【 ဆောင်းပါး 】 “ရိုးရာအစဉ်အလာတွေ ပျောက်ဆုံးပြီလား”

【 ဆောင်းပါး 】 “ရိုးရာအစဉ်အလာတွေ ပျောက်ဆုံးပြီလား”

သီတင်းကာလ ကျွတ်သည့်အခါသို့ ရောက်တဲ့အခါ ကြည်နူးရတာလေးတွေ ရှိသည်။တပည့်တွေက ဆရာကို လာကန်တော့သည့် အချိန်အခါလေးတွေ ဖြစ်သည်။တပည့်တွေက ဆရာဖြစ်သူကို နည်းသည် များသည် ပဓာနမထား ရှိတာလေးနှင့် လာကန်တော့ကြသည်။ထိခြင်းငါးပါးကို မသိသဖြင့် သေသေချာချာသင်ပေးပြီး ပြန်ကန်တော့ခိုင်းရသည့် တပည့်တွေလည်း အမြောက်အမြား။ဘာပဲပြောပြော သူတို့မှာ ဒီလို ကိုယ့်ဆရာသမားဆိုပြီး သတ်သတ်မှတ်မှတ် ကန့်တော့ချင်စိတ် ရှိတာလေးကိုပဲ တစ်ကယ်ကို ကြည်နူးရသည့် အချိန်အခါလေးတွေ ဖြစ်သည်။ဒါတွေက မြန်မာတွေမှာသာရှိသည့် ဂုဏ်ယူစရာ ရိုးရာအစဉ်အလာတွေ။
    

ဒီလိုကြည်နူးစိတ်နှင့် အိပ်ပြီး လပြည်နေ့ နံနက်ဘက် ဆွမ်းထလောင်းသည့်အခါ တစ်ညလုံးရှိနေသည့်  ကြည်နူးစိတ်တွေ ပျောက်ရသည်။ဘာကြောင့်ဆို အရက်သမားတွေကြောင့်။သီတင်းကျွတ် မနက်တိုင်း ဝါတွင်း ၃ လပတ်လုံး အာရုဏ်ဆွမ်း လောင်းလှူသည့်အခါတိုင်း ဒီလိုမြင်ကွင်းက ခဏခဏတွေ့ရသည်။ရဟန်း သံဃာများအတွက် ဆွမ်းလောင်းလှူဖို့ ဆွမ်းဟင်း၊ ဆွမ်းထမင်း ချက်သည့်သူတွေက လူငယ်တွေ၊ လူကြီးတွေဖြစ်ပြီး တချို့က အရက်သေစာ သောက်စားထားကြသည်။ဓမ္မာရုံနှင့် နေသည့်အိမ်က နီးလည်းနီးသဖြင့် ထိုလိုမြင်ကွင်းမျိုးက မကြာခဏမြင်တွေ့ရသော်လည်း ကလေးတွေ တစ်ခါတစ်လေ အပျော်ဘဲဆိုကာ လူကြီးတွေက လွှတ်ထားပုံရသည်။
    

ကျွန်တော်အတွက်တော့ ဒါကို သိပ်သဘောမကျသဖြင့် ဆွမ်းလောင်းချင်လျှင် ကိုယ့်ဘာသာချက်ပြုတ်ပြီး ကိုယ့်အိမ်ရှေ့မှာ ဆွမ်းချက်ကာ လောင်းလှူလေ့ရှိသည်။ဒီနှစ်က သိပ်လည်း ချောင်လည်လောက်သည့်နှစ် မဟုတ်သဖြင့် ဝါတွင်း ၃ လတွင် အာရုံဆွမ်း ၄/၅ ခါလောက်သာ လောင်းလှူဖြစ်သည်။မနက်ကတော့ ဝါကျွတ်ဆွမ်းအဖြစ် ထလောင်းကာမှ ဓမ္မာရုံတွင်ချက်သော ဆွမ်းဟင်း အရက်နဲ့မြည်းတာ များသွားလို့ ဘူးသီးနဲ့ ကမန်းကတန်း ရောချက်တာ နောက်ကျလို့ သံဃာတော်တွေ တန်းစီစောင့်ရသည့် အဖြစ်ကို ကြုံရတော့သည်။
    

ဆွမ်းခံကြွသည့် ရဟန်းသံဃာတွေကတော့ ရိုးရိုးနောက်ကျသည်ဘဲ ထင်သည်ပေါ့။ကျွန်တော်ကတော့ ဘေးကပ်နေသဖြင့် လူကြီးတွေ ဆူဆဲကလော်တုပ်သံတွေ ညံနေလို့ ပြောနေတဲ့စကားထဲကနေ အုပ်အုပ်စီးစီး ပြောတာကို သိလိုက်ချင်းဖြစ်သည်။ကျွန်တော် စဉ်းစားကြည့်သည်။ဘယ်အချိန်ကတည်းက ဒီလိုတွေလုပ်နေသလဲ ဆိုသည်နှင့် ရဟန်းသံဃာတွေထက် အရင် စားဦးစားဖျားစားလျှင် ဖြစ်တတ်သည့် အပြစ်ကို မသိတာလား၊ သိသိနှင့် စားကြတာလားကိုပင်။
    

စားဦးစားဖျား အပြစ်ကို မသိ၍ဆိုလျှင် ပြောရမည်။ဒါက ဗုဒ္ဓဘာသာမှာ အထင်အရှားရှိသည့် တရား။စားဦးစားဖျားကို စေတနာဆိုးဖြင့် စားသောက်ကြသည့် ဗိမ္မိသာရမင်းကြီး၏ ဆွေတော်မျိုးတော် ပြိတ္တာတို့အကြောင်း သံဝေဂနှင့် ဆင်ခြင်ဖွယ်ဖြစ်အောင် ဆရာတော် အရှင်တေဇနိယ (ဓမ္မဝီရ) ဟောသည့် တရားကို ဖော်ပြလိုသည်။

လွန်ခဲ့သော (၉၂) ကမ္ဘာထက် “ဖုဿ” ဘုရားရှင်၏ လက်ထက်တော် ကာလမှာ “ကာသိတိုင်း ပြည်ရှင်ဘုရင် ဇယသေနမင်းကြီးနှင့် သီရိမာမိဖုရားတို့ဟာ “ဖုဿ ဗုဒ္ဓဘုရားရှင်တော်မြတ်”  အား အလွန်ကြည်ညိုလှတာကြောင့် ဘုရားရှင်နှင့် နောက်ပါ သံဃာတော် အရှင်သူမြတ်များ နန်းတော်သို့ ဆွမ်းဘုဉ်းပေးကြွတော်မူသည့် အခါတိုင်း တခြားသော မင်းညီမင်းသား၊ မှုးကြီးမတ်ရာ သေနာပတိတို့အား လုပ်ကျွေးကုသိုလ်ပြုခွင့် မပေးပဲ မိမိတို့ကိုယ်တိုင်သာ လုပ်ကျွေးကုသိုလ်တော် ပြုလေ့ရှိ၏။ဒါကြောင့် ဘုရင်ဇယသေန ရဲ့ သားတော် သုံးယောက်တို့ဟာ မိမိတို့လည်း ဗုဒ္ဓမြတ်စွာနှင့် သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းဆက်ကပ်ခွင့်ရရှိအောင် တိုင်ပင်ပြီး “တိုင်းပြည်၏ နယ်စွန်နယ်ဖျားတွင် သူပုန်သူကန်များ ထကြွသောင်းကျန်းနေသယောင် ဇာတ်တိုက်လုပ်ဆောင်ကြပြီး မင်းကြီးအား ထိုသူပုန်သူကန်တို့ကို မိမိတို့ညီနောင်သုံးယောက် သွားရောက်တိုက်ထုတ် နှိမ်နှင်းခွင့်ပေးရန် သံတော်ဦးတင်ကြပါသည်။မင်းကြီးက ခွင့်ပြုလေသော် မင်းသားသုံးဦးတို့သည် ကြိုတင်ဇာတ်တိုက် စီစဉ်ထားကြသည့်အတိုင်း သူပုန်သူကန်တို့အား နှိမ်နှင်းအောင်မြင်၍ နေပြည်တော်သို့ ပြန်လာလေသော် မင်းကြီးသည် သားတော်တို့အား ဝမ်းမြောက်လှသဖြင့် ကြိုက်ရာဆုကို တောင်းခိုင်း၏။ထိုအခါ မင်းသားတို့သည် ဗုဒ္ဓမြတ်စွာနှင့် သံဃာတော်တို့အား ဆွမ်းဆက်ကပ် လှူဒါန်းလုပ်ကျွေးခွင့်ကို တောင်းဆိုကြရာ။
မင်းကြီးလည်း သားတော်တို့အား (၃) လတိတိ ဗုဒ္ဓမြတ်စွာနှင့် သံဃာတော်တို့အား ဆွမ်းဆက်ကပ် လှူဒါန်းခွင့်အား ခွင့်ပြုလိုက်လေ၏။မင်းသားသုံးဦးတို့လည်း ဘုရင်မင်းမြတ်၏ ခွင့်ပြုမိန့်ကို ရရှိသောအခါ မိမိတို့အပိုင်စားရထားသည့် မြို့နယ်တွင် ဘုရားနှင့် သံဃာတော်တို့အား ဝါတွင်း သုံးလတိုင်တိုင် ဆွမ်း စသည်တို့ဖြင့် လှူဒါန်းလုပ်ကျွေးရန်အတွက် ကြိုတင်စီမံထားရန် မင်းချင်းအမတ်တစ်ဦးအား စေလွှတ်လိုက်လေ၏။
မင်းချင်းအမတ်လည်း ဝမ်းမြောက်စွာဖြင့် မြို့နယ်သို့သွားရောက်ကာ မိမိ၏ ဆွေမျိုးပေါင်း တစ်သောင်းတစ်ထောင်တို့ကို ဗုဒ္ဓဝေယျာဝစ္စ၊ သံဃာ့ဝေယျဝစ္စအတွက် လုပ်ကိုင်စေ၍ မိမိကိုယ်တိုင် တက်ကြွစွာ ပါဝင်ကုသိုလ်ပြုလုပ်၏။

(ထိုမင်းချင်းသည် ထိုသို့ သဒ္ဒါတရားထက်သန်စွာ ဘုရားရှင်နှင့် သံဃာတော်တို့အား ဝေယျာဝစ္စပြုလုပ်ခဲ့သော ကုသိုလ်ကြောင့် “ဂေါတမဘုရားရှင်” ၏ လက်ထက်တော်တွင် သောတာပန်တည် သာသသနာပြု မင်းတစ်ပါးဖြစ်သည့် "ဗိမ္ဗိသာရ" မင်းကြီး ဖြစ်လာလေ၏။)

မင်းသားသုံးဦးတို့သည်လည်း မင်းချင်းအမတ်၏ စီစဉ်မှုကြောင့် ဘုရားရှင်နှင့် သံဃာတော်တို့အတွက် အစစအရာရာ အဆင်ပြေ၊ အသင့်ဖြစ်သည့်အခါတွင် မိမိတို့အပိုင်စားရသည့် မြို့နယ်သို့ ဘုရားရှင်နှင့် နောက်ပါ သံဃာတော်တို့အား ပင့်တော်မူကြပြီး မိမိတို့ကိုယ်တိုင် ထိုဝါတွင်းသုံးလလုံးလုံး ဗုဒ္ဓဝေယျာဝစ္စ၊ သံဃာ့ဝေယျာဝစ္စပြုလုပ်ပြီး ဖန်ရည်ဆိုးအဝတ် (ယောဂီရောင်) များ ဝတ်ဆင်၍ သတင်းသီလ စောင့်ထိန်းခြင်း၊ တရားနာ၊ တရားကျင့်၍ ကုသိုလ်ဖြင့်သာ နေထိုင်ကြကုန်၏။

(မင်းသားသုံးဦးနှင့် နောက်ပါ အခြံအရံတို့သည် ထိုကောင်းမှုများကြောင့် နတ်ပြည်၊ လူ့ပြည်တွင် အဖန်ဖန်ကျင်လည်၍၊ ဂေါတမဘုရား လက်ထက်တော်တွင် “ကဿပရသေ့ ညီနောင်သုံးဦး” နှင့် ရသေ့တစ်ထောင်တို့ ဖြစ်ကြကုန်ပြီး နောင်ဘုရားရှင်နှင့်တွေ့ကာ ရဟန်းပြု၍ အာသဝေါကင်းကွာ ရဟန္တာများ ဖြစ်လာလေ၏)

မင်းသားသုံးဦး၏ ဝါတွင်းသုံးလကြာ အလှူပွဲတော်တွင် ဆန်ရွေး၊ ဆွမ်းချက် စသည့် အောက်ခြေသိမ်း အလုပ်ကို လုပ်ကြသော ဇနပုဒ်သားတို့သည် ဘုရားရှင်နှင့် သံဃာတော်တို့အတွက် ချက်ထားသည့် ဆွမ်းနှင့် ဆွမ်းဟင်းတို့အား “ဆွမ်းကပ်ပြီးမှဆိုလျှင် ကောင်းမွန်သည့် ဟင်းအမယ်တို့မှာ ကျန်ရှိတော့မည် မဟုတ်ဟု” ဆိုကာ ဆွမ်း၊ ဘောဇဉ်၊ ချိုချဉ် စသည်တို့အား ဘုရားရှင်နှင့် သံဃာတော်တို့အား မဆက်ကပ်ရသေးခင် စားသောက်ကြပြီး မိမိတို့၏ ဇနီးမယား၊ သ္မီးသားတို့အားလည်း စားဦးစားဖျားတို့ကို ယူငင်ကျွေးကြ၏။ထိုသို့မပြုလုပ်ရန် ဦးဆောင်သူ လူကြီးမိဘများမှ တားဆီးသည်ကို လက်မခံသည့်အပြင် ဆွမ်းချက်ဆောင်ကိုပင် မသိမသာ မီးတိုက်ပစ်ကြ၏။ထိုသို့ ဘုရားနှင့် သံဃာတော်တို့ ဘုဉ်းမပေးရသေးမီ စားဦးစားဖျား စားသောက်ပြီး ဆွမ်းချက်ဆောင်အား မီးတိုက်ကြသော ဇနပုဒ်သားတို့သည် အလွန်ကြီးမားလှသော ထိုမကောင်းမှု အကုသိုလ်၏ အကျိုးအပြစ်ဒဏ်အနေဖြင့် ထိုဘဝမှ စုတေကွယ်လွန်ကြသော် မဟာအဝစိငရဲတွင် ကာလအလွန်ရှည်ကြာစွာ ဆင်းရဲဒုက္ခကို ကြီးစွာခံစား ကျရောက်ကြရပြီး၊ ငရဲမှ လွတ်မြောက်ပြန်သော်လည်း ထိုအကုသိုလ်၏ ကံကြွင်းအပြစ်အဖြစ် စားရမဲ့သောက်ရမဲ့ ဆင်းရဲကြီးသော ပြိတ္တာများ ဖြစ်ကြရကုန်၏။ထိုပြိတ္တာတို့သည် ဆင်းရဲဒုက္ခကို ပြိတ္တာဘဝဖြင့်လည်း ကာလရှည်လျားစွာ ခံကြရပြီး၊ ဤဘဒ္ဒကမ္ဘာတွင် ပွင့်ထွန်းတော်မူသည့် “ကဿပ” ဘုရားရှင် သာသနာတော်ကာလ၌ မိမိတို့၏ ကာလရှည်ကြာ ခံစားနေရသည့် ပြိတ္တာဆင်းရဲဘဝမှ လွတ်မြောက်စေရန်၊ အမျှပေးဝေမည့်သူလည်း မရှိသဖြင့် ယခုထက်တိုင် စားဦးစားဖျား စားသုံးခဲ့သည့် အကုသိုလ်အပြစ်မှ မလွတ်မြောက်သေးကြောင်း ထိုအကုသိုလ်ဆင်းရဲမှ လွတ်မြောက်စေရန် လျှောက်ထားတောင်းပန်ကြကုန်လေ၏။

ကဿပဘုရားရှင်က “သင်တို့သည် ငါဘုရား၏ လက်ထက်တော်ကာလတွင် အကုသိုလ်အပြစ်၏ ကြီးမားမှုကြောင့် မကျွတ်မလွတ်မြောက်နိုင်သေးချေ၊ သို့ပေသော်ငြား နောက်ပွင့်တော်မူလာမည့် "ဂေါတမမြတ်စွာဘုရား" သာသနာတော်တွင် "ဖုဿ" ဘုရားရှင် လက်ထက်တော်ကာလက မင်းသားသုံးဦး၏ အလှူ၌ သင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သော၊ ဦးဆောင်စီစဉ် ကုသိုလ်ယူဆောင်ရွက်ခဲ့သည့် အမတ်သည် "ဗိမ္မိသာရ အမည်ဖြင့် ရာဇဂြိုဟ်ပြည့်ရှင်" ဘုရင်မင်းမြတ် ဖြစ်လာလိမ့်မည်။ထိုမင်းသည် သင်တို့အား ရည်စူးပြီး ဘုရားရှင်နှင့် သံဃာတော်တို့အား အလှူအတန်းပေး၍ အမျှပေးဝေလိမ့်မည်။ ထိုအခါ သင်တို့သည် ပြိတ္တာဆင်းရဲမှ ကျွတ်လွှတ်၍ ချမ်းသာသောဘဝကို ရရှိလတ္တံ့” ဟု မိန့်တော်မူသည်။

ပြိတ္တာတို့လည်း မိမိတို့ခံစားနေရသည့် ငရဲဆင်းရဲ၊ ပြိတ္တာဆင်းရဲမှာ လွန်စွာကြာမြင့်နေပြီ ဖြစ်သဖြင့်၊ “ကဿပဘုရားရှင်” ၏ မိန့်တော်မူသည့် စကားတော်ကို ကြားရသောအခါ မနက်ဖြန်၊ သဘက်ခါတွင် ပြိတ္တာဆင်းရဲမှ လွတ်မြောက်ကြတော့မည့်နှယ်များစွာ ဝမ်းမြောက်ကြလေ၏။

ဤသို့ဖြင့် “ဂေါတမမြတ်စွာဘုရား၏ လက်ထက်တော်ကာလသို့ ရောက်ရှိသောအခါတွင်” ဖုဿဘုရားရှင် လက်ထက်အခါက အမတ်မင်းချင်းသည် ရာဇဂြိုလ်ပြည့်ရှင် ဘုရင်မင်းမြတ် ဗိမ္မိသာရ ဖြစ်လာ၏။ထိုအခါ ပြိတ္တာတို့မှာ မင်းကြီးသည် ငါတို့အား ရည်စူး၍ ကုသိုလ်ပြု အမျှပေးဝေလိမ့်မည်ဟု မျော်လင့်၍ နန်းတော်နှင့် အနီးအနားတွင် တွယ်ကပ်၍ အခွင့်အရေးကို စောင့်မျှော်နေကြကုန်၏။

မင်းကြီးသည် အလှူများစွာကို ပေးလှူပါသော်လည်း ပေးလှူပြီးသည့်အခါတိုင်း အမျှပေးဝေခြင်းကိုမူ မပြုလုပ်ခဲ့ပေ။ထိုအခါ ပြိတ္တာတို့သည် မိမိတို့၏ ဆင်းရဲဒုက္ခကို မင်းကြီးကြားသိစေရန် အော်ဟစ်ငိုယို တောင်းဆိုကြ၏။ထိုပြိတ္တာတို့၏ ငိုယိုအကူညီတောင်းဆိုသံကို ကြားရပြီးနှောက်၊ မင်းကြီးသည်လည်း ထိုအသံ၏ အကြောင်းကို ဂေါတမဘုရားရှင်ထံပါး လျှောက်ကြားတော်မူလေ၏။မြတ်ဗုဒ္ဓဘုရားရှင်မှ ပြိတ္တာတို့၏ ငိုယိုအော်ဟစ် အကူအညီတောင်းသည့်အသံဖြစ်ကြောင်းနှင့် ပြိတ္တာတို့၏ ရှေ့ဘ၀ အတိတ်အကြောင်းကို မင်းကြီးအား ဟောကြားတော်မူလေသည်။မင်းကြီးသည် ပြိတ္တာတို့၏ အကုသိုလ်အကျိုးအပြစ်ကို အလုံးစုံသိရသော် ဘုရားရှင်အား ထိုပြိတ္တာများအား ရည်စူးရည်မှန်း၍ အလှူလုပ်ပြီး အမျှအတန်းပေးဝေလျှင် ကျွတ်ချိန်တန်ပါပြီလား၊ ကျွတ်နိုင်ပါပြီးလားဟု လျှောက်တင်တော်မူ၏။ဘုရားရှင်က ကျွတ်လွတ်နိုင်ပြီ ဖြစ်သည့်အကြောင်း ဖြေကြားတော်မူသောအခါ မင်းကြီးသည် ထိုပြိတ္တာတို့အတွက် ရည်မှန်း၍ ဘုရားရှင်နှင့် သံဃာတော်တို့အား ကြီးစွာသောဆွမ်း အစရှိသော လှူဒါန်းဖွယ်ရာတို့အား ဆက်ကပ်လှူဒါန်းပြီး “ကုသိုလ်အဖို့အား ငါ၏ဆွေမျိုးတော်စပ်ခဲ့ဘူးကြသည့် ပြိတ္တာများ အမျှရကြပါစေသတည်း” ဟု အမျှပေးဝေလေသည်။

မင်းကြီးအမျှပေးဝေသော ခဏချင်းမှာပင် ပြိတ္တာတို့သည် နတ်ဝတ်နတ်စားနှင့် နတ်ဗိမာန်တို့ကို ရရှိသွားကြလေ၏။မြတ်စွာဘုရားရှင်သည် မင်းကြီးနှင့် တရားနာပရိဿတ်တို့အား ပြိတ္တာတို့ အမျှရကြ၍ ဘဝပြောင်းကာ ချမ်းသာသုခရရှိသွားကြပုံအား တန်ခိုးတော်ဖြင့် ပြတော်မူပြီး ကုသိုလ်ပြုလုပ်တဲ့အခါတိုင်း အမျှအတန်းပေးဝေကြရန် တရားတော်အား မိန့်ကြားတော်မူပါသည်။

လူဘဝတုန်းက ဘုရားရှင်နှင့် သံဃာတို့ ဘုဉ်းမပေးရသေးခင် စားဦးစားဖျားတို့အား “တခဏ တနပ်စာ ဗိုက်ဝဖို့အတွက် ဆိုးယုတ်သော ဆန္ဒကို မတားဆီးပဲ စိတ်အလိုကို လိုက်မိပြီး ဗိမ္မိသာရမင်းကြီး၏ ဆွေတော်မျိုးတော်ဖြစ်ကြသော ပြိတ္တာတို့သည် စားသောက်ခဲ့ကြသည့်အတွက် အလွန်ရှည်ကြာသော ကာလများတိုင်အောင် ငရဲဆင်းရဲ၊ ပြိတ္တာဆင်းရဲကို ကျရောက်ခံစားခဲ့ကြရတဲ့ "သာဓကလည်း အထင်အရှားရှိခဲ့သည်။
ဒါတွေကို ယနေ့ခေတ်လူတွေက ယုံတမ်းလို ထင်နေပုံရသည်။ကြောက်မက်ဖွယ်ပင်။
    

ယခုခေတ်မှာ မကြာခဏ အလှူအိမ်က သံဃာမကပ်ခင် ဘယ်သူဖို့ ဘယ်ဝါဖို့၊ လင်ဖို့ သားဖို့ဆိုကာ ချန်ထားတာတွေ၊ ဖယ်ထားတာတွေ တွေ့ရသလို ဆွမ်းချက်ရင်း အသားဟင်းတွေကို အရက်နဲ့မြည်းကြတာတွေကို မကြာခဏတွေ့နေရသည်။
လူကြီးတွေက မတားတာလား၊ လူကြီးတွေ ကိုယ်တိုင်က မသိတာလားဆိုတာ ဝေခွဲလို့ပင်မရ။သယ်တာ မြည်းတာ စားတာက အစဉ်အလာပင်။ဆွမ်းကျန် ဟင်းကျန် မဟုတ်။ဆွမ်းချန် ဟင်းချန် ဖြစ်နေပြီ။ဒါကနေရာတိုင်းမှာ။ရှက်စရာပင်။
    

ဓမ္မာရုံဘေးနေတော့ ရပ်ကွက်ထဲ ကောင်းတာမှန်သမျှ သိရသလို မကောင်းတာတွေ ဘာလုပ်နေသလဲ ဆိုတာလည်း သိရသည်။ဘာသာရေးအရ မလုပ်သင့်သည့် အဂါရဝတရားနှင့် ဘာသာရေးအရ လိုက်နာရမည့် အစဉ်အလာတွေ ယနေ့ခေတ်မှာ ယုတ်လျော့နေသည် မှန်သော်လည်း ဒီလို ဆွမ်းဟင်း ဘူးသီးရောရသည့်အထိ အဖြစ်တွေက ကျွန်တော် နေရာတစ်ခုတည်းသာမဟုတ် နေရာတကာတွင် မကြာခဏ ဖြစ်လေ့ဖြစ်ထရှိသည့် မထူးဆန်းသည့် ကိစ္စတစ်ခု ဖြစ်နေသည်ပင်။
    

ရိုးရာအစဉ်အလာအရ ကြီးသူပြောလျှင် နားလည်သူပြောလျှင် ငယ်သူက နာခံရသော အစဉ်အလာနှင့် စားဦးစားဖျား မစားကောင်းဆိုသော ဓလေ့ကလည်း ငါလုပ်လျှင် ဘာမဆိုတင့်တယ်သည်ဆိုသော လူတွေလက်ထက်တွင် ပျောက်ကွယ်ခဲ့လေပြီလား မသိ။
    

ဒါက ဖြစ်သင့်လား မဖြစ်သင့်လားဆိုတာ ကျွန်တော်တို့ ဝေခွဲမရဖြစ်လောက်အောင် လူကြီး လူငယ်တွေထဲ ဘာသာရေးအဆုံးအမက ဖောင်စီးရင်း ရေငတ်သလို ဖြစ်နေရပြီ ဖြစ်သည်။ပြောလျှင် ပြောသူရန်လုပ်ခံရသည့် ခေတ်ဖြစ်နေသဖြင့် ကုသိုလ်တပဲ ငရဲတပိသာ ခေတ်ကို ရောက်မှန်းမသိ ရောက်နေကြသည်ကို သတိမပြုမိမှာကို စိုးပေသည်။
    

သတိနှင့် ဆင်ခြင်သင့်ပေသည်။အစားတလုတ်နှင့် ဘဝပေါင်းများစွာ ခံရပေဦးတော့။

မောင်ဦးလွင်
အောက်တိုဘာ - ၂၅

( Zawgyi )

သီတင္းကာလ ကြၽတ္သည့္အခါသို႔ ေရာက္တဲ့အခါ ၾကည္ႏူးရတာေလးေတြ ရွိသည္။တပည့္ေတြက ဆရာကို လာကန္ေတာ့သည့္ အခ်ိန္အခါေလးေတြ ျဖစ္သည္။တပည့္ေတြက ဆရာျဖစ္သူကို နည္းသည္ မ်ားသည္ ပဓာနမထား ရွိတာေလးႏွင့္ လာကန္ေတာ့ၾကသည္။ထိျခင္းငါးပါးကို မသိသျဖင့္ ေသေသခ်ာခ်ာသင္ေပးၿပီး ျပန္ကန္ေတာ့ခိုင္းရသည့္ တပည့္ေတြလည္း အေျမာက္အျမား။ဘာပဲေျပာေျပာ သူတို႔မွာ ဒီလို ကိုယ့္ဆရာသမားဆိုၿပီး သတ္သတ္မွတ္မွတ္ ကန႔္ေတာ့ခ်င္စိတ္ ရွိတာေလးကိုပဲ တစ္ကယ္ကို ၾကည္ႏူးရသည့္ အခ်ိန္အခါေလးေတြ ျဖစ္သည္။ဒါေတြက ျမန္မာေတြမွာသာရွိသည့္ ဂုဏ္ယူစရာ ႐ိုးရာအစဥ္အလာေတြ။
    

ဒီလိုၾကည္ႏူးစိတ္ႏွင့္ အိပ္ၿပီး လျပည္ေန႔ နံနက္ဘက္ ဆြမ္းထေလာင္းသည့္အခါ တစ္ညလုံးရွိေနသည့္  ၾကည္ႏူးစိတ္ေတြ ေပ်ာက္ရသည္။ဘာေၾကာင့္ဆို အရက္သမားေတြေၾကာင့္။သီတင္းကြၽတ္ မနက္တိုင္း ဝါတြင္း ၃ လပတ္လုံး အာ႐ုဏ္ဆြမ္း ေလာင္းလႉသည့္အခါတိုင္း ဒီလိုျမင္ကြင္းက ခဏခဏေတြ႕ရသည္။ရဟန္း သံဃာမ်ားအတြက္ ဆြမ္းေလာင္းလႉဖို႔ ဆြမ္းဟင္း၊ ဆြမ္းထမင္း ခ်က္သည့္သူေတြက လူငယ္ေတြ၊ လူႀကီးေတြျဖစ္ၿပီး တခ်ိဳ႕က အရက္ေသစာ ေသာက္စားထားၾကသည္။ဓမၼာ႐ုံႏွင့္ ေနသည့္အိမ္က နီးလည္းနီးသျဖင့္ ထိုလိုျမင္ကြင္းမ်ိဳးက မၾကာခဏျမင္ေတြ႕ရေသာ္လည္း ကေလးေတြ တစ္ခါတစ္ေလ အေပ်ာ္ဘဲဆိုကာ လူႀကီးေတြက လႊတ္ထားပုံရသည္။
    

ကြၽန္ေတာ္အတြက္ေတာ့ ဒါကို သိပ္သေဘာမက်သျဖင့္ ဆြမ္းေလာင္းခ်င္လွ်င္ ကိုယ့္ဘာသာခ်က္ျပဳတ္ၿပီး ကိုယ့္အိမ္ေရွ႕မွာ ဆြမ္းခ်က္ကာ ေလာင္းလႉေလ့ရွိသည္။ဒီႏွစ္က သိပ္လည္း ေခ်ာင္လည္ေလာက္သည့္ႏွစ္ မဟုတ္သျဖင့္ ဝါတြင္း ၃ လတြင္ အာ႐ုံဆြမ္း ၄/၅ ခါေလာက္သာ ေလာင္းလႉျဖစ္သည္။မနက္ကေတာ့ ဝါကြၽတ္ဆြမ္းအျဖစ္ ထေလာင္းကာမွ ဓမၼာ႐ုံတြင္ခ်က္ေသာ ဆြမ္းဟင္း အရက္နဲ႔ျမည္းတာ မ်ားသြားလို႔ ဘူးသီးနဲ႔ ကမန္းကတန္း ေရာခ်က္တာ ေနာက္က်လို႔ သံဃာေတာ္ေတြ တန္းစီေစာင့္ရသည့္ အျဖစ္ကို ႀကဳံရေတာ့သည္။
    

ဆြမ္းခံႂကြသည့္ ရဟန္းသံဃာေတြကေတာ့ ႐ိုး႐ိုးေနာက္က်သည္ဘဲ ထင္သည္ေပါ့။ကြၽန္ေတာ္ကေတာ့ ေဘးကပ္ေနသျဖင့္ လူႀကီးေတြ ဆူဆဲကေလာ္တုပ္သံေတြ ညံေနလို႔ ေျပာေနတဲ့စကားထဲကေန အုပ္အုပ္စီးစီး ေျပာတာကို သိလိုက္ခ်င္းျဖစ္သည္။ကြၽန္ေတာ္ စဥ္းစားၾကည့္သည္။ဘယ္အခ်ိန္ကတည္းက ဒီလိုေတြလုပ္ေနသလဲ ဆိုသည္ႏွင့္ ရဟန္းသံဃာေတြထက္ အရင္ စားဦးစားဖ်ားစားလွ်င္ ျဖစ္တတ္သည့္ အျပစ္ကို မသိတာလား၊ သိသိႏွင့္ စားၾကတာလားကိုပင္။
    

စားဦးစားဖ်ား အျပစ္ကို မသိ၍ဆိုလွ်င္ ေျပာရမည္။ဒါက ဗုဒၶဘာသာမွာ အထင္အရွားရွိသည့္ တရား။စားဦးစားဖ်ားကို ေစတနာဆိုးျဖင့္ စားေသာက္ၾကသည့္ ဗိမၼိသာရမင္းႀကီး၏ ေဆြေတာ္မ်ိဳးေတာ္ ၿပိတၱာတို႔အေၾကာင္း သံေဝဂႏွင့္ ဆင္ျခင္ဖြယ္ျဖစ္ေအာင္ ဆရာေတာ္ အရွင္ေတဇနိယ (ဓမၼဝီရ) ေဟာသည့္ တရားကို ေဖာ္ျပလိုသည္။

လြန္ခဲ့ေသာ (၉၂) ကမာၻထက္ “ဖုႆ” ဘုရားရွင္၏ လက္ထက္ေတာ္ ကာလမွာ “ကာသိတိုင္း ျပည္ရွင္ဘုရင္ ဇယေသနမင္းႀကီးႏွင့္ သီရိမာမိဖုရားတို႔ဟာ “ဖုႆ ဗုဒၶဘုရားရွင္ေတာ္ျမတ္”  အား အလြန္ၾကည္ညိဳလွတာေၾကာင့္ ဘုရားရွင္ႏွင့္ ေနာက္ပါ သံဃာေတာ္ အရွင္သူျမတ္မ်ား နန္းေတာ္သို႔ ဆြမ္းဘုဥ္းေပးႂကြေတာ္မူသည့္ အခါတိုင္း တျခားေသာ မင္းညီမင္းသား၊ မႈးႀကီးမတ္ရာ ေသနာပတိတို႔အား လုပ္ေကြၽးကုသိုလ္ျပဳခြင့္ မေပးပဲ မိမိတို႔ကိုယ္တိုင္သာ လုပ္ေကြၽးကုသိုလ္ေတာ္ ျပဳေလ့ရွိ၏။ဒါေၾကာင့္ ဘုရင္ဇယေသန ရဲ႕ သားေတာ္ သုံးေယာက္တို႔ဟာ မိမိတို႔လည္း ဗုဒၶျမတ္စြာႏွင့္ သံဃာေတာ္ အရွင္သူျမတ္တို႔အား ဆြမ္းဆက္ကပ္ခြင့္ရရွိေအာင္ တိုင္ပင္ၿပီး “တိုင္းျပည္၏ နယ္စြန္နယ္ဖ်ားတြင္ သူပုန္သူကန္မ်ား ထႂကြေသာင္းက်န္းေနသေယာင္ ဇာတ္တိုက္လုပ္ေဆာင္ၾကၿပီး မင္းႀကီးအား ထိုသူပုန္သူကန္တို႔ကို မိမိတို႔ညီေနာင္သုံးေယာက္ သြားေရာက္တိုက္ထုတ္ ႏွိမ္ႏွင္းခြင့္ေပးရန္ သံေတာ္ဦးတင္ၾကပါသည္။မင္းႀကီးက ခြင့္ျပဳေလေသာ္ မင္းသားသုံးဦးတို႔သည္ ႀကိဳတင္ဇာတ္တိုက္ စီစဥ္ထားၾကသည့္အတိုင္း သူပုန္သူကန္တို႔အား ႏွိမ္ႏွင္းေအာင္ျမင္၍ ေနျပည္ေတာ္သို႔ ျပန္လာေလေသာ္ မင္းႀကီးသည္ သားေတာ္တို႔အား ဝမ္းေျမာက္လွသျဖင့္ ႀကိဳက္ရာဆုကို ေတာင္းခိုင္း၏။ထိုအခါ မင္းသားတို႔သည္ ဗုဒၶျမတ္စြာႏွင့္ သံဃာေတာ္တို႔အား ဆြမ္းဆက္ကပ္ လႉဒါန္းလုပ္ေကြၽးခြင့္ကို ေတာင္းဆိုၾကရာ။
မင္းႀကီးလည္း သားေတာ္တို႔အား (၃) လတိတိ ဗုဒၶျမတ္စြာႏွင့္ သံဃာေတာ္တို႔အား ဆြမ္းဆက္ကပ္ လႉဒါန္းခြင့္အား ခြင့္ျပဳလိုက္ေလ၏။မင္းသားသုံးဦးတို႔လည္း ဘုရင္မင္းျမတ္၏ ခြင့္ျပဳမိန႔္ကို ရရွိေသာအခါ မိမိတို႔အပိုင္စားရထားသည့္ ၿမိဳ႕နယ္တြင္ ဘုရားႏွင့္ သံဃာေတာ္တို႔အား ဝါတြင္း သုံးလတိုင္တိုင္ ဆြမ္း စသည္တို႔ျဖင့္ လႉဒါန္းလုပ္ေကြၽးရန္အတြက္ ႀကိဳတင္စီမံထားရန္ မင္းခ်င္းအမတ္တစ္ဦးအား ေစလႊတ္လိုက္ေလ၏။
မင္းခ်င္းအမတ္လည္း ဝမ္းေျမာက္စြာျဖင့္ ၿမိဳ႕နယ္သို႔သြားေရာက္ကာ မိမိ၏ ေဆြမ်ိဳးေပါင္း တစ္ေသာင္းတစ္ေထာင္တို႔ကို ဗုဒၶေဝယ်ာဝစၥ၊ သံဃာ့ေဝယ်ဝစၥအတြက္ လုပ္ကိုင္ေစ၍ မိမိကိုယ္တိုင္ တက္ႂကြစြာ ပါဝင္ကုသိုလ္ျပဳလုပ္၏။

(ထိုမင္းခ်င္းသည္ ထိုသို႔ သဒၵါတရားထက္သန္စြာ ဘုရားရွင္ႏွင့္ သံဃာေတာ္တို႔အား ေဝယ်ာဝစၥျပဳလုပ္ခဲ့ေသာ ကုသိုလ္ေၾကာင့္ “ေဂါတမဘုရားရွင္” ၏ လက္ထက္ေတာ္တြင္ ေသာတာပန္တည္ သာသသနာျပဳ မင္းတစ္ပါးျဖစ္သည့္ "ဗိမၺိသာရ" မင္းႀကီး ျဖစ္လာေလ၏။)

မင္းသားသုံးဦးတို႔သည္လည္း မင္းခ်င္းအမတ္၏ စီစဥ္မႈေၾကာင့္ ဘုရားရွင္ႏွင့္ သံဃာေတာ္တို႔အတြက္ အစစအရာရာ အဆင္ေျပ၊ အသင့္ျဖစ္သည့္အခါတြင္ မိမိတို႔အပိုင္စားရသည့္ ၿမိဳ႕နယ္သို႔ ဘုရားရွင္ႏွင့္ ေနာက္ပါ သံဃာေတာ္တို႔အား ပင့္ေတာ္မူၾကၿပီး မိမိတို႔ကိုယ္တိုင္ ထိုဝါတြင္းသုံးလလုံးလုံး ဗုဒၶေဝယ်ာဝစၥ၊ သံဃာ့ေဝယ်ာဝစၥျပဳလုပ္ၿပီး ဖန္ရည္ဆိုးအဝတ္ (ေယာဂီေရာင္) မ်ား ဝတ္ဆင္၍ သတင္းသီလ ေစာင့္ထိန္းျခင္း၊ တရားနာ၊ တရားက်င့္၍ ကုသိုလ္ျဖင့္သာ ေနထိုင္ၾကကုန္၏။

(မင္းသားသုံးဦးႏွင့္ ေနာက္ပါ အၿခံအရံတို႔သည္ ထိုေကာင္းမႈမ်ားေၾကာင့္ နတ္ျပည္၊ လူ႔ျပည္တြင္ အဖန္ဖန္က်င္လည္၍၊ ေဂါတမဘုရား လက္ထက္ေတာ္တြင္ “ကႆပရေသ့ ညီေနာင္သုံးဦး” ႏွင့္ ရေသ့တစ္ေထာင္တို႔ ျဖစ္ၾကကုန္ၿပီး ေနာင္ဘုရားရွင္ႏွင့္ေတြ႕ကာ ရဟန္းျပဳ၍ အာသေဝါကင္းကြာ ရဟႏၲာမ်ား ျဖစ္လာေလ၏)

မင္းသားသုံးဦး၏ ဝါတြင္းသုံးလၾကာ အလႉပြဲေတာ္တြင္ ဆန္ေ႐ြး၊ ဆြမ္းခ်က္ စသည့္ ေအာက္ေျခသိမ္း အလုပ္ကို လုပ္ၾကေသာ ဇနပုဒ္သားတို႔သည္ ဘုရားရွင္ႏွင့္ သံဃာေတာ္တို႔အတြက္ ခ်က္ထားသည့္ ဆြမ္းႏွင့္ ဆြမ္းဟင္းတို႔အား “ဆြမ္းကပ္ၿပီးမွဆိုလွ်င္ ေကာင္းမြန္သည့္ ဟင္းအမယ္တို႔မွာ က်န္ရွိေတာ့မည္ မဟုတ္ဟု” ဆိုကာ ဆြမ္း၊ ေဘာဇဥ္၊ ခ်ိဳခ်ဥ္ စသည္တို႔အား ဘုရားရွင္ႏွင့္ သံဃာေတာ္တို႔အား မဆက္ကပ္ရေသးခင္ စားေသာက္ၾကၿပီး မိမိတို႔၏ ဇနီးမယား၊ သၼီးသားတို႔အားလည္း စားဦးစားဖ်ားတို႔ကို ယူငင္ေကြၽးၾက၏။ထိုသို႔မျပဳလုပ္ရန္ ဦးေဆာင္သူ လူႀကီးမိဘမ်ားမွ တားဆီးသည္ကို လက္မခံသည့္အျပင္ ဆြမ္းခ်က္ေဆာင္ကိုပင္ မသိမသာ မီးတိုက္ပစ္ၾက၏။ထိုသို႔ ဘုရားႏွင့္ သံဃာေတာ္တို႔ ဘုဥ္းမေပးရေသးမီ စားဦးစားဖ်ား စားေသာက္ၿပီး ဆြမ္းခ်က္ေဆာင္အား မီးတိုက္ၾကေသာ ဇနပုဒ္သားတို႔သည္ အလြန္ႀကီးမားလွေသာ ထိုမေကာင္းမႈ အကုသိုလ္၏ အက်ိဳးအျပစ္ဒဏ္အေနျဖင့္ ထိုဘဝမွ စုေတကြယ္လြန္ၾကေသာ္ မဟာအဝစိငရဲတြင္ ကာလအလြန္ရွည္ၾကာစြာ ဆင္းရဲဒုကၡကို ႀကီးစြာခံစား က်ေရာက္ၾကရၿပီး၊ ငရဲမွ လြတ္ေျမာက္ျပန္ေသာ္လည္း ထိုအကုသိုလ္၏ ကံႂကြင္းအျပစ္အျဖစ္ စားရမဲ့ေသာက္ရမဲ့ ဆင္းရဲႀကီးေသာ ၿပိတၱာမ်ား ျဖစ္ၾကရကုန္၏။ထိုၿပိတၱာတို႔သည္ ဆင္းရဲဒုကၡကို ၿပိတၱာဘဝျဖင့္လည္း ကာလရွည္လ်ားစြာ ခံၾကရၿပီး၊ ဤဘဒၵကမာၻတြင္ ပြင့္ထြန္းေတာ္မူသည့္ “ကႆပ” ဘုရားရွင္ သာသနာေတာ္ကာလ၌ မိမိတို႔၏ ကာလရွည္ၾကာ ခံစားေနရသည့္ ၿပိတၱာဆင္းရဲဘဝမွ လြတ္ေျမာက္ေစရန္၊ အမွ်ေပးေဝမည့္သူလည္း မရွိသျဖင့္ ယခုထက္တိုင္ စားဦးစားဖ်ား စားသုံးခဲ့သည့္ အကုသိုလ္အျပစ္မွ မလြတ္ေျမာက္ေသးေၾကာင္း ထိုအကုသိုလ္ဆင္းရဲမွ လြတ္ေျမာက္ေစရန္ ေလွ်ာက္ထားေတာင္းပန္ၾကကုန္ေလ၏။

ကႆပဘုရားရွင္က “သင္တို႔သည္ ငါဘုရား၏ လက္ထက္ေတာ္ကာလတြင္ အကုသိုလ္အျပစ္၏ ႀကီးမားမႈေၾကာင့္ မကြၽတ္မလြတ္ေျမာက္ႏိုင္ေသးေခ်၊ သို႔ေပေသာ္ျငား ေနာက္ပြင့္ေတာ္မူလာမည့္ "ေဂါတမျမတ္စြာဘုရား" သာသနာေတာ္တြင္ "ဖုႆ" ဘုရားရွင္ လက္ထက္ေတာ္ကာလက မင္းသားသုံးဦး၏ အလႉ၌ သင္တို႔ႏွင့္ ေဆြမ်ိဳးေတာ္စပ္ခဲ့ေသာ၊ ဦးေဆာင္စီစဥ္ ကုသိုလ္ယူေဆာင္႐ြက္ခဲ့သည့္ အမတ္သည္ "ဗိမၼိသာရ အမည္ျဖင့္ ရာဇၿဂိဳဟ္ျပည့္ရွင္" ဘုရင္မင္းျမတ္ ျဖစ္လာလိမ့္မည္။ထိုမင္းသည္ သင္တို႔အား ရည္စူးၿပီး ဘုရားရွင္ႏွင့္ သံဃာေတာ္တို႔အား အလႉအတန္းေပး၍ အမွ်ေပးေဝလိမ့္မည္။ ထိုအခါ သင္တို႔သည္ ၿပိတၱာဆင္းရဲမွ ကြၽတ္လႊတ္၍ ခ်မ္းသာေသာဘဝကို ရရွိလတၱံ့” ဟု မိန႔္ေတာ္မူသည္။

ၿပိတၱာတို႔လည္း မိမိတို႔ခံစားေနရသည့္ ငရဲဆင္းရဲ၊ ၿပိတၱာဆင္းရဲမွာ လြန္စြာၾကာျမင့္ေနၿပီ ျဖစ္သျဖင့္၊ “ကႆပဘုရားရွင္” ၏ မိန႔္ေတာ္မူသည့္ စကားေတာ္ကို ၾကားရေသာအခါ မနက္ျဖန္၊ သဘက္ခါတြင္ ၿပိတၱာဆင္းရဲမွ လြတ္ေျမာက္ၾကေတာ့မည့္ႏွယ္မ်ားစြာ ဝမ္းေျမာက္ၾကေလ၏။

ဤသို႔ျဖင့္ “ေဂါတမျမတ္စြာဘုရား၏ လက္ထက္ေတာ္ကာလသို႔ ေရာက္ရွိေသာအခါတြင္” ဖုႆဘုရားရွင္ လက္ထက္အခါက အမတ္မင္းခ်င္းသည္ ရာဇၿဂိဳလ္ျပည့္ရွင္ ဘုရင္မင္းျမတ္ ဗိမၼိသာရ ျဖစ္လာ၏။ထိုအခါ ၿပိတၱာတို႔မွာ မင္းႀကီးသည္ ငါတို႔အား ရည္စူး၍ ကုသိုလ္ျပဳ အမွ်ေပးေဝလိမ့္မည္ဟု ေမ်ာ္လင့္၍ နန္းေတာ္ႏွင့္ အနီးအနားတြင္ တြယ္ကပ္၍ အခြင့္အေရးကို ေစာင့္ေမွ်ာ္ေနၾကကုန္၏။

မင္းႀကီးသည္ အလႉမ်ားစြာကို ေပးလႉပါေသာ္လည္း ေပးလႉၿပီးသည့္အခါတိုင္း အမွ်ေပးေဝျခင္းကိုမူ မျပဳလုပ္ခဲ့ေပ။ထိုအခါ ၿပိတၱာတို႔သည္ မိမိတို႔၏ ဆင္းရဲဒုကၡကို မင္းႀကီးၾကားသိေစရန္ ေအာ္ဟစ္ငိုယို ေတာင္းဆိုၾက၏။ထိုၿပိတၱာတို႔၏ ငိုယိုအကူညီေတာင္းဆိုသံကို ၾကားရၿပီးေႏွာက္၊ မင္းႀကီးသည္လည္း ထိုအသံ၏ အေၾကာင္းကို ေဂါတမဘုရားရွင္ထံပါး ေလွ်ာက္ၾကားေတာ္မူေလ၏။ျမတ္ဗုဒၶဘုရားရွင္မွ ၿပိတၱာတို႔၏ ငိုယိုေအာ္ဟစ္ အကူအညီေတာင္းသည့္အသံျဖစ္ေၾကာင္းႏွင့္ ၿပိတၱာတို႔၏ ေရွ႕ဘ၀ အတိတ္အေၾကာင္းကို မင္းႀကီးအား ေဟာၾကားေတာ္မူေလသည္။မင္းႀကီးသည္ ၿပိတၱာတို႔၏ အကုသိုလ္အက်ိဳးအျပစ္ကို အလုံးစုံသိရေသာ္ ဘုရားရွင္အား ထိုၿပိတၱာမ်ားအား ရည္စူးရည္မွန္း၍ အလႉလုပ္ၿပီး အမွ်အတန္းေပးေဝလွ်င္ ကြၽတ္ခ်ိန္တန္ပါၿပီလား၊ ကြၽတ္ႏိုင္ပါၿပီးလားဟု ေလွ်ာက္တင္ေတာ္မူ၏။ဘုရားရွင္က ကြၽတ္လြတ္ႏိုင္ၿပီ ျဖစ္သည့္အေၾကာင္း ေျဖၾကားေတာ္မူေသာအခါ မင္းႀကီးသည္ ထိုၿပိတၱာတို႔အတြက္ ရည္မွန္း၍ ဘုရားရွင္ႏွင့္ သံဃာေတာ္တို႔အား ႀကီးစြာေသာဆြမ္း အစရွိေသာ လႉဒါန္းဖြယ္ရာတို႔အား ဆက္ကပ္လႉဒါန္းၿပီး “ကုသိုလ္အဖို႔အား ငါ၏ေဆြမ်ိဳးေတာ္စပ္ခဲ့ဘူးၾကသည့္ ၿပိတၱာမ်ား အမွ်ရၾကပါေစသတည္း” ဟု အမွ်ေပးေဝေလသည္။

မင္းႀကီးအမွ်ေပးေဝေသာ ခဏခ်င္းမွာပင္ ၿပိတၱာတို႔သည္ နတ္ဝတ္နတ္စားႏွင့္ နတ္ဗိမာန္တို႔ကို ရရွိသြားၾကေလ၏။ျမတ္စြာဘုရားရွင္သည္ မင္းႀကီးႏွင့္ တရားနာပရိႆတ္တို႔အား ၿပိတၱာတို႔ အမွ်ရၾက၍ ဘဝေျပာင္းကာ ခ်မ္းသာသုခရရွိသြားၾကပုံအား တန္ခိုးေတာ္ျဖင့္ ျပေတာ္မူၿပီး ကုသိုလ္ျပဳလုပ္တဲ့အခါတိုင္း အမွ်အတန္းေပးေဝၾကရန္ တရားေတာ္အား မိန႔္ၾကားေတာ္မူပါသည္။

လူဘဝတုန္းက ဘုရားရွင္ႏွင့္ သံဃာတို႔ ဘုဥ္းမေပးရေသးခင္ စားဦးစားဖ်ားတို႔အား “တခဏ တနပ္စာ ဗိုက္ဝဖို႔အတြက္ ဆိုးယုတ္ေသာ ဆႏၵကို မတားဆီးပဲ စိတ္အလိုကို လိုက္မိၿပီး ဗိမၼိသာရမင္းႀကီး၏ ေဆြေတာ္မ်ိဳးေတာ္ျဖစ္ၾကေသာ ၿပိတၱာတို႔သည္ စားေသာက္ခဲ့ၾကသည့္အတြက္ အလြန္ရွည္ၾကာေသာ ကာလမ်ားတိုင္ေအာင္ ငရဲဆင္းရဲ၊ ၿပိတၱာဆင္းရဲကို က်ေရာက္ခံစားခဲ့ၾကရတဲ့ "သာဓကလည္း အထင္အရွားရွိခဲ့သည္။
ဒါေတြကို ယေန႔ေခတ္လူေတြက ယုံတမ္းလို ထင္ေနပုံရသည္။ေၾကာက္မက္ဖြယ္ပင္။
    

ယခုေခတ္မွာ မၾကာခဏ အလႉအိမ္က သံဃာမကပ္ခင္ ဘယ္သူဖို႔ ဘယ္ဝါဖို႔၊ လင္ဖို႔ သားဖို႔ဆိုကာ ခ်န္ထားတာေတြ၊ ဖယ္ထားတာေတြ ေတြ႕ရသလို ဆြမ္းခ်က္ရင္း အသားဟင္းေတြကို အရက္နဲ႔ျမည္းၾကတာေတြကို မၾကာခဏေတြ႕ေနရသည္။
လူႀကီးေတြက မတားတာလား၊ လူႀကီးေတြ ကိုယ္တိုင္က မသိတာလားဆိုတာ ေဝခြဲလို႔ပင္မရ။သယ္တာ ျမည္းတာ စားတာက အစဥ္အလာပင္။ဆြမ္းက်န္ ဟင္းက်န္ မဟုတ္။ဆြမ္းခ်န္ ဟင္းခ်န္ ျဖစ္ေနၿပီ။ဒါကေနရာတိုင္းမွာ။ရွက္စရာပင္။
    

ဓမၼာ႐ုံေဘးေနေတာ့ ရပ္ကြက္ထဲ ေကာင္းတာမွန္သမွ် သိရသလို မေကာင္းတာေတြ ဘာလုပ္ေနသလဲ ဆိုတာလည္း သိရသည္။ဘာသာေရးအရ မလုပ္သင့္သည့္ အဂါရဝတရားႏွင့္ ဘာသာေရးအရ လိုက္နာရမည့္ အစဥ္အလာေတြ ယေန႔ေခတ္မွာ ယုတ္ေလ်ာ့ေနသည္ မွန္ေသာ္လည္း ဒီလို ဆြမ္းဟင္း ဘူးသီးေရာရသည့္အထိ အျဖစ္ေတြက ကြၽန္ေတာ္ ေနရာတစ္ခုတည္းသာမဟုတ္ ေနရာတကာတြင္ မၾကာခဏ ျဖစ္ေလ့ျဖစ္ထရွိသည့္ မထူးဆန္းသည့္ ကိစၥတစ္ခု ျဖစ္ေနသည္ပင္။
    

႐ိုးရာအစဥ္အလာအရ ႀကီးသူေျပာလွ်င္ နားလည္သူေျပာလွ်င္ ငယ္သူက နာခံရေသာ အစဥ္အလာႏွင့္ စားဦးစားဖ်ား မစားေကာင္းဆိုေသာ ဓေလ့ကလည္း ငါလုပ္လွ်င္ ဘာမဆိုတင့္တယ္သည္ဆိုေသာ လူေတြလက္ထက္တြင္ ေပ်ာက္ကြယ္ခဲ့ေလၿပီလား မသိ။
    

ဒါက ျဖစ္သင့္လား မျဖစ္သင့္လားဆိုတာ ကြၽန္ေတာ္တို႔ ေဝခြဲမရျဖစ္ေလာက္ေအာင္ လူႀကီး လူငယ္ေတြထဲ ဘာသာေရးအဆုံးအမက ေဖာင္စီးရင္း ေရငတ္သလို ျဖစ္ေနရၿပီ ျဖစ္သည္။ေျပာလွ်င္ ေျပာသူရန္လုပ္ခံရသည့္ ေခတ္ျဖစ္ေနသျဖင့္ ကုသိုလ္တပဲ ငရဲတပိသာ ေခတ္ကို ေရာက္မွန္းမသိ ေရာက္ေနၾကသည္ကို သတိမျပဳမိမွာကို စိုးေပသည္။
    

သတိႏွင့္ ဆင္ျခင္သင့္ေပသည္။အစားတလုတ္ႏွင့္ ဘဝေပါင္းမ်ားစြာ ခံရေပဦးေတာ့။

ေမာင္ဦးလြင္
ေအာက္တိုဘာ - ၂၅