【 ဆောင်းပါး 】 “ဘယ်သူမိုက်သလဲ”

【 ဆောင်းပါး 】 “ဘယ်သူမိုက်သလဲ”

“မင်းကိုယ်မင်းကြည့်စမ်း၊ အသက်လည်း နှစ်ဆယ်ကျော်ပြီ။ဘွဲ့လည်းရပြီ။အလုပ်လည်းဝင်နေပြီ။အခုထက်ထိ အသိဉာဏ်မရှိသေးဘူး။ရထားတဲ့ဘွဲ့ကို မြောင်းထဲသာ သွားလွှင့်ပစ်လိုက်တော့”

“ဘဘကလည်း သားကဘာလုပ်နေလို့လဲ”

“ဘာလုပ်ရမှာလဲ။မနေ့ညက မင်းဘယ်လောက်မူးလာလဲဆိုတာ မင်းမှတ်မိရဲ့လား။ကိုယ့်ကိုယ်ကိုယ်တောင် မသယ်နိုင်ဘူး။သူများက အိမ်အရောက် ကားနဲ့လိုက်ပို့ရတဲ့အဖြစ်။မင်းမရှက်ဘူးလား”

“ဘဘက ဘယ်လိုလုပ်သိလဲ”

“ဒီလမ်းထဲမှာ ငါ့တပည့်တပန်းတွေ အများကြီးရှိတယ်။မင်းတို့ တူဝရီးနှစ်ယောက် ဘာတွေလုပ်နေတယ်ဆိုတာ ငါမသိချင်မှအဆုံး”

“တစ်ခါတလေပါ ဘဘရာ။သား အားလုံးသိပါတယ်။သောက်တာလည်းမှန်ပါတယ်။မူးတာလည်း ဝန်ခံပါတယ်။သားဘာသာသား လမ်းလျှောက်လို့ရပါတယ်။ညက ကားက သားတို့အရာရှိ ကားပါ။သူက သားတစ်ယောက်တည်းကို ပို့ပေးတာမဟုတ်ပါဘူး။သားတို့အားလုံးကို အိမ်အရောက်ပြန်ပို့ပေးတာပါ”

“ဘာပဲဖြစ်ဖြစ်လေ။သောက်တာက သောက်တာပဲ။မူးတာက မူးတာပဲ။အရက်သောက်ရင် အရက်သမားပဲ။ဒီလိုသာ ဆက်ပြီးမိုက်တွင်းနက်နေမယ်ဆိုရင် ငါ့ကို ဘကြီးတစ်ယောက်လို သဘောမထားနိုင်တော့ဘူး။ရှက်တယ်”

“အဲဒီလိုတော့ မပြောပါနဲ့ ဘဘရယ်။သားမှားတာ သားသိပါတယ်။ဘဘကိုလည်း တောင်းပန်ပါတယ်။သားကို အရက်သမားလို့တော့ မပြောပါနဲ့။သားသူငယ်ချင်းတွေဆို ညတိုင်းသောက်တာ။သား ဘယ်တော့မှ သူတို့နဲ့လိုက်မသွားဘူး။တစ်ခါတလေ သူတို့နဲ့ ပါသွားရင်တောင်၊ အရက်မသောက်ဘူး။အမြည်းပဲစားတာ။ မကောင်းမှန်းသိလို့ သားဆင်ခြင်ပါတယ်။အခုဆို သူတို့က သားအကြောင်းသိလို့ အတင်းမတိုက်တွန်းတော့ဘူး။ညကတော့ အရာရှိကိုယ်တိုင် ပါလာတော့ သူ့ကို အားနာမိပြီး သားသတိလွတ်သွားတာပါ”

“အေး အဲဒါပြောတာပေါ့။မင်းမှာ ဦးနှောက်မှ မရှိတာ။ကိုယ့်ဘကြီးကျတော့ ခွန်းတုံ့ပြန်ပြောတယ်။မင်းအရာရှိကိုတော့ စွတ်အထင်ကြီးနေတယ်။အဲဒီအရာရှိဆိုတာကရော ဘာအသုံးကျလဲ။အသက်တွေ၊ ရာထူးတွေ ကြီးနေပြီး အသိတရား တစ်ပြားမှမရှိဘူး။ဗာလာနံတွေ”

“ဟာ ပြောရင်းဆိုရင်း ရှုပ်ကုန်ပြီ။မဆိုင်တဲ့သူတွေကို မပြောပါနဲ့ ဘဘရယ်။သားတောင်းပန်ပါတယ်။သားကိုယ်တိုင်က မိုက်တာပါ။ဘဘတို့ လေးလေးတို့ ဆုံးမနေတဲ့ကြားက မိုက်မိနေတာပါ”

“ဘာပဲပြောပြော ငါကတော့လက်မခံဘူး။တစ်ရက်ပဲသောက်သောက်၊ တစ်ခွက်ပဲသောက်သောက်။သောက်တာက သောက်တာပဲ။ဘယ့်နှယ်ကွာ ဘကြီးလုပ်တဲ့သူက သူတော်ကောင်းအလုပ် လုပ်တယ်။တူလုပ်တဲ့သူက လူယုတ်မာအလုပ် လုပ်တယ်။ကြားလို့မှကောင်းရဲ့လား”

“သားကို ရိုက်ချင်ရိုက်ပါ။သားအပြစ်အတွက် သားခံပါ့မယ်။လူမိုက်၊ လူယုတ်မာလို့တော့ မပြောပါနဲ့”

“မင်းမိုက်လို့ မိုက်တယ်ပြောတာပေါ့ကွ။လူဆိုတာ ငါးပါးသီလ လုံရတယ်။ငါဆိုကြည့်။ငါးပါးသီလလောက်တော့ ပျင်းတယ်။ရှစ်ပါးသီလတောင် စောင့်လိုက်သေးတယ်။ပြီးတော့ အချိန်တိုင်း တရားမှတ်နေတာ။ကဲ ကလေးအလှည့်ပြီးတော့ လူကြီးလုပ်သူကို ပြောရဦးမယ်။မင်းတူကို ဆုံးမလို့မရရင် သူ့အဖေကို လှမ်းမှာလိုက်။
ဒါမှမဟုတ်ရင် မင်းကိုယ်တိုင်ပဲ ရွာကိုပြန်ပို့လိုက်။မင်းကိုလည်း သတိပေးရဦးမယ်။အသက်တွေလည်း တဖြည်းဖြည်းကြီးလာပြီ။ပုတီးလေးစိပ်၊ ပရိတ်လေးရွတ်ပြီး ကျေနပ်မနေနဲ့။ဘာအဆင့်မှမရှိတဲ့ ဘိုးတော်ဆိုတဲ့ ရုပ်ထုတွေ စင်ပေါ်တင်ပြီးတော့လည်း ကန်တော့မနေနဲ့။မင်းကွာ၊ ငါ့ညီဖြစ်ပြီး မိစ္ဆာဒိဋ္ဌိအလုပ်တွေ လုပ်နေတယ်။တော်ပြီကွာ မင်းတို့နဲ့ပြောရတာ အကုသိုလ်များတယ်။သွားမယ်”

ကျွန်တော့်မိတ်ဆွေ၏ အစ်ကိုကြီးနှင့် သူတို့တူဖြစ်သူတို့၏ ပဋိပက္ခလေးအပြီးမှာ အစ်ကိုကြီးဖြစ်သူက စိတ်ဆိုးဆိုးနှင့် ပြန်သွားသည်။တူဖြစ်သူက သူ့ဦးလေးနှင့် ကျွန်တော့်ကို တောင်းပန်သည်။သူ နောက်ကို အရက်လုံးဝမသောက်တော့ပါဟု ကတိပေးသည်။ကျွန်တော့်မိတ်ဆွေက ကျွန်တော့်ကို အားနာကြောင်းပြောသည်။ကျွန်တော်က ကိစ္စမရှိကြောင်းပြောပြီး တူဝရီးနှစ်ယောက်ကို နှုတ်ဆက်၍ ပြန်လာခဲ့သည်။

စိတ်ထဲမှာတော့ မရှင်းမလင်းဖြစ်နေမိသည်။ကျွန်တော်နှင့် ထိုမိတ်ဆွေက ငယ်သူငယ်ချင်းလည်းမဟုတ်။ကျောင်းနေဖက်၊ စီးပွားဖက်လည်း မဟုတ်ပါ။လွန်ခဲ့သော ငါးနှစ်ခန့်က ရွှေတိဂုံဘုရားမှာ ပုတီးသွားစိပ်ရင်း တစ်ယောက်နှင့် တစ်ယောက် မျက်မှန်းတန်းမိရာမှ နှုတ်ဆက်စကားဆိုမိကြသည်။ထိုမှတစ်ဆင့် ရင်းနှီးကျွမ်းဝင်လာကြသည်။ဓမ္မမိတ်ဆွေဟုခေါ်လျှင် ရမည်ထင်သည်။

ကျွန်တော့်အိမ်သို့ သူတစ်ခေါက်မှ မရောက်ဖူးပါ။ကျွန်တော်ကသာ သူ့အိမ်သို့ မကြာခဏသွားပါသည်။သူ့မှာ မိဘနှစ်ပါးလုံး မရှိတော့။ညီအစ်ကိုသုံးယောက်တွင် အကြီးနှစ်ယောက်က အိမ်ထောင်သည်များဖြစ်၍ သူက လူပျိုလူလွတ်ဖြစ်သည်။ရွာမှာနေသည့် သူ့အစ်ကိုလတ်၏ သားကို သူ့အိမ်မှာခေါ်၍ ကျောင်းထားပေးသည်။
ထို့ကြောင့် သူ့ဆီသွားရင်း သူ့တူလေးနှင့်ပါ အကျွမ်းတဝင်ရှိခဲ့သည်။

ထိုကလေး ဆယ်တန်းနှစ်တွင် မြန်မာစာနှင့် အင်္ဂလိပ်စာ နှစ်ဘာသာမှာ ကူညီရှင်းပြရင်း ပို၍ရင်းနှီးလာသည်။စာမေးပွဲအောင်ဖို့၊ ဘဝမှာကံကောင်းဖို့ ပစ္စုပ္ပန်ကုသိုလ်ကံတွေ တတ်နိုင်သလောက် ဖြည့်ဆည်းလုပ်ဆောင်သင့်ကြောင်း ဆွေးနွေးအကြံပေးခဲ့ပါသည်။သူကလည်း လိုလိုချင်ချင် လက်ခံလုပ်ဆောင်ပါသည်။ထိုအချိန်မှစ၍ ဘုရားရှိခိုး၊ ပုတီးစိပ် မပျက်ခဲ့ပါ။ပရိတ်ကြီး ၁၁-သုတ်ကိုလည်း နေ့စဉ်ရွတ်ဆို ပူဇော်ပါသည်။သူ၏ ချစ်စရာကောင်းသော အကျင့်လေးကတော့ သူ့အမှားသူ သတိထားတတ်လာခြင်းဖြစ်သည်။

သူ့အပေါ် တောက်လျှောက်ကောင်းလာသော လူတစ်ယောက်ရှိခဲ့သည်။ထိုလူ၏ စကားတစ်ခွန်းကို အကျအနကောက်ပြီး သူက အပြစ်တင်ပြောဆိုမိခဲ့သည်။ထိုကိစ္စအတွက် သူ့ကိုယ်သူ စိတ်မကောင်းဖြစ်မိကြောင်းနှင့် ထိုလူကို ပြန်တောင်းပန်ပြီးတော့မှ စိတ်သက်သာရာရခဲ့ကြောင်း ပြောပြသည်။

အလုပ်ထဲမှာလည်း သူနှင့် ရာထူးတူ၊ အသက်တူ လူငယ်တစ်ယောက်သည် အမြဲမျက်နှာထားချိုပြီး ရယ်စရာလေး ျား ပြောတတ်ကြောင်း၊ တစ်ရုံးလုံးက ထိုလူငယ်ကို ခင်မင်ကြောင်း၊ ထိုလူငယ် အလုပ်မလာသည့်နေ့ဆိုလျှင် ထိုလူငယ်အကြောင်းကို ပြောလို့မပြီးကြကြောင်း၊ သူ့အနေနှင့် ထိုလူငယ်ကို တစ်လကျော်ကျော် မနာလိုစိတ်နှင့်ချည်း ဆက်ဆံမိ၍ သူ့ကိုယ်သူ မကျေနပ်ကြောင်း၊ ထိုမနာလိုစိတ်သည် အလွန်အောက်တန်းကျပြီး ထိုစိတ်ကို အဝင်ခံမိသော သူ့ကိုယ်သူ ရွံရှာမိကြောင်း ဝန်ခံပြောဖူးပါသည်။

သူ့ဘကြီး ပြောသမျှကို ပြန်ပြီးစောဒကတက်မိတာ ဆန့်ကျင်ပြောဆိုမိတာကို စိတ်မကောင်းကြောင်း မကြာခဏပြောပြတတ်သည်။

လွန်ခဲ့သည့် နှစ်လခန့်ကလည်း တစ်မနက်တွင် ကျွန်တော့်အိမ်သို့ သူရောက်လာသည်။တမြန်နေ့ညက သူ့အရာရှိခေါ်၍ စားသောက်ဆိုင်သို့ ရောက်ခဲ့ပြီး ဘီယာတစ်ခွက် သောက်ခဲ့ကြောင်း ဝန်ခံစကားပြောသည်။အိမ်ရောက်တော့ ဘုရားမရှိခိုး၊ ပုတီးမစိပ်ဘဲ အိပ်ခဲ့ကြောင်းနှင့် ညကအဖြစ်ကို လိပ်ပြာမသန့်၍ ယနေ့လည်း ပုတီးမစိပ်ခဲ့ကြောင်း၊ ဘုရားပင် ဦးမချခဲ့ကြောင်း ဆက်၍ပြောသည်။

ကျွန်တော်က အရက်သောက်တာ မကောင်းမှန်းသိလျှင် မသောက်ဖြစ်အောင် ကြိုးစားသင့်ကြောင်း၊ ဘုရားရှိခိုးတာ ကောင်းမှန်းသိလျှင် အချိန်မဆွဲဘဲ ရှိခိုးသင့်ကြောင်း၊ အမှားလုပ်နေချိန်မှာပင် အမှန်ကို စဉ်းစားသင့်ကြောင်း၊ အမှန်လုပ်နေချိန်တွင် အမှားကို လုံးဝမစဉ်းစားသင့်ကြောင်း ကြိုးစားပြီး ရှင်းပြခဲ့ရသည်။

ထိုမနက်က ကျွန်တော့်အိမ်ရှိ ဘုရားကျောင်းဆောင်ရှေ့တွင် ဘုရားရှိခိုး၊ ပရိတ်ရွတ်၊ ပုတီးစိပ်သွားပါသည်။ပြန်ခါနီးတွင် ‘မကောင်းတဲ့စိတ်ကို အနိုင်ယူချင်ကြောင်း’ အားငယ်စွာပြောလာသောကြောင့် အားငယ်စိတ်ဓာတ်ကျလျှင် ပိုဆိုးမည်ဖြစ်ကြောင်း၊ ကျွန်တော်တို့လည်း ထိုမကောင်းစိတ်ကို တိုက်ခိုက်နေရကြောင်းနှင့် မကောင်းစိတ်ကို တိုက်ခိုက်ရန် အသိ၊ သတိ ရှိဖို့ အရေးကြီးကြောင်း အားပေးစကားပြောလိုက်ရသေးသည်။

ယခုလည်း ဘီယာသောက်ခြင်းအတွက် ပြဿနာဖြစ်ပြန်ပါပြီ။သည်တစ်ခါတော့ ပြဿနာက ပို၍ကြီးလာပါသည်။သူ့ဘကြီးရှေ့မှာ အထုပ်ဖြည်ပြသလို ဖြစ်ခဲ့ရသည်။ကျွန်တော်ကတော့ ဝမ်းမနည်းပါ။အမှန်ပြောရလျှင် ဝမ်းတောင်သာချင်ပါသေးသည်။ထိုကလေးအတွက် အဆိုးထဲက အကောင်းရမည့်အဖြစ်။သူလေးစားချစ်ခင်သော ကျွန်တော်နှင့် သူ့ဦးလေးတို့ရှေ့တွင် သူ့ဘကြီးက သူ့ကို နှိမ့်ချပြောဆိုသွားခဲ့သည်ပဲ။သူ့ဦးလေး ဘုရားရှိခိုး၊ ပုတီးစိပ်တာကိုပင် အပြစ်တင်ပြောဆိုခဲ့သည်။သူ့ကြောင့် ကျွန်တော်တို့နှစ်ယောက် အရှက်ရခဲ့သည်ကို သူတွေးမိလောက်ပါပြီ။ကျွန်တော်တို့က ဘာမှပြောစရာမလိုဘဲ သူ့ဘာသာသူ ဆုံးဖြတ်ချက်တစ်ခု အပိုင်ချနိုင်တော့မည်ဟု ကျွန်တော်ယုံကြည်မိပါသည်။

ကျွန်တော့်မိတ်ဆွေနှင့် သူ့တူလေးတို့အပေါ် ကျွန်တော်အလွန်လေးစားမိသည့် အချက်တစ်ချက်ရှိသည်။ကျွန်တော့်မိတ်ဆွေသည် ယနေ့အထိ သူ့အစ်ကိုကြီးအကြောင်း ဝေဖန်အပြစ်တင်စကား မပြောဖူူးပါ။ဘယ်သူ့မကောင်းကြောင်းမှလည်း မပြောဖူးပါ။သူ့တူလေးသည်လည်း သူ့အတိုင်းပင် ဖြစ်ပါသည်။ဘကြီးအပေါ်ရော အခြားတစ်ယောက်ယောက်အပေါ်ရော အပြစ်တင်တာမျိုး မကြားဖူးပါ။သူတို့ တူဝရီးနှစ်ယောက်လို သဘောထားမပြည့်သူက ကျွန်တော်ဖြစ်မည် ထင်ပါသည်။ကျွန်တော့်မိတ်ဆွေ၏ အစ်ကိုကြီးဆိုသူအပေါ် လွယ်လွယ်ကူကူနှင့် ဥပေက္ခာစိတ်ထား၍ မရနိုင်တာပါ။သူ့တူလေး အရက်သောက်တာကို ကြိုက်သလို ဆုံးမနိုင်ပါသည်။
နည်းလမ်းမှန်တာ၊ မမှန်တာ၊ အားကောင်းတာ၊ အားနည်းတာ၊ သဘာဝကျတာ မကျတာ ကျွန်တော် မဝေဖန်ချင်ပါ။တကယ်လည်း ဝေဖန်နိုင်သည့် အစွမ်းသတ္တိ၊ ယုံကြည်ချက် ကျွန်တော့်မှာ မရှိပါ။အဓိက သူ့စေတနာက အရက်မသောက်စေချင်တာ ဖြစ်သည့်အတွက် လက်မခံ၍မရပါ။သို့သော်လည်း အရက်မသောက်၊ ဖဲမရိုက်၊ အပျော်အပါး လောင်းကစား မပြုသည့်အပြင် နေ့စဉ် ဘုရားရှိခိုး၊ ဂုဏ်တော်ပုတီးစိပ်၊ ပရိတ်ပဋ္ဌန်းများ ရွတ်ဖတ်ပူဇော်၊ အခါအားလျော်စွာ အာနာပါနကမ္မဌာန်း ပွားများနေသည့် သူ့ညီကို မိစ္ဆာဒိဋ္ဌိဟု ပြောခြင်းနှင့် ဘိုးတော်ဆိုသည့် ပုဂ္ဂိုလ်များကို ဘာအဆင့်မှမရှိဟု ဝေဖန်ခြင်းကိုတော့ လက်ခံမပေးနိုင်ပါ။ထိုဘိုးတော်ဆိုသည့် ပုဂ္ဂိုလ်များ အကြားအမြင် ရ မရ၊ ဈာန် ရ မရ၊ တန်ခိုး ရှိ မရှိ၊ သူတော်ကောင်း (အရိယာ) ဟုတ် မဟုတ် ကျွန်တော်မသိပါ။သိနိုင်သည့်ပညာလည်း ကျွန်တော့်မှာ မရှိပါ။ကျွန်တော်သိသမျှ ထိုပုဂ္ဂိုလ်များ၏ လမ်းစဉ်တွင် အရက်သောက်ရန်၊ လောင်းကစားလုပ်ရန်၊ သူများသမီးမယား ဖျက်ဆီးရန်၊ သူများမကောင်းကြံရန် ညွှန်ကြားခြင်းများ မပါရှိပါ။ဘုရားကို မကိုးကွယ်ဘဲ သူတို့ကိုသာ ကိုးကွယ်ဟုလည်း တိုက်တွန်းတာမျိုး မတွေ့ပါ။ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ယုံကြည်အားထားရန်၊ မိဘ ဆရာသမားများ၏ ကျေးဇူးကိုသိရန်၊ တတ်နိုင်သမျှ ကျေးဇူးပြန်ဆပ်ရန်၊ ငါးပါးသီလမြဲဖို့ ကြိုးစားရန်၊ အခါအားလျော်စွာ ရှစ်ပါးသီလ စောင့်ထိန်းရန်၊ ဗုဒ္ဓဂုဏ်တော်များကို ပုတီးစိပ်ရန် ပွားများရန်၊ သမာဓိထူထောင်ရန်၊ သတ္တဝါများကို မေတ္တာထားရန် ကူညီရန်၊ မမြဲခြင်း ဆင်းရဲခြင်းကိုသိရန်၊ မိမိ၏စိတ်သဏ္ဍာန်၌ဖြစ်သော ကုသိုလ် အကုသိုလ်စိတ်တို့ကို သတိထားမိရန်တို့ကိုသာ ညွှန်ကြားကြောင်း တွေ့ရပါသည်။

ထိုသို့ဆိုခြင်းမှာလည်း ထိုပုဂ္ဂိုလ်အသီးသီးကို ယုံကြည်နေသူတို့၏ လုပ်ရပ်များကိုကြည့်၍ ပြောခြင်းဖြစ်ပါသည်။ကျွန်တော့်မိတ်ဆွေ၏ အစ်ကိုကြီးလို သူတော်ကောင်းဟု ခံယူထားသူတစ်ယောက်က မည်သို့သောအသိ၊ မည်သို့သောတရားဖြင့် သူတစ်ပါးကို အလွယ်တကူ ပုတ်ခတ်ပြောဆိုရဲပါသနည်း။တရားစကားသည် တရားစကားသာ ဖြစ်ရပါမည်။မတရားစကားတော့ မဖြစ်သင့်ပါ။အလွယ်တကူ “အပြစ်မြင်” တတ်ရန် လိုအပ်သော်လည်း အလွယ်တကူ “အပြစ်တင်” ခြင်းက ပြဿနာရှိနိုင်မည် ထင်ပါသည်။အကယ်၍ အပြစ်တင်မည်ဆိုပါကလည်း မိမိကိုယ်ကို အပြစ်တင်ခြင်းသည်သာ အမှန်တရားနှင့် နီးစပ်နိုင်ပါသည်။မိမိကို “သိပ်မိုက်တယ်” ဟု ပြောလျှင် အပြုံးနှင့် ဝမ်းသာအားရ ကျေနပ်လက်ခံနေသော ယနေ့ခေတ်မှာပင် “လူမိုက်” ဟု ပြောလျှင်တော့ မနှစ်သက်ကြပါ။

“လူမိုက်” နှင့် ပတ်သက်သော အတွေးကို ဓမ္မပဒ၊ ဗာလဝဂ်မှ ဗုဒ္ဓ၏ အဆုံးအမတစ်ခုနှင့် အဆုံးသတ်ပါရစေ။

ယော ဗာလော မညတိ ဗာလျံ ၊ ပဏ္ဍိတော ဝါပိ တေနသော။ဗာလောစ ပဏ္ဍိတာ မာနီ ၊ သေ၀ ဗာလောတိ ဝုစ္စတိ။

ယော ဗာလော၊ အကြင်သူမိုက်သည်။ဗာလျံ၊ မိမိမိုက်သည်၏ အဖြစ်ကို။မညတိ၊ ငါမိုက်သည်ဟုသိ၏။သောဗာလော၊ ထိုသူမိုက်သည်။တေန၊ ထိုမိုက်သည့် အဖြစ်ကို သိသောအကြောင်းကြောင့်။ပဏ္ဍိတော ဝါပိ၊ ပညာရှိသည်မူလည်း (ဝါ) ပညာရှိနှင့်တူသည်မူလည်း။ဟောတိ၊ ဖြစ်၏။ယော ဗာလော၊ အကြင်သူမိုက်သည်။ဗာလောစ၊ မိုက်သည်ဖြစ်၍သာလျှင်။ပဏ္ဍိတ မာနီ၊ ငါ ပညာရှိဟု မှတ်၏။သော ဗာလော၊ ထိုသူမိုက်ကို။သဝေ၊ စင်စစ်။ဗာလောတိ၊ သူမိုက်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။

ရိုက်မောင်း
သြဂုတ် - ၁၀

( Zawgyi )

“မင္းကိုယ္မင္းၾကည့္စမ္း၊ အသက္လည္း ႏွစ္ဆယ္ေက်ာ္ၿပီ။ဘြဲ႕လည္းရၿပီ။အလုပ္လည္းဝင္ေနၿပီ။အခုထက္ထိ အသိဉာဏ္မရွိေသးဘူး။ရထားတဲ့ဘြဲ႕ကို ေျမာင္းထဲသာ သြားလႊင့္ပစ္လိုက္ေတာ့”

“ဘဘကလည္း သားကဘာလုပ္ေနလို႔လဲ”

“ဘာလုပ္ရမွာလဲ။မေန႔ညက မင္းဘယ္ေလာက္မူးလာလဲဆိုတာ မင္းမွတ္မိရဲ႕လား။ကိုယ့္ကိုယ္ကိုယ္ေတာင္ မသယ္ႏိုင္ဘူး။သူမ်ားက အိမ္အေရာက္ ကားနဲ႔လိုက္ပို႔ရတဲ့အျဖစ္။မင္းမရွက္ဘူးလား”

“ဘဘက ဘယ္လိုလုပ္သိလဲ”

“ဒီလမ္းထဲမွာ ငါ့တပည့္တပန္းေတြ အမ်ားႀကီးရွိတယ္။မင္းတို႔ တူဝရီးႏွစ္ေယာက္ ဘာေတြလုပ္ေနတယ္ဆိုတာ ငါမသိခ်င္မွအဆုံး”

“တစ္ခါတေလပါ ဘဘရာ။သား အားလုံးသိပါတယ္။ေသာက္တာလည္းမွန္ပါတယ္။မူးတာလည္း ဝန္ခံပါတယ္။သားဘာသာသား လမ္းေလွ်ာက္လို႔ရပါတယ္။ညက ကားက သားတို႔အရာရွိ ကားပါ။သူက သားတစ္ေယာက္တည္းကို ပို႔ေပးတာမဟုတ္ပါဘူး။သားတို႔အားလုံးကို အိမ္အေရာက္ျပန္ပို႔ေပးတာပါ”

“ဘာပဲျဖစ္ျဖစ္ေလ။ေသာက္တာက ေသာက္တာပဲ။မူးတာက မူးတာပဲ။အရက္ေသာက္ရင္ အရက္သမားပဲ။ဒီလိုသာ ဆက္ၿပီးမိုက္တြင္းနက္ေနမယ္ဆိုရင္ ငါ့ကို ဘႀကီးတစ္ေယာက္လို သေဘာမထားႏိုင္ေတာ့ဘူး။ရွက္တယ္”

“အဲဒီလိုေတာ့ မေျပာပါနဲ႔ ဘဘရယ္။သားမွားတာ သားသိပါတယ္။ဘဘကိုလည္း ေတာင္းပန္ပါတယ္။သားကို အရက္သမားလို႔ေတာ့ မေျပာပါနဲ႔။သားသူငယ္ခ်င္းေတြဆို ညတိုင္းေသာက္တာ။သား ဘယ္ေတာ့မွ သူတို႔နဲ႔လိုက္မသြားဘူး။တစ္ခါတေလ သူတို႔နဲ႔ ပါသြားရင္ေတာင္၊ အရက္မေသာက္ဘူး။အျမည္းပဲစားတာ။ မေကာင္းမွန္းသိလို႔ သားဆင္ျခင္ပါတယ္။အခုဆို သူတို႔က သားအေၾကာင္းသိလို႔ အတင္းမတိုက္တြန္းေတာ့ဘူး။ညကေတာ့ အရာရွိကိုယ္တိုင္ ပါလာေတာ့ သူ႔ကို အားနာမိၿပီး သားသတိလြတ္သြားတာပါ”

“ေအး အဲဒါေျပာတာေပါ့။မင္းမွာ ဦးေႏွာက္မွ မရွိတာ။ကိုယ့္ဘႀကီးက်ေတာ့ ခြန္းတုံ႔ျပန္ေျပာတယ္။မင္းအရာရွိကိုေတာ့ စြတ္အထင္ႀကီးေနတယ္။အဲဒီအရာရွိဆိုတာကေရာ ဘာအသုံးက်လဲ။အသက္ေတြ၊ ရာထူးေတြ ႀကီးေနၿပီး အသိတရား တစ္ျပားမွမရွိဘူး။ဗာလာနံေတြ”

“ဟာ ေျပာရင္းဆိုရင္း ရႈပ္ကုန္ၿပီ။မဆိုင္တဲ့သူေတြကို မေျပာပါနဲ႔ ဘဘရယ္။သားေတာင္းပန္ပါတယ္။သားကိုယ္တိုင္က မိုက္တာပါ။ဘဘတို႔ ေလးေလးတို႔ ဆုံးမေနတဲ့ၾကားက မိုက္မိေနတာပါ”

“ဘာပဲေျပာေျပာ ငါကေတာ့လက္မခံဘူး။တစ္ရက္ပဲေသာက္ေသာက္၊ တစ္ခြက္ပဲေသာက္ေသာက္။ေသာက္တာက ေသာက္တာပဲ။ဘယ့္ႏွယ္ကြာ ဘႀကီးလုပ္တဲ့သူက သူေတာ္ေကာင္းအလုပ္ လုပ္တယ္။တူလုပ္တဲ့သူက လူယုတ္မာအလုပ္ လုပ္တယ္။ၾကားလို႔မွေကာင္းရဲ႕လား”

“သားကို ႐ိုက္ခ်င္႐ိုက္ပါ။သားအျပစ္အတြက္ သားခံပါ့မယ္။လူမိုက္၊ လူယုတ္မာလို႔ေတာ့ မေျပာပါနဲ႔”

“မင္းမိုက္လို႔ မိုက္တယ္ေျပာတာေပါ့ကြ။လူဆိုတာ ငါးပါးသီလ လုံရတယ္။ငါဆိုၾကည့္။ငါးပါးသီလေလာက္ေတာ့ ပ်င္းတယ္။ရွစ္ပါးသီလေတာင္ ေစာင့္လိုက္ေသးတယ္။ၿပီးေတာ့ အခ်ိန္တိုင္း တရားမွတ္ေနတာ။ကဲ ကေလးအလွည့္ၿပီးေတာ့ လူႀကီးလုပ္သူကို ေျပာရဦးမယ္။မင္းတူကို ဆုံးမလို႔မရရင္ သူ႔အေဖကို လွမ္းမွာလိုက္။
ဒါမွမဟုတ္ရင္ မင္းကိုယ္တိုင္ပဲ ႐ြာကိုျပန္ပို႔လိုက္။မင္းကိုလည္း သတိေပးရဦးမယ္။အသက္ေတြလည္း တျဖည္းျဖည္းႀကီးလာၿပီ။ပုတီးေလးစိပ္၊ ပရိတ္ေလး႐ြတ္ၿပီး ေက်နပ္မေနနဲ႔။ဘာအဆင့္မွမရွိတဲ့ ဘိုးေတာ္ဆိုတဲ့ ႐ုပ္ထုေတြ စင္ေပၚတင္ၿပီးေတာ့လည္း ကန္ေတာ့မေနနဲ႔။မင္းကြာ၊ ငါ့ညီျဖစ္ၿပီး မိစာၦဒိ႒ိအလုပ္ေတြ လုပ္ေနတယ္။ေတာ္ၿပီကြာ မင္းတို႔နဲ႔ေျပာရတာ အကုသိုလ္မ်ားတယ္။သြားမယ္”

ကြၽန္ေတာ့္မိတ္ေဆြ၏ အစ္ကိုႀကီးႏွင့္ သူတို႔တူျဖစ္သူတို႔၏ ပဋိပကၡေလးအၿပီးမွာ အစ္ကိုႀကီးျဖစ္သူက စိတ္ဆိုးဆိုးႏွင့္ ျပန္သြားသည္။တူျဖစ္သူက သူ႔ဦးေလးႏွင့္ ကြၽန္ေတာ့္ကို ေတာင္းပန္သည္။သူ ေနာက္ကို အရက္လုံးဝမေသာက္ေတာ့ပါဟု ကတိေပးသည္။ကြၽန္ေတာ့္မိတ္ေဆြက ကြၽန္ေတာ့္ကို အားနာေၾကာင္းေျပာသည္။ကြၽန္ေတာ္က ကိစၥမရွိေၾကာင္းေျပာၿပီး တူဝရီးႏွစ္ေယာက္ကို ႏႈတ္ဆက္၍ ျပန္လာခဲ့သည္။

စိတ္ထဲမွာေတာ့ မရွင္းမလင္းျဖစ္ေနမိသည္။ကြၽန္ေတာ္ႏွင့္ ထိုမိတ္ေဆြက ငယ္သူငယ္ခ်င္းလည္းမဟုတ္။ေက်ာင္းေနဖက္၊ စီးပြားဖက္လည္း မဟုတ္ပါ။လြန္ခဲ့ေသာ ငါးႏွစ္ခန႔္က ေ႐ႊတိဂုံဘုရားမွာ ပုတီးသြားစိပ္ရင္း တစ္ေယာက္ႏွင့္ တစ္ေယာက္ မ်က္မွန္းတန္းမိရာမွ ႏႈတ္ဆက္စကားဆိုမိၾကသည္။ထိုမွတစ္ဆင့္ ရင္းႏွီးကြၽမ္းဝင္လာၾကသည္။ဓမၼမိတ္ေဆြဟုေခၚလွ်င္ ရမည္ထင္သည္။

ကြၽန္ေတာ့္အိမ္သို႔ သူတစ္ေခါက္မွ မေရာက္ဖူးပါ။ကြၽန္ေတာ္ကသာ သူ႔အိမ္သို႔ မၾကာခဏသြားပါသည္။သူ႔မွာ မိဘႏွစ္ပါးလုံး မရွိေတာ့။ညီအစ္ကိုသုံးေယာက္တြင္ အႀကီးႏွစ္ေယာက္က အိမ္ေထာင္သည္မ်ားျဖစ္၍ သူက လူပ်ိဳလူလြတ္ျဖစ္သည္။႐ြာမွာေနသည့္ သူ႔အစ္ကိုလတ္၏ သားကို သူ႔အိမ္မွာေခၚ၍ ေက်ာင္းထားေပးသည္။
ထို႔ေၾကာင့္ သူ႔ဆီသြားရင္း သူ႔တူေလးႏွင့္ပါ အကြၽမ္းတဝင္ရွိခဲ့သည္။

ထိုကေလး ဆယ္တန္းႏွစ္တြင္ ျမန္မာစာႏွင့္ အဂၤလိပ္စာ ႏွစ္ဘာသာမွာ ကူညီရွင္းျပရင္း ပို၍ရင္းႏွီးလာသည္။စာေမးပြဲေအာင္ဖို႔၊ ဘဝမွာကံေကာင္းဖို႔ ပစၥဳပၸန္ကုသိုလ္ကံေတြ တတ္ႏိုင္သေလာက္ ျဖည့္ဆည္းလုပ္ေဆာင္သင့္ေၾကာင္း ေဆြးေႏြးအႀကံေပးခဲ့ပါသည္။သူကလည္း လိုလိုခ်င္ခ်င္ လက္ခံလုပ္ေဆာင္ပါသည္။ထိုအခ်ိန္မွစ၍ ဘုရားရွိခိုး၊ ပုတီးစိပ္ မပ်က္ခဲ့ပါ။ပရိတ္ႀကီး ၁၁-သုတ္ကိုလည္း ေန႔စဥ္႐ြတ္ဆို ပူေဇာ္ပါသည္။သူ၏ ခ်စ္စရာေကာင္းေသာ အက်င့္ေလးကေတာ့ သူ႔အမွားသူ သတိထားတတ္လာျခင္းျဖစ္သည္။

သူ႔အေပၚ ေတာက္ေလွ်ာက္ေကာင္းလာေသာ လူတစ္ေယာက္ရွိခဲ့သည္။ထိုလူ၏ စကားတစ္ခြန္းကို အက်အနေကာက္ၿပီး သူက အျပစ္တင္ေျပာဆိုမိခဲ့သည္။ထိုကိစၥအတြက္ သူ႔ကိုယ္သူ စိတ္မေကာင္းျဖစ္မိေၾကာင္းႏွင့္ ထိုလူကို ျပန္ေတာင္းပန္ၿပီးေတာ့မွ စိတ္သက္သာရာရခဲ့ေၾကာင္း ေျပာျပသည္။

အလုပ္ထဲမွာလည္း သူႏွင့္ ရာထူးတူ၊ အသက္တူ လူငယ္တစ္ေယာက္သည္ အၿမဲမ်က္ႏွာထားခ်ိဳၿပီး ရယ္စရာေလး ်ား ေျပာတတ္ေၾကာင္း၊ တစ္႐ုံးလုံးက ထိုလူငယ္ကို ခင္မင္ေၾကာင္း၊ ထိုလူငယ္ အလုပ္မလာသည့္ေန႔ဆိုလွ်င္ ထိုလူငယ္အေၾကာင္းကို ေျပာလို႔မၿပီးၾကေၾကာင္း၊ သူ႔အေနႏွင့္ ထိုလူငယ္ကို တစ္လေက်ာ္ေက်ာ္ မနာလိုစိတ္ႏွင့္ခ်ည္း ဆက္ဆံမိ၍ သူ႔ကိုယ္သူ မေက်နပ္ေၾကာင္း၊ ထိုမနာလိုစိတ္သည္ အလြန္ေအာက္တန္းက်ၿပီး ထိုစိတ္ကို အဝင္ခံမိေသာ သူ႔ကိုယ္သူ ႐ြံရွာမိေၾကာင္း ဝန္ခံေျပာဖူးပါသည္။

သူ႔ဘႀကီး ေျပာသမွ်ကို ျပန္ၿပီးေစာဒကတက္မိတာ ဆန႔္က်င္ေျပာဆိုမိတာကို စိတ္မေကာင္းေၾကာင္း မၾကာခဏေျပာျပတတ္သည္။

လြန္ခဲ့သည့္ ႏွစ္လခန႔္ကလည္း တစ္မနက္တြင္ ကြၽန္ေတာ့္အိမ္သို႔ သူေရာက္လာသည္။တျမန္ေန႔ညက သူ႔အရာရွိေခၚ၍ စားေသာက္ဆိုင္သို႔ ေရာက္ခဲ့ၿပီး ဘီယာတစ္ခြက္ ေသာက္ခဲ့ေၾကာင္း ဝန္ခံစကားေျပာသည္။အိမ္ေရာက္ေတာ့ ဘုရားမရွိခိုး၊ ပုတီးမစိပ္ဘဲ အိပ္ခဲ့ေၾကာင္းႏွင့္ ညကအျဖစ္ကို လိပ္ျပာမသန႔္၍ ယေန႔လည္း ပုတီးမစိပ္ခဲ့ေၾကာင္း၊ ဘုရားပင္ ဦးမခ်ခဲ့ေၾကာင္း ဆက္၍ေျပာသည္။

ကြၽန္ေတာ္က အရက္ေသာက္တာ မေကာင္းမွန္းသိလွ်င္ မေသာက္ျဖစ္ေအာင္ ႀကိဳးစားသင့္ေၾကာင္း၊ ဘုရားရွိခိုးတာ ေကာင္းမွန္းသိလွ်င္ အခ်ိန္မဆြဲဘဲ ရွိခိုးသင့္ေၾကာင္း၊ အမွားလုပ္ေနခ်ိန္မွာပင္ အမွန္ကို စဥ္းစားသင့္ေၾကာင္း၊ အမွန္လုပ္ေနခ်ိန္တြင္ အမွားကို လုံးဝမစဥ္းစားသင့္ေၾကာင္း ႀကိဳးစားၿပီး ရွင္းျပခဲ့ရသည္။

ထိုမနက္က ကြၽန္ေတာ့္အိမ္ရွိ ဘုရားေက်ာင္းေဆာင္ေရွ႕တြင္ ဘုရားရွိခိုး၊ ပရိတ္႐ြတ္၊ ပုတီးစိပ္သြားပါသည္။ျပန္ခါနီးတြင္ ‘မေကာင္းတဲ့စိတ္ကို အႏိုင္ယူခ်င္ေၾကာင္း’ အားငယ္စြာေျပာလာေသာေၾကာင့္ အားငယ္စိတ္ဓာတ္က်လွ်င္ ပိုဆိုးမည္ျဖစ္ေၾကာင္း၊ ကြၽန္ေတာ္တို႔လည္း ထိုမေကာင္းစိတ္ကို တိုက္ခိုက္ေနရေၾကာင္းႏွင့္ မေကာင္းစိတ္ကို တိုက္ခိုက္ရန္ အသိ၊ သတိ ရွိဖို႔ အေရးႀကီးေၾကာင္း အားေပးစကားေျပာလိုက္ရေသးသည္။

ယခုလည္း ဘီယာေသာက္ျခင္းအတြက္ ျပႆနာျဖစ္ျပန္ပါၿပီ။သည္တစ္ခါေတာ့ ျပႆနာက ပို၍ႀကီးလာပါသည္။သူ႔ဘႀကီးေရွ႕မွာ အထုပ္ျဖည္ျပသလို ျဖစ္ခဲ့ရသည္။ကြၽန္ေတာ္ကေတာ့ ဝမ္းမနည္းပါ။အမွန္ေျပာရလွ်င္ ဝမ္းေတာင္သာခ်င္ပါေသးသည္။ထိုကေလးအတြက္ အဆိုးထဲက အေကာင္းရမည့္အျဖစ္။သူေလးစားခ်စ္ခင္ေသာ ကြၽန္ေတာ္ႏွင့္ သူ႔ဦးေလးတို႔ေရွ႕တြင္ သူ႔ဘႀကီးက သူ႔ကို ႏွိမ့္ခ်ေျပာဆိုသြားခဲ့သည္ပဲ။သူ႔ဦးေလး ဘုရားရွိခိုး၊ ပုတီးစိပ္တာကိုပင္ အျပစ္တင္ေျပာဆိုခဲ့သည္။သူ႔ေၾကာင့္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ အရွက္ရခဲ့သည္ကို သူေတြးမိေလာက္ပါၿပီ။ကြၽန္ေတာ္တို႔က ဘာမွေျပာစရာမလိုဘဲ သူ႔ဘာသာသူ ဆုံးျဖတ္ခ်က္တစ္ခု အပိုင္ခ်ႏိုင္ေတာ့မည္ဟု ကြၽန္ေတာ္ယုံၾကည္မိပါသည္။

ကြၽန္ေတာ့္မိတ္ေဆြႏွင့္ သူ႔တူေလးတို႔အေပၚ ကြၽန္ေတာ္အလြန္ေလးစားမိသည့္ အခ်က္တစ္ခ်က္ရွိသည္။ကြၽန္ေတာ့္မိတ္ေဆြသည္ ယေန႔အထိ သူ႔အစ္ကိုႀကီးအေၾကာင္း ေဝဖန္အျပစ္တင္စကား မေျပာဖူူးပါ။ဘယ္သူ႔မေကာင္းေၾကာင္းမွလည္း မေျပာဖူးပါ။သူ႔တူေလးသည္လည္း သူ႔အတိုင္းပင္ ျဖစ္ပါသည္။ဘႀကီးအေပၚေရာ အျခားတစ္ေယာက္ေယာက္အေပၚေရာ အျပစ္တင္တာမ်ိဳး မၾကားဖူးပါ။သူတို႔ တူဝရီးႏွစ္ေယာက္လို သေဘာထားမျပည့္သူက ကြၽန္ေတာ္ျဖစ္မည္ ထင္ပါသည္။ကြၽန္ေတာ့္မိတ္ေဆြ၏ အစ္ကိုႀကီးဆိုသူအေပၚ လြယ္လြယ္ကူကူႏွင့္ ဥေပကၡာစိတ္ထား၍ မရႏိုင္တာပါ။သူ႔တူေလး အရက္ေသာက္တာကို ႀကိဳက္သလို ဆုံးမႏိုင္ပါသည္။
နည္းလမ္းမွန္တာ၊ မမွန္တာ၊ အားေကာင္းတာ၊ အားနည္းတာ၊ သဘာဝက်တာ မက်တာ ကြၽန္ေတာ္ မေဝဖန္ခ်င္ပါ။တကယ္လည္း ေဝဖန္ႏိုင္သည့္ အစြမ္းသတၱိ၊ ယုံၾကည္ခ်က္ ကြၽန္ေတာ့္မွာ မရွိပါ။အဓိက သူ႔ေစတနာက အရက္မေသာက္ေစခ်င္တာ ျဖစ္သည့္အတြက္ လက္မခံ၍မရပါ။သို႔ေသာ္လည္း အရက္မေသာက္၊ ဖဲမ႐ိုက္၊ အေပ်ာ္အပါး ေလာင္းကစား မျပဳသည့္အျပင္ ေန႔စဥ္ ဘုရားရွိခိုး၊ ဂုဏ္ေတာ္ပုတီးစိပ္၊ ပရိတ္ပ႒န္းမ်ား ႐ြတ္ဖတ္ပူေဇာ္၊ အခါအားေလ်ာ္စြာ အာနာပါနကမၼဌာန္း ပြားမ်ားေနသည့္ သူ႔ညီကို မိစာၦဒိ႒ိဟု ေျပာျခင္းႏွင့္ ဘိုးေတာ္ဆိုသည့္ ပုဂၢိဳလ္မ်ားကို ဘာအဆင့္မွမရွိဟု ေဝဖန္ျခင္းကိုေတာ့ လက္ခံမေပးႏိုင္ပါ။ထိုဘိုးေတာ္ဆိုသည့္ ပုဂၢိဳလ္မ်ား အၾကားအျမင္ ရ မရ၊ ဈာန္ ရ မရ၊ တန္ခိုး ရွိ မရွိ၊ သူေတာ္ေကာင္း (အရိယာ) ဟုတ္ မဟုတ္ ကြၽန္ေတာ္မသိပါ။သိႏိုင္သည့္ပညာလည္း ကြၽန္ေတာ့္မွာ မရွိပါ။ကြၽန္ေတာ္သိသမွ် ထိုပုဂၢိဳလ္မ်ား၏ လမ္းစဥ္တြင္ အရက္ေသာက္ရန္၊ ေလာင္းကစားလုပ္ရန္၊ သူမ်ားသမီးမယား ဖ်က္ဆီးရန္၊ သူမ်ားမေကာင္းႀကံရန္ ၫႊန္ၾကားျခင္းမ်ား မပါရွိပါ။ဘုရားကို မကိုးကြယ္ဘဲ သူတို႔ကိုသာ ကိုးကြယ္ဟုလည္း တိုက္တြန္းတာမ်ိဳး မေတြ႕ပါ။ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ယုံၾကည္အားထားရန္၊ မိဘ ဆရာသမားမ်ား၏ ေက်းဇူးကိုသိရန္၊ တတ္ႏိုင္သမွ် ေက်းဇူးျပန္ဆပ္ရန္၊ ငါးပါးသီလၿမဲဖို႔ ႀကိဳးစားရန္၊ အခါအားေလ်ာ္စြာ ရွစ္ပါးသီလ ေစာင့္ထိန္းရန္၊ ဗုဒၶဂုဏ္ေတာ္မ်ားကို ပုတီးစိပ္ရန္ ပြားမ်ားရန္၊ သမာဓိထူေထာင္ရန္၊ သတၱဝါမ်ားကို ေမတၱာထားရန္ ကူညီရန္၊ မၿမဲျခင္း ဆင္းရဲျခင္းကိုသိရန္၊ မိမိ၏စိတ္သ႑ာန္၌ျဖစ္ေသာ ကုသိုလ္ အကုသိုလ္စိတ္တို႔ကို သတိထားမိရန္တို႔ကိုသာ ၫႊန္ၾကားေၾကာင္း ေတြ႕ရပါသည္။

ထိုသို႔ဆိုျခင္းမွာလည္း ထိုပုဂၢိဳလ္အသီးသီးကို ယုံၾကည္ေနသူတို႔၏ လုပ္ရပ္မ်ားကိုၾကည့္၍ ေျပာျခင္းျဖစ္ပါသည္။ကြၽန္ေတာ့္မိတ္ေဆြ၏ အစ္ကိုႀကီးလို သူေတာ္ေကာင္းဟု ခံယူထားသူတစ္ေယာက္က မည္သို႔ေသာအသိ၊ မည္သို႔ေသာတရားျဖင့္ သူတစ္ပါးကို အလြယ္တကူ ပုတ္ခတ္ေျပာဆိုရဲပါသနည္း။တရားစကားသည္ တရားစကားသာ ျဖစ္ရပါမည္။မတရားစကားေတာ့ မျဖစ္သင့္ပါ။အလြယ္တကူ “အျပစ္ျမင္” တတ္ရန္ လိုအပ္ေသာ္လည္း အလြယ္တကူ “အျပစ္တင္” ျခင္းက ျပႆနာရွိႏိုင္မည္ ထင္ပါသည္။အကယ္၍ အျပစ္တင္မည္ဆိုပါကလည္း မိမိကိုယ္ကို အျပစ္တင္ျခင္းသည္သာ အမွန္တရားႏွင့္ နီးစပ္ႏိုင္ပါသည္။မိမိကို “သိပ္မိုက္တယ္” ဟု ေျပာလွ်င္ အၿပဳံးႏွင့္ ဝမ္းသာအားရ ေက်နပ္လက္ခံေနေသာ ယေန႔ေခတ္မွာပင္ “လူမိုက္” ဟု ေျပာလွ်င္ေတာ့ မႏွစ္သက္ၾကပါ။

“လူမိုက္” ႏွင့္ ပတ္သက္ေသာ အေတြးကို ဓမၼပဒ၊ ဗာလဝဂ္မွ ဗုဒၶ၏ အဆုံးအမတစ္ခုႏွင့္ အဆုံးသတ္ပါရေစ။

ေယာ ဗာေလာ မညတိ ဗာလ်ံ ၊ ပ႑ိေတာ ဝါပိ ေတနေသာ။ဗာေလာစ ပ႑ိတာ မာနီ ၊ ေသ၀ ဗာေလာတိ ဝုစၥတိ။

ေယာ ဗာေလာ၊ အၾကင္သူမိုက္သည္။ဗာလ်ံ၊ မိမိမိုက္သည္၏ အျဖစ္ကို။မညတိ၊ ငါမိုက္သည္ဟုသိ၏။ေသာဗာေလာ၊ ထိုသူမိုက္သည္။ေတန၊ ထိုမိုက္သည့္ အျဖစ္ကို သိေသာအေၾကာင္းေၾကာင့္။ပ႑ိေတာ ဝါပိ၊ ပညာရွိသည္မူလည္း (ဝါ) ပညာရွိႏွင့္တူသည္မူလည္း။ေဟာတိ၊ ျဖစ္၏။ေယာ ဗာေလာ၊ အၾကင္သူမိုက္သည္။ဗာေလာစ၊ မိုက္သည္ျဖစ္၍သာလွ်င္။ပ႑ိတ မာနီ၊ ငါ ပညာရွိဟု မွတ္၏။ေသာ ဗာေလာ၊ ထိုသူမိုက္ကို။သေဝ၊ စင္စစ္။ဗာေလာတိ၊ သူမိုက္ဟူ၍။ ဝုစၥတိ၊ ဆိုအပ္၏။

႐ိုက္ေမာင္း
ၾသဂုတ္ - ၁၀