနသျဖင့္ စိုက္ခင္းထဲ ခူးသူဆြတ္သူမ်ားျဖင့္ အသက္ဝင္ေနသည္။ရန္ကုန္သား ကြၽန္ေတာ္လည္း စိုက္ခင္းထဲမွ တခ်ိဳ႕အလုပ္မ်ားကို ေရာက္တုန္းေရာက္ခိုက္ ဝင္ခူးသည္။အလုပ္ၿပီးေတာ့ သူငယ္ခ်င္းက လက္ကိုေသခ်ာေဆးဖို႔ ကြၽန္ေတာ့ကိုသတိေပးသည္။အဘယ္ေၾကာင့္ဆို မခူးဆြတ္ခင္ ညဘက္ကတည္းက ေဆးဖ်န္းထားလို႔ဟုဆိုသည္။ကြၽန္ေတာ့အတြက္ကေတာ့  ပိုးသတ္ေဆးအႏၲရာယ္ကို ပထမဆုံးသတိျပဳမိျခင္း ျဖစ္သည္။သူငယ္ခ်င္းက ဒီမွာ တစ္ခါတစ္ေလ Mask (ႏွာေခါင္းစည္း) ေတာင္ မ်က္ႏွာဖုံး၍ ခူးဆြတ္ရသည္ဟုဆိုသည္။ Mask ကို ယခုလို ဗိုင္းရပ္စ္ေဘးႀကဳံမွ သုံးဖူးသည့္ ကြၽန္ေတာ့အတြက္ သူငယ္ခ်င္းေျပာစကားက ပိုးသတ္ေဆးကို ဒီေလာက္ေတာင္ အလြန႔္အကြၽံသုံးေနရၿပီလားဟု စိတ္ထဲတုန္လႈပ္မိသည္။

ဒီလိုဆိုေတာ့ ကြၽန္ေတာ္ေျပာတာ လြန္သည္ဟုထင္လိမ့္မည္။ကြၽန္ေတာ္တုန္လႈပ္သည္က အျခားမဟုတ္ ဒီပိုးသတ္ေဆးေတြက ေဈးကြက္ေရာက္သည့္အထိ ေဆးမျပယ္လွ်င္၊ စားသုံးသူက ကုန္စင္ေအာင္မေဆးေၾကာႏိုင္လွ်င္ ဘယ္ေလာက္ေတာင္အႏၲရာယ္ႀကီးလိုက္မလဲဟု ဒုကၡေပးလိုက္မလဲဆိုတာကို သြားစဥ္းစားမိ၍ျဖစ္သည္။ဒါကလည္း ဒီဘက္ႏွစ္ပိုင္းအတြင္း အစာအဆိပ္ျဖစ္သည့္ သတင္းေတြ သတင္းစာေတြထဲ မၾကာခဏေတြ႕ေနရ၍ျဖစ္သည္။အလႉမွာျဖစ္တာ၊ ေက်ာင္းမွာအလႉလုပ္ရင္းျဖစ္တာႏွင့္ ကိုယ့္အိမ္မွာကိုယ္ေနရင္း ပုံမွန္စားေနၾကစားရင္းပင္ ဒီလိုအစာအဆိပ္ျဖစ္ကာ မူးေမာ္ေအာ့အန္ၾက၊ တစ္ခါတစ္ေလ အခန႔္မသင့္ကံဆိုးပါက အသက္တစ္ေခ်ာင္းပါ ဆုံးရႈံးရသည့အထိ သတင္းစာထဲ ၾကားေနဖတ္ေနရသည္။

သာမန္ၾကားေနၾက စိတ္ညစ္ကာ ပိုးသတ္ေဆးေသာက္ေသသည့္ ေက်းလက္ကအျဖစ္ေတြကလည္း မၾကာခဏၾကားေနရေသးသည္။ဒီေတာ့ ေတာင္သူလက္တစ္ကမ္းမွာရွိေနသည့္ ပိုးသတ္ေဆးဆိုတာက စိုက္ပ်ိဳးေရးအတြက္ အဖ်က္ပိုးမ်ားကိုသာမက လူတစ္ေယာက္၏အသက္ကိုပါ လြယ္လင့္တကူသတ္ျဖတ္ေနသလို ျဖစ္ေနသည္ဆိုလွ်င္ မျဖစ္သင့္ေသာအေနအထားတစ္ခုျဖစ္သျဖင့္ တစ္ခုခုလုပ္ဖို႔ စဥ္းစားသင့္ၿပီျဖစ္သည္။လူေတာင္ ဒီေလာက္ျဖစ္ေနၿပီဆိုလွ်င္ စိုက္ပ်ိဳးေရးႏွင့္ဆိုင္ေသာ လူသားအက်ိဳးျပဳ ပိုးမႊားေတြကိုပါ မဆိုင္ဘဲ ဘယ္ေလာက္ေသေၾကေနၿပီလဲဆိုတာ စဥ္းစားစရာျဖစ္လာသည္။ဒီေတာ့ ပိုးသတ္ေဆးေတြ လြယ္လင့္တကူ ဝယ္သုံးခြင္ရတာကို တင္းၾကပ္မလား၊ စည္းကမ္းမဲ့ တံခါးမရွိဓါးမရွိ တင္သြင္းေနတာကို စနစ္တက်ျဖစ္ေအာင္ ထိန္းခ်ဳပ္ၾကမလားဆိုတာ ဆိုင္ရာဆိုင္ရာတို႔ ဆုံးျဖတ္ဖို႔သင့္ေလၿပီ။

မၾကာခင္ရက္ပိုင္းက ရပ္ကြက္ထဲမွာ လဘက္ရည္ဆိုင္အတူထိုင္ေနၾက အသိတစ္ေယာက္ ႐ုတ္တရက္ႀကီး အစာအဆိပ္ျဖစ္ကာ ေဆး႐ုံပို႔လိုက္ရသည္။အစာအဆိပ္ျဖစ္မယ့္သာျဖစ္သည္ သူစားခဲ့သည့္ အစားအေသာက္ေတြက သူေန႔စဥ္ပုံမွန္စားေနၾကေတြသာ။မနက္ပိုင္း ကြၽန္ေတာ္ႏွင့္ လဘက္ရည္ဆိုင္ထိုင္သည္။လဘက္ရည္ႏွင့္ အီၾကာေကြးတစ္ေခ်ာင္း။ေနာက္ မနက္ႀကီးစာ ငါးဒန္ႏွင့္ ပန္းေဂၚဖီေၾကာ္။ညေနၾကေတာ့ သူ႔ညီမအိမ္မွာ ကိစၥရွိ၍သြားရင္း လက္ဖက္စားသည္။မၾကာခင္ ပါးစပ္ထဲကအျမဳပ္ေတြထြက္ကာ တက္သျဖင့္ ေဆး႐ုံအျမန္ပို႔လိုက္ရသည္။ေဆး႐ုံက ဆရာဝန္ကေတာ့ သူစားသည့္အစားေတြထဲ တစ္ခုခုကမတည့္လို႔ျဖစ္တာဟု သာမန္သေဘာမ်ိဳးေျပာခဲ့ေသာ္လည္း တျခားသူေတြကိုမႈ ခင္ဗ်ားတို႔ စားေသာက္ခ်က္ျပဳတ္တဲ့အခါ အသီးအ႐ြက္ေတြကို ျဖစ္ႏိုင္ရင္ ေရေပါေပါနဲ႔ စင္စင္ၾကယ္ၾကယ္ေဆးပါဟု မွာသည္။ကြၽန္ေတာ့အသိ အစာအဆိပ္သင့္တာ ပိုးသတ္ေဆးမကင္းေသာ အစားအေသာက္တစ္ခုခုကို စားမိသည္ဟု ဆရာဝန္သံသယရွိပုံရသည္။

ကြၽန္ေတာ္တို႔ပတ္ဝန္းက်င္သို႔ ဓါတုပိုးသတ္ေဆးေတြ တစ္စတစ္စပုံလာၿပီ၊ ဓါတုပိုးသတ္ဆးအႏၲရာယ္ တစ္စတစ္စပိုႀကီးလာၿပီဟု ကြၽန္ေတာ္တို႔ သတိျပဳမိခ်ိန္တြင္ အႏၲရာယ္ပိုးသတ္ေဆးက ကြၽန္ေတာ္တို႔ပါးစပ္ထဲေရာက္ေနသည့္ အေျခအေနကိုေရာက္ေနၿပီလားဟု ကြၽန္ေတာ္ေတြးမိသည္။
ဒါေၾကာင့္ပဲ အေစာပိုင္းက ကြၽန္ေတာ့္သူငယ္ခ်င္းစိုက္ခင္းထဲ လက္ေဆးခိုင္းရင္း သူတို႔ပိုးသတ္ေဆး အလြန္အကြၽံသုံးေနပုံကိုျမင္ေတာ့ ကြၽန္ေတာ္တုန္လႈပ္မိျခင္းျဖစ္သည္။

Facebook ပို႔စ္တစ္ခုတြင္ ျမန္မာႏိုင္ငံ ပိုးသတ္ေဆးသုံးစြဲမႈတစ္ခုကို ေဖာ္ျပထားသည္။လြန္ခဲ့သည့္ အႏွစ္ႏွစ္ဆယ္ဝန္းက်င္ ၂၀၀၂-၂၀၀၃ ကာလတုန္းက ျမန္မာႏိုင္ငံသို႔တင္သြင္းေသာ ပိုးသတ္ေဆးပမာဏမွာ ၂၈၇၄ ဒသမ ၆၉ မက္ထရစ္တန္သာရွိရာမွ လြန္ခဲ့သည့္ ဆယ္ႏွစ္ခန႔္ ၂၀၁၁-၂၀၁၂ တြင္ ငါးဆေက်ာ္ေက်ာ္ ၁၁၁၀၁ ဒသမ ၄၁ မက္ထရစ္တန္အထိ တိုးလာတာကို ေဖာ္ျပထားတာေတြ႕ရသည္။ယခုဆို လြန္ခဲ့သည့္အႏွစ္ႏွစ္ဆယ္ကထက္ ဘယ္ႏွစ္ဆေတာင္ရွိေနၿပီလဲ။ယခင္ကထက္နည္းမည္ေတာ့မဟုတ္။အဆေပါင္း ဘယ္ေလာက္ထိပိုလာသလဲ။

ယခု ထိုပိုးသတ္ေဆးေတြ ယခုဘယ္ေရာက္သြားသလဲ၊ ေျမႀကီးထဲလား ေလထဲလား ေရထဲလား။တခ်ိဳ႕လူေတြရဲ႕ဝမ္းထဲလား။တစ္ခုခုထဲမွာ ရွိေတာ့ရွိမည္။ေသခ်ာသည္ကေတာ့ ႏွစ္စဥ္ ထိုပိုးသတ္ေဆးပမာဏမွာ ကြၽန္ေတာ္တို႔ပတ္ဝန္းက်င္ လက္တစ္ကမ္းမွာ အႏၲရာယ္ေပးရန္ အသင့္ရွိေနၾကျခင္းပင္ျဖစ္သည္။ယခု ဗိုင္းရပ္စ္အတြက္ လက္ေဆးဂ်ယ္လ္ေတြ၊ ကလိုရင္းေတြ ဘုန္းေအာလေအာ သုံးၾကျပန္ၿပီ။ဘာေတြထပ္ၾကားရဦးမည္နည္း။  

ဒီလိုေတြျဖစ္ေနေတာ့ ၂၀၁၂ ေလာက္တုန္းက ဖတ္ခဲ့ရသည့္ ဆရာေဖျမင့္၏ စာအုပ္ကမာၻထဲက “ေရခ်ယ္လ္ကာဆင္ (Rachel 1907-1964 ၏ Silent Spring (တိတ္ဆိတ္ေသာေႏြဦး-၁၉၆၂) ၏ အဖြင့္ဇာတ္ဝင္ခန္းကို သတိရမိသည္။ထိုဇာတ္လမ္းအဖြင့္အျဖစ္ “တစ္ခါတုန္းက သာယာလွပသည့္ အေမရိကန္ျပည္အလယ္ပိုင္း စိုက္ပ်ိဳးေရးေဒသၿမိဳ႕ကေလးတစ္ၿမိဳ႕မွာ ႐ုတ္တရက္ ေဘးဆိုးႀကီးတစ္ခုက်ေရာက္ကာ ၿခံထဲက ၾကက္ကေလးေတြ အုပ္လိုက္ေသဆုံး၊ ႏြားေတြ သိုးေတြ တစ္ေကာင္ၿပီး တစ္ေကာင္ပ်က္ဆီး၊ လယ္သမားမိသားစုေတြမွာ ယခင္တစ္ခါမွ် မႀကဳံဘူးမၾကားဘူးသည့္ ေရာဂါသစ္ေရာဂါဆန္းမ်ားစြဲကပ္၊ ဆရာဝန္ေတြမကုသႏိုင္၍ လက္မႈိင္ခ်၊ စမ္းေခ်ာင္းထဲက ငါးႀကီးငါးငယ္ေတြလည္း တစ္ေကာင္တစ္ၿမီးမွ် ရွာမရေအာင္ေပ်ာက္ကြယ္သြား၊ နံနက္ခင္းမ်ားမွာ စိုးစီစိုးစီေအာ္ျမည္တတ္ၾကသည့္ ငွက္ကေလးေတြ မ်ိဳးျပဳတ္ေသဆုံးကုန္ၾကသျဖင့္ ေႏြဦးရာသီမွာ ေတးသံသာကင္းမဲ့ကာ တိတ္ဆိတ္ေျခာက္ကပ္၊ .... စသည့္ ေခ်ာက္ခ်ားဖြယ္ အနာဂတ္မနက္ခင္းျဖင့္ ဇာတ္ဖြင့္ျပသည္ကို အျမည္းအျဖစ္ ဖတ္ခဲ့ရဖူးသည္။

ထိုစဥ္တုန္းကေတာ့ ဘာရယ္မဟုတ္ ဖတ္လိုက္ျခင္းျဖစ္ၿပီး ေနာက္ေတာ့ ဒါကို စိတ္ထဲစြဲေနခဲ့သည္။တစ္ခါတစ္ေလ မနက္ဘက္ အိမ္ေရွ႕မွာ စာကေလးေတြ အစာေတာင္းသည့္အသံ မၾကားရလွ်င္ေတာင္ ဒီလိုျဖစ္ေနၿပီလားဟု စိတ္ကအေတြးေရာက္သည္ကေတာ့အမွန္ပင္။ဒီေလာက္ထိ Silent Spring က ကြၽန္ေတာ္တို႔ကိုလွန႔္ေနခဲ့သည္။

စိုက္ပ်ိဳးရာတြင္ ဓာတ္ေျမၾသဇာကို အလြန႔္အကြၽံသုံး၊ ပိုးသတ္ေဆးေတြ အလွ်ံအပယ္သုံးသျဖင့္ စသုံးကာစ တစ္ႏွစ္ႏွစ္ႏွစ္တြင္သာ အပင္ေပါက္အား အသီးျဖစ္ထြန္းအားေကာင္းေသာ္လည္း သုံးႏွစ္သို႔ေရာက္ေသာအခါ ယခင္ႏွစ္က သုံးလက္စထက္ ပို၍သုံးမွသာ အပင္ကျဖစ္ထြန္းေတာ့မည္ျဖစ္ၿပီး ေျမ၏ခ်ဥ္ဖန္ႏႈန္းမွာလည္း ျမင့္မားေနတတ္သည္ဟု စိုက္ပ်ိဳးေရးသမားတစ္ဦးက ဆိုသည္။ဒီလို အဆမတန္ အခိုင္းခံရေသာေျမမ်ားမွာ ေနာင္ဘာစိုက္စိုက္ စိုက္လို႔မရေတာ့သည့္ ေျမသုန္းေတြျဖစ္လာသလို ေျမၾသဇာအလြန္အကြၽံသုံးထားသျဖင့္ စိုက္ပ်ိဳးေျမပ်က္ဆီးသြားကာ မရဏဇုန္ျဖစ္လာေတာ့သည္။ဒါေတြကို ျမန္မာႏိုင္ငံအထက္ပိုင္း ငွက္ေပ်ာတစ္ရႉးစိုက္သည့္ေနရာ၊ ဖရဲ သခြား စိုက္သည့္ေနရာႏွင့္ ေျမလတ္ပိုင္းသာမက ရန္ကုန္ေအာက္ပိုင္းေဒသမ်ားတြင္ရွိ ေတာင္သူေတြလက္ထဲတြင္ ယခုအခ်ိန္ေတြ႕လာရၿပီျဖစ္သည္။

ၿပီးခဲ့သည့္ ေလးငါးႏွစ္အတြင္းက စက္မႈဇုန္ႏွင့္တြဲသည့္ေနရာ၊ ေရဆိုးထုတ္သည့္ စက္႐ုံက ပိုက္ေဖာက္ထည့္ထားသည့္ ျမစ္ေနရာေတြ၊ အရက္ခ်က္စက္႐ုံႏွင့္ ဓာတုအေျခခံလုပ္ငန္းရွိရာေနရာႏွင့္ တြဲေနသည့္ ျမစ္ေတြ အင္းအိုင္ေတြမွာ ျမန္မာျပည္၏ အထင္ကရ ဦးပိန္တံတားတည္ရွိရာ ေတာင္သမန္အင္းအတြင္းမွာ ငါးေတြအစုလိုက္အၿပဳံလိုက္ ေသသည့္သတင္းေတြ၊ မၾကာခဏဖတ္လိုက္ရသည္။သတင္းေတြအရ ေဘးပတ္ပတ္လည္ရွိ စက္႐ုံမ်ားမွ ေရဆိုးေတြဝင္လို႔ဟု လြယ္လြယ္ေျပာလို႔ရေသာ္လည္း တစ္ကယ္က အဆိုပါစက္႐ုံမ်ားက စြန႔္ပစ္လိုက္သည့္ ဓါတုပစၥည္းမ်ားက ေရထဲေရာက္ ေရပါညစ္ညမ္းႏွင့္ ငါးႏွင့္ေရေနသတၱဝါေတြပါ ေသေၾကပ်က္ဆီးကာ ေရထုထဲ မရဏဇုန္ (Dead Zone) မ်ား ျဖစ္လာျခင္းပင္။

ေရထဲမွာျဖစ္သည့္ Dead Zone ဆိုသည္က ေရထဲသို႔ ဓါတုစြန႔္ပစ္ပစၥည္းမ်ား၊ စိုက္ပ်ိဳးေရးမွ ပိုေသာဓာတ္ေျမၾသဇာမ်ားေရာက္ရွိမႈ အဆမတန္မ်ားလာေသာအခါ ေရညႇိမ်ားေပါက္ပြားလာၿပီး အဆိုပါေရညႇိအေသမ်ား ပုပ္ေဆြးျခင္းေၾကာင့္ ေရထဲတြင္ေအာက္ဆီဂ်င္ျပတ္လပ္၍ ငါးႏွင့္ ေရသတၱဝါမ်ား ေသဆုံးသည့္ျဖစ္စဥ္ျဖစ္သည္။ထိုကဲ့သို႔ျဖစ္ရပ္မ်ိဳးကို ကမာၻအႏွံ႔အျပားရွိ ပင္လယ္ေရျပင္ ေနရာ ၁၀၀ ခန႔္တြင္ ေတြ႕ရွိထားၿပီးျဖစ္သည္ဟု  ၂၀၁၃ ခုႏွစ္ ေမလထုတ္ National Geographic Magazine ထဲတြင္ ဖတ္လိုက္ရသည္။

ေရထဲျဖစ္ေစ ကုန္းေျမျဖစ္ေစ တစ္စုံတစ္ခုေသာ အက်ိဳးအျမတ္အတြက္ ပိုးသတ္ေဆးႏွင့္ ဓာတ္ေျမၾသဇာမ်ား အသုံးျပဳရာတြင္ ဓါတုေဗဒ႐ုပ္ႂကြင္းမ်ား ကုန္စင္ေအာင္အသုံးမျပဳႏိုင္ခဲ့ပါက အားလုံးကို အႀကီးအက်ယ္ဒုကၡေပးလိမ့္မည္ျဖစ္သည္။တျခားမၾကည့္ႏွင့္ ဒီဘက္ႏွစ္ပိုင္း ကြၽန္ေတာ္တို႔မၾကားဘူးသည့္ ေရာဂါအသစ္အဆန္းေတြ မၾကာခဏၾကားေနရ ျဖစ္ေနရသည္မွာ ထိုအက်ိဳးဆက္ပင္ျဖစ္သည္။ကြၽန္ေတာ္တို႔ စားသည့္ေနရာ သြားသည့္ေနရာ ေနသည့္ေနရာ ေနာက္ဆုံး ကုန္ကုန္ေျပာရလွ်င္ အေလးအပင္သြားသည္ေနရာအထိ ပိုးသတ္ေဆးကမလြတ္ေတာ့။

ကြၽန္ေတာ္လုပ္ေနသည့္ အလုပ္ထဲက လူတစ္ေယာက္ ကေလးရေတာ့ ကုန္က်စရိတ္ေတြ တိုးလာသည့္အေၾကာင္းေတြေျပာရင္း ေမြးကာစ တစ္လသားကေလး၏ စရိတ္ထဲ ေနာက္ေဖးတစ္ခါသြားတိုင္း ေငြတစ္ေထာင့္ငါးရာကုန္သည္ဟု ခပ္ႂကြားႂကြားေျပာသည္။ကြၽန္ေတာ္က အထူးအဆန္းျဖစ္၍ ဘာေတြမ်ားကုန္သလဲဟု ကုန္က်ေငြအေသးစိတ္ကိုေမးသည့္အခါ ပိုးသတ္ေဆးဆိုသည့္ ကုန္က်စရိတ္က ဆပ္ျပာႏွင့္အတူ တြဲပါေနသည္ကိုေတြ႕ရသည္။

ကြၽန္ေတာ္ကေတာ့ ပိုးသတ္ေဆးဆန႔္က်င္ေရးသမားျဖစ္သျဖင့္ ဒီေလာက္ႏုနယ္ငယ္႐ြယ္ေသးသည့္ ကေလးကို လူႀကီးေတြစိတ္သန႔္ေစရန္အတြက္ ေဆးဆပ္ျပာေတြ ဒီေလာက္ျပင္းျပင္းမသုံးသင့္ဟုသာ သတိေပးမိသည္။ကြၽန္ေတာ္တို႔လို ခံႏိုင္ရည္ရွိေနသည့္ လူႀကီးေတြေတာင္ တစ္ခါတစ္ေလ အိမ္သာထဲ ကာေဘာ္လစ္ဆီဖ်န္းသည့္အခါမ်ိဳးႏွင့္ တည့္တည့္တိုးမိသည့္အခါ တစ္ေန႔လုံး လုံးဝေခါင္းမေထာင္ႏိုင္သည္အထိ ျဖစ္ရသည္မဟုတ္လား။ကေလးေတြဆို ဘယ္ေလာက္ခံရမလဲ။ဒီထက္ လူသားအက်ိဳးျပဳပိုးမႊားေတြဆို ဘယ္ေလာက္ထိျဖစ္ၾကမလဲဆိုတာ ေတြးၾကည့္ေတာ့ ရင္ေလးစရာ။တြက္ဆသာၾကည့္ေပေတာ့။

ကြၽန္ေတာ္တို႔ငယ္ငယ္တုန္းက သစ္သီးေတြဝယ္သည့္အခါ ဟင္းသီးဟင္း႐ြက္ေတြဝယ္သည့္အခါ အျပစ္အနာကင္းသည့္ ပိုးကိုက္ရာကင္းသည့္ သစ္သီးသစ္႐ြက္မ်ားကိုသာ ေ႐ြးခ်ယ္ဝယ္ေလ့ရွိသည္။တစ္ေန႔က ေဈးထဲေရာက္မိသည့္အခါ ဟင္းသီးဟင္း႐ြက္ထြားထြားႀကီးမ်ားကို  သာမန္လက္လုပ္လက္စားမ်ား ဝယ္ေနၾကေနၿပီး ပိုးကိုက္ပိုးထိုး သစ္သီးသည္နား ဝယ္ေနသူမ်ားမွာ အေတာ္အတန္ေျပလည္သူမ်ားျဖစ္ေနသျဖင့္ ေဆးဖက္ဝင္အ႐ြက္အသီးမ်ားျဖစ္ေနမလား အထူးအဆန္းဝင္ၾကည့္မိသည့္အခါ ပိုးသတ္ေဆးလြတ္ အသီးအ႐ြက္ျဖစ္ေန၍ ဝယ္သူအုံေနျခင္းျဖစ္ေနသည္ကို ေတြ႕ခဲ့ရသည္။

ဒါေတြက ကြၽန္ေတာ့အတြက္ အထူးအဆန္းျဖစ္ေနေသာ္လည္း အိမ္ကိုေျပာမိေသာအခါ သူတို႔က နင္ကလဲ ဒီလိုျဖစ္ေနတာၾကာၿပီဟု ဆိုၾကသည္။ပိုးသတ္ေဆးကို အလြန္အကြၽံသုံးသျဖင့္ ျဖစ္လာသည့္ ေဘးဒုကၡဒဏ္ကို ကြၽန္ေတာ့လိုပဲ ျပည္သူအခ်ိဳ႕ျမင္လာၾကေနသည္ကေတာ့ ဝမ္းေျမာက္စရာ။ဒီလို တစ္ပိုင္တစ္ႏိုင္ကာကြယ္ေနၾကျခင္းက သူတို႔အတြက္ မီေကာင္းမီႏိုင္ေသာ္လည္း အမ်ားစုျဖစ္သည့္ ျပည္သူအမ်ားကေတာ့ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ဆင္းရဲငတ္ျပတ္ေနခဲ့ရမႈေၾကာင့္ ယခုလို ဓါတုအဆိပ္ႏွင့္မကင္းသည့္ သစ္သီးသစ္႐ြက္ထြားထြားႀကိဳင္းႀကိဳင္းမ်ားကို ေဈးသက္သက္သာသာျဖင့္ ေပါေပါမ်ားမ်ားဝယ္ခြင့္ရသည့္အခါ ဘယ္လိုမွ႐ုန္းထြက္ခြင့္မသာႏိုင္ေတာ့။တျခားမေျပာႏွင့္ ကြၽန္ေတာ့အိမ္ကိုေတာင္ ဒီလိုသစ္သီးေတြ၊ အစားအေသာက္ေတြ မဝယ္ဖို႔တားလို႔မရ။ဒီေတာ့ ျပည္သူအမ်ားစု လက္ကိုင္ထားသလို ျဖစ္မွသာျဖစ္ေရာ ကမၼသကာဟုဆိုကာ ေမ်ာလိုက္ရမည့္အျဖစ္ ေရာက္ေနေလၿပီ။

ဒီရက္ပိုင္းဘဲ ေပါင္းျမက္ခုတ္မည့္လူ ငွားမရသျဖင့္၊ ငွားခေဈးႀကီး၍ ေပါင္းျမက္ေသေဆးေတြ သုံးေနၾကသည္ဟု ေျမလတ္ေဒသတြင္ေနသည့္ သူငယ္ခ်င္းျဖစ္သူက ကြၽန္ေတာ္ႏွင့္ဖုန္းေျပာရင္း ထည့္ေျပာသည္။သူက လူငွားရင္ တစ္ရက္မၿပီး ႏွစ္ရက္မၿပီး။ၿပီးေတာ့ လိုခ်င္သည့္ရက္မရဟု ဆိုသည္။ထို႔ေၾကာင့္ ေပါင္းျမက္ေသေဆး တစ္ေသာင္းဖိုးေလာက္သုံးရင္ အဆင္ေျပသည္ဟု ဆိုသည္။မၾကာပါ သူငယ္ခ်င္းက စိုက္ခင္းထဲ ငွက္အေသေတြ ေတြ႕ေနရသျဖင့္ ၾကက္ငွက္တုပ္ေကြးမ်ားက်ေနသလားဟု စိုးရိမ္တႀကီးလွမ္းေျပာသည္။သူငယ္ခ်င္း အစိုးရိမ္ေျပေစရန္ သက္ဆိုင္ရာက်န္းမာေရးဆိုင္ရာဘက္ ႀကိဳႀကိဳတင္ဆက္သြယ္ အသိေပးထား၊ သိပ္လည္းမစိုးရိမ္ႏွင့္ဟု လွမ္းမွာရေသးသည္။သူငယ္ခ်င္းဖုန္းခ်သြားၿပီးမွ  စဥ္းစားမိလိုက္သည္က ေပါင္းသတ္ေဆးဖ်န္းထားသည့္ စိုက္ခင္းေတြထဲက ေပါင္းျမက္ေတြစားမိသည့္အတြက္ ငွက္ေတြေသတာပဲျဖစ္မည္ဟု။ကြၽန္ေတာ္ေတာင္ ကိုယ့္ထင္ျမင္ခ်က္မေျပာလိုက္ရ ေနာက္တစ္ေန႔ သူငယ္ခ်င္းက ေပါင္းသတ္ေဆးေတြမိၿပီး ငွက္ေတြေသတာဟု လွမ္းေျပာသည္။ကြၽန္ေတာ့စိတ္ထဲ ကိုယ့္ထင္ျမင္ခ်က္ မွန္သြားေသာ္လည္း ဝမ္းမသာႏိုင္။ဟိုတစ္ေခါက္ သူငယ္ခ်င္းဆီသြားတုန္းက မနက္ေစာေစာ စိုက္ခင္းထဲေတြ႕ခဲ့ရသည့္ ငွက္ကေလးေတြကိုသာ ျမင္ေနမိေတာ့သည္။ဒီတစ္ခါ သူငယ္ခ်င္းဆီသြားခဲ့ရင္ မိုးလင္းတာႏွင့္ ငွက္သံေတြ ၾကားေကာၾကားရပါ့မလားဟု ေတြးေနမိသည္။

ကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔ လက္ရွိေနထိုင္မႈအဆင္ေျပဖို႔ တစ္ခုတည္းသာကိုသာ စဥ္းစား၍လုပ္ကိုင္ခဲ့ၾကသည္။ေနတာပဲျဖစ္ျဖစ္၊ စားတာပဲျဖစ္ျဖစ္ ကိုယ္အဆင္ေျပရင္ၿပီးေရာ ဘယ္သူေတြ ဘာျဖစ္ျဖစ္ဆိုသည့္ အေျခအေနကေန ေနာက္လူေတြ ဘာျဖစ္ျဖစ္ဆိုသည့္ တစ္ကိုယ္ေကာင္းအတၱစိတ္ျဖင့္ ရွိသမွ် သဘာ၀သံယံဇာတေတြကို ကုန္စင္ေအာင္ထုတ္၊ ရွိသမွ် ေရေျမသဘာဝကို အက်ိဳးအျမတ္တစ္ခုတည္းၾကည့္ကာဖ်က္ဆီး တာဝန္ယူမႈမရွိ တာဝန္ခံမႈမရွိႏွင့္ ေနထိုင္လုပ္ကိုင္ခဲ့ၾကသည့္ေနာက္ဝယ္ ယေန႔ျမင္ေနရသည့္ အေတာမသတ္ႏိုင္ေသာ သဘာဝေဂဟပ်က္ဆီးမႈမ်ားကို ႀကဳံေတြ႕ေနရၿပီျဖစ္သည္။လက္လြတ္စပယ္ေနထိုင္ခဲ့ၾကျခင္းမ်ား၏ ဆိုးက်ိဳးကို ေနာက္မ်ိဳးဆက္မ်ားေရာက္မွခံရမည္ဟု တထစ္ခ်ယုံၾကည္ၿပီး သဘာဝအရင္းအျမစ္မ်ားကိုသာမက ေဂဟစနစ္ကိုပါ ဖ်က္ဆီးၾကသည့္အထိ ရမ္းကားလုပ္ကိုင္ခဲ့ၾကသည္။သဘာဝက ေနာင္မ်ိဳးဆက္ေတြအထိမေစာင့္ ယခုပင္လွ်င္ ေနရာတိုင္း၌ သဘာဝေဖာက္ျပန္မႈေဘးကို အႀကီးအက်ယ္ခံစားေနရၿပီျဖစ္သည္။

သဘာဝေဂဟစနစ္ကို လူသားကဖ်က္ဆီးေတာ့ ကြၽန္ေတာ္တို႔ေနထိုင္သည့္ ကမာၻ၏ သဘာဝေဂဟစနစ္ပါ ဖ်က္ဆီးလာေတာ့သည္။ကြၽန္ေတာ္တို႔ ေနစဥ္စားေသာက္ေနထိုင္ၾကသည့္ လူေနမႈပုံစံက ပိုးသတ္ေဆးေတြ၊ ဓါတုေျမၾသဇာေတြ၊ ဆိုးေဆးမ်ားျဖင့္ အကြၽမ္းတဝင္ျဖစ္လာသလို ဒါေတြနဲ႔ကင္းရန္ ဘယ္လိုမွမလြယ္ေတာ့။ကြၽန္ေတာ္တို႔ ငယ္ငယ္ကေတြ႕ခဲ့ရေသာ သတၱဝါမ်ိဳးစိတ္ေတြ၊ ေပါေပါမ်ားမ်ားေတြ႕ခဲ့ရေသာငွက္ေတြ ဒီေရတက္တိုင္း ဒီေရဦးကပါလာတတ္ေသာ ငါးစင္႐ိုင္းေပါက္ေလးေတြ၊ ေခ်ာင္းငယ္ေျမာင္းငယ္ထဲထိ တိုးတိုးဝင္လာတတ္သည့္ ေ႐ႊငါးလွလွေလးေတြဆိုသည္မွာ ယခုအခ်ိန္ ဘယ္ကေလးေတြကိုေျပာေျပာ တအံ့တၾသႏွင့္ ယုံတမ္းေျပာသလို ျဖစ္ေနလိမ့္မည္။ဒါေတာင္ ႏွစ္ေတြသိပ္မၾကာေသး။ရွိလွ ႏွစ္ေလးဆယ္။ကမာၻသက္တမ္းႏွင့္ယွဥ္ၾကည့္လွ်င္ မ်က္ေတာင္တစ္ခတ္ေလာက္သာ။

ထိုမ်က္ေတာင္တစ္ခတ္ ပမာဏအတြင္းမွာ ကုန္းေနေရေနသတၱဝါေတြ၊ အပင္မ်ိဳးစိတ္ေတြ လွပေသာ ကုန္းေျမေရျပင္အစိတ္အပိုင္းေတြ ေတာ္ေတာ္မ်ားမ်ားေပ်ာက္ကြယ္ခဲ့ရၿပီ။လွပေသာရာသီဥတုလည္း အက်ဥ္းတန္ခဲ့ရၿပီ။။ Silent Spring (တိတ္ဆိတ္ေသာေႏြဦး) ၏ ဇာတ္အဖြင့္ကဲ့သို႔ေသာ ေန႔ရက္မ်ိဳးေရာက္ဖို႔ ဒီလိုမ်ိဳးအတိုင္း အဆမဲ့သုံးေနၾကလွ်င္၊ ဒီလိုမ်ိဳးအတားအဆီးမဲ့သတ္ျဖတ္ေနလွ်င္ သိပ္မၾကာေသာေန႔ရက္တစ္ခုတြင္ ေသခ်ာေပါက္ေရာက္ၾကရေတာ့မည္ျဖစ္သည္။ဒီလိုမ်ိဳးဆို ကြၽန္ေတာ္တို႔၏မနက္ခင္းက အနိဌာ႐ုံႏွင့္သာ ဖြင့္ရေတာ့မည္။

အခ်ိန္ကေတာ့ ရွိပါေသးသည္။ကြၽန္ေတာ္တို႔သာ ျပန္လည္ျပဳျပင္ထိန္းသိမ္းၾကမည္ဆိုလွ်င္ ဒါေတြကို နိဂုံးခ်ဳပ္ႏိုင္ေပလိမ့္မည္။ကြၽန္ေတာ္တို႔၏ မ်ိဳးဆက္ျဖစ္သည့္ အျပစ္မဲ့ေသာကေလးငယ္ေတြ၏ မနက္ခင္းကို အျပစ္မဲ့ေသာငွက္ကေလးေတြ၏ ဘာသာဘာဝေတးသီခ်င္းတြန္ျမဴးသံေတြႏွင့္ စတင္ေစခ်င္ပါသည္။

မနက္ျဖန္၏ မနက္ခင္းတိုင္းသည့္ ငွက္ေတြ၏ေပ်ာ္႐ႊင္တြန္က်ဴးသံႏွင့္သာ စတင္မည္ဆိုလွ်င္........။

ၿဖိဳးေဝလွ
ဇြန္ - ၂၀