【 ဆောင်းပါး 】 “မိုးဦး လေဦးနှင့် ကိုဗစ်”

【 ဆောင်းပါး 】 “မိုးဦး လေဦးနှင့် ကိုဗစ်”

ယခုရက်ပိုင်း မိုးဦး၏အငွေ့အသက်များ အစပြုလာသလို မုန်တိုင်းအရှိန်ကြောင့်လည်း မိုးကမစဲတော့။ရုတ်တရက်လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုများနှင့်အတူ အိမ်များ၊ တဲများ၊ အဆောက်အဦးများ ပြိုလဲမှုတွေ ရက်ပိုင်းအတွင်း ဖြစ်ပွားနေသည်ကိုတွေ့ရသည်။မိုးဦးကာလသို့ရောက်သည်နှင့် ဒီလိုအခြေအနေက မကြာခဏတွေ့မြင်နေကြသည်မှာ မဆန်းလှ။သို့သော် ဒီရာသီတွင် တွေ့ကြုံနေကြ သဘာဝဘေးအန္တရာယ်များဖြစ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်း၊ လျှပ်စီးလက်၊ မိုးကြိုးပစ်ခြင်းနှင့် တောမီးလောင်ကျွမ်းခြင်းတို့ကြောင့်  မြန်မာနိုင်ငံ နေရာဒေသအတော်များများတွင် ထိခိုက်ပျက်စီးမှုနှင့်အတူ လူသေဆုံးမှုကိုလည်း နှစ်စဉ်တွေ့ကြုံနေရသည်ကို တွေ့ရသည်။

လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ မိုးကြိုးပစ်ခတ်ခြင်းကြောင့် ယခုမိုးဦးလေဦးကျသည့်ကာလအတွင်းမှာပင် လူနေအိမ်များ လဲပြိုပျက်စီးခြင်း၊ သစ်ပင်ကြီးငယ်များလဲကျခြင်း၊ လျှပ်စစ်ဓာတ်မီးတိုင်များလဲပြိုကာ မီးပြတ်တောက်ခြင်း၊ လျှပ်စစ်ရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းခြင်း စသည့် သဘာဝဘေးအန္တရာယ်များဖြစ်သည်မှာ မနည်းတော့။
အထက်အညာဒေသများတွင်လည်း ယခုနွေနှင့်မိုးအကူးရာသီတွင် မိုးကြိုးပစ်ခြင်းကြောင့် လူနှင့်တိရစ္ဆာန် သေဆုံးမှုနူန်းက ကြောက်ခမန်းလိလိတက်လာသည်ကို တွေ့ရသည်။

အထူးသတိထားရမည်ကား မကြာခင် အလယ်တန်း၊ မူလတန်း ကျောင်းများကို ဖွင့်တော့မည်ဖြစ်သည်။ယခုနှစ်တွင် ကိုဗစ် ၁၉ ကူးစက်ကပ်ရောဂါကြောင့် ကျောင်းဖွင့်ချိန်နောက်ကျခဲ့သည်။ယခုတိုင် အလယ်တန်း၊ မူလတန်းနှင့် တက္ကသိုလ်များ မဖွင့်နိုင်သေး။ယခင်ကဆို နှစ်စဉ် ဒီလိုအချိန်ဆို ကျောင်းတွေမြိုင်မြိုင်ဆိုင်ဆိုင်ဖွင့်သလို ရန်ကုန်တွင်သော်လည်းကောင်း၊ နယ်အချို့ဒေသနှင့် မြို့ကြီးအချို့တွင်လည်းကောင်း လူမမယ်ကလေးငယ်များ လျှပ်စစ်အန္တရာယ်ကြောင့် ပျက်စီးဆုံးပါးရတာ၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးပါးရတာတွေ ဖြစ်လေ့ဖြစ်ထရှိနေတာ ကြားရလေ့ရှိသည်။အထူးသဖြင့် မိုးဦးလေဦးကြောင့် ရာသီဥတုနှင့်ဆက်နွယ်သည့် မတော်တဆဖြစ်ရပ်တွေပင်ဖြစ်သည်။ဒီထဲမှာ တချို့ဘေးအန္တရာယ်တွေက ကြိုတင်ကာကွယ်နိုင်သည့် ကိစ္စတွေဖြစ်ပြီး တချို့ဘေးတွေကတော့ ကံကြမ္မာအတိုင်း တားဆီးခွင့်မရသည့် ကိစ္စတွေဖြစ်သည်။

သဘာဝဘေးဖြစ်သည့် မုန်တိုင်း၊ လေပြင်းနှင့် ရေကြီးခြင်းတွေက ကိုယ့်အိမ်သားတွေအတွက် နေ့စဉ်နှင့်အမျှ သဘာဝအခြေအနေကို မျက်ခြေမပြတ်စေရန် မျက်စိနှင့်နားကိုဖွင့်ကာ သတင်းစာဖတ်၊ ရေဒီယိုနားထောင်၊ ရုပ်/သံကြည့်ရန် အလွန်အရေးကြီးသည်။လေမုန်တိုင်းဒဏ်ကြောင့် လူနေတိုက်တာ အဆောက်အအုံများ၊ ဘုန်းတော်ကြီးကျောင်းနှင့် သာသနိကအဆောက်အအုံများ၊ စာသင်ကျောင်းများ ပြိုလဲ အမိုးလန်အကာပျက်ဖြစ်ကာ ပျက်စီးဆုံးရှုံးရမှုတွေကို မကာကွယ်နိုင်သည်မှန်သော်လည်း လူ့အသက်ဆုံးရှုံးမှုကိုတော့ ကာကွယ်နိုင်သည်ဖြစ်သည်။သဘာဝဘေးအန္တရာယ်ကို ဘယ်နေရာမှာဘာဖြစ်မည်ဆိုပြီး သေချာပေါက်ကြိုတင်တွက်ချက်ခန့်မှန်းခြင်းမျိုး မလုပ်နိုင်သော်လည်း အနီးစပ်ဆုံးခန့်မှန်းချက်များကို အာဏာပိုင်တွေက ထုတ်ပြန်ကြေညာပေးသော်လည်း အများစုက ပေါ့လျော့ကြသည်ကိုတွေ့ရသည်။

တချို့သောဖြစ်စဉ်များတွင်မှု မဖြစ်သင့်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရသည့်အဖြစ်များကို တွေ့ရသည်။လေပြင်းတိုက်ခတ်စဉ်  ဖြစ်လာနိုင်သည့်အန္တရာယ်ကို မထီလေးစားပြုကာ ပြင်ပသို့ထွက်ကြည့်ခြင်း၊ စိတ်ချလုံခြုံရသည့်နေရာမှ လေတိုက်ခတ်နေသည့် ပြင်ပသို့ထွက်ကာ သွားလာခြင်း၊ မလိုအပ်ဘဲ တခြားကိစ္စများကိုဆောင်ရွက်ခြင်း စသည့်အလုပ်များကို လုပ်ကိုင်တတ်ကျသလို ကလေးငယ်များ၊ ကျောင်းသားငယ်များကိုလည်း တလွဲဆံပင်ကောင်းဆိုသလို  ဘေးအန္တရာယ်ကျရောက်မည်ဟု ကြေငြာထားချိန်တွင် မဖြစ်သေးနိုင်ပါဘူးဟု ပေါ့ဆယူဆကာ ပြင်ပသို့ခိုင်းစေခြင်းများလည်း လုပ်တတ်မှုများကြောင့် မဖြစ်သင့်သည့် ဖြစ်ရပ်များ ဖြစ်လာရသည်ကို တွေ့ရပေသည်။

မည်သူမဆို သတိထားမှ အန္တရာယ်ကင်းပေမည်။သူများအထင်ကြီးဖို့ အသက်ကိုစွန့်သည့် ထီမထင်လုပ်ပြခြင်းက သတ္တိမဟုတ်ပေ။မိုက်ရူးရဲခြင်းသာဖြစ်သည်။လေပြင်း သို့မဟုတ် မုန်တိုင်းတိုက်ခတ်နေချိန်တွင် ဆွေးမြည့်နေသော အိမ်အိုအိမ်ဟောင်းများအတွင်း၌ နေထိုင်ခြင်း၊ သစ်ပင်ကြီးများအောက်၌ ခိုလှုံခြင်း၊ လျှပ်စစ်ဓာတ်မီးတိုင်များအနီး၌ ရပ်နေခြင်း စသည်တို့ကား ဘယ်တော့မှမလုပ်သင့်သည့် အလုပ်များဖြစ်သည်။

ပြီးခဲ့သည့်နှစ်အတွင်း မိုးဦးလေဦးကာလ ကျောင်းသားကလေးငယ်များ မသေသင့်ဘဲ သေဆုံးရသည့် ဖြစ်ရပ်များတွင် အဓိကမှာ လျှပ်စစ်ကြောင့် အဓိကဖြစ်ပြီး နောက်ထပ်ကြောက်စရာကောင်းသည့်  အကြောင်းအရာက မိုးကြိုးပစ်မှုကြောင့်ပင်ဖြစ်သည်။

ရန်ကုန်နှင့် မြို့ကြီးများတွင် မိုးရွာသည်နှင့် ကလေးလူကြီးမကျန် ဘောလုံးကွင်းထဲရောက်တတ်ကြသလို နယ်ဒေသတွင်လည်း အများစုက လေဟာပြင်ကွင်းပြင်ဖြစ်သည့် လယ်ကွင်းနှင့် ကွင်းပြင်ထီးထီးတွင် သွားလာနေထိုင်လုပ်ကိုင်ရသလို မိုးခိုလျှင်လည်း ထီးထီးတည်ရှိနေသည့် သစ်ပင်ကြီးများအောက် မိုးခိုကြသည်ကများသည်။

တစ်ခါတစ်လေ လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်မှ မီးကြိုးများပြတ်ကာ လမ်းပေါ်နှင့် ဘောလုံးကွင်းစပ်၊ ရေမြောင်းစပ်တွင် ကျနေတတ်သလို အနီးရှိ ရေအိုင်၊ ရေကန်စပ်စပ်များသို့ပါ လျှပ်စစ်ဓာတ်စီးဝင်လေ့ရှိနေတတ်သည်။ဟိုး ၂ နှစ် ၃ နှစ်ကျော်က ဒဂုံမြို့သစ်ဘက်တွင်ဖြစ်ပွားခဲ့ရာ ဘောလုံးကန်ရင်း ဘောလုံးလာကောက်သည့် ကျောင်းသားတစ်ဦး သေဆုံးခဲ့ရသည့်ဖြစ်စဉ်မျိုးရှိခဲ့သည်။လှိုင်တွင် ဓာတ်အားစီးဝင်နေသည့် ဓာတ်တိုင်ကို ကိုင်မိသဖြင့်  ကျောင်းမတက်ခင် သေဆုံးခဲ့ရသည့် ကျောင်းသားဖြစ်အင်ကလည်း ရှိခဲ့ဘူးသည်ရှိသည်။

ထိုသို့ ပြတ်ကျနေတတ်သည့်ဓာတ်ကြိုးအား နင်းမိရာမှလည်း ဓာတ်လိုက်သေဆုံးမှုများဖြစ်လေ့ရှိရာ မိုးဦးလေဦးကာလမှာ ပြင်ပသို့သွားလာတတ်သူနှင့် ကလေးငယ်များအတွက် သေမင်းအန္တရာယ်က လက်တစ်ကမ်းမှာ ရှိနေတတ်သည်။နယ်တွင်က လျှပ်စစ်ထက် မိုးကြိုးအန္တရာယ်က ပိုကြောက်စရာကောင်းလာခဲ့သည်။ယခုနောက်ပိုင်း ရာသီဥတုဖောက်ပြန်မှု၊ ပြောင်းလဲမှုက မြန်ဆန်ကာ မိုးရာသီမတိုင်ခင်ကပင် တိမ်တောင်များ၊ စိုက်ဆင်းလေများကြောင့် လွင်ပြင်ကျယ်နှင့် သစ်တောပါးလျားသည့်နယ်များတွင် မိုးသက်လေပြင်း ရုတ်တရက်ကျခြင်းအပြင် မိုးကြိုးပစ်ခြင်း၊ မိုးကြိုးစက်ကွင်းမိခြင်းကြောင့် သေဆုံးရသူက မြင့်တက်လာခဲ့သည်။ထိုထဲတွင် လူငယ်နှင့် ငယ်ရွယ်သူတွေက အများဆုံးပင်ဖြစ်လေသည်။ဒါက မိုးဦးလေဦးမှာဖြစ်တတ်သည့် ဘေးတွေဖြစ်သည်။

နောက်တစ်မျိုးက ကျန်းမာရေးဆိုင်ရာပြဿနာ။တစ်နွေလုံးပူလာပြီး မိုးရာသီရောက်သည်နှင့် အများစုက မိုးကောင်းလျှင် ကောင်းသလို မိုးရေတစ်ပေါက်နှစ်ပေါက်တော့ အားရပါးရချိုးလိုက်ခြင်း၊ သန့်စင်သည့် မိုးရေဆိုပြီး သောက်လိုက်ခြင်းများ လုပ်လိုက်ကြခြင်းမျိုး လုပ်တတ်ကြသည်။

မိုးရေတွင် ရောဂါပိုးမွှားများ ပါဝင်နေသလို မိုးဦးရာသီမှာ နေပူလိုက်၊ မိုးရွာလိုက်ဖြင့် အပူငွေ့များဟပ်ခြင်းကြောင့် မျက်စိနာရောဂါ ဖြစ်လေ့ရှိတတ်သည်။ထို့ပြင် ရာသီပြောင်းအဖျားနှင့် ယခုလို ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်နေသည့်အချိန်တွင် မိုးထဲလေထဲ မိုးရေချိုးတာ၊ မိုးမိတာကို မပေါ့ဆဖို့တွေ သတိထားဖို့လိုမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွေက ဝက်တုပ်ကွေး၊ ကြက်တုပ်ကွေး၊ ငှက်တုပ်ကွေးတွေလို ပြင်းထန်တုပ်ကွေးဗိုင်းရပ်စ်ကြောင့် အများပြည်သူထိတ်လန့်ခဲ့ရသည်။ယခုနှစ်တွင် ကိုဗစ် ၁၉ က ကမ္ဘာတစ်ဝန်း တစ်ကျော့နှစ်ကျော့ဖြင့် လူပေါင်း ၈ သိန်းနားအထိ သေဆုံးစေခဲ့ပြီးဖြစ်သည်။မြန်မာပြည်တွင် အစီအမံကောင်းခြင်း၊ လိုက်နာကြသူများခြင်း၊ သတိရှိခြင်းကြောင့် ယခုထိသေဆုံးသူက ၆ ဦးသာရှိခဲ့ခြင်းဖြစ်သည်။ယခုနှစ်တွင် ဝါထပ်သဖြင့် မိုးကောင်းဖို့ကများနေသည်။ယခုတွင်ပဲ အချို့နေရာဒေသများတွင် မုန်တိုင်းအရှိန်ကြောင့် မိုးကြီးသဖြင့် ရေလျှံခြင်းတွေ ရေကြီးခြင်းတွေကို တွေ့မြင်နေရပြီ။ထို့ကြောင့် မိုးထဲရေထဲသွားတာကနေ လူတွေမဖျားမနာဖို့၊ ကိုဗစ်ကူးစက်မခံရဖို့ ပိုအရေးကြီးနေပြီဖြစ်သည်။

ယခုမိုးဦးလေဦးက ကျောင်းဖွင့်ရာသီဖြစ်သလို မကြာခင် ကျောင်းတွေပြန်ဖွင့်မည်ဖြစ်သဖြင့် ယခုမှစတက်သည့် ကျောင်းသားငယ်တွေအတွက် လောကအသစ်ဖြစ်သည့် စာသင်ကျောင်းကို မြင်တွေ့ခွင့်ရသလို ကျောင်းသားဟောင်းတွေအတွက်လည်း အမိစာသင်ခန်းကို ပြန်ထိတွေ့ခွင့်ရသည့် အချိန်အခါဖြစ်သည်။ဒီအချိန်အခါတွင် မိုးဦးလေဦးမို့ အထူးသတိထားစေချင်သည်။ကပ်ဘေးနှင့်  ကြိုတင်ကာကွယ်လို့ရသည့် ဘေးတွေကြောင့် ယခင်ကလို စာသင်ခန်းသို့ရောက်ခါနီးမှ ထာဝရပျောက်ကွယ်ခဲ့ရသည့် သားငယ် သမီးငယ်တွေအဖြစ်မျိုး မကြားမမြင်မိစေချင်သလို အိမ်ပြန်မရောက်သည့် မိသားစုဝင်အဖြစ်မျိုးကိုလည်း မကြုံချင် မတွေ့ချင် မကြားချင်ပါ။

သက်ဆိုင်ရာက ပြင်ဆင်နေသည့်ဆိုပေမယ့် လစ်ဟာမှုတွေရှိတတ်သည်မို့ အားလုံးကိုယ်စီနှင့် မိဘတိုင်းက အသိ၊ သတိနှင့်ယှဉ်ကာ မိုးဦးလေဦးနှင့် ကျန်းမာရေးကပ်ဘေးကို မိမိရင်သွေးငယ်များ ကောင်းမွန်စွာကျော်ဖြတ်စေရန် သတိနှင့်ယှဉ်ကာ ပြင်ဆင်ကြဖို့လိုပါသည်။

မောင်ဦးလွင်
သြဂုတ် - ၁၉

( Zawgyi )

ယခုရက္ပိုင္း မိုးဦး၏အေငြ႕အသက္မ်ား အစျပဳလာသလို မုန္တိုင္းအရွိန္ေၾကာင့္လည္း မိုးကမစဲေတာ့။႐ုတ္တရက္ေလျပင္းတိုက္ခတ္ၿပီး မိုး႐ြာသြန္းမႈမ်ားႏွင့္အတူ အိမ္မ်ား၊ တဲမ်ား၊ အေဆာက္အဦးမ်ား ၿပိဳလဲမႈေတြ ရက္ပိုင္းအတြင္း ျဖစ္ပြားေနသည္ကိုေတြ႕ရသည္။မိုးဦးကာလသို႔ေရာက္သည္ႏွင့္ ဒီလိုအေျခအေနက မၾကာခဏေတြ႕ျမင္ေနၾကသည္မွာ မဆန္းလွ။သို႔ေသာ္ ဒီရာသီတြင္ ေတြ႕ႀကဳံေနၾက သဘာဝေဘးအႏၲရာယ္မ်ားျဖစ္သည့္ ေလျပင္းတိုက္ခတ္ျခင္း၊ မိုးသီးေႂကြက်ျခင္း၊ လွ်ပ္စီးလက္၊ မိုးႀကိဳးပစ္ျခင္းႏွင့္ ေတာမီးေလာင္ကြၽမ္းျခင္းတို႔ေၾကာင့္  ျမန္မာႏိုင္ငံ ေနရာေဒသအေတာ္မ်ားမ်ားတြင္ ထိခိုက္ပ်က္စီးမႈႏွင့္အတူ လူေသဆုံးမႈကိုလည္း ႏွစ္စဥ္ေတြ႕ႀကဳံေနရသည္ကို ေတြ႕ရသည္။

ေလျပင္းတိုက္ခတ္ျခင္း၊ မိုးႀကီးျခင္း၊ မိုးႀကိဳးပစ္ခတ္ျခင္းေၾကာင့္ ယခုမိုးဦးေလဦးက်သည့္ကာလအတြင္းမွာပင္ လူေနအိမ္မ်ား လဲၿပိဳပ်က္စီးျခင္း၊ သစ္ပင္ႀကီးငယ္မ်ားလဲက်ျခင္း၊ လွ်ပ္စစ္ဓာတ္မီးတိုင္မ်ားလဲၿပိဳကာ မီးျပတ္ေတာက္ျခင္း၊ လွ်ပ္စစ္ေရွာ့ျဖစ္ရာမွ မီးေလာင္ကြၽမ္းျခင္း စသည့္ သဘာဝေဘးအႏၲရာယ္မ်ားျဖစ္သည္မွာ မနည္းေတာ့။
အထက္အညာေဒသမ်ားတြင္လည္း ယခုေႏြႏွင့္မိုးအကူးရာသီတြင္ မိုးႀကိဳးပစ္ျခင္းေၾကာင့္ လူႏွင့္တိရစာၦန္ ေသဆုံးမႈႏူန္းက ေၾကာက္ခမန္းလိလိတက္လာသည္ကို ေတြ႕ရသည္။

အထူးသတိထားရမည္ကား မၾကာခင္ အလယ္တန္း၊ မူလတန္း ေက်ာင္းမ်ားကို ဖြင့္ေတာ့မည္ျဖစ္သည္။ယခုႏွစ္တြင္ ကိုဗစ္ ၁၉ ကူးစက္ကပ္ေရာဂါေၾကာင့္ ေက်ာင္းဖြင့္ခ်ိန္ေနာက္က်ခဲ့သည္။ယခုတိုင္ အလယ္တန္း၊ မူလတန္းႏွင့္ တကၠသိုလ္မ်ား မဖြင့္ႏိုင္ေသး။ယခင္ကဆို ႏွစ္စဥ္ ဒီလိုအခ်ိန္ဆို ေက်ာင္းေတြၿမိဳင္ၿမိဳင္ဆိုင္ဆိုင္ဖြင့္သလို ရန္ကုန္တြင္ေသာ္လည္းေကာင္း၊ နယ္အခ်ိဳ႕ေဒသႏွင့္ ၿမိဳ႕ႀကီးအခ်ိဳ႕တြင္လည္းေကာင္း လူမမယ္ကေလးငယ္မ်ား လွ်ပ္စစ္အႏၲရာယ္ေၾကာင့္ ပ်က္စီးဆုံးပါးရတာ၊ သဘာဝေဘးအႏၲရာယ္ေၾကာင့္ ပ်က္စီးဆုံးပါးရတာေတြ ျဖစ္ေလ့ျဖစ္ထရွိေနတာ ၾကားရေလ့ရွိသည္။အထူးသျဖင့္ မိုးဦးေလဦးေၾကာင့္ ရာသီဥတုႏွင့္ဆက္ႏြယ္သည့္ မေတာ္တဆျဖစ္ရပ္ေတြပင္ျဖစ္သည္။ဒီထဲမွာ တခ်ိဳ႕ေဘးအႏၲရာယ္ေတြက ႀကိဳတင္ကာကြယ္ႏိုင္သည့္ ကိစၥေတြျဖစ္ၿပီး တခ်ိဳ႕ေဘးေတြကေတာ့ ကံၾကမၼာအတိုင္း တားဆီးခြင့္မရသည့္ ကိစၥေတြျဖစ္သည္။

သဘာဝေဘးျဖစ္သည့္ မုန္တိုင္း၊ ေလျပင္းႏွင့္ ေရႀကီးျခင္းေတြက ကိုယ့္အိမ္သားေတြအတြက္ ေန႔စဥ္ႏွင့္အမွ် သဘာဝအေျခအေနကို မ်က္ေျခမျပတ္ေစရန္ မ်က္စိႏွင့္နားကိုဖြင့္ကာ သတင္းစာဖတ္၊ ေရဒီယိုနားေထာင္၊ ႐ုပ္/သံၾကည့္ရန္ အလြန္အေရးႀကီးသည္။ေလမုန္တိုင္းဒဏ္ေၾကာင့္ လူေနတိုက္တာ အေဆာက္အအုံမ်ား၊ ဘုန္းေတာ္ႀကီးေက်ာင္းႏွင့္ သာသနိကအေဆာက္အအုံမ်ား၊ စာသင္ေက်ာင္းမ်ား ၿပိဳလဲ အမိုးလန္အကာပ်က္ျဖစ္ကာ ပ်က္စီးဆုံးရႈံးရမႈေတြကို မကာကြယ္ႏိုင္သည္မွန္ေသာ္လည္း လူ႔အသက္ဆုံးရႈံးမႈကိုေတာ့ ကာကြယ္ႏိုင္သည္ျဖစ္သည္။သဘာဝေဘးအႏၲရာယ္ကို ဘယ္ေနရာမွာဘာျဖစ္မည္ဆိုၿပီး ေသခ်ာေပါက္ႀကိဳတင္တြက္ခ်က္ခန႔္မွန္းျခင္းမ်ိဳး မလုပ္ႏိုင္ေသာ္လည္း အနီးစပ္ဆုံးခန႔္မွန္းခ်က္မ်ားကို အာဏာပိုင္ေတြက ထုတ္ျပန္ေၾကညာေပးေသာ္လည္း အမ်ားစုက ေပါ့ေလ်ာ့ၾကသည္ကိုေတြ႕ရသည္။

တခ်ိဳ႕ေသာျဖစ္စဥ္မ်ားတြင္မႈ မျဖစ္သင့္မဆုံးရႈံးသင့္ဘဲ ဆုံးရႈံးရသည့္အျဖစ္မ်ားကို ေတြ႕ရသည္။ေလျပင္းတိုက္ခတ္စဥ္  ျဖစ္လာႏိုင္သည့္အႏၲရာယ္ကို မထီေလးစားျပဳကာ ျပင္ပသို႔ထြက္ၾကည့္ျခင္း၊ စိတ္ခ်လုံၿခဳံရသည့္ေနရာမွ ေလတိုက္ခတ္ေနသည့္ ျပင္ပသို႔ထြက္ကာ သြားလာျခင္း၊ မလိုအပ္ဘဲ တျခားကိစၥမ်ားကိုေဆာင္႐ြက္ျခင္း စသည့္အလုပ္မ်ားကို လုပ္ကိုင္တတ္က်သလို ကေလးငယ္မ်ား၊ ေက်ာင္းသားငယ္မ်ားကိုလည္း တလြဲဆံပင္ေကာင္းဆိုသလို  ေဘးအႏၲရာယ္က်ေရာက္မည္ဟု ေၾကျငာထားခ်ိန္တြင္ မျဖစ္ေသးႏိုင္ပါဘူးဟု ေပါ့ဆယူဆကာ ျပင္ပသို႔ခိုင္းေစျခင္းမ်ားလည္း လုပ္တတ္မႈမ်ားေၾကာင့္ မျဖစ္သင့္သည့္ ျဖစ္ရပ္မ်ား ျဖစ္လာရသည္ကို ေတြ႕ရေပသည္။

မည္သူမဆို သတိထားမွ အႏၲရာယ္ကင္းေပမည္။သူမ်ားအထင္ႀကီးဖို႔ အသက္ကိုစြန႔္သည့္ ထီမထင္လုပ္ျပျခင္းက သတၱိမဟုတ္ေပ။မိုက္႐ူးရဲျခင္းသာျဖစ္သည္။ေလျပင္း သို႔မဟုတ္ မုန္တိုင္းတိုက္ခတ္ေနခ်ိန္တြင္ ေဆြးျမည့္ေနေသာ အိမ္အိုအိမ္ေဟာင္းမ်ားအတြင္း၌ ေနထိုင္ျခင္း၊ သစ္ပင္ႀကီးမ်ားေအာက္၌ ခိုလႈံျခင္း၊ လွ်ပ္စစ္ဓာတ္မီးတိုင္မ်ားအနီး၌ ရပ္ေနျခင္း စသည္တို႔ကား ဘယ္ေတာ့မွမလုပ္သင့္သည့္ အလုပ္မ်ားျဖစ္သည္။

ၿပီးခဲ့သည့္ႏွစ္အတြင္း မိုးဦးေလဦးကာလ ေက်ာင္းသားကေလးငယ္မ်ား မေသသင့္ဘဲ ေသဆုံးရသည့္ ျဖစ္ရပ္မ်ားတြင္ အဓိကမွာ လွ်ပ္စစ္ေၾကာင့္ အဓိကျဖစ္ၿပီး ေနာက္ထပ္ေၾကာက္စရာေကာင္းသည့္  အေၾကာင္းအရာက မိုးႀကိဳးပစ္မႈေၾကာင့္ပင္ျဖစ္သည္။

ရန္ကုန္ႏွင့္ ၿမိဳ႕ႀကီးမ်ားတြင္ မိုး႐ြာသည္ႏွင့္ ကေလးလူႀကီးမက်န္ ေဘာလုံးကြင္းထဲေရာက္တတ္ၾကသလို နယ္ေဒသတြင္လည္း အမ်ားစုက ေလဟာျပင္ကြင္းျပင္ျဖစ္သည့္ လယ္ကြင္းႏွင့္ ကြင္းျပင္ထီးထီးတြင္ သြားလာေနထိုင္လုပ္ကိုင္ရသလို မိုးခိုလွ်င္လည္း ထီးထီးတည္ရွိေနသည့္ သစ္ပင္ႀကီးမ်ားေအာက္ မိုးခိုၾကသည္ကမ်ားသည္။

တစ္ခါတစ္ေလ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ဓာတ္တိုင္မွ မီးႀကိဳးမ်ားျပတ္ကာ လမ္းေပၚႏွင့္ ေဘာလုံးကြင္းစပ္၊ ေရေျမာင္းစပ္တြင္ က်ေနတတ္သလို အနီးရွိ ေရအိုင္၊ ေရကန္စပ္စပ္မ်ားသို႔ပါ လွ်ပ္စစ္ဓာတ္စီးဝင္ေလ့ရွိေနတတ္သည္။ဟိုး ၂ ႏွစ္ ၃ ႏွစ္ေက်ာ္က ဒဂုံၿမိဳ႕သစ္ဘက္တြင္ျဖစ္ပြားခဲ့ရာ ေဘာလုံးကန္ရင္း ေဘာလုံးလာေကာက္သည့္ ေက်ာင္းသားတစ္ဦး ေသဆုံးခဲ့ရသည့္ျဖစ္စဥ္မ်ိဳးရွိခဲ့သည္။လႈိင္တြင္ ဓာတ္အားစီးဝင္ေနသည့္ ဓာတ္တိုင္ကို ကိုင္မိသျဖင့္  ေက်ာင္းမတက္ခင္ ေသဆုံးခဲ့ရသည့္ ေက်ာင္းသားျဖစ္အင္ကလည္း ရွိခဲ့ဘူးသည္ရွိသည္။

ထိုသို႔ ျပတ္က်ေနတတ္သည့္ဓာတ္ႀကိဳးအား နင္းမိရာမွလည္း ဓာတ္လိုက္ေသဆုံးမႈမ်ားျဖစ္ေလ့ရွိရာ မိုးဦးေလဦးကာလမွာ ျပင္ပသို႔သြားလာတတ္သူႏွင့္ ကေလးငယ္မ်ားအတြက္ ေသမင္းအႏၲရာယ္က လက္တစ္ကမ္းမွာ ရွိေနတတ္သည္။နယ္တြင္က လွ်ပ္စစ္ထက္ မိုးႀကိဳးအႏၲရာယ္က ပိုေၾကာက္စရာေကာင္းလာခဲ့သည္။ယခုေနာက္ပိုင္း ရာသီဥတုေဖာက္ျပန္မႈ၊ ေျပာင္းလဲမႈက ျမန္ဆန္ကာ မိုးရာသီမတိုင္ခင္ကပင္ တိမ္ေတာင္မ်ား၊ စိုက္ဆင္းေလမ်ားေၾကာင့္ လြင္ျပင္က်ယ္ႏွင့္ သစ္ေတာပါးလ်ားသည့္နယ္မ်ားတြင္ မိုးသက္ေလျပင္း ႐ုတ္တရက္က်ျခင္းအျပင္ မိုးႀကိဳးပစ္ျခင္း၊ မိုးႀကိဳးစက္ကြင္းမိျခင္းေၾကာင့္ ေသဆုံးရသူက ျမင့္တက္လာခဲ့သည္။ထိုထဲတြင္ လူငယ္ႏွင့္ ငယ္႐ြယ္သူေတြက အမ်ားဆုံးပင္ျဖစ္ေလသည္။ဒါက မိုးဦးေလဦးမွာျဖစ္တတ္သည့္ ေဘးေတြျဖစ္သည္။

ေနာက္တစ္မ်ိဳးက က်န္းမာေရးဆိုင္ရာျပႆနာ။တစ္ေႏြလုံးပူလာၿပီး မိုးရာသီေရာက္သည္ႏွင့္ အမ်ားစုက မိုးေကာင္းလွ်င္ ေကာင္းသလို မိုးေရတစ္ေပါက္ႏွစ္ေပါက္ေတာ့ အားရပါးရခ်ိဳးလိုက္ျခင္း၊ သန႔္စင္သည့္ မိုးေရဆိုၿပီး ေသာက္လိုက္ျခင္းမ်ား လုပ္လိုက္ၾကျခင္းမ်ိဳး လုပ္တတ္ၾကသည္။

မိုးေရတြင္ ေရာဂါပိုးမႊားမ်ား ပါဝင္ေနသလို မိုးဦးရာသီမွာ ေနပူလိုက္၊ မိုး႐ြာလိုက္ျဖင့္ အပူေငြ႕မ်ားဟပ္ျခင္းေၾကာင့္ မ်က္စိနာေရာဂါ ျဖစ္ေလ့ရွိတတ္သည္။ထို႔ျပင္ ရာသီေျပာင္းအဖ်ားႏွင့္ ယခုလို ကိုဗစ္ ၁၉ ကပ္ေရာဂါျဖစ္ေနသည့္အခ်ိန္တြင္ မိုးထဲေလထဲ မိုးေရခ်ိဳးတာ၊ မိုးမိတာကို မေပါ့ဆဖို႔ေတြ သတိထားဖို႔လိုမည္ျဖစ္သည္။

ၿပီးခဲ့သည့္ႏွစ္ေတြက ဝက္တုပ္ေကြး၊ ၾကက္တုပ္ေကြး၊ ငွက္တုပ္ေကြးေတြလို ျပင္းထန္တုပ္ေကြးဗိုင္းရပ္စ္ေၾကာင့္ အမ်ားျပည္သူထိတ္လန႔္ခဲ့ရသည္။ယခုႏွစ္တြင္ ကိုဗစ္ ၁၉ က ကမာၻတစ္ဝန္း တစ္ေက်ာ့ႏွစ္ေက်ာ့ျဖင့္ လူေပါင္း ၈ သိန္းနားအထိ ေသဆုံးေစခဲ့ၿပီးျဖစ္သည္။ျမန္မာျပည္တြင္ အစီအမံေကာင္းျခင္း၊ လိုက္နာၾကသူမ်ားျခင္း၊ သတိရွိျခင္းေၾကာင့္ ယခုထိေသဆုံးသူက ၆ ဦးသာရွိခဲ့ျခင္းျဖစ္သည္။ယခုႏွစ္တြင္ ဝါထပ္သျဖင့္ မိုးေကာင္းဖို႔ကမ်ားေနသည္။ယခုတြင္ပဲ အခ်ိဳ႕ေနရာေဒသမ်ားတြင္ မုန္တိုင္းအရွိန္ေၾကာင့္ မိုးႀကီးသျဖင့္ ေရလွ်ံျခင္းေတြ ေရႀကီးျခင္းေတြကို ေတြ႕ျမင္ေနရၿပီ။ထို႔ေၾကာင့္ မိုးထဲေရထဲသြားတာကေန လူေတြမဖ်ားမနာဖို႔၊ ကိုဗစ္ကူးစက္မခံရဖို႔ ပိုအေရးႀကီးေနၿပီျဖစ္သည္။

ယခုမိုးဦးေလဦးက ေက်ာင္းဖြင့္ရာသီျဖစ္သလို မၾကာခင္ ေက်ာင္းေတြျပန္ဖြင့္မည္ျဖစ္သျဖင့္ ယခုမွစတက္သည့္ ေက်ာင္းသားငယ္ေတြအတြက္ ေလာကအသစ္ျဖစ္သည့္ စာသင္ေက်ာင္းကို ျမင္ေတြ႕ခြင့္ရသလို ေက်ာင္းသားေဟာင္းေတြအတြက္လည္း အမိစာသင္ခန္းကို ျပန္ထိေတြ႕ခြင့္ရသည့္ အခ်ိန္အခါျဖစ္သည္။ဒီအခ်ိန္အခါတြင္ မိုးဦးေလဦးမို႔ အထူးသတိထားေစခ်င္သည္။ကပ္ေဘးႏွင့္  ႀကိဳတင္ကာကြယ္လို႔ရသည့္ ေဘးေတြေၾကာင့္ ယခင္ကလို စာသင္ခန္းသို႔ေရာက္ခါနီးမွ ထာဝရေပ်ာက္ကြယ္ခဲ့ရသည့္ သားငယ္ သမီးငယ္ေတြအျဖစ္မ်ိဳး မၾကားမျမင္မိေစခ်င္သလို အိမ္ျပန္မေရာက္သည့္ မိသားစုဝင္အျဖစ္မ်ိဳးကိုလည္း မႀကဳံခ်င္ မေတြ႕ခ်င္ မၾကားခ်င္ပါ။

သက္ဆိုင္ရာက ျပင္ဆင္ေနသည့္ဆိုေပမယ့္ လစ္ဟာမႈေတြရွိတတ္သည္မို႔ အားလုံးကိုယ္စီႏွင့္ မိဘတိုင္းက အသိ၊ သတိႏွင့္ယွဥ္ကာ မိုးဦးေလဦးႏွင့္ က်န္းမာေရးကပ္ေဘးကို မိမိရင္ေသြးငယ္မ်ား ေကာင္းမြန္စြာေက်ာ္ျဖတ္ေစရန္ သတိႏွင့္ယွဥ္ကာ ျပင္ဆင္ၾကဖို႔လိုပါသည္။

ေမာင္ဦးလြင္
ၾသဂုတ္ - ၁၉