【 ဆောင်းပါး 】 “ပျောက်ကွယ်သွားတဲ့ ဟန့်တားသူများ”

【 ဆောင်းပါး 】 “ပျောက်ကွယ်သွားတဲ့ ဟန့်တားသူများ”

တလောက တောင်ငူတွင်ဖြစ်သည့် လူသတ်မှုသတင်းကိုဖတ်ပြီး မြန်မာလူ့ဘောင်လောကထဲ ပျောက်ကွယ်လာသည့် ရပ်ရွာအပေါ် သြဇာညောင်းသည့် ရပ်မိရပ်ဖဆိုသူတွေ တန်ဖိုးကို သတိထားတွေးမိခဲ့သည်။အဓိကမှာ ထိုဖြစ်ရပ် ဖြစ်စဉ်ဖြစ်ချင်း အရပ်က ဝင်ဟန့်မည့်သူ၊ ဝင်ဆွဲမည့်သူ မရှိသည်က အဓိကအကြောင်းအရာ ဖြစ်ခဲ့တာကို ထိုစဉ်က  အများပြည်သူက လူမှုကွန်ရက်မှာ ရေးခဲ့ပြောခဲ့ရသလို ထိုအရပ်ဒေသက ပြန်ရှင်းချက် ထုတ်ခဲ့ရသည်အထိ ဖြစ်သည်။မကြာမီက ဒီလိုဖြစ်စဉ်မျိုးဖြစ်ဖို့ နည်းနည်းလေးသာလိုခဲ့ပြီး အရပ်ကောင်းလို့ နှစ်လောင်းပြိုင်မဖြစ်ခဲ့သည့် ဖြစ်ရပ်ကို လူမှုကွန်ရက်တွင် တစ်ဖန်ပြန်မြင်ရသည့်အခါ ထိုသူများ၏ အခန်းကဏ္ဍကြီးမားပုံက ဘယ်လောက်အရေးကြီးမှန်း သိလာရသည်။ဒီတော့ အရပ်ထဲမှာ ဖြစ်ခဲ့သည့်ကိစ္စကို ပြန်သတိရမိသည်။

တစ်လောက လူသတ်မှုဖြင့် ထောင်ကျခဲ့သော ရပ်ကွက်ထဲက လူငယ်တစ်ယောက် ထောင်မှလွတ်လာခဲ့သည်။ကျွန်တော်က ထိုသူကိုသိသည်မှာ လူအေးတစ်ယောက်၊ ရိုးရိုးကုပ်ကုပ်နေသော လူငယ်တစ်ယောက်ဟု သိထားသူဖြစ်သည်။ပြီးတော့ ထိုသူက ကြောက်တတ်သည်။ဒါက ကျွန်တော်သိသော ထိုသူ၏အကြောင်းပင်ဖြစ်သည်။သူ လူသတ်မှုဖြစ်ရသော အကြောင်းအရင်းမှန်ကိုတော့မသိ။ကျွန်တော်ကြားတာတော့ ခေါ်အနိုင်ကျင့်တာကနေ စဖြစ်ကြပြီး လူသတ်မှုဖြစ်ရသည်အထိ ဖြစ်ကြခြင်းပင်ဖြစ်သည်။ထိုအမှုနှင့် ထောင်ခုနှစ်နစ်ကျသွားသည်။သုံးနှစ်လောက်အကြာ လွတ်ငြိမ်းချမ်းသာခွင့်နှင့် သူပြန်လွတ်လာသည်။ကျွန်တော်နေထိုင်ရာ အရပ်က လူလတ်တန်းစားအများစု နေထိုင်ရာအရပ်ဖြစ်သဖြင့် ထိုကဲ့သို့ လူသတ်မှုဖြင့် ပြန်လွတ်လာသောသူတစ်ယောက်ကို လူမှုအသိုင်းအဝိုင်းက လက်ခံရန် ဝန်လေးကြသည်။ကျွန်တော်ကိုယ်တိုင်လည်း ထိုသူကိုတွေ့လျှင် လည်ပင်းယားသလိုလို ဗိုက်ယားသလိုလို ဖြစ်သဖြင့် အတတ်နိုင်ဆုံးရှောင်၍ လဘက်ရည်ဆိုင်ထိုင်သည်။သို့သော် ကြာရှည်ရှောင်ရန်ဆိုသည်ကား မလွယ်ချေ။

တစ်ရက်ကြတော့ ထိုသူနှင့် ကျွန်တော် လမ်းထိပ်က လဘက်ရည်ဆိုင်မှာဆုံသည်။တခြားဝိုင်းလွတ်လည်းမရှိ၊ ထိုသူကလည်း တစ်ယောက်တည်း။“အစ်ကိုလာလေ” ဟု ခေါ်တော့ ကျွန်တော်မငြင်းသာတော့။ကြောက်ကြောက်နှင့် အိန္ဒြေမပျက်အောင် သူ့စားပွဲမှာ ဝင်ထိုင်ဖြစ်သည်။သူက “အစ်ကို ကျွန်တော့်ကို လူမိုက်တစ်ယောက်လို့ မြင်နေတုန်းဘဲထင်တယ်။
အစ်ကိုတို့ထင်သလို ကျွန်တော်အလကားနေရင်း လူလိုက်သတ်နေတဲ့ လူမိုက်မဟုတ်ပါဘူး အစ်ကိုရာ၊ အဲဒီတုန်းက မခံချင်စိတ်နဲ့ မရည်ရွယ်ဘဲ ဖြစ်သွားတာပါ။အဲဒီတုန်းက စိတ်မထိန်းနိုင်ဘဲ လုပ်လိုက်မိတာကို အခုထိ နောင်တရနေပါတယ် အစ်ကိုရာ” ဟု ကျွန်တော့်ကိုပြောသည်။

ပြီးတော့ “ရပ်ကွက်ထဲက လူတွေကလဲ ကျွန်တော်ကို ရွံကြောက်ပုံစံကြီးနဲ့ ဆက်ဆံကြတယ် အစ်ကိုရာ။အရင်တုန်းကလို ကျွန်တော့်ကို ခင်ခင်မင်မင်မရှိကြတော့ဘူး။အရင်တုန်းကလိုဘဲ ကျွန်တော့်ကို ခင်ခင်မင်မင် ဆက်ဆံကြမယ်လို့တော့ မထင်ထားပါဘူး။အခုက ကျွန်တော်ထင်ထားတာထက် ပိုဆိုးနေတယ် အစ်ကိုရာ” ဟု ကျွန်တော့်ကို တိုင်တည်သည်။

ကျွန်တော်လဲ သူ့ကို ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ကိုယ့်ကိုကိုယ် ကောင်းအောင်နေဖို့ ဖြောင်းဖျပြောဆိုရင်း သူဘာကြောင့် လူသတ်မိရသည်ကို မေးမိသည်။ဒီတော့ သူက “အခု ကျွန်တော်သတ်မိတဲ့သူက ကျွန်တော့်ကို ခဏခဏရန်စတယ်။သူတို့က ဒီဇာတိသား ဒီအရပ်မှာ ဆွေမျိုးအုပ်စုတောင့်တော့ မဖြစ်အောင် ကျွန်တော်ရှောင်ပါတယ်။အဲ့ဒီသူ ရန်စတာ အနိုင်ကျင့်တာကို ဘယ်သူမှ ဟန့်တားတာ ဘာတို့မရှိဘူး။ကျွန်တော်က သူ့ထက် အများကြီးငယ်ပါတယ်။အဲဒီနေ့တုန်းက ကျွန်တော့်စိတ်ထဲ ဘာမှရှိပါဘူး၊ ညနေဘက် ကျူရှင်ကနေအပြန် သူနဲ့ ခြံဝင်းက ပန်းပင်ကို စက်ဘီးနဲ့တိုက်မိမလို ဖြစ်သွားတယ်။ကားကိုရှောင်ရင်းဖြစ်တာ။အဲဒါကို တမင်လုပ်တယ်ဆိုပြီး လာဖြဲတာဘဲ၊ မဟုတ်ပါဘူးဆိုလဲမရဘူး။ပြီးတော့ ကျွန်တော့်ကို ပါးရိုက်တယ်။သူ့မိန်းမကလဲ အိမ်ပေါ်ကနေ အခုထဲက အပိုးချိုးထားလို့ လှမ်းပြောတယ်။တစ်လမ်းလုံးလည်း ဝိုင်းကြည့်နေကြတော့ ရှက်လိုက်တာမပြောနဲ့ အစ်ကိုရာ။လူတွေက တားမယ့်သူမရှိဘူး။ကျွန်တော်ကလဲ ပြောင်းလာတာ သုံးလေးနှစ်ဘဲရှိသေးတော့ လူသစ်။သူတို့က လူဟောင်းဆိုတော့ ခံလိုက်ရတယ်။စိတ်ထဲက ဘယ်လိုမှမပြေနိုင်ဘူး။တစ်ညလုံး စိတ်ထဲတနုံ့နုံ့နဲ့။နောက်နေ့မနက်ကျတော့ ကျွန်တော်က ကျူရှင်သွားရင်း ဘာရယ်မဟုတ်ဘူး သူတို့ ထပ်ရန်စလာရင် လိုလိုမယ်မယ်ဆိုပြီး စမုတ်တံကို သွေးထားတဲ့ဆူးကို ထည့်သွားတာ။ဖြစ်ချင်တော့ အဲဒီသူက လမ်းထိပ် စက်ရုံလမ်းဘက်ကနေ ဘယ်ကပြန်လာလဲမသိဘူး။ကျွန်တော်က စက်ဘီးနဲ့ နင်းသွားတော့ သူက ကျွန်တော့်ကို စက်ဘီးလက်ကိုင်ကို လှမ်းဆွဲပြီး ဟေ့ကောင်ဘာလဲ မမှတ်သေးဘူးလားဆိုပြီး မအေနှမဆဲတော့ ကျွန်တော် စိတ်တော်တော်ထွက်ပြီး မျက်လုံးပါပြာသွားတာ။ဘာမှမသိတော့ဘူး။အဲဒီအချိန်မှာသိတာ တစ်ခုဘဲရှိတယ်။ဒီလူသေမှဖြစ်မယ်။မသေရင် ငါဒီလို ခဏခဏအနိုင်ကျင့်ခံရမယ်။ငါအရှက်ကွဲတာ သေပြီမှတ်ဆိုပြီး ဆူးနဲ့ထိုးတာ။ကျွန်တော် အသိဝင်တော့ အဲဒီသူသေနေပြီ။နောက်တော့ပြေးတာပေါ့။ဒါပေမယ် ကလေးသာသာဘဲရှိသေးတာ လွတ်အောင် ဘယ်ပြေးနိုင်မှာလဲ။မိသွားတာပေါ့ အစ်ကိုရာ” ဟု ပြောလေသည်။

အဲဒီအချိန်တုန်းက တားမယ့်သူရှိရင်၊ သူ ကျွန်တော့်ကို ပါးရိုက်တုန်း၊ အနိုင်ကျင့်တုန်းက တားမယ့်သူသာ ရှိခဲ့မယ်ဆိုရင် ကျွန်တော်လဲ အခုလို လူတွေကြောက်တဲ့ အရောမဝင်ချင်တဲ့ လူသတ်သမားလဲ ဖြစ်မှာမဟုတ်ဘူး။အခု သူ့သားသမီးတွေလဲ ဖအေမရှိတဲ့ဘဝ ရောက်မှာမဟုတ်ဘူးဟု သူက ဆက်၍ဆိုသည်။

ကျွန်တော်က သူ့ကို “လဘက်ရည်ဆိုင် အတူထိုင်မယ့်သူမရှိရင် ငါ့လာခေါ်ကွာ” ဟု သူ့အခက်အခဲကိုသနား၍ ပြောခဲ့သော်လည်း” သူက ရပါတယ်အစ်ကိုရာ အစ်ကိုအားတဲ့ရက် တစ်ခါတစ်လေလောက် ဆိုရပါပြီ” ဟု ပြန်ပြောသည်။ထိုသူဆီက ကျွန်တော်ပြန်လာပြီးနောက်ပိုင်း သူပြောသည့် “တားမယ့်သူသာရှိရင်” ဆိုသည့် စကားက စိတ်ထဲတော်တော်စွဲနေခဲ့သည်။
တားမယ့်သူသာဆိုရင် ဆိုသည့်စကားနောက် အဓိပ္ပါယ်အများကြီးရှိမှန်း စဉ်းစားတွေးတောစရာတွေ အများကြီးရှိမှန်း ကျွန်တော်စဉ်းစားမိသည်။ပြီးတော့ ထိုတားမယ့်သူ ရှိ/မရှိ ဆိုတာကနေ ယနေ့ ကျွန်တော်တို့ ကြုံနေရသော အထွေထွေပြဿနာပေါင်း များစွာတွေက ဖြစ်လာခြင်းဆိုတာကို ကျွန်တော်တွေးမိသည်။ပြီးတော့ မမျှတသော အဖြစ်အပျက်တွေ၏ အစသည် တားဆီးမယ့်သူ ရှိခြင်း၊ မရှိခြင်း အပေါ်ကနေ ဖြစ်ပေါ်လာခြင်းဆိုတာကို ကျွန်တော်တွေးမိသည်။ယနေ့ဖြစ်နေသည့် မိုက်ရိုင်းစော်ကားသူတွေကို ပြန်မလှန်ဝံ့ခြင်း၊ ကြောက်နေရခြင်းမှာ ထိုတားမယ့်ဆီးမယ့်သူတွေမရှိခြင်း၊ ရှိသော်လည်း လွဲမှားစွာ တားခဲ့ဆီးခဲ့တာတွေ၏ အကျိုးဆက်ဟု ကျွန်တော်တွေးမိသည်။

ကျွန်တော်တို့ ငယ်စဉ်က ကလေးအချင်းချင်း ရန်ဖြစ်သည့်အခါ၊ ဒါမှမဟုတ် နေ့စဉ်လူနေမှုဘဝတွင် ကြီးသူကငယ်သူကို အနိုင်ကျင့်သည့်အခါ၊ အင်အားကြီးသူက အင်အားနည်းသူကို အနိုင်ကျင့်သည့်အခါ လူကြီးသူမများက ဝင်ရောက်ဟန့်တားရသလို အမြင်မတော်သူများကလည်း ဝင်ရောက်ဟန့်တားသည့်ဓလေ့ တွင်ကျယ်ခဲ့သည်။ဆုံးမခံရသူများ၏ အုပ်ထိန်းသူမိဘများကလည်း ထိုကဲ့သို့ ဝင်ရောက်ဟန့်တား ဆုံးမသူများကို မကျေမနပ်မဖြစ်။ငါ့သား၊ ငါ့တူ၊ ငါ့မြေး ကောင်းဖို့ ဆုံးမသူဟု လက်ခံကြသည်။ထို့အတူ ရပ်ရေးရွာရေး ဦးစီးဦးဆောင်ပြုသူကလည်း ရပ်ထဲရွာထဲ မတရားပြုသည့် ဖြစ်ရပ်များကို သူအုပ်ချုပ်သော ရပ်ထဲရွာထဲ အဖြစ်မခံ။ထိုသို့သော ဓလေ့ထုံးစံကောင်းက ကျွန်တော်တို့ ငယ်စဉ်ကစပြီး တစတစကွယ်ပျောက်ခဲ့ကာ လက်နက်အားကိုး၊ လက်ရုံးအားကိုး အုပ်ချုပ်မှုဖြစ်ခဲ့သည့် ကာလတစ်လျှောက်လုံးတွင် အာဏာရှိရင်ရှိ၊ အာဏာမရှိရင် ငွေရှိသူတို့ ထင်သလိုလုပ်ပိုင်ခွင့်ရလာသည့် ခေတ်မျိုး ထွန်းကားလာခဲ့သည်။ထိုအကျိုးဆက်က ကိုယ့်ရှေ့ လွယ်လင့်တကူ တားဆီးကာကွယ်နိုင်သော ဖြစ်ရပ်များ ရှိလာတွေ့လာလျှင်တောင် တားဆီးကန့်ကွက်ရန် ဝန်လေးလာကြသလို၊ ကူညီဆောင်မရန်လည်း နောက်တွန့်လာကြသည်။

အာဏာရှင်စနစ် စတင်ထွန်းကားလာရာ ကာလတစ်လျှောက်လုံး ဟန့်တားခွင့်ရှိသူ၊ တားဆီးနိုင်ခွင့်ရှိသူတို့က ကိုယ်နှင့်သက်ဆိုင်သည့် အကြောင်းအရာမှတပါး တားဆီးရန် ပျက်ကွက်ခဲ့မှုတို့ကြောင့် ရပ်ထဲရွာထဲတွင်ပါ တရားခြင်း၊ မတရားခြင်းထက် ဘယ်သူက ပိုအာဏာပိုပြင်းသလဲဆိုတာနှင့် ဘယ်သူက ကိုယ့်ကို အန္တရာယ်ပိုပေးနိုင်သလဲဆိုသည့် တောရိုင်းဝါဒ (ဝါ) တိရိစ္ဆာန်ဝါဒက ယဉ်ကျေးမှု မြင့်မားသော လူတန်းစားကို ဖိစီးခြောက်လှန့်လာခဲ့သည်။ထိုသို့ တစတစ မတရားတာကို၊ မလုပ်သင့်တာကို ဟန့်တားရန်၊ ဟန့်တားနိုင်ခွင့်ရှိသူများ၏ သွေးကြောင်မှု၊ မှားယွင်းလာသည့် စနစ်ဆိုးကို ကြံ့ကြံ့ခံတားဆီးရန် ပျက်ကွက်မှုများက မတရားသော လူနေမှုစနစ်တွေ၊ မှားယွင်းသော တရားစီရင်မှုတွေ၊ မကြားဝံ့မနာသာ လူမဆန်မှုတွေကို ဖြစ်ပွားခွင့်ပေးလာခဲ့သည်။တားရမည်ကိုမတား၊ မတားရမည်ကိုတား ဆိုသည်များက လူတစ်ယောက်တွင် မှန်ကန်သည့် စဉ်းစားဆင်ခြင်နိုင်စွမ်း မည်မျှယုတ်လျှော့လာသည်၊ မည်မျှအကြောက်တရားဖိစီးလာသည်၊ ခေတ်ကို ဘာတရားတွေက ခြိမ်းခြောက်နေသလဲ ဆိုသည်တွေကို ထင်ထင်ရှားရှားပြနေခြင်းပင်။

ဘယ်အရာကိုပဲပြောပြော နောက်ဆုံးသတ္တုချမည်ဆိုလျှင် စနစ်ကိုပဲ သတ္တုချရမည်ဖြစ်သော်လည်း အမှန်တစ်ကယ်အားဖြင့် ကျွန်တော်တို့ စိတ်ဓာတ်အင်အား ပျော့ညံ့လာခြင်းနှင့် အမှန်တရားကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ကာကွယ်ရန် တာဝန်ပျက်ကွက်လာကြခြင်းကပင် ဖြစ်သည်။ပြောရမည့်စကားကိုမပြော ရပ်တည်ရမည့်ဘက်ကို မရပ်တည်၊ ကိုယ့်နည်းနည်းလောက်ထိမှာ ကိုယ့်အကျိုးစီးပွား ထိခိုက်မှာကို စိုးရိမ်ပြီး မတရားလုပ်သူကို၊ မတရားလုပ်မည့်သူကို ဟန့်တားရန် ကျွန်တော်တို့ ပျက်ကွက်လာမှု၏ အကျိုးဆက်က ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် ဒီလိုအဖြစ်တွေ မကြာခဏတွေ့ လာရခြင်းပင်ဖြစ်သည်။

ဒီသဘောတရားအတိုင်းပဲဖြစ်သည်။အစောပိုင်းက လူသတ်မှုကျူးလွန်ခဲ့သည့် ကျွန်တော့်အသိ လူငယ်ဖြစ်သူမှာ ထိုကဲ့သို့ လူသတ်မှုသာ မကျူးလွန်ခဲ့လျှင် သူ့ဘဝ ယခုအတော်လှနေလောက်ပြီ။ဘွဲ့ရပညာတတ်ဘဝနှင့် သူ့မိသားစုအတွက် တော်တော်အားကိုးရသည့် အခြေအနေဖြစ်နိုင်သလို အသတ်ခံရသူမှာလည်း အသတ်မခံရလျှင် သူ့သားသမီးတွေခမျာ မိဘစုံလင်နှင့် အေးအေးချမ်းချမ်း နေသွားရမည့် ဘဝတွေဟု ကျွန်တော်တွေးမိသည်။

သို့သော် အဖြစ်တွေက တားမည့်သူမရှိသည့်ပြဿနာ၊ တစ်နည်းအားဖြင့် မဖြစ်သင့်သည့်အရာကို မဖြစ်အောင်တားဆီးရမည့်အရာကို မဖြစ်ဖြစ်အောင် တားဆီးမည့်သူ (ဝါ) မတရားမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်မည့်သူတွေ သာမန်လူထုအလွှာထဲ မရှိသလောက် ရှားသွားခြင်းပဲဖြစ်သည်။ မဟုတ်တာကိုအဟုတ်၊ ဂုဏ်မယူသင့်တာကို ဂုဏ်ယူနေကြသည့် ခေတ်ထဲတွင် ဤကဲ့သို့ နှစ်ဘက်စလုံး နစ်နာရသည့် လူသတ်မှုတွေ၊ နှစ်ဘက်စလုံးဆုံးရှုံးရသည့် ရာဇဝတ်မှုတွေ၊ တားဆီးကာကွယ်နိုင်စွမ်း ရှိပါလျှက်နှင့် ကြောင်တောင် တာဝန်မဲ့နေမိသဖြင့် ဘဝပျက်ခဲ့ရသည့် ကလေးသူငယ်တွေ အဘယ်မျှရှိသလဲဆိုတာကို တွက်၍ပင်ရမည်တော့မထင်။

တစ်ဦးကို တစ်ဦး ရိုင်းပင်းကူညီခြင်းဆိုသည်က မြန်မာတိုင်းရင်းသားများ၏ အခြေခံစိတ်ရင်းပင်ဖြစ်သည်။ယခုတော့ ဒီလိုမဟုတ်တော့။တားဆီးရမည့် အရာတွေ၊ အခြေအနေတွေကို တားဆီးကန့်ကွက်ရန် ပျက်ကွက်နေကြပြီး မတားဆီးရမည့်အရာတွေကို တားဆီးနေကြသည့် ဖြစ်ရပ်တွေကို တွေ့မြင်နေရသည်။လမ်းပေါ်မှာ အဘိုးကြီး အဘွားကြီးဘဲဖြစ်ဖြစ် လူငယ်လူရွယ်ဘဲဖြစ်ဖြစ် ကျန်းမာရေးကြောင့် (သို့မဟုတ် ) တစ်စုံတစ်ခုသော အကြောင်းတစ်ခုကြောင့် မူးလဲနေလျှင် သွားရောက်ကူညီမည့်သူဆိုတာ ရှားလှသည်။

ယခု စနစ်တစ်ခုကို ပြောင်းခွင့်ရသည့် အခြေအနေကို ကျွန်တော်တို့ ကြုံလာပြီဖြစ်သည်။ဒီအခြေအနေတွင် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ဖြစ်နေသည့်အရာတွေ မျှတမှုရှိစေဖို့၊ မတရားမှုတွေ ကင်းစင်ဖို့ အားကိုးရာမဲ့နေသူတွေအတွက် အားကိုးရာရှိစေဖို့၊ ကျောခင်းဖို့ နေရာတစ်နေရာစာ မဲ့နေသူတွေ ကြောင့်ကြမဲ့စွာ ကျောခင်းစရာ နေရာတစ်ခုရှိစေဖို့၊ ကိုယ့်နိုင်ငံသားတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်ဖို့ တာဝန်ယူစိတ်ရှိသည့် လူမှုရေးစိတ်အပြည့်ရှိသည့်၊ လူစိတ်အပြည့်ရှိသည့် လူတွေ ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲ နေရာရလာဖို့၊ လူမှန်နေရာမှန် ရောက်လာကြဖို့ ကျွန်တော်တို့ မှန်ကန်စွာဖေးမကူညီဖို့ အသက်တမျှ အရေးကြီးနေပြီဆိုသည်ကို အားလုံးသဘောပေါက်ကြမည် ထင်ပါသည်။

နှစ်ငါးဆယ်ကျော် ဆိုးဝါးသည့် စနစ်ကို ကျွန်တော်တို့ ဖြတ်သန်းခဲ့ရဘူးပြီ။ထိုစနစ်ထဲ ကျွန်တော်တို့ ခင်သော၊ ကျွန်တော်တို့မြတ်နိုးသော ကျွန်တော်တို့ တန်ဖိုးထားသော သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေ၊ ဆရာသမားတွေကို ဆုံးရှုံးခဲ့ရဘူးပြီ။“လူကိုခွေးသတ်လေခြင်း” ဆိုသည့်အဖြစ်တွေ ကျွန်တော်တို့ ခံစားခဲ့ရဘူးပြီ။

ဒါတွေကို နောက်ထပ် ကျွန်တော်တို့ ထပ်အဖြစ်ခံလိုမဖြစ်တော့။ကျွန်တော်တို့ ဒီတစ်ခါ စနစ်ကောင်းဖြစ်လာဖို့ အားလုံးညီညီညွတ်ညွတ်ရုန်းကြလျှင် ကျွန်တော်တို့ မျိုးဆက်တွေအတွက် ကျွန်တော်တို့လိုကြုံရသည့် အဖြစ်တွေကနေ တားဆီးနိုင်မည်ဖြစ်သည်။ကောင်းမွန်သောစနစ်ရှိမှ ကျွန်တော်တို့ မှားမှန်းသိလျှင် တားရဲသောစိတ်၊ မှန်လျှင် ချီးမြှောက်အားပေးရမည့်စိတ်ကို မိမိမျိုးဆက်သစ် ငယ်ရွယ်သူတွေ အတုယူအောင် မိမိပတ်ဝန်းကျင်မှာ စတင်ပြီး စံနမူနာပြ လုပ်ဆောင်ပြဖို့ လိုလေပြီ။

ကောင်းမွန်သော လူဆန်သောစိတ်ဓာတ် ထွန်းကားမှသာ ကျွန်တော်တို့၏ လူမမည်ကလေးငယ်များအတွက်၊ ကျွန်တော်တို့ မျိုးဆက်များအတွက် ခိုင်မာမှုရှိသည့် ဘဝအာမခံချက်ကို ပေးနိုင်မည်ဖြစ်သည်။ဒါကို ကြပ်ကြပ်သတိမူသင့်ပေသည်။

မောင်ဦးလွင်
ဧပြီ - ၂၅

( Zawgyi )

တေလာက ေတာင္ငူတြင္ျဖစ္သည့္ လူသတ္မႈသတင္းကိုဖတ္ၿပီး ျမန္မာလူ႔ေဘာင္ေလာကထဲ ေပ်ာက္ကြယ္လာသည့္ ရပ္႐ြာအေပၚ ၾသဇာေညာင္းသည့္ ရပ္မိရပ္ဖဆိုသူေတြ တန္ဖိုးကို သတိထားေတြးမိခဲ့သည္။အဓိကမွာ ထိုျဖစ္ရပ္ ျဖစ္စဥ္ျဖစ္ခ်င္း အရပ္က ဝင္ဟန႔္မည့္သူ၊ ဝင္ဆြဲမည့္သူ မရွိသည္က အဓိကအေၾကာင္းအရာ ျဖစ္ခဲ့တာကို ထိုစဥ္က  အမ်ားျပည္သူက လူမႈကြန္ရက္မွာ ေရးခဲ့ေျပာခဲ့ရသလို ထိုအရပ္ေဒသက ျပန္ရွင္းခ်က္ ထုတ္ခဲ့ရသည္အထိ ျဖစ္သည္။မၾကာမီက ဒီလိုျဖစ္စဥ္မ်ိဳးျဖစ္ဖို႔ နည္းနည္းေလးသာလိုခဲ့ၿပီး အရပ္ေကာင္းလို႔ ႏွစ္ေလာင္းၿပိဳင္မျဖစ္ခဲ့သည့္ ျဖစ္ရပ္ကို လူမႈကြန္ရက္တြင္ တစ္ဖန္ျပန္ျမင္ရသည့္အခါ ထိုသူမ်ား၏ အခန္းက႑ႀကီးမားပုံက ဘယ္ေလာက္အေရးႀကီးမွန္း သိလာရသည္။ဒီေတာ့ အရပ္ထဲမွာ ျဖစ္ခဲ့သည့္ကိစၥကို ျပန္သတိရမိသည္။

တစ္ေလာက လူသတ္မႈျဖင့္ ေထာင္က်ခဲ့ေသာ ရပ္ကြက္ထဲက လူငယ္တစ္ေယာက္ ေထာင္မွလြတ္လာခဲ့သည္။ကြၽန္ေတာ္က ထိုသူကိုသိသည္မွာ လူေအးတစ္ေယာက္၊ ႐ိုး႐ိုးကုပ္ကုပ္ေနေသာ လူငယ္တစ္ေယာက္ဟု သိထားသူျဖစ္သည္။ၿပီးေတာ့ ထိုသူက ေၾကာက္တတ္သည္။ဒါက ကြၽန္ေတာ္သိေသာ ထိုသူ၏အေၾကာင္းပင္ျဖစ္သည္။သူ လူသတ္မႈျဖစ္ရေသာ အေၾကာင္းအရင္းမွန္ကိုေတာ့မသိ။ကြၽန္ေတာ္ၾကားတာေတာ့ ေခၚအႏိုင္က်င့္တာကေန စျဖစ္ၾကၿပီး လူသတ္မႈျဖစ္ရသည္အထိ ျဖစ္ၾကျခင္းပင္ျဖစ္သည္။ထိုအမႈႏွင့္ ေထာင္ခုႏွစ္နစ္က်သြားသည္။သုံးႏွစ္ေလာက္အၾကာ လြတ္ၿငိမ္းခ်မ္းသာခြင့္ႏွင့္ သူျပန္လြတ္လာသည္။ကြၽန္ေတာ္ေနထိုင္ရာ အရပ္က လူလတ္တန္းစားအမ်ားစု ေနထိုင္ရာအရပ္ျဖစ္သျဖင့္ ထိုကဲ့သို႔ လူသတ္မႈျဖင့္ ျပန္လြတ္လာေသာသူတစ္ေယာက္ကို လူမႈအသိုင္းအဝိုင္းက လက္ခံရန္ ဝန္ေလးၾကသည္။ကြၽန္ေတာ္ကိုယ္တိုင္လည္း ထိုသူကိုေတြ႕လွ်င္ လည္ပင္းယားသလိုလို ဗိုက္ယားသလိုလို ျဖစ္သျဖင့္ အတတ္ႏိုင္ဆုံးေရွာင္၍ လဘက္ရည္ဆိုင္ထိုင္သည္။သို႔ေသာ္ ၾကာရွည္ေရွာင္ရန္ဆိုသည္ကား မလြယ္ေခ်။

တစ္ရက္ၾကေတာ့ ထိုသူႏွင့္ ကြၽန္ေတာ္ လမ္းထိပ္က လဘက္ရည္ဆိုင္မွာဆုံသည္။တျခားဝိုင္းလြတ္လည္းမရွိ၊ ထိုသူကလည္း တစ္ေယာက္တည္း။“အစ္ကိုလာေလ” ဟု ေခၚေတာ့ ကြၽန္ေတာ္မျငင္းသာေတာ့။ေၾကာက္ေၾကာက္ႏွင့္ အိေျႏၵမပ်က္ေအာင္ သူ႔စားပြဲမွာ ဝင္ထိုင္ျဖစ္သည္။သူက “အစ္ကို ကြၽန္ေတာ့္ကို လူမိုက္တစ္ေယာက္လို႔ ျမင္ေနတုန္းဘဲထင္တယ္။
အစ္ကိုတို႔ထင္သလို ကြၽန္ေတာ္အလကားေနရင္း လူလိုက္သတ္ေနတဲ့ လူမိုက္မဟုတ္ပါဘူး အစ္ကိုရာ၊ အဲဒီတုန္းက မခံခ်င္စိတ္နဲ႔ မရည္႐ြယ္ဘဲ ျဖစ္သြားတာပါ။အဲဒီတုန္းက စိတ္မထိန္းႏိုင္ဘဲ လုပ္လိုက္မိတာကို အခုထိ ေနာင္တရေနပါတယ္ အစ္ကိုရာ” ဟု ကြၽန္ေတာ့္ကိုေျပာသည္။

ၿပီးေတာ့ “ရပ္ကြက္ထဲက လူေတြကလဲ ကြၽန္ေတာ္ကို ႐ြံေၾကာက္ပုံစံႀကီးနဲ႔ ဆက္ဆံၾကတယ္ အစ္ကိုရာ။အရင္တုန္းကလို ကြၽန္ေတာ့္ကို ခင္ခင္မင္မင္မရွိၾကေတာ့ဘူး။အရင္တုန္းကလိုဘဲ ကြၽန္ေတာ့္ကို ခင္ခင္မင္မင္ ဆက္ဆံၾကမယ္လို႔ေတာ့ မထင္ထားပါဘူး။အခုက ကြၽန္ေတာ္ထင္ထားတာထက္ ပိုဆိုးေနတယ္ အစ္ကိုရာ” ဟု ကြၽန္ေတာ့္ကို တိုင္တည္သည္။

ကြၽန္ေတာ္လဲ သူ႔ကို ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ဘဲ ကိုယ့္ကိုကိုယ္ ေကာင္းေအာင္ေနဖို႔ ေျဖာင္းဖ်ေျပာဆိုရင္း သူဘာေၾကာင့္ လူသတ္မိရသည္ကို ေမးမိသည္။ဒီေတာ့ သူက “အခု ကြၽန္ေတာ္သတ္မိတဲ့သူက ကြၽန္ေတာ့္ကို ခဏခဏရန္စတယ္။သူတို႔က ဒီဇာတိသား ဒီအရပ္မွာ ေဆြမ်ိဳးအုပ္စုေတာင့္ေတာ့ မျဖစ္ေအာင္ ကြၽန္ေတာ္ေရွာင္ပါတယ္။အဲ့ဒီသူ ရန္စတာ အႏိုင္က်င့္တာကို ဘယ္သူမွ ဟန႔္တားတာ ဘာတို႔မရွိဘူး။ကြၽန္ေတာ္က သူ႔ထက္ အမ်ားႀကီးငယ္ပါတယ္။အဲဒီေန႔တုန္းက ကြၽန္ေတာ့္စိတ္ထဲ ဘာမွရွိပါဘူး၊ ညေနဘက္ က်ဴရွင္ကေနအျပန္ သူနဲ႔ ၿခံဝင္းက ပန္းပင္ကို စက္ဘီးနဲ႔တိုက္မိမလို ျဖစ္သြားတယ္။ကားကိုေရွာင္ရင္းျဖစ္တာ။အဲဒါကို တမင္လုပ္တယ္ဆိုၿပီး လာၿဖဲတာဘဲ၊ မဟုတ္ပါဘူးဆိုလဲမရဘူး။ၿပီးေတာ့ ကြၽန္ေတာ့္ကို ပါး႐ိုက္တယ္။သူ႔မိန္းမကလဲ အိမ္ေပၚကေန အခုထဲက အပိုးခ်ိဳးထားလို႔ လွမ္းေျပာတယ္။တစ္လမ္းလုံးလည္း ဝိုင္းၾကည့္ေနၾကေတာ့ ရွက္လိုက္တာမေျပာနဲ႔ အစ္ကိုရာ။လူေတြက တားမယ့္သူမရွိဘူး။ကြၽန္ေတာ္ကလဲ ေျပာင္းလာတာ သုံးေလးႏွစ္ဘဲရွိေသးေတာ့ လူသစ္။သူတို႔က လူေဟာင္းဆိုေတာ့ ခံလိုက္ရတယ္။စိတ္ထဲက ဘယ္လိုမွမေျပႏိုင္ဘူး။တစ္ညလုံး စိတ္ထဲတႏုံ႔ႏုံ႔နဲ႔။ေနာက္ေန႔မနက္က်ေတာ့ ကြၽန္ေတာ္က က်ဴရွင္သြားရင္း ဘာရယ္မဟုတ္ဘူး သူတို႔ ထပ္ရန္စလာရင္ လိုလိုမယ္မယ္ဆိုၿပီး စမုတ္တံကို ေသြးထားတဲ့ဆူးကို ထည့္သြားတာ။ျဖစ္ခ်င္ေတာ့ အဲဒီသူက လမ္းထိပ္ စက္႐ုံလမ္းဘက္ကေန ဘယ္ကျပန္လာလဲမသိဘူး။ကြၽန္ေတာ္က စက္ဘီးနဲ႔ နင္းသြားေတာ့ သူက ကြၽန္ေတာ့္ကို စက္ဘီးလက္ကိုင္ကို လွမ္းဆြဲၿပီး ေဟ့ေကာင္ဘာလဲ မမွတ္ေသးဘူးလားဆိုၿပီး မေအႏွမဆဲေတာ့ ကြၽန္ေတာ္ စိတ္ေတာ္ေတာ္ထြက္ၿပီး မ်က္လုံးပါျပာသြားတာ။ဘာမွမသိေတာ့ဘူး။အဲဒီအခ်ိန္မွာသိတာ တစ္ခုဘဲရွိတယ္။ဒီလူေသမွျဖစ္မယ္။မေသရင္ ငါဒီလို ခဏခဏအႏိုင္က်င့္ခံရမယ္။ငါအရွက္ကြဲတာ ေသၿပီမွတ္ဆိုၿပီး ဆူးနဲ႔ထိုးတာ။ကြၽန္ေတာ္ အသိဝင္ေတာ့ အဲဒီသူေသေနၿပီ။ေနာက္ေတာ့ေျပးတာေပါ့။ဒါေပမယ္ ကေလးသာသာဘဲရွိေသးတာ လြတ္ေအာင္ ဘယ္ေျပးႏိုင္မွာလဲ။မိသြားတာေပါ့ အစ္ကိုရာ” ဟု ေျပာေလသည္။

အဲဒီအခ်ိန္တုန္းက တားမယ့္သူရွိရင္၊ သူ ကြၽန္ေတာ့္ကို ပါး႐ိုက္တုန္း၊ အႏိုင္က်င့္တုန္းက တားမယ့္သူသာ ရွိခဲ့မယ္ဆိုရင္ ကြၽန္ေတာ္လဲ အခုလို လူေတြေၾကာက္တဲ့ အေရာမဝင္ခ်င္တဲ့ လူသတ္သမားလဲ ျဖစ္မွာမဟုတ္ဘူး။အခု သူ႔သားသမီးေတြလဲ ဖေအမရွိတဲ့ဘဝ ေရာက္မွာမဟုတ္ဘူးဟု သူက ဆက္၍ဆိုသည္။

ကြၽန္ေတာ္က သူ႔ကို “လဘက္ရည္ဆိုင္ အတူထိုင္မယ့္သူမရွိရင္ ငါ့လာေခၚကြာ” ဟု သူ႔အခက္အခဲကိုသနား၍ ေျပာခဲ့ေသာ္လည္း” သူက ရပါတယ္အစ္ကိုရာ အစ္ကိုအားတဲ့ရက္ တစ္ခါတစ္ေလေလာက္ ဆိုရပါၿပီ” ဟု ျပန္ေျပာသည္။ထိုသူဆီက ကြၽန္ေတာ္ျပန္လာၿပီးေနာက္ပိုင္း သူေျပာသည့္ “တားမယ့္သူသာရွိရင္” ဆိုသည့္ စကားက စိတ္ထဲေတာ္ေတာ္စြဲေနခဲ့သည္။
တားမယ့္သူသာဆိုရင္ ဆိုသည့္စကားေနာက္ အဓိပၸါယ္အမ်ားႀကီးရွိမွန္း စဥ္းစားေတြးေတာစရာေတြ အမ်ားႀကီးရွိမွန္း ကြၽန္ေတာ္စဥ္းစားမိသည္။ၿပီးေတာ့ ထိုတားမယ့္သူ ရွိ/မရွိ ဆိုတာကေန ယေန႔ ကြၽန္ေတာ္တို႔ ႀကဳံေနရေသာ အေထြေထြျပႆနာေပါင္း မ်ားစြာေတြက ျဖစ္လာျခင္းဆိုတာကို ကြၽန္ေတာ္ေတြးမိသည္။ၿပီးေတာ့ မမွ်တေသာ အျဖစ္အပ်က္ေတြ၏ အစသည္ တားဆီးမယ့္သူ ရွိျခင္း၊ မရွိျခင္း အေပၚကေန ျဖစ္ေပၚလာျခင္းဆိုတာကို ကြၽန္ေတာ္ေတြးမိသည္။ယေန႔ျဖစ္ေနသည့္ မိုက္႐ိုင္းေစာ္ကားသူေတြကို ျပန္မလွန္ဝံ့ျခင္း၊ ေၾကာက္ေနရျခင္းမွာ ထိုတားမယ့္ဆီးမယ့္သူေတြမရွိျခင္း၊ ရွိေသာ္လည္း လြဲမွားစြာ တားခဲ့ဆီးခဲ့တာေတြ၏ အက်ိဳးဆက္ဟု ကြၽန္ေတာ္ေတြးမိသည္။

ကြၽန္ေတာ္တို႔ ငယ္စဥ္က ကေလးအခ်င္းခ်င္း ရန္ျဖစ္သည့္အခါ၊ ဒါမွမဟုတ္ ေန႔စဥ္လူေနမႈဘဝတြင္ ႀကီးသူကငယ္သူကို အႏိုင္က်င့္သည့္အခါ၊ အင္အားႀကီးသူက အင္အားနည္းသူကို အႏိုင္က်င့္သည့္အခါ လူႀကီးသူမမ်ားက ဝင္ေရာက္ဟန႔္တားရသလို အျမင္မေတာ္သူမ်ားကလည္း ဝင္ေရာက္ဟန႔္တားသည့္ဓေလ့ တြင္က်ယ္ခဲ့သည္။ဆုံးမခံရသူမ်ား၏ အုပ္ထိန္းသူမိဘမ်ားကလည္း ထိုကဲ့သို႔ ဝင္ေရာက္ဟန႔္တား ဆုံးမသူမ်ားကို မေက်မနပ္မျဖစ္။ငါ့သား၊ ငါ့တူ၊ ငါ့ေျမး ေကာင္းဖို႔ ဆုံးမသူဟု လက္ခံၾကသည္။ထို႔အတူ ရပ္ေရး႐ြာေရး ဦးစီးဦးေဆာင္ျပဳသူကလည္း ရပ္ထဲ႐ြာထဲ မတရားျပဳသည့္ ျဖစ္ရပ္မ်ားကို သူအုပ္ခ်ဳပ္ေသာ ရပ္ထဲ႐ြာထဲ အျဖစ္မခံ။ထိုသို႔ေသာ ဓေလ့ထုံးစံေကာင္းက ကြၽန္ေတာ္တို႔ ငယ္စဥ္ကစၿပီး တစတစကြယ္ေပ်ာက္ခဲ့ကာ လက္နက္အားကိုး၊ လက္႐ုံးအားကိုး အုပ္ခ်ဳပ္မႈျဖစ္ခဲ့သည့္ ကာလတစ္ေလွ်ာက္လုံးတြင္ အာဏာရွိရင္ရွိ၊ အာဏာမရွိရင္ ေငြရွိသူတို႔ ထင္သလိုလုပ္ပိုင္ခြင့္ရလာသည့္ ေခတ္မ်ိဳး ထြန္းကားလာခဲ့သည္။ထိုအက်ိဳးဆက္က ကိုယ့္ေရွ႕ လြယ္လင့္တကူ တားဆီးကာကြယ္ႏိုင္ေသာ ျဖစ္ရပ္မ်ား ရွိလာေတြ႕လာလွ်င္ေတာင္ တားဆီးကန႔္ကြက္ရန္ ဝန္ေလးလာၾကသလို၊ ကူညီေဆာင္မရန္လည္း ေနာက္တြန႔္လာၾကသည္။

အာဏာရွင္စနစ္ စတင္ထြန္းကားလာရာ ကာလတစ္ေလွ်ာက္လုံး ဟန႔္တားခြင့္ရွိသူ၊ တားဆီးႏိုင္ခြင့္ရွိသူတို႔က ကိုယ္ႏွင့္သက္ဆိုင္သည့္ အေၾကာင္းအရာမွတပါး တားဆီးရန္ ပ်က္ကြက္ခဲ့မႈတို႔ေၾကာင့္ ရပ္ထဲ႐ြာထဲတြင္ပါ တရားျခင္း၊ မတရားျခင္းထက္ ဘယ္သူက ပိုအာဏာပိုျပင္းသလဲဆိုတာႏွင့္ ဘယ္သူက ကိုယ့္ကို အႏၲရာယ္ပိုေပးႏိုင္သလဲဆိုသည့္ ေတာ႐ိုင္းဝါဒ (ဝါ) တိရိစာၦန္ဝါဒက ယဥ္ေက်းမႈ ျမင့္မားေသာ လူတန္းစားကို ဖိစီးေျခာက္လွန႔္လာခဲ့သည္။ထိုသို႔ တစတစ မတရားတာကို၊ မလုပ္သင့္တာကို ဟန႔္တားရန္၊ ဟန႔္တားႏိုင္ခြင့္ရွိသူမ်ား၏ ေသြးေၾကာင္မႈ၊ မွားယြင္းလာသည့္ စနစ္ဆိုးကို ႀကံ့ႀကံ့ခံတားဆီးရန္ ပ်က္ကြက္မႈမ်ားက မတရားေသာ လူေနမႈစနစ္ေတြ၊ မွားယြင္းေသာ တရားစီရင္မႈေတြ၊ မၾကားဝံ့မနာသာ လူမဆန္မႈေတြကို ျဖစ္ပြားခြင့္ေပးလာခဲ့သည္။တားရမည္ကိုမတား၊ မတားရမည္ကိုတား ဆိုသည္မ်ားက လူတစ္ေယာက္တြင္ မွန္ကန္သည့္ စဥ္းစားဆင္ျခင္ႏိုင္စြမ္း မည္မွ်ယုတ္ေလွ်ာ့လာသည္၊ မည္မွ်အေၾကာက္တရားဖိစီးလာသည္၊ ေခတ္ကို ဘာတရားေတြက ၿခိမ္းေျခာက္ေနသလဲ ဆိုသည္ေတြကို ထင္ထင္ရွားရွားျပေနျခင္းပင္။

ဘယ္အရာကိုပဲေျပာေျပာ ေနာက္ဆုံးသတၱဳခ်မည္ဆိုလွ်င္ စနစ္ကိုပဲ သတၱဳခ်ရမည္ျဖစ္ေသာ္လည္း အမွန္တစ္ကယ္အားျဖင့္ ကြၽန္ေတာ္တို႔ စိတ္ဓာတ္အင္အား ေပ်ာ့ညံ့လာျခင္းႏွင့္ အမွန္တရားကို ထိန္းသိမ္းေစာင့္ေရွာက္ရန္၊ ကာကြယ္ရန္ တာဝန္ပ်က္ကြက္လာၾကျခင္းကပင္ ျဖစ္သည္။ေျပာရမည့္စကားကိုမေျပာ ရပ္တည္ရမည့္ဘက္ကို မရပ္တည္၊ ကိုယ့္နည္းနည္းေလာက္ထိမွာ ကိုယ့္အက်ိဳးစီးပြား ထိခိုက္မွာကို စိုးရိမ္ၿပီး မတရားလုပ္သူကို၊ မတရားလုပ္မည့္သူကို ဟန႔္တားရန္ ကြၽန္ေတာ္တို႔ ပ်က္ကြက္လာမႈ၏ အက်ိဳးဆက္က ကြၽန္ေတာ္တို႔ ပတ္ဝန္းက်င္တြင္ ဒီလိုအျဖစ္ေတြ မၾကာခဏေတြ႕ လာရျခင္းပင္ျဖစ္သည္။

ဒီသေဘာတရားအတိုင္းပဲျဖစ္သည္။အေစာပိုင္းက လူသတ္မႈက်ဴးလြန္ခဲ့သည့္ ကြၽန္ေတာ့္အသိ လူငယ္ျဖစ္သူမွာ ထိုကဲ့သို႔ လူသတ္မႈသာ မက်ဴးလြန္ခဲ့လွ်င္ သူ႔ဘဝ ယခုအေတာ္လွေနေလာက္ၿပီ။ဘြဲ႕ရပညာတတ္ဘဝႏွင့္ သူ႔မိသားစုအတြက္ ေတာ္ေတာ္အားကိုးရသည့္ အေျခအေနျဖစ္ႏိုင္သလို အသတ္ခံရသူမွာလည္း အသတ္မခံရလွ်င္ သူ႔သားသမီးေတြခမ်ာ မိဘစုံလင္ႏွင့္ ေအးေအးခ်မ္းခ်မ္း ေနသြားရမည့္ ဘဝေတြဟု ကြၽန္ေတာ္ေတြးမိသည္။

သို႔ေသာ္ အျဖစ္ေတြက တားမည့္သူမရွိသည့္ျပႆနာ၊ တစ္နည္းအားျဖင့္ မျဖစ္သင့္သည့္အရာကို မျဖစ္ေအာင္တားဆီးရမည့္အရာကို မျဖစ္ျဖစ္ေအာင္ တားဆီးမည့္သူ (ဝါ) မတရားမႈကို ျပင္းျပင္းထန္ထန္ ဆန႔္က်င္မည့္သူေတြ သာမန္လူထုအလႊာထဲ မရွိသေလာက္ ရွားသြားျခင္းပဲျဖစ္သည္။ မဟုတ္တာကိုအဟုတ္၊ ဂုဏ္မယူသင့္တာကို ဂုဏ္ယူေနၾကသည့္ ေခတ္ထဲတြင္ ဤကဲ့သို႔ ႏွစ္ဘက္စလုံး နစ္နာရသည့္ လူသတ္မႈေတြ၊ ႏွစ္ဘက္စလုံးဆုံးရႈံးရသည့္ ရာဇဝတ္မႈေတြ၊ တားဆီးကာကြယ္ႏိုင္စြမ္း ရွိပါလွ်က္ႏွင့္ ေၾကာင္ေတာင္ တာဝန္မဲ့ေနမိသျဖင့္ ဘဝပ်က္ခဲ့ရသည့္ ကေလးသူငယ္ေတြ အဘယ္မွ်ရွိသလဲဆိုတာကို တြက္၍ပင္ရမည္ေတာ့မထင္။

တစ္ဦးကို တစ္ဦး ႐ိုင္းပင္းကူညီျခင္းဆိုသည္က ျမန္မာတိုင္းရင္းသားမ်ား၏ အေျခခံစိတ္ရင္းပင္ျဖစ္သည္။ယခုေတာ့ ဒီလိုမဟုတ္ေတာ့။တားဆီးရမည့္ အရာေတြ၊ အေျခအေနေတြကို တားဆီးကန႔္ကြက္ရန္ ပ်က္ကြက္ေနၾကၿပီး မတားဆီးရမည့္အရာေတြကို တားဆီးေနၾကသည့္ ျဖစ္ရပ္ေတြကို ေတြ႕ျမင္ေနရသည္။လမ္းေပၚမွာ အဘိုးႀကီး အဘြားႀကီးဘဲျဖစ္ျဖစ္ လူငယ္လူ႐ြယ္ဘဲျဖစ္ျဖစ္ က်န္းမာေရးေၾကာင့္ (သို႔မဟုတ္ ) တစ္စုံတစ္ခုေသာ အေၾကာင္းတစ္ခုေၾကာင့္ မူးလဲေနလွ်င္ သြားေရာက္ကူညီမည့္သူဆိုတာ ရွားလွသည္။

ယခု စနစ္တစ္ခုကို ေျပာင္းခြင့္ရသည့္ အေျခအေနကို ကြၽန္ေတာ္တို႔ ႀကဳံလာၿပီျဖစ္သည္။ဒီအေျခအေနတြင္ ကြၽန္ေတာ္တို႔ ပတ္ဝန္းက်င္မွာ ျဖစ္ေနသည့္အရာေတြ မွ်တမႈရွိေစဖို႔၊ မတရားမႈေတြ ကင္းစင္ဖို႔ အားကိုးရာမဲ့ေနသူေတြအတြက္ အားကိုးရာရွိေစဖို႔၊ ေက်ာခင္းဖို႔ ေနရာတစ္ေနရာစာ မဲ့ေနသူေတြ ေၾကာင့္ၾကမဲ့စြာ ေက်ာခင္းစရာ ေနရာတစ္ခုရွိေစဖို႔၊ ကိုယ့္ႏိုင္ငံသားေတြကို ထိထိေရာက္ေရာက္ အကာအကြယ္ေပးႏိုင္ဖို႔ တာဝန္ယူစိတ္ရွိသည့္ လူမႈေရးစိတ္အျပည့္ရွိသည့္၊ လူစိတ္အျပည့္ရွိသည့္ လူေတြ ကြၽန္ေတာ္တို႔ လူ႔အဖြဲ႕အစည္းထဲ ေနရာရလာဖို႔၊ လူမွန္ေနရာမွန္ ေရာက္လာၾကဖို႔ ကြၽန္ေတာ္တို႔ မွန္ကန္စြာေဖးမကူညီဖို႔ အသက္တမွ် အေရးႀကီးေနၿပီဆိုသည္ကို အားလုံးသေဘာေပါက္ၾကမည္ ထင္ပါသည္။

ႏွစ္ငါးဆယ္ေက်ာ္ ဆိုးဝါးသည့္ စနစ္ကို ကြၽန္ေတာ္တို႔ ျဖတ္သန္းခဲ့ရဘူးၿပီ။ထိုစနစ္ထဲ ကြၽန္ေတာ္တို႔ ခင္ေသာ၊ ကြၽန္ေတာ္တို႔ျမတ္ႏိုးေသာ ကြၽန္ေတာ္တို႔ တန္ဖိုးထားေသာ သူငယ္ခ်င္းေတြ၊ မိဘေဆြမ်ိဳးေတြ၊ ဆရာသမားေတြကို ဆုံးရႈံးခဲ့ရဘူးၿပီ။“လူကိုေခြးသတ္ေလျခင္း” ဆိုသည့္အျဖစ္ေတြ ကြၽန္ေတာ္တို႔ ခံစားခဲ့ရဘူးၿပီ။

ဒါေတြကို ေနာက္ထပ္ ကြၽန္ေတာ္တို႔ ထပ္အျဖစ္ခံလိုမျဖစ္ေတာ့။ကြၽန္ေတာ္တို႔ ဒီတစ္ခါ စနစ္ေကာင္းျဖစ္လာဖို႔ အားလုံးညီညီၫြတ္ၫြတ္႐ုန္းၾကလွ်င္ ကြၽန္ေတာ္တို႔ မ်ိဳးဆက္ေတြအတြက္ ကြၽန္ေတာ္တို႔လိုႀကဳံရသည့္ အျဖစ္ေတြကေန တားဆီးႏိုင္မည္ျဖစ္သည္။ေကာင္းမြန္ေသာစနစ္ရွိမွ ကြၽန္ေတာ္တို႔ မွားမွန္းသိလွ်င္ တားရဲေသာစိတ္၊ မွန္လွ်င္ ခ်ီးေျမႇာက္အားေပးရမည့္စိတ္ကို မိမိမ်ိဳးဆက္သစ္ ငယ္႐ြယ္သူေတြ အတုယူေအာင္ မိမိပတ္ဝန္းက်င္မွာ စတင္ၿပီး စံနမူနာျပ လုပ္ေဆာင္ျပဖို႔ လိုေလၿပီ။

ေကာင္းမြန္ေသာ လူဆန္ေသာစိတ္ဓာတ္ ထြန္းကားမွသာ ကြၽန္ေတာ္တို႔၏ လူမမည္ကေလးငယ္မ်ားအတြက္၊ ကြၽန္ေတာ္တို႔ မ်ိဳးဆက္မ်ားအတြက္ ခိုင္မာမႈရွိသည့္ ဘဝအာမခံခ်က္ကို ေပးႏိုင္မည္ျဖစ္သည္။ဒါကို ၾကပ္ၾကပ္သတိမူသင့္ေပသည္။

ေမာင္ဦးလြင္
ဧၿပီ - ၂၅