【 ဆောင်းပါး 】 “မေတ္တာရေနှင့်ဆေးပါမည်”

【 ဆောင်းပါး 】 “မေတ္တာရေနှင့်ဆေးပါမည်”

“မေတ္တာစိတ်ဆိုတာ မြင့်မြတ်တဲ့စိတ်ဓာတ်ပဲ။ကိုယ့်အကျိုးအတွက် သူ့ကိုချစ်မြတ်နိုးတာမျိုးမဟုတ်ဘူး။အတ္တဆိုတဲ့အညစ်အကြေး လုံးဝမပါဘူး။သူကောင်းစားစေချင်တာကိုပဲ ဦးတည်ထားတဲ့၊ မွန်မြတ်တဲ့စိတ်ဓာတ်လို့ ပြောချင်တာ”

“မှန်ပါ”

“ဒကာကြီးတို့ ဘုန်းကြီးတို့အပါအဝင် လူများစုကိုလေ့လာကြည့်လေ။ကိုယ့်အကျိုးအတွက်ပဲ ရှေ့တန်းတင်နေကြတာမဟုတ်လား”

“ဟုတ်ပါတယ်ဘုရား”

“ကိုယ်ပဲကြီးပွားချမ်းသာချင်တယ်။ကိုယ်ပဲဂုဏ်အရှိန်အဝါမြင့်ချင်တယ်။ကိုယ်ပဲ အစစအရာရာအဆင်ပြေချင်တယ်။ကိုယ့်ထက်နိမ့်ကျသူနဲ့ ဆက်ဆံရရင် သဘောကျတယ်၊ ကျေနပ်တယ်။ကိုယ့်ထက်အဆင့်မြင့်သူနဲ့ ဆက်ဆံရရင် ဘဝင်မကျဘူး၊ မကျေနပ်ဘူး။ကိုယ့်သားသမီးက ထူးချွန်ရင် ပီတိဖြစ်တယ်။သူများသားသမီးထူးချွန်ရင် ငြိုငြင်ချင်တယ်။အဲ့ဒါသာမန်လူတွေရဲ့သဘာဝပဲ”

“လူတိုင်းလိုလိုပါပဲ ဘုရား”

“အဲဒီလူတွေထဲမှာ တကာကြီးတော့ မပါဘူးမဟုတ်လား”

“ထိပ်ဆုံးကပါပါတယ် ဘုရား”

“ဒါဖြင့် ဒကာကြီးက သူများအပေါ်မေတ္တာထားမယ်ဆိုရင် ဒကာကြီးရဲ့မေတ္တာက မှန်နိုင်ပါ့မလား”

“မမှန်နိုင်ပါဘူး ဘုရား”

“ဘာဖြစ်လို့လဲ ဒကာကြီးရဲ့”

“တပည့်တော်အကြောင်း တပည့်တော်အသိဆုံးမို့ပါ ဘုရား”

“ဒကာကြီးလက်ထဲမှာ ပိုက်ဆံမရှိဘဲ ဘုန်းကြီးကို ပိုက်ဆံပေးလို့ရပါ့မလား”

“မရပါဘူးဘုရား”

“ဒကာကြီးဆီမှာ အစားအစာမရှိဘဲနဲ့ ဘုန်းကြီးကို ကျွေးလို့ရပါ့မလား”

“မရပါဘူးဘုရား”

“ဒါဖြင့် ဒကာကြီးရဲ့ရင်ထဲမှာ မေတ္တာမရှိဘဲ ဘုန်းကြီးကို မေတ္တာပေးလို့ရပါ့မလား”

“မရပါဘူး ဘုရား”

“ဒါဆိုရင် သူများကိုပေးချင်ရင် ကိုယ့်ဆီမှာဘာဖြစ်ရမလဲ”

“သူများကိုပေးချင်ရင် ကိုယ့်ဆီမှာရှိရပါမယ် ဘုရား”

“ဒါဖြင့်ရင် ဒကာကြီးဆီမှာ မေတ္တာအရင်ရှိအောင် ဘယ်လိုလုပ်မလဲ”

“အရှင်ဘုရားမိန့်မှ သိရမှာပါ ဘုရား”

“ဒကာကြီး ကျန်းကျန်းမာမာနဲ့ အသက်မရှည်ချင်ဘူးလား”

“ရှည်ချင်ပါတယ် ဘုရား”

“ဒကာကြီး ပစ္စည်းဥစ္စာ မချမ်းသာချင်ဘူးလား”

“ချမ်းသာချင်ပါတယ် ဘုရား”

“ဒကာကြီး ဒုက္ခရောက်ချင်လား။အန္တရာယ်တစ်ခုခုရောဖြစ်ချင်လား”

“ဒုက္ခလည်း မရောက်ချင်ပါဘူး။ဘယ်အန္တရာယ်မှလည်း မဖြစ်ချင်ပါဘူး ဘုရား”

“အေး ဒကာကြီးရချင်တာကို သူ့ကိုလည်းရစေချင်ရမယ်။ဒကာကြီးမယူချင်တာကို သူ့ကိုလည်းမယူစေရဘူး။ကိုယ်ချင်းစာစိတ်ရှိရမယ်။ကိုယ်ချင်းစာတတ်တဲ့စိတ်ဓာတ်ဟာ မေတ္တာထားဖို့အတွက် အရေးအကြီးဆုံးအခြေခံစိတ်ပဲ ဒကာကြီး”

“မှန်ပါဘုရား။တပည့်တော် မှတ်သားထားပါမယ်”

“တကယ်တမ်း မေတ္တာပွားတော့မယ်ဆိုရင် ဒကာကြီးကိုယ်တိုင်အပေါ်၊ ဒကာကြီးအချစ်ဆုံးသူအပေါ်၊ ဒကာကြီးရဲ့သာမန်မိတ်ဆွေအပေါ်၊ ဒကာကြီးရဲ့ရန်သူအပေါ်ထားတဲ့ အသီးသီးသော မေတ္တာစိတ်ဟာ တစ်စိတ်တည်းဖြစ်တဲ့အထိ၊ အဲဒီလေးမျိုးအပေါ် မေတ္တာအတူတူထားနိုင်တဲ့အထိ ကြိုးစားလေ့ကျင့်ရမယ်”

“မှန်ပါဘုရား။တပည့်တော်ကြိုးစားလေ့ကျင့်ပါ့မယ်”

“အပြောနဲ့မရဘူးနော် ဒကာကြီး။တကယ်လေ့ကျင့်ရမှာ”

“တကယ်လေ့ကျင့်မှာပါ ဘုရား။တပည့်တော်ကို ခုလိုသတိပေးတဲ့အတွက် အရှင်ဘုရားကိုလည်း တပည့်တော်ကျေးဇူးတင်ပါတယ်”

“ဒကာကြီးကို ခုလိုတကူးတကပြောရတာ အကြောင်းရှိတယ် ဒကာကြီး”

“အမိန့်ရှိပါ ဘုရား”

“ဒကာကြီးတို့၊ ဘုန်းကြီးတို့လို ပရိသတ်ရှိတဲ့လူတွေက မေတ္တာစိတ်ရှိဖို့ ပိုပြီးအရေးကြီးတယ် ဒကာကြီး။ဘုန်းကြီးပြောတာကို ဒကာကြီးသဘောပေါက်မှာပါ”

“တပည့်တော် သဘောပေါက်ပါတယ် ဘုရား။စိတ်ချပါ ဘုရား၊ တပည့်တော် တကယ်သတိထားပြီး လေ့ကျင့်မှာပါ”

အသက်ကလည်းကြီးလာပြီ။ဆရာကလည်းဖြစ်နေပြန်သည်။ဒီတော့ ကျွန်တော်ကသာ ကျောင်းသားများကို ဆုံးမနေရသည်။တစ်ခါတလေ ကျောင်းသားမိဘများကပါ ကျွန်တော့်အဆုံးအမ လာခံတတ်ကြ၍ လိပ်ပြာမလုံဖြစ်ရသေးသည်။ကိုယ့်အကြောင်းကိုယ်သိနေ၍ အချိန်အားသောအခါမျိုး အထူးသဖြင့် ဆယ်တန်းစာမေးပွဲကြီးပြီးသည့်အချိန်မျိုး၊ စိတ်ရှုပ်ထွေးသည့်အခါမျိုးတွင် ဘုန်းကြီးကျောင်းသို့သွား၍ ကျောင်းထိုင်ဆရာတော်၏ အဆုံးအမကို ခံယူတတ်ပါသည်။

ဒီနှစ် ပထမဆုံးရွာသောမိုးကြောင့် အအေးမိပြီးဖျားခဲ့သည်။အဖျားပျောက်ခါစ တစ်ရက်တွင် ဘုန်းကြီးကျောင်းသို့ ရောက်သွားသည်။ဆရာတော်က မေတ္တာထားတတ်ဖို့ သတိပေးစကားပြောခဲ့ခြင်းဖြစ်သည်။

ဆရာတော့်ဆီမှ မေတ္တာတရားနှင့်ပတ်သက်၍ သတိပေးတရားနာလာပြီး ပြန်လာတော့မှ လူပျိုဘဝ ငယ်စဉ်က ကျွန်တော့် ကျေးဇူးရှင်ဆရာ၏ မေတ္တာထားဖို့ဆုံးမခဲ့တာကို ပြန်သတိရမိသည်။ဆရာ့ကျေးဇူးကြောင့် ကျွန်တော်အရက်ပြတ်၍ ပုတီးစိတ်တတ်ခဲ့ပါသည်။ပုတီးစိတ်၍ လအတန်ကြာသောအခါ ဆရာက ကျွန်တော့်ကို မေတ္တာသုတ်ရွတ်ခိုင်းသည်။ဆရာက ရှေ့မှတိုင်ပေး ကျွန်တော်က နောက်မှလိုက်ဆိုပေါ့။မေတ္တာသုတ်ကို နေ့တိုင်းရွတ်ဖြစ်သည်။တစ်နှစ်ခန့်အကြာမှာ ကျွန်တော် မေတ္တာသုတ်ကို အလွတ်ရခဲ့သည်။မနက်တစ်ခေါက်၊ ညတစ်ခေါက် မေတ္တာသုတ်ကို ပုံမှန်ရွတ်သော်လည်း မကြာခဏရန်ဖြစ်သည့် ကျွန်တော့်အကျင့်ကတော့ ပျောက်မသွားပါ။ကျွန်တော်မှာရှိသည့် အကျင့်ဆိုးများထဲမှ အဆိုးဆုံးအကျင့်က စိတ်တို၍ ဒေါသထွက်လွယ်တတ်ခြင်းဖြစ်သည်။ထို့ကြောင့်လည်း ဆရာက ကျွန်တော့်ကို မေတ္တာသုတ်ရွတ်စေခဲ့ခြင်းပါ။

တစ်ညတွင် ဆရာက ကျွန်တော့်ကို မေတ္တာပို့ခိုင်းပါသည်။“အမေ၊ အဖေ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများနှင့်တကွ သတ္တဝါအပေါင်း ကျန်းမာပါစေ။စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ချမ်းသာခြင်း၊ ဓမ္မ၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေ” ဟု ဆိုပြီး မေတ္တာပို့စေပါသည်။

ရက်အတန်ကြာသောအခါ ဆရာက တစ်ဦးတစ်ယောက်ထဲကို အာရုံညွှတ်၍ မေတ္တာပို့ရန်ပြောသည်။ကျွန်တော်က အမေ့ကိုရည်မှန်း၍ မေတ္တာပို့သည်။ဆရာက တစ်ဆင့်တက်ပြန်သည်။ကျွန်တော်အမုန်းဆုံးလူ ဘယ်သူလဲဟုမေးသည်။ကျွန်တော်ကလည်း မဆိုင်းမတွပင် “ကလေးဗိုလ်” ဟု ပြန်ဖြေသည်။

ထို “ကလေးဗိုလ်” ဆိုသူသည် ကျွန်တော်နှင့် တစ်လမ်းထဲနေသူဖြစ်သည်။ကျွန်တော့်ထက် ငါးနှစ်ခန့်ကြီးသည်။ကလေးဘဝမှာကတည်းက သူ့ထက်ငယ်သောသူများကို မိုက်မိုက်ရိုင်းရိုင်း ဗိုလ်ကျအနိုင်ကျင့်တတ်၍ သူ့ကို “ကလေးဗိုလ်” ဟု ခေါ်ကြသည်။မနိုင်၍ ငုံ့ခံနေရသော်လည်း ကျွန်တော် သူ့ကို လုံးဝကြည့်မရခဲ့ပါ။အရွယ်ရောက်လာတော့ ကျွန်တော်က သူအနိုင်ကျင့်လျှင်မခံတော့။သူတစ်ခွန်း၊ ကိုယ်တစ်ခွန်း ပြန်ပြောသည်။သူတစ်ချက်၊ ကိုယ်တစ်ချက် ပြန်ထိုးသည်။တစ်လမ်းထဲနေသူများဖြစ်၍ မိဘချင်းခင်မင်မှုအရ၊ လမ်းတွင်း သာရေးနာရေးကိစ္စများအရ တွေ့ဆုံဆက်ဆံနေရသော်လည်း တစ်ယောက်နှင့် တစ်ယောက် ရန်ဆောင်နေကြသူများဖြစ်သည်။

ထိုသို့ ငယ်စဉ်ကလေးဘဝမှစ၍ ကြည့်မရအောင် မုန်းနေမိသူကို ရည်ညွှန်းကာ “ကလေးဗိုလ် ကျန်းမာ ချမ်းသာပါစေ” ဟု ဆရာက နှုတ်မှဆိုခိုင်းတော့ ကျွန်တော်က လုံးဝမဆိုပါ။ထိုနေ့မှစပြီး ဆရာ့အိမ်သို့ ကျွန်တော်မရောက်တော့ပါ။နှစ်ပတ်လောက်ကြာတော့မှ ဆရာ့အိမ်ရောက်ဖြစ်သည်။
ဆရာက သူ့ကို ဆရာတစ်ယောက်ဟု အသိအမှတ်ပြုလျှင် သူ့ကျေးဇူးကိုဆပ်ချင်လျှင် တစ်ခေါက်တည်းဆိုပါဟု ပြောသည်။ကျွန်တော်လည်း စိတ်မပါဘဲ ဆရာစိတ်ချမ်းသာလျှင်ပြီးရောဟု သဘောထားကာ “ကလေးဗိုလ် ကျန်းမာချမ်းသာပါစေ” ဟု ဆောင့်ဆောင့်အောင့်အောင့် အသံပြတ်နှင့် ပြီးစလွယ်ဆိုခဲ့သည်။ဆရာ့မျက်နှာက ပြုံးနေသည်။နောက်ပိုင်းတွင်လည်း ဆရာစိတ်ချမ်းသာအောင် တစ်ကြောင်း၊ ဆိုနေကျဖြစ်နေသည်က တစ်ကြောင်းတို့ကြောင့် သိပ်အခက်အခဲမရှိတော့ဘဲ ဆိုနိုင်ခဲ့သည်။ထူးခြားသည်က ထိုအချိန်မှ စတင်ရေတွက်၍ ခန့်မှန်းခြေ ခြောက်လ၊ ခုနစ်လခန့်အကြာတွင် ထို “ကလေးဗိုလ်” ကို ကျွန်တော်က “အစ်ကိုကြီး”၊ သူကလည်း ကျွန်တော့်ကို “ညီလေး” ဟု ခေါ်ဖြစ်နေခဲ့ကြသည်ကို သတိပြုမိလိုက်သည်။ဆရာ၏ မေတ္တာသင်ခန်းစာကြောင့် အစ်ကိုကြီး၊ ညီလေး ဇာတ်လမ်းလေး ပြေလည်သွားပါသည်။

မေတ္တာသုတ်ကို နေ့စဉ်ရွတ်ဖြစ်ပါသည်။လက်တွေ့မှာ စိတ်တိုဒေါသထွက်လွယ်သေးသော်လည်း လူတိုင်းအပေါ် မေတ္တာထားလိုစိတ်နှင့် လူတိုင်းအပေါ် သည်းခံလိုစိတ် ပြင်းပြလာခြင်းတို့ဖြစ်သည်။ဆရာတော်ဟောခဲ့သလိုပင် မေတ္တာစိတ်သည် အလွန်မွန်မြတ်သောစိတ်ဓာတ်ဖြစ်ပါသည်။
အတ္တစိတ်မစွန့်ပယ်နိုင်သော သာမန်လူသားများအနေနှင့် အလွယ်တကူရယူပိုင်ဆိုင်ဖို့ မဖြစ်နိုင်ပါ။အပြောလွယ်လောက် လက်တွေ့လုပ်ရန်ခက်ခဲသောကိစ္စများတွင် မေတ္တာစိတ်ထားနိုင်မှုသည် ထိပ်ဆုံးမှပါဝင်သည်။အကယ်၍ မေတ္တာတရားကိုသာ လူတိုင်း၏ရင်ထဲမှာ ထည့်ထားနိုင်မည်ဆိုလျှင်လည်း မိသားစု၊ အသိုင်းအဝိုင်းတွင်မက ကမ္ဘာကြီးတစ်ခုလုံးပင် ငြိမ်းချမ်းသွားပါလိမ့်မည်။

ဆရာတော်မိန့်သလို မေတ္တာစိတ်ထားနိုင်ရန်အတွက် “ကိုယ်ချင်းစာ” စိတ် ရှိရမည်ထင်ပါသည်။“ကိုယ်ချမ်းသာချင်သလို သူလည်းချမ်းသာချင်မှာပဲ၊ ကိုယ်မဆင်းရဲချင်သလို သူလည်းဆင်းရဲချင်မှာမဟုတ်ဘူး” စသည်ဖြင့် ကိုယ်ချင်းစာစိတ်ရှိကြလျှင် တစ်ယောက်နှင့် တစ်ယောက် မကျေနပ်မှုများ၊ အာဃာတများ၊ အမျက်ဒေါသများ ဖြစ်ကြမည် မဟုတ်တော့ပါ။

ကိုယ်ချင်းစာတတ်သူသည် ကိုယ့်အသက်ကို တန်ဖိုးထားသည့်အတွက် ကိုယ်ကလည်း တစ်စုံတစ်ယောက်၏အသက်ကို သတ်ဖြစ်မည်မဟုတ်ပါ။ကိုယ့်စည်းစိမ်ဥစ္စာကို မပျက်စီးချင်ဘဲ တိုးပွားချင်ကြသည်။ထို့ကြောင့် သူများ၏စည်းစိမ်ဥစ္စာကို လုယက်ဖျက်ဆီးခြင်းမပြုတော့ပါ။
ကိုယ့်သားသမီး ကိုယ့်အိမ်ထောင်ဖက်ကို တန်ဖိုးထားသောကြောင့် သူ့သား သူ့သမီး သူ့အိမ်ထောင်ဖက်ကိုလည်း ဖျက်ဆီးရန်ကြံစည်မည်မဟုတ်တော့ပါ။ကိုယ့်အပေါ် လိမ်ညာလှည့်စားပြောဆိုတာကို မခံနိုင်သလို သူတစ်ပါးအပေါ်ကိုလည်း လိမ်ညာလှည့်စား ပြောဆိုခြင်းပြုမှာမဟုတ်ပါ။

တကယ်တော့ ကိုယ်ချင်းစာစိတ်သည် အကျင့်သီလဖြစ်ပါသည်။အကျင့်စာရိတ္တဖြစ်ပါသည်။ကိုယ်တိုင်ခံယူသိရှိ၍ ကိုယ်တိုင်သတိထားကျင့်ကြံရသည့် ကိုယ်ကျင့်တရားဖြစ်ပါသည်။ကိုယ်တိုင်က အကျင့်စာရိတ္တကောင်းမှ မေတ္တာထားနိုင်ပေလိမ့်မည်။ဖြူစင်တန်ဖိုးရှိသော ရတနာပစ္စည်းကို ညစ်ပေနေသောလက်ဖြင့် ခံယူ၍မရသော သဘောဖြစ်ပါသည်။မေတ္တာသည် တန်ဖိုးရှိသောအရာဖြစ်သဖြင့် အကျင့်စာရိတ္တသည် မေတ္တာကို ရယူနိုင်သည့် အရင်းအနှီးဖြစ်၏။

နိဗ္ဗာန်ဟူသော တန်ဖိုးရှိသောနေရာအတွက် သီလ၊ သမာဓိ၊ ပညာနှင့် ရင်းနှီးရယူရသကဲ့သို့ဖြစ်၏။ဘုရားရှင်ကိုယ်တိုင်က သတ္တဝါများအပေါ် စေတနာမေတ္တာထားသဖြင့် ပါရမီဆယ်ပါးကိုဖြည့်ကျင့်ကာ ဘုရားအဖြစ်ကို ကြိုးစားရယူခဲ့သည်။ဘုရားဖြစ်တော်မူလာသောအခါတွင်လည်း သတ္တဝါများအပေါ် စေတနာမေတ္တာထားကာ တရားဟော၊ တရားပြခြင်းဖြင့် ဒုက္ခတွင်းမှ ကယ်တင်ပေးခဲ့ပါသည်။မကြာခဏဆိုသလိုလည်း ရဟန်း၊ ရှင်၊ လူအပေါင်းကို တစ်ဦးနှင့် တစ်ဦး ကိုယ်ကျင့်သီလမပျက်ဘဲ နှလုံးသွင်းမှန်မှန်နှင့် မေတ္တာမပျက်ရန်၊ မေတ္တာထားရန် သတိပေးမှာကြားလေ့ရှိပါသည်။

မြတ်စွာဘုရားရှင် ပွင့်တော်မူစဉ်ကဖြစ်ပါသည်။ငါးရာသော ရဟန်းတို့သည် ဘုရားရှင်ထံမှ ကမ္မဋ္ဌာန်းဘာဝနာကို သင်ယူပြီးနောက် ဟိမဝန္တာနှင့် တစ်ဆက်တည်းသော တောအုပ်ကြီးအတွင်းမှာ တရားအားထုတ်ကြသည်။ထိုတောထဲမှာရှိသော နတ်များက ခြောက်လှန့်နေသောကြောင့် စိတ်တည်ငြိမ်မှုမရဘဲ စိုးရိမ်ကြောင့်ကြစွာ အားထုတ်ရသောကြောင့် အချိန်ကြာလာသော်လည်း တရားမရနိုင်ဘဲ သောကဝေဒနာများသာရရှိကြလေသည်။ထို့ကြောင့် ဘုရားရှင်ထံသို့ပြန်သွားသည်။ဘုရားရှင်ကို အကျိုးအကြောင်းလျှောက်တင်သောအခါ ဘုရားရှင်က ကြောက်စရာမလိုကြောင်း ရှင်းပြသည်။ထိုနတ်များအနက် မကောင်းသောနတ်အချို့ရှိပြီး ထိုနတ်များက၊ သီလစောင့်ထိန်း၍ သူတော်ကောင်းတရား အားထုတ်နေသော ရဟန်းများအနီးအနား၌ မနေဝံ့သောကြောင့် ခြောက်လှန့်ကြခြင်းဖြစ်သည်။သို့သော်လည်း နတ်အများစုမှာ ကောင်းသောနတ်များဖြစ်ပြီး ရဟန်းတို့၏ မေတ္တာကိုခံယူချင်သောကြောင့် မေတ္တာပို့ရန် သတိပေးနေခြင်းဖြစ်သည်။ထို့ကြောင့် စိတ်ကိုဖြူဖြူစင်စင် ဖြောင့်ဖြောင့်မတ်မတ်ထား၍ သတ္တဝါအပေါင်းကို အနိမ့်အမြင့်၊ အယုတ်အမြတ်၊ ရန်သူမိတ်ဆွေ မခွဲခြားဘဲ မေတ္တာပေးပို့ပြီးမှ ကိုယ်စီ ကမ္မဋ္ဌာန်းတရားများ ဆက်လက်အားထုတ်ကြရန် မှာကြားကာ မေတ္တာသုတ်ကို သင်ပေး၍ မူလတောအုပ်သို့ ပြန်လည်စေလွှတ်လိုက်သည်။

ရဟန်းများလည်း တောအုပ်သို့ပြန်လာကာ သတ္တဝါအပေါင်းကို ညီမျှသောမေတ္တာများပေးပို့ပြီးမှ တရားအားထုတ်ကြသည်။မကောင်းသောနတ်များက မခြောက်လှန့်နိုင်ကြတော့။ကောင်းသောနတ်များက ရဟန်းသံဃာတို့၏ မေတ္တာကိုခံယူရရှိသဖြင့် သတိပေးစရာမလိုတော့ပေ။
တဖြည်းဖြည်းနှင့် ကောင်းသောနတ်၊ မကောင်းသောနတ်များလည်း စည်းရုံးမိကြပြီး ရဟန်းအပေါင်းကို အနှောင့်အယှက်မပေးသည့်အပြင် အစစအရာရာ အဆင်ပြေအောင်ပင် အကူအညီပေးခဲ့ကြ၏။ရဟန်းငါးရာလုံးသည် ဝါမကျွတ်မီမှာပင် ရဟန္တာများဖြစ်ကြလေသည်။

လူသားချင်း တစ်ဦးနှင့် တစ်ဦး မေတ္တာမထားနိုင်ကြသည်မှာ ကိုယ်ချင်းစာစိတ် (ကိုယ်ကျင့်သီလ) (အကျင့်စာရိတ္တ) မရှိကြ၍၊ မကောင်းကြ၍ ဖြစ်သည်။

“စွမ်းရည်သတ္တိက သင့်အား ထိပ်ဆုံးသို့ပို့ဆောင်နိုင်သော်လည်း အကျင့်စာရိတ္တကသာလျှင် ထိုနေရာ၌ တည်မြဲစေမည်” ဟု အဓိပ္ပါယ်ရသော  Jogn Wooden ၏  “Ability may get you to the top, but it takes character to keep you there.”  ဟူသော အဆိုအမိန့်လေးကို သတိရမိသည်။

ရေမြေတွေ ဘယ်လိုခြားသော်လည်း၊ လူမျိုးတွေဘယ်လိုပင် မတူသော်လည်း၊ ဘာသာတွေ ဘယ်လိုကွာခြားသော်လည်း နေရာအများအပြားမှာ၊ လူများစု၊ ဘာသာအများစုကတော့ အကျင့်စာရိတ္တ (character) ကို တန်ဖိုးထားကြ၊ အလေးထားကြသည်ကို တွေ့ရသည်။အကျင့်စာရိတ္တ မကောင်းသည်မှာလည်း အသေအချာစမ်းစစ်ကြည့်တော့ လောဘ၊ ဒေါသ၊ မာနစိတ်တွေပြည့်ကာ ကိုယ်တွင်းအတ္တကောင်က အလွန်ကြီးထွားနေသောကြောင့်ဖြစ်လေသည်။ထိုလောဘ၊ ဒေါသ၊ မာနအညစ် အကြေးများကြောင့်လည်း မေတ္တာတရားကို မလှမ်းနိုင်၊ မကိုင်နိုင်ဖြစ်နေရသည်။
ထိုအညစ်အကြေးများသည် အတ္တဟိတစိတ်ကြောင့် ဖြစ်ပေါ်လာခြင်းပါ။မေတ္တာသည် ပရဟိတစိတ်ကြောင့် ဖြစ်ပေါ်လာခြင်းပါ။ကိုယ်ကျိုးရှာချင်စိတ်က အားကောင်းနေ၍ အများအတွက် မစဉ်းစားနိုင်တာပါ။မေတ္တာမထားနိုင်တာပါ။အများအတွက် စဉ်းစားချင်စိတ် တစ်ခါ၊ နှစ်ခါ၊ သုံးခါ စသည်ဖြင့် သတိလေးထားပြီး ဖြစ်ပေါ်လာအောင် ကြိုးစားကြည့်ပါက ထိုသို့စဉ်းစားမိစဉ်ခဏမှာ ကိုယ်ကျိုးရှာအတ္တစိတ်တွေ ခေတ္တမျှပျောက်သွားပါလိမ့်မည်။

ရင်ထဲမှာ၊ ဦးနှောက်ထဲမှာ စွဲမြဲခိုင်မာနေရမည်က အများအကျိုးဆောင်ရွက်ချင်စိတ်သည် ကောင်းကြောင်းသိရပါမည်။တစ်နည်းအားဖြင့် လူတိုင်းအပေါ် မေတ္တာထားရမည်ဖြစ်ကြောင်း လက်ခံယုံကြည်ရပါမည်။ထိုအခါ တစ်စ တစ်စနှင့် လောဘ၊ ဒေါသ၊ မာန အညစ်အကြေးများ လျော့ပါးလာပါမည်။

ဆိုလိုသည်မှာ လောဘ၊ ဒေါသ၊ မာန အညစ်အကြေးများကိုလည်း မေတ္တာရေဖြင့်ဆေးကြောလျှင် တစ်ချိန်ချိန်မှာ အညစ်အကြေးများ လုံးဝကင်းစင်သွားပါလိမ့်မည်ဟု။

ရိုက်မောင်း
ဇွန် - ၃

( Zawgyi )

“ေမတၱာစိတ္ဆိုတာ ျမင့္ျမတ္တဲ့စိတ္ဓာတ္ပဲ။ကိုယ့္အက်ိဳးအတြက္ သူ႔ကိုခ်စ္ျမတ္ႏိုးတာမ်ိဳးမဟုတ္ဘူး။အတၱဆိုတဲ့အညစ္အေၾကး လုံးဝမပါဘူး။သူေကာင္းစားေစခ်င္တာကိုပဲ ဦးတည္ထားတဲ့၊ မြန္ျမတ္တဲ့စိတ္ဓာတ္လို႔ ေျပာခ်င္တာ”

“မွန္ပါ”

“ဒကာႀကီးတို႔ ဘုန္းႀကီးတို႔အပါအဝင္ လူမ်ားစုကိုေလ့လာၾကည့္ေလ။ကိုယ့္အက်ိဳးအတြက္ပဲ ေရွ႕တန္းတင္ေနၾကတာမဟုတ္လား”

“ဟုတ္ပါတယ္ဘုရား”

“ကိုယ္ပဲႀကီးပြားခ်မ္းသာခ်င္တယ္။ကိုယ္ပဲဂုဏ္အရွိန္အဝါျမင့္ခ်င္တယ္။ကိုယ္ပဲ အစစအရာရာအဆင္ေျပခ်င္တယ္။ကိုယ့္ထက္နိမ့္က်သူနဲ႔ ဆက္ဆံရရင္ သေဘာက်တယ္၊ ေက်နပ္တယ္။ကိုယ့္ထက္အဆင့္ျမင့္သူနဲ႔ ဆက္ဆံရရင္ ဘဝင္မက်ဘူး၊ မေက်နပ္ဘူး။ကိုယ့္သားသမီးက ထူးခြၽန္ရင္ ပီတိျဖစ္တယ္။သူမ်ားသားသမီးထူးခြၽန္ရင္ ၿငိဳျငင္ခ်င္တယ္။အဲ့ဒါသာမန္လူေတြရဲ႕သဘာဝပဲ”

“လူတိုင္းလိုလိုပါပဲ ဘုရား”

“အဲဒီလူေတြထဲမွာ တကာႀကီးေတာ့ မပါဘူးမဟုတ္လား”

“ထိပ္ဆုံးကပါပါတယ္ ဘုရား”

“ဒါျဖင့္ ဒကာႀကီးက သူမ်ားအေပၚေမတၱာထားမယ္ဆိုရင္ ဒကာႀကီးရဲ႕ေမတၱာက မွန္ႏိုင္ပါ့မလား”

“မမွန္ႏိုင္ပါဘူး ဘုရား”

“ဘာျဖစ္လို႔လဲ ဒကာႀကီးရဲ႕”

“တပည့္ေတာ္အေၾကာင္း တပည့္ေတာ္အသိဆုံးမို႔ပါ ဘုရား”

“ဒကာႀကီးလက္ထဲမွာ ပိုက္ဆံမရွိဘဲ ဘုန္းႀကီးကို ပိုက္ဆံေပးလို႔ရပါ့မလား”

“မရပါဘူးဘုရား”

“ဒကာႀကီးဆီမွာ အစားအစာမရွိဘဲနဲ႔ ဘုန္းႀကီးကို ေကြၽးလို႔ရပါ့မလား”

“မရပါဘူးဘုရား”

“ဒါျဖင့္ ဒကာႀကီးရဲ႕ရင္ထဲမွာ ေမတၱာမရွိဘဲ ဘုန္းႀကီးကို ေမတၱာေပးလို႔ရပါ့မလား”

“မရပါဘူး ဘုရား”

“ဒါဆိုရင္ သူမ်ားကိုေပးခ်င္ရင္ ကိုယ့္ဆီမွာဘာျဖစ္ရမလဲ”

“သူမ်ားကိုေပးခ်င္ရင္ ကိုယ့္ဆီမွာရွိရပါမယ္ ဘုရား”

“ဒါျဖင့္ရင္ ဒကာႀကီးဆီမွာ ေမတၱာအရင္ရွိေအာင္ ဘယ္လိုလုပ္မလဲ”

“အရွင္ဘုရားမိန႔္မွ သိရမွာပါ ဘုရား”

“ဒကာႀကီး က်န္းက်န္းမာမာနဲ႔ အသက္မရွည္ခ်င္ဘူးလား”

“ရွည္ခ်င္ပါတယ္ ဘုရား”

“ဒကာႀကီး ပစၥည္းဥစၥာ မခ်မ္းသာခ်င္ဘူးလား”

“ခ်မ္းသာခ်င္ပါတယ္ ဘုရား”

“ဒကာႀကီး ဒုကၡေရာက္ခ်င္လား။အႏၲရာယ္တစ္ခုခုေရာျဖစ္ခ်င္လား”

“ဒုကၡလည္း မေရာက္ခ်င္ပါဘူး။ဘယ္အႏၲရာယ္မွလည္း မျဖစ္ခ်င္ပါဘူး ဘုရား”

“ေအး ဒကာႀကီးရခ်င္တာကို သူ႔ကိုလည္းရေစခ်င္ရမယ္။ဒကာႀကီးမယူခ်င္တာကို သူ႔ကိုလည္းမယူေစရဘူး။ကိုယ္ခ်င္းစာစိတ္ရွိရမယ္။ကိုယ္ခ်င္းစာတတ္တဲ့စိတ္ဓာတ္ဟာ ေမတၱာထားဖို႔အတြက္ အေရးအႀကီးဆုံးအေျခခံစိတ္ပဲ ဒကာႀကီး”

“မွန္ပါဘုရား။တပည့္ေတာ္ မွတ္သားထားပါမယ္”

“တကယ္တမ္း ေမတၱာပြားေတာ့မယ္ဆိုရင္ ဒကာႀကီးကိုယ္တိုင္အေပၚ၊ ဒကာႀကီးအခ်စ္ဆုံးသူအေပၚ၊ ဒကာႀကီးရဲ႕သာမန္မိတ္ေဆြအေပၚ၊ ဒကာႀကီးရဲ႕ရန္သူအေပၚထားတဲ့ အသီးသီးေသာ ေမတၱာစိတ္ဟာ တစ္စိတ္တည္းျဖစ္တဲ့အထိ၊ အဲဒီေလးမ်ိဳးအေပၚ ေမတၱာအတူတူထားႏိုင္တဲ့အထိ ႀကိဳးစားေလ့က်င့္ရမယ္”

“မွန္ပါဘုရား။တပည့္ေတာ္ႀကိဳးစားေလ့က်င့္ပါ့မယ္”

“အေျပာနဲ႔မရဘူးေနာ္ ဒကာႀကီး။တကယ္ေလ့က်င့္ရမွာ”

“တကယ္ေလ့က်င့္မွာပါ ဘုရား။တပည့္ေတာ္ကို ခုလိုသတိေပးတဲ့အတြက္ အရွင္ဘုရားကိုလည္း တပည့္ေတာ္ေက်းဇူးတင္ပါတယ္”

“ဒကာႀကီးကို ခုလိုတကူးတကေျပာရတာ အေၾကာင္းရွိတယ္ ဒကာႀကီး”

“အမိန႔္ရွိပါ ဘုရား”

“ဒကာႀကီးတို႔၊ ဘုန္းႀကီးတို႔လို ပရိသတ္ရွိတဲ့လူေတြက ေမတၱာစိတ္ရွိဖို႔ ပိုၿပီးအေရးႀကီးတယ္ ဒကာႀကီး။ဘုန္းႀကီးေျပာတာကို ဒကာႀကီးသေဘာေပါက္မွာပါ”

“တပည့္ေတာ္ သေဘာေပါက္ပါတယ္ ဘုရား။စိတ္ခ်ပါ ဘုရား၊ တပည့္ေတာ္ တကယ္သတိထားၿပီး ေလ့က်င့္မွာပါ”

အသက္ကလည္းႀကီးလာၿပီ။ဆရာကလည္းျဖစ္ေနျပန္သည္။ဒီေတာ့ ကြၽန္ေတာ္ကသာ ေက်ာင္းသားမ်ားကို ဆုံးမေနရသည္။တစ္ခါတေလ ေက်ာင္းသားမိဘမ်ားကပါ ကြၽန္ေတာ့္အဆုံးအမ လာခံတတ္ၾက၍ လိပ္ျပာမလုံျဖစ္ရေသးသည္။ကိုယ့္အေၾကာင္းကိုယ္သိေန၍ အခ်ိန္အားေသာအခါမ်ိဳး အထူးသျဖင့္ ဆယ္တန္းစာေမးပြဲႀကီးၿပီးသည့္အခ်ိန္မ်ိဳး၊ စိတ္ရႈပ္ေထြးသည့္အခါမ်ိဳးတြင္ ဘုန္းႀကီးေက်ာင္းသို႔သြား၍ ေက်ာင္းထိုင္ဆရာေတာ္၏ အဆုံးအမကို ခံယူတတ္ပါသည္။

ဒီႏွစ္ ပထမဆုံး႐ြာေသာမိုးေၾကာင့္ အေအးမိၿပီးဖ်ားခဲ့သည္။အဖ်ားေပ်ာက္ခါစ တစ္ရက္တြင္ ဘုန္းႀကီးေက်ာင္းသို႔ ေရာက္သြားသည္။ဆရာေတာ္က ေမတၱာထားတတ္ဖို႔ သတိေပးစကားေျပာခဲ့ျခင္းျဖစ္သည္။

ဆရာေတာ့္ဆီမွ ေမတၱာတရားႏွင့္ပတ္သက္၍ သတိေပးတရားနာလာၿပီး ျပန္လာေတာ့မွ လူပ်ိဳဘဝ ငယ္စဥ္က ကြၽန္ေတာ့္ ေက်းဇူးရွင္ဆရာ၏ ေမတၱာထားဖို႔ဆုံးမခဲ့တာကို ျပန္သတိရမိသည္။ဆရာ့ေက်းဇူးေၾကာင့္ ကြၽန္ေတာ္အရက္ျပတ္၍ ပုတီးစိတ္တတ္ခဲ့ပါသည္။ပုတီးစိတ္၍ လအတန္ၾကာေသာအခါ ဆရာက ကြၽန္ေတာ့္ကို ေမတၱာသုတ္႐ြတ္ခိုင္းသည္။ဆရာက ေရွ႕မွတိုင္ေပး ကြၽန္ေတာ္က ေနာက္မွလိုက္ဆိုေပါ့။ေမတၱာသုတ္ကို ေန႔တိုင္း႐ြတ္ျဖစ္သည္။တစ္ႏွစ္ခန႔္အၾကာမွာ ကြၽန္ေတာ္ ေမတၱာသုတ္ကို အလြတ္ရခဲ့သည္။မနက္တစ္ေခါက္၊ ညတစ္ေခါက္ ေမတၱာသုတ္ကို ပုံမွန္႐ြတ္ေသာ္လည္း မၾကာခဏရန္ျဖစ္သည့္ ကြၽန္ေတာ့္အက်င့္ကေတာ့ ေပ်ာက္မသြားပါ။ကြၽန္ေတာ္မွာရွိသည့္ အက်င့္ဆိုးမ်ားထဲမွ အဆိုးဆုံးအက်င့္က စိတ္တို၍ ေဒါသထြက္လြယ္တတ္ျခင္းျဖစ္သည္။ထို႔ေၾကာင့္လည္း ဆရာက ကြၽန္ေတာ့္ကို ေမတၱာသုတ္႐ြတ္ေစခဲ့ျခင္းပါ။

တစ္ညတြင္ ဆရာက ကြၽန္ေတာ့္ကို ေမတၱာပို႔ခိုင္းပါသည္။“အေမ၊ အေဖ၊ သင္ဆရာ၊ ျမင္ဆရာ၊ ၾကားဆရာမ်ားႏွင့္တကြ သတၱဝါအေပါင္း က်န္းမာပါေစ။စိတ္၏ခ်မ္းသာျခင္း၊ ကိုယ္၏ခ်မ္းသာျခင္း၊ ဓမၼ၏ခ်မ္းသာျခင္းႏွင့္ ျပည့္စုံပါေစ” ဟု ဆိုၿပီး ေမတၱာပို႔ေစပါသည္။

ရက္အတန္ၾကာေသာအခါ ဆရာက တစ္ဦးတစ္ေယာက္ထဲကို အာ႐ုံၫႊတ္၍ ေမတၱာပို႔ရန္ေျပာသည္။ကြၽန္ေတာ္က အေမ့ကိုရည္မွန္း၍ ေမတၱာပို႔သည္။ဆရာက တစ္ဆင့္တက္ျပန္သည္။ကြၽန္ေတာ္အမုန္းဆုံးလူ ဘယ္သူလဲဟုေမးသည္။ကြၽန္ေတာ္ကလည္း မဆိုင္းမတြပင္ “ကေလးဗိုလ္” ဟု ျပန္ေျဖသည္။

ထို “ကေလးဗိုလ္” ဆိုသူသည္ ကြၽန္ေတာ္ႏွင့္ တစ္လမ္းထဲေနသူျဖစ္သည္။ကြၽန္ေတာ့္ထက္ ငါးႏွစ္ခန႔္ႀကီးသည္။ကေလးဘဝမွာကတည္းက သူ႔ထက္ငယ္ေသာသူမ်ားကို မိုက္မိုက္႐ိုင္း႐ိုင္း ဗိုလ္က်အႏိုင္က်င့္တတ္၍ သူ႔ကို “ကေလးဗိုလ္” ဟု ေခၚၾကသည္။မႏိုင္၍ ငုံ႔ခံေနရေသာ္လည္း ကြၽန္ေတာ္ သူ႔ကို လုံးဝၾကည့္မရခဲ့ပါ။အ႐ြယ္ေရာက္လာေတာ့ ကြၽန္ေတာ္က သူအႏိုင္က်င့္လွ်င္မခံေတာ့။သူတစ္ခြန္း၊ ကိုယ္တစ္ခြန္း ျပန္ေျပာသည္။သူတစ္ခ်က္၊ ကိုယ္တစ္ခ်က္ ျပန္ထိုးသည္။တစ္လမ္းထဲေနသူမ်ားျဖစ္၍ မိဘခ်င္းခင္မင္မႈအရ၊ လမ္းတြင္း သာေရးနာေရးကိစၥမ်ားအရ ေတြ႕ဆုံဆက္ဆံေနရေသာ္လည္း တစ္ေယာက္ႏွင့္ တစ္ေယာက္ ရန္ေဆာင္ေနၾကသူမ်ားျဖစ္သည္။

ထိုသို႔ ငယ္စဥ္ကေလးဘဝမွစ၍ ၾကည့္မရေအာင္ မုန္းေနမိသူကို ရည္ၫႊန္းကာ “ကေလးဗိုလ္ က်န္းမာ ခ်မ္းသာပါေစ” ဟု ဆရာက ႏႈတ္မွဆိုခိုင္းေတာ့ ကြၽန္ေတာ္က လုံးဝမဆိုပါ။ထိုေန႔မွစၿပီး ဆရာ့အိမ္သို႔ ကြၽန္ေတာ္မေရာက္ေတာ့ပါ။ႏွစ္ပတ္ေလာက္ၾကာေတာ့မွ ဆရာ့အိမ္ေရာက္ျဖစ္သည္။
ဆရာက သူ႔ကို ဆရာတစ္ေယာက္ဟု အသိအမွတ္ျပဳလွ်င္ သူ႔ေက်းဇူးကိုဆပ္ခ်င္လွ်င္ တစ္ေခါက္တည္းဆိုပါဟု ေျပာသည္။ကြၽန္ေတာ္လည္း စိတ္မပါဘဲ ဆရာစိတ္ခ်မ္းသာလွ်င္ၿပီးေရာဟု သေဘာထားကာ “ကေလးဗိုလ္ က်န္းမာခ်မ္းသာပါေစ” ဟု ေဆာင့္ေဆာင့္ေအာင့္ေအာင့္ အသံျပတ္ႏွင့္ ၿပီးစလြယ္ဆိုခဲ့သည္။ဆရာ့မ်က္ႏွာက ၿပဳံးေနသည္။ေနာက္ပိုင္းတြင္လည္း ဆရာစိတ္ခ်မ္းသာေအာင္ တစ္ေၾကာင္း၊ ဆိုေနက်ျဖစ္ေနသည္က တစ္ေၾကာင္းတို႔ေၾကာင့္ သိပ္အခက္အခဲမရွိေတာ့ဘဲ ဆိုႏိုင္ခဲ့သည္။ထူးျခားသည္က ထိုအခ်ိန္မွ စတင္ေရတြက္၍ ခန႔္မွန္းေျခ ေျခာက္လ၊ ခုနစ္လခန႔္အၾကာတြင္ ထို “ကေလးဗိုလ္” ကို ကြၽန္ေတာ္က “အစ္ကိုႀကီး”၊ သူကလည္း ကြၽန္ေတာ့္ကို “ညီေလး” ဟု ေခၚျဖစ္ေနခဲ့ၾကသည္ကို သတိျပဳမိလိုက္သည္။ဆရာ၏ ေမတၱာသင္ခန္းစာေၾကာင့္ အစ္ကိုႀကီး၊ ညီေလး ဇာတ္လမ္းေလး ေျပလည္သြားပါသည္။

ေမတၱာသုတ္ကို ေန႔စဥ္႐ြတ္ျဖစ္ပါသည္။လက္ေတြ႕မွာ စိတ္တိုေဒါသထြက္လြယ္ေသးေသာ္လည္း လူတိုင္းအေပၚ ေမတၱာထားလိုစိတ္ႏွင့္ လူတိုင္းအေပၚ သည္းခံလိုစိတ္ ျပင္းျပလာျခင္းတို႔ျဖစ္သည္။ဆရာေတာ္ေဟာခဲ့သလိုပင္ ေမတၱာစိတ္သည္ အလြန္မြန္ျမတ္ေသာစိတ္ဓာတ္ျဖစ္ပါသည္။
အတၱစိတ္မစြန႔္ပယ္ႏိုင္ေသာ သာမန္လူသားမ်ားအေနႏွင့္ အလြယ္တကူရယူပိုင္ဆိုင္ဖို႔ မျဖစ္ႏိုင္ပါ။အေျပာလြယ္ေလာက္ လက္ေတြ႕လုပ္ရန္ခက္ခဲေသာကိစၥမ်ားတြင္ ေမတၱာစိတ္ထားႏိုင္မႈသည္ ထိပ္ဆုံးမွပါဝင္သည္။အကယ္၍ ေမတၱာတရားကိုသာ လူတိုင္း၏ရင္ထဲမွာ ထည့္ထားႏိုင္မည္ဆိုလွ်င္လည္း မိသားစု၊ အသိုင္းအဝိုင္းတြင္မက ကမာၻႀကီးတစ္ခုလုံးပင္ ၿငိမ္းခ်မ္းသြားပါလိမ့္မည္။

ဆရာေတာ္မိန႔္သလို ေမတၱာစိတ္ထားႏိုင္ရန္အတြက္ “ကိုယ္ခ်င္းစာ” စိတ္ ရွိရမည္ထင္ပါသည္။“ကိုယ္ခ်မ္းသာခ်င္သလို သူလည္းခ်မ္းသာခ်င္မွာပဲ၊ ကိုယ္မဆင္းရဲခ်င္သလို သူလည္းဆင္းရဲခ်င္မွာမဟုတ္ဘူး” စသည္ျဖင့္ ကိုယ္ခ်င္းစာစိတ္ရွိၾကလွ်င္ တစ္ေယာက္ႏွင့္ တစ္ေယာက္ မေက်နပ္မႈမ်ား၊ အာဃာတမ်ား၊ အမ်က္ေဒါသမ်ား ျဖစ္ၾကမည္ မဟုတ္ေတာ့ပါ။

ကိုယ္ခ်င္းစာတတ္သူသည္ ကိုယ့္အသက္ကို တန္ဖိုးထားသည့္အတြက္ ကိုယ္ကလည္း တစ္စုံတစ္ေယာက္၏အသက္ကို သတ္ျဖစ္မည္မဟုတ္ပါ။ကိုယ့္စည္းစိမ္ဥစၥာကို မပ်က္စီးခ်င္ဘဲ တိုးပြားခ်င္ၾကသည္။ထို႔ေၾကာင့္ သူမ်ား၏စည္းစိမ္ဥစၥာကို လုယက္ဖ်က္ဆီးျခင္းမျပဳေတာ့ပါ။
ကိုယ့္သားသမီး ကိုယ့္အိမ္ေထာင္ဖက္ကို တန္ဖိုးထားေသာေၾကာင့္ သူ႔သား သူ႔သမီး သူ႔အိမ္ေထာင္ဖက္ကိုလည္း ဖ်က္ဆီးရန္ႀကံစည္မည္မဟုတ္ေတာ့ပါ။ကိုယ့္အေပၚ လိမ္ညာလွည့္စားေျပာဆိုတာကို မခံႏိုင္သလို သူတစ္ပါးအေပၚကိုလည္း လိမ္ညာလွည့္စား ေျပာဆိုျခင္းျပဳမွာမဟုတ္ပါ။

တကယ္ေတာ့ ကိုယ္ခ်င္းစာစိတ္သည္ အက်င့္သီလျဖစ္ပါသည္။အက်င့္စာရိတၱျဖစ္ပါသည္။ကိုယ္တိုင္ခံယူသိရွိ၍ ကိုယ္တိုင္သတိထားက်င့္ႀကံရသည့္ ကိုယ္က်င့္တရားျဖစ္ပါသည္။ကိုယ္တိုင္က အက်င့္စာရိတၱေကာင္းမွ ေမတၱာထားႏိုင္ေပလိမ့္မည္။ျဖဴစင္တန္ဖိုးရွိေသာ ရတနာပစၥည္းကို ညစ္ေပေနေသာလက္ျဖင့္ ခံယူ၍မရေသာ သေဘာျဖစ္ပါသည္။ေမတၱာသည္ တန္ဖိုးရွိေသာအရာျဖစ္သျဖင့္ အက်င့္စာရိတၱသည္ ေမတၱာကို ရယူႏိုင္သည့္ အရင္းအႏွီးျဖစ္၏။

နိဗၺာန္ဟူေသာ တန္ဖိုးရွိေသာေနရာအတြက္ သီလ၊ သမာဓိ၊ ပညာႏွင့္ ရင္းႏွီးရယူရသကဲ့သို႔ျဖစ္၏။ဘုရားရွင္ကိုယ္တိုင္က သတၱဝါမ်ားအေပၚ ေစတနာေမတၱာထားသျဖင့္ ပါရမီဆယ္ပါးကိုျဖည့္က်င့္ကာ ဘုရားအျဖစ္ကို ႀကိဳးစားရယူခဲ့သည္။ဘုရားျဖစ္ေတာ္မူလာေသာအခါတြင္လည္း သတၱဝါမ်ားအေပၚ ေစတနာေမတၱာထားကာ တရားေဟာ၊ တရားျပျခင္းျဖင့္ ဒုကၡတြင္းမွ ကယ္တင္ေပးခဲ့ပါသည္။မၾကာခဏဆိုသလိုလည္း ရဟန္း၊ ရွင္၊ လူအေပါင္းကို တစ္ဦးႏွင့္ တစ္ဦး ကိုယ္က်င့္သီလမပ်က္ဘဲ ႏွလုံးသြင္းမွန္မွန္ႏွင့္ ေမတၱာမပ်က္ရန္၊ ေမတၱာထားရန္ သတိေပးမွာၾကားေလ့ရွိပါသည္။

ျမတ္စြာဘုရားရွင္ ပြင့္ေတာ္မူစဥ္ကျဖစ္ပါသည္။ငါးရာေသာ ရဟန္းတို႔သည္ ဘုရားရွင္ထံမွ ကမၼ႒ာန္းဘာဝနာကို သင္ယူၿပီးေနာက္ ဟိမဝႏၲာႏွင့္ တစ္ဆက္တည္းေသာ ေတာအုပ္ႀကီးအတြင္းမွာ တရားအားထုတ္ၾကသည္။ထိုေတာထဲမွာရွိေသာ နတ္မ်ားက ေျခာက္လွန႔္ေနေသာေၾကာင့္ စိတ္တည္ၿငိမ္မႈမရဘဲ စိုးရိမ္ေၾကာင့္ၾကစြာ အားထုတ္ရေသာေၾကာင့္ အခ်ိန္ၾကာလာေသာ္လည္း တရားမရႏိုင္ဘဲ ေသာကေဝဒနာမ်ားသာရရွိၾကေလသည္။ထို႔ေၾကာင့္ ဘုရားရွင္ထံသို႔ျပန္သြားသည္။ဘုရားရွင္ကို အက်ိဳးအေၾကာင္းေလွ်ာက္တင္ေသာအခါ ဘုရားရွင္က ေၾကာက္စရာမလိုေၾကာင္း ရွင္းျပသည္။ထိုနတ္မ်ားအနက္ မေကာင္းေသာနတ္အခ်ိဳ႕ရွိၿပီး ထိုနတ္မ်ားက၊ သီလေစာင့္ထိန္း၍ သူေတာ္ေကာင္းတရား အားထုတ္ေနေသာ ရဟန္းမ်ားအနီးအနား၌ မေနဝံ့ေသာေၾကာင့္ ေျခာက္လွန႔္ၾကျခင္းျဖစ္သည္။သို႔ေသာ္လည္း နတ္အမ်ားစုမွာ ေကာင္းေသာနတ္မ်ားျဖစ္ၿပီး ရဟန္းတို႔၏ ေမတၱာကိုခံယူခ်င္ေသာေၾကာင့္ ေမတၱာပို႔ရန္ သတိေပးေနျခင္းျဖစ္သည္။ထို႔ေၾကာင့္ စိတ္ကိုျဖဴျဖဴစင္စင္ ေျဖာင့္ေျဖာင့္မတ္မတ္ထား၍ သတၱဝါအေပါင္းကို အနိမ့္အျမင့္၊ အယုတ္အျမတ္၊ ရန္သူမိတ္ေဆြ မခြဲျခားဘဲ ေမတၱာေပးပို႔ၿပီးမွ ကိုယ္စီ ကမၼ႒ာန္းတရားမ်ား ဆက္လက္အားထုတ္ၾကရန္ မွာၾကားကာ ေမတၱာသုတ္ကို သင္ေပး၍ မူလေတာအုပ္သို႔ ျပန္လည္ေစလႊတ္လိုက္သည္။

ရဟန္းမ်ားလည္း ေတာအုပ္သို႔ျပန္လာကာ သတၱဝါအေပါင္းကို ညီမွ်ေသာေမတၱာမ်ားေပးပို႔ၿပီးမွ တရားအားထုတ္ၾကသည္။မေကာင္းေသာနတ္မ်ားက မေျခာက္လွန႔္ႏိုင္ၾကေတာ့။ေကာင္းေသာနတ္မ်ားက ရဟန္းသံဃာတို႔၏ ေမတၱာကိုခံယူရရွိသျဖင့္ သတိေပးစရာမလိုေတာ့ေပ။
တျဖည္းျဖည္းႏွင့္ ေကာင္းေသာနတ္၊ မေကာင္းေသာနတ္မ်ားလည္း စည္း႐ုံးမိၾကၿပီး ရဟန္းအေပါင္းကို အေႏွာင့္အယွက္မေပးသည့္အျပင္ အစစအရာရာ အဆင္ေျပေအာင္ပင္ အကူအညီေပးခဲ့ၾက၏။ရဟန္းငါးရာလုံးသည္ ဝါမကြၽတ္မီမွာပင္ ရဟႏၲာမ်ားျဖစ္ၾကေလသည္။

လူသားခ်င္း တစ္ဦးႏွင့္ တစ္ဦး ေမတၱာမထားႏိုင္ၾကသည္မွာ ကိုယ္ခ်င္းစာစိတ္ (ကိုယ္က်င့္သီလ) (အက်င့္စာရိတၱ) မရွိၾက၍၊ မေကာင္းၾက၍ ျဖစ္သည္။

“စြမ္းရည္သတၱိက သင့္အား ထိပ္ဆုံးသို႔ပို႔ေဆာင္ႏိုင္ေသာ္လည္း အက်င့္စာရိတၱကသာလွ်င္ ထိုေနရာ၌ တည္ၿမဲေစမည္” ဟု အဓိပၸါယ္ရေသာ  Jogn Wooden ၏  “Ability may get you to the top, but it takes character to keep you there.”  ဟူေသာ အဆိုအမိန႔္ေလးကို သတိရမိသည္။

ေရေျမေတြ ဘယ္လိုျခားေသာ္လည္း၊ လူမ်ိဳးေတြဘယ္လိုပင္ မတူေသာ္လည္း၊ ဘာသာေတြ ဘယ္လိုကြာျခားေသာ္လည္း ေနရာအမ်ားအျပားမွာ၊ လူမ်ားစု၊ ဘာသာအမ်ားစုကေတာ့ အက်င့္စာရိတၱ (character) ကို တန္ဖိုးထားၾက၊ အေလးထားၾကသည္ကို ေတြ႕ရသည္။အက်င့္စာရိတၱ မေကာင္းသည္မွာလည္း အေသအခ်ာစမ္းစစ္ၾကည့္ေတာ့ ေလာဘ၊ ေဒါသ၊ မာနစိတ္ေတြျပည့္ကာ ကိုယ္တြင္းအတၱေကာင္က အလြန္ႀကီးထြားေနေသာေၾကာင့္ျဖစ္ေလသည္။ထိုေလာဘ၊ ေဒါသ၊ မာနအညစ္ အေၾကးမ်ားေၾကာင့္လည္း ေမတၱာတရားကို မလွမ္းႏိုင္၊ မကိုင္ႏိုင္ျဖစ္ေနရသည္။
ထိုအညစ္အေၾကးမ်ားသည္ အတၱဟိတစိတ္ေၾကာင့္ ျဖစ္ေပၚလာျခင္းပါ။ေမတၱာသည္ ပရဟိတစိတ္ေၾကာင့္ ျဖစ္ေပၚလာျခင္းပါ။ကိုယ္က်ိဳးရွာခ်င္စိတ္က အားေကာင္းေန၍ အမ်ားအတြက္ မစဥ္းစားႏိုင္တာပါ။ေမတၱာမထားႏိုင္တာပါ။အမ်ားအတြက္ စဥ္းစားခ်င္စိတ္ တစ္ခါ၊ ႏွစ္ခါ၊ သုံးခါ စသည္ျဖင့္ သတိေလးထားၿပီး ျဖစ္ေပၚလာေအာင္ ႀကိဳးစားၾကည့္ပါက ထိုသို႔စဥ္းစားမိစဥ္ခဏမွာ ကိုယ္က်ိဳးရွာအတၱစိတ္ေတြ ေခတၱမွ်ေပ်ာက္သြားပါလိမ့္မည္။

ရင္ထဲမွာ၊ ဦးေႏွာက္ထဲမွာ စြဲၿမဲခိုင္မာေနရမည္က အမ်ားအက်ိဳးေဆာင္႐ြက္ခ်င္စိတ္သည္ ေကာင္းေၾကာင္းသိရပါမည္။တစ္နည္းအားျဖင့္ လူတိုင္းအေပၚ ေမတၱာထားရမည္ျဖစ္ေၾကာင္း လက္ခံယုံၾကည္ရပါမည္။ထိုအခါ တစ္စ တစ္စႏွင့္ ေလာဘ၊ ေဒါသ၊ မာန အညစ္အေၾကးမ်ား ေလ်ာ့ပါးလာပါမည္။

ဆိုလိုသည္မွာ ေလာဘ၊ ေဒါသ၊ မာန အညစ္အေၾကးမ်ားကိုလည္း ေမတၱာေရျဖင့္ေဆးေၾကာလွ်င္ တစ္ခ်ိန္ခ်ိန္မွာ အညစ္အေၾကးမ်ား လုံးဝကင္းစင္သြားပါလိမ့္မည္ဟု။

႐ိုက္ေမာင္း
ဇြန္ - ၃